Fullerton Market

Fullerton Market Convenience Store Air Cargo

အုန်းနို့ခေါက်ဆွဲစားရင် သွေးတိုးမှာစိုးတယ်ဆိုတဲ့ သူတွေအတွက် နို့စိမ်းခေါက်ဆွဲလေးချက်စားကြည့်နော် ။ 🍜ဟင်းရည်ချက်ရန် ပါဝင်...
03/15/2025

အုန်းနို့ခေါက်ဆွဲစားရင် သွေးတိုးမှာစိုးတယ်ဆိုတဲ့ သူတွေအတွက် နို့စိမ်းခေါက်ဆွဲလေးချက်စားကြည့်နော် ။ 🍜

ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ

- နို့စိမ်း
- ကြက်သား
- ပဲစိမ်းမှုန့်
- ဘဲဥ ၊ ကြက်ဥ
- ဆီ ၊ ဆား ၊ ငံပြာရည် ၊ သကြား
- နနွင်း ၊ အရောင်တင်
- ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်း

ပြုလုပ်နည်း

- ကြက်သားကို အတုံးသေးသေးတွေတုံးပြီး ဆား ၊ နနွင်း ၊ အရသာမှုန့်တွေနဲ့နယ်ထားပါ ။

- ကြက်အရိုးကို အိုးထဲမှာ ရေတစ်လီတာခွဲလောက်ထည့်ပြီး ဆားအနည်းငယ် ၊ ဂျင်းအနည်းငယ် လှီးထည့်ပြီးပြုတ်ထားပါ ။

- ပဲစိမ်းမှုန့်ကို ဆန်ချိန်ခွက်နဲ့တစ်ခွက်စာလောက်ကို ရေထည့်ပြီး ဖျော်ထားပါ ။

- ကြက်သားဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ ၊ကြက်သွန်နီ ၊ ဂျင်းကို ရောထောင်းထားပါ ။
ပြီးရင်ဒယ်အိုးမှာ ဆီပူအောင်စောင့်ပြီး ထောင်းထားတာတွေကို နနွင်းမှုန့် ၊ အရောင်တင်မှုန့်နည်းနည်းထည့်ပြီး ဆီသတ်ပါ ။ အနံ့မွှေးလာရင် ငံပြာရည်ဇွန်းကြီး နှစ်ဇွန်းလောက် ထည့်လိုက်ပါ ။

- ပြီးရင် နယ်ထားတဲ့ ကြက်သားတွေထည့်ပါ ။ ကြက်သားကထွက်လာတဲ့ရေ ကုန်အောင်ချက်ပြီး ဆီပြန်ရင်ရပါပြီ ။ ပြီးရင် တည်ထားတဲ့ ကြက်ပြုတ်ရည်အိုးထဲကိုဖျော်ထားတဲ့ပဲစိမ်းမုန့်တွေထည့်မွှေပေးပါ ။ ပဲစိမ်းနံ့ ပျောက်အောင်ဆယ်မိနစ်လောက်တည်ပြီးရင် ကြက်သားဆီသတ်ထားတာတွေထည့် ။ ဘဲဥ ၊ ကြက်ဥ ကြိုက်နှစ်သက်ရာထည့်ပါ ။ အချိုအတွက် သကြားနှစ်ဇွန်းလောက်ထည့်ပါ ။

🥛 အားလုံးပြီးမှ နို့စိမ်းထည့်ပါနော် ။

ဒါဆိုရင်တော့ ခေါက်ဆွဲလေးနဲ့တွဲစားဖို့ အရသာရှိပြီး ကျန်းမာရေးအတွက် စိတ်ချရတဲ့ နို့စိမ်းခေါက်ဆွဲ ဟင်းရည်လေးရပါပြီရှင် ။

#နို့စိမ်းခေါက်ဆွဲ

ကိုယ့်ရဲ့ 𝗟𝗼𝘃𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 က 𝗖𝗼𝗼𝗸𝗶𝗻𝗴 ဆိုတဲ့သူတွေရှိလား 🥘🤍မိသားစု ၊ သူငယ်ချင်း ၊ ချစ်ရသူတွေအပေါ် ချစ်ပုံချစ်နည်းတွေ မတူကြဘူး...
03/13/2025

ကိုယ့်ရဲ့ 𝗟𝗼𝘃𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 က 𝗖𝗼𝗼𝗸𝗶𝗻𝗴 ဆိုတဲ့သူတွေရှိလား 🥘🤍

မိသားစု ၊ သူငယ်ချင်း ၊ ချစ်ရသူတွေအပေါ် ချစ်ပုံချစ်နည်းတွေ မတူကြဘူးနော် ။ အဲ့ထဲကမှ ချက်ပြုတ်ပြင်ဆင်ပြီး ချစ်ခြင်းမေတ္တာကို ဖော်ပြကြတဲ့သူတွေလည်း ရှိပါတယ် ။ 🍓

တစ်ရက်တစ်ရက် ဘယ်လိုဟင်းလေးတွေချက်ကျွေးရမလဲ ကြိုတွေးပြီး ပျော်နေတတ်တာမျိုး ။ မုန့်အသစ်အဆန်းလှလှကလေးတွေဆိုရင်လည်း ဝယ်ကျွေးလိုက်ရတာထက် ကိုယ်တိုင်လုပ်ပေးချင်စိတ်ကပိုများနေတတ်ကြတာမျိုးပေါ့ ။ သူတို့ကတော့ ရှင်းတယ် ။ ချစ်လို့ပြင်ဆင်ချက်ပြုတ်ပေးတယ် အဲ့တော့ စားရမယ် 😅

