မြန်မာနိုင်ငံတွင် COVID - 19 ရောဂါပိုး ကူးစက်ခံရသူ အသက်အငယ်ဆုံး တစ်နှစ်၊ ခြောက်လ အရွယ် ကလေးငယ်မှာ ရောဂါလက္ခဏာ မတွေ့ရှိရဘဲ Negative နှစ်ကြိမ် ဆက်တိုက်ဖြစ်နေပြီ ဖြစ်တာကြောင့် Facility Quarantine ဝင်ရန် ပြင်ဆင်နေ
➖➖➖➖➖➖➖➖➖➖➖➖➖➖
.
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမိန့်အမှတ် ( ၅၀/၂၀၂၀) အား ယနေ့ ရက်စွဲဖြင့်ထုတ်ပြန်
➖➖➖➖➖➖➖➖➖➖➖➖➖➖.
.
.
လူချွန်လူကောင်း
တေးဆို - သုမောင်
တေးရေး - မြို့မငြိမ်း
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ လူထုတွေ့ဆုံပွဲ ( ၉-၁-၂၀၂၀)
➖➖➖➖➖➖➖➖➖➖➖➖➖➖
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်၌ ဘုရားဖူး လာရောက်သူများဖြင့် စည်ကား
➖➖➖➖➖➖➖➖➖➖➖➖➖➖
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၊ အောက်တိုဘာ ၁၃ ရက် (ယနေ့) နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်၌ ဘုရားဖူး လာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
■ ဓာတ်ပုံ - သီဟအောင်၊ မျိုးထက်ပိုင်
နေပြည်တော်မှ စစ်တွေသို့ပေးပို့မည့် ဒီတိုနေတာအချောင်း ၅၀၀ ကို ဘောဂသီရိကားကွင်းတွင် ဖမ်းဆီးရမိ၊ ပေးပို့သူ ၂ ဦးကို အမှုဖွင့်
➖➖➖➖➖➖➖➖➖➖➖➖➖➖
ကားဂိတ်မှတဆင့် ပေါက်ကွဲစေတတ်သော ဒီတိုနေတာအချောင်း ၅၀၀ ကို နေပြည်တော်မှ ရခိုင်ပြည်နယ်သို့ ပေးပို့ခဲ့သူ ၂ ဦးအား ပျဉ်းမနားမြို့ ရွာကောက်နယ်မြေရဲစခန်းက အောက်တိုဘာ ၁၁ ရက် ည ၁၁ နာရီ ၃၀ မိနစ်က ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ လက်ဝယ်ထားရှိမှုဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရသည်။
သတင်းအရ အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်က ရဲတပ်အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များနှင့် ပျဉ်းမနားမြို့ ဘောဂသီရိကားကွင်းရှိ ရိုးရှင်းသူကားဂိတ်တွင် နေပြည်တော်မှစစ်တွေသို့ ပို့ဆောင်မည့့်ပစ္စည်းများကို ရှာဖွေစစ်ဆေးရာ ကားဂိတ်ပစ္စည်းလက်ခံသည့်စားပွဲအနီးထားရှိသော VOLEIO စာတမ်းပါ အညိုရောင်ဂျက်ဖာဘူးအတွင်းမှ အနက်ရောင်ကြွတ်ကြွတ်အိတ်နှင့်ထည့်ထားသည့် ဒီတိုနေတာ အချောင်း ၅၀ ပါ အထုတ် ၁၀ ထုတ်ကို မျှစ်ချဉ်ထုတ် ၇ ထုတ်၊ ဓာတ်မြေသြဇာအိတ် ၂၂ အိတ်နှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရှာဖွေတွေ့ရှိမှုနှင့်ပတ်သက်ပြီး ဂိတ်မှူး ဦးသန်းဇော်ဦးနှင့် ဂိတ်စာရေး မထွေးထွေးရီတို့ကိုမေးမြန်းရာ အဆိုပါပစ္စည်း များသည် တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်နေ တော်ဝင်ဌေးအထွေထွေရောင်းဝယ်ရေးဆိုင်ပိုင်ရှင် အသက် (၄၅) နှစ်ရှိ ဦးဝင်းသိန်း(ခ)ဂျိုးဂျိုးနှင့် တပ်ကုန်းမြို့ ကင်းသားလမ်းဆုံအနီးဖွင့်လှစ်ထားသော ရွှေဟင်္သာထမင်းဆိုင်ရှင် အသက် (၅၂)နှစ် ရှိ ဦးကျော်စိုးတို့က စစ်တွေမြို့နေ ဦးကိုကိုဦးထံပေးပို့သော ပစ္စည်းများဖြစ်သည်ဟု စုံစမ်းသိရရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွာကောက်နယ်မြေရဲစခန်းက ဦးဝင်းသိန်း(ခ)ဂျိုးဂျိုးနှင့် ဦးကျော်စိုးတို့ကို ပ-၃၄/၂၀၁၉၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅/၆ ဖြင့် အမှုဖွင့်ထားသည်။
