တိုက်ကြီး သတင်းပုံရိပ်

  • Home
  • Myanmar
  • Yangon
  • တိုက်ကြီး သတင်းပုံရိပ်

တိုက်ကြီး သတင်းပုံရိပ် News is information about current events.

တွံတေးမြို့သည် ရန်ကုန်တိုင်းဒေသကြီးတွင် ပါပြီး တွံတေးတူးမြောင်းနံဘေးတွင် တည်ရှိပါသည်။ တွံတေးကို ပုဂံခေတ်က တလ(ဒလ)မြို့ဟု ခေါ်ဆိုခဲ့ကြသည်။ ယင်းကာလမတိုင်မီကမူ အိုးလုပ်ငန်းလုပ်ကိုင်ရာ ကလသပူရဟု ခေါ်ဆိုခဲ့ကြောင်း ထန်မင်းဆက်သမိုင်းသစ်က ဆိုသည်။ ပုဂံခေတ်တွင် ပုဂံဘုရင်များ လက်အောက်ခံဖြစ်သော်လည်း အင်းဝခေတ်သို့ရောက်သောအခါ ဟံသာဝတီဘုရင်က အုပ်ချုပ်ခဲ့သည်။ ရှေးဒလမြို့တော်သည် ခံတပ်မြို့ဖြစ်ပြီး တံတိုင်းအခိုင်အခန့်ဖြင့် တည်ဆောက်ထားသည်။ တံတိုင်းများမှာ ယနေ့တိုင်တွေ့မြင်နိုင်ပါသေးသည်။

ကမ္ဘာ့ပထမဆုံးကိုဗစ်ကာကွယ်ဆေး (ရှူဆေး) တရုတ်မိတ်ဆက်ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်မှာ ၅ကြ...
16/11/2021

ကမ္ဘာ့ပထမဆုံးကိုဗစ်ကာကွယ်ဆေး (ရှူဆေး) တရုတ်မိတ်ဆက်

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်မှာ ၅ကြိမ်မြောက်ပြုလုပ်ခဲ့တဲ့ကုန်စည်ပြပွဲတစ်ခုမှာ တရုတ်နိုင်ငံထုတ်ကမ္ဘာ့ပထမဆုံးကိုဗစ်ကာကွယ်ဆေး (ရှူဆေး) အမျိုးအစားကို စတင်မိတ်ဆက်ပြသခဲ့ပါတယ်။

တရုတ်ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ CanSinoBIO ကုမ္ပဏီတို့ကပူးပေါင်းပြီး ယခုကာကွယ်ဆေးကိုထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

၎င်းရှူဆေးတွင် ထိုးဆေးမှာပါဝင်တဲ့အာနိသင်ရဲ့ ...

ဆက်လက်ဖတ်ရှုရန် >> https://wp.me/paRxJm-gzC

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်မှာ ၅ကြိမ်မြောက်ပြုလုပ်ခဲ့တဲ့ကုန်စည်ပြပ.....

ကြည့်မြင်တိုင်တွင် လူငယ်များ ပညာတတ်မြောက်ရေးကို မလိုလားသော ဗကသများအဖွဲ့ချုပ်မှ👉"ကျောင်းဝသွားရင် ပြောင်းဝရောက်မယ်'ဆိုတဲ့ ...
16/11/2021

ကြည့်မြင်တိုင်တွင် လူငယ်များ ပညာတတ်မြောက်ရေးကို မလိုလားသော ဗကသများအဖွဲ့ချုပ်မှ
👉"ကျောင်းဝသွားရင် ပြောင်းဝရောက်မယ်'ဆိုတဲ့ 👈
စာတန်းများကို ချိတ်ဆွဲပြီး ကျောင်းသူများ
ပညာရေးကို ခြိမ်းခြောက်

မြန်မာနိုင်ငံမှာသာ ဖူးမြှော်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး အင်ကြင်းစေတီတော်။ ၎င်းစေတီသည် မြောင်မြိုနယ်၊ ဆင်ဂေါင်းတောင် သာသနာ့နယ်...
16/11/2021

မြန်မာနိုင်ငံမှာသာ ဖူးမြှော်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး အင်ကြင်းစေတီတော်။ ၎င်းစေတီသည် မြောင်မြိုနယ်၊ ဆင်ဂေါင်းတောင် သာသနာ့နယ်မြေအတွင်းတည်ရှိပြီးအင်ကြင်းကျောက်သား တန်ချိန်(၁၀၀၀)ကျော်ဖြင့် တည်ထားကိုးကွယ်ထားကြောင်း သိရှိရ။

