Daw Aye Aye Store
Daw Aye Aye Store အလ္လကပ္ပ-မုံရွာ-မန္တလေး ကားလမ်းမပေါ
25/07/2023
💢အသက်၂၀-နှစ်နဲ့အထက် အမျိုးသမီးအရောင်းဝန်ထမ်း (၂)ဦးလိုပါတယ်
💢ခေတ်နဲ့လျော်ညီတဲ့လစာပေးပါမယ်
💢လုပ်ငန်းအပေါ်စိတ်ဝင်စားစွာနဲ့ကြိုးစားမှုပြန်ပေးနိုင်မဲ့သူအလိုရှိပါတယ်
💢စိတ်ဝင်စားပါက
💢ဒေါ်အေးအေး-စတိုး သို့ လူကိုယ်တိုင်လာရောက်စုံစမ်းနိုင်ပါတယ်
ဒေါ်အေးအေး-စတိုးဆိုင်အတွက်  အရောင်းဝန်ထမ်းအမျိုးသမီး(၂)ဦးအလိုရှိပါတယ်😊အသက်(၁၈)နှစ်ပြည့်ပြီးသူနဲ့အိမ်ထောင်မရှိသူဖြစ်ရပါမယ...
23/02/2023
ဒေါ်အေးအေး-စတိုးဆိုင်အတွက် အရောင်းဝန်ထမ်းအမျိုးသမီး(၂)ဦးအလိုရှိပါတယ်😊
အသက်(၁၈)နှစ်ပြည့်ပြီးသူနဲ့အိမ်ထောင်မရှိသူဖြစ်ရပါမယ်👩‍⚖️
ပုံလေးကတော့ ချစ်စရာကောင်းလို့ ssရိုက်ပြီး
ဆေ့ထားတာလေးတင်ထားတာပါ😍
11/04/2022
Hello !!     Hello !!    Hello !!ချစ်ရသူများရဲ့အကြိုက်  ရွှေပြည်တော်မျော်လေတိုင်း  မဝေးစေဖို့  ရွှေဘိုမြို့ရဲ့နာမည်ကျော်...
11/04/2022
Hello !! Hello !! Hello !!
ချစ်ရသူများရဲ့အကြိုက် ရွှေပြည်တော်မျော်လေတိုင်း မဝေးစေဖို့ ရွှေဘိုမြို့ရဲ့နာမည်ကျော်
"ဝင်း"ကိတ်လေးတွေ ရပြီနော်
စားဖို့ဘဲဖြစ်စေ/ ကန်တော့ဖို့အတွက်ဘဲဖြစ်စေ
မူလအရသာမပြတ်အောင် ထိန်းထားတဲ့ ရွှေဘို ဝင်းကိတ်လေးက ချစ်ရသူများအတွက် အကောင်းဆုံး ရွေးချယမှုဖြစ်စေမှာပါနော်
ချစ်ရသူများနဲ့အမြဲအတူရှိနေမဲ့😍😍
ဒေါ်အေးအေး-စတိုး
ကျွန်တော်တို့  အညာဒေသရဲ့အထင်ကရအစားအစာတစ်ခုဖြစ်တဲ့  မြောင်မြို့ရဲ့နာမည်ကျော်  ညာတရာမုန့် လေး  ကျွန်တော့်ဆိုင်မှာ  ဝယ်ယူလိ...
22/01/2022
ကျွန်တော်တို့ အညာဒေသရဲ့အထင်ကရအစားအစာတစ်ခုဖြစ်တဲ့ မြောင်မြို့ရဲ့နာမည်ကျော် ညာတရာမုန့် လေး ကျွန်တော့်ဆိုင်မှာ ဝယ်ယူလို့ရပါပြီ😊😊
အညာကိုလွမ်းလို့ဘဲဘဲဖြစ်စေ အညာမုန့်စစ်စစ်ကို
မြည်းစမ်းဖူးချင်လို့ဖြစ်စေ ညာတရာမုန့်လေးက
အညာဒေသရဲ့ပုံရိပ်ကို အပြည့်အဝ ဖော်ဆောင်ပေးနိုင်မှာအသေအချာပါ😌😌
ကိုယ့်ရဲ့အညာဒေသကသူတွေအတွက်လဲ ဘုရားပွဲတိုင်မှ တကူးတကလုပ်ရတဲ့မုန့်လေးတွေကို
ဆိုင်မှာဘဲအလွယ်တကူ ဝယ်စားလို့ရပါပြီ
ကဲဘာလိုသေးလဲ😄
ဓါတုဆိုးဆေးလုံးဝမပါဝင်သော သဘာဝအရသာစစ်စစ်ဖြစ်တဲ့ ညာတရာမုန့်
တစ်ဘူး-၁၆၀၀ ကျပ်
တစ်ဆင့်ပြန်လည်ရောင်းချလိုသူများအတွက်အများဈေးသီးသန့်ရှိပါတယ်ခင်ဗျာ
နယ်ဝေးမှမှာယူလိုသူများအတွက် ကားဂိတ်ပို့ပေးပါတယ်ခင်ဗျာ
☎️09-400547536
Helloဘော်ဒါကြီးတို့အကြိုက်   ဖုန်းထဲ့ခါးချိတ်လေးတွေ ရောက်ပါပြီဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
11/01/2022
Hello
ဘော်ဒါကြီးတို့အကြိုက် ဖုန်းထဲ့ခါးချိတ်လေးတွေ ရောက်ပါပြီ
ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
ဆောင်းရသီမှာ  ဖေဖေ/မေမေတို့  အိပ်ရေးဝဝအိပ်လို့ရအောင်😉😉သားသား/မီးမီးလေးတို့အတွက်  Diaperမျိုးစုံရောက်ထားပါတယ်😊😊ညတာရှည်လှတ...
16/12/2021
ဆောင်းရသီမှာ ဖေဖေ/မေမေတို့ အိပ်ရေးဝဝအိပ်လို့ရအောင်😉😉
သားသား/မီးမီးလေးတို့အတွက် Diaper
ညတာရှည်လှတဲ့ဆောင်းရာသီမှာ babyလေးတို့အတွက် Diaper မပါဘဲသိပ်ရတဲ့အခက်အခဲက
ကင်းဝေးရအောင် Diper တံဆိပ်မျိုးစုံ/ဆိုဒ်မျိုးစုံကိုဆိုင်မှာ အလွယ်တကူဝယ်လို့ရပါတယ်ခင်ဗျာ🤗🤗🤗
09-790184167
တို့ကတော့  ကိုရီးယားဇာက်ကားကိုလဲကြိုက်တယ်ကိုရီးယား  မင်းသား/မင်းသမီးလေးတွေကိုလဲချစ်တယ်😍😍သူတို့ဇာက်ကားတွေထဲမှာ  အမြဲစားတဲ...
15/12/2021
တို့ကတော့ ကိုရီးယားဇာက်ကားကိုလဲကြိုက်တယ်
ကိုရီးယား မင်းသား/မင်းသမီးလေးတွေကိုလဲချစ်တယ်😍😍
သူတို့ဇာက်ကားတွေထဲမှာ အမြဲစားတဲ့ ကိုရီးယား
ပဲခေါက်ဆွဲကိုလဲကြိုက်တယ်ဆိုသူတွေအတွက်
Nongshim ကထုတ်တဲ့ ကိုရီးယား ပဲခေါက်ဆွဲလေး😋😋😋
အချို/အစပ် နှစ်မျိုးရပါမယ်😊😊
ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
09-790184167
Ensure အသေးထုတ်လေးတွေနဲ့ တစ်ခါသောက်အရည်ဘူးလေးတွေထပ်ရောက်ထားပါတယ်ခင်ဗျာကလေးများအတွက်လဲ pediasure တစ်ခါသောက်အရည်ဘူးလေးတွေရ...
15/12/2021
Ensure အသေးထုတ်လေးတွေနဲ့ တစ်ခါသောက်အရည်ဘူးလေးတွေထပ်ရောက်ထားပါတယ်ခင်ဗျာ
ကလေးများအတွက်လဲ pediasure တစ်ခါသောက်အရည်ဘူးလေးတွေရပါတယ်
ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
09-790184167
လက်ဖက်/နှစ်ပြန်ကြော်ကိုမှ  ဈေးနှုန်းသင့်တင့်ပြီး  ကောင်းကောင်းလေးမှဆိုသူတွေအတွက်  လက်ဖက်/နှစ်ပြန်ကြော်/ကုလားပဲခြမ်းကြော်...
15/12/2021
လက်ဖက်/နှစ်ပြန်ကြော်ကိုမှ ဈေးနှုန်းသင့်တင့်ပြီး ကောင်းကောင်းလေးမှဆိုသူတွေအတွက် လက်ဖက်/နှစ်ပြန်ကြော်/ကုလားပဲခြမ်းကြော်/စတော်ပဲလုံးကြော်/လက်ဖက်ချဥ်/လက်ဖက်နှပ်/ဂျင်းချဥ်/ဂျင်းနှပ်မျိုးစုံ ဆိုင်မှာဝယ်ယူလို့ရပါတယ်နော်
ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
09-790184167
မနက်ဖြန်မှာ  ကိုယ့်ကိုယ်တိုင် ပြန်ဆန်းစစ်နိုင်ဖို့  အခြိနျရမှာပါ
09/12/2021
မနက်ဖြန်မှာ ကိုယ့်ကိုယ်တိုင် ပြန်ဆန်းစစ်နိုင်ဖို့ အချိန်ရမွာပါ
ကျွန်မကတော့..မနက်ဖြန်မှာ ဘယ်မှမသွားဘဲ.. အိမ်မှာပဲနေ...Break ယူပြီး Self Reflection လုပ်ဖို့ စိတ်ကူးရမိပါတယ်..
Self Reflection ဆိုတာ မှန်တစ်ချပ်ထဲမှာ..ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီးကိုယ်မြင်ရတာကို ပြန်ကြည့်တာမျိုးပဲဖြစ်ပါတယ် ..ကိုယ့်ကိုယ်ကိုယ်... ဆင်ခြင်သုံးသပ်ခြင်း Assessing Yourself လုပ်တာပါပဲ..
ကိုယ်ဘာတွေလုပ်နေသလဲ ..ဘယ်နည်းလမ်းတွေနဲ့သွားနေသလဲ..
