05/07/2020
မင်္ဂလာပါ Burma Culture ချစ်သူများ ရှင့် .. အောင်မဲညို ပန်းနဲ့ ပြုလုပ်ထားတဲ့ သဘာဝ ခေါင်းလျှော်ရည် နဲ့ ရေနွေးနဲ့ခတ် သောက်ဖို့ ပန်းပွင့်ခြောက်လေးတွေ ကို လည်း ဝယ်ယူရရှိနိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
ခေါင်းလျှော်ရည်တစ်ဘူးကို 17500 ကျပ် ကျသင့်မှာဖြစ်ပြီး ပန်းပွင့်ခြောက်တစ်ဘူးကိုတော့ 5000 ကျပ် ကျသင့်မှာဖြစ်ပါတယ်။
အောင်မဲညိုပန်းပင်ရဲ့ ဆေးဖက်၀င်မှုနဲ့ သတိထားသင့်တာလေးတွေ ကိုလည်း ပြောပြချင်ပါတယ်.
အောင်မဲညိုပန်းပွင့်ဟာ ဆံသားနက်မှောင်စေခြင်း၊ မျက်ခုံးမွှေးနက်မှောင်စေခြင်းအပြင် ဆံပင်ဖြူခြင်း ကျွတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်...
အောင်မဲညိုပန်းပင်ရဲ့ အမြစ်ကိုပြုတ်သောက်ရင်
ချွဲသလိပ်တွေကို ဖယ်ရှားပေးပါတယ်..
အောင်မဲညိုပန်းပင်ရဲ့ အရွက်ကလဲ ဖောရောင်တာတွေ လျော့ကျစေပါတယ်..တဲ့...
အောင်မဲညိုပန်းပွင့်ဖျော်ရည် (သို့) ရေနွေးကြမ်း
တနေ့တခွက်သောက်ရင် မျက်စိကြည်လင်ခြင်း
စိတ်ကြည်လင်ခြင်းဖြစ်စေပါတယ်၊အဆီကျစေပါတယ်..
အောင်မဲညိုပန်းပွင့်မှာ
သကြားဓာတ်မရှိတာကြောင့် ဆီးချိုရောဂါသည်များလဲ သောက်သုံးနိုင်ပါတယ်..
ဒါ့အပြင် နှလုံးရောဂါနဲ့ စိတ်ဖိစီးမှုများသူများကိုလဲ
သက်သာကောင်းမွန်စေသလို..
သာမာန်ဖျားနာသူများအနေနဲ့
ပန်းပွင့်ရေနွေးကြမ်း သောက်သုံးနိုင်ပါတယ်..
သက်သာစေပါတယ်..
ပူပြင်းတဲ့ရာသီဥတုကြောင့်နွမ်းနယ်တဲ့အခါ
အောင်မဲညိုဖျော်ရည်သောက်သုံးခြင်းဖြင့်ကိုယ်တွင်းအပူချိန်လျော့ကျစေပါတယ်
...
အောင်မဲညိုပန်းလို့ခေါ်တဲ့ Betterfly Pea flower အကြောင်းလေးနဲနဲထပ်ပြောချင်ပါတယ်
Blue Pea, bluebellvine, cordofan pea, Darwin pea, Asian pigeonwings, Clitoria ternatea L. လို့ နာမည်အမျိုးမျိုးရှိပြီး ပန်းရောင်၊ အပြာရောင်နဲ့ အဖြူရောင်ဆိုပြီး အရောင် ၃ ရောင်ရှိတဲ့betterfly pea ဟာ Asia ဒေသတွေမှာစတင်ပေါက်ပွားလာခဲ့ပြီး နိုင်ငံတကာ ကို့ ပျံ့နှံခဲ့ပါတယ်..တဲ့..
သတိထားစရာလေးတွေလဲ ရှိပါသေးတယ်နော်
အောင်မဲညိုဖျော်ရည်ကို
ကိုယ်၀န်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေ လုံး၀ မသောက်သုံးသင့်ပါ
ခွဲစိတ်ခါနီးလူနာများ၊ သွေးကျဲဆေး၊အဆီကျဆေးသောက်သုံးနေရသူများ၊သွေးပေါင်မကြာခဏကျတတ်သူများ လုံး၀ မသောက်သုံးသင့်ပါ
လက်ရှိရောဂါတခုခုကြောင့် ဆေးကုသမှု ခံယူနေရသူများ ဆရာ၀န်နှင့်တိုင်ပင်မေးမြန်းပြီးမှ သောက်သုံးသင့်ပါသည်။
အောင်မဲညိုပန်းပွင့်ရေနွေးကြမ်းသောက်သုံးပြီး ၀မျးလြှော အော့အန်ခြင်းများ ဖြစ်ပွားပါက ဆက်လက်မသောက်သုံးသင့်ပါ..တဲ့ရှင်..။..
အစာလည်းဆေး..ဆေးလဲအစာ..ဖြစ်နိုင်ကြပါစေ။
မှာယူချင်သူများအနေနဲ့ ဖုန်းနံပါတ် 09 767019926 ကို ဆက်သွယ်၍ဖြစ်စေ၊ မက်ဆေ့ မှ တစ်ဆင့်ဖြစ်စေ မှာယူနိုင်ပါပြီနော်။ ရန်ကုန် နှင့် မန္တလေး အတွက် ပို့ဆောင်ခ (၂၀၀၀ ကျပ်) ကျသင့်မှာဖြစ်ပြီး အခြားနယ်မြို့များကို တော့ ကားဂိတ်မှ တစ်ဆင့်ပို့ဆောင်ပေးမှာဖြစ်ပါတယ်ရှင်။ လူကိုယ်တိုင် လာရောက် ဝယ်ယူချင်တယ်ဆိုရင် တော့ ၁၇ လမ်း၊ သံစျေး၊ ငါးလွှာက Yangon Book Plaza ကို ဓါတ်လှေကားနဲ့ တက်လာပြီး ဝယ်ယူနိုင်ပါတယ်။