16/11/2021

16-11-2021

ဒဂုံဆိပ်ကမ်း ရတနာနှင်းဆီအိမ်ယာအနီး နစကပိုင် YBS ကားများထားသည့် ခြံဝန်းအတွင်း မီးလောင် Video

တိုက်ကြီးမြို့😍
16/11/2021

တိုက်ကြီးမြို့😍

တာချီလိတ်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ငွေကျပ် ၁ ဒဿမ ၃၉ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီ...
16/11/2021

တာချီလိတ်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ငွေကျပ် ၁ ဒဿမ ၃၉ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ မြန်မာငွေကျပ် ၁ ဒသမ ၃၉ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့က၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့၊ပါဆယ်ရပ်ကွက်၊လွန်းကျိုင်းကျေးရွာက အိမ်အမှတ်၁/၃၆၉ ရဲ့နေအိမ်ကို နိုဝင်ဘာ ၁၂ရက် မွန်းလွဲ၂နာရီခွဲအချိန်မှာ လုံခြုံရေးတပ်ဖွဲတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တစ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းလုံ ၄၁ နှစ်နှင့် စိုးရီ ၂၇နှစ်တို့နှစ်ဦးကို တန်ဖိုးငွေကျပ် ၁ ဒသမ ၃၉ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ M-16 သေနတ်၂ လက်၊ ပစ္စတိုသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ ခြောက်လုံးပြူးလေသေနတ် ၁ လက်၊ ပစ္စတိုလေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၃,၃၇၆ တောင့်နှင့် ဆက်စပ်ပစ္စည်းများနှင့် မော်တော်ယာဉ် ၃ စီးတိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Source:YMG

ကလေးမြိုနယ်၊ ခင်လိန်းရွာ အနောက်တောင်ဘက် မီတာ (၄၀၀၀)ခန့်အကွာရှိ PDF စခန်းတစ်ခုအား ယနေ့ သိမ်းပိုက်ခဲ့ရာ ရန်သူ(၂)လောင်း၊ လက...
16/11/2021

ကလေးမြိုနယ်၊ ခင်လိန်းရွာ အနောက်တောင်ဘက် မီတာ (၄၀၀၀)ခန့်အကွာရှိ PDF စခန်းတစ်ခုအား ယနေ့ သိမ်းပိုက်ခဲ့ရာ ရန်သူ(၂)လောင်း၊ လက်နက်မျိုးစုံ၊ မိုင်းနှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ဟုသိရှိရ။ #ဖိုးစီ

ကျန်းမာရေးစစ်ဆေးဖို့သွားတဲ့လမ်းမှာ အကြမ်းဖက် pdfများရဲ့ လက်ချက်ကြောင့် သေဆုံး🥺ယနေ့ ၁၀ နာရီလောက်မှာ တိုက်ကြီး၊ဥက္ကံ ပြည်သ...
16/11/2021

ကျန်းမာရေးစစ်ဆေးဖို့သွားတဲ့လမ်းမှာ အကြမ်းဖက် pdfများရဲ့ လက်ချက်ကြောင့် သေဆုံး🥺

ယနေ့ ၁၀ နာရီလောက်မှာ တိုက်ကြီး၊ဥက္ကံ ပြည်သူ့ဆေးရုံ (ခုတင်-၂၅)သို့ လင်မယားနှစ်ယောက် ကျန်းမာရေးစစ်ဆေးဖို့ ဆိုင်ကယ်နဲ့ သွားနေစဥ် မသမာသူ အကြမ်းဖက် လူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ဘေးချင်းကပ် ယှဉ်မောင်းလာရင်း ပစ္စတို သေနတ်နဲ့ မိန်းမဖြစ်သူကို ပစ်ခတ်သွား🥺🥺

အကြမ်းဖက်သမားတွေကြောင့် အ‌သက်ပေးရတဲ့ အပြစ်မဲ့ပြည်သူတွေ နေ့တိုင်းလုနီးပါးဖြစ်နေပြီ
လူမှုရေး ရန်ငြိုးတွေကြောင့် ဒလန်ဆိုပြီး ခေါင်းစဉ်တပ် လူသတ်နေတာ စစ်တပ်ကိုတော်လှန်တယ်ဆိုပြီး အပြစ်မဲ့ပြည်သူတွေကို လိုက်သတ်နေတာ သူတို့လိုချင်တဲ့ ဒီမိုကရေစီလား??? ကိုယ့်အကျိုးစီးပွားရေး တစ်ခုထဲအတွက်နဲ့ အသက်ပေးလိုက်ရတဲ့ မိသားစုတွေ ဘဝကို စာနာပါ
🥲

၁၆.၁၁.၂၀၂၁ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ကန်တော်လမ်း၊ လက်ဆယ်ကန်အတွင်းသို့ ကျ...
16/11/2021

