Revolution Power Banks

Revolution Power Banks ထောက်ကူများအလေလွင့်မရှိစေရန်နှင့်?

05/01/2023

အခက်အခဲ အသက်ဘေးတွေ ကြားထဲကနေ တော်လှန်ရေးရဲ့ Power Banks လေးတို့ပြန်လာပါပြီ။ ထောက်ပို့ခြင်းလုပ်ငန်းစဉ်တွေကို စွမ်းစွမ်းတမံ ပြန်လည်လုပ်ဆောင်သွားဖို့ ခွန်အားအပြည့်နဲ့ အားဖြည့်လုပ်ဆောင်ကြမယ်။

RBP Team

12/11/2022

အကြည်တော် မကွယ်လွန်ခင်က
အကြည်တော် ဆုံးပြီဆိုပြီး
စဖွတဲ့ မအလကို မြေလှန်ရှာချင်တယ်။

😡

ဖိုးလပြည့်ရာ 😎😎
05/11/2022

ဖိုးလပြည့်ရာ 😎😎

01/11/2022

🙏 မိုးကုတ် 🙏

ဘေးရန်အပေါင်းကင်းပါစေ။

31/10/2022

ကျွန်တော်တို့ Team က Admin တစ်ဦး အသတ်ခံရပါတယ်။ အကြောင်းအရာကတော့ ပျူတွေ လက်ချက်ဆိုတာ အတိအကျ သတင်းရထားပါတယ်။ 😪😪💔💔

(Edited Version) မိုးမောက်၊ လုံဂျာဘွမ်တိုက်ပွဲတွင် KIA ၊ PDF တပ်များ၏ တိုက်ခိုက်မှုကြောင့်  စစ်တပ်ဘက်မှ ၈၁ ဦးသေဆုံးရန်ကု...
30/10/2022

(Edited Version)
မိုးမောက်၊ လုံဂျာဘွမ်တိုက်ပွဲတွင် KIA ၊ PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၈၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၀

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လုံဂျာဘွမ်တောင်တွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များအကြား ယမန်နေ့က တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၈၁ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

အောက်တိုဘာ ၂၉ ရက်နေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုနှင့် ထိခိုက်မှု များလွန်းသဖြင့် တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေပြီး မြို့ထဲသို့ စစ်တပ်က ပစ်ခတ်သော လက် နက်ကြီး ကျည်ကျရောက်၍ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

"စစ်ခွေးတွေဘက်က အနည်းဆုံး ၈၁ ဦး သေဆုံးတယ်လို့ အတည်ပြုပါတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းကတည်းက စစ်တပ်က တိုက် လေ ယာဉ်များဖြင့် လုံဂျာတောင်ကို တိုက် လေယာဉ်များ အဆက်မပြတ်ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် တစ်နေ့လုံး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ KIA၊ PDF တပ်များက စစ်ကောင်စီတပ်များ၏ ထိုးစစ်ကို ခုခံနေပြီး စစ်တပ်ဘက်က သေဆုံးမှုများနေသဖြင့် ထိုသို့ လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

"စစ်ခွေးတွေ Airstrike လာပစ်တာ ၁၀ လုံးကျော်တယ်။ စစ်ခွေးတွေအရမ်းအထိနာနေတော့လာပစ်တာ။အခုထိလုံဂျာတောင်ကိုမရတော့မိုးမောက်မြို့ထဲကိုလက်နက်ကြီးရမ်းပစ်တာ။ စစ်ခွေးတွေစစ်ကြောင်းပြုတ်သွား‌ တယ်လို့ သိရတယ်။ ဂျက်ဖိုက်တာနဲ့ ပစ်တာ။ လက်နက်ကြီးက မိုးမောက်မြို့ခါနန်ရပ်ကွက်မှာကျတာမှာ အမျိုးသမီးတစ် ယောက်ထိတယ်၊ ဒဏ်ရာရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး မိုးမောက်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခလရ ၄၃၇ က လက်နက်ကြီးများဖြင့် လုံဂျာတောင်ကျောပေါ်သို့ အဆက်မပြတ်ပစ်နေခဲ့ကြောင်း၊ တိုက် လေယာဥ်များဖြင့်လည်း နေ့တိုင်း ဗုံးကျလျက်ရှိကြောင်း ၊ မိုးမောက်မြို့နယ်တွင် စစ်တပ်နှင့် KIA၊ PDF ပူးပေါင်း တပ်များအကြား တိုက်ပွဲများပြင်းထန်နေပြီး အောက်တိုဘာလ ၂၂ ရက်နေ့ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ လုံဂျာဘွမ်တောင်တိုက်ပွဲတွင် သေဆုံးနေသော အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။

Photo Supported by KIA

28/10/2022

Project Fail တော့မယ် ဒီတိုင်းဆို Target ပြည့်ဖို့မလွယ်တော့ဘူး။ Admin တို့ကို ဝိုင်းပြီး ကူပေးကြပါအုံးနော် ။ 🙏🙏🙏😪😪😪
👇👇👇

❣️❣️❣️💪💪💪
27/10/2022

❣️❣️❣️💪💪💪

26/10/2022

Project က Funding 2သောင်းကျော်ပဲရပါသေးတယ်။ Admin တို့ စိတ်ဓါတ်တွေကျနေရတယ်။
😪😪😪👇👇

"သတင်းကောင်းဗျို့"ကော့ကရိတ် သတင်းကောင်းတွေရှိပါတယ်။ မကြာမီ အသိပေးပါမယ်။ Admin တို့ရဲ့ Project ကို Target ပြည့်မှီအောင် အ...
25/10/2022

"သတင်းကောင်းဗျို့"

ကော့ကရိတ် သတင်းကောင်းတွေ
ရှိပါတယ်။ မကြာမီ အသိပေးပါမယ်။
Admin တို့ရဲ့ Project ကို Target ပြည့်မှီအောင်
အမြန်ကူပေးကြပါအုံးနော်။https://m.facebook.com/story.php?story_fbid=139142718868836&id=100083193253915

ကော့ကရိတ်သူရဲကောင်းတွေဆီသို့ အရမ်းအသုံးဝင်တဲ့ တိုက်ပွဲဝင် ကိရိယာတစ်ခု ထောက်ပံ့ပေးနိုင်ဖို့ စုရုံးပါဝင်ပေးကြပါ။ လူဦးရေ (၃၀၀) ကသာ တစ်‌ဦးကို (၁)သောင်းကျပ် ဖြင့်ပါဝင်ပေးရမှာဖြစ်ပါတယ်။ ပါဝင်ပေးသူ အယောက်(၃၀၀)ကို တော်လှန်ရေးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလက်ဆောင်တစ်ခုစီ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ အရေးကြီးပြီမို့ သွေးနီးကြောင်း သွေးမအေးကြောင်းပြသနိုင်ဖို့ Target အမြန်ဆုံးပြည့်မှီအောင်ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
စိတ်နာလား ကူပါ။ ခံပြင်းလား ကူပါ။ ဝမ်းနည်းနာကြည်းနေရလား ကူပါ။ ရန်သူထက် ပိုပြတ်သားရမယ့်အချိန်ကျပြီ။ Admin တို့ CB ကနေ နွေးထွေးစွာ ကြိုဆိုနေပါပြီ။