ဟင်းပွဲလေးတွေကို သေသေချာချာအလှဆင်ပြီး ပြင်ဆင်ထားတာက ပျင်းလို့ ၊ အချိန်တွေပိုနေလို့ လုပ်နေတာမဟုတ်ဘဲ သေချာပေါက် ချစ်ခြင်းမေတ္တာကို ဟင်းပွဲတွေ ၊ မုန့်တွေနဲ့ပြသနေတာမျိုးပါ ။ 🍰❤

ဒါကြောင့် အိမ်မှာ အမြဲပြင်ဆင်ချက်ပြုတ်ပေးနေတဲ့သူရှိရင် ကျေးဇူးတင်ကြောင်းပြောပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် '' Love Language '' နဲ့ ချစ်ကြောင်း ပြန်ပြလိုက်ပါနော် ။ 💖



( 𝟯 ) 𝗺𝗶𝗻 အတွင်း မိုင်လိုကိတ်လေးလုပ်စားကြမယ် 🥧အလွယ်ကူဆုံးဆိုတာတောင် သူ့ထက်မလွယ်လို့ အချိန်လည်းအများကြီးမပေးရဘဲ လုပ်စားကြ...
03/12/2025

( 𝟯 ) 𝗺𝗶𝗻 အတွင်း မိုင်လိုကိတ်လေးလုပ်စားကြမယ် 🥧

အလွယ်ကူဆုံးဆိုတာတောင် သူ့ထက်မလွယ်လို့ အချိန်လည်းအများကြီးမပေးရဘဲ လုပ်စားကြည့်ကြမယ်နော် 񈄁

ပါဝင်ပစ္စည်း

◾ဂျုံမှုန့်
◾မိုင်လိုမှုန့်
◾သကြား
◾မုန့်ဖုတ်ပေါင်ဒါ ( Baking soda / powder )
◾နွားနို့
◾ဆား အနည်းငယ်
◾ဆီအနည်းငယ်

အားလုံးကို ကိုယ်ဖုတ်မယ့် ပန်းကန်ထဲ သမသွားအောင်ရောမွှေပေးလိုက်ရုံပဲနော် ။ ပျစ်ပျစ်နှစ်နှစ်ကလေးဖြစ်သွားပြီဆို Microwave နဲ့ တစ်မိနစ်ဖုတ်လိုက်ရင် အရသာရှိတဲ့ မိုင်လိုကိတ်ကလေးရပါပြီ ။

ကဲ... ( ၃ ) မိနစ်ပဲနော် 🤩





ကျော်မသွားသင့်တဲ့ မနက်စာ ( သို့မဟုတ် ) နေ့တစ်နေ့ကို အကောင်းဆုံးစတင်နိုင်ဖို့ အဓိကလိုအပ်ချက် ✅မနက်စာကို နေ့တစ်နေ့ရဲ့ အရေး...
03/09/2025

ကျော်မသွားသင့်တဲ့ မနက်စာ ( သို့မဟုတ် ) နေ့တစ်နေ့ကို အကောင်းဆုံးစတင်နိုင်ဖို့ အဓိကလိုအပ်ချက် ✅

မနက်စာကို နေ့တစ်နေ့ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းလို့ သတ်မှတ်ထားကြပါတယ် ။ အစားအသောက်နဲ့ပတ်သတ်ပြီး ပြောလေ့ပြောထရှိတဲ့ မှတ်သားစရာစကားလေးတွေရှိတယ်နော် ။ ❝ မနက်စာကို ဘုရင်လို စားပါ ၊ နေ့လည်စာကို သူဌေးလိုစားပါ၊ ညနေစာကိုတော့ သံသယရှိသူလိုစားပါ ❞ တဲ့ ။ 👀

မနက်စာစားခြင်းက တစ်နေ့တာလုံး သွားလာ လှုပ်ရှားနိုင်ဖို့ လိုအပ်တဲ့ energy တွေကို ဖြည့်ပေးတယ် ။ အာရုံစူးစိုက်မှုကောင်းစေတယ် ။ စိတ်ကြည်လင်စေတယ် ။ မနက်စာ မစားဘဲ နေလိုက်ခြင်းက တစ်နေ့တာကို အရှုံးနဲ့စတင်လိုက်သလိုပါပဲနော် ။

မနက်စာစားခြင်းကနေ ရရှိမယ့်အကျိုးကျေးဇူးတွေကလည်း အများကြီးရှိပါတယ် ။

🖇 တက်ကြွလန်းဆန်းတဲ့နေ့ရက်ကလေးကို စတင်နိုင်ဖို့ လိုအပ်တဲ့ အားအင်တွေကို မနက်တည်းက ထောက်ပံ့ပေးနိုင်တယ် ။

🖇 ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေပါတယ် ။ မှတ်နိုင်စွမ်း ၊ အာရုံစိုက်နိုင်စွမ်းတွေ ၊ လုပ်နိုင်စွမ်းတွေကို ပိုပြီးအားကောင်းလာစေပါတယ် ။

🖇 ခန္ဓာကိုယ်တွင်း Metabolism ( ဇီဝဖြစ်စဥ် ) ကို အထောက်အပံ့ပြုပါတယ် ။ ကယ်လိုရီတွေ လောင်ကျွမ်းဖို့နဲ့ အလေးချိန်ကိုကောင်းကောင်း ထိန်းညှိပေးဖို့ အထောက်အကူပြုပါတယ် ။

🖇 အလွန်အကျွံစားသောက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ် ။ မနက်စာစားလိုက်ခြင်းက အဆာလွန်ပြီး အစားအသောက်ကို အလွန်အကျွံစားမိတာမျိုး ၊ မလိုအပ်ဘဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့ မုန့်တွေစားတာမျိုးကို လျှော့ချပေးနိုင်ပါတယ် ။

🖇 ကိုယ်တွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးတဲ့အပြင် ပင်ပန်းနွမ်းလျတာမျိုးကိုလည်း လျှော့ချပေးနိုင်ပါတယ် ။