.. ဘာတွေတွေးနေသလဲ .. စတဲ့အရာတွေကို လေ့လာဆန်းစစ်ဖို့ပါပဲ
Self Reflection လုပ်တာဟာအရေးကြီးပါတယ် ကျွန်မတို့ရဲ့ကျွမ်းကျင်မှု..Skill တွေ..စွမ်းရည် Ability တွေ..ဘယ်လောက်ရှိသလဲ..ဆိုတာနဲ့..
သူတို့ရဲ့..ထိရောက်မှု Effectiveness တွေကိုသုံးသပ်နိုင်ပါတယ် ..
ဘယ်အလုပ်ကိုပဲလုပ်နေပါစေ..ဘယ်နေရာ ဘယ်အခြေအနေကို ရောက်ရှိနေပါစေ..
ကိုယ်တိုင်Self Reflection လုပ်တဲ့သူနဲ့မလုပ်တဲ့သူဟာ..Self Growth ရဖို့..ကွာခြားတတ်ပါတယ်..
ဘဝနဲ့သက်ဆိုင်တဲ့ ပြသနာတွေ.. စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ရှိနေတဲ့ လူတွေနဲ့တွေ့တဲ့အခါ..ကျွန်မက Self Reflection လုပ်ဖို့အမြဲတမ်း အကြံပေးလေ့ရှိပါတယ်
အရာ အားလုံး အဆင်ပြေနေပါတယ်ဆိုတဲ့သူတွေကလည်း Self Reflection လုပ်သင့်တာပါပဲ..
ကျွန်မတော့ ..ကျွန်တော်တော့..
နေ့တိုင်းတောင် လုပ်မိနေ
ပါတယ်ဆိုတဲ့ သူတွေလည်း ဒီစာကိုဖတ်ပြီးတဲ့အချိန်မှာ ပေါ်လာမှာ ဖြစ်ပါတယ်..တချို့တွေ ညအိပ်ရာဝင်ခါနီးမှာ ဒီနေ့ ကုသိုလ်ဘယ်လောက်ရလဲ..အကုသိုလ်တွေ လုပ်မိသေးလား..စသည်ဖြင့် စဥ်းစားကြတာလည်း Self Reflection ပါပဲ..
စာသင်ခန်းမှာပဲ ဖြစ်ဖြစ်.. အလုပ်ခွင်မှာပဲဖြစ်ဖြစ် ..အိမ်မှာပဲဖြစ်ဖြစ် Relationship နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်..ကိုယ့်ရဲ့ဘဝထဲမှာပဲဖြစ်ဖြစ် ..နိုင်ငံရေး..လူမှုရေး..စီးပွားရေး..ဘယ်နေရာမှာမဆို ကိုယ့်ကိုယ်ကိုပြန်ကြည့်တဲ့
Self Reflectionလုပ်မယ်ဆိုရင်
ဒီလို အဆင့်ကလေးတွေနဲ့ တစ်ဆင့်ချင်း လုပ်ကြည့်ပါ..
Take a break
ခဏလောက် ရပ်လိုက်ပါ..Break ယူလိုက်ပါ..ကျွန်မကတော့ ခရီးသွားတဲ့အချိန်မှာ Self Reflection အများဆုံး လုပ်ဖြစ်ပါတယ်.. ကိုယ်အမြဲရှိနေကျ.. အလုပ်နေရာတွေ.. မြင်ကွင်းတွေ ..Routienတွေ
ပြောင်းသွားပြီး စိတ်အေးချမ်း ရှင်းလင်းနေတဲ့ အချိန်.. တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မျိုးဟာ Self Reflection လုပ်လို့အကောင်းဆုံးအချိန်တွေပဲဖြစ်ပါတယ်
To evaluate whay we have accomplished
ဒီတစ်လအတွင်းမှာ..
ဒီနှစ်အတွင်းမှာ..
ဒီကာလအတွင်းမှာ..
ဒီအလုပ်မှာ.. ကိုယ်ဘာတွေလုပ်နိုင်ခဲ့သလဲဆိုတာကို ပြန်ပြီးသုံးသပ်စစ်ဆေးမှုတွေလုပ်ကြည့်ပါတယ်
To celebrate our victories
ကိုယ်ရလာခဲ့တဲ့အောင်မြင်မှုတွေအတွက်.. ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြု ချီးကျူးနိုင်ပါတယ်
To learn from our mistakes
အမှားလုပ်ခဲ့မိတာတွေရှိရင် အဲဒီအမှားတွေကနေ သင်ယူလိုက်ပါတယ်
To check our future direction
ရှေ့လာမဲ့နှစ်မှာ..အနာဂတ်မှာ ဘာတွေကို..ဘယ်လိုဆက်လုပ်သွားမလဲဆိုတာကို စစ်ဆေးနိုင်ပါတယ်..ရည်မှန်းချက်တွေ ချမှတ်နိုင်ပါတယ်..
Self Reflection လုပ်တယ်ဆိုတာ..ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေမေးတာပါပဲ...
ဘာတွေလုပ်နေသလဲ
What do you do?
ဘာ​ကြောင့်လုပ်တာလဲ
Why do you do ?
ဘယ်ဟာကပိုကောင်းပြီးထိရောက်မှုရှိသလဲ
Which is better and more efficient ?
ဆိုတဲ့ မေးခွန်းမျိုးတွေ မေးကြည့်တာပါပဲ..
Self Reflection မှာ ဘယ်လိုမေးခွန်းတွေပါတတ်သလဲဆိုရင်..
What are my strengths?
ကိုယ့်ရဲ့အားသာချက်တွေကဘာလဲ အလုပ်လုပ်တဲ့အခါမှာ သေသေချာချာစုစုစည်းစည်းနဲ့ စနစ်တကျလုပ်တတ်ပါသလား မှတ်မိရမဲ့အရာတွေကိုမှတ်မိပါသလား
Am I well organised?
Do I remember things?
What are my weaknesses?
ကိုယ့်ရဲ့အားနည်းချက်တွေကဘာလဲ.. ဥပမာ တစုံတစ်ခုပေါ်လာပြီဆိုတာနဲ့အာရုံပြောင်းသွားတတ်တာမျိုးလား ..ကိုယ်လိုအပ်တဲ့ကျွမ်းကျင်မှုအတွက် လေ့ကျင့်မှုတွေကို..လို​နေ
ပါသလား Am I easily distracted? Do I need more practise with a particular skill?
What skills do I have and what am I good at? ကိုယ့်မှာဘယ်လိုကျွမ်းကျင်မှုတွေရှိသလဲ..ဘယ်နေရာတွေမှာ..ကိုယ်ဟာကောင်းအောင်လုပ်နိုင်သလဲ..
What problems do you have? ကိုယ့်ရဲ့ပြဿနာတွေကဘာလဲ..
ကိုယ်ဟာလူတွေရဲ့ဂရုစိုက်မှုကိုအရမ်းခံချင်နေတဲ့သူမျိုးလား
Am I an attention seeker?
What have I achieved?
ဘယ်လိုနေရာမျိုးတွေမှာကိုယ်ဟာအောင်မြင်ခဲ့သလဲ..အောင်မြင်အောင်လုပ်နိုင်ခဲ့သလဲ..
What makes me happy?
ကိုယ့်ကိုပျော်ရွှင်အောင်လုပ်နိုင်တဲ့အရာတွေဟာဘာတွေလဲ..ကိုယ်က ဘယ်လိုအရာမျိုးတွေကိုလုပ်ချင်တာလဲ..
What are your values? ကိုယ့်ရဲ့တန်ဖိုးထားမှုတွေ..စံနှုန်းသတ်မှတ်ချက်တွေကဘာလဲ..
ကိုယ်ဟာအချိန်တိကျတာကိုတန်ဖိုးထားတာလား ..ငွေကြေးကိုတန်ဖိုးထားတာလား...မိသားစုဘဝကိုတန်ဖိုးထားတာလား...အောင်မြင်မှုကိုတန်ဖိုးထားတာလား...စိတ်အေးချမ်းမှုကိုတန်ဖိုးထားတာလား..
ဒီလို
မေးခွန်းတွေကို ​ဖြေပြီး စိတ်ထွက်ပေါက်ရသွားတာ မျိုးတွေ ရှိပါတယ် တချို့ပုစ္ဆာတွေမှာအဖြေကပါလာပြီးသား... ကိုယ်က..အဲဒီအဖြေကို
မထုတ်တတ်ကြတာဖြစ်ပါတယ်
Self Reflection လုပ်တဲ့နေရာမှာတချို့ကတော့ Self Reflective Writing ဆိုပြီးစာရွက်ပေါ်မှာချရေးတာမျိုးကို..ကျွန်မက.. ပိုပြီးသဘောကျပါတယ်...တစ်ခါတလေကျ..ကျွန်မတို့ကခေါင်းထဲမှာသာ တွေးနေတာ.... အတွေးတွေသာစိတ်ထဲမှာရှိနေတာ... ဒါပေမဲ့...ဒီအတွေးတွေဟာ စိတ်ထဲမှာ...ခေါင်းထဲမှာပဲကျပ်ခဲနေတာမျိုးဖြစ်တတ်ပါတယ်..
ဒါတွေကို..စာအဖြစ်ချရေးလိုက်တဲ့အခါမှာ တစ်ခုချင်းစီ ထွက်ကျ
လာတာမျိုး..မြင်ရတတ်ပါတယ်..ကိုယ်ဘာတွေ တွေးနေသလဲ..ဘာတွေ စဥ်းစားနေသလဲ..ဘာတွေ လုပ်နေသလဲဆိုတာကို မျက်စိနဲ့မြင်ပြီး ကိုယ့်ကိုယ်ကိုယ် Reflect လုပ်ပေးနိုင်ရင် သိပ်ကောင်းပါတယ်..
ဘယ်လိုပဲ ဖြစ်ဖြစ် Self Reflection လုပ်ကြည့်ပါ..ပျော်စရာကောင်းပါတယ်..ကိုယ် လျှောက်ခဲ့တဲ့လမ်းကိုပြန်ကြည့်ပါ..ကိုယ်..ဘယ်နေရာထိရောက်လာပြီလဲဆိုတာကို တွေ့ရပါလိမ့်မယ်..ယုံကြည်မှုတွေ ခွန်အားတွေရလာပါလိမ့်မယ်..
