Millionaire Mini Mart

Millionaire Mini Mart Welcome to Millionaire Mini Mart!

05/11/2023

ရန်ကုန်မြို့နေထိုင်သူများနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ရောက် မြန်မာများအတွက် သတင်းကောင်း

အိမ်မှာပဲနေပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ဖို့ “ဒေါက်တာ့မေတ္တာ” အိမ်ပင့်ကျန်းမာရေး ဝန်ဆောင်မှု ပြန်လည်စတင်လိုက်ပါပြီ။

ရန်ကုန်မြို့မြို့နယ်အတော်များများအတွက် အထွေထွေရောဂါကုဆရာဝန်များကနေ အိမ်တိုင်ရာရောက် ဆေးကုသမှုပေးမယ့် အစီအစဉ်ပါ။

အထွေထွေရောဂါကု ဆရာဝန်က ကြည့်ရှုပြီးလို့ လိုအပ်ရင် အထူးကုသမားတော်၊ ကလေးအထူးကု၊ သားဖွားနဲ့ မီးယပ်အထူးကု၊ အရေပြားအထူးကုဆရာဝန်စတဲ့ သက်ဆိုင်ရာ အထူးကုတွေနဲ့ပါ တစ်ခါတည်း ဆွေးနွေးလို့ရမှာမို့ ပြည့်စုံကောင်းမွန်နေပါပြီနော်။

ရန်ကုန်တစ်ဝိုက်မြို့နယ်များအပြင် ထိုင်းနိုင်ငံချင်းမိုင်မြို့ရောက် မြန်မာများအတွက်ပါ အဆင်ပြေစေဖို့ ချင်းမိုင်မြို့တစ်ဝိုက် အိမ်ပင့် ကျန်းမာရေး ဝန်ဆောင်မှုပါ စီစဉ်ပေးထားပါတယ်နော်။

သင့်တင့်မျှတတဲ့ ဝန််ဆောင်မှုနှုန်းထားနဲ့ ဆောင်ရွက်ပေးမှာမို့ “ဒေါက်တာ့မေတ္တာ” အိမ်ပင့် ဝန်ဆောင်မှုလေးကို ရယူချင်တယ်ဆိုရင် Page messenger မှာဖြစ်ဖြစ် ဖုန်းနံပါတ် 09266327418 ကိုပဲဖြစ်ဖြစ် ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါပြီနော်။

#ဒေါက်တာ့မေတ္တာ

#အိမ်ပင့်

05/11/2023
16/10/2023

မျက်နှာဝက်ခြံ ကင်းစင်ချင်သလား

(၁) မျက်နှာကို အလွန်အကျွံသန့်ရှင်းခြင်း
တကယ်တော့ ဝက်ခြံဆိုတာ မျက်နှာသန့်ရှင်းမှုအားနည်းလို့ချည်း ဖြစ်တာမျိုးမဟုတ်ဘူး။ တခြားအကြောင်းအရာတွေ ပါဝင်နေမယ်။မျက်နှာ အလွန်အကျွံသန့်ရှင်းတာ၊ scrubbing လုပ်တာတွေက တခါတရံ ဝက်ခြံကို ပိုဆိုးစေတယ်။ မျက်နှာမှာ ပုံမှန်အားဖြင့်ကို အဆီလွှာတထပ်ကာထားတယ်။ အဆိုပါအဆီလွှာက အစိုဓာတ်ကို ထိန်းပေးနေမယ်။ မျက်နှာသစ်လွန်းတဲ့အခါ အဆီလွှာမရှိတော့ဘဲ ဝက်ခြံ ပိုထွက်လာစေတယ်။ ပုံမှန်အားဖြင့် တရက်ကို မျက်နှာ နှစ်ကြိမ်ထက်ပိုမသစ်သင့်သလို scrubbing လုပ်တာလည်း တပတ်ကို နှစ်ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။

(၂) မျက်နှာအသားအရေပစ္စည်းများ ပြိုင်တူအသုံးပြုခြင်း
မျက်နှာ အပေါ်ယံအရေပြားလွှာက တလွှာထဲသာရှိတယ်။အဲဒီတလွှာထဲကို ပျောက်ချင်ဇောနဲ့ အလှအပပစ္စည်းတွေ တကြိမ်တည်းမှာ ရောသုံးတာ မှားတယ်။ အသားဖြူဆေး၊ ဝက်ခြံပျောက်ဆေး၊ ပေါင်းတင်ဆေး၊ နေလောင်ကာ၊ မိတ်ကပ် စတာတွေ ပြိုင်တူအသုံးပြုနေခြင်းဟာ ဝက်ခြံကို ပိုဆိုးစေတယ်။