မနက်စာ စားတဲ့အခါမှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး အထောက်အကူဖြစ်စေတဲ့ Healthy Breakfast ကို ရွေးချယ်စားဖို့ကလည်း အရေးကြီးပါတယ်နော် ။

ဒါကြောင့် ကိုယ့်ရဲ့ တစ်နေ့တာကို ပထမဆုံး အောင်မြင်တစ်ခုပြုတဲ့အနေနဲ့ မနက်စာစားပြီး စတင်လိုက်ပါ ။

ကျန်းမာပျော်ရွှင်ပြီး အောင်မြင်တဲ့ နေ့ရက်ကောင်းတွေကို ပိုင်ဆိုင်ကြပါစေလို့ Fullerton မိသားစုကနေ ဆုတောင်းပေးလျက်ပါရှင် ။ ❤





𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗕𝗿𝗲𝗮𝗸𝗳𝗮𝘀𝘁 𝗜𝗱𝗲𝗮 လေးတွေ ပြောပြမယ် 🥰မနက်စာကို ကျော်မသွားဘဲ ဂရုတစိုက်စားသင့်တယ်ဆိုပေမယ့် ကိုယ်စားလိုက်တဲ့ မနက်စာက He...
03/09/2025

𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗕𝗿𝗲𝗮𝗸𝗳𝗮𝘀𝘁 𝗜𝗱𝗲𝗮 လေးတွေ ပြောပြမယ် 🥰

မနက်စာကို ကျော်မသွားဘဲ ဂရုတစိုက်စားသင့်တယ်ဆိုပေမယ့် ကိုယ်စားလိုက်တဲ့ မနက်စာက Healthy ဖြစ်ဖို့လည်းလိုတယ်နော် ။ ဒါကြောင့် Healthy breakfast idea လေးတွေကို ဝေမျှပေးလိုက်ပါတယ် ။

✔ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ မြန်မာမနက်စာ

ကြက်ဥနဲ့ ပဲတွေက ပရိုတင်းဓာတ်ကြွယ်ဝတဲ့ Basic food တွေပဲဖြစ်ပါတယ် ။ မြန်မာတို့ရဲ့ ရှေးတည်းက မနက်စာဖြစ်တဲ့ ပဲပြုတ်နဲ့ ထမင်းဆီဆမ်းကလည်း Healthy breakfast ပဲနော် ။ ပြီးတော့ တိုဟူးကလည်း ပရိုတင်းဓာတ် အများကြီးပါဝင်တဲ့ အစားအစာဖြစ်ပါတယ် ။

✔ အမျှင်ဓာတ်များတဲ့ အစားအစာတွေ

မြန်မာတွေအကြိုက်ဖြစ်တဲ့ လက်ဖက်နဲ့ ပဲခြမ်းသုပ်ကလည်း အမျှင်ဓာတ်များတဲ့ အစားအစာဖြစ်ပါတယ် ။ မုန့်ဟင်းခါး ၊ တိုဟူးနွေးနဲ့ ပဲတွေ ၊ အစေ့အဆံတွေလည်း ပါပါတယ် ။

✔ လွယ်လွယ်ကူကူနဲ့ မြန်မြန်ပြင်ဆင်နိုင်မယ့် Healthy ဖြစ်တဲ့ မနက်စာ

ကြက်ဥပြုတ် ၊ Banana and fresh fruit Smoothie တွေ ၊ ပေါင်မုန့်ကြက်ဥကြော် ၊ ထမင်းကြော်တွေက လွယ်လွယ်ကူကူပြင်ဆင်နိုင်တဲ့ Healthy ဖြစ်တဲ့ မနက်စာတွေပဲနော် ။

✔ ဒေသရိုးရာ မနက်စာ

နိုင်ငံအလိုက် ဒေသအလိုက်ကွဲပြီးတော့ ဒေသ ရိုးရာမနက်စာလေးတွေလည်းကွဲသွားတယ်နော် ။

မြန်မာမှာဆိုရင်လည်း တစ်ဒေသနဲ့ တစ်ဒေသ မတူတဲ့ ရိုးရာအစားအစာလေးတွေရှိပါသေးတယ် ။ မြေပြန့်မှာဆို မုန့်ဟင်းခါး ၊ နန်းကြီးသုပ်နဲ့ တခြားအစားအစာတွေ ၊ ရှမ်းပြည်ဘက်မှာဆို

ရှမ်းခေါက်ဆွဲ ၊ တိုဟူးနွေး နောက် တခြားဒေသတွေဆိုရင်လည်း ရခိုင်မုန့်တီ ၊ ရေစိမ် အများကြီးပါပဲ ။ ဒါကြောင့် ရွေးချယ်စရာ မနက်စာတွေများလို့ မနက်စာမစားတာမျိုးမလုပ်ဘဲ ဂရုတစ်စိုက်စားဖို့လိုပါတယ် ။

အနှစ်ချုပ်အနေနဲ့ဆိုရင် Healthy Breakfast ဖြစ်ဖို့ -

ပရိုတင်း ၊ အမျှင်ဓာတ် ၊ လိုအပ်တဲ့ အဆီပမာဏ ပါဝင်ဖို့လိုပါတယ် ။

အချိုများတာတွေ တတ်နိုင်သလောက်လျှော့ပါ ။ ရေဓာတ်ပြည့်ဝအောင်လို့ Herbal tea ဒါမှမဟုတ် ရေလုံလောက်အောင် သောက်ဖို့လည်းလိုပါတယ် ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာလေးတွေရွေးချယ်စားပြီး တစ်နေ့တာကို energy အပြည့်နဲ့ စတင်လို့ရပါပြီ 🍽🤎











