အောင်ချမ်းသာ ဆေး နှင့် ငွေလွှဲ ငွေထုတ် ဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • အောင်ချမ်းသာ ဆေး နှင့် ငွေလွှဲ ငွေထုတ် ဝန်ဆောင်မှု

အောင်ချမ်းသာ ဆေး နှင့် ငွေလွှဲ ငွေထုတ် ဝန်ဆောင်မှု ကျန်းမာရေး နှင့် ငွေလွှဲ ငွေထုတ်အမျိုးမျိုး
(3)

27/03/2024
26/03/2024

.

အလှူတော်မင်္ဂလာ🎊📢
15/03/2024

အလှူတော်မင်္ဂလာ🎊📢

 #အောင်ချမ်းသာ #ပြက္ခဒိန် ၂၀၂၄ လက်ဆောင်  #ကျန်စစ်သားအိမ်ယာ.. လှိုင်သာယာph..09 25 22 88 228
28/12/2023

#အောင်ချမ်းသာ

#ပြက္ခဒိန် ၂၀၂၄ လက်ဆောင်



#ကျန်စစ်သားအိမ်ယာ.. လှိုင်သာယာ

ph..09 25 22 88 228

သွေးတိုးရောဂါကြောင့် ခံစားရမည့် ဝေဒနာများသွေးတိုးရောဂါဆိုတာ Chronic Disease လို့ခေါ်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ 😃 ဒါကြော...
04/12/2023

သွေးတိုးရောဂါကြောင့် ခံစားရမည့် ဝေဒနာများ
သွေးတိုးရောဂါဆိုတာ Chronic Disease လို့ခေါ်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ 😃

ဒါကြောင့် သွေးတိုးရောဂါဆိုတာ အမြစ်ပြတ်ပျောက်ကင်းနိုင်တဲ့ ရောဂါမဟုတ်တာမို့ ဆေးမြီးတိုတွေ မမှီဝဲကြဖို့ တောင်းဆိုပါရစေရှင် 🙏🏻

သွေးတိုးရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ?

🤒ခေါင်းမူးခေါင်းကိုက်ခြင်း
🤒အမြင်ဝေဝါးခြင်း
🤒ရင်ဘတ်အောင့်ခြင်း
🤒နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း
🤒အသက်ရှုရကျပ်ပြီး မောတတ်ခြင်း
🤒စိတ်ရှုပ်ထွေးတက်ခြင်း
🤒ပင်ပန်းလွယ်ခြင်း
🤒ပျို့အန်ခြင်း

❗ခေါင်းမူးခေါင်းကိုက်တိုင်း သွေးတိုးခြင်းမဟုတ်နိုင်တာမို့ သွေးပေါင်ကျဆေးတွေသောက်ခြင်းမျိုးကို ရှောင်ကျဉ်သင့်ပါတယ်❗

ဘာတွေကြောင့် သွေးတိုးရောဂါဖြစ်စေတာလဲ??

🚫ဆေးလိပ်သောက်ခြင်း
🚫အဝလွန်ခြင်း
🚫လှုပ်ရှားမှုမရှိခြင်း
🚫အငန်အစားများခြင်း
🚫အရက်အလွန်အကျွံသောက်ခြင်း
🚫စိတ်ဖိစီးမှုများခြင်း

သွေးတိုးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

✅လေ့ကျင့်ခန်းများများလုပ်မယ်
✅ဆေးလိပ်ဖြတ်မယ် (တတ်နိုင်သလောက်လျော့သောက်မယ်)
✅အရက်ဘီယာ ရှောင်မယ်
✅အာဟာရပြည့်ဝတဲ့ အသီးအနှံများများစားပေးရမယ်
​✅အရေးအကြီးဆုံးကတော့ အငန်လျော့စားရပါမယ်