(၃) မျက်နှာကို မကြာခဏ လက်နဲ့ကိုင်တွယ်ခြင်း
ဝက်ခြံကို လက်နဲ့ ကိုင်တွယ်တာမျိုးကို တတ်နိုင်သမျှရှောင်သင့်တယ်။ ဒီအမူအကျင့်ကို ဝက်ခြံပေါက်ရုံမက အမာရွတ်ကိုပါ ဖြစ်စေတယ်။ နောက်ပြီး မိမိဘာသာ ဝက်ခြံဖောက်တာ၊လက်သည်းနဲ့ဆိတ်တာလည်း တတ်နိုင်သမျှ ရှောင်ကြဉ်ရမယ်။

(၄) ဝက်ခြံကုတဲ့အခါ လုံလောက်တဲ့ အချိန်မပေးခြင်း
ဝက်ခြံတခုသက်သာပျောက်ကင်းဖို့ အနည်းဆုံး အချိန် (၆)ပတ်ကနေ (၁၂)ပတ်ထိ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဝက်ခြံထွက်တဲ့ မျက်နှာပြင်အရေပြားက ဆေးတွေကို တုံ့ပြန်ဖို့ အချိန်ပိုယူရလို့ဖြစိတယ်။

(၅) အရေပြားလိမ်းဆေးတွေ နားမလည်ဘဲ အသုံးပြုခြင်း
ဝက်ခြံထွက်သူအများစုဟာ အရေပြား cleansers, alkaline bar soaps တွေနဲ့ alcohol-based products တွေက ဝက်ခြံကို ပိုဆိုးစေတယ်။ နေလောင်ကာလိမ်းဆေးအများစုက အဆီဂလင်းကို လှုံ့ဆော်လို့ သတိထားသုံးရတယ်။

ပုံမှန်အားဖြင့် မိမိသုံးတဲ့ပစ္စည်းထဲမှာ isopropyl palmitate, isopropyl myristate, butyl stearate, isopropyl isostearate, decyl oleate, isostearyl neopentanoate, isocetyl stearate, myristle myristate, cocoa butter, acetylated lanoline နဲ့ ဆိုးဆေး D & C red dyes တွေပါရင် ဝက်ခြံကို ပိုဆိုးစေလို့ ရှောင်သင့်တယ်။

ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်

၆၆ လမ်း၊ ၃၉ လမ်းထောင့်၊ မန္တလေး။
09 2051590

16/10/2023
16/10/2023

လူဆိုသည်မှာ သူတစ်ပါးအပေါ် ထာဝစဉ် စိတ်ကောင်းနှလုံးကောင်းထားရှိနိုင်ရန် အလွန် ခဲယဉ်းတတ်ပါသည်။
တစ်ခါတစ်ရံတော့လည်း လူတို့သည် သည်းခံခွင့်လွှတ်တတ်ခြင်းကို သည်းခံခွင့်လွှတ်တတ်ခြင်းဟု မမြင်။ အသိအမှတ်မပြုချင်ကြ။
အ န ထုံထိုင်း၍ ငုံ့ခံသည်ဟုသာ မြင်တတ်ကြ၏။
သူတို့ အနိုင်ရခြင်းသည် သူတို့တတ်၍ သူတို့တော်၍ ရခြင်းသာဖြစ်သည်။အနာခံရသူက အ ၍ နုံ ၍သာ ခံရခြင်းဖြစ်သည်ဟု အထင်ရောက်တတ်ကြ၏။ ထိုအခါမျိုးတွင် ခွင်လွှတ်တတ်သူ၏ နှလုံးသားတွင် သည်းခံရခြင်းကို မြင့်မြတ်ခြင်းဟု မခံယူနိုင်တော့ဘဲ နာသာခံခက်ဖြစ်ရတတ်ပြန်သည်။ ထိုကဲ့သို့ လူတစ်ဦးတည်း၏ စိတ် ဟိုဘက် သည်ဘက် ယိမ်းယိုင်စေသော သဘာဝကို ကျွန်မတို့ မကြာခဏ ကြုံရတတ်ပြန်ပါသည်။
တစ်ခါတစ်ရံတော့ မဟုတ်မခံ ပြောဆိုပြုမူနေခြင်းထက် အလိုက်သင့် အလျားသင့် နေတတ် ပြောတတ်ခြင်းက မိမိအတွက် အကျိုးသက်ရောက်မှု ပိုများသည်ကို တွေ့လာရလေသည်။ ထိုအရသာကို မြည်းစမ်းမိလာသည့်အခါ စိတ်ထဲက နာသာခံခက်မှုကို ကြိုးစားဖြေဖျောက်ပြီး အကျိုးရှိသလို နေလိုက်ဖို့ စိတ်ကူးပေါက်မိပြန်လေသည်။ လူတစ်ယောက်၏ ဘဝတစ်ခုတည်းမှာပင် အခြေအနေကိုလိုက်၍ ခံယူချက်တွေ အမျိုးမျိုး ပြောင်းလဲနေရသည်ကို တွေးမိပြီး တစ်ခါတစ်ရံ မိမိကိုယ်ကို မကျေနပ်မှုတွေ များလာသည်ကိုလည်း တွေ့ကြုံခံစားရလေ၏။
လူတွေသည် မိမိကိုယ်ကို ဘယ်လိုစိတ်ရင်း စေတနာနှင့် သွားလာလှုပ်ရှားနေသည်လဲ အမြဲ ဆန်းစစ်နေမိမည် မဟုတ်ပေ။ တချို့ကလည်း ဒါကို ရေးကြီးခွင်ကျယ် ထည့်သွင်းစဉ်းစားနေမည်မဟုတ်။ အဆင်သင့်သလို သွားလာလှုပ်ရှားနေကြသည်ကသာ များပေလိမ့်မည်။
လူတစ်ယောက်သည် တစ်သမတ်တည်း
စိတ်ကောင်းနှလုံးကောင်း ထားရှိနိုင်ရန်
အတော်ပင် ကြိုးစားယူရမည် ထင်ပါသည်။
#မိုးမိုး(အင်းလျား)
#လူ့စိတ် ဝတ္ထုတိုမှ...

