ချက်ကြီး Store and delivery service

ချက်ကြီး Store and delivery service ချက်ကြီး Store and delivery service, コンビニ, 2-Chome 19-7/1003 Takadanobaba Shinjuku, Shinjuku-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

မုန့်ဟင်းခါး ၁၀ မျိုး
30/09/2024

မုန့်ဟင်းခါး ၁၀ မျိုး

လွန်ခဲ့တဲ့ (၂) နှစ်ကျော် အိမ်က မေမေနဲ့ဖေဖေတို့ ခဏလောက်စောင့်ပြီးမှ သွားပါလားလို့ပြောနေတဲ့ကြားကနေ...ရပါတယ် တစ်ယောက်တည်းလည...
29/09/2024

လွန်ခဲ့တဲ့ (၂) နှစ်ကျော် အိမ်က မေမေနဲ့ဖေဖေတို့ ခဏလောက်စောင့်ပြီးမှ သွားပါလားလို့ပြောနေတဲ့ကြားကနေ...ရပါတယ် တစ်ယောက်တည်းလည်း အရာအားလုံးကို အကောင်းဆုံးလုပ်နိုင်တယ်လို့ ကြုံးဝါးပြီး ကျောင်းတက်ဖို့ လိုအပ်တာတွေပြင်ဆင်ရင်း ဂျပန်ကို တစ်ယောက်တည်းရောက်လာခဲ့တဲ့ကောင်မလေးတစ်ယောက်ပေါ့။

အဲ့တုန်းက သွားဖို့ပြင်ဆင်နေတုန်းကတော့ ဘယ်ပြောကောင်းမလဲ အရမ်းကိုပျော်နေခဲ့တာ...နောက်ဆုံးတော့ ငါ့ရဲ့အိပ်မက်နိုင်ငံ ချယ်ရီပန်းတွေပွင့်တဲ့နိုင်ငံ နှင်းတွေအများကြီးကျတဲ့နိုင်ငံကို သွားခဲ့ရပြီဆိုပြီး စိတ်လှုပ်ရှားနေခဲ့တာ မေ့မရဘူး။ ကဲ.. အဲ့လိုနဲ့ ဂျပန်လည်းရောက်..ကျောင်းတက်ဖို့ အဆောင်ရှာဖို့ နေရာချဖို့လုပ်နေရင်းနဲ့ကို အချိန်ခြောက်လလောက်က နေရာအသစ်ကိုရောက်တော့ အရမ်းတက်ကြွတဲ့ကောင်မလေးဖြစ်နေခဲ့သေးတယ်။

အဓိကဇာတ်လမ်းက ဒီကစတာ နေရာတစ်ခုမှာ မလုပ်ဖူးတာ၊ မစားဖူးတာ၊ မသွားဖူးတာတွေအကုန်လုပ်ပြီးသွားတော့ "ခလုတ်ထိမှ အမိတတယ်" ပဲပြောရမလား။ အိမ်ကမေမေရဲ့ဟင်းချက်လက်ရာတွေ၊ မြန်မာတုန်းက စားခဲ့ရတဲ့မုန့်တွေ၊ ဟင်းတွေ သတိရသွားတော့တာပဲ။ အဲ့လိုနဲ့ပဲ မေ့မေ့ကို လက်ဖက်သုပ်မစားရတာကြာတဲ့အကြောင်း၊ ဟိုမုန့်လေးစားချင်လိုက်တာ၊ ဒီမုန့်လေးစားချင်လိုက်တာနဲ့ သွားပြီးအပူကပ်ရတော့တာပေါ့။

အဲ့တာက မေမေကတော့ အော်ငါ့သမီးလေးစားချင်ရှာမှာပဲဆိုပြီး မရရတဲ့နည်းနဲ့ မုန့်တွေ၊လိုအပ်တာတွေကို ပို့ရှာတယ်။ ဒါပေမယ့်လည်း အိမ်မှာနေတုန်းကလို အခုမှာအခုရောက် မဟုတ်တော့ နည်းနည်းတော့ ဘဝင်မကျချင်ဘူး။ ဘယ်တတ်နိုင်မလဲ အိမ်လွမ်းနေတဲ့အဖြစ်ကို ဒီလိုလေးနဲ့ ဖြေဖျောက်လို့ရတာပဲ တော်ပါသေးတယ်ဆိုပြီး ဖြေသိမ့်ထားရတယ်။ နေတာကြာလာတော့ ဂျပန်ကနေရာတွေလည်းအကုန်နှံ့နေပြီ၊ အကုန်လည်းစားဖူးနေပြီ ဒါပေမယ့်လည်း မေမေ့လက်ရာတွေ မြန်မာအစားအစာတွေကတော့ မငြီးငွေ့နိုင်ခဲ့ဘူး။ ကဲ... တစ်ခုခုတော့လုပ်မှရတော့မယ်ဆိုပြီး ထုံးစံအတိုင်း Facebook ပေါ်မှာမြန်မာကနေ ဂျပန်ကို ပစ္စည်းတွေကို လွယ်ကူလျှင်မြန်စွာသယ်ယူပေးနိုင်မယ့် Page တွေလိုက်ရှာခဲ့တယ်။ အဲ့မှာ "ချက်ကြီး"ဆိုတဲ့ Page လေးကိုတွေ့တာပဲ...တကယ်ကို ရေငတ်နေတဲ့အချိန် အိုအေစစ်ရှာတွေ့သွားသလိုပဲ။