အပေါ်မှာပြောပြသွားတဲ့အချက်ကလေးတွေကတော့ သွေးတိုးရောဂါဖြစ်လာပြီဆို ဘယ်လို ဝေဒနာတွေခံစားရမလဲ၊ သွေးတိုးရောဂါဟာ ဘာတွေကြောင့် ဖြစ်ပေါ့တတ်ရတာလဲ နှင့် သွေးမတိုးအောင် ဘယ်လိုနေထိုင်ဆင်ခြင်ရမလဲဆိုတာကို information sharing လုပ်တဲ့အနေနဲ့ မိတ်ဆွေတို့အတွက် တင်ပေးလိုက်ပါတယ်။

credit

admin 2

27/11/2023

9: 00..နာရီ....ပံ့သကူ...အလှူတော်

🙏🙏🙏🙏မေတ္တာရပ်ခံချက်....ဆိုင်ခေတ္တခန ပိတ်ပါရစေ....၂ ရက်ခွင့်ယူပါသည်...ချစ်သော Customer များ #အောင်ချမ်းသာဆေးနှင့်ငွေလွှဲင...
27/10/2023

🙏🙏🙏🙏

မေတ္တာရပ်ခံချက်....

ဆိုင်ခေတ္တခန ပိတ်ပါရစေ....

၂ ရက်ခွင့်ယူပါသည်...ချစ်သော Customer များ

#အောင်ချမ်းသာဆေးနှင့်ငွေလွှဲငွေထုတ်

#ဝန်ဆောင်မှုအမျိုးမျိုး

#ကျန်စစ်သားအိမ်ယာ

#လှိုင်သာယာ

#အမှတ်၆ရပ်ကွက်

ph..09 25 22 88 228

 #စျေးသက်သာ ....300/2800/22500(အချိန်အကန့်သန့်ရှိ)
25/10/2023

#စျေးသက်သာ

....300/2800/22500

(အချိန်အကန့်သန့်ရှိ)

Pregnancy ဘယ်အသက်အရွယ်မှာ ကိုယ်ဝန်ဆောင်သင့်လဲကိုယ်ဝန်ဆောင်တွေမှာ အသက်မတူရင် မတူတာတွေရှိတယ်။ ကိုယ်ခန္ဓာ၊ စိတ်လှုပ်ရှားမှု...
13/10/2023

Pregnancy ဘယ်အသက်အရွယ်မှာ ကိုယ်ဝန်ဆောင်သင့်လဲ

ကိုယ်ဝန်ဆောင်တွေမှာ အသက်မတူရင် မတူတာတွေရှိတယ်။ ကိုယ်ခန္ဓာ၊ စိတ်လှုပ်ရှားမှုနဲ့ သတိထားစရာတွေ မတူကြပါ။ ကိုယ်ဝန်ဆောင်ဘို့ အကောင်းဆုံးအသက်အရွယ်ကို အတိအကျမပြောနိုင်ပါ။ အကောင်းနဲ့အဆိုး ချင့်ချိန်စရာတွေရှိတယ်။ ယေဘုယျ အသက် (၂ဝ) မှာ အားအင်အပြည့်ဆုံးဖြစ်တယ်။ ကိုယ်၊ စိတ်၊ ဝင်ငွေ။ အသက် (၃ဝ) နဲ့ (၄ဝ) ဆိုရင် ငွေကြေး ပိုပြည့်စုံနေမယ်။ ဘဝအတွေ့အကြုံတွေ ကုံလုံနေမယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ရတဲ့ ဝန်ထုပ်ဝန်ပိုးက ပိုခက်ခဲလာနိုင်တယ်။ မွေးပြီးကလေးကိုစောင့်ရှောက်ရတာလည်း ငယ်တုန်းကလောက် မလွယ်တတ်ပါ။