22/07/2023

ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ပါမောက္ခချုပ်ဆရာတော်ကြီးသည် တစ်ရက်လျှင် (၁) ကြိမ်သာ ဖူးမြှော်ခံမည်

ဇူလိုင်လ ၁၈ ရက်မှစ၍ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီးသည် ဧည့်တွေ့ဖူးမြှော်ခံခြင်းအား တစ်ရက်လျှင် (၁) ကြိမ်သာ ဖူးမြှော်ခံမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ပါမောက္ခချုပ်ဆရာတော်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာရစင်တာ၌ သီတင်းသုံးနေထိုင်တော်မူလျက်ရှိပြီး ဇူလိုင်လ ၁၈ ရက်မှစ၍ နေ့စဥ် နံနက် ၁၀ နာရီ (၁) ကြိမ်သာ ဧည့်တွေ့ဖူးမြှော်ခံမည်ဖြစ်ကြောင်းသိရသည်။

22/07/2023
22/07/2023

အလွန်လိမ္မာတဲ့ သားလေးကိုလွမ်းလို့

12/07/2023
12/07/2023
12/07/2023

အသည်းရောဂါရှိရင် ဘာတွေရှောင်ရမလဲ❓❓

⚠️ အဆီဓာတ်၊ အချိုဓာတ်နှင့် ဆားဓာတ် ပါဝင်မှုများသော အစားအစာများကို ရှောင်ကြဉ်ပါ။ ဆီကြော်များ၊ အမြန်ပြင်အစားအစာများ (Fast food)၊ တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ ကိုရှောင်ပါ။

⚠️ ဆိုးဆေးပါသော အစားအစာများ၊ မှိုတက်နိုင်သော အစားအစာများကို ရှောင်ကြဉ်ပါ။

⚠️ အနီရောင်အသားများ (အမဲသား၊ ဝက်သား၊ ဆိတ်သား စသည်) ကို တတ်နိုင်လျှင် လျှော့စားပါ။

⚠️ အရက်နှင့် အရက်ပါသော အဖျော်ယမကာများကို ရှောင်ကြဉ်ပါ။

⚠️ ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းတို့သည်လည်း ရှောင်ကြဉ်သင့်သော အလေ့အကျင့်များ ဖြစ်သည်။

⚠️ ပါရာစီတမော ကဲ့သို့သော အဖျားကျဆေးများ၊ အကိုက်အခဲပျောက်ဆေးများနှင့် အရောင်ကျဆေးများကို ရှောင်ကြဉ်သင့်ပါသည်။

⚠️ ဗီတာမင်-စီ၊ သံဓာတ် (Iron) ပါသောအားဆေးများနှင့် အိပ်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးပါ။ မိမိသဘောနှင့် မိမိ မည်သည့်အရာကိုမှ ဆေးဖြစ်ဝါးဖြစ် ရေရှည်စွဲ၍ အသုံးမပြုပါနှင့်။ မည်သည့်ဆေးမဆို မသောက်သုံးမီ ဆရာဝန်နှင့် တိုင်ပင်ပါ။

ဒေါက်တာခင်မောင်လွင် (FAME)

12/07/2023
12/07/2023
12/07/2023
03/07/2023
29/06/2023

အစပိုင်းမှာသဘောကောင်းတိုင်းလည်း မိတ်ဆွေမထင်နဲ့

#လောကနိယာမ777
#ပြန်လည်မျှဝေပါသည်
#စာပေ

23/06/2023

ငွေဆိုတာ
လိုတဲ့အချိန်တိုင်းရှာလို့
ရတာမဟုတ်ဘူး။ 💵 💴 💶 💷

၁။ အခါအခွင့်သင့်ချိန်။
၂။ ကံကောင်းနေတဲ့အချိန်...။
၃။ အရွယ်ကောင်းနေတဲ့အချိန်...။
၄။ ကျန်းမာရေးကောင်းနေတဲ့အချိန်..။
၅။ ခေတ်ကောင်းနေတဲ့အချိန်...။

