02/08/2020
အမျိုးတို့ရေ..🙏 နက်ဖန်ခါ ဒုတိယ ဝါဆိုလပြည့်နေ့ အတွက် သတိပေးနှိုးဆော်အပ်ပါတယ်
(3-Aug-2020)Monday!
🙏..🧘🏽.🙏.🧘♂️.🙏.🧘🏿
ဥပုသ် သီလစောင့် ကောင်းမှုကုသိုလ်လုပ်ပြီး ဓမ္မစင်္ကြာ လေးလဲ ရွတ်ကြပါစို့...
🙏ဝါဆိုလပြည့်နေ့
(ဓမ္မစကြာ အခါတော်နေ့ ) အကြောင်းသိကောင်းစရာများ 🙏
ဝါဆို လပြည့်နေ့ ကို
ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပရခြင်းမှာ ...
ထိုနေ့၌ #ဓမ္မစကြာ တရားတော်ကို
မြတ်စွာဘုရားက ဟောကြားတော်မူသည်ကိုအကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါတယ်ရှင့်...
#ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည်
အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်
#ဝါဆိုလပြည့်နေ့ နေ၀င် , လထွက် အချိန်၌ ....
ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို
၀န်ခံဟောကြားတော်မူခဲ့ပါတယ်...
#ဓမ္မစကြာ_တရားတော်သည်
ဝိနည်းမဟာဝါပါဠိတော်
ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည် ...
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည် ...
မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည် ...
ဓမ်မစက်ကပ၀တ်တန၏ အဓိပ္ပယ်မှာ
တရားတည်းဟူသော အသိစက်ကို ဖြစ်စေ
လည်စေတော်မူခြင်း-ဟု အဓိပ္ပာယ် ရပါသည်
#ဓမ္မစက္က = တရားတော်။
#ပ၀တ္တ = ဖြစ်စေ၊ လည်စေခြင်း
#ဓမ္မစကြာတရား တော်သည် ...
သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော
ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည် ....
#ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
( အစွန်း ၂-ခု ) ကို ရှောင်ကြဉ်ရေး
မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို
ညွှန်ကြားထားပြီး
သစ္စာလေးပါးတရားကို သိမြင်စေရန်
ဟောကြားတော်မူခဲ့ပါသည်ရှင့်....
>>
#ဝါဆိုလပြည့်နေ့၏_ထူးခြားချက်များ
မြန်မာ့ရိုးရာ ၁၂ - လ ရှိသည့်အနက်
#ဝါဆိုလပြည့်နေ့ သည်
၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း ...
၂။ ဂေါတမ ဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း ...
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း ...
၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း ...
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ ဖြစ်၍ ထူးခြားခြင်း ...
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း ...
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း ...
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း ...
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း ...
ထို ဝိသသေ အကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့သည်....
ဤ #ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊
ဝါဆိုသက္ကန်း ကပ်လှူဒါန်းခြင်း...
ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း အားဖြင့်
#ဝါဆိုလပြည့်_ဓမ္မစကြာ_အခါတော်နေ့ - ကို ဆင်နွှဲ ပြုလုပ်ကြပါသည် ရှင့်....
သာယာသော မင်္ဂလာနံနက်ခင်း ဖြစ်ပါစေ 🙏🙏🙏