တကယ်ပြောတာ "ချက်ကြီး"ဆိုတဲ့ Page လေးကလေ မြန်မာကနေဂျပန်ကို ပစ္စည်းတွေသယ်ယူပေးတဲ့ Service လေးရှိတယ်။ သူတို့ဆီက ဝန်ဆောင်ခတွေကလည်း သက်သာတဲ့အပြင်ကို တစ်ပတ်အတွင်းလည်းအရောက်ပို့ပေးသေးတာဆိုတော့ အရမ်းကို အဆင်ပြေလို့ အဲ့နေ့ကနေစပြီးမေမေ့ကို "ချက်ကြီး" Page လေးကိုပြောပြီး နောက်ဆို မေမေပို့ချင်တာအကုန် ဒီကနေပဲပို့ပေးတော့နော်ဆိုပြီးပြောရတယ်။

"ကလင်...ကလင်...ကလင်"
ဪ ပြောရင်းဆိုရင်း "ချက်ကြီး" page လေးကနေ ဖုန်းလာပါပြီ။ အိမ်ကတို့မေမေကို ပူဆာထားတဲ့ မေတ္တာဓာတ်လေးတွေ ရောက်လာပြီထင်တယ် သွားယူလိုက်ဦးမယ်နော်...

ဂျပန်ရောက်နေတဲ့ သူငယ်ချင်းတွေလည်း ဂျပန်ကနေမြန်မာကို ပို့ချင်တာပဲဖြစ်ဖြစ်၊ မြန်မာကနေ တစ်ခုခုပို့စေချင်တာပဲဖြစ်ဖြစ် ယုံကြည်စိတ်ချရတဲ့ Delivery Service လေးကိုရှာနေတယ်ဆိုရင်တော့ "ချက်ကြီး" ကို သတိရလိုက်ပါနော်...

📍page - https://www.facebook.com/chatgyimyanmarstore
☎️ Phone Number - 070 4792 9421

🏬ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်မယ့်ဆိုင်လိပ်စာကတော့
ဘာဘာ ဘူတာရှေ့က မြန်မာတိုက်လို့သိကြတဲ့ ၈လွှာတိုက်ရဲ့ ၁၀လွှာပါ🫶
2-19-7 タクイレブン လို့ရှာရင်ရပါတယ်
📌 Google Map Location
タックイレブン高田馬場
👉
https://maps.app.goo.gl/aXwtnAqpuyPvAtFL7?g_st=ic

#ချက်ကြီး

ယာကွမ်းအဆင့်သင့်🫶🫶🫶 မကုန်ခင်အမြန်လာဖို့တော့လိုတယ်နော်🙆‍♂️🙆‍♂️🙆‍♂️🙆‍♂️1ထုပ်    500¥
29/09/2024

ယာကွမ်းအဆင့်သင့်🫶🫶🫶

မကုန်ခင်အမြန်လာဖို့တော့လိုတယ်နော်🙆‍♂️🙆‍♂️🙆‍♂️🙆‍♂️

1ထုပ် 500¥

အမဲခြောက်၊ဆတ်သားခြောက်၊ဆိတ်သားခြောက်၊ငါးရံခြောက် ကြိုက်သူများအတွက်
28/09/2024

အမဲခြောက်၊ဆတ်သားခြောက်၊ဆိတ်သားခြောက်၊
ငါးရံခြောက် ကြိုက်သူများအတွက်

မြန်မာကြိုက်တဲ့အသီးအရွက်ဆိုကင်ပွန်းချဉ်ရွက်ဂွေးတောက်ရွက်ချဉ်ပေါင်ရွက်ဆူးပုပ်ရွက်သရက်သီးငရုတ်သီးတို့ဒီနေ့ ဘာဘာမြန်မာတိုက်...
28/09/2024