အခါအခွင့်သင့်လို့
အခွင့်အရေးပေးလာတဲ့အခါ
လက်မလွတ်မိပါစေနဲ့..။

ဘာလုပ်လုပ်အစဉ်ပြေနေတဲ့အချိန်ဆိုတာ
ကံတရားကမျက်နှာသာပေးတဲ့အခါမျိုးမှာပဲ
ရခွင့်ရှိပါတယ်။

အရွယ်လွန်မှ
ပိုက်ဆံရှာမယ်ဆိုရင်တော့
လူငယ်လေးတွေနဲ့တန်းတူ
ကလေးတွေကြားမှာ တန်းဝင်စီရလိမ့်မယ်။

ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာဖို့စိတ်မကူးပဲ သောက်စားမူးရူး ပြီး
နာဖျားချိန်ရောက်တော့မှ
ပိုက်ဆံရှာရကောင်းသိလာတာဟာ
အရမ်းနစ်နာလွန်းတယ်။

ခေတ်ကာလကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာရကောင်းမသိခဲ့ပဲ
အလိုက်သင့်လေးနေခဲ့မယ်ဆိုရင်
ခေတ်ကာလပျက်စီးယိုယွင်းတဲ့အခါကျမှ
ပိုက်ဆံတန်ဖိုးသိပြီး ထရှာလို့
မလွယ်နိုင်ပါဘူး။


ပြန်လည်ဝေမျှသည်

26/01/2023
26/01/2023

ဆံပင်ကျွတ်ခြင်း ကင်းဝေးအောင်

ဆံပင်ဘာ့ကြောင့် ကျွတ်စေပါသလဲ။ ဖြစ်နိုင်တဲ့အကြောင်းအရင်း သီအိုရီများစွာရှိပါတယ်။ မျိုးရိုး၊ဟော်မုန်း၊စိတ်ဖိစီးမှု၊အာဟာရချို့တဲ့မှု၊အသက်အရွယ်၊ဆေးဝါးစသည်ဖြင့် မာတိကာများစွာတွေ့ရပါမယ်။ အသက်အရွယ်ပေါ်လိုက်ပြီး အကြောင်းရင်း တခုနဲ့တခု မတူညီကြဘူး။ အမျိုးသမီးတွေဟာ အလှအပရေးရာ ကရိကထများသလို ပြုပြင်ပြောင်းလဲချင်တာကလည်း ထိပ်ဆုံးမှာရှိနေတယ်။ တကယ့် ပြုပြင်ပြောင်းလဲရေးသမားစစ်စစ်တွေလည်း ဖြစ်ပါတယ်။ ဆံပင်ကောက်တာ၊ဖြောင့်တာ၊ဆေးဆိုး၊ဆေးချွတ် ဒီကြားထဲ စိတ်ညစ်ညူးရင် ဆံပင်ကို ကိုင်ကြ၊လိမ်ကြသေးတယ်။
အမျိုးသားတွေမှာတော့ အသက်ကြီးလာတဲ့အခါ ထိပ်ပြောင်တာ၊ထိပ်ကွက်တာမျိုး အဖြစ်များတယ်။ androgen ခေါ်တဲ့ အမျိုးသားဟော်မုန်းတမျိုးကြောင့်ပါ။ androgenic alopeciaလို့လည်းခေါ်ပါတယ်။ အသက်(၄၀)အရွယ်တွေမှာ စတွေ့ရတယ်။ အမျိုးသမီးတွေကျတော့ အပျိုဝင်ပြီဆိုကတည်းက ဆံပင်ကျွတ်တာ၊ဆံသားပါးတာရှိပါတယ်။ စိတ်ဖိစီးမှု၊သွေးသားအပြောင်းအလဲ အမျိုးသမီးတွေမှာ ပိုများတယ်။ chemical ဓာတုဆေးဝါးတွေ သုံးတာလဲ သူတို့ပဲ။ ဆံပင်ချေးချွတ်၊ဆံနွယ်ပြုပြင် လှချင်သူများစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတယ်။ လူတိုင်း သူ့မျိုးရိုး၊သူ့ဗီဇနဲ့သူ ဆံပင်ကောက်တာ၊ဆံပင်တွန့်တာမျိုး ရှိပါတယ်။