တိတ်ဆိတ်နေတဲ့ နေရာလေးတစ်ခုကိုရှာပါ..အချိန်လေး တစ်ခုပေးပါ..အဲဒီနေရာမှာ ထိုင်ပြီး..Self Reflection လုပ်ကြည့်စေချင်ပါတယ်..
မွန်ဟော်စီ
၂၀၂၁ ဒီဇင်ဘာ
#မနက်စာအာဟာရ
Photo
Roam The Planet
ဒီ  Page မှာအခုပုံထဲကလို  မွေးနေ့ကိတ်လှလှလေးတွေ  အော်ဒါမှာလို့ရနေပွီနျော ၁၈၀၀၀တန်လေးတွေကနေစပြီး  မှာလို့ရပါတယ်ခင်ဗျာဒေါ်ေ...
01/12/2021
ဒီ Page မှာအခုပုံထဲကလို မွေးနေ့ကိတ်လှလှလေးတွေ အော်ဒါမှာလို့ရနေပွီနျော
၁၈၀၀၀တန်လေးတွေကနေစပြီး မှာလို့ရပါတယ်ခင်ဗျာ
09-790184167
လူကြီးတွေအတွက်ရော/ဖုန္းကြည့်အထိုင်များတဲ့လူငယ်တွေအတွက်ရော  အထူးသင့်တော်တဲ့♦️Kinoki ခြေဖဝါးအဆိပ်ထုတ်ကပ်ခွာလေးတွေဆိုင်မှာရ...
20/11/2021
လူကြီးတွေအတွက်ရော/ဖုန္းကြည့်အထိုင်များတဲ့
လူငယ်တွေအတွက်ရော အထူးသင့်တော်တဲ့
♦️Kinoki ခြေဖဝါးအဆိပ်ထုတ်ကပ်ခွာလေးတွေဆိုင်မှာရောက်ထားပါတယ်🤗🤗
ခြေဖဝါးအဆိပ်ထုတ် ကပ်ခွာလေးများဟာ ဂျပန်ခြေဖဝါးနှိပ်ပညာကို အခြေခံထားပြီး ဂျပန်နိုင်ငံမှ ဆေးဝါးကုန်ကြမ်းများနှင့် ဂျပန်နည်းပညာနှင့် ထုတ်လုပ်ထားပါတယ္
Cleansing Detox Foot Pads
ဂျပန်ဝါးကို အထူးပြုကာအခြားဆေးဖက်ဝင် သစ်သီးသစ်ဖုများဖြင့် အချိုးကျစွာ ဖော်စပ်ထုတ်လုပ်ထားပါတယ္
#ရိုးရာတိုင်းရင်းဆေးတစ်မျိုးဖြစ်သည့်
သဘာဝသစ်ဥသစ်ဖုများဖြင့်ဖော်စပ်ထားသော
အဆိပ်ထုတ်ကပ်ခွာလေးဖြစ်ပါတယ်
ကွန်ပျူတာအကြည့်များသူများ😍
ကျီးပေါင်းတက်သူများ😍
အထိုင်များသူများ😍
အညောင်းမိသူများ😍
အပူများ၍ကိုယ်လက်လေးလံနေသူများ😍
မျက်စိနာသူများ😍
မျက်မှန်တပ်ရသူများ😍
အပူများ၍လည်ချောင်းနာသူများ😍
ဇတ်ကြောတတ်သူများအတွက်😍
အထူးသင့်လျော်သည့်ကပ်ခွာလေးဖြစ်ပါတယ်
Kinoki💙💙ကပ်ခွာလေးရဲ့အာနိသင်က
တော့အပူအပုတ်ကင်းစင်ပြီး ပေါ့ပါးလန်းဆန်းစေခြင်း
စိတ်ဖိစီးမှုလျော့ကျစေခြင်း အကြောအခြင်များ
ညောင်းညာတောင့်တင်းမှုမကင်းစင်စေခြင်း
အမြင်အာရုံကောင်းမွန်စေခြင်း ခန္ဓာကိုယ်သွေးလည်ပတ်မှုအားကောင်းစေခြင်း
ခြေဆီအနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း စသည်အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ပါတယ္
💙💙 အသုံးပြုနည်း
ညအိပ်ရာဝင်ခါနီ ခြေဖဝါးနှစ်ဖက်အား
ဒူးအောက်ကနေမှသန့်စင်အောင်ဆေးကြော၍
ဆေးထုပ်လေး၏ စာမပါသည့်ဘက်ကိုခြေဖဝါး
အလယ်တွင်တင်၍ အပေါ်မှအသင့်ပါရှိသည့်
ကပ်ခွာလေးကပ်ပြီးအိပ်ရပါမည်။
မနက်အိပ်ရာထလျှင်ခွာပေးရပါမည်။
ခန္ဓာကိုယ်အတွင်းရှိ အပူအပုတ် အဆိပ်အတောက်များလျော့ကျကင်းစင်၍ ပေါ့ပါးလန်းဆန်းမှုကို
ခံစားရပါလိမ့်မည်။
#တစ်ညကပ်ပြီးလျှင်မဲနက်သွားမည်ဖြစ်၍
ဆေးကပ်ခွာလေးကို စွန့်ပစ်ရပါမယ္
♦️အခုလို ေဆာင်းရသီမှာ အအေးဒဏ်ကြောင့်ဖြစ်တတ်တဲ့ ထုံကျင်ကိုက်ခဲခြင်းများအတွက် အထူးကောင်းမွန်ပါတယ်
2ချပ်ပါတစ်စုံ -700ks
ေဒါ်အေးအေး-စတိုး - အလ္လကပ္ပ
09-790184167
18/11/2021
Edit-ဆုမဲအားလံုးကုန္သြားပါပြီ😊😊
တန်ဆောင်မုန်းလပြည့်နေ့ ကုသိုလ်🙏🙏🙏
၁၀နာရီခွဲ အချိန်ကစပြီး
ဆိုင်မှာဈေးဝယ်လာသူများရဲ့ကျေးဇူးကို
တုံ့ပြန်သောအားြဖင့်
ဗလာမပါကံစမ်းမဲ အစီအစဥ်လေးလုပ်ထားပါတယ်ခင်ဗျာ
စုမဲ ၁၃၀ စီစဥ်ပေးထားပါတယ်
စုမဲကုန်တဲ့အချိန် ကံစမ်းမဲအစီအစဥ်ရပ်ပါမယ်
ကျွန်တော့်ဆိုင်လေးရဲ့ကုသိုလ်လေးမှာ ပါဝင်အားဖြည့်ပေးဘို့ အားလုံးကိုဖိတ်ခေါ်ပါတယ်ဗျ😊😊
ဒေါ်အေးအေး-စတိုး- အလ္လကပ္ပ
💝💝ချစ်စရာအိုးပုတ်/ဂျိုးရုပ်လေးတွေ  အစုံရမယ်နော်​💝💝မြေထည်ပစ္စည်းလေးတွေဖြစ်တဲ့  မြန်မာ့ရိုးရာကစားစရာမျိုးစုံကို  ကျွန်တော့...
16/11/2021
💝💝ချစ်စရာအိုးပုတ်/ဂျိုးရုပ်လေးတွေ အစုံရမယ်နော်
​💝💝မြေထည်ပစ္စည်းလေးတွေဖြစ်တဲ့ မြန်မာ့ရိုးရာကစားစရာမျိုးစုံကို ကျွန်တော့်ရဲ့ Page မွာ
လက်လီ/လက္ကားဝယ်ယူလို့ရနေပါပြီခင်ဗျာ
😂ကစားစာအရုပ်တစ်ခုကို ထောင်ကျော်/သောင်းကျော်/သိန်းကျော်တန်တာတွေ ရင်းပြီးရောင်းနေရတဲ့အချိန်မှာ တစ်ခုကို ရာဂဏန်းတန်ဖိုးသာရှိတဲ့မြေထည်အရုပ်မျိုးစုံကို အရင်းအနှီးအနည်းငယ်သာရင်းပေးဖို့လိုတာပါနော်
♦️မြေစုဘူးအကြီး/အသေး/အလတ် ဆိုဒ်စုံရပါတယ်
♦️၁၀မျိုး/၁၀စုံ အိုးပုတ်လေးတွေလဲရှိပါတယ်
♦️အကောင်စုံစုဘူးအသေးလေးတွေလဲရှိပါတယ်
💥💥တစ်ခြားမြို့နယ်များမှ မှာယူလိုသူများအတွက်
သက်ဆိုင်ရာကားဂိတ်အရောက်ပို့ပေးပါတယ်ခင်ဗျာ
💥💥အများနဲ့မတူ တစ်မူထူးြခားတဲ့ မြန်မာ့ရိုးရာ
မြေထည်ပစ္စည်းလေးတွေဟာ တစ်ခြားအရုပ်များနဲ့မတူ တမူထူးခြားစွာနဲ့ သားသား/မီးမီးလေးတွေရဲ့ စိတ်ကိုစွဲဆောင်စေနိုင်မှာအမှန်ဘဲမို့
တစ်ဆင့်ပြန်လည်ရောင်းချသူများအတွက်
​အကျိုးကျေးဇူးများစေမှာ အမှန်ပါ🤩🤩
မန္တလေးမြို့တွင်း အိမ်ရောက်ငွေချေပါ
တစ္ခြားမြိုနယ်များမှမှာယူလိုသူမ်ား ေငြကြိုရှင်းပြီးမှ ဂိတ်ချမှာပါခင်ဗျာ😍😍
ပစ္စည်းထုပ်ပိုးရတာ အရမ်းလက်ဝင်လို့ပါခင်ဗျာ😄
ဒေါ်အေးအေး-စတိုး- အလ္လကပ္ပ
မုံရွာ-မန္တလေးကားလမ်းမပေါ်
☎️09-790184167 & CB
♦️မနေ့ကပို့ဖြစ်တဲ့အော်ဒါလေးပါ😍😍♦️မညာပါဘူး  ကျွန်တော့် page လေးရဲ့ပထမဆုံး  နယ်ဝေး  အော်ဒါလေးပါ😊😊♦️လားရိှုးမြို့ကနေပြီး  ယ...