အသက် ၂ဝ ကနေ ၂၄ နှစ်ကြား
မျိုးပွါးဘို့ အကောင်းဆုံးအသက်တွေဖြစ်တယ်။ ရာသီလည်းမှန်နေတယ်။ မျိုးထွက်လည်းမှန်နေမယ်။ ရချင်တိုင်းတော့ ရချင်မှသာရမယ်။ တားဆေး-တားနည်းမသုံးသူတွေ တလမှာ ကိုယ်ဝန်ရလမ်း ၂ဝ% စီရှိတယ်။ ကိုယ်ဝန်ရလာရင် သွေးတိုးဖြစ်တာ အနည်းဆုံးကာလဖြစ်တယ်။ အသက် (၂၅) နှစ်အောက်ဆိုရင် (၄ဝ) တွေထက် ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်စရာ ၅ဝ% နည်းတယ်။ စိတ်ပိုင်းကတော့ တယောက်နဲ့တယောက် မတူကြပါ။ တချို့ကိုယ်ခန္ဓာအလှပျက်မှာကို ပိုစိုးရိမ်တယ်။ တချို့က မျိုးဆက်ပွါးဘို့ အကောင်းဆုံးအခွင့်အလမ်းကို အရအမိယူချင်မယ်။ ကိုယ်ဝန်ပျက်နှုန်း ၉့၅% သာ ရှိတယ်။ အသက် (၂ဝ) ဝန်းကျင်မိခင်လောင်းကနေ ဒေါင်း ဆင်ဒရုမ်နဲ့ကလေးမွေးဘို့အခွင့်အလမ်း (၁၆၆၇) ယောက်မှာ (၁) ယောက်သာရှိတယ်။ တခြားမွေးရာပါချို့ယွင်းချက်နဲ့ကလေးမွေးနှုန်း (၅၂၆) ယောက်မှာ (၁) ယောက်သာ ရှိတယ်။ ဒါပေမယ့် အဲလိုချို့ယွင်းချက်နဲ့ကလေးတွေဟာ မိခင်လောင်းအသက် (၂ဝ) ကျော်တွေကနေ ကလေးမွေးတာ များတယ်။ အဲတာကတော့ ဒီအသက်မှာ ကလေးအမွေးများကြလို့လည်းဖြစ်တယ်။

အသက် (၂၅) နဲ့ (၂၉) နှစ်ကြား
ကိုယ်ဝန်ဆောင်နေစဉ် လေ့ကျင့်ခန်းလည်းလုပ်ရင် မွေးဖွါးရတာပိုလွယ်ကူမယ်။ မွေးပြီးနောက် ကိုယ်အနေအထား ရင်းစားပြန်ရတာ ပိုမြန်မယ်။ မွေးရတာနဲ့ မွေးပြီးအပြောင်းအလဲတွေအတွက် သင့်ဆုံးအချိန်ဖြစ်နိုင်တယ်။ အသက် (၃ဝ) အောက် ကိုယ်ဝန်ဆောင်ရင် ရင်သားကင်ဆာနဲ့ မျိုးဥအိမ်ကင်ဆာဖြစ်နိုင်ချေခလည်း အနည်းဆုံးကာလဖြစ်တယ်။ စိတ်ပိုင်းမှာလည်း ရင့်ကျက်လာပြီ။ အလုပ်အကိုင်နေသားကျပြီ။ အိမ်ထောင်ရေးတည်ငြိမ်လာပြီ။ ကိုယ်ဝန်ပျက်နှုန်း ၁ဝ% ရှိမယ်။ ဒေါင်းဆင်ဒရုမ်းနဲ့ကလေးမွေးလမ်း (၁၂၅ဝ) မှာ (၁) ယောက်ရှိမယ်။ မွေးရာပါချို့ယွင်းချက်နဲ့ကလေး မွေးလမ်း (၄၇၆) ယောက်မှာ (၁) ယောက်။

အသက် (၃ဝ) ကနေ (၃၄) နှစ်ကြား
မျိုးပွါးနိုင်တဲ့အခွင့်အလမ်း အသက် (၃ဝ) နောက်မှာ ကျဆင်းလာပြီ။ အထောက်အကူနည်းနဲ့ကလေးရအောင်လုပ်ရင်တော့ ကိုယ်ထက်အသက်ပိုကြီးသူတွေထက် အခွင့်အလမ်းသာတယ်။ IVF နည်းလုပ်ရင် အောင်မြင်နှုန်း ၂၅% ကနေ ၂၈% ရှိတယ်။အသက် (၄ဝ) ကျော်လာရင် ၆% ကနေ ၈% သာရှိမယ်။ ဗိုက်ခွဲမွေးရတာမှာ အသက် (၃ဝ-၃၄) နှစ်ကိုယ်ဝန်ဆောင်တွေက အသက် (၂ဝ) ကျော်တွေထက် (၂) ဆပိုများတယ်။ စိတ်ရော အလုပ်အကိုင်ပါ ပိုပြီး တည်ငြိမ်နေပြီ။ ကိုယ်ဝန်ပျက်နှုန်း ၁၁့၇% ရှိမယ်။ ဒေါင်းဆင်ဒရုမ်းကလေးမွေးလမ်း (၉၅၂) ယောက်မှာ (၁) ယောက် ရှိမယ်။ မွေးရာပါချို့ယွင်းချက်နဲ့ကလေး (၃၈၅) ယောက်မှာ (၁) ယောက်ရှိမယ်။