၁၆.၁၁.၂၀၂၁ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ကန်တော်လမ်း၊ လက်ဆယ်ကန်အတွင်းသို့ ကျား(၁)ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ ၀၈ ၂၀ အချိန်တွင် သတင်းရရှိသဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျား(၁)ဦး (သေဆုံး)အား ၀၉ ၄၀အချိန်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ရန်အောင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

သန္တာလှိုင်ကို ပြန်လွှတ်ပေးလိုက်ပါပြီ🥴🥴ထမီအလံထူပီး ရှေ့ဆုံးကနေ စစ်တပ်ကိုတော်လှန်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ😐
16/11/2021

သန္တာလှိုင်ကို ပြန်လွှတ်ပေးလိုက်ပါပြီ🥴🥴

ထမီအလံထူပီး ရှေ့ဆုံးကနေ စစ်တပ်ကိုတော်လှန်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ😐

[Unicode]မနေ့ကဖြစ်ခဲ့တဲ့ ထန်းတပင်လုံခြုံရေးရဲကင်းပစ်ခတ်ခံရှုဖြစ်စဉ်တွင် ပါဝင်သူ ၂ဦးသေ၊၁ ဦးအရှင်ဖမ်းမိပြီး ဖြစ်စဉ်တွင်အသု...
16/11/2021

[Unicode]
မနေ့ကဖြစ်ခဲ့တဲ့ ထန်းတပင်လုံခြုံရေးရဲကင်း
ပစ်ခတ်ခံရှုဖြစ်စဉ်တွင် ပါဝင်သူ ၂ဦးသေ၊
၁ ဦးအရှင်ဖမ်းမိပြီး ဖြစ်စဉ်တွင်အသုံးပြုခဲ့သော
ကား ၂စီးကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီရမိသော ကား ၂စီး အနက်
Toyota Kluger Warp ဂရပ်ဖစ်စတစ်ကာအား
Stickerstar Myanmar မှ ဆောင်ရွက်ပေးခဲ့ကြောင်းအွန်လိုင်းတွင် ပျံ့နှံနေခဲ့သည်။

[Zawgyi]
Stickerstar Myanmar မှ ဆောင်ရွက်ပေးခဲ့ကြောင်းအွန်လိုင်းတွင် ပျံနှံ့နေခဲ့သည်။

သာကေတ၊ဒေါပုံ၊တာမွေ၊မင်္ဂလာတောင်ညွန့်နှင့် သင်္ဃန်းကျွန်းရပ်ကွက်အချို့ ယနေ့မီးပြတ်မည်ရန်ကုန်၊ နိုဝင်ဘာ ၁၆သစ်ပင်သစ်ကိုင်းမ...
16/11/2021

သာကေတ၊ဒေါပုံ၊တာမွေ၊မင်္ဂလာတောင်ညွန့်နှင့်
သင်္ဃန်းကျွန်းရပ်ကွက်အချို့ ယနေ့မီးပြတ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၆

သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်သဖြင့် သာကေတ၊ဒေါပုံ၊တာမွေ၊မင်္ဂလာတောင်ညွန့်နှင့်
သင်္ဃန်းကျွန်းရပ်ကွက်အချို့တို့တွင် ယနေ့ (နိုဝင်ဘာ ၁၆ရက်) မနက်၉နာရီမှ မွန်းလွဲ(၁)နာရီအထိ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှု ဖြစ်ပေါ်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားပါသည်။


(Zawgyi)

ရန်ကုန်၊ နိုဝင်ဘာ ၁၆


15/11/2021

လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုံအနီးတွင်ပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှု ဇုန်ရှိ လခရတပ်ဆွဲထားသော နေရာတွင် ယနေ့နိုဝင်ဘာလ ၁၅ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့သိရသည်။

"ရွှေလင်ဗန်းစက်မှုဇုံဝင်းထဲမှာ သူတို့တပ်ဆွဲထားတဲ့နေရာရှိတယ်။ ပေါက်ကွဲမှုလည်းဖြစ်တယ်။အပြန်အလှန်ပစ်သံလည်းကြားတယ်"ဟု ဒေသခံတစ်ယောက်ကပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် မည်သည့်အဖွဲ့ကပြုလုပ်သည်ကို မသိရသေးပေ။

မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြိုကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှ...
15/11/2021

မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြိုကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်
#မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန

15/11/2021

နိုဝင်ဘာ ၁၅
ထန်းတပင်၊တာဆုံရဲကင်းစခန်းကိုဒီကနေ့ ၁၁:၃၀ အချိန်တွင်ပစ်ခတ်တိုက်ခိုက်ခံရမှု Video