15/11/2021
♦️မနေ့ကပို့ဖြစ်တဲ့အော်ဒါလေးပါ😍😍
♦️မညာပါဘူး ကျွန်တော့် page လေးရဲ့ပထမဆုံး နယ်ဝေး အော်ဒါလေးပါ😊😊
♦️လားရိှုးမြို့ကနေပြီး ယုံကြည်စွာပစ္စည်းမှာယူပေးတဲ့ အစ်မ မခင်သက်ခိုင် ကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ🙏🙏🙏
​💥မှာယူတဲ့ပစ္စည်းများလဲရောင်းကောင်းပါစေ
💥နောက်ထပ်လဲအမြန်ဆုံးမှာယူနိုင်ပါစေ
♦️ကျွန်တော့်ရဲ့ “Daw Aye Aye Store” Page မွာေရာင္းခ်ေသာ ကုန္ပစ္စည်းများကို တစ်ခြားမြို့နယ်မှမိတ်ဆွေများလဲ လိုအပ်တာများနဲ့တိုက်ဆိုင်မှုရှိခဲ့သော် ယုံကြည်စွာမှာယူနိုင်ပါတယ်ခင်ဗျာ🤗🤗
♦️ရေရှည်မှာမှန်ကန်စွာ ရပ်တည်နိုင်ရေးသည်သာ
ကျွန်တော့် "Daw Aye Aye Store”Page ရဲ႕အဓိကပါ
♦️ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
မုံရြာ-မန္တလေး ကားလမ်းမပေါ်
☎️09-790184167
ဒီတစ်ခါအညာဒေသထွက်ကုန်လေးဖြစ်တဲ့  မြေပဲယို/နှမ်းယိုလေးတွေရမယ်ဗျာမြေပဲယိုအထုပ်/နှမ်းယိုအထုပ်/မြေပဲယိုဘူး/နှမ်းယိုဘူးလေးတွေ...
14/11/2021
ဒီတစ်ခါ
အညာဒေသထွက်ကုန်လေးဖြစ်တဲ့
မြေပဲယို/နှမ်းယိုလေးတွေရမယ်ဗျာ
မြေပဲယိုအထုပ်/နှမ်းယိုအထုပ်/မြေပဲယိုဘူး/နှမ်းယိုဘူးလေးတွေ အစုံရပါမယ်
မြေပဲ/နှမ်းယိုအထုပ် ၁ထုပ် -၅၀၀ ကျပ်
၁၀ထုပ်-၄၃၀ကျပ်
၁၀၀ ထုပ်-၄၀၀ ကျပ်
မြေပဲ/နှမး်ယိုဘူးအသေး ၁ဘူး -၁၃၀၀ ကျပ်
၁၀ဘူး -၁၀၅၀ ကျပ်
မြေပဲ/နှမ်းယိုဘူးအကြီး ၁ဘူး - ၁၈၀၀ ကျပ်
၁၀ဘူး- ၁၆၅၀ က်ပ္ ႏႈန္းြဖင့် လက်လီ/လက်ကားဝယ်ယူရရှိနိုင်ပါတယ်
တစ်ခြားမြို့များမှ ဝယ်ယူသူများအတွက်လဲ
ကားဂိတ်အရောက်ပို့ပေးပါတယ်ခင်ဗျာ
♦️ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
09-790184167
♦️​ဆောင်းအဝင်လေးက  အေးစပြုနေပါပြီနော်♦️ချစ်ရတဲ့ကိုယ့်ဖောက်သည်လေးတွေအတွက်♦️နွေးထွေးမှုရှိနေစေဖို့  ကျွန်တော့်ရဲ့ဆိုင်လေးက...
12/11/2021
♦️​ဆောင်းအဝင်လေးက အေးစပြုနေပါပြီနော်
♦️ချစ်ရတဲ့ကိုယ့်ဖောက်သည်လေးတွေအတွက်
♦️နွေးထွေးမှုရှိနေစေဖို့ ကျွန်တော့်ရဲ့ဆိုင်လေးက
​♦️ကိုယ့်ရဲ့ဖောက်သည်လေးတို့နဲ့အတူရှိနေတာပါ😊
♦️ခြေအစ/ခေါင်းအဆုံး နွေးထွေးမှုလေးတွေရနိုင်ဖို့
​♦️ဦးထုပ်/ခြေအိတ်/လက်အိတ်/နားအုပ်လေးတွေမျိုးစုံ ရောက်ထားပါတယ်
♦️ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်ပါတယ်နော်🤗🤗🤗
♦️ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
♦️ဆောင်းဝင်စပြုလာပြီြဖစ်တဲ့  ဒီအချိန်မှာ  ♦️သင့်အသားအရေရဲ့ကြမ်းတမ်းခြောက်သွေ့မှုတွေကို♦️Vaseline Lotion နဲ့ဖယ်ရှားပစ်လို...
12/11/2021
♦️ဆောင်းဝင်စပြုလာပြီြဖစ်တဲ့ ဒီအချိန်မှာ
♦️သင့်အသားအရေရဲ့ကြမ်းတမ်းခြောက်သွေ့မှုတွေကို
♦️Vaseline Lotion နဲ့ဖယ်ရှားပစ်လိုက်ပါ
နူးညံ့ချောမွေ့မှာနဲ့စိုပြေတဲ့အသားအရေကိုပေးစွမ်းနိုင်တဲ့ Vaseline Lontion
ဒေါ်အေးအေး-စတိုး- အလ္လကပ္ပ
မှာဝယ်ယူလို့ရပါပြီ🤗🤗
Hello!!♦️ဒီတစ္ခါမိတ္ဆက္ေပးခ်င္တဲ့အရာေလးကတော့အိမ်မှာနေတဲ့သားသား/မီးမီးလေးတို့  မပျင်းရလေအောင်  အထောက်အကူြဖစ်စေမဲ့  အရာလေး...
11/11/2021
Hello!!
♦️ဒီတစ္ခါမိတ္ဆက္ေပးခ်င္တဲ့အရာေလးကတော့
အိမ်မှာနေတဲ့သားသား/မီးမီးလေးတို့ မပျင်းရလေအောင် အထောက်အကူြဖစ်စေမဲ့ အရာလေးတွေနဲ့
မိတ်ဆက်ပေးချင်ပါတယ်
အိမ်မှာနေရင်းနဲ့ ပုံလေးတွေကိုအရောင်ခြယ်ကြမယ်/လက်ရေးလှလေးတွေကျင့်ကြမယ်/ဖော့ချပ်လေးတွေနဲ့အရုပ်ဆက်ကြမယ်.....နော်😍😍
ဒီပစ္စည်းလေးတွေကို သားသား/မီးမီးလေးတို့အတွက် ဝယ်ယူပေးချင်တဲ့ ဖေဖေ/မေမေ တို့ရေ
ကျွန်တော့်ဆိုင်မှာ ဝယ်ယူလို့ရနေပါပြီနော်😊😊
♦️ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
09-790184167
♦️ကၽြန္ေတာ့္ရဲ့ဆိုင်လေးက  ကျွန်တော့်ရဲ့ဖောက်သည်များနဲ့အမြဲအတူရှိနေတာပါနော်♦️အခုလို  တောလုပ်ငန်းတွေ  ရှုပ်နေကြတဲ့အချိန်မှ...
09/11/2021
♦️ကၽြန္ေတာ့္ရဲ့ဆိုင်လေးက ကျွန်တော့်ရဲ့ဖောက်သည်များနဲ့အမြဲအတူရှိနေတာပါနော်
♦️အခုလို တောလုပ်ငန်းတွေ ရှုပ်နေကြတဲ့အချိန်မှာ
အသုံးလိုနေကြတဲ့ လုပ်ငန်းသုံးလက်အိတ်မျိုးစုံကို
​ကျွန်တော့်ဆိုင်လေးမှာ အလွယ်တကူဝယ်လို့ရနေပါပြီနော်🤗🤗
ပဲရိတ် နှမ်းရိတ်/လက်အိတိအတို/အရှည်/အလုံ/အပြတ်/သဲအပူခံလက်အိတ်/ရာဘာလက်အိတ် မျိုးစုံကို တစ်နေရာတည်းမှာဘဲ ဝယ်လို့ရနိုင်ပါပြီ😊😊
နှမ်းရိတ်တံစဥ်လေးတွေလဲ ရှိပါတယ်နော်😉😉
​ချစ်တဲ့ဖောက်သည်လေးတို့နဲ့အမြဲအတူရှိနေမဲ့
ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
09-790184167
♦️ဒစ်ဂျစ်တယ်ဆွဲပေါင်လေးပါ♦️အလွယ်တကူဝယ်မရလို့ဆိုပြီး     စိတ္ညစ္မနေကြနဲ့နော်♦️ဝယ်သူတွေရဲ့လိုအပ်ချက်လေးတွေကို   အမြဲဖြည့်ဆ...
08/11/2021
♦️ဒစ်ဂျစ်တယ်ဆွဲပေါင်လေးပါ
♦️အလွယ်တကူဝယ်မရလို့ဆိုပြီး
စိတ္ညစ္မနေကြနဲ့နော်
♦️ဝယ်သူတွေရဲ့လိုအပ်ချက်လေးတွေကို အမြဲဖြည့်ဆည်းပေးတတ်တဲ့ "ဒေါ်အေးအေး"စတိုးမွာ
ဒါလေးကို ဝယ်ယူလို့ရပါပွီ🤗🤗
♦️ချိန်လိုရာကို အသားလေးသာချိတ်လိုက်
ဒစ်ဂျစ်တယ် ဂဏန်းလေးတွေက
အတိအကျထွက်ပေးမှာပါ
♦️ပိဿာအချိန် ၃၀ ထိ ဆွဲချိန်လို့ရတော့
ဂေါ်ပြီလေ😎😎
50kgဒစ်ဂျစ်တယ်ဆွဲပေါင် -10000 -ks
♦️ဒေါ်အေးအေး-စတိုး-အလ်လကပ်ပ
☎️09-790184167
♦️♦️မြေတူးမှာလား/ ပေါင်းသင်မှာလား😁♦️မြတ်ရိတ်ဖို့လား/နှမ်းရိတ်ဖို့လား/ရိတ်ချင်ရာရိတ်ကျွန်တော်တို႔ရဲ႕ေက်းဇူးရွင္ တောင်သူတွ...