50% 𝙤𝙛𝙛 𝙋𝙧𝙤𝙢𝙤𝙩𝙞𝙤𝙣 က မနက်ဖြန် နောက်ဆုံးနော် ✨𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 ရဲ့ ❝ ကြိုက်သလောက်ရွေး တစ်ဝက်ပဲပေး  ❞ 50% 𝙤𝙛𝙛 𝙋𝙧𝙤𝙢𝙤𝙩𝙞𝙤𝙣 လေး...
03/02/2025

50% 𝙤𝙛𝙛 𝙋𝙧𝙤𝙢𝙤𝙩𝙞𝙤𝙣 က မနက်ဖြန် နောက်ဆုံးနော် ✨

𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 ရဲ့ ❝ ကြိုက်သလောက်ရွေး တစ်ဝက်ပဲပေး ❞ 50% 𝙤𝙛𝙛 𝙋𝙧𝙤𝙢𝙤𝙩𝙞𝙤𝙣 လေးက ( ၄ ) ရက်တိုင်တိုင် အရှိန်အဟုန်နဲ့ ရောင်းချပေးနိုင်ခဲ့ပါပြီ ။ 🤗

ဒီ (၄)ရက်တာအတွင်း လူကိုယ်တိုင် ဆိုင်ထိ လာရောက်အားပေးကြတဲ့ Customers တွေရော ၊ website က တဆင့် ဝယ်ယူအား‌ပေးကြသူ‌ အားလုံးကို 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 မိသားစုမှ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ် ။ ✨

(၅) ရက်တာစီစဥ်ပေးထားတဲ့ ❝ ကြိုက်သလောက်ရွေး တစ်ဝက်ပဲပေး ❞ promotion က မနက်ဖြန် ( 𝗠𝗮𝗿𝗰𝗵 𝟮 ) ဆို ပရိုမိုးရှင်း နောက်ဆုံးရက်ဖြစ်ပါတယ် ။

ဒါကြောင့် promotion ကာလလေး မကုန်ခင် လူကိုယ်တိုင် ဆိုင်ကို လာရောက်ပြီးတော့ပဲဖြစ်ဖြစ် ၊ 𝗢𝗻𝗹𝗶𝗻𝗲 𝘄𝗲𝗯𝘀𝗶𝘁𝗲 ကနေဖြစ်ဖြစ် မြန်မြန် ဝယ်ယူထားလိုက်တော့နော် ။

အနီးနားက ကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်း Fullerton ရဲ့ ထူးရှယ်ပရိုမိုးရှင်းလေးအကြောင်းကို လက်တို့ဖို့မမေ့နဲ့နော် ။ 🤗👀



#50%off

❝ ကြိုက်သလောက်ရွေး တစ်ဝက်ပဲပေး  ❞ 50% 𝙤𝙛𝙛 𝙋𝙧𝙤𝙢𝙤𝙩𝙞𝙤𝙣 မှာ တခဲနက် လာရောက်အားပေးကြတဲ့ မိတ်ဆွေတွေကို Fullerton မိသားစုကနေ အထူ...
02/28/2025

❝ ကြိုက်သလောက်ရွေး တစ်ဝက်ပဲပေး ❞
50% 𝙤𝙛𝙛 𝙋𝙧𝙤𝙢𝙤𝙩𝙞𝙤𝙣 မှာ တခဲနက် လာရောက်အားပေးကြတဲ့ မိတ်ဆွေတွေကို Fullerton မိသားစုကနေ အထူးကျေးဇူးတင်ပါတယ် ။ ❣

❝ ကြိုက်သလောက်ရွေး တစ်ဝက်ပဲပေး ❞ promotion ဟာ Fullerton ကို အစဥ်မပြတ်အားပေးလာတဲ့ မိတ်ဆွေတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ၂၀၂၅ ခုနှစ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ပါ ။ မိတ်ဆွေအသစ်တွေအတွက်လည်း Fullerton ကို ယုံယုံကြည်ကြည်နဲ့ အားပေးနိုင်အောင်လို့ ကြိုးစားလှမ်းထားတဲ့ ခြေတစ်လှမ်းဖြစ်ပါတယ် ။ 💯

ဒီ promotion လေးကိုတော့ ဆိုင်ကို လူကိုယ်တိုင် လာရောက်ဝယ်ယူသူတွေတင် မကဘဲ Online 𝘄𝗲𝗯𝘀𝗶𝘁𝗲 က ဝယ်ယူသူတွေပါ ရရှိနိုင်မှာဖြစ်ပါတယ် ။🙆🏻

promotion ရက်ကို ( ၅ ) ရက် စီစဥ်ပေးထားတာဖြစ်လို့ promotion မှာ မပါဝင်ရသေးဘူးဆိုရင် ဆိုင်မှာ item တွေ အများကြီးမလျော့သွားခင် သွက်သွက်ကလေးဝယ်ယူလိုက်ပါ ။

အနီးနားက ကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်း Fullerton ရဲ့ ထူးရှယ်ပရိုမိုးရှင်းလေးအကြောင်းကို လက်တို့ဖို့မမေ့နဲ့နော် ။ 🤗👀





#50%off

FOOD Store

❝ ကြိုက်သလောက်ရွေး တစ်ဝက်ပဲပေး  ❞ 50% 𝙤𝙛𝙛 𝙋𝙧𝙤𝙢𝙤𝙩𝙞𝙤𝙣 ဒုတိယရက်ကို ရောက်ရှိလာပြီနော်... 🎉ဆိုင်ကို လူကိုယ်တိုင်လာရောက်ပြီးတေ...
02/28/2025

❝ ကြိုက်သလောက်ရွေး တစ်ဝက်ပဲပေး ❞
50% 𝙤𝙛𝙛 𝙋𝙧𝙤𝙢𝙤𝙩𝙞𝙤𝙣 ဒုတိယရက်ကို ရောက်ရှိလာပြီနော်... 🎉