သရုပ်ဆောင်ယဉ်လက် နေအိမ် ဗုံးခွဲခံရရန်ကုန်၊ နိုဝင်ဘာ ၁၅ကျိုက္ကဆံရပ်ကွက်၊ ဥဿဖယားလမ်းမှာရှိတဲ့ သရုပ်ဆောင်ယဉ်လက်ရဲ့ နေအိမ်ကိ...
15/11/2021

သရုပ်ဆောင်ယဉ်လက် နေအိမ် ဗုံးခွဲခံရ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ကျိုက္ကဆံရပ်ကွက်၊ ဥဿဖယားလမ်းမှာရှိတဲ့ သရုပ်ဆောင်ယဉ်လက်ရဲ့ နေအိမ်ကို ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။



ဂျပန်နိုင်ငံ၏ အထူးကိုယ်စားလှယ် ရခိုင်သို့ရောက်ရှိနေပြီး လူမှုကယ်ဆယ်ရေးစခန်းတစ်ခုသို့ သွားရောက်ကြည့်ရှုရန်ကုန်၊ နိုဝင်ဘာ ...
15/11/2021

ဂျပန်နိုင်ငံ၏ အထူးကိုယ်စားလှယ် ရခိုင်သို့ရောက်ရှိနေပြီး လူမှုကယ်ဆယ်ရေးစခန်းတစ်ခုသို့ သွားရောက်ကြည့်ရှု

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ဂျပန်နိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီး ယနေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များလိုက်ပါလျှက် စစ်တွေမြို့နယ်ရှိ အလိုတော်ပြည့်လူမှုကယ်ဆယ်ရေးစခန်းသို့သွားရောက်၍ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံ စကားပြောခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းနှင့် ကိုဗစ်- ၁၉ ရောဂါကူးစက်မှု လျော့နည်းကျဆင်းနေပြီဖြစ်သဖြင့် ဆာဆာကာဝါ၏ ရခိုင်ပြည်နယ်ခရီးစဥ်ကို ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သူသွားလိုရာကို စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆာဆာကာဝါသည် ယနေ့ နေ့လယ် ၃ နာရီတွင် ရခိုင်အမျိုးသားပါတီ(ANP)နှင့် စစ်တွေမြို့တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်လည်း နိုင်ငံရေးပါတီအချို့နှင့် ထပ်မံတွေ့ဆုံးဦးမည်ဖြစ်ကြောင်း သိရသည်။
Source: WLM

15/11/2021

ယနေ့ နံနက် ၈နာရီ ဗဟန်း၊ပတ္တမြားလမ်းနေပြောင်ကြီး (ကိုအောင်မင်းနဲ့တွဲသူ)အား နေအိမ်တွင်းထိ သုံးချက် ဝင်ပစ်သွား၍ သေဆုံး

စက္ကန့်ပိုင်းအကွာအချိန်မှာပဲ
ဗဟန်း၊ဥသဖယားလမ်းနေ
သရုပ်ဆောင် ယဉ်လတ်နေအိမ်
(လူမရှိ)အားဗုံးဖြင့်ပစ်သွား သေဆုံးသူမရှိ။

သန္တာလှိုင် ဖမ်းမိ ကြောင်းသိရ...
15/11/2021

သန္တာလှိုင် ဖမ်းမိ ကြောင်းသိရ...

ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက်မှ အကြမ်းဖက်သမားတစ်ဦး ဖမ်းဆီးရမိကျိုက်ထို၊ နိုဝင်ဘာ ၁၅မွန်ပြည်နယ် ကျိုက်ထိုမြို့ ဇေယျာမွ...
15/11/2021

ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက်မှ အကြမ်းဖက်သမားတစ်ဦး ဖမ်းဆီးရမိ

ကျိုက်ထို၊ နိုဝင်ဘာ ၁၅

မွန်ပြည်နယ် ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက်တွင် အကြမ်းဖက်သမားတစ်ဦး လှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းအရ နယ်မြေလုံခြုံရေးတပ်ဖွဲ့မှ နိုဝင်ဘာ ၁၁ ရက်က ဇေယျာမွန်ရပ်ကွက်ရှိ ငြိမ်းချမ်းအောင်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ပစ္စတိုသေနတ် (၁)လက်နှင့်အတူ လက်လုပ်
မိုင်းများအားဖမ်းဆီးမိခဲ့ကြောင်းသိရသည်။

တရားခံ ငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ၎င်းအနေဖြင့် NLD အမာခံများမှ တရားမဝင်ဖွဲ့စည်းထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟူသည့် အကြမ်းဖက်အဖွဲ့မှ ဒေါက်တာခင်ဆောင်နှင့်
အေးမင်းထွန်းတို့၏စေခိုင်းချက်အရ မြို့ပေါ်စာသင်
ကျောင်းများအားဖောက်ခွဲရန်နှင့် ပညာရေးဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ရန် ဆောင်ရွက်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရှိရသည်၊၊