07/11/2021
♦️♦️မြေတူးမှာလား/ ပေါင်းသင်မှာလား😁
♦️မြတ်ရိတ်ဖို့လား/နှမ်းရိတ်ဖို့လား/ရိတ်ချင်ရာရိတ်
ကျွန်တော်တို႔ရဲ႕ေက်းဇူးရွင္
တောင်သူတွေရဲ့လက်စွဲ👍👍
ေပါက္ပြားနဲ့တံစဥ် အလွယ်တကူဝယ်ယူနိုင်ဖို့
♦️ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
☎️09-790184167. မှာ
ဝယ်ယူလို့ရနေပါပြီ🤗🤗🤗
တံစဥ်အရိုးပါပြီးတစ်လက် -၁၅၀၀ ကျပ်
ဆင်ကမ္ဘာလုံးပေါက်ပြားတစ္လက္ - ၅၅၀၀ က်ပ္
ဆိတ္ေခွးပေါက်ပြားတစ်လက် -၄၈၀၀ ကျပ်
07/11/2021
စားသုံးသူတိုင်းမှာ စိုးရိမ်စိတ်ရှိတယ်။
ဒီ🍽 စားသောက်ဆိုင်မှာ မစားခင် .. ကောင်းမှ ကောင်းပါ့မလားလို့စိုးရိမ်တယ်။
ဒီ📑 သင်တန်းကို မတက်ခင် .. အကျိုးမှ ရှိပါ့မလားလို့စိုးရိမ်တယ်။
ဒီ💃 အကျီလေးကို မဝယ်ခင် .. ငါ့နဲ့လိုက်မှ လိုက်ဖက်ပါ့မလားလို့စိုးရိမ်တယ်။
ဒီ💇‍♂️ ဆံပင်ဆိုင်မှာ မညှပ်ခင် .. လက်ရာကောင်းမှ ကောင်းပါ့မလား လို့စိုးရိမ်တယ်။
ဒီ💻 အွန်လိုင်းရှော့မှာ မဝယ်ခင်.. ယုံမှ ယုံရပါ့မလား လို့စိုးရိမ်တယ်။
ဒီ🚕 တက္ကစီကားကို မဌားခင်… စိတ်ချရပါ့မလား လို့စိုးရိမ်တယ်။
ဘာလုပ်ငန်းပဲဖြစ်ဖြစ် .. ဘယ်စားသုံးသူမဆို မဝယ်ခင်မှာ စိုးရိမ်စိတ်ရှိပါတယ်။
ကြိုက်တော့ ကြိုက်တယ် .. ဒါပေမယ့် မဝယ်ဖြစ်သေးဘူး .. ဆိုတာက စိုးရိမ်စိတ်ကြောင့်ပါပဲ။
🔷 ​ရောင်းအားကောင်းဖို့ စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးပါ။ 🔷
နည်းလမ်းလေးတွေပြောပြရမယ်ဆိုရင်..
“စားမကောင်းမှာ မစိုးရိမ်ပါနဲ့၊ အမြည်းစားကြည့်မကောင်းရင် မဝယ်နဲ့”…. ဆိုတာ စိုးရိမ်စိတ်ကို ဖြေဖျောက်နည်းတစ်မျိုးပါ။
“သင်တန်းအကျိုးမရှိမှာ မပူနဲ့၊ အကျိုးမရှိရင် သုံးရက်အတွင်း ငွေပြန်အမ်းပေးပါ့မယ်”…ဆိုတာ စိုးရိမ်စိတ်ဖြေဖျောက်နည်းနောက်တစ်မျိုးပါ။
“အကျီစမ်းဝတ်ကြည့်လို့ရတယ်လေ၊ အဆင်ပြေမှ ယူ”… ဆိုတာ စိုးရိမ်စိတ်ဖြေဖျောက်နည်းနောက်တစ်မျိုးပါ။
“တက္ကစီဈေးနုန်းကို ကြိုဖော်ပြထားတယ် ဈေးကြီးမှာ မပူနဲ့” .. ဆိုတာ စိုးရိမ်စိတ်ဖြေဖျောက်နည်းနောက်တစ်မျိုးပါ။
ကဲ ကျွန်တော် ဘယ်လို လုပ်ရမလဲ ဆိုရင် ...
ကိုယ့်လုပ်ငန်း နဲ့ပတ်သက်လာရင် ဒီ (၃) ခု လုပ်ပါ။
✅၁။ ကိုယ့်လုပ်ငန်း၊ထုတ်ကုန်၊ ဝန်ဆောင်မှု ကို စားသုံးသူတွေ မဝယ်ခင် စိုးရိမ်တဲ့အရာတွေကဘာတွေလဲ၊ ချရေးပါ
✅၂။ စိုးရိမ်စိတ် တစ်ခုထက်မက ရှိနိုင်ပေမယ့် အကြီးမားဆုံးအရာကို ရွေးချယ်ပါ။
✅၃။ ဘယ်လို ဖြေဖျောက်ပေးမလဲ ဆိုတာ စဉ်းစားပါ။
ကျွန်တော် မာသင် တာဝန်ကျေပြီနော် ၊ မိတ်ဆွေတို့ လုပ်ဖို့ပဲကျန်တယ်။ လုပ်ကြည့်လို့ အဆင်ပြေရင် ကိုယ့်မိတ်ဆွေတွေကိုလဲ Share ပေးလိုက်ကြပါဦးခင်ဗျ ။
# မာသင်
♦️”Watsons"  lotion ရဲ့အစွမ်းကို  လိမ်းဘူးသူတိုင်းသိတယ်ဟုတ်အခုတစ်ခါမိတ်ဆတ်ပေးချင်တာလေးက  Watsons  Body Wash လေး♦️သင်းပြံ...
05/11/2021
♦️”Watsons" lotion ရဲ့အစွမ်းကို လိမ်းဘူးသူတိုင်းသိတယ်ဟုတ်
အခုတစ်ခါမိတ်ဆတ်ပေးချင်တာလေးက
Watsons Body Wash လေး
♦️သင္းပျံ့တဲ့မွှေးရနံ့က ရေချိုးနေတဲ့အချိန်မှာရော
ရေချိုးပြီးစ အချိန်မှာပါ လန်းဆန်းမွှေးပျံ့မှုတွေ
ပေးနိုင်တာပါ။
♦️နူးညံ့ချောမွေ့တဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ကို
ည့်ပေးတဲ့ Watsons ရေချိုးဆပ်ပြာရည်
♦️သင်တို့ရဲ့မြတ်နိုးလှစွာသော
ခန္ဓာကိုယ်ရဲ့ချောမွေ့လှပမှုကို ထိန်းသိမ်းနိုင်ဖို့
Wasons Body Wash နဲ့ရေချိုွးပီး Wasons Lotion ကိုလိမ်းနိုင်ဖို့ ပစ်စညျး၂မျိုးလုံးကို
♦️Watsons lotion-5700ks
♦️Watsons Body Wash - 1000ml-5600ks
04/11/2021
03/11/2021
"လေးစားမှုဆိုတာ တမင်လုပ်ယူလို့ မရပါ"
လုပ်ငန်းခွင်မှာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေအတွက် အာဏာပါဝါတွေ ပြပြီး အကြောင်းသိအောင် လုပ်ပြလိုက်မယ် ဆိုတဲ့သူတွေ ကြုံဖူး၊ တွေ့ဖူးကြမှာပါ။ ​နေ့စဥ်လူ​နေမှုဘဝမှာလည်း ကိုယ့်အိမ်က အိမ်အကူကို၊ လက်ဖက်ရည်ဆိုင်က စားပွဲထိုး​လေးကို စသဖြင့် တမင်အနိုင်ကျင့် ဖိနှိပ်တာ​တွေ ရှိတတ်ကြပါတယ်။ အဲဒီလို လုပ်လိုက်ရတဲ့ ခဏမှာတော့ သူတို့ကျေနပ်ကောင်း ကျေနပ်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကောင်းလည်း ကြီးနေပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း တွေးကြည့်ရင် နစ်နာသွားရတဲ့သူက တခြားလူ မဟုတ်ပါဘူး၊ အဲဒီလို အာဏာပါဝါ ပြလိုက်တဲ့သူ ကိုယ်တိုင်ပဲ ဖြစ်နေပါတယ်။
သေချာစဉ်းစားကြည့်ပါ၊ တကယ်တမ်းကျတော့
◾၁။ အဲဒီလုပ်ရပ်ဟာ မိမိကိုယ်မိမိ လေးစားမှု မရှိကြောင်း ပြသလိုက်တာပါ။
Maslow’s hierarchy of needs ဆိုတာ ရှိပါတယ်။ စား၀တ်နေရေး အခြေခံလိုအပ်ချက်၊ ဘေးကင်းလုံခြုံမှု၊ ချစ်ခင်ကြင်နာမှုတို့ပြီးရင် စတုတ္ထမြောက် လူတွေ လိုအပ်တဲ့အရာက လေးစားမှုပါ။ အဲဒီမှာမှ ကိုယ့်ကိုယ်ကိုယ်လေးစားမှုက အရေးကြီးဆုံးလို့ မြင်ပါတယ်။ အဲဒီလေးစားမှုမျိုး မြင့်မြင့်မားမား ရှိနေတဲ့သူက တခြားသူ ကိုယ့်ကို ဘယ်လိုထင်မြင်သလဲ အထူးအထွေ ဂရုစိုက်မနေတော့ပါဘူး။ ကိုယ့်ပန်းတိုင်ပဲ ကိုယ်အာရုံစိုက်ပြီး ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်နေတတ်ပါတယ်။
အဲဒါ ပျောက်ဆုံးနေတဲ့သူကတော့ သူများဆီက လေးစားမှုကို အတင်း မရမက ရှာဖွေပါတော့တယ်။ Deficiency needs တစ်ခုလည်းဖြစ်တော့ မရဘူးဆိုရင် စိတ်က ခက်ထန်လာတယ်၊ စိတ်ဖိစီးမှုတွေ များလာတတ်ပါတယ်။