RPB Funding Team

Admin တို့ဆီ နှစ်ဦးသာ လာရောက် ကူပါသေးတယ်။ ဝိုင်းဝန်းကူပေးကြပါအုံးလို့ မေတ္တာရပ်ခံ အပ်ပါတယ်။
25/10/2022

Admin တို့ဆီ နှစ်ဦးသာ လာရောက် ကူပါသေးတယ်။ ဝိုင်းဝန်းကူပေးကြပါအုံးလို့ မေတ္တာရပ်ခံ အပ်ပါတယ်။

ကော့ကရိတ်သူရဲကောင်းတွေဆီသို့ အရမ်းအသုံးဝင်တဲ့ တိုက်ပွဲဝင် ကိရိယာတစ်ခု ထောက်ပံ့ပေးနိုင်ဖို့ စုရုံးပါဝင်ပေးကြပါ။ လူဦးရေ (၃၀၀) ကသာ တစ်‌ဦးကို (၁)သောင်းကျပ် ဖြင့်ပါဝင်ပေးရမှာဖြစ်ပါတယ်။ ပါဝင်ပေးသူ အယောက်(၃၀၀)ကို တော်လှန်ရေးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလက်ဆောင်တစ်ခုစီ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ အရေးကြီးပြီမို့ သွေးနီးကြောင်း သွေးမအေးကြောင်းပြသနိုင်ဖို့ Target အမြန်ဆုံးပြည့်မှီအောင်ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
စိတ်နာလား ကူပါ။ ခံပြင်းလား ကူပါ။ ဝမ်းနည်းနာကြည်းနေရလား ကူပါ။ ရန်သူထက် ပိုပြတ်သားရမယ့်အချိန်ကျပြီ။ Admin တို့ CB ကနေ နွေးထွေးစွာ ကြိုဆိုနေပါပြီ။

RPB Funding Team

ကော့ကရိတ်သူရဲကောင်းတွေဆီသို့ အရမ်းအသုံးဝင်တဲ့ တိုက်ပွဲဝင် ကိရိယာတစ်ခု ထောက်ပံ့ပေးနိုင်ဖို့ စုရုံးပါဝင်ပေးကြပါ။ လူဦးရေ (၃...
24/10/2022

ကော့ကရိတ်သူရဲကောင်းတွေဆီသို့ အရမ်းအသုံးဝင်တဲ့ တိုက်ပွဲဝင် ကိရိယာတစ်ခု ထောက်ပံ့ပေးနိုင်ဖို့ စုရုံးပါဝင်ပေးကြပါ။ လူဦးရေ (၃၀၀) ကသာ တစ်‌ဦးကို (၁)သောင်းကျပ် ဖြင့်ပါဝင်ပေးရမှာဖြစ်ပါတယ်။ ပါဝင်ပေးသူ အယောက်(၃၀၀)ကို တော်လှန်ရေးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလက်ဆောင်တစ်ခုစီ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ အရေးကြီးပြီမို့ သွေးနီးကြောင်း သွေးမအေးကြောင်းပြသနိုင်ဖို့ Target အမြန်ဆုံးပြည့်မှီအောင်ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
စိတ်နာလား ကူပါ။ ခံပြင်းလား ကူပါ။ ဝမ်းနည်းနာကြည်းနေရလား ကူပါ။ ရန်သူထက် ပိုပြတ်သားရမယ့်အချိန်ကျပြီ။ Admin တို့ CB ကနေ နွေးထွေးစွာ ကြိုဆိုနေပါပြီ။

RPB Funding Team

24/10/2022

ရန်သူက သူ့အလုပ်သူလုပ်တယ်
ကိုယ်တွေလဲ မျောမနေကြနဲ့တော့
လှူစရာလှူ
ကူစရာကူ
ကလစ်စရာကလစ်

24/10/2022

ဖားကန့်လေယာဉ်ဖြင့် ဗုံးကြဲခံရပြီးနောက် မြင်ကွင်း
😪😪💔💔

23/10/2022

ကော့ကရိတ် လက်ရှိ
ပွဲကြမ်းနေပါတယ်။

💔ကော့ကရိတ်မြို့တိုက်ပွဲတွင် နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သည်။
22/10/2022

💔
ကော့ကရိတ်မြို့တိုက်ပွဲတွင် နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သည်။

စကစဘက်က အင်အားအလုံးအရင်းနဲ့ပြန်လုံးနေလို့ အခြေအနေ ပြန်တင်းမာနေပါတယ်။
22/10/2022

စကစဘက်က အင်အားအလုံးအရင်းနဲ့
ပြန်လုံးနေလို့ အခြေအနေ
ပြန်တင်းမာနေပါတယ်။

22/10/2022

ကော့ကရိတ်မြို့ စကစရဲ့
အုပ်ချုပ်ရေးယန္တရား
ပျက်သွားပါပြီ။
မြို့ကို သိမ်းယူတဲ့အဆင့်တော့
မဟုတ်သေးပါ။ ပူပေါင်းအဖွဲ့တွေ
အကျဆုံးမရှိပါ လက်ရှိချိန်အထိ။

သတင်းတွေကို s*x doll caseနဲ့
Currency case တွေက ဖုံးနေလို့
Share ပေးခြင်းဖြင့် ကူညီပါ။

22/10/2022

⛔ငွေကြေး⛔
USD 1$ - 3700 MMK ✅
Thai Baht 1B - 72.5 MMK ✅

6000 MMK ❎, 9 MMK ❎ဆိုတာ
အထိတ်တလန့်ဖြစ်အောင်
မသမာသူတစ်စု လှန့်နေတာပါ။

21/10/2022

⛔ရန်သူ့သတင်း⛔

ကော့ကရိတ်ကို
BGF အင်အား ၃၀၀ ခန့်
အရေးပေါ်အခြေအနေ ပုံစံနဲ့
ထပ်မံ ဝင်ရောက်လာပါတယ်။

21/10/2022

⛔ကော့ကရိတ်⛔

လေကြောင်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ
သေဆုံး - (၄)ဦး
ထိခိုက် - ( ၄၈) ဦး
ဆက်လက် ကယ်ထုတ်ကူညီဆဲ
4:50PM