Source: သံလွင်သစ္စာ

ပခုက္ကူမြို့၊အမှတ် ၄ ရပ်ကွက်၊ နေသူရိန်လမ်းရှိ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ ထောက်ပံ့မှုအမျိုးမျိုး ပြုလုပ်နေသည်...
15/11/2021

ပခုက္ကူမြို့၊အမှတ် ၄ ရပ်ကွက်၊
နေသူရိန်လမ်းရှိ အကြမ်းဖက်အဖွဲ့အစည်းများနှင့်
ဆက်သွယ်ကာ ထောက်ပံ့မှုအမျိုးမျိုး ပြုလုပ်နေသည့်
NLDလွှတ်တော်အမတ်ဟောင်း
ဇင်နီနီဝင်း၏ နေအိမ်အပါအဝင် အခြားအကြမ်းဖက်အဖွဲ့များနှင့်
ဆက်သွယ်နေသည့် နေအိမ်များချိတ်ပိတ်သိမ်းဆည်း

Crd


Crd

ကရင်ဝန်ကြီးချ ု ပ် နန်ခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၅ နှစ် စီမံဘဏ္ဍာစည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို ထောင်ဒဏ် နှစ် ၉၀  ချမှတ်နို...
09/11/2021

ကရင်ဝန်ကြီးချ ု ပ် နန်ခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၅ နှစ်
စီမံဘဏ္ဍာစည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို ထောင်ဒဏ် နှစ် ၉၀
ချမှတ်

နိုဝင်ဘာ-၉၊ ၂၀၂၁

ကရင်ပြည်နယ်ဝန်ကြီးချ ု ပ် နန်းခင်ထွေးမြင့်နဲ့
စီမံဘဏ္ဍာစည်ပင်ဝန်ကြီး ဦးသန်းနိုင်တို့ကို
အဂတိလိုက်စားမှုပုဒ်မနဲ့ ဒီကနေ့မှာ
နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့
နီးစပ်သူတွေက ပြောပါတယ်။

အဂတိအမှု ၇ မှုအတွက်
ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို
ထောင်ဒဏ် ၇၅ နှစ်၊
စီမံဘဏ္ဍာစည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို
ထောင်ဒဏ် ၉၀ နှစ်နဲ့
ဘားအံအကျဉ်းထောင်တရားရုံးမှာ
အပြီးသတ်အမိန့် ချ မှတ်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချ ု ပ်နန်းခင်ထွေးမြင့်နဲ့
စည်ပင်ဝန်ကြီး ဦးသန်းနိုင်တို့ကို
စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့
ထောင်ဒဏ် ၂ နှစ်ချမှတ်ထားသေးတာ ဖြစ်ပါတယ်။

crd.

အမြန်လမ်းမှာလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင် ၅ဦးပစ်ခတ်ခံရပြီးသေဆုံးရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က မိုင်တိုင် ၁၁၀မှာလ...
09/11/2021

အမြန်လမ်းမှာလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင် ၅ဦးပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က မိုင်တိုင် ၁၁၀မှာလုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့ဝင် ၅ဦး ဒီကနေ့နိုဝင်ဘာ ၉ရက်နေ့မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မြိတ်မြို့ကို ဖျက်နေတဲ့ PDF အကြမ်းဖက် ဝရမ်းပြေးစည်ပင်ဥက္ကဌမြတ်ကိုကို ​နေအိမ်အားနိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်း....
09/11/2021

မြိတ်မြို့ကို ဖျက်နေတဲ့
PDF အကြမ်းဖက် ဝရမ်းပြေး
စည်ပင်ဥက္ကဌမြတ်ကိုကို ​နေအိမ်အား
နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်း.....

HNO

ယနေ့ မနက် ၈နာရီ လောက်က ကမာရွက်မြို့နယ် မာလာကားမှတ်တိုင်အနီးက လူကူးဂုံးကျော် တံတားအောက်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့...
05/11/2021

ယနေ့ မနက် ၈နာရီ လောက်က ကမာရွက်မြို့နယ် မာလာကားမှတ်တိုင်အနီးက လူကူးဂုံးကျော် တံတားအောက်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်