မြန်မာကြိုက်တဲ့အသီးအရွက်ဆို

ကင်ပွန်းချဉ်ရွက်
ဂွေးတောက်ရွက်
ချဉ်ပေါင်ရွက်
ဆူးပုပ်ရွက်
သရက်သီး
ငရုတ်သီးတို့ဒီနေ့ ဘာဘာမြန်မာတိုက်က
၁၀ လွှာချက်ကြီးမှာရပါမယ်နော်

ဗူးညွှန့်လည်းရပါတယ်

ဆောင်းဝင်စပြီဆို ချက်ကြီးကစားပြီအအေးတွေကောက်တင်နေပြီ
27/09/2024

ဆောင်းဝင်စပြီဆို ချက်ကြီးကစားပြီ

အအေးတွေကောက်တင်နေပြီ

27/09/2024

ချက်ကြီး account လော့ကျပြီးဝင်မရဖြစ်နေလို့ပါရှင့်
ချက်ကြီးaccount ကနေorder တင်ထားသူများနဲ့ကီလိုကိစ္စများမေးမြန်းလိုသည်များကိုယခုPage မှာလာရောက်မေးမြန်းနိုင်ပါတယ်ရှင့်
အထူးသဖြင့်ကွမ်းorderတင်ထားသူများအပန်းမကြီးဘူးဆိုရင်page မှာလာရောက်ဆက်သွယ်ပေးပါရှင့်
အဆင်မပြေဖြစ်သွားရခြင်းအတွက် မင်မင်တို့ချက်ကြီးဆိုင်မှအနူးအညွတ်တောင်းပန်ပါတယ်ရှင့်🙇‍♀️🙇

"မြန်မာဆိုတော့ မြန်မာတိုင်းရင်းဆေးပဲသောက်တာပေါ့"ကျွန်မ ဂျပန်ရောက်နေတာ ၇ လလောက်ရှိခဲ့ပြီOsaka က စားသောက်ဆိုင်ကြီးတစ်ဆိုင်...
26/09/2024

"မြန်မာဆိုတော့ မြန်မာတိုင်းရင်းဆေးပဲသောက်တာပေါ့"

ကျွန်မ ဂျပန်ရောက်နေတာ ၇ လလောက်ရှိခဲ့ပြီ
Osaka က စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ ဆိုင်မန်နေဂျာအနေနဲ့ အလုပ်လုပ်နေတော့ အတော်ပင်ပန်းတယ်ဆိုရမယ်
တစ်ရက်တစ်ရက် လာစားတဲ့ Customer တွေရဲ့ Complaints တွေက်ိုဖြေရှင်းရတာ၊
စားပွဲထိုးတွေကို Train ရတာ၊ အစာစားချိန်လွန်တာတွေ နဲ့ Stress ပိလာခဲ့တယ် 🤯
ဒီလိုနဲ့ ကျွန်မဟာ ဗိုက်ခဏခဏအောင့်လာတယ် 😖

မြန်မာမှာနေတုန်းက ဒီလိုဗိုက်အောင့်လာရင် ကျွန်မမေမေက ဆန်ပြုတ်လေးတိုက်ပြီး နွယ်ချိုပါတဲ့တိုင်းရင်းဆေးလေးသောက်ခိုင်းလိုက်တာနဲ့ သက်သာသွားတာ သတိရမိတာပေါ့
မြန်မာဟာ လွမ်းစရာချည်းပါပဲ 😞

တစ်ရက်ကျ ဆိုင်မှာ Promotion ရှိတော့ မြန်မာမိသားစုတစ်စု လာစားတယ်လေ
ဒီအုပ်စုထဲမှာ Ramen စားနေတဲ့ဘွားဘွားဟာ ကျွန်မရဲ့ဘွားဘွားနဲ့တော်တော်တူတယ်
စကားပြောပုံညက်ညောတာ၊ တူ၊ဇွန်းခရင်းကိုင်တာ စနစ်ကျတာအပြင်
အဝတ်အစားကို အတော်သပ်ရပ်ကျော့ရှင်းအောင် ဝတ်ထားတာကလည်း နုပျိုသွက်လက်တာနဲ့ လိုက်ဖက်လွန်းတယ်

ဒါနဲ့ ကျွန်မလည်းစပ်စုချင်တော့ အဘွားဆီသွားပြီး စားရတာအဆင်ပြေရဲ့လား၊ အဘွားအရမ်းခန့်ပြီးကျော့ရှင်းနေတာပဲ၊ ဒီအရွယ်ထိ ဒီလိုကျန်းမာနုပျိုနေတာ အားကျရတယ်ဆိုပြီး စကားဖောင်ဖွဲ့မိတယ်
ကျွန်မဂျပန်ကိုရောက်တာ ၇ လပဲရှိသေးကြောင်းနဲ့ အိမ်လွမ်းနာကျနေကြောင်းပြောရင်း ကျွန်မဗိုက်ကရုတ်တရက် စူးကနဲအောင့်လာတော့ အဘွားက သတိထားမိပုံပဲ 🥺