21/10/2022

⛔ ကော့ကရိတ် ⛔

လေကြောင်းပစ်ခတ်တိုက်ခိုက်မှူကြောင့် ထိခိုက်ဒဏ်ရာရထားသည့် ပြည်သူများထဲမှ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ထိခိုက်လူနာ (၄၈) ဦးအား ကယ်ဆယ် ကူညီပေးပြီးကြောင်းနှင့် ထပ်မံသယ်ထုတ်ကူညီနေကြောင်း အသိပေးပါသည်။
21.10.2022(4:16PM)

21/10/2022

ကျွန်တော်တို့ Team က Admin တစ်ဦးက လက်ရှိ ကော့ကရိတ်မှာ ရှိနေပါတယ်။ အခြေအနေတွေကို ရမ်းသမ်းပြီး အာမချောင်ကြဖို့ ဦးစွာ တောင်းဆိုပါတယ်။ အခြေအနေအမှန်များကို မကြာမီချပြပေးသွားပါမယ်။

28/09/2022

ထင်ပေါ်ကျော်ကြားမှု မရှိသေးတဲ့ တော်လှန်ရေးအဖွဲ့ငယ်တွေရဲ့ ပွဲကထားတဲ့ တိုက်ပွဲVideo ရုပ်သံဖိုင်‌တွေကို ဈေးကောင်းပေးဝယ်ယူကြပြီး ဗန်းပြလိမ်လည်သူတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ကျွန်ုပ်တို့အဖွဲ့သားများမှ သတင်းမှန် ဟုတ်/မဟုတ် စုံစမ်းပြီးမှ ပြန်လည်ချပြပေးသွားဖြစ်ကြောင်း အသိပေးအပ်ပါသည်။

RPB Team.

27/09/2022

တော်လှန်ရေးရဲ့ Power Banks လေးတို့ ပြန်လာပါပြီ။

တော်လှန်ရေးအပေါ် အမြတ်ထုတ်ခြင်း၊ခုတုံးလုပ်ခြင်း ၊ ဗန်းပြလိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်းများကို စိစစ်ဖော်ထုတ်ပြီး Public သို့ ချပြကာ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရေးအတွက်
တာဝန်သိပြည်သူများရဲ့ အကူအညီများဖြင့် ရှေ့ဆက်ပြီး တာဝန်ထမ်းဆောင်သွားပါမည်။

Like & Share လုပ်ခြင်းဖြင့်လည်း ကူညီနိုင်ပါသည်။

RPB Team.

16/06/2022

ဆိုင်ကယ်ခိုးတာဖမ်းမိလို့တဲ့ ....... 😳😳😳

RPB Team
Crd Video.

မကောင်းရင် ပြောင်း 🥶🥶တွင်းဟောင်းရေကြည် 😅
05/06/2022

မကောင်းရင် ပြောင်း 🥶🥶
တွင်းဟောင်းရေကြည် 😅

လေးစားလွန်းလို့ပါ အဖွားရေ ............ ❣️သေချာတယ် ..... ဒီပွဲမှာ နိုင်ကိုနိုင်ရမယ် 💪💪💪Photo credit.
04/06/2022

လေးစားလွန်းလို့ပါ အဖွားရေ ............ ❣️
သေချာတယ် ..... ဒီပွဲမှာ နိုင်ကိုနိုင်ရမယ် 💪💪💪

Photo credit.

04/06/2022

CDM သူရဲကောင်းများသို့ ထောက်ပံ့ပေးခြင်း (1)

ရန်ကုန်တိုင်းဒေသကြီးမှ (၁၈)ဦး
မန္တလေးတိုင်းဒေသကြီးမှ (၃၂)ဦး
စစ်ကိုင်းတိုင်းဒေသကြီးမှ (၈)ဦး
မကွေးတိုင်းဒေသကြီးမှ(၅)ဦး
ဧရာဝတီတိုင်းဒေသကြီးမှ (၇)ဦး
ကချင်ပြည်နယ်မှ (၁၀)ဦး

စသည့် ဌာနအသီးသီးမှ CDM ဝန်ထမ်း (၈၀)ဦးတို့အား တစ်ဦးလျှင် (၅)သောင်းကျပ်နှုန်းထားဖြင့် ကျပ်သိန်း(၄၀)အား ၄/၆/၂၀၂၂ တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
(မှတ်ချက်။ လုံခြုံရေးအရ မှတ်တမ်းများအား ခေတ္တထိန်းသိမ်းထားရှိကြောင်းပါ။)

RPB CDM Supporter Team .

20/05/2022

# # #မုန်တိုင်းအန္တရာယ်အထူးသတိပေးချက် # # #

မွန်ပြည်နယ်၊မော်လမြိုင်မြို့ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဝင်ရောက်ပါတော့မယ်။ ခန့်မှန်းချိန် (၆)နာရီအတွင်းမှာ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန်အရ ယနေ့ည (၁၁:၁၅)ချိန်ခန့် ဖြစ်နိုင်ပါတယ်။ မုန်တိုင်းအန္တရာယ်အထူးသတိပေးချက်အား မိမိမှတဆင့် အများသိရှိအောင် ဖြန့်ဝေခြင်းဖြင့် ကူညီပါ။

RPB Team

 # #“ထူးဆန်းသည့်အ‌ရေပြား ရောဂါသစ်" # #ယမန်နေ့ ၁၉ရက် ၅လ ၂၀၂၂ သတင်းအသစ် ဒီရောဂါအသစ်အဆန်းကို နောက်ထပ်ကူးစက်ခံရသူ ၄၀ကျော် ရှ...
20/05/2022

# #“ထူးဆန်းသည့်အ‌ရေပြား ရောဂါသစ်" # #

ယမန်နေ့ ၁၉ရက် ၅လ ၂၀၂၂ သတင်းအသစ်
ဒီရောဂါအသစ်အဆန်းကို နောက်ထပ်ကူးစက်ခံရသူ ၄၀ကျော် ရှိလာပါပြီ

UKမှာ နောက်ထပ် ပိုးတွေ့လူနာ ၉ဦး
ကနေဒါမှာ သံသယရှိသူ ၁၃ဦး
စပိန်မှာ အတည်ပြုလူနာ ၈ဦး နှင့်
သံသယရှိသူ ၂၃ဦးတို့ပဲ ဖြစ်ပါတယ်။

ယူကေမှာကူးစက်ခံထားရတဲ့ ပိုးတွေ့လူနာတွေကတော့
လိင်တူဆက်ဆံသူတွေဖြစ်ပီး

စပိန်မှာ ဖြစ်ရပ်အားလုံးဟာအမျိုးသားတွေနဲ့ သက်ဆိုင်ပီးအများစုကတော့ တခြားအမျိုးသားတွေနဲ့
လိင်ဆက်ဆံထားဖူးတဲ့ Gayတွေပဲ ဖြစ်တယ်

ဒါမဲ့ကူးစက်ခံထားရတာ အမျိုးသားတွေပဲမဟုတ်ပါဘူးအမျိုးသမီးတွေလဲ ပါဝင်ပါတယ်။

ပုံမှန်ဖြစ်နေကျ ဒီပိုးဟာ တခြားအသေးစားပိုးတွေနဲ့မတူပဲ မျောက်ပိုးဟာ အများသောအားဖြင့်
ဖောင်းနေတဲ့ ပူပေါင်းလေးတွေလို ဖြစ်တတ်ပါတယ်

အဲဒီပိုးဟာ မျက်နှာအဖုတခုပေါက်လာပီး
ကိုယ်ခန္ဓာရဲ့တခြားနေရာဖြစ်တဲ့
လက်နဲ့ခြေထောက်တွေဆီ ပျံ့နှံ့သွားပါတယ်။

RPB Team.