သူတို့ ပစ်မှတ်ထားနေတဲ့ စစ်သား ရဲ တစ်ယောက်မှ မရှိသလို အများပြည်သူတွေ ကျောင်းသူကျောင်းသား တွေဘဲ သွားလာနေကြတာ😞
PDF တွေ အော်နေတဲ့ ဒီမိုကရေစီဆိုတာ သူတို့ စီးပွားရေးဘဲ ....နိုင်ငံရေးကို အကြောင်းပြ စစ်တပ်မုန်းတီးရေး ဝါဒတွေဖြန့်...
ကြားထဲက သူတို့အမြတ်ထုတ်နေတာ
တိုင်းပြည်ကို ဖျက်ဆီးရုံတင်မက အနာဂတ်မျိုးဆက်သစ် ကလေးတွေရဲ့ ဘဝကိုပါ အရောင်တွေဆိုးနေတာ 😔 လက်လုပ်ဗုံးတွေကြောင့် အသက်ဆုံးရှုံးရတဲ့ အပြစ်မဲ့ပြည်သူတွေလည်း အတော်ကို များနေပါပြီ ..

ယနေ့ ၅.၁၁.၂၀၂၁ မနက်အစောပိုင်း ၈နာရီ ဝန်းကျင်မှာ ဒဂုံ(အရှေ့ပိုင်း)၊မြောက်ဥက္ကလာပမြို့နယ်နေ အထက်တန်းပြဆရာမတစ်ဦး ကျောင်းသို...
05/11/2021

ယနေ့ ၅.၁၁.၂၀၂၁ မနက်အစောပိုင်း ၈နာရီ ဝန်းကျင်မှာ ဒဂုံ(အရှေ့ပိုင်း)၊မြောက်ဥက္ကလာပမြို့နယ်နေ အထက်တန်းပြဆရာမတစ်ဦး ကျောင်းသို့သွားရောက်ရန် တက္ကစီစီးလာစဉ် အမည်မသိအမျိုးသား တစ်ဦးမှ အနီးကပ် သေနတ်ဖြင့် ပစ်သတ်ခံရ...

02/11/2021

၂၀၂၁ နိုဝင်ဘာလ(၂)ရက်​နေ့
နေ့လည် ၁၂နာရီခွဲတွင် အင်းစိန်မြို့နယ်သီရိမင်္ဂလာလမ်း City Golf Resort Hotel ရှေ့၌ စုပေါင်း၍
👉အကြမ်းဖက်မှုတိုက်ဖျက်​ရေးနှင့်
မြန်မာ့တပ်မ​တော်ကြိုဆို​ထောက်ခံပွဲအား အင်အား(၄၀၀)ကျော်ဖြင့်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး သီရိမင်္ဂလာလမ်းအတိုင်းကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရ...

KNU ယုတ်မာပီ​နိုဝင်ဘာလ ၂ ရက်KNU တပ်မဟာ(၆)နယ်မြေရှိ ကြာအင်းဆိပ်ကြီးမြို့နယ်၊ထီမထိုကျေးရွာရှိ စာသင်ကျောင်းများအား မည်သည့်က...
02/11/2021

KNU ယုတ်မာပီ

​နိုဝင်ဘာလ ၂ ရက်
KNU တပ်မဟာ(၆)နယ်မြေရှိ ကြာအင်းဆိပ်ကြီးမြို့နယ်၊ထီမထိုကျေးရွာရှိ စာသင်ကျောင်းများအား မည်သည့်ကျောင်းမှ ဖွင့်လှစ်ခွင့်မပြုဟု KNU တပ်မဟာ(၆)မှ ပိတ်ပင်ထားသည်၊၊KNU အနေဖြင့် ၎င်းတို့ဒေသရှိ ဒေသခံ ကရင်လူငယ်များအပေါ် ဉပဒေနှင့်အညီ ပညာသင်ကြားရေးဆိုင်ရာ အခွသ့်အရေးများကိုနှောင့်ယှက်ခြင်း၊ပညာရေးဝန်ထမ်းများနှင့် ပညာသင်ယူနေသူများကို ဟန့်ထားခြင်း စသည့် ကမ္ဘာမှ အသိအမှတ်ပြုထားသောပညာရေးနှင့် ကလေးသူငယ်ဆိုင်ရာဥပဒေများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်သည်၊၊ထို့အပြင် လက်နက်အားကိုးပြီး အနိုင်ကျင့်ကာ တိုင်းပြည်အတွက် အနာဂါတ် အားထားရမည့် ခေါင်းဆောင်ငယ်လေးများအတွက် ယခုလို ပညာရေး ကန့်သတ်ပိတ်ပင်မူများအား ကရင်လူမျိုးများမှ ၎င်းတို့တိုင်းရင်းသားများ၏အနာဂါတ်အတွက် စိုးရိမ်ပူပန်လျက်ရှိသည်၊၊