အသက် (၃၅) နှစ်ကနေ (၃၉) နှစ်ကြား
မျိုးပွါးနိုင်တဲ့အခွင့်အလမ်း ဆက်ကျဆင်းလာပြီ။ (၃၈) နှစ်ဆိုရင် နည်းသထက်နည်းပြီ။ သွေးတိုးနိုင်ခြေ အသက် (၃၅) နှစ်အောက်ကထက် (၂) ဆပိုလာပြီ။ ၁ဝ-၂ဝ% ကိုယ်ဝန်သွေးတိုးရှိနိုင်တယ်။ ကိုယ်ဝန်ဆီးချိုဖြစ်တာလည်း (၃) ဆ ပိုလာပြီ။ ကိုယ်အလေးချိန်ပိုတက်မယ်။ ဗိုက်ခွဲမွေးဘို့လည်း (၃၅) နှစ်အောက်တွေထက် (၂) ဆပိုလာမယ်။ မူမမှန်ကလေး မွေးမလားသိအောင် Amniocentesis ရေမြွာရည်ဖေါက်စစ်တာနဲ့ Prenatal screening တခြားနည်းတွေ လိုအပ်လာပြီ။ ကလေးအမွှာရလမ်းပိုလာပြီ။ ကိုယ်ဝန်ပျက်နှုန်း ၁၈% နီးပါးရှိမယ်။ အသေမွေးနှုန်း ငယ်သူတွေထက် (၂) ဆပိုမယ်။

အသက် (၄ဝ) ကနေ (၄၅) နှစ်ကြား
ကောင်းတာကိုအရင်ပြောရရင် အသက် (၄ဝ) ကျော်အမျိုးသမီးတွေကို မျိုးပွးအထောက်အကူနည်းတွေမပါပဲ မွေးနိုင်ကြပြီး အသက်လည်းရှည်တယ်လို့ မကြာသေးခင်ကလေ့လာမှုတခုကဆိုပါတယ်။ ကိုယ်ခံကျန်းမာရေး၊ လူနေမှုပုံစံ၊ စတာတွေ အပေါ်မှာတော့ မူတည်နေတယ်။ ဒါပေမယ့့့့် လိပ်ခေါင်းပိုဖြစ်မယ်။ ဆီးအိမ်ကိုဖိအားသက်ရောက်တာ ပိုဖြစ်မယ်။ သားအိမ်နဲ့ ဆီးအိမ်ကျတာပိုများတယ်။ ရင်သားတွဲကျတာပိုမယ်။ ကိုယ်လက်လေ့ကျင့်ခန်းအပြင် (ကီဂယ်လ်) လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ပိုင်းမှာတော့ ပိုင်ပိုင်နိုင်နိုင်ပိုရှိနေသူဖြစ်ပါမယ်။ ကိုယ်ဝန်ပျက်လမ်း (၃) ပုံ (၁) ရှိတယ်။ အချင်းအောက်ကျတာပိုမယ်။ ခွဲမွေးရတာပိုများမယ်။ ကလေးအရွယ်အစားသေးနိုင်တယ်။ မွေးရာပါချို့ယွင်းချက်နဲ့ကလေး အသက်ရလေ နည်းနည်းချင်းပိုလာလေ။ (၆၆) ယောက်မှာ (၁) ယောက်ရှိမယ်။ ဒေါင်းဆင်ဒရုမ်းကလေး (၁ဝ၆) ယောက်မှာ (၁) ယောက်ရှိမယ်။ အသက် (၄၄) နှစ် ကျော်လာရင် ဒေါင်းဆင်ဒရုမ်းကလေး (၃၈) ယောက်မှာ (၁) ယောက်နဲ့ မွေးရာပါချို့ယွင်းချက်နဲ့ကလေး (၂၆) ယောက်မှာ (၁) ယောက်ရှိမယ်။