PDF တွေရဲ့ ငွေကို သိန်းရာချီ လိမ်သွားတဲ့ အမျိုးသမီးမေ ၁၆၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးဒေသအခြေစိုက် One Star Task Fo...
16/05/2022

PDF တွေရဲ့ ငွေကို သိန်းရာချီ လိမ်သွားတဲ့ အမျိုးသမီး

မေ ၁၆၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးဒေသအခြေစိုက် One Star Task Force ကို တော်လှန်ရေးအတွက် အသုံးပြုရန် ပြည်သူတွေရဲ့ လှူဒါန်းငွေ ၁၈၅ သိန်းကို ရာခိုင်နှုန်းပေးစရာမလိုဘဲ အခမဲ့ ထုတ်ပေးမယ်ဟုဆိုကာ မဇင်မာထွန်းက လိမ်လည် ရယူသွားခဲ့ပါတယ်။ လပေါင်းများစွာကြာအောင် တောင်းခံသော်လည်း ယနေ့အထိ တစ်ပြားတစ်ချပ်မှ ပြန်လည် ပေးအပ်ချင်းမရှိတာကြောင့် သူတို့ရဲ့ လူမှုကွန်ယက်မှာ ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်လာပါတယ်။ အဲဒီဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ဖို့အတွက် One Star Task Force ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး ။ ။ အစ်ကိုတို့အဖွဲ့ရဲ့ အလိမ်ခံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါဦး
ဖြေ။ ၂၀၂၂ ဖေဖော်ဝါရီလ ၂၂ ရက် မှာစပြီး လိမ်ခံရတယ်။ ပြန်ရဖို့အလားအလာကတော့မရှိပါဘူး။ အခုကတော့ကျွန်တော်တို့ကို အဆက်အသွယ်ဖြတ်ထားပါတယ်။ အဆက်အသွယ်ဖြတ်ခံရတာကတော့ ကျွန်တော်တို့ Page မှာ စာတင်လိုက်ကတည်းကပဲ။ လိမ်တယ်လို့စသိထဲကနေ နှစ်လလောက်အထိ အဆက်အသွယ်ရသေးတယ်။

မေး။ သူက ဘယ်လို ပုံစံမျိုးနဲ့ လိမ်သွားတာလဲ။
ဖြေ။ ။ သူလိမ်တဲ့ပုံစံက ပိုက်ဆံကိုမပေးဘူးမပြောဘူး။ ပေးမှာ ဆိုပြီး ကတိမတည်တဲ့ပုံစံနဲ့ကိုလိမ်တာ။ မှတ်မှတ်ရရ ၂၂ရက် နေ့ည ၇နာရီလောက်မှာ လွှဲလိုက်တယ်။ နောက်နေ့၁၂နာရီလောက်မှာ ပိုက်ဆံက ရောက်မလာဘူး။ အဲဒီတော့ ၂၃ရက်နေ့ညမှာ ဖုန်းဆက်လိုက်တယ်။ အစ်မဘာဖြစ်လို့လဲ မေးတော့။ ဂျမ့်ဖြစ်သွားလို့ပါတဲ။ ကျွန်တော်နောက်ရက်စောင့်မယ်ပြောတယ်။ နောက်ရက်လဲရောက်မလာဘူး။ နေ့တိုင်းဗျာ အဲဒီလိုနဲ့လိမ်ခဲ့တာနှစ်ပတ်လောက်ကြာတယ်။

မေး။ အဲဒီလို လိမ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လို အခက်အခဲတွေ ကြုံရတာလဲ။ ဘာတွေ ဆက်ဖြစ်သေးလဲ။
ဖြေ။ ။ကိုယ့်ငွေပါသွားတာမဟုတ်ဘူးဗျာ ပြည်သူတွေလှူထားတဲ့ငွေကိုအကျိုးရှိရှိသုံးချင်တာပေါ့ သူ့ဆီက ပိုက်ဆံရောက်မလာ၊ ရောက်မလာနဲ့နေ့တိုင်းစောင့်ခဲ့ရတာဗျာ။ တော်လှန်ရေးလည်းကောင်းကောင်းမလုပ်ရဘူး ညတွေလည်း မအိပ်ရဘူး။ အချိန်ကိုတိတိကျကျချိန်းတယ်။ တစ်ခါတစ်လေ မနက်လေးနာရီ ငါးနာရီလောက် ထဲကနေ ထစောင့်နေရတာတွေရှိတယ်။ တစ်ခါတလေလည်း ည၁၁နာရီ၊ ၁၂နာရီထိစောင့်နေရတာတွေရှိတယ်။

မေး။ ။ အဲဒီတော့ အစ်ကိုတို့ ဘယ်လို ဆက်လုပ်လဲ။
ဖြေ။ ။ ရန်ကုန်ထိဆင်းပြီး ပိုက်ဆံကိုတောင်းမှရတော့မယ်။ ရိက္ခာကလည်းပြတ်သွားပြီ အဆင်မပြေတော့ဘူးဆိုပြီး ကျွန်တော်ရန်ကုန်ကို ပိုက်ဆံတောင်းဖို့အတွက် လူငါးယောက်လွှတ်လိုက်တယ်။ ရန်ကုန်မလွှတ်ခင် သူကပြောတယ်။ အဲဒီငွေတွေကို သူကတဆင့်လိမ်ခံထိတယ်လို့ ပြောတယ်။ အစ်မကို လိမ်သွားတဲ့သူတွေကို ကျွန်တော်တို့ကိုပြပေးပါလို့ ပြောတော့ ပထမတော့ ကျွန်တော်တို့ကို အစ်မကြီး တစ်ယောက်ကိုပြတယ်။ ကျွန်တော့်လူတွေကသွားမေးတော့ အဲဒီအစ်မကြီးက မဟုတ်ပါဘူးလို့ ပြန်ပြောလိုက်ပြန်တယ်။ လိမ်သွားတဲ့ကောင်မလေးက ခုနကတစ်ယောက်မဟုတ်ဘူး ရုံးကတစ်ယောက်လိမ်သွားတယ်ဆိုပြီး ထပ်ပြောတယ်။ အဲဒီလိမ်သွားတဲ့သူနဲ့ ချိန်းပေးပြောတော့ မနက်ဖန်ချိန်းပေးမယ်လို့ပြောပြန်တယ်။ ကျွန်တော်တို့ကစောင့်ခဲ့တယ် ပေါ်မလာပြန်ဘူး။