ဆံပင်တွေကို ယေဘုယျ သုံးသပ်ရရင် သုံးမျိုး ဖြစ်နိုင်တယ်။ ဆံလုံး(ဆံပင်)ဝိုင်းတဲ့သူက ဆံပင်ဖြောင့်တယ်။ ဆံလုံးက ဘဲဥပုံဖြစ်ရင် လှိုင်းတွန့်ပုံ(wave) ရှိတယ်။ အကယ်၍ ဆံပင်လုံးက ပြားတယ်(flat)ဆိုရင် ကပ္ပလီဆံပင်၊စပရိန်လို တွန့်ချိတ်နေမယ်။ ဒီထဲမှာ ဆံလုံး ဝိုင်းသူနဲ့ ဘဲဥပုံ ဆံနွယ်တွေက ပိုုကျွတ်လွယ်တယ်။ ဆံပင်ဖြောင့်လေ ဆံပင်ကျွတ်ဖို့လွယ်ကူလေ ဖြစ်ပါတယ်။ ဒီတော့ မိမိဆံပင်ကို ပြန်သုံးသပ်ကြည့်ပါ။ ဆံပင်ဖြောင့်သူလား၊ကောက်သူလားပေါ့။ ဒီနေရာမှာတော့ သိပ်ဖြောင့်လွန်းရင် မကောင်းပြန်ဘူး။

နောက်အရေးကြီးတဲ့အချက်တခုက ဆေးဝါးတွေ၊ဓာတုပစ္စည်းတွေ စဉ်ဆက်မပြတ် သုံးစွဲတတ်သူလား။ ဒါလည်း အရေးကြီးတယ်။ အလှအပကို ပြုပြင်ရတဲ့အခါ ဆိုးကျိုးတွေ ရှိနိုင်တယ်။ အထူးသဖြင့် ဓာတုဆေးဝါးတွေ အသုံးပြုရသူတွေမှာပေါ့။ ဒီနေ့ခေတ်မှာ ပညာရှင်မဟုတ်ဘဲ အလှအပပြုပြင်သူ၊ကုသသူတွေ အများအပြားတွေ့ရတယ်။ ဒါ့ကြောင့် ကျွမ်းကျင်ပညာရှင်မဟုတ်ဘဲ အလှအပပြုပြင်သူတွေ အထူးဂရုစိုက်သင့်တယ်။ နောက်အရေးပါတာက အာဟာရဓာတ်ပါ။ အာဟာရဓာတ်ချို့တဲ့သူတွေမှာ ဆံပင်ကျွတ်လွယ်တယ်။ ဗီတာမင်၊သတ္တုဓာတ် မျှတဖို့ လိုအပ်တယ်။ vitamin A,B5,B6,B7,B12,folic acid,iron,zinc စတဲ့ဓာတ်တွေက ဆံပင်အတွက် အရေးပါတယ်။ ဗီတာမင် စီက ဆံပင်ဖြူခြင်းကို တားဆီးပေးမယ်။ ဆံပင်ကျွတ်လွယ်တဲ့အမျိုးသမီးအများစုကို လေ့လာကြည့်တဲ့အခါ သံဓာတ်ချို့တဲ့တာမျိုး တွေ့ရတယ်။ ဒါ့ပြင် မဂ္ဂနီစီယမ်၊သွပ်ဓာတ်တွေကလည်း ဆံပင်ရဲ့အခန်းကဏ္ဍအတွက် အရေးပါတဲ့ သတ္တုဓာတ်တွေ ဖြစ်ပါတယ်။ ဆံပင်ဆိုတာ ပရိုတင်းဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ သူ့ရဲ့ အရေးပါမှုကိုလည်း မမေ့အပ်ဘူး။

ဆံပင်အကြောင်း ပြောရင် hair follicleခေါ်တဲ့ ဆံနွယ်ပေါက်စေတဲ့ မွေးညှင်းပေါက်တွေကို ချန်ထားလို့မရဘူး။ ဆံပင်ပါးတာ၊ကျဲတာ၊ထူတာကို သူက ဆုံးဖြတ်ပေးတယ်။ ဆံပင်ပေါက်မလာတော့ဘူးဆိုရင် hair follicleပျက်ဆီးနေလား စတင်စဉ်းစားရတယ်။ ဥပမာ နှစ်လ၊သုံးလကြာပြီ ပေါက်မလာတော့ဘူးဆိုရင် အကြောင်းရင်းက follicleမှာ ဖြစ်ဖို့များတယ်။ ဘာ့ကြောင့်လဲဆိုတော့ သီအိုရီအရ တစ်လမှာ ဆံပင် လက်မဝက်လောက် ရှည်ထွက်တယ်။ ဒီလိုရှည်ထွက်မလာရင် ဆံပင်အခြေအရင်းကို စစ်ကြည့်သင့်တယ်။ အရင်းကမပေါက်ရင် အဖျားကို ကြည့်လို့မရနိုင်တော့ဘူး။ နောက်အရေးပါတဲ့အချက်က ဆံသားတွေ ခြောက်သွေ့နေလား ဆိုတာပါ။ အရာဝတ္တုတိုင်းမှာ ခြောက်သွေ့တယ်ဆိုရင် ဘာမှမကောင်းဘူး။ဥပမာ သစ်ပင်တစ်ပင် ခြောက်သွေ့နေရင် ဆက်လက်ကြီးထွားမလာတော့ဘူး။ ပျက်ဆီးသွားတယ်။ မြို့ကြီး၊ပြကြီးတွေမှာလည်း ခြောက်ကပ်တယ်ဆိုတာ တိုးတက်မှုမရှိတာကို ဆိုလိုတယ်။ အလားတူ ဆံပင်တွေကိုလည်း ခြောက်သွေ့အောင် မထားသင့်ဘူး။ ပျက်ဆီးလွယ်လို့ ဖြစ်တယ်။ ကောင်းတာက မိမိဆံနွယ်ကို ဆီလိမ်းတာ၊သပ်ရပ်သန့်ရှင်းအောင် အမြဲဖီးလိမ်းတာမျိုး လုပ်ပေးသင့်တယ်။ ပိုအရေးကြီးတာက ဆံသားတွေကို ဆွဲတာ၊လိမ်တာ၊ကိုင်တာ ဘာမှမပြုလုပ်သင့်ဘူး။ ဆံပင်ကို အမြဲကလိနေသူတွေဟာ ဆံပင်ပျက်ဆီးဖို့ ပိုလွယ်ကူတယ်။ ဆံသဆိုင်တွေ၊beauty spaတွေမှာ ဆံပင်ဆွဲတာ၊လိမ်တာ ပြုလုပ်တတ်ကြတယ်။ ကောင်းတာပြောရရင် ဦးရေပြားကို နှိပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆွဲသူ၊လိမ်သူ၊အကြမ်းပတမ်းကိုင်တွယ်သူများကို ဝေးဝေးက ရှောင်ပါ။ အကိုင်အတွယ်ညံ့သူတွေ ဖြစ်ရင် သတိထားပါ။