"သမီးဗိုက်အောင့်နေတာလား၊ မီးစနဲ့ထိုးသလိုအောင့်နေတာမလား၊ ရော့ ဒီဆေးလေး သောက်ကြည့်"ဆိုပြီး သူ့အိတ်ထဲက ထုတ်ပေးလေရဲ့
ကြည့်လိုက်တော့မှ မေမေတိုက်နေကျ နာမည်ကြီးမြန်မာတ်ိုင်းရင်းဆေးဖြစ်နေတယ် 🤩
ပျော်တာပေါ့ရှင်၊ "အဘွား ဒီဟာကို ဘယ်ကဝယ်လဲဟင်၊ မြန်မာကနေ မှာထားတာလား"ဆိုတော့
" မဟုတ်ဘူးသမီးလေး၊ အဘွားမြေးတွေ မှာပေးတာ "ချက်ကြီး" ဆိုလား မြန်မာကုန်စုံဆိုင် တဲ့၊ သားလေး ဟုတ်လား" ဆိုပြီး သူ့မြေးကို လှမ်းမေးတယ်
အဲ့တော့မှ အဲ့ဒီကောင်လေးညွှန်းတဲ့ ချက်ကြီးရဲ့လိပ်စာနဲ့ page ကို Like ထားတော့တာပဲ

ပိတ်ရက်ကျတော့ ချက်ကြီးဆိုင်က မြန်မာသောက်ဆေး၊ လိမ်းဆေးအပြင် မြန်မာ့အလွမ်းပြေ မုန့်တွေပါ ဝယ်ခဲ့တာပေါ့
အခုတော့ မေမေတိုက်တဲ့မြန်မာဆေးတစ်ခွက်ကို သတိတရသောက်ရင်း မြန်မာမုန့်တွေနဲ့ အလွမ်းဖြေနေပါပြီရှင် 🥰

အော်ဒါတင်ချင်ရင် ဒီ Link က Page ကိုဆက်သွယ်နိုင်သလို

https://www.facebook.com/chatgyimyanmarstore

ဖုန်းနံပါတ် ☎️ 070 4792 9421
ကိုလည်း ဖုန်းဆက်နိုင်ပါတယ်ဗျ

🏬 ဆိုင်လိပ်စာကတော့
ဘာဘာ ဘူတာရှေ့က မြန်မာတိုက်လို့သိကြတဲ့ ၈လွှာတိုက်ရဲ့ ၁၀လွှာပါ🫶
2-19-7 タクイレブン လို့ရှာရင်ရပါတယ်

📌 Google Map Location
タックイレブン高田馬場
https://maps.app.goo.gl/aXwtnAqpuyPvAtFL7?g_st=ic

တိုကျိုကကွမ်းဆရာတို့ရေကွမ်းရွက်  ပြန်ရပြီဗျို့
26/09/2024

တိုကျိုကကွမ်းဆရာတို့ရေ

ကွမ်းရွက် ပြန်ရပြီဗျို့

အခုရောက် အခုကုန် ချဉ်ပေါင်😮‍💨😮‍💨😮‍💨 ကီလိုအနည်းငယ်ဘဲရပါတော့မယ်ရှင့်🙇🏻‍♀️🙇🏻‍♀️🙇🏻‍♀️1kg 800
24/09/2024

အခုရောက် အခုကုန် ချဉ်ပေါင်😮‍💨😮‍💨😮‍💨

ကီလိုအနည်းငယ်ဘဲရပါတော့မယ်ရှင့်🙇🏻‍♀️🙇🏻‍♀️🙇🏻‍♀️

1kg 800

24/09/2024

ကင်ပွန်းချဉ်

ကွမ်းဆရာများအတွက်အရေးကြီးသတင်းချက်ကြီးစုံစမ်းပြီး ပြီကွမ်းသီးအားလုံး sold out In Tokyo 😂ယာကွမ်းတော့ရပါဦးမယ်🤜🏻🤛🏻
24/09/2024

ကွမ်းဆရာများအတွက်အရေးကြီးသတင်း

ချက်ကြီးစုံစမ်းပြီး ပြီ

ကွမ်းသီးအားလုံး sold out

In Tokyo 😂

ယာကွမ်းတော့ရပါဦးမယ်
🤜🏻🤛🏻

24/09/2024
ကင်ပွန်းချဉ်ရွက် နှင့် ကျန်းမာရေး ကောင်းကျိုးများ။ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာ သူ အတွက် ဆေးဝါး ဓာတ်စာ ဖြစ်လို့...
24/09/2024