မေး။ ။ ရုံးကတစ်ယောက်လိမ်သွားတယ်ဆိုတော့ အစ်ကိုတို့ ရုံးကို လိုက်သွားသေးလား။ ဘယ်လို ဆက်ဖြစ်လဲ။
ဖြေ။ ။ ကျွန်တော်တို့က အစပိုင်း သူ့ရုံးကိုမသွားဘူး သူ့ရုံးကသူတွေသိမှာစိုးလို့ အပြင်မှာဘဲစောင့်နေကြတယ် ဒါပေမဲ့ သူရော သူ့ကိုလိမ်သွားတဲ့သူတွေဆိုတဲ့သူတွေရော ပေါ်မလာဘူး။ အဲဒါနဲ့ မထူးဘူးဆိုပြီး သူ့ရုံးကိုလိုက်သွားတော့ HR manager ကိုအကျိုးအကြောင်းပြောပြလိုက်တယ်။ သူဘယ်လို လိမ်ခဲ့တာလည်းဆိုတာ သူက သူ့ရုံးကို ကျွန်တော်တို့ လိုက်သွားမယ်ဆိုတာ သိပုံရတယ်။ HRမန်နေဂျာကို ကျွန်တော်တို့မရောက်ခင်ညက သူက ကြိုဖုန်းဆက်တယ်။ သူအလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီက သူဌေးက သူ့ပိုက်ဆံတွေယူပြီး ခရီးထွက်သွားပါတယ်လို့ ပြောပေးပါဆိုပြီး မန်နေဂျာကိုပြောခိုင်းတယ်။ ကျွန်တော်တို့ ရုံးကို ရောက်သွားတဲ့အချိန်” မန်နေဂျာက သူ့ကိုအမှန်တရားကိုဘဲပြောပါ ရိုးသားပါလို့ပဲ ပြန်ပြောလိုက်တယ်လို့” ပြန်ပြောပြတယ်။ သူက အဲဒါကို ဝန်မခံနိုင်ဘူး။ အဲဒါကြောင့် မန်နေဂျာကဒေါသထွက်သွားတယ်။ ဆက်လိုက်ကြည့်တော့ သူကသူ့ရုံးမှာလည်း ငွေတွေလိမ်ထားတယ်လို့ သိရသေးတယ်။ သူ့ရုံးက သူ့ကို မရိုးသားမှုနဲ့ အလုပ်ထုတ်လိုက်တယ် ပြောတယ်။

မေး။ သူ့မိဘတွေကိုရော မဆက်သွယ်ဘူးလား။ သူ့မိဘတွေကရော အစ်ကိုတို့ကို ဘာမှ မပြောဘူးလား။
ဖြေ။ သူ့အိမ်ကို အသိပေးလိုက်တယ် သူ့ကိုဘာမှမလုပ်ချင်ဘူးဗျာ။ ပြည်သူလှူတဲ့ အလှူငွေတွေကိုပဲ ပြန်လိုချင်တယ်ဆိုပြီး သူ့အိမ်ကို အသိပေးလိုက်တော့ သူ့အိမ်ကရှိတာရောင်းပြီး စိုက်လျော်မယ်လို့ ပြောတယ်။ သူ့အမေနဲ့ဖုန်းပြောတော့ ကျွန်တော်တို့က အကုန်လုံးကြီး ပေးပါလို့မပြောဘူး အခုလောလောဆယ်ဆယ် အခက်အခဲဖြစ်နေတာ အန်တီတို့ သိန်းလေးငါးဆယ်လောက် ရနိုင်မလား မေးတော့ သိန်းလေးဆယ် လောက်တော့ ရှာပြီးပေးမယ် လို့ပြောတယ်။ တစ်ပတ်အချိန်ပေးမယ်ဆိုပြီး ပြောလိုက်တယ်။ သူ့အိမ်က ရှိတာရောင်းလိုက်တာ ၁၅သိန်း သိန်း၂၀လောက်ရတယ် သူ့သမီးဆီကိုလွှဲပေးလိုက်တယ် သူ့သမီးက ရှာလိုက်တဲ့ငွေက သိန်း ၂၀ လောက်ရှိတယ် အားလုံးပေါင်း သိန်း၄၀ပြည့်တော့မယ်ပေါ့။ တစ်ပတ်နဲ့ သုံးရက်ကြာတော့ လွှဲတော့မယ်ဆိုပြီး ပြောတယ် နောက်ပြီးတော့ ကျွန်တော်တို့ဆီကို ည၁၁နာရီလောက်မှာ လွှဲပြီးပြီပြောတယ် ။ကျွန်တော်စစ်ကြည့်လိုက်တော့ ပိုက်ဆံကတစ်ပြားမှမဝင်လာဘူး။ SS (Screen Shot) တောင်းကြည့်လိုက်တော့ နောက်ရက်မှပြမယ်လို့ပြောတယ်။ SS ပို့လာတော့ သေချာလေး ဖြဲကြည့်လိုက်တော့မှ Photoshop နဲ့လုပ်ထားတာကြီးဖြစ်နေတယ်။ သိန်းလေးဆယ် လွှဲပါတယ်ဆိုပြီး SS အတုကြီးဖြစ်နေတယ်။ အဲဒါနဲ့ အတုတွေဆိုပြီး ခဲနဲ့ဝိုင်းပြပြီးတော့ပို့လိုက်တယ်။ အဲဒီတော့ သူဘာမှ ပြန်မပြောတတ်တော့ဘူး။ သူ့အိမ်ကိုလှမ်းပြောလိုက်တယ် အန်တီ့သမီးက အန်တီပေးလိုက်တဲ့ငွေတွေကို ထပ်ပြီးလိမ်သွားပြီလို့။ သူ့အမေကတော့ အန်တီတို့ညှိနှိုင်းပါ့မယ် တကယ်လို့ညှိနှိုင်းလို့မှမရရင် သားတို့သဘောပါ ကောင်းမယ်ထင်တာ လုပ်လိုက်ပါတော့လို့ ပြောတယ်။