ထွန်း(နေပြည်တော်)
News watch
ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ရန်ကုန်တက္ကသိုလ်
➖➖➖➖➖➖➖➖➖➖➖➖➖➖
ဆရာဆရာမတွေရဲ့ လူမှုစီးပွားဘဝရပ်တည်ရေးအတွက် လုံလောက်တဲ့စနစ်တစ်ခု ရှိနေပြီလား။
အောက်တိုဘာ ၅ ရက် ဒီကနေ့ဟာ ကမ္ဘာ့ဆရာများနေ့ဖြစ်ပါတယ်။ ဒီနေ့မှာအခြေခံနဲ့ အဆင့်မြင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုကော်မတီက ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကိုလည်း ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာခန်းမမှာကျင်းပခဲ့ကြပါတယ်။
ဆရာဆရာမများ လူမှုဘဝဟန်ချက်ညီညီရပ်တည်နိုင်ဖို့အတွက် ဘာတွေများလိုအပ်နေပါသလဲ။
ကိုယ့်ရဲ့ ငယ်စဉ်က ဆရာဆရာမတွေ၊ အခု ကိုယ့်ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ ဆရာဆရာမတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး ကိုယ့်အတွေ့အကြုံတွေကို ဝေမျှနိုင်သလို ဆရာဆရာမတွေဘ၀ သာယာဝပြောရေးအတွက် စီမံပေးသင့်တဲ့အချက်တွေကိုလည်း မှတ်ချက်မှာ အကြံပြုကြဖို့ဖိတ်ခေါ်ပါတယ်။
ဓာတ်ပုံ-Mar Naw / MPA
ဘီဘီစီမြန်မာပိုင်း
ကမ္ဘာ့ဆရာများနေ့အခမ်းအနား အငြိမ်းစား ဆရာကြီးများအား ဂုဏ်ပြု
➖➖➖➖➖➖➖➖➖➖➖➖➖➖
အရည်အချင်းမြင့်မားစွာဖြင့် တန်ဖိုးထားအပ်သော လုပ်ပိုင်ခွင့်ပြည့်ဝသော ပညာရေးအင်အားစုကိုတည်ဆောက်ရန်
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အောက်တိုဘာလ(၅)ရက်နေ့မုံရွာမြို့တော်ခန်းမတွင် ကျင်းပသောကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် တောင်းဆိုလိုက်သည်။
"ကြာရှည်တည်မြဲတဲ့တိုးတက်မှုပန်းတိုင်တွေဆီကို အမြင်နားလည်သဘောပေါက်ဖို့ကမ္ဘာကြီးကအတူလက်တွဲအလုပ်လုပ်နေတာဖြစ်တဲ့အတွက် အစိုးရများထဲက မိတ်ဆွေတွေနဲ့ ပညာရေးနယ်ပယ်မိတ်ဆွေတွေ ကိုယ်ပိုင်ပညာရေး ကဏ္ဍ မိတ်ဆွေတွေကိုအရည်အချင်းမြင့်မြင့်နဲ့တန်ဖိုးထားအပ်ပြီးလုပ်ပိုင်ခွင့်ပြည့်ဝတဲ့ ပညာရေးအင်အားစု
ကို တည်ဆောက်ဖို့တောင်းဆိုပါတယ် "ဟုဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကပြောသည်။
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲဆုရကျောင်းသားကျောင်းသူများ ကိုဆုများချီးမြှင့်ပေးအပ်ပြီး အသက်(၇၈)နှစ်အထက် အငြိမ်းစားဆရာကြီးဆရာမကြီး(၂ဝ)ဦးကိုဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်သည်။
မြန်မာနိုင်ငံအနေဖြင့်နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သည့် ပညာရေး ဖြစ်လာစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆရာများ၏ဘဝနှင့် ဆရာများ၏ကဏ္ဍကို ထည့်
သွင်းစဥ်းစားကြရမည်ဖြစ်ကြောင်းဝန်ကြီးချုပ်က ပြောသည်။
မျိုးဝင်းထွန်း
မုံရွာ ၊ အောက်တိုဘာ -၅
မုံရွာဂေဇက်