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်နိုဝင်ဘာ ၁ ရက်ယနေ့ မရမ်းကုန်းမြို့နယ်နေ ပြည်သူများက နေ့လည် ၁နာရ...
01/11/2021

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်

နိုဝင်ဘာ ၁ ရက်

ယနေ့ မရမ်းကုန်းမြို့နယ်နေ ပြည်သူများက နေ့လည် ၁နာရီတွင်တပ်မတော်ထောက်ခံပွဲကို အင်အား (၇၀၀)ကျော်ဖြင့် ပြုလုပ်မှု မြင်ကွင်းများ

တပ်မတော် ရေ မှ ရုရှ project 636 kilo အတန်းစား တိုက်ခိုက်ရေး ရေငုပ် သင်္ဘော( ၂ )စင်း လက်ခံရယူခဲ့ကြောင်း သိရ
01/11/2021

တပ်မတော် ရေ မှ
ရုရှ project 636 kilo အတန်းစား တိုက်ခိုက်ရေး ရေငုပ် သင်္ဘော( ၂ )စင်း လက်ခံရယူခဲ့ကြောင်း သိရ

"PHOTO NEWS"ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ မြန်အောင်မြို့ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်...
01/11/2021

"PHOTO NEWS"
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ မြန်အောင်မြို့ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေး ရဲတပ်ဖွဲ့များမှ ယနေ့ (နိုဝင်ဘာ ၁ ရက်)တွင် လုံခြုံရေးဆောင်ရွက်ပေးနေသည့် မြင်ကွင်းများဖြစ်သည်။
Photo: CJ


(Zawgyi)
"PHOTO NEWS"
Photo: CJ

ရန်ကုန်တိုင်းမှာ (၇)ရက်မြောက်နေ့ တပ်မတော် ထောက်ခံပွဲ အင်အား ထောင်ကျော်ဖြင့် ဆက်လက် ပြုလုပ်နစက အစိုးရနှင့် တပ်မတော်ထောက်ခ...
31/10/2021

ရန်ကုန်တိုင်းမှာ (၇)ရက်မြောက်နေ့ တပ်မတော် ထောက်ခံပွဲ အင်အား ထောင်ကျော်ဖြင့် ဆက်လက် ပြုလုပ်

နစက အစိုးရနှင့် တပ်မတော်ထောက်ခံပွဲများကို ရန်ကုန်တိုင်းဒေသကြီး တွင်ပြုလုပ်လျက်ရှိရာ ယနေ့ (၇)ရက်မြောက်နေ့ အောက်တိုဘာ ၃၁ရက် နေ့ ၊မွန်းလွဲ ၁ နာရီအချိန်က ၊ တပ်မတော်ထောက်ခံသူ အင်အား(၁၀၀၀)ကျော်ဖြင့် ရန်ကုန်မြို့ ကျောက်တော်ကြီး ဘုရားရှေ့မှ MCC ခန်းမရှေ့ထိ မင်းဓမ္မလမ်းအတိုင်း ကြွေးကြော်သံများဖြင့်စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယနေ့ နေ့လည် ၁နာရီခွဲ ဒဂုံမြိုနယ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် မြန်မာ့တပ်မတော် ထောက်ခံပွဲကို ပြည်သူထောင်နဲ့ချီ ပါဝင်ဆင...
30/10/2021

ယနေ့ နေ့လည် ၁နာရီခွဲ ဒဂုံမြိုနယ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် မြန်မာ့တပ်မတော် ထောက်ခံပွဲကို ပြည်သူထောင်နဲ့ချီ ပါဝင်ဆင်နွှဲ

#တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖောက်
#တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့တပ်မတော်ကိုထောက်ခံစို့
#တိုင်းပြည်ပြိုကွဲမည့်အကြံတပ်မတော်လက်မခံ

Oct 30

တာမွေမြို့နယ်အတွင်းမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရန်ကုန် အောက်...
30/10/2021

တာမွေမြို့နယ်အတွင်းမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန် အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ဆီနိုဗက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပေးရမည့် ကျောင်းသားအရေအတွက်မှာ အခြေခံပညာ အလယ်တန်းကျောင်း ၄ ကျောင်းမှကျောင်းသား ကျောင်းသူ ၁၁၂ ဦး၊ အထက်တန်းကျောင်း ၇ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၇၉၁ ဦးနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၄ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၄၇ ဦး၊ စုစုပေါင်း ၁၁၅၀ ဦးရှိကာ လက်ရှိအချိန်တွင် ၁၁၈ ဦးသာ ထိုးနှံပေးထားနိုင်သေးပြ ကျန်ရှိသော ကျောင်းသား ကျောင်းသူများအား ကျောင်းဖွင့်ချိန်အမီ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
Source: MDN