ဆိုင်ကို လူကိုယ်တိုင်လာရောက်ပြီးတော့ရော ၊ Website ကနေ တခဲနက်ဝယ်ယူအားပေးကြတဲ့ Fullerton ရဲ့ မိတ်ဆွေတွေကို အထူးကျေးဇူးတင်ပါတယ် ။ 🙆🏻

🎯 50% 𝙤𝙛𝙛 𝙋𝙧𝙤𝙢𝙤𝙩𝙞𝙤𝙣 မှာဆိုရင် 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 မှာ instock ရှိသမျှ

- လက်ဖက်အကြော်စုံ

- ငါးပိရည်ကျို

- ငါးခြောက်အမျိုးမျိုး

- ဟင်းအနှစ်ထုပ်အမျိုးမျိုး

- ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုး

- မြန်မာအသင့်စား စားသောက်ကုန်များ

- မုန့်မျိုးစုံ

- အသားခြောက်မျိုးစုံ

- နေ့စဥ် စားသောက်ကုန်များ

- ရှမ်းမြောက်ပိုင်းရိုးရာ စားသောက်ကုန်များ ပါဝင်ပါတယ် ။

အရသာကောင်းမွန်ပြီး ယုံကြည်စိတ်ချစွာ စားသုံးနိုင်တဲ့ စားသောက်ကုန် အမျိုးအစားတွေစုံလင်တာမလို့ အကြိုက်ရွေးလို့ရတာပေါ့ ။

စိတ်ကြိုက်ရွေးထားတာတွေကိုမှ ကျသင့်ငွေ တစ်ဝက်ပဲပေးချေရမှာနော် ။ 🤗

Promotion က ငါးရက်တောင်ဖြစ်လို့ ကြိုက်တဲ့ရက်ကို ရွေးဝယ်ပါ ။ ဆိုင်မှာ 𝗜𝗻𝘀𝘁𝗼𝗰𝗸 𝗶𝘁𝗲𝗺 လေးတွေ မလျော့သွားခင် အမြန်ဝယ်ထားဖို့လိုမယ်နော် ။ 👀

နှစ်သစ်ကူး 𝗕𝗶𝗴 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 ကြီးဖြစ်လို့ ကိုယ့်ရဲ့ မိတ်ဆွေ ၊ သူငယ်ချင်းနဲ့ ချစ်ရတဲ့သူတွေကိုလည်း Sharing လုပ်ဖို့ မမေ့နဲ့နော် 🧏🏻‍♀️





#50%off

𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝘁 ရဲ့ ၂၀၂၅ခုနှစ်အတွက် ပထမဆုံးနဲ့ အကြီးမားဆုံး နှစ်သစ် 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 ❝ ကြိုက်သလောက်ရွေး တစ်ဝက်ပဲ ပေး ❞  📣𝗙𝘂𝗹𝗹𝗲𝗿𝘁...
02/27/2025

𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝘁 ရဲ့ ၂၀၂၅ခုနှစ်အတွက် ပထမဆုံးနဲ့ အကြီးမားဆုံး နှစ်သစ် 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻
❝ ကြိုက်သလောက်ရွေး တစ်ဝက်ပဲ ပေး ❞ 📣

𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝘁 က ရောင်းချပေးနေတဲ့ တစ်ဆိုင်လုံးမှာရှိတဲ့ စားသောက်ကုန်ပစ္စည်းအားလုံးကို ကြိုက်သလောက်ရွေးပြီး ကျသင့်ငွေ တစ်ဝက်ပဲပေးချေရမှာပါ ။ ဘာပဲယူယူ 50% off ဖြစ်ပါတယ် ‼

ဘာမှအထွေအထူး ခေါင်းစားနေစရာ မလိုပါဘူး။ နှစ်သက်တာရွေးပြီး Cart ထဲ ထည့်လိုက်ရုံနဲ့ Check Out လုပ်ချိန်မှာ 50% Auto လျှော့ပြီးသား ဖြစ်သွားမှာပါ။

ဒီ promotion ကိုတော့ ဆိုင်ကို လူကိုယ်တိုင် လာရောက်ဝယ်ယူသူတွေတင် မကဘဲ Online 𝘄𝗲𝗯𝘀𝗶𝘁𝗲 က ဝယ်ယူသူတွေပါ ရနိုင်တာမလို့ အမြန်ဆုံးဝယ်ယူလိုက်တော့နော် ။ 🙆🏻

Promotion စမယ့်ရက်ကတော့ ဒီနေ့ ( February 26 ) ပဲဖြစ်ပါတယ် ။ အချိန်ကတော့ မိတ်ဆွေ အခု ဒီပို့စ်ကို မြင်တဲ့အချိန်ကနေစပြီး '' ကြိုက်သလောက်ရွေး တစ်ဝက်ပဲပေး '' promotion ကို ရရှိသွားပါပြီ ။

အသိနောက်ကျလို့ promotion ကို လွဲချော်တာမျိုးမဖြစ်ရလေအောင် Promotion ရက်ကို ( ၅ ) ရက်တောင်စီစဥ်ပေးထားပါတယ် ။ အားတဲ့တစ်ရက်ရက်ကိုသာ ရွေးချယ်ပြီး စိတ်ကြိုက်လာဝယ်လိုက်နော် ။ ✨

Promotion ရက်တွေကတော့ 𝗙𝗲𝗯𝗿𝘂𝗮𝗿𝘆 𝟮𝟲 ၊ 𝟮𝟳 ၊ 𝟮𝟴 ၊ 𝗠𝗮𝗿𝗰𝗵 𝟭 ၊ 𝟮 နေ့အထိ ( ၅ ) ရက်ဆက်တိုက်ဖြစ်ပါတယ် ။