ကင်ပွန်းချဉ်ရွက် နှင့် ကျန်းမာရေး ကောင်းကျိုးများ။

ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး
မကျန်းမာ သူ အတွက် ဆေးဝါး ဓာတ်စာ ဖြစ်လို့
ကင်ပွန်းချဉ် ကို သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။

—–

ကင်ပွန်းချဉ်သည် အသည်း အတွက် အစွမ်းထက် အသုံးဝင်သည်။

ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ် ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင် စားခြင်းများ ပြုနိုင်သည်။

အရွက်နုကို ငရုတ်ကောင်း အရည်တွင် စိမ်၍ ဆား၊မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင်

အသည်းရောင် အသား ဝါရောဂါ၊ သည်းခြေ ရောဂါတို့ကို သက်သာ စေသည်။

အရွက်နုကို ကြိတ်ပြီး အသည်းရောင် သည့် နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါက ရောဂါ သက်သာသည်။

အရွက်နုကို ညက်အောင်ထောင်း တစ်ညသိပ်ပြီး သကြား အနည်း ငယ် ထည့်၍ ရေကျက် အေးနှင့် နေ့စဉ်မှန်မှန် သောက်ပေးလျှင် အဖျဉ်း (ရေဖျဉ်း) ရောဂါ ပျောက်သည်။

ကိုယ်ဖော ကိုယ်ရောင် အူရောင် မြင်းသရိုက် လေနာမြစ် ခြောက်နာ စသည် တို့ကိုလည်း နိုင်သည်။

ကင်ပွန်းချဉ် ရွက်ကို ရေနွေး ဖျောပြီး သောက်က ဝမ်းချုပ် လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့ ဝမ်းမှန် စေသည်။

ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။

လေနာ လေအောင့်လေထိုး လေစူး သက်သာသည်။

ကင်ပွန်းရွက် ဟင်းချိုသည် လူနှင့် အခါခပ်သိမ်း တည့်သည်။

ကိုယ်တွင်း အပူကို ငြိမ်းစေသည်။

ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်သည်။

ဆီးပူဆီး အောင့်ညောင်းကျ ပန်းသေ ပန်းညှိုးမှ အစကောင်းမွန်သည်။

သွေးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါနုပျိုကြည်လင် ကာ အဆီကျ ပေါ့ပါး စေပါသည်။

ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့် ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါ ရှိသူတို့ အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံး သင့်သည်။

နှလုံးရောဂါ ရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက် ၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ်
မှီဝဲ စေသင့်သည်။

နာလန်ထစ လူမမာအား ကင်ပွန်းရွက်ဟင်းချိုနှင့်ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့ အတူ ကျွေးပါကစားရသူလူမမာ အလွန်အဆင် ပြေသည်။

ကင်ပွန်းရွက်ကို အသားငါး တစ်မျိုးမျိုးနှင့် ရောနှော၍ ကြော်စား လျှင် ထမင်းမြိန်ပါသည်။

အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများ အတွက် ကင်ပွန်းချဉ်ကို အချဉ်ချက်ပြုတ် စားပေးရန် လိုသည်။

ကင်ပွန်းရွက်နုကို အမှုန့်ရအောင် လှီးပြီး ကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့ သင့်ရုံ ထည့်၍ ဆီဖြင့် နှံ့အောင် နယ်ပါ။

ဂျုံမှုန့်နှင့် အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှ င့် ထုပ်ပါ။

ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက်အောက် လှန် မီးကင်လျှင် အနံ့သင်းသင်း ကင်ပွန်းရွက်ကင်ကို ရသည်။

နေမကောင်းသူများ၊ ခံတွင်း ပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံး စေနိုင်သည်။

အဲ့လိုမျိုး အထွေထွေရောဂါစုံနိုင်ပြီး

ထမင်းမြိန်တဲ့ ကင်ပွန်းချဉ်ရွက် က

ဂျပန်မှာတော်တော် စားရဖို့ခက်ခဲပါတယ်။

လတ်လတ်ဆတ်ဆတ်ဆိုပိုဆိုးပေါ့နော်။

ဒါပေမယ့်ချက်ကြီး ဆိုင်မှာ စိမ်းစိမ်းစိုစိုနဲ့

မနက်ခင်းစျေးထဲက အတိုင်းရနိုင်ပါပြီ😬😬

Hello ... လိုက်တာနဲ့ ချက်ကြီးက အဆင်သင့်ပဲဗျို့အလုပ်တစ်ဖက်နဲ့မို့ ဈေးဝယ်ဖို့မပြောနဲ့ ဟင်းချက်ဖို့တောင်အနိုင်နိုင်၊တစ်ရက်တ...
24/09/2024