ဒီတော့ ပါးလွှာတဲ့ဆံပင်၊ဆံသားတွေကို မကျွတ်အောင်၊ပြတ်ကျမလာအောင် ဘယ်လိုကာကွယ်လုပ်ဆောင်နိုင်မလဲ။ အလွယ်ဆုံးနည်းက အုန်းဆီသုံးပါ။ အုန်းဆီမှာ ဆံပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်ပြည့်ဝစွာပါဝင်လို့ ဆံသားကျွတ်တာ၊ပြတ်တာမျိုးကို သက်သာစေတယ်။ ရှားစောင်းလက်ပက် အသုံးပြုကြည့်ပါ။ ဒီဖက်ခေတ် ဝင်လာတဲ့ shampooတွေ၊gelလိမ်းဆေးတွေမှာ ရှားစောင်းလက်ပက်ကို အသုံးပြုလာကြတယ်။ အစိုဓာတ်ထိန်းပြီး ဦးရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးတယ်။ရှားစောင်းလက်ပက်သုံးပြီး ဦးရေပြားကို နှိပ်ပေးပါ။ နာရီဝက်လောက်နေတဲ့အခါ ရေနွေးနဲ့ ခေါင်းလျှော်ပေးပါ။ ဒီနည်းက ဦးရေပြားခြောက်သွေ့၊ယားယံခြင်းအတွက် သင့်တော်ပါတယ်။ ခေါင်းလျှော်တဲ့အခါ တမာရွက်သုံးပြီး ခေါင်းလျှော်တာကို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း လက်ခံလာကြပါပြီ။ တမာရွက်ကို ရေနွေးပွက်ပွက်ဆူထဲမှာ ထည့်ပြုတ်ပါ။ ရေတဝက်လောက်ခမ်းတဲ့အခါ အအေးခံပါ။ ပြီးရင် ခေါင်းကိုလောင်း၍ သေချာလျှော်ပါ။ တပတ်ကို တကြိမ်လောက် လျှော်သင့်တယ်လို့ အကြံပေးထားတယ်။

ဆံပင်ကျွတ်တဲ့အခါ လက်ဖက်စိမ်းနဲ့ ကြက်ဥအနှစ်ရောပြီး လိမ်းပေးနိုင်တယ်။လက်ဖက်စိမ်းက ဆံသားတွေကို နူးညံ့ပျော့ပျောင်းစေတယ်။ ကြက်ဥအနှစ်က ဆံပင်တွေ ကျန်းမာသန်စွမ်းစေတယ်။ အစေ့အဆန်တွေကရတဲ့ အဆီ(Jojoba oil, almond oil, mustard oil, lavender oi)ကို သုံးပြီး ဦးရေပြားကို နှိပ်ပေးနိုင်တယ်။ဗောက်ပျောက်ချင်ရင် jojoba oilကို အသုံးပြုသင့်တယ်။ အာယုဗေဒဆေးကျမ်းမှာ ဆီးဖြူသီးကို အုန်းဆီနဲ့ရော၊ကြိုချက်ပြီး လိမ်းရင် ဆံသားတွေကို အထူးကောင်းမွန်စေတယ်လို့ ဖတ်ရတယ်။ ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးမယ်လို့ဆိုထားတယ်။