𝗕𝗶𝗴 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 ကြီးဖြစ်လို့ ကိုယ့်ရဲ့ မိတ်ဆွေ ၊ သူငယ်ချင်းနဲ့ ချစ်ရတဲ့သူတွေကိုလည်း Sharing လုပ်ဖို့ မမေ့နဲ့နော် 🧏🏻‍♀️



#50%off

FOOD Store

မြန်မာစကားပုံမှာ '' စားတတ်ရင် ဆေး ဖြစ်ပြီးတော့ မစားတတ်ရင် ဘေး '' ဆိုတဲ့အတိုင်း တည့်တဲ့အစားအစာ ၊ တွဲဖက်မစားသင့်တဲ့အစားအစာ...
02/24/2025

မြန်မာစကားပုံမှာ '' စားတတ်ရင် ဆေး ဖြစ်ပြီးတော့ မစားတတ်ရင် ဘေး '' ဆိုတဲ့အတိုင်း တည့်တဲ့အစားအစာ ၊ တွဲဖက်မစားသင့်တဲ့အစားအစာဆိုတာ ရှိတယ်နော် ။ 🧏🏻‍♀️

ဒီနေ့မှာတော့ အစားအသောက်နဲ့ပတ်သတ်တဲ့ ဗဟုသုတ ဥာဏ်စမ်းလေး ဖြေကြည့်ကြမယ် ။

🎯 မေး - ကြောင်လျှာသီးနဲ့ ငါးသေတ္တာ တွဲဖက်စားလို့ရပါသလား ။ မရရင်ရော ဘယ်လို ဆိုးကျိုးရှိနိုင်ပါလဲ ။ ( မူး ၊ အန် ၊ သေ )

ကိုယ့်မှာ အစားအသောက်ကျန်းမာရေး ဗဟုသုတ ဘယ်လောက်ရှိလဲသိရအောင် ဖြေကြည့်မယ်နော် ။

Sharing is caring မလို့ အစားအသောက်နဲ့ ပတ်သတ်တဲ့ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ ဗဟုသုတလေးတွေကို ဝေမျှပေးသွားပါဦးနော် ။

လွယ်လွယ်ကူကူ လမ်းသရဲမုန့်လုပ်စားကြရအောင် 👻တစ်ချို့အရပ်ဒေသတွေမှာတော့ ရေမုန့်လို့လည်းခေါ်ကြသေးတယ် 🤗ပါဝင်ပစ္စည်းများ- ဆန်မှ...
02/23/2025

လွယ်လွယ်ကူကူ လမ်းသရဲမုန့်လုပ်စားကြရအောင် 👻

တစ်ချို့အရပ်ဒေသတွေမှာတော့ ရေမုန့်လို့လည်းခေါ်ကြသေးတယ် 🤗

ပါဝင်ပစ္စည်းများ

- ဆန်မှုန့် ( ၂ ခွက် )
- ရေ ( ၄ ခွက် )
- ဆိုဒါ ( လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ )
- ဆား ( လက်ဖက်ရည်ဇွန်း တဝက် )

အစာပလာအတွက်ကတော့ ပမာဏရော အမျိုးအစားရော ကိုယ့်စိတ်ကြိုက်ထည့်ချင်တာတွေ ထည့်နော် ။

- ပဲပြုတ်
- ခရမ်းချဉ်သီး
- ဂေါ်ဖီ
- ငရုတ်သီးစိမ်း
- နံနံပင်
- မာဆလာ

📌 ပြုလုပ်နည်း

( ၁ ) ပထမဆုံး ပန်းကန်တစ်ခုထဲမှာ ( ဆန်မှုန့် ၊ ဆိုဒါ ) ကို သမအောင် ရောနယ်ပါ ။ ပြီးမှ ( ရေ ၊ ဆား ) တို့ကို သမအောင် ရောမွှေထားပြီး နာရီဝက်ခန့် ထားထားပေးပါ ။

( ၂ ) ပြီးမှ ဒယ် ( မကပ်အိုးထဲကို ) ဆီ စားပွဲတင်ဇွန်း ၁ဇွန်းခန့် ထည့်ပေးပါ ။

( ၃ ) ဆီပူလာရင် မီးအပူရှိန်ကို လျှော့လိုက်ပြီးမှ ဆန့်မှုန့်ရည် ( ယောက်ခွက်တစ်ဇွန်းစာ ) ထည့်ပေးပါ။

( ၄ ) ပြီးရင်တော့ ပဲပြုတ် ၊ ခရမ်းချဉ်သီး ၊ ဂေါ်ဖီ ၊ ငရုတ်သီးစိမ်း ၊ နံနံပင် ၊ မဆလာ အနည်းငယ် ဖြူးပေးပါ ။

( ၅ ) မုန့်ဘေးသားများ ကြွပ်လာတဲ့အထိ မီးအသင့်တင့်နဲ့ အဖုံးအုပ်ပြီး ကြာကြာထားပေးပါ ။

( ၆ ) မုန့်ဘေးသားဘေးတွေ ကြွပ်လာပြီဆိုရင်တော့ လမ်းသရဲမုန့်လေးကို တစ်ဝက်ခေါက်ပြီး စိတ်ကြိုက်စားလို့ရပါပြီရှင့် ။

လွယ်ကူရိုးရှင်းတဲ့ မုန့်လေးဖြစ်လို့ အိမ်မှာ လုပ်စားကြည့်နော် ။ 💯❤

#လမ်းသရဲမုန့်

#ရေမုန့်

#မုန့်လုပ်နည်း

𝗘𝗕𝗧 𝗖𝗮𝗿𝗱 နဲ့ 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝘁 မှာ စျေးဝယ်လို့ရပြီဆိုတာ သိပြီးကြပြီလား ❓မိတ်ဆွေတို့ဆီ အမြဲတမ်းအကောင်းဆုံးတွေပဲ ပေးချင်တဲ့ 𝗙...
02/22/2025

