23/01/2025
⛔️ အနီရောင်အဆင့်ရောက်လာပြီဖြစ်တဲ့ ဘန်ကောက်လေထုညစ်ညမ်းမှု
ယနေ့ ဇန်န၀ါရီ ၂၃ ရက် (ကြာသပတေးနေ့) ထိုင်းနိုင်ငံရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ အနီရောင်အဆင့်ကိုရောက်ရှိနေပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တွေထဲမှာ နံပါတ် ၉ နေရာသို့ရောက်ရှိနေပါတယ်။ ⬆️
ထိုင်းအစိုးရမှလဲ သတိပေးစာများဖြင့် အိမ်မှာပဲနေကြရန်ထုတ်ပြန်ထားပြီး ဇန်န၀ါရီလ ၂၈ ရက် ထိ လေထုညစ်ညမ်းမှုအခြေအနေမြင့်မားနေမည်ဖြစ်ကြောင်း ခန့်မှန်းထားကြပါတယ်။
လေထုညစ်ညမ်းမှုကြောင့်အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများ ၊ နှလုံးနှင့်ဆိုင်သောရောဂါများ ၊ အဆုတ်နှင့်ပတ်သက်သောရောဂါများ ၊ ဖျားနာတာမျိုး တို့ပါဖြစ်နိုင်တာကြောင့် ဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။
အထူးသဖြင့် ရောဂါအခံရှိသောသူများ၊ အသက်အရွယ်ကြီးရင့်သူများ နှင့် ကလေးငယ်များ ပိုမိုဂရုစိုက်ဖို့လိုပါမယ်။
ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ရဲ့ကျန်းမာရေးအတွက်
✅တတ်နိုင်သမျှအိမ်မှာပဲနေကြပါ။
✅မဖြစ်မနေ အပြင်ထွက်မယ်ဆို N 95 Mask တပ်ပါ။
✅ဖြစ်နိုင်ရင်အိမ်တံခါးများပိတ်ထားပါ။
တကယ်လို့
📌ချောင်းဆိုးခြင်း ၊
📌အသက်ရှုရခက်ခြင်း ၊
📌မအီမသာဖြစ်ခြင်း ၊
📌ခေါင်းကိုက်/ခေါင်းမူး ခြင်း ၊
📌မျက်လုံးစပ်ခြင်း/ယားယံခြင်း
စသည့် လက္ခဏာများဖြစ်ပေါ်လာပါက မပေါ့ဆပဲ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းများသို့ သွားရောက်ပြီး ကျန်းမာရေးကုသမှုခံယူကြဖို့တိုက်တွန်းပါရစေ။
.5