◾၂။ အဲဒီလုပ်ရပ်ဟာ ကိုယ် ပရော်ဖက်ရှင်နယ် မပီသကြောင်း ပြသလိုက်တာပါ။
ဒီနေ့ခေတ်မှာ အခွင့်အလမ်းတွေ များလာသလို တစ်ဖက်မှာလည်း ပြိုင်ရဆိုင်ရတာတွေက ပိုပြီး ပြင်းထန်လာပါတယ်။ ဒီအတွက် ကျွန်တော်တို့ အသင့်ဖြစ်ပြီလား။ မဖြစ်သေးဘူးဆိုရင် အဲဒီ မဖြစ်သေးတဲ့ အရာတွေထဲမှာ ထိပ်ဆုံးက ပါနေတာကတော့ “ပရော်ဖက်ရှင်နယ် မပီသခြင်း”ပါပဲ။
လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေ ရှေ့တန်းတင်တယ်။ အဖွဲ့အစည်း အောင်မြင်ဖို့ထက် ကိုယ် ပါဝါရှိဖို့ကို ပိုဦးစားပေးနေတယ်။ အလုပ်ကို စည်းမျဉ်းစည်းကမ်းပေါ် အခြေမခံဘဲ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအပေါ် မူတည်ပြီး လုပ်ကြတယ်။ ရင်းနှီးရင် တမျိုး၊ မရင်းနှီးရင် တမျိုး။ အလုပ်မှာ တော်ဖို့ထက် အထက်လူကြီးနဲ့ အဆင်ပြေဖို့ကို အရင်ကြိုးစားနေရတယ်။ ဒါဟာ မြန်မာလုပ်သားတွေ၊ မြန်မာအဖွဲ့အစည်းတွေ ပြင်ဖို့ လိုအပ်နေတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။
◾၃။ အဲဒီလုပ်ရပ်ဟာ ကိုယ့်အဆင့်အတန်းကို ဖော်ပြလိုက်တာပါ။
လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့ထက်နိမ့်တဲ့သူတွေအပေါ် သူ ဘယ်လိုဆက်ဆံသလဲ ဆိုတာကို ကြည့်ရပါတယ်။ လူတွေဟာ ကိုယ့်အထက်အရာရှိ ရှေ့မှာတော့ ပြုံးရွှင်ချိုသာနေကြတတ်တယ်။ ဒါကို ကြည့်ပြီး ဒီလူ သိပ်ယဉ်ကျေးတာပဲ၊ သိပ်အဆင့်အတန်းရှိတာပဲ သတ်မှတ်လို့ မရပါဘူး။ အဲဒီမျက်နှာဖုံးတွေဟာ ကိုယ့်ထက် နိမ့်ပါးတဲ့သူရှေ့ကို ရောက်တဲ့အခါမှာတော့ ကွာကျကုန်ပါတယ်။ ကိုယ့်ထက် ရာထူးအားဖြင့်၊ လုပ်ပိုင်ခွင့်အားဖြင့်၊ ၀င်ငွေအားဖြင့် နိမ့်နေတဲ့သူတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာကမှ သူ့အဆင့်အတန်းကို ဖော်ပြနေတာပါ။ ကိုယ့်ကို ဘာမှပြန်ခံမပြောနိုင်တဲ့သူကို ပြစ်တင်မာန်မဲနေတာဟာ တကယ်တော့ ကြည့်လို့လည်း မကောင်းသလို၊ ဂုဏ်ယူစရာလည်း မကောင်းပါဘူး။
◾၄။ အဲဒီလုပ်ရပ်ဟာ ကိုယ့်တက်လမ်းကို ကိုယ်ပိတ်ပစ်လိုက်တာပါ။
လူဟာ ပညာတစ်ခုတည်း တော်နေလို့မရပါဘူး။ ပညာရှင်အနေနဲ့တော့ အမည်ခံလို့ ရပေမဲ့ ဘ၀မှာ အောင်မြင်တဲ့သူတစ်ယောက်တော့ ဖြစ်လာဖို့ မလွယ်ပါဘူး။ ဒီနေ့ခေတ်မှာ IQ ထက် EQ ကို ပိုဇောင်းပေးပြောလာကြပါပြီ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်း၊ စိတ်ဓါတ်တက်ကြွမှု၊ လူမှုဆက်ဆံရေး၊ ကိုယ်ချင်းစာတရား၊ ဒါတွေ ဘယ်လောက်အားကောင်းသလဲ ဆိုတဲ့အပေါ် မူတည်ပြီး အောင်မြင်သူလား ရှုံးနိမ့်သူလားဆိုတာ အဖြေထွက်လာတာပါ။ ဒါကြောင့် လုပ်ငန်းခွင်မှာ မိမိရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘူး၊ လူမှုဆက်ဆံရေး ညံ့ဖျင်းမယ်၊ ကိုယ်ချင်းစာစိတ် မထားဘဲ အလုပ်လုပ်မယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း မဆန်းစစ်မိဘဲ ဆက်ကာဆက်ကာ လုပ်နေမယ်ဆိုရင်တော့ အဲဒါဟာ ကိုယ့်တက်လမ်း ကိုယ်ပိတ်ပစ်တာနဲ့ အတူတူပါပဲ။
◾၅။ အဲဒီလုပ်ရပ်ဟာ ကိုယ်အမြင်ကျဉ်းတာကို သွယ်ဝိုက်သောနည်းနဲ့ ၀န်ခံလိုက်တာပါ။
ဒီနိုင်ငံထဲက ဒီအဖွဲ့အစည်း၊ ဒီလောက သေးသေးလေးထဲမှာ ကိုယ်က အကောင်ကြီး ဖြစ်နေဦးတော့၊ ကမ္ဘာနဲ့ယှဉ်လိုက်ရင် ကိုယ်လည်း ဘာမှမဟုတ်တော့ပါဘူး။ ရထားတဲ့ နေရာလေးတစ်ခုအတွက် မာန်မာနတွေ ထောင်လွှားပြီး အာဏာပါဝါ ပြနေမဲ့အစား ကိုယ့် career မှာ မြင့်သထက် မြင့်လာအောင် အပေါ် ထပ်တက်နိုင်ဖို့အတွက် ကြိုးစားကြမယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။
◾၆။ အဲဒီလုပ်ရပ်ဟာ တချိန် ကိုယ့်ဆီ ပြန်ရောက်လာမှာ ဖြစ်ပါတယ်
ဗုဒ္ဓဘာသာ၀င်တွေဟာ ကံကံ၏အကျိုးကို ယုံကြည်ကြပါတယ်။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာပါလိမ့်မယ်။ ကိုယ့်ကြောင့် လူတစ်ဖက်သား အပြစ်တစ်စုံတစ်ရာ မလုပ်ဘဲ မျက်ရည်ကျနေရမယ်၊ စိတ်ဆင်းရဲနေရမယ်၊ နောက်ဆုံး ဆက်မလုပ်နိုင်တော့လို့ အလုပ်ပါ ထွက်သွားရတယ်ဆိုရင် တစ်နေ့ ကိုယ်တိုင်လည်း အဲဒီလိုမျိုး မလွဲမသွေ ပြန်ကြုံတွေ့ရမှာပါ။ ဆင်ခြင်နိုင်ကြဖို့ လိုပါတယ်။
ဒေါက်တာ ဖြိုးသီဟ
(မှတ်ချက် - ၂၀၁၄ ခုနှစ်က ​ရေးခဲ့​သောစာ ဖြစ်ပါသည်)
ချစ်စရာကောင်းတဲ့  ဆင်ရုပ်စုဗူးလေးတွေရောက်ထားပါတယ်သော့ခလောက်လေးနဲ့ဆိုတော့  စိတ်ချရပြီလေကိုယ့်စိတ်မနိုင်လို့  သော့ဖွင့်ပြီ...
03/11/2021
ချစ်စရာကောင်းတဲ့ ဆင်ရုပ်စုဗူးလေးတွေရောက်ထားပါတယ်
သော့ခလောက်လေးနဲ့ဆိုတော့ စိတ်ချရပြီလေ
ကိုယ့်စိတ်မနိုင်လို့ သော့ဖွင့်ပြီးပြန်ယူဖို့လဲ လွယ်တာပေါ့😂😂😂
1pcs-1800ks
ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
♦️ဘော်ဒါကြီးတွေရော/ဘော်ဒါလေးတွေရောတစ်မေးတည်း  မေးနေတဲ့  အားသွင်းမီးခြစ်လေးတွေရောက်ပြီဗျာ♦️လေတိုက်ရင်မငြိမ်းလို့  စတိုင်က...
03/11/2021
♦️ဘော်ဒါကြီးတွေရော/ဘော်ဒါလေးတွေရောတစ်မေးတည်း မေးနေတဲ့ အားသွင်းမီးခြစ်လေးတွေ
ရောက်ပြီဗျာ
♦️လေတိုက်ရင်မငြိမ်းလို့ စတိုင်ကျကျနဲ့သုံးလို့ရပြီလေ
♦️USB အားသွင်းပေါက်နဲ့ကိုမှအားသွင်းကြိုးပါ ပြီးသား
♦️Touch Screenလေးကို အသာအယာထိလိုက်ရုံနဲ့မီးညှိပြီး လိုရာသုံးလိုက်တော့
1pcs -3000ks
ဒေါ်အေးအေး-စတိုး-အလ္လကပ္ပ
☎️09-790184167 & CB
အားလုံးဘဲမင်္ဂလာပါခင်ဗျာ🙏🙏🙏မင်္ဂလာရှိသောအရာကိုရနိုင်ဖို့အတွက်မင်္ဂလာရှိသောအပြုအမူ/ မင်္ဂလာရှိသော  အပြောအဆို / မင်္ဂလာရှိ...