Hello ... လိုက်တာနဲ့ ချက်ကြီးက အဆင်သင့်ပဲဗျို့

အလုပ်တစ်ဖက်နဲ့မို့ ဈေးဝယ်ဖို့မပြောနဲ့ ဟင်းချက်ဖို့တောင်အနိုင်နိုင်၊
တစ်ရက်တစ်ရက် စားဖို့သောက်ဖို့ စီမံရတာလည်း အလုပ်တစ်လုပ်၊
ဂျပန်ဟင်းတွေကလည်း မြန်မာအရသာလို လေးလေးပင်ပင်မရှိလို့ ခံတွင်းမတွေ့နဲ့... 🤷‍♀️

တစ်နေ့တစ်နေ့ ဘာစားရမလဲတွေးပြီး စိတ်ရှုပ်မခံပါနဲ့ 👌

မြန်မာပြည်မှာတုန်းကလို
🍃ဇယန်းချဉ်စပ်နှပ်လေးကို နှစ်ပြန်ကြော်နဲ့နယ်၊ ပုဇွန်ခြောက်လေးဖြူပြီး ထမင်းပူပူနဲ့စားမလား
🥗ငါးပိရည်ကြိုလေးနဲ့ အတို့အမြုတ်တကျွတ်ကျွတ်ဆွဲဦးမလား
🍚 ထမင်းကြမ်းခဲလေးကို မရမ်းသီးငံပြာရည်ကြော်လေးနဲ့ နယ်ဖတ်ပြီးစားမလား
🥣ထမင်းဆီဆမ်း၊ ငါးခြောက်ဖုတ်လေးနဲ့ မန်ကျည်းချဉ်လေးမြုံ့မလား

ဒါမျိုးစားဖို့ မြန်မာပြည်ကိုပြန်စရာမလိုဘဲ ချက်ကြီးဆီမှာ အားလုံးအစုံ ဝယ်ယူနိုင်ပြီဗျို့ 🙋‍♂️

ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့ ချက်ကြီးက Japan တစ်ပြည်လုံး လိုက်လံပို့ဆောင်ပေးနေပြီမို့
အခုပဲ Hello လိုက်တော့ခင်ဗျာ 📞

အော်ဒါတင်ချင်ရင် ဒီ Link က Page ကိုဆက်သွယ်နိုင်သလို

https://www.facebook.com/chatgyimyanmarstore

ဖုန်းနံပါတ် ☎️ 070 4792 9421
ကိုလည်း ဖုန်းဆက်နိုင်ပါတယ်ဗျ

🏬 ဆိုင်လိပ်စာကတော့
ဘာဘာ ဘူတာရှေ့က မြန်မာတိုက်လို့သိကြတဲ့ ၈လွှာတိုက်ရဲ့ ၁၀လွှာပါ🫶
2-19-7 タクイレブン လို့ရှာရင်ရပါတယ်

📌 Google Map Location
タックイレブン高田馬場
https://maps.app.goo.gl/aXwtnAqpuyPvAtFL7?g_st=ic)

ကာကာတို့ မေးမေးနေကြတာလေး ဆိုင်မှာ ဝယ်ယူလို့ရပါပြီရှင့်😍😍😍😍1pcs 1100¥
23/09/2024

ကာကာတို့ မေးမေးနေကြတာလေး ဆိုင်မှာ ဝယ်ယူလို့ရပါပြီရှင့်😍😍😍😍

1pcs 1100¥

ကပွန်းချဉ်ရွက် ရောက်ရှိ🙆‍♂️🙆‍♂️🙆‍♂️🙆‍♂️
23/09/2024

ကပွန်းချဉ်ရွက် ရောက်ရှိ🙆‍♂️🙆‍♂️🙆‍♂️🙆‍♂️

သရက်သီး ၁ကီလို ၁၂၅၀ ယန်း၁လုံးကို ၃၅၀-၄၂၀ လောက်ရှီပါတယ်😬
23/09/2024

သရက်သီး ၁ကီလို ၁၂၅၀ ယန်း

၁လုံးကို ၃၅၀-၄၂၀ လောက်ရှီပါတယ်😬

ကြက်သားဂွေးတောက်ရွက်ချက်နည်း....ပါဝင်ပစ္စည်း -မြန်မာကြက် - ၃၀ကျပ်သား ဆနွင်းမှုန့် - လက်ဘက်ရည်ဇွန်းတစ်ဇွန်း (5g)ဆား - ထမင...
23/09/2024

ကြက်သားဂွေးတောက်ရွက်ချက်နည်း....