ဆံနွယ်ကျွတ်ခြင်း၊ပါးခြင်းအတွက် အမှန်တကယ်သောက်သုံးနိုင်တဲ့ ဆေးဝါးမျိုးမရှိသေးပါဘူး။ လိမ်းဆေးလာတာတော့ ရှိပါတယ်။ ထိပ်ပြောင်သူ၊ဆံပင်ပါးသူအတွက် minoxidil 2% လိမ်းဆေးကို အသုံးပြုနိုင်ပါတယ်။ သို့သော် ဆေးပြန်ဖြတ်တဲ့အခါ ၆လ အတွင်း ဆံနွယ်တွေဟာ နဂိုအတိုင်း ပြန်ကျွတ်ကြတာမို့ ယာယီဆေးပေးပြီး အချိုသတ်ထားသလို ဖြစ်နေပြန်တယ်။ မရှိတာထက်စာရင် တော်လှပြီ အောက်မေ့နေရတယ်။ နောက်ပိုင်းမှာ ရေရှည်အာနိသင်ရှိတဲ့၊အာမခံနိုင်တဲ့ ဆေးမျိုး ပေါ်ပါက်လာနိုင်မလား ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မပေါ်ခင်စပ်ကြားမှာ ဆံကျွတ်သူတို့ သတိထားရှောင်ကြဉ်သင့်တဲ့ အချက်တွေကို ဖော်ပြပါရစေ။ ဆံပင်ဆိုးဆေးသုံးတဲ့အခါ သတိထားပါ။ Chemicalပါဝင်တဲ့ လိမ်းဆေး၊ဆိုးဆေးတွေက ဆံသားကို ပိုမိုပျက်ဆီးစေတယ်။ အမျိုးသမီးတွေ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊လိမ်တာ ဘယ်ဟာမှ အားမပေးချင်ဘူး။ သဘာဝအတိုင်းပဲကောင်းတယ်။ အညစ်အကြေး၊ဖုန်၊ဗောက်ကင်းစင်ပြီး ဦးရေပြားသန့်ရှင်းအောင် ၃ရက်တကြိမ် ခေါင်းလျှော်ပေးသင့်တယ်။ ဆံပင်စိုစွတ်နေစဉ်မှာ ခေါင်းမဖီးပါနဲ့။ ခြောက်သွေ့မှဖီးပါ။ ခေါင်းလျှော်ပြီးနောက် ကျဲတဲ့ဘီးစိတ်နဲ့အရင်ဖီးပါ။ ပြီးမှ ပုံမှန်ဘီးနဲ့ပုံသွင်းပါ။ ရေသုတ်တဲ့အခါ တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဖိမသုတ်ပါနဲ့။ ဖွဖွလေးသုတ်ပါ။ ဆံပင်ကို အလွန်အကျွံ တင်းကျပ်နေအောင် ဆွဲစုမထားပါနဲ့။ ဆံသားတွေ ပျက်ဆီးနိုင်တယ်။ ဆံနွယ်တွေ ကျန်းမာသန်စွမ်းအောင် ဆီတမျိုးမျိုး လိမ်းပါ။ သဘာဝခေါင်းလိမ်းဆီ တမျိုးမျိုး(coconut, olive, canola, jojoba, sesame oil) ကို တပတ်မှာ နှစ်ကြိမ်လောက် လိမ်းပေးသင့်တယ်။

အစားအသောက်တွေထဲမှာ အဆီများတဲ့အစားအစာ၊ကြော်ချက်စာတွေက ဦးရေပြားကို ပျက်ဆီးစေတယ်။အလွယ်တကူစားသုံးနိုင်တဲ့ junk food၊ခေါက်ဆွဲခြောက်တွေက ဆံပင်အတွက် အာဟာရမဖြစ်ဘူး။ ဒီနေရာမှာ လတ်ဆတ်တဲ့ အသီးအရွက်၊သစ်သီးဝလံတွေ စားပေးသင့်တယ်။ ပန်းသီးတလုံးကို ခွဲထားပြီး နောက်ရက်မှစားတာမျိုးကို လတ်ဆတ်တယ်လို့ မခေါ်နိုင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လေထဲကအောက်ဆီဂျင်နဲ့ပေါင်းပြီး ဓာတ်တိုးသွားလို့ ဖြစ်တယ်။ ကြည့်လိုက်ရင်လတ်ဆက်မနေဘဲ အညိုရောင်သမ်းနေမယ်။ ဒီအစားအစာမျိုးကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်တယ်။ ကြော်ချက်ထားတဲ့အစားအစာတွေကို စားသုံးတဲ့အခါ နှစ်ပြန်ကြော်တာလည်း မကောင်းဘူး။ ထပ်နွေးတာ၊ပြန်ကြော်တာကအာဟာရဓာတ်ကို ပိုမိုပျက်ဆီးစေတယ်။ ဆံပင်ကျွတ်သူတွေ စားအပ်တဲ့ super food ထိပ်တန်း အစားအစာ ဆိုတာလည်း ရှိသေးတယ်။ အမဲသား၊ငါး၊ကြက်ဥ၊ပဲ၊ဟင်းနုနွယ်၊စပျစ်သီးခြောက်၊ပဲနီလေးစတာတွေ ဖြစ်ပါတယ်။ဆံပင်ကျွတ်တာ၊ပါးတာကို ကာကွယ်ဖို့ ဗီတာမင်အားဆေး သောက်ပေး၊ဖြည့်ပေးနိုင်တယ်။ ပါဝင်သင့်တဲ့ဓာတ်တွေက vitamin A,B6,Biotin,C,E, iron,zinc,magnesium, omega 3 စတာတွေ ဖြစ်ပါတယ်။

