31/08/2022
❝ လူသိနည်းတဲ့ ရဲ့ လုပ်ဆောင်ချက် (၅) ခု ❞
လတ်တလောမှာ လူသုံးများလာတဲ့ Telegram ရဲ့ လုပ်ဆောင် ချက်တွေက အရမ်းလည်းအသုံးဝင်သလို Telegram ရဲ့ နောက်ဆုံးထွက် Vesrsion Update မှာလည်း Features တွေပိုစုံလာပါပြီ။
❝ Telegram ဟာ End-to-end Encryption စနစ်သုံးထားပြီးMessage တွေကို လက်ခံသူတစ်ဦးတည်းပဲ ဖတ်ရူနိုင်သလို ကြားဖြတ် အသုံးပြုတာမျိူးတွေကို လုံးဝပိတ်ပင်ထားတာမို့လို့ သာမန် Message App တွေထက် ပိုလုံခြုံပါတယ်။ ♨️
လက်ရှိမှာတော့ Movie Channel တွေကြောင့် လူသုံးများလာသလို ကိုယ်တိုင်ကလည်း Telegram ရဲ့ Message Chat တွေကို အသုံးပြု နေတယ် ဆိုရင်တော့ ဒီလုပ်ဆောင်ချက် (၅)ခုက တကယ်ကိုအသုံးဝင်မှာပါ
ဖြစ်ပါတယ်။
🔖🔖...
1⃣ Message တွေကို Schedule နဲ့ ပို့နိုင်တယ်
*******t******h*******u******r******a*******
📎 (Schedule Message)
- ဒီ Feature က အတော်လေးမိုက်ပါတယ်။ စာကို ကိုယ်ကြိုက်တဲ့ချိန် ရွေးထားပြီးပို့တာပါ။ Birthday Wish တွေအတွက် အထူးအသုံးဝင်ပါလိမ့်မယ်။
** ကိုယ်ပို့ချင်တဲ့ လူဆီကို စာရိုက်ပြီးတာနဲ့ Send button ကို ခပ်ကြာကြာလေးဖိထားလိုက်မယ်ဆိုရင် Schedule Message ကိုတွေ့ပါလိမ့်မယ်။ Schedule Message ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ်ပို့ချင်တဲ့ အချိန်ကို စိတ်ကြိုက်ရွေးပြီး ပို့လို့ရပါတယ်။ 🔖
2⃣ အသံမကြားအောင် စာပို့မယ်
📎 (Silent Messages)
- တစ်ဖက်လူက အလုပ်ရူပ်နေနိုင်တဲ့အချိန် ကိုယ်ကလည်း အရေးတကြီး စာပို့ဖို့လိုနေတယ်ဆိုရင် ဒီ Feature လေးကိုအသုံးပြုနိုင်ပါတယ်။
ပို့လိုက်တဲ့စာက ဝင်သွားမယ် ၊ ဒါပေမဲ့ တစ်ဖက်လူဆီမှာ Noti Soundသံကြားရမှာမဟုတ်ပါဘူး။
** စာရိုက်ပြီးတာနဲ့ Send Button ကိုဖိထားပြီး Silent Messages ကိုရွေးပေးလိုက်ပါ။ 🔖
https://m.facebook.com/story.php?story_fbid=371351877690970&id=100044484822051
3⃣ စာတွေ ၊ File တွေကို အလိုအလျှောက်ဖျက်ပေးနိုင်တယ်
📎 (Self-Destruct Media)
- ကိုယ်ပို့ထားတဲ့ Message တွေကို အချိန်အတိုင်းအတာတစ်ခုထိ ရှိနေပြီး ကြာရင် သူ့ဘာသူ အလိုလိုပျက်သွားအောင်လုပ်တာပါ။
Photo , Video , Text အကုန်လုံးကို Self-Destruct အနေနဲ့ လုပ်နိုင်ပါတယ်။
** Secret Chat အနေနဲ့ သုံးနေတဲ့လူဆိုရင် Text Bar မှာ နာရီ ပုံလေးရှိပါတယ်။ စာရိုက်ပြီး နာရီပုံလေးကိုနှိပ်လိုက်တာနဲ့ ကိုယ်ပို့စေချင်တဲ့ အချိန်အထိပဲပြပေးပြီး အချိန်ပြည့်ရင် တစ်ဖက်လူကမြင်ရတော့မှာ မဟုတ်ပါဘူး။ ပုံတွေဆိုရင်တော့ ပို့မယ်ပုံကို အရင်ထောက်လိုက်မှ နာရီပုံလေး ပေါ်ပါတယ်။ 🔖
4⃣ ပို့ချင်တဲ့ Video တွေကို တည်းဖြတ်နိုင်တယ်
📎 (Edit Send Video)
- တစ်ယောက်ယောက်ဆီကိုပို့ဖို့ Video တွေကို သီးခြား Edit လုပ်ဖို့ မလိုတော့ပါဘူး။ Telegram မှာ Video Edit Feature ပါလာပါ ပြီ။ Version အသစ်ဖြစ်ဖို့တော့လိုပါတယ်။
** ပို့မယ့် Video ကို Play လုပ်ဖို့ ထောက်လိုက်ပါ ၊ Edit ပေါ်လာပါလိမ့်မယ် ၊ Brightness , Contrast နဲ့ Clip Edit ကိုပါလုပ်လို့ရမှာဖြစ်သလို Self-destruct နဲ့လည်း ပို့နိုင်ပါတယ်။ 🔖
5⃣ Youtube Video တွေကို Youtube မှာ သွားရှာနေဖို့
မလိုတော့ဘူး၊
📎 (Youtube and Gif Search)
- Youtube ထဲမှာ Video Link တွေကို Copy သွားယူနေစရာမလိုတော့ပါဘူး ၊ @ youtube လို့ခေါ်ပြီး နောက်ကကိုယ်ရှာချင်တဲ့Video Name ကို ရိုက်လိုက်တာနဲ့ Video တွေ တန်းပေါ်ပါတယ်။
🔖
😘
❝ ကိုယ်တိုင်က Telegram သုံးနေတယ်ဆိုရင် Movie ကြည့်ဖို့ အတွက်တင်မဟုတ်ပဲ ၊ Chat အတွက် သုံးသင့်ပါတယ်။ ပြီးတော့ ခုဝေမျှထားတဲ့ လုပ်ဆောင်ချက်လေးတွေကိုလည်း စမ်းသုံးကြည့်သင့်ပါတယ်။
"🙏 အားလုံးဘေးကင်းလုံခြုံကြပါစေ 🙏"
✍️✍️
ရေးသားဖေါ်ပြသည်