𝗘𝗕𝗧 𝗖𝗮𝗿𝗱 နဲ့ 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝘁 မှာ စျေးဝယ်လို့ရပြီဆိုတာ သိပြီးကြပြီလား ❓

မိတ်ဆွေတို့ဆီ အမြဲတမ်းအကောင်းဆုံးတွေပဲ ပေးချင်တဲ့ 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝘁 ဟာ 𝗘𝗕𝗧 𝗖𝗮𝗿𝗱 နဲ့ ငွေပေးချေလို့ရအောင်လည်း စီစဥ်ပေးထားပါတယ်။ ဆိုင်မှာ လူကိုယ်တိုင် စိတ်တိုင်းကျ လာရောက်ဝယ်ယူရင်း 𝗘𝗕𝗧 𝗖𝗮𝗿𝗱 ကို အသုံးပြုနိုင်ပါတယ်နော် ။ 💯

𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 မှာ

- လက်ဖက်အကြော်စုံ
- ငါးပိရည်ကျို
- ငါးခြောက်အမျိုးမျိုး
- ဟင်းအနှစ်ထုပ်အမျိုးမျိုး
- ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုး
- မြန်မာအသင့်စား စားသောက်ကုန်များ
- မုန့်မျိုးစုံ
- အသားခြောက်မျိုးစုံ
- နိဗ္ဗာန်ကုန်ပစ္စည်းများ
- မြန်မာဆေးဝါးများ
- နေ့စဥ် စားသောက်ကုန်များ
- ရှမ်းရိုးရာ စားသောက်ကုန်များ

သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ မြန်မာအစားအစာမျိုးစုံကို တစ်နေရာတည်းမှာ အစုံအလင် ရရှိနိုင်ပါတယ် ။

ဒါကြောင့် ဘာပဲလိုလို 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝘁 မှာ အပြေးလေး လာဝယ်လိုက်တော့နော် 🙆🏻

ထမင်းစားမြိန်စေမယ့် ဘာလချောင်ကြော် series 💯😋 ချို ၊ ချဥ် ၊ ငံ ၊ စပ် အစပ်အဟပ်လေးတည့်မှလည်း ထမင်းစားမြိန်တာနော် ။ အခုဆို က...
02/16/2025

ထမင်းစားမြိန်စေမယ့် ဘာလချောင်ကြော် series 💯😋 ချို ၊ ချဥ် ၊ ငံ ၊ စပ် အစပ်အဟပ်လေးတည့်မှလည်း ထမင်းစားမြိန်တာနော် ။
အခုဆို ကိုယ်တိုင်ကြော်လှော်စရာမလိုဘဲ အိမ်ချက်လက်ရာအတိုင်း ကျန်းမာရေးနဲ့ညီညွတ်အောင် ချက်ပြုတ်ထားတဲ့ ဘာလချောင်ကြော် series တွေ 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 မှာ ရနေပါပြီ ။ 🧏🏻‍♀️

လက်ဖက်ကလေးမှ မပါရင် ပွဲမစည်ဘူးနော် 💯မြန်မာတွေရဲ့ ရိုးရာအစားအစာထဲမှာ လက်ဖက်လည်းအပါအဝင်ပဲဖြစ်ပါတယ် ။ အလှူမင်္ဂလာတွေကစလို့ ...
02/15/2025

လက်ဖက်ကလေးမှ မပါရင် ပွဲမစည်ဘူးနော် 💯

မြန်မာတွေရဲ့ ရိုးရာအစားအစာထဲမှာ လက်ဖက်လည်းအပါအဝင်ပဲဖြစ်ပါတယ် ။ အလှူမင်္ဂလာတွေကစလို့ တခြားသော ဘယ်ပွဲမျိုးမှာမဆို လက်ဖက်နဲ့ ရေနွေးကြမ်းကို မပါမဖြစ်ဆိုသလို ဧည့်ခံကြပါတယ် ။ ဘယ်နေရာရောက်ရောက် လက်ဖက်မပါရင် ပွဲမစည်ဘူးပေါ့ရှင် ။

နေ့လည်နေ့ခင်း ရေနွေးကြမ်းလေးသောက်ရင်း လက်ဖက်နဲ့ပဲခြမ်းသုပ်လေး စားမလား ။ ဧည့်သည်မိတ်ဆွေကိုပဲ ဧည့်ခံဦးမလား ။ လက်ဖက်သုပ်ကလေးနဲ့မှ ထမင်းစားမြိန်လို့ ထမင်းနဲ့ပဲတွဲစားဦးမလား ။ လက်ဖက်ဆိုတာ မြန်မာတို့ရဲ့ Signature တစ်ခုပဲနော် ။

ကဲ...US ရောက်လည်း အလွမ်းဆုံးကတော့ မြန်မာ လက်ဖက်ပါပဲဆိုတဲ့သူတွေအတွက် 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝘁 မှာ လက်ဖက်သား ၊ အသင့်စား လက်ဖက်တံဆိပ်မျိုးစုံနဲ့ ၊ ပဲအကြော်စုံမျိုးစုံကို စုံစုံလင်လင်ရရှိနိုင်ပါပြီရှင် ။

◾ပွဲတော်အုပ် လက်ဖက်နှင့် ပဲကြော်စုံ
◾H & H လက်ဖက်ချဥ်စပ်နှပ်
◾ဖောင်းစိန် လက်ဖက်
◾မတုတ်မ ရှယ်လက်ဖက်ထောင်းနှပ်
◾ယုဇန လက်ဖက်
◾ရှမ်းရွှေတောင် လက်ဖက်