မေး။ ။ အဲဒီလို ထပ်လိမ်တော့ အစ်ကိုတို့အနေနဲ့ ဘယ်လို ထပ်ပြီးဆက်သွယ်လဲ။ ဘာတွေဆက်ဖြစ်လဲ။
ဖြေ။ ။ သူ့မိဘတွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးတော့ တစ်လကို ၁၀ သိန်းပေးမယ်ညှိနှိုင်းကြတယ်။ လကုန်ပြီးသုံးရက်လောက်နေတော့ပေးမယ်ပြောတယ်။ ၁၀ အောက်မလျော့စေရဘူးလို့လည်း ပြောတယ်။ နောက်ဆုံးရက်ချိန်းပေးပြီးသုံးရက်မြောက်နေ့မှာ ကျွန်တော်သူလွှဲမှာကို စောင့်သေးတယ်။ ၄ ရက်နေ့ကျတော့ ပိုက်ဆံမလွှဲလာသေးလို့ဆိုပြီး ဖုန်းဆက်လိုက်တော့ အထက်စီးလေသံနဲ့ပြန်ပြောတယ်။ ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတာ ပြည်သူကျွေးတာကိုစားနေတာ သူက သူ့လုပ်စာထိုင်စားနေသလို လေသံနဲ့ပြောပြီး ဖုန်းချပစ်တယ်။ အရမ်းစိတ်တိုဖို့ကောင်းတယ်။ အဆက်သွယ်မပြတ်ခင် ဧပြီနေ့ ၉ရက်နေ့လောက်က ပထမတစ်ခါ စာစီပြီးတော့သူ့ဆီကိုပို့လိုက်တယ်။ တင်ချင်တင်ဂရုမစိုက်ဘူးလို့ပါ။ သူကပြောတယ် ဒုတိယတစ်ခါကျတော့တင်လိုက်တယ်။ သူကနဂိုတုန်းက ကြံ့ဖွတ်အားပေးတာ လို့နောက်မှသိရတယ်။ သူကပိုပိုပြီးယုတ်မာလာတယ်။ ကျွန်တော်တို့ကို သတင်းပေးဖို့ လုပ်လာတယ်။ သူ ထောက်လိုက်တဲ့location ကတစ်လွဲကြီးပါ။ကျွန်တော်တို့အနေနဲ့ရှောင်ထားတော့ သူထောက်တဲ့location ကတစ်လွဲကြီးပါ။

မေး။ ဒီကိစ္စကို NUG ကိုရော အကြောင်းကြားသေးလား။
ဖြေ။ ။ NUG ဘက်ကတကယ်ဟုတ်လားဆိုပြီးလှမ်းမေးတယ်။ ဟုတ်တယ်လို့ ဖြေလိုက်တာ။ အကြောင်းပြန်တာတော့မရှိသေးဘူး။

မေး။ ။ အခုရော အဲဒီငွေမရတော့ အစ်ကိုတို့ ရိက္ခာကိစ္စတွေ၊ လက်နက်ကိစ္စတွေ ပြေလည်ပြီလား။ ဘယ်လို အခြေအနေရှိလဲ။
ဖြေ။ ။ သူအခုလိုလိမ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေ ဒုက္ခအများကြီး ရောက်တယ်။ ငွေတွေ အကုန်လိမ်သွားတော့ စားစရာလည်းမရှိတော့ဘူး။ အဲဒီချိန်မှာနီးစပ်ရာဒေသခံတွေဆီကနေ ထမင်းတွေဘာတွေ အလှူခံပြီးစားရတဲ့အခြေနေထိရောက်ခဲ့တယ်။ သူလိမ်ထားတဲ့ငွေတော်တော်များများက click 2 donate က ကျွန်တော်တို့ကို လှူထားတဲ့ငွေတွေကများတယ်။ သူ့ကိုသတ်မယ်လို့ ပြင်လိုက်တဲ့အချိန်မှာ ပြည်သူတစ်ယောက်အနေနဲ့ ပြန်မြင်လာပြန်တယ်။ ဘာအခက်အခဲကြောင့် ပို့စ်ကို မတင်ချင်ဘဲတင်လိုက်ရတာလည်းဆိုတော့ Gun နှစ်လက်မှာထားတော့တစ်လက်သိန်း၈၀ နှစ်လက်ဆိုတော့ သိန်း၁၆၀ ကျွန်တော့်မှာကအခုသိန်း၅၀ပဲရှိတယ်။ အဲဒီ သိန်း၅၀တောင် နီးစပ်တဲ့ သူဌေးတွေဆီကချေးထားတာ။ မကြာသေးခင်ကမှ ဝယ်ထားတဲ့ မောင်းပြန်တစ်လက်ပဲရှိတယ်။ မိုင်းလုပ်ဖို့ယမ်းကလည်းလိုသေးတယ်။ မောင်းပြန်လည်းလိုသေးတယ်။ ဝယ်ထားတဲံ့တစ်လက်ကလည်းအကြွေးစနစ်နဲ့သူများဆီကချေးပြီးဝယ်ထားတာ အဲဒီအကြွေးလည်း မဆပ်ရသေးဘူး။ အလှူခံလို့ရသမျှငွေ အကုန်သူလိမ်သွားတာ။

မေး။ ။ ပို့စ်တင်ပြီးတော့ရော ဘာထူးခြားသေးလဲ။
ဖြေ။ ။ Postတင်ပြီးသိပ်မကြာခင်ရက်မှာ သူpage ကိုလာဆက်သွယ်တယ်။ ဝင်းသိုနယ်ဘက်က pdfတွေက သူ့ဘက်ကနေ ဝင်ပြီးဖြေရှင်းပေးပါမယ်ပေါ့။ ကျွန်တော်ကတော့မယုံပါဘူး သူကလိမ်နေကျပဲဆိုတော့ ဆက်ပြီးလိမ်မှာလို့ပဲတွေးထားတယ်။ Pdf အချင်းချင်းဆိုရင်မှားနေတာကို သိသိကြီးနဲ့ အမှန်တရား တွက်တိုက်နေတဲ့သူတွေက သူ့ဘက်ကနေပြီး ဝင်ဖြေရှင်းပေးမယ်လို့တော့ ကျွန်တော်ကတော့မထင်ဘူး သူ့အပြောပေါ့။