ပါဝင်ပစ္စည်း -

မြန်မာကြက် - ၃၀ကျပ်သား
ဆနွင်းမှုန့် - လက်ဘက်ရည်ဇွန်းတစ်ဇွန်း (5g)
ဆား - ထမင်းစားဇွန်း တစ်ဇွန်းခွဲခန့် (25g)
ဂျင်း - လက်တစ်ဆစ်ခန့်ဓားပြားရိုက်
ကြက်သွန်ဖြူ - အမွှာကြီး၅မွှာဓားပြားရိုက်
ရေ - 1Lit
ဆီ - ထမင်းစားဇွန်း2ဇွန်း
ဂွေးတောက်ရွက် - ၈ရွက် ( ကြိုက်လျှင်ပိုထည့်ပါ)

ချက်ပုံအဆင့်ဆင့်

အိုးတစ်လုံးကိုအပူပေးပါ။ အိုးပူလျှင်ဆီထည့်ပြီးဆီအပူပေးပါ။
ဆီပူလာလျှင် နနွင်းမှုန့်ကိုဆီသတ်ပါ။
နနွင်းမှုန့်ဆီသတ်ပြီးလျှင်ဂျင်းကြက်သွန်ဖြူထည့်ပြီးဆီသတ်ပါ။ ကြက်သွန်ဖြူနွမ်းလျှင်ကြက်သားထည့် ဆားလက်ဘက်ရည်ဇွန်း ၂ဇွန်းထည့် ပြီးလုံးပါ။
ကြက်သားလုံးနေစဉ်ဂွေးတောက်ရွက်ကိုရေနွေးဖျောပြီးလက်တစ်ဆစ်အရွယ်ပါးပါးလှီးထားပြီးပန်းကန်လုံးထဲထည့်ထားပါ။
ကြက်သားအရောင်ပြောင်းလာပြီ မွှေးလာပြီဆိုလျှင် ရေ 1Lit ထည့်ပြီးကြက်သားနူးအောင်တည်လိုက်ပါ ရေလိုလျှင်ထပ်ထည့်ပါ ဆားလိုလျှင်ထပ်ထည့်ပါ။
ကြက်သားနူးလာပြီဆိုလျှင်ဂွေးတောက်ရွက်ထည့်ထားတဲ့ပန်းကန်ထဲထည့်ပြီးစားသုံးနိုင်ပါပြီ။

မှတ်ချက် - ကြက်သားအိုးထဲဂွေးတောက်ရွက်ထည့်ပြုတ်တာမလုပ်ပါနှင့်အရည်ခါးသွားပါလိမ့်မည်။ဂွေးတောက်ရွက်ပြုတ်ထားသောရေကိုသွန်လိုက်ပါ။အခါးကြိုက်လျှင်ထည့်ပြုတ်လို့ရပါသည်။

အားလုံးအဆင်ပြေကြပါစေ

21/09/2024

"ဘာပဲလိုလို ချက်ကြီးရှိတယ်နော်

မြန်မာမှာတုန်းက
သနပ်ခါးနံ့လေးကို လွမ်းလိုက်တာ 😥
လက်ဖက်လေး စားချင်လိုက်တာ 😞
ကွမ်းလေးမြုံ့ချင်လိုက်တာ 😣
ဆိုပြီး တသသ ခံစားနေရပြီလား 🤔

သူမရဲ့အငွေ့အသက်တွေတော့ မပေးနိုင်ပေမယ့် မြန်မာအငွေ့အသက်တွေရနိုင်တဲ့ ချက်ကြီး လာပါပြီ ✌️

📌 ဂျပန်မှာ အလုပ်လာလုပ်တာပဲဖြစ်ဖြစ်
ပြောင်းရွှေ့နေထိုင်လို့ပဲဖြစ်ဖြစ်၊
ကျောင်းလာတက်တာပါပဲဆိုဆ်ို
ဂျပန်ရောက်နေပြီး မြန်မာအစားအစာနဲ့ မြန်မာ့ထုတ်ကုန်တွေကိုတမ်းတနေရတာမျိုးမရှိတော့အောင် ချက်ကြီးက ဆောင်ရွက်ပေးနေပါတယ်ဗျ 🙋‍♂️

ချက်ကြီးဟာဆိုရင် မြန်မာန်ိုင်ငံထုတ် -

📍ကွမ်းနဲ့ကွမ်းပစ္စည်း
📍လက်ဖက်၊ နှစ်ပြန်ကြော်နဲ့ ပုဇွန်ခြောက်
📍မြန်မာမုန့်များ
📍မုန့်ဟင်းခါးထုပ်
📍ဟင်းခတ်ပစ္စည်းများ
📍ငါးပိနဲ့ဆိုင်သော စားစရာများ
📍ကော်ဖီ၊ လက်ဖက်ရည်ထုပ်များ
📍မြန်မာတိုင်းရင်းဆေးများ
📍သနပ်ခါးဘူးများ
စတဲ့ မြန်မာနိုင်ငံထွက် ကုန်ပစ္စည်းအစုံကိုရောင်းချပေးနေတဲ့ ကုန်စုံဆိုင်ကြီးဖြစ်ပါတယ်