01/11/2021
အားလုံးဘဲမင်္ဂလာပါခင်ဗျာ🙏🙏🙏
မင်္ဂလာရှိသောအရာကိုရနိုင်ဖို့အတွက်
မင်္ဂလာရှိသော
အပြုအမူ/ မင်္ဂလာရှိသော အပြောအဆို / မင်္ဂလာရှိ စေနိုင်တဲ့စိတ်နေစိတ် ထားလေးတွေထားတတ်မှ ကောင်းကျိုးမဂၤလာအဖြာဖြာဟာ
ကိုယ့်အပေါ်ကျရောက်စေနိုင်တယ်ဆိုတာ ဘုရားဟောရှိခဲ့ပါတယ်နော်😊😊😊
အခုကျွန်တော်မိတ်ဆတ်ပေးချင်တဲ့ အရာလေးက
ကိုယ့်ရဲ့မိတ်ဆွေတို့အတွက် မဂၤလာအဖြာဖြာကို
ဆောင်ကျဥ်းပေးဖို့ရာ အထောက်အကူြဖစ်စေနိုင်တဲ့ ဝတ်ရွတ်ခုံလေးပါ🤗🤗🤗
ပဌာန်းပူဇော်နိုင်ဖို့/မဟာသမယသုတ်တော်ရွတ်ဖတ်ပူဇော်နိုင်ဖို့/ပရိတ်ကြီး(၁၁)သုတ်ရွတ်ဖတ်ပူဇော်နိုင်ဖို့နဲ့တစ်ခြား ဘုရားဟောကျမ်းဂန်များကို
မပင်ပန်းဘဲ ခန္ဓာကိုယါ သက်သာစွာနဲ့ရွတ်ဖတ်ပူဇော်နိုင်ရန်အတွက် အထောက်အကူကောင်းလေးတစ်ခုပါ🙏🙏🙏
အနိမ့်/အမြင့်လိုသလောက်ချိန်လို့ရပြီး သွားလေရာမှာ အလွယ်တကူသယ်လို့ရတဲ့ ဝတ်ရွတ်စဉ် ခေါက်ခုံလေးပါ
အလြား ၂၄/အနံ ၁၂/အမွငျ့ ၁၂ လက် မ ရှိလို့ သက်တောင့်သက်သာနဲ့ထိုင်ရွတ်ဖို့လွယ်ကူတဲ့ အ နေအထားလေးပါ
(ကိုယ့်အမေကတော့ အရမ်းသဘောတွေကျနေရဲ့😍😍)
ဂျပ်ဘူးလေးလဲပါတော့ ခေါက်လို့ရတဲ့ခုံလေးက
လက်ဆောင်ပေးလဲအထာ ကျနေရောဘဲ
မကြာခင်ကျရောက်တော့မဲ့တန်ဆောင်တိုင်မှာ ကိုယ်ချစ်ရတဲ့ ကိုယ့်ရဲ့ ဖေဖေ/မေမေ/ဖိုးဖိုး/ဖွားဖွားနဲ့
ကိုယ်ချစ်ခင်ရတဲ့သူတွေအတွက် အကောင်းဆုံးလက်ဆောင်လေးြဖစ်မှာ အသေအချာပါနော်🤗🤗
ကဲ.......ဒါေလးကို နှစ်သက်လို့ဝယ်ယူချင်တယ်ဆိုရင်တော့
ဒေါ်အေးအေး-စတိုး- အလ္လကပ္ပ မှာဝယ်ယူရရှိနိုင်ပါပြီနော်♦️♦️
တစ္ြခားမြို့နယ်များမှ ဝယ်ယူလိုသူများအတွက်လဲ ကားဂိတ်ပို့ပေးတဲ့ဝန်ဆောင်မှုရှိပါတယ်ခင်ဗျာ♦️♦️
♦️♦️ခေါက်ဝတ်ရွတ်ခုံ-ဂ်ပ္ဘူးအလှပါ -၃၀၀၀၀က်ပ္
☎️09-790184167 & CB
♦️♦️ပုံနဲ့စာကို လွတ်လပ်စွာကူးယူနိုင်ပါတယ်
အားလုံးအဆင်ပြေခြင်းအတွက် ကူညီပေးနိုင်ခြင်းသည်လဲ မဂၤလာပါ🙏🙏🙏
ကွာြခားလွန်းတဲ့ဘဝတွေကနေ  ဝေးကွာကြပါစေ❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
01/11/2021
ကွာြခားလွန်းတဲ့ဘဝတွေကနေ ဝေးကွာကြပါစေ❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
“ကွာခြားလွန်းတဲ့ ဘဝတွေ”
မနာလိုလို့ ပြောတာ မဟုတ်ပါဘူး။ မနာလိုစရာလည်း မရှိပါဘူး။ ကိုယ့်အမြင်ကို ဝေမျှချင်တာပါ။
Celebrity ​တွေရဲ့ Live Slae တွေကတစ်ဆင့် လက်ဝတ်ရတနာတွေ၊ ကားတွေ၊ အိမ်ခြံမြေတွေကို အားပေးနေကြတာ ရိုးရိုးလေး သဘောထား အားကျလိုက်လည်း ရပေမဲ့၊ ကျွန်တော်တို့လို လူလတ်တန်းစား​တွေ စိတ်ကူးတောင် ယဉ်လို့မရတဲ့ ပမာဏတွေနဲ့ ဝယ်နေကြတာဟာ တစ်နည်းအားဖြင့်တော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို ပြနေတာပါပဲ။
ဆင်းရဲချမ်းသာ ကွာဟတယ် ဆိုတာ မကြိုးစားကြလို့ မဟုတ်ဘူး။ ရတဲ့ အခွင့်အလမ်းချင်း မတူလို့ပဲ။ လက်သင့်ရာ လုပ်ပိုင်ခွင့်ပေး၊ လူတစ်စု ကြီးပွားချမ်းသာရေးကိုပဲ အားပေးခဲ့တဲ့ အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးလို့လည်း ပြောလို့ ရပါတယ်။ (ဒီနေရာမှာ ရိုးရိုးသားသားနဲ့ ကြိုးစားပြီး ချမ်းသာလာသူတွေကို မရည်ရွယ်ပါဘူး။ ချမ်းသာတိုင်း မဟုတ်တာ လုပ်ခဲ့တယ် ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုး ကျွန်တော့်မှာ မရှိပါဘူး။)
ဆင်းရဲချမ်းသာ ကွာတယ် ဆိုတာက ငွေကြေးတစ်ခုတည်း ကွာနေတာ မဟုတ်ဘူး။ ပညာရေး အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်း၊ ကျန်းမာရေး အခွင့်အလမ်း စတာတွေလည်း ကွာသွားတယ်။
တချို့က နိုင်ငံခြားမှာ ကိုယ့်စရိတ်နဲ့ကိုယ် (ဆောရီး ပြည်သူ့ဘဏ္ဍာနဲ့ကိုယ်) ကျောင်းသွားတက်နိုင်ချိန်မှာ အခြေခံပညာရေးတောင် ကောင်းကောင်းမရသေးတဲ့သူတွေ အများကြီးပဲ။
အွန်လိုင်းပညာရေးတွေ ခေတ်စားလာပြန်တော့လည်း ဖုန်းတောင် မရှိတဲ့သူတွေ၊ လပ်ပ်တော့ဆိုတာ မမြင်ဖူးတဲ့သူတွေ၊ အင်တာနက် အပိတ်ခံထားရသူတွေမှာ ဒီအခွင့်အရေးကို မရကြပြန်ဘူး။
စီးပွားရေး အခွင့်အလမ်းတွေဆို ရင်းနှီးသူက ပိုရတယ်။ နောက်ပြီး ဥပမာ ထားပါတော့၊ ကိုယ့်မှာ ၁၀ နှစ်လောက် စုထားတဲ့ ပိုက်ဆံ သိန်း ၁၀၀ ရှိတယ်။ ဒီလောက် စုဆောင်းလာခဲ့ရတာ ဖြစ်တဲ့အတွက် ဒီသိန်း ၁၀၀ ကို အလွယ်တကူ မရင်းရဲဘူး။ ဒီလိုနဲ့ လက်လွှတ်လိုက်ရတဲ့ အခွင့်အလမ်းတွေ အများကြီး။ တချို့ကတော့ သိန်း ၁၀၀ ဆိုတာ ဈေးတစ်ခါဝယ်စာလောက်ပဲ ရှိတဲ့အခါမှာ ငယ်ငယ်ကလေးနဲ့ လုပ်ငန်းရှင်တွေ ဖြစ်ကြ။ ဒါ ကုန်သွားလည်း နောက်မှာ သိန်းရာပေါင်း ထောင်ပေါင်းများစွာ ရှိနေသေးတော့ စွန့်လည်း စွန့်စားရဲကြ၊ ဦးဦးဖျားဖျားလည်း အခွင့်အရေး ရကြ ဆိုတော့ စွန့်ဦးလုပ်ငန်းရှင်တွေ ဖြစ်လာ။ ငွေပေါ်ငွေဆင့်ပြီး ပိုပိုအောင်မြင်သွားကြတယ်။
ကျန်းမာရေးဆိုလည်း ကျေးလက်ဒေသတွေမှာ ဆရာဝန်တောင် မမြင်ဖူးကြဘူး။ မိခင်သေနှုန်း၊ ကလေးသေနှုန်းဟာ ဒေသတွင်းမှာတောင် အမြင့်ဆုံးနိုင်ငံတွေထဲ ပါဝင်နေဆဲပဲ။ အဲဒီအချိန်မှာ တချို့ကတော့ နိုင်ငံခြားအလီလီသွားပြီး ဆေးတွေ စစ်နေနိုင်ကြတယ်။ အဆင့်မြင့် ကုသမှုတွေ ရပြီး အသက်တွေကို ဆွဲဆံ့ထားနိုင်ကြတယ်။ စားကောင်းသောက်ကောင်းတွေလည်း စားရတော့ ကျန်းမာကြတာပေါ့။
သစ်ခုတ်ပြီး ချမ်းသာသွားတာက တစ်ဖွဲ့ပါ။ အဲ့လို ခုတ်လိုက်တဲ့ သစ်တွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ရေကြီး မြေပြိုတဲ့ဒဏ်ကို ခံရတာက တစ်ဖွဲ့ပါ။ အဲ့လို သစ်ခုတ်ပြီး ချမ်းသာသွားတဲ့သူတွေက သူတို့ကြောင့် အဲ့လို ရေကြီး မြေပြိုတဲ့ဒဏ် ခံစားနေရသူတွေကို လှူဒါန်းမှု ပြန်လုပ်တဲ့အခါ လက်ခုပ်တီး သြဘာပေးနေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဒါတွေဟာ မနာလိုလို့ ပြောနေတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ရင်နင့်စရာ အရှိတရား၊ လွဲမှားခဲ့တဲ့ စနစ်တွေရဲ့ ဆိုးကျိုးကို ပြောပြနေတာပါ။