အကြံပြုချက်များ
-လေ့ကျင့်ခန်းလုပ်ပါ။
-အိပ်ရေးဝဝ အိပ်ပါ။
-စိတ်ဖိစီးမှုလျှော့ချပါ။
-ရေများများသောက်ပါ။
-အသားဓာတ်များများစားပါ။
-အဆီလျှော့စားပါ။
-အသီးအရွက် ပုံမှန်ထက်ပိုစားသင့်တယ်။
-သစ်သီးဖျော်ရည် သောက်ပေးနိုင်တယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

21/10/2022
15/10/2021
30/08/2020

Advertisement for millionaire inverted umbrella

ပြောင်းပြန်ထီး ခပ်မိုက်မိုက် လေး တွေ နဲ့ လန်း လို့ ရပြီ နော်...
30/08/2020

ပြောင်းပြန်ထီး ခပ်မိုက်မိုက် လေး တွေ နဲ့ လန်း လို့ ရပြီ နော်...

29/08/2020
တခါသုံး Masks လေးတွေရပြီနော် !!!😷😷
29/08/2020

တခါသုံး Masks လေးတွေရပြီနော် !!!😷😷

24/08/2020

လက်လီလက်ကားရပါပီ

01/07/2020

ဆိုင်တွင်ကူရောင်း၇န်

ကျောင်းသုံးရုံးသုံးစာအုပ်ကလေးတွေစက်ရုံတိုက်ရိုက်စျေးဖြငိ့ လက်လီလက်ကားအားပေးဝယ်ယူနိုင်ကြပါပီရှင်
22/06/2020

ကျောင်းသုံးရုံးသုံးစာအုပ်ကလေးတွေစက်ရုံတိုက်ရိုက်စျေးဖြငိ့ လက်လီလက်ကားအားပေးဝယ်ယူနိုင်ကြပါပီရှင်

21/06/2020
Destiny Online Shop မှ ကျောင်းသုံးရုံးသုံးအတွက် ခဲတံ၊ခဲသားဘောပင်နှင့်ခဲဆစ်ခဲတံ ပစ္စည်းအသစ်များ ရောက်ရှိလာပါပြီ။ယခုရောင်း...
21/06/2020

Destiny Online Shop မှ ကျောင်းသုံးရုံးသုံးအတွက် ခဲတံ၊ခဲသားဘောပင်နှင့်ခဲဆစ်ခဲတံ ပစ္စည်းအသစ်များ ရောက်ရှိလာပါပြီ။
ယခုရောင်းချမယ့် ကျောင်းသုံးပစ္စည်းစုံရဲ့ Features များကို အောက်တွင်ဖော်ပြပေးထားပါသည်။
***Features***
ကွန်ပါဘူး
စာအုပ်
ခဲဖျက်
ချွန်စက်
ခဲတံ(၃)ချောင်း
ပေတံ ပါရှိပါသည်။
----------------------------
Product Name – Stationery Set
Product ID – PC - 023
Price –MMK – 2,300
--------------------------------------
မှာယူမည်ဆိုပါက
1. Product ID☑️
2. Product Name ☑️
3. Quantity အရေအတွက်☑️
4. Phone number ☑️
5. ‌နေရပ်လိပ်စာ ☑️
6. Name ☑️ ကို Page chat box မှ ပေးပို့ပြီးမှာယူနိုင်ပါပြီ။
လက္ကားစျေးသီးသန့်ရှိပါသည်။
------------------------------------------
(မိမိကိုယ်တိုင်သုံးဖို့လား ၊ သို့တည်းမဟုတ် ပြန်လည်ရောင်းချရန် အတွက်လား၊ လက်ဆောင်၀ယ်ပေးဖို့ စာရေးကိရိယာနှင့်ဆက်စပ်သုံး ပစ္စည်းလှလှ လေးတွေရှာနေပါသလား၊ ခုချက်ချင်း ယုံကြည်စိတ်ချရပါသော Destiny Online Shop ကိုဆက်သွယ်မှာယူလိုက်ပါနော်) ။
Phone – 09250064648

Address

No. 1 , Room 002, Hlaing River Road, No. 2 Ward, Hlaing Township
Yangon

Alerts

Be the first to know and let us send you an email when Millionaire Mini Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Millionaire Mini Mart:

Share


Other Convenience Stores in Yangon

Show All