မေး။ ။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်ပေးချင်သေးလဲ။
ဖြေ။ ကျွန်တော်တို့ကတကယ်တော့လူကိုမသတ်ချင်ဘူး ပြည်သူလူထုလှူထားတဲ့ငွေကိုပဲ အကျိုးရှိရှိ အသုံးချ ချင်တာ။ ဒီငွေတွေကကျွန်တော်ကြောင့်ဆုံးရှုံးသွားတာဗျာ။ ကျွန်တော်သူ့ကို ယုံခဲ့မိလို့ ကျွန်တော့ကြောင့် ဆုံးရှုံးသွားတာ။ သူဘက်ကတော့ပေးမယ့်ပုံ မပေါ်ပါဘူး။ လုပ်သင့်ရင်လုပ်ရမှာ။ အဲဒီအခါကျရင် PDF တွေက ပြည်သူတွေကို သတ်နေပါတယ် ဆိုပြီးမြင်လာနိုင်တယ်။ အရမ်းစိုးရိမ်ရတယ်။ လိမ်သွားတဲ့သူဆိုတာလည်း ဒလန်နဲ့ တူတူကို ကျွန်တော်တို့နည်းနည်းတော့ စဉ်းစားရခက်တာပေါ့။ အလှူငွေတွေကလည်းလိုအပ်တယ်။ ဟိုတလောက တိုက်တဲ့တိုက်ပွဲဆို အဖွဲ့လေးဖွဲ့ပေါင်းမှမောင်းပြန်တစ်လက်ပဲရှိ မောင်းပြန်တွေ အများကြီးလိုအပ်တယ်။ ထောက်ပံ့မှုတွေအများကြီးလိုအပ်တယ်။ တော်လှန်ရေးမြန်မြန်ပြီးချင်ရင် များများထောက်ပံ့မှရမှာ။ သူလိမ်သွားတဲ့အချိန်ကာလမှာလည်း ဆုံးရှုံးသွားတဲ့ရဲဘော်တွေရှိတယ် ထိခိုက်သွားတဲ့ရဲဘော်တွေလည်းရှိတယ်။ သူ့မိဘတွေနဲ့ သိန်းလေးဆယ် ညှိနှိုင်းတာကလည်း ကျွန်တော့ရဲဘော်တစ်ယောက် လက်နက်စမ်းသပ်ရင်း ကိုယ်ထုတ်ထားတဲ့ လက်လုပ်ကို စမ်းသပ်ရင်း ဆေးရုံတင်လိုက်ရတယ်။ အဲဒီတော့ကုန်ကျမယ့်ငွေအတွက် တောင်းခဲ့တာ။ သူ့အိမ်ကဝင်ဖြေရှင်းမယ့်ဟာလည်း ရမလာခဲ့ဘူး။ တော်တော်ကြီးကိုခက်ခက်ခဲခဲနဲ့ ကုခဲ့ရတာ။
#ငွေလိမ်သွားတဲ့အမျိုးသမီး

သူရဲကောင်းတွေက ....... မေးနေတယ် ။ “ သွေးအေးသွားကြပြီလားတဲ့ ” 💔😪
15/05/2022

သူရဲကောင်းတွေက ....... မေးနေတယ် ။ “ သွေးအေးသွားကြပြီလားတဲ့ ” 💔😪

15/05/2022

RPB အဖွဲ့သားများ လုံခြုံရေးစည်းကျိုးပေါက်မှုကြောင့် ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ လုံခြုံဘေးကင်းတဲ့နေရာကို ရောက်ပြီဖြစ်၍ မိမိတို့၏ စည်းမျဉ်းများနှင့်အညီ တော်လှန်ရေး တာဝန်များကို ပြန်လည်ထမ်းဆောင်သွားပါမည်ဟု အသိပေးအပ်ပါသည်။

RPB Team

20/04/2022

လောင်စာဆီပြတ်လပ်မှုမကြုံရသေးပေမယ့် လောင်စာဆီဈေးအဆမတန်မြင့်တက်လာမှုကိုတော့ ထပ်မံကြုံရနိူင်ဖွယ်ရှိနေပါတယ်။ ယခင်နေ့တွေက လောင်စာဆီပြတ်လပ်တော့မယ်ဆိုပြီး ပြည်သူတွေကို အုံးအုံးကြွပ်ကြွပ်ဖြစ်သွားအောင် လူမှူကွန်ယက်စာမျက်နှာတွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိဖော်ပြလာတာတွေဟာ စကစရဲ့လက်ပါးစေ မသမာသူတစ်စုနှင့် ခရိုနီကြီးများရဲ့ ပူပေါင်းကြံစည်မှု ဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

တော်လှန်ရေးဗန်းပြလူလိမ်များ******************************လင်းယုန်တပ်ဖွဲ့(သို့မဟုတ်)ကျုပ်တို့ ပိုက်မိသော အကောင်ပေါက်နေသည်...
29/03/2022

တော်လှန်ရေးဗန်းပြလူလိမ်များ
******************************

လင်းယုန်တပ်ဖွဲ့(သို့မဟုတ်)ကျုပ်တို့ ပိုက်မိသော အကောင်ပေါက်နေသည့် မြွေပွေး

သူ့အမည်အရင်းက လှမျိုး၊Fb accက
Luois Myo ဟုဆိုသည်။သူ့အဖေသည်
နဝတခေတ် မတိုင်မီက မအလ၏ ဆရာရင်း ဖြစ်ခဲ့ဖူးသူ ဒုဗိုလ်မှူးကြီးဟုဆိုသည်။
သူ့အမေက သံလျှင်ရှိ လေလွင့်ခွေးဂေဟာ
ဖွင့်ခဲ့သူ ဒေါ်မြမြဝင်းဟု ဆိုသည်။လှမျိုးသည် ရခိုင်ပဋိပက္ခကြောင့် အဖြုတ်ခံရသော ဒုရဲမှူးတစ်ယောက်ဟု ဆိုသည်။

နွေဦးတော်လှန်ရေးကာလမှာ.....KIA က
ဖွဲ့စည်းပေးခဲ့သော လင်းယုန်တပ်ရင်း၏
တပ်ရင်းမှူးဟုဆိုသည်။သူပြောသော သူ့မိန်းမဆိုသူ၏ Fb acc သည် Chin Khan ဖြစ်သည်ဟုဆိုသည်။ထိုကလေးမသည် အတင်းအဓမ္မ အသိမ်းပိုက်ခံထားရသူဟု သိရသည်။ပူးတွဲပါ ဓာတ်ပုံများနှင့် link များသည် ထိုလူလိမ်များ၏ acc နှင့် ဓာတ်ပုံများဖြစ်သည်။

လင်းယုန်တပ်ဖွဲ့၏ တပ်ရင်မှူးဆိုသူ လှမျိုးသည် သူ့ကိုသူ လင်းယုန် (1) ဟုဆိုသည်။ပူးတွဲပါ ဓာတ်ပုံထဲမှ သူတပည့်များကို လင်းယုန် 2....3...4...5....6....7...8
ဟု နံပါတ်စဥ်များတပ်၍ ဖွဲ့စည်းထားသည်ဟုဆိုသည်။

ကျုပ်တို့ တော်လှန်ရေးအင်အားစုများ၏ လက်နက် ရရှိရေးဟူသော လောဘအပေါ် အသုံးချကာ စကစ ဖရဲသီများ ခိုးထုတ်သော လနများကို ချိုသာသော နှုန်းထားများဖြင့် လေရောင်းလေဝယ် လုပ်ခဲ့သည်။တော်လှန်ရေးအင်အားစုများက ပြည်သူတို့
ချွေးနဲစာဖြင့် လှူဒါန်းထားသော အလှူငွေများကို လွှဲပေးခဲ့ကြသည်။ထို့ပြင် အဖမ်းခံထားရသော မိမိတို့ တော်လှန်ရေးသမားများ လွတ်မြောက်ရေးအတွက်လည်း ငွေကြေးများစွာ လွှဲခဲ့ကြရသည်။အားလုံးပေါင်းလျှင် သိန်းထောင်ချီ ရှိနိုင်သည်။