သူများတွေများ ချမ်းသာလိုက်တာ ဆိုပြီး ကိုယ်နဲ့ ယှဉ်တွေးမိတဲ့အချိန် ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း ကိုယ့်ထက် ဆိုးတဲ့သူတွေမှ ပုံလို့။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေ၊ လူနေမှု အဆင့်အတန်းအရ ခပ်ရှင်းရှင်း ပြောရရင် လူလို့တောင် အမည်ခံဖို့ ခက်တဲ့သူတွေ အများကြီးပါပဲ။
ကျွန်တော် ဆယ်တန်းတုန်းက ဆယ်တန်းအောင်ဖို့ ဆိုတာကို ခေါင်းထဲတောင် မရှိခဲ့ပါဘူး။ အောင်မယ်၊ မအောင်ဘူး ဆိုတာ ထည့်ပြောစရာကို မလိုတာ။ အမှတ်ပေါင်း ဘယ်နှမှတ်ရမလဲ၊ ဘယ်နှဘာသာ ဂုဏ်ထူးပါမလဲ၊ ဆေးကျောင်းဝင်မဝင်၊ ဒါကိုပဲ အာရုံစိုက်ခဲ့တာ။
ဘွဲ့ရပြီးနောက်ပိုင်း ကျေးလက်ဒေသတွေ၊ နယ်ဘက်တွေ ရောက်မှ အဲ့လို ဆယ်တန်းအောင်ဖို့၊ ဆယ်တန်းဆိုတဲ့ အဆင့်ထိ ရောက်လာဖို့တောင် ဘယ်လောက်ခက်ခဲတယ် ဆိုတာကို သိခဲ့ရတယ်။ မြန်မာစကားကို နားမလည်၊ စာတွေကို မြန်မာလို သင်ရတဲ့ တိုင်းရင်းသားကလေးတွေဆို ဘယ်လောက်တောင် ခက်ခဲမလဲ။ စစ်ဘေးရှောင်ဒေသတွေက ကလေးတွေဆိုရင်ရော ဘယ်လိုနေကြမလဲ။
အဲ့တော့မှ ကျွန်တော် သဘောပေါက်ခဲ့ရတယ်။ တကယ်တော့ ကျွန်တော် တော်တာ မဟုတ်ပါဘူး။ ပညာသင်ခွင့် ကောင်းကောင်းရခဲ့လို့ပါ။ သူတို့သာ ကျွန်တော့်နေရာမှာဆို ကျွန်တော့်လိုပဲ ဆယ်တန်းကို လွယ်လွယ်ကူကူ အောင်မှာ ဖြစ်သလို၊ သူတို့နေရာမှာ ကျွန်တော်ဆိုလည်း ပညာတစ်ပိုင်းတစ်စနဲ့ ဆုံးခန်းတိုင်ရမှာပါပဲ။
အေဗရာလင်ကွန်းက ဖယောင်းတိုင်မီးလေးနဲ့တောင် ပညာကို ဘယ်လိုလေ့လာခဲ့တာ ဆိုတာမျိုးက စိတ်ဓါတ်တက်ကြွစေမှာ၊ ကြိုးစားချင်စိတ် ဖြစ်စေမှာ မှန်ပေမဲ့ ကိုယ့်နိုင်ငံကို တကယ် တိုးတက်စေချင်တယ်ဆိုရင် လူငယ်တွေဆီ ဖယောင်းတိုင်တွေ လိုက်ဝေနေရုံနဲ့တော့ မလုံလောက်ပါဘူး။ ပံ့ပိုးပေးသော ပတ်ဝန်းကျင်ကောင်း (Enabling environment) တစ်ခု ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ဒါဟာ သူတို့ထက်စာရင် အခွင့်အလမ်းတွေ ပိုရခဲ့တဲ့ ကျွန်တော်တို့ရဲ့ တာဝန်လို့ ပြောရင်လည်း မမှားပါဘူး။ အဲ့လို အခွင့်အလမ်း ပိုရခဲ့လို့၊ တာစထွက်ကတည်းက သူတို့ထက် ရှေ့ရောက်နေခဲ့လို့ ဝေးဝေးပြေးနိုင်တဲ့ ကျွန်တော်တို့ဟာ သူတို့ကို လက်တွဲခေါ်ဖို့ တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။
အသိပညာ မျှဝေခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းလို အခြေခံ ကူညီမှုတွေအပြင် လွဲမှားနေတဲ့ အုပ်ချုပ်ရေးစနစ်တွေ ပိုကောင်းလာဖို့၊ အကျင့်ပျက် ခြစားမှုတွေ လျော့နည်းသွားဖို့၊ ငြိမ်းချမ်းဖို့၊ တိုင်းသူပြည်သားအားလုံးကို တန်းတူညီမျှ အခွင့်အရေးပေးတဲ့၊ ပေးနိုင်အောင် ကြိုးစားတဲ့၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ အစိုးရတစ်ရပ် ရလာဖို့ စတဲ့ အချက်တွေမှာလည်း အားလုံး အတူပူးပေါင်း ပါဝင်ပေးကြဖို့ လိုအပ်မယ် ထင်ပါတယ်။
မဟုတ်ရင်တော့ စားစရာ မရှိတဲ့ လူအုပ်စုရယ်၊ ထားစရာ မရှိတဲ့ လူအုပ်စုရယ်နဲ့ ပြည့်နေတဲ့ နိုင်ငံမျိုးမှာ ကျွန်တော်တို့ နေနေရပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၂၉.၁၀.၂၀၂၀
♦️မန္တလေးမြို့ရဲ့နာမည်ကျော်   ရွှေနှင်းဆီ "ဆားမုန့်"♦️♦️ရြရြမွမွလေးကိုမှ  အငံပါးပါးလေးပါပြီးစိမ့်စိမ့်လေးဟာ  "ဆားမုန့်"ရ...
31/10/2021
♦️မန္တလေးမြို့ရဲ့နာမည်ကျော် ရွှေနှင်းဆီ "ဆားမုန့်"
♦️♦️ရြရြမွမွလေးကိုမှ အငံပါးပါးလေးပါပြီးစိမ့်စိမ့်လေးဟာ "ဆားမုန့်"ရဲ့ထူးြခားတဲ့အရသာပါ
♦️♦️စားဖူးသူတိုင်းကြိုက်ကြတယ် မစားဖူးသေးတဲ့သူတွေကိုလဲ စားကြည့်ပါလို့ညွှန်းပေးချင်ပါတယ်
♦️♦️ကြိုက်နှစ်သက်လို့စားချင်တဲ့သူတွေရော
မစားဘူးသေးလို့ စားကြည့်ချင်တဲ့သူတွေအတွက်ရော
♦️♦️ဒေါ်အေးအေး -စတိုး -အလ္လကပ္ပ မှာဝယ်ယူလို့ရနိုင်ပါပြီ🤗🤗🤗
တစ်ဘူး -၉၅၀
လက္ကားေစ်း - ၈၅၀
တစ်ခြားမြို့နယ်များမှ လက်လီ/လက်ကား ဝယ်ယူလိုသူများလဲ သက်ဆိုင်ရာမြို့နယ်အလိုက် ကားဂိတ်အရောက် ပို့ဆောင်ပေးပါတယ်ခင်ဗျာ💢💢💢
☎️09-790184167 & CB
အမ်ားကြီးမပြောတော့ဘူးနော်♦️♦️သူ့ရဲ့အစွမ်းကို  အားလုံးသိနေပြီးသားလေ⭕⭕ဝါ/စိမ်း/နက္ သုံးမျိုးလုံးက  အစွမ်းကိုယ်စီနဲ့🚀🚀လက်လီ...
28/10/2021
အမ်ားကြီးမပြောတော့ဘူးနော်♦️♦️
သူ့ရဲ့အစွမ်းကို အားလုံးသိနေပြီးသားလေ⭕⭕
ဝါ/စိမ်း/နက္ သုံးမျိုးလုံးက အစွမ်းကိုယ်စီနဲ့🚀🚀
လက်လီ/လက်ကား ဝယ္ယူရရွိႏိုင္ပါပြီ
ဒေါ်အေးအေး-စတိုး- အလ္လကပ္ပ
09-790184167 & CB
Vatika Enriched Coconut Hair OilVatika၏အသစ်စက်စက်   Enriched Coconut Hair Oil 💢Bhringraj, Amla, Curry Leaves, Aloe Vera,...
28/10/2021
Vatika Enriched Coconut Hair Oil
Vatika၏အသစ်စက်စက် Enriched Coconut Hair Oil
💢Bhringraj, Amla, Curry Leaves, Aloe Vera, Henna, Brahmi, Methi Seeds, Kalonji, Triphala, Black Pepper နှင့်
အုန်းဆီ၏ကောင်းမြတ်မှုတို့ပါ ၀ င်သော/အစွမ်းသတ္တိ ၁၀ မျိုးနှင့်ပြည့်စုံပြီး ၄ ပတ်အတွင်းဆံပင်ကျွတ်ခြင်းကို ၅၀% ထိန်းချုပ်ပေးသည်။
💢ဗောက်ထခြင်းကိုထိန်းချုပ်ပေးသည်၊
💢မွဲခြောက်ခြောက်ပျက်စီးနေသောဆံပင်များကိုကာကွယ်ပေးသည်၊
💢သန်စွမ်း၊ ထူပြီးလှပသောဆံပင်ကိုပေးသည်။
vatika ခေါင်းလျှော်ရည်လေးနဲ့ခေါင်းလျှော်ပြီး
vatika oil လေးကိုလိမ်းလိုက်ပါ။ ဆံကေသာ ကောင်းမွန်ခြင်းအတှကျ သင့်တော်တဲ့ရွေးချယ်မှုကို ရစေမှာပါ🤗🤗
Daw Aye Aye Store -အလ္လကပ္ပ မှာ လက်လီ/လက်ကား ဝယ်ယူရရှိနိုင်ပါပြီ. ☺️☺️
☎️09-790184167
Address
အလ္လကပ္ပ-မုံရွာ-မန္တလေး ကားလမ်းမပေါ်
Myinmu
05061
Telephone
+959400547536
Website
Alerts
Be the first to know and let us send you an email when Daw Aye Aye Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share