ယနေ့ နေ့လည် ၂ နာရီ မရမ်းကုန်းမြိုနယ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် မြန်မာ့တပ်မတော် ထောက်ခံပွဲကို ပြည်သူထောင်နဲ့ချီ ပါဝ...
29/10/2021

ယနေ့ နေ့လည် ၂ နာရီ မရမ်းကုန်းမြိုနယ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် မြန်မာ့တပ်မတော် ထောက်ခံပွဲကို ပြည်သူထောင်နဲ့ချီ ပါဝင်ဆင်နွှဲ

ဆားလင်းကြီးတွင် NLD ထောက်ခံသူကို PDF ကသတ်MHT News (Oct- 29)စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊...
29/10/2021

ဆားလင်းကြီးတွင် NLD ထောက်ခံသူကို PDF ကသတ်

MHT News (Oct- 29)

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးကျေးရွာတွင် အောက်တိုဘာ ၂၈ ရက်က NLD ထောက်သူ ဦးကျော်ဝင်း (၅၆) နှစ်သည် အသုပ်ဆိုင်၌ အသုပ်စားနေစဥ် PDF အကြမ်းဖက်သမား ၄ ဦးမှ ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ NLD ထောက်ခံသူ ဦးကျော်ဝင်းသည် ယခင်က PDF အကြမ်းဖက်သမားများနှင့် ငွေကျေးအရှုပ်တော်ပုံကြောင့် စကားများဖူးကြောင်း သိရသည်။
ဓာတ်ပုံ= CJ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ညောင်ကျေးရွာတွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ခလေးငယ်တစ်ဦးသေဆုံး၂၀၂၁ အောက်တိုဘာ၂၈ရက်လ...
28/10/2021

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ညောင်ကျေးရွာတွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ခလေးငယ်တစ်ဦးသေဆုံး

၂၀၂၁ အောက်တိုဘာ၂၈ရက်

လှိုင်သာယာအရှေ့ပိုင်း၊ ညောင်ကျေးရွာတွင်နေထိုင်သူ ၁၃နှစ်အရွယ် ခလေးငယ်တစ်ဦးသည် ထင်းရှာဖွေကောက်ယူနေစဉ် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဝမ်းဗိုက်ထိမှန်ကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်...

👉အပြစ်မဲ့ခလေးငယ်တွေ ပြည်သူ
ပြည်သားတွေ မြေဇာပင်ဘဝနဲ့ဘယ်လောက်တောင်အသက်တေထိခိုက်ပေးဆပ်နေရအုံးမာလဲ အမိမြန်မာနိုင်ငံ အမြန်ဆုံးငြိမ်းချမ်းပါစေတော့ 😔

ယနေ့ နေ့လည် ၁နာရီ သန်လျင်မြို့နယ်၌   မျိုးချစ်ပြည်သူများ စုပေါင်းပြီးတပ်မတော်ထောက်ခံပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပ
28/10/2021

ယနေ့ နေ့လည် ၁နာရီ သန်လျင်မြို့နယ်၌ မျိုးချစ်ပြည်သူများ စုပေါင်းပြီး
တပ်မတော်ထောက်ခံပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပ

28/10/2021

"သမိုင်းဘူတာရုံလမ်း မီးပွိင့်အနီးပေါက်ကွဲမှုဖြစ်"

အောက်တိုဘာ ၂၈၊ ၂၀၂၁

မရမ်းကုန်းမြိုနယ်၊ ဘုရင့်နောင် (၂) ရပ်ကွက်၊သမိုင်းဘူတာရုံလမ်းနှင့် အထက်ဗဟိုလမ်းထောင့်၊ စွယ်စုံမီးပွိင့်တွင်အောက်တိုဘာလ ၂၈ ရက် နံနက် ၆း၄၀ နာရီကပေါက်ကွဲမှုဖြစ်ခဲ့ရာလုံခြုံရေးတပ်ဖွဲဝင်တစ်ဦးအနည်းငယ်ဒဏ်ရာရရှိကြောင်းသိရသည်။

ပေါက်ကွဲမှုမှာ ယာဉ်ထိန်းရုံနှင့် ၁၅ ပေခန့်အကွာအထက်ဗဟိုလမ်းပေါ်တွင် ဖြစ်ပွားခဲ့ပြီးပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးလုံခြုံရေးယူနေသည့်တပ်ဖွဲဝင်တစ်ဦး ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရကြောင်းသိရသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when တိုက်ကြီး သတင်းပုံရိပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

ပန်းတိုင်းပွင့်ပါစေ

အမျိုးဆက်သစ်ကို တန်ဖိုးထားပါ

ပန်းတိုင်းပွင့်ပါစေ