ကျုပ်ကား.....လှမျိုးလိမ်နေသည်ကို
ကနဦးကတည်းက သံသယ ရှိသောကြောင့်
ကြိတ်၍ စုံစမ်းခဲ့သည်။MOD အောက်တွင်
လင်းယုန်တပ်ရင်းမရှိဟု သိရသည်။KIA ထောက်လှမ်းရေးဖက်မှလည်း No ဟု သိရသည်။PDF မဟုတ်ကြောင်းလည်း သိရသည်။

လှမျိုးလိမ်နေခြင်းကို ရဲဘော်အားလုံး သိသွားသည်ကို လှမျိုးသတိထားမိသွားသောအခါ လှမျိုးဖက်မှ နည်းဗျူဟာ ပြောင်းသွားသည်။

လှမျိူး၏ တပည့်များ ဖြစ်ကြသော လင်းယုန် 2...3....4.....5....6....7...8နှင့် လှမျိုး၏ မိန်းမဆိုသူ
တို့က တော်လှန်ရေး အင်အားစုများထံ ဖုန်းနှင့်တစ်မျိုး၊cb မှတစ်သွယ် ဆက်သွယ်လာသည်။သူတို့သည် လှမျိုး၏ အတင်းအဓမ္မ
လှောင်ပိတ်ခြင်းကို ခံနေရပြီး လှမျိုးခိုင်းသမျှ လိမ်ပေးနေရသည်။လှမျိုးကို သတ်ပြီး ထွက်ပြေးဖို့ စီစဥ်နေသည် ။ကျုပ်တို့ထံ ခိုလှုံခွင့်ပေးဖို့ တောင်းဆိုလာသည်။

ထိုလူလိမ် တစ်စု၏ ရုပ်ရှင်ပြကွက်များသည် ခပ်စိပ်စိပ်ဖြစ်လာသည်။ထိုသူအားလုံးကို အစကတည်းက ကကျုပ်မယုံခဲ့။ထိုလူတစ်စုသည် ဤဆောင်းပါး
ရေးနေချိန်ထိ Group chat ထဲတွင်လိမ်နေဆဲ ဖြစ်သည်။ခြိမ်းခြောက်မှုများလည်း ရှိလာသည်။အပျော့ဆွဲနှင့်လည်း ချော့ပြန်သည်။

ကျုပ်တို့တော့ အကောင်ပေါက်နေသော မြွေပွေးကို ခါးပိုက်ပိုက်မိပြီ။ထိုသူတစ်သိုက်သည် လက်နက်ပွဲစားလူလိမ်များလည်း ဖြစ်သည့်အပြင် မအလ၏ စစ်ခွေးအဖွဲ့လည်းဖြစ်နိုင်သည်။တော်လှန်ရေးအင်အားစုအသီးသီးမှာ လန နှင့်ပါတ်သက်လျှင် အကြိမ်ကြိမ် အလိမ်ခံရသည်များ ရှိသည်။သို့သော် ဖွင့်ဟခြင်းမပြုကြ။

ကျုပ်ကတော့ မဖွင့်ဟလျှင် မဖြစ်ဟု သုံးသပ်သည်။တော်လှန်ရေးအင်အားစု၏
မျှော်လင့်ချက်များကို ရိုက်ချိုးသည့် ထိုကဲ့သို့သော ယုတ်မာမှုကို ထိမ်ချန်မထားနိုင်။
ထိုလူယုတ်မာနှင့် အပေါင်းပါ တစ်စုအား
မည်သို့စီရင်ရမည်ကို နိုင်ငံတဝှမ်းမှ တော်လှန်ရေးအင်အားစုများ သိရှိလိမ့်မည်ဟု ယုံကြည်သည်။

1.Chin Kham

https://www.facebook.com/angel.cuttie.777

2.Luois Myo

https://www.facebook.com/louismyo21

https://www.facebook.com/profile.php?id=100074042246525

3.Zaw Lin

https://www.facebook.com/profile.php?id=100059145032947

4.Aung Phyo Thwin

https://www.facebook.com/profile.php?id=100034718557269

5.A Naya Taya

https://www.facebook.com/anyataya.taya.98

6.Myat Hein Htet

https://www.facebook.com/myatheinhtet.dardar

29/03/2022

၂၉/၃/၂၀၂၁
မင်းတပ်-မတူပီ လမ်းအပိုင်းမှာ CDF နဲ့ စကစတပ်‌တွေ တိုက်ပွဲအပြင်းအထန်ဖြစ်နေပါတယ်။ ဖုန်းလိုင်းတွေကိုလည်း ကြိုတင်ကြံစည်ဖြတ်တောက်ထားပါတယ်။ နီးစပ်ရာ ကူပေးဖို့လဲ တောင်းဆိုပြောကြားလာတာတွေရှိပါတယ်။

Admin Team (RPB)

28/03/2022

ချင်းဘက်မှာ တကယ်ဆိုးနေပါတယ်။ဖုန်းလိုင်းပါ ဖြတ်ခံထားရတယ်။ အမျိုးတို့ ဝိုင်းဝန်းကူညီပေးကြဖို့တောင်းဆိုပါတယ်။ ကျွန်တော်တို့ Team က အလှူမခံပါ။ တိုက်ရိုက်ကူပေးဖို့ ညွှန်ပေးပါရစေ။ 🙏

27/03/2022

နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်မှု အသင်း/အဖွဲ့များအနေဖြင့် ထောင်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် ထိရောက်မှုရှိအောင် ကူညီပေးစေချင်ပါတယ်။ အခြေအနေများပိုဆိုးလာနေပါတယ်။ နေရာဝယ်ခိုင်းတာတွေ/အကျဥ်းသားတွေကို ငွေညှစ်ခြိမ်းခြေက်နေတာတွေ အချက်လက်ကျကျ သိရှိရပါတယ်။ အမြန်ဆုံးဆောင်ရွက်ပေးဖို့အထူးတောင်းဆိုပါရစေ။ ထောင်အတွင်းမှာ ပေးဆပ်နေရတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သူရဲကောင်းတွေမို့ပါ။ တစ်ဆက်တည်းမှာပဲ ချင်းပြည်ဘက်မှာလဲ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ သတ္တိသွေးရဲတဲ့ CDF တွေကိုလည်း ကူပေးကြဖို့ ‌တောင်းဆိုပါရစေ။

Admin Team (RPB)

ที่อยู่

Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Revolution Power Banksผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง ร้านสะดวกซื้อ


แผงขายหนังสือพิมพ์ อื่นๆใน Chiang Mai

แสดงผลทั้งหมด

คุณอาจจะชอบ