◽ပွဲတော်အုပ် ပဲကြော်စုံ
◽ရှမ်းရွှေတောင် ပဲကြော်စုံ
◽H & H စစ်ကိုင်းပဲရေပွကြော်
◽ဝင်းဝင်း နှစ်ပြန်ကြော်
◽ပွင့်ဖြူ မြေပဲကြော်
◽အခြားပဲကြော်စုံများ

တံဆိပ်တစ်မျိုးချင်းစီရဲ့ အသင့်စား လက်ဖက်အချိုနှပ် ၊ ချဥ်စပ် ၊ အစိမ့် ၊ အညွန့်နှပ် ၊ လက်ဖက်ထောင်း ၊ လက်ဖက်သား အစုံကိုရရှိနိုင်ပါတယ် ။

𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝘁 မှာ မြန်မာလက်ရာစစ်စစ် အစားအသောက်မျိုးစုံကိုရရှိနိုင်တာမလို့ လူကိုယ်တိုင်ဖြစ်စေ ၊ '' 𝑯𝒆𝒍𝒍𝒐 '' တစ်ချက်နဲ့ဖြစ်စေ အရောက်လှမ်းခဲ့လိုက်ပါနော် ။

https://myanmarproducts.us





#လက်ဖက်အကြော်စုံ

𝗨𝗦 က မိတ်ဆွေတို့အတွက် 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 🏪Fullerton Market ဟာ မြန်မာအစားအစာ အမျိုးအစားအစုံအလင်နဲ့ အသုံးအဆောင်အမျိုးမျိုးကိ...
02/14/2025

𝗨𝗦 က မိတ်ဆွေတို့အတွက် 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 🏪

Fullerton Market ဟာ မြန်မာအစားအစာ အမျိုးအစားအစုံအလင်နဲ့ အသုံးအဆောင်အမျိုးမျိုးကို instock ရောင်းချပေးနေတဲ့ 𝗔𝗺𝗲𝗿𝗶𝗰𝗮 က 𝗖𝗼𝗻𝘃𝗲𝗻𝗶𝗲𝗻𝗰𝗲 𝗦𝘁𝗼𝗿𝗲 ပဲဖြစ်ပါတယ်။

US က Customer တွေနဲ့ Fullerton ကြားမှာ အရင်တည်းက စစ်မှန်ပြီး သန့်ရှင်းကောင်းမွန်တဲ့ စားသောက်ကုန်တွေ ၊ ပြည့်စုံတဲ့ဝန်ဆောင်မှုတွေက ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုဖြစ်အောင် အကောင်းဆုံးပံ့ပိုးပေးထားပါတယ်။ 💯

အရည်အသွေးပိုင်းဆိုင်ရာမှာတော့ ပြစ်ချက်မရှိတဲ့ မင်မင်တို့ရဲ့ Fullerton Market ကို စားသုံးဖူးသူတွေအနေနဲ့လည်း ဆက်လက်အားပေးရင်း၊ မိတ်ဆွေအသစ်တွေအနေနဲ့လည်း လာရောက်အားပေးကြည့်ပါ။ 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 က အမြဲကြိုဆိုပါတယ်ရှင်။

𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 မှာ

- လက်ဖက်အကြော်စုံ
- ငါးပိရည်ကျို
- ငါးခြောက်အမျိုးမျိုး
- ဟင်းအနှစ်ထုပ်အမျိုးမျိုး
- ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုး
- မြန်မာအသင့်စား စားသောက်ကုန်များ
- မုန့်မျိုးစုံ
- အသားခြောက်မျိုးစုံ
- နိဗ္ဗာန်ကုန်ပစ္စည်းအမျိုးမျိုး
- မြန်မာဆေးဝါးများ
- နေ့စဥ် စားသောက်ကုန်များ
- ရှမ်းမြောက်ပိုင်းရိုးရာ စားသောက်ကုန်များ

သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ကုန်အမျိုးအစားအစုံအလင်ကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။

မိတ်ဆွေတို့လိုအပ်သမျှကို 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 မှာ ရရှိနိုင်တာမလို့ အရောက်လာဖို့ပဲလိုပါတယ်ရှင်။

အချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာ မင်မင်တို့ 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 က လန်းဆန်းတက်ကြွမှုတွေနဲ့ အတူ ပြန်လာပါပြီ။ ✨

📍 𝗢𝗻𝗹𝗶𝗻𝗲 မှာရော အပြင်မှာပါ ကောင်းမွန်ပြည့်စုံတဲ့ ဝန်ဆောင်မှုတွေနဲ့ အတူရှိနေမှာမလို့ ဘာပဲလိုလို 𝗙𝘂𝗹𝗹𝗲𝗿𝘁𝗼𝗻 𝗠𝗮𝗿𝗸𝗲𝘁 ကို သတိရလိုက်နော်။







R Zarni One Man Show Ticket တွေအားပေးကြပါဦးဗျို့  ကျောင်းသားတွေအတွက်လဲ ကျောင်းသားကဒ်ပြရင် Discount ရှိတာမို့  ဝယ်ယူအားပေ...
10/28/2024

R Zarni One Man Show Ticket
တွေအားပေးကြပါဦးဗျို့

ကျောင်းသားတွေအတွက်လဲ ကျောင်းသားကဒ်ပြရင် Discount ရှိတာမို့ ဝယ်ယူအားပေးချင်တယ်ဆိုရင် CB ကနေဆက်သွယ်လို့ရပါတယ် ကျေးဇူးပါရှင့်

10/25/2024
11/03/2023

Address

575 S Euclid Street
Fullerton, CA
92832

Opening Hours

Monday 9am - 9pm
Tuesday 9am - 9pm
Wednesday 9am - 9pm
Thursday 9am - 9pm
Friday 9am - 9pm
Saturday 9am - 9pm
Sunday 9am - 9pm

Telephone

+17145193271

Alerts

Be the first to know and let us send you an email when Fullerton Market posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fullerton Market:

Share