မြန်မာပြည်က ပစ္စည်းတွေကို ဝယ်ယူချင်ရင်
ချက်ကြီးဆိုင်ကို ကိုယ်တိုင်ကိုယ်ကျ လာဝယ်နိုင်သလို၊ Online ကနေလည်း မှာယူနိုင်ပါတယ်ဗျ ⬅️

Japan ရောက်ပြီး မြန်မာ့အငွေ့အသက်တွေကို တမ်းတနေရင်တော့
ချက်ကြီးဆီသာ အပြေးလာလိုက်တော့ဗျာ 🏃‍♀️

အော်ဒါတင်ချင်ရင် ဒီ Page ကိုဆက်သွယ်နိုင်သလို

https://www.facebook.com/chatgyimyanmarstore

ဖုန်းနံပါတ် ☎️ 070 4792 9421
ကိုလည်း ဖုန်းဆက်နိုင်ပါတယ်ဗျ

🏬 ဆိုင်လိပ်စာကတော့
ဘာဘာ ဘူတာရှေ့က မြန်မာတိုက်လို့သိကြတဲ့ ၈လွှာတိုက်ရဲ့ ၁၀လွှာပါ🫶
2-19-7 タクイレブン လို့ရှာရင်ရပါတယ်

📌 Google Map Location
タックイレブン高田馬場
https://maps.app.goo.gl/aXwtnAqpuyPvAtFL7?g_st=ic

Man go တွေ ရနေပြီ အမျိုးသမီးတို့ရေ🤓
21/09/2024

Man go တွေ ရနေပြီ အမျိုးသမီးတို့ရေ🤓

(ကွမ်းကြိုက်/ကွမ်းရောင်းသူများအတွက်သာ)ကွမ်းရောက်ပါပြီရှင့်🤩📢📢၁ကီလို ၅၂၀၀(အများစျေးရှီပါတယ်)၁ထောင်ဖိုး ရွက် ၇၀-၈၈ကွမ်းသီး...
19/09/2024

(ကွမ်းကြိုက်/ကွမ်းရောင်းသူများအတွက်သာ)

ကွမ်းရောက်ပါပြီရှင့်🤩📢📢

၁ကီလို ၅၂၀၀(အများစျေးရှီပါတယ်)
၁ထောင်ဖိုး ရွက် ၇၀-၈၈
ကွမ်းသီး ၁ကီလို ၄၀၀၀
ထုံး တစ်ဗူး ၃၅၀ယန်း
၉၂ ၁၅၀၀
ဘုရင်မ ၁၃၀၀
စစ်ဂနယ် ၇၀၀
ဆေးဝါ/ဆေးမဲ အချပ်သေး ၃၀၀
ယာကွမ်း ၉၂/ဘုရင်မ တစ်ထုပ် ၅၀၀ ၁၂ယာ
စစ်ဂနယ်နဲ့ဆို ၁၀ယာပါ

ဒီနေ့အတွက် ကီလို ပစ္စည်းတွေနယ်ကိုပို့ဖြစ်ပါတယ်။ဖုန်းဆက်တာ မအားတဲ့အကို၊အမတွေကတော့ညကျရင် ပေ့ကနေဆက်သွယ်နိုင်ပါတယ်နော်ကျွန်တ...
19/09/2024

ဒီနေ့အတွက် ကီလို ပစ္စည်းတွေ

နယ်ကိုပို့ဖြစ်ပါတယ်။

ဖုန်းဆက်တာ မအားတဲ့အကို၊အမတွေကတော့

ညကျရင် ပေ့ကနေဆက်သွယ်နိုင်ပါတယ်နော်

ကျွန်တော်တို့လည်း ဆက်သွယ်ပါ့မယ်။

ဂျပန်-မြန််မာ

မြန်မာ-ဂျပန် ပစ္စည်းပို့လို့ရပါပြီ။

19/09/2024

မချမ်းရှီလား မသိဘူး မချမ်း

住所

2-Chome 19-7/1003 Takadanobaba Shinjuku
Shinjuku-ku, Tokyo
169-0075

営業時間

月曜日 11:00 - 23:00
火曜日 11:00 - 23:00
水曜日 11:00 - 23:00
木曜日 11:00 - 23:00
金曜日 11:00 - 23:00
土曜日 11:00 - 23:00
日曜日 11:00 - 23:00

電話番号

+817047929421

ウェブサイト

アラート

ချက်ကြီး Store and delivery serviceがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ビデオ

共有する

カテゴリー

コンビニ付近