အသက် (၄၅) နှစ်ကနေ (၄၉) နှစ်ကြား
ကလေးရနိုင်ခြေ ဝ့ဝ၃% ရှိတယ်။ အထောက်အကူနည်းတွေသုံးလည်း အခွင့်အလမ်းနည်းလာပြီ။ ကိုယ်ဝန်ရလာရင် စမ်းသပ်မှုတွေလုပ်ရမယ်။ ကိုယ်ဝန်နဲ့ အထဲကကလေးကျန်းမာရေးသာမက ကိုယ့်ကျန်းမာရေးကိုပါသတိထားရမယ်။ ကိုယ်ဝန်ပျက်လမ်း ၅ဝ% ရှိတယ်။ ကလေးအသေမွေးမှာ အသက် (၂ဝ) ကျော်ကိုယ်ဝန်တွေထက် (၂) ပိုတယ်။ ဒေါင်းဆင်ဒရုမ်းကလေး (၃ဝ) မှာ (၁) ယောက်နှုန်းနဲ့ မွေးရာပါချို့ယွင်းချက်နဲ့ကလေးရလမ်း (၂၁) ယောက်မှာ (၁) ယောက်ရှိတယ်။ (၄၉) ကျော်ရင် ဒေါင်းဆင်ဒရုမ်းကလေး (၁၁) ယောက်မှာ (၁) ယောက်နဲ့ မွေးရာပါချို့ယွင်းချက်နဲ့ ကလေးရလမ်း (၈) ယောက်မှာ (၁) ယောက်ရှိပြီ။

အသက် (၅ဝ) ကျော်ကိုယ်ဝန်
အမျိုးသမီးအများစုဟာ အသက် (၄၅) နဲ့ (၅၅) နှစ်ကြား၊ (၅၁) နှစ်မှာ သွေးဆုံးကြတယ်။ ကိုယ်ဝန်ရချင်သူ အထောက်အကူတွေ ပိုလိုလာပြီ။ ဆေး၊ ပရိုဂျက်စတီရုန်းဟော်မုန်းက ကိုယ်ဝန်ကို အနည်းဆုံး (၂) လအထိ ထိန်းထားနိုင်အောင်လိုမယ်။ တချို့က မျိုးဥအလှူလိုမယ်။ သွေးတိုး၊ ကျောက်ကပ်နဲ့ အချင်းပြဿနာတွေကို သတိထားရမယ်။ မွေးပြီးနောက်လည်း သတိထားစရာတွေပိုမယ်။

မှတ်ချက်။ ဆေးသုတေသနအရရေးတာဖြစ်ပါတယ်။ တယောက်စ နှစ်ယောက်စ အဲတာတွေနဲ့မတူတာထောက်ပြပြီး၊ ဆေးပညာမှားတယ်တော့ လာမပြောကြပါနဲ့။ အရင်စာတွေမှာ လာလာပြောကြတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၆
၂၄-၅-၂ဝ၁၈

ATM ကတ်သုံးရင်း စိတ်အေးရဖို့ATM စက်တွေဟာ မိမိရဲ့ငွေသားပိုက်ဆံတွေ ထုတ်ဖို့ ရိုးရှင်းလွယ်ကူစွာ အသုံးပြုလို့ရတဲ့ နေ့စဉ်သုံး...
05/10/2023

ATM ကတ်သုံးရင်း စိတ်အေးရဖို့

ATM စက်တွေဟာ မိမိရဲ့ငွေသားပိုက်ဆံတွေ ထုတ်ဖို့ ရိုးရှင်းလွယ်ကူစွာ အသုံးပြုလို့ရတဲ့ နေ့စဉ်သုံး စက်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ ATM သုံးတဲ့အခါ ဘေးကင်းစွာနဲ့ အသုံးပြုနိုင်ဖို့ Safety Tips လေးတွေကို မျှဝေပေးလိုက်ပါတယ်။

1️⃣ကတ်ကို ATM စက် မှ ပြန်ထုတ်ဖို့ သတိပြုပါ။
ATM စက်အသုံးပြုချိန်မှာ ငွေသားထွက်လာပြီးနောက် ထွက်လာတဲ့ ကတ်ကို ထုတ်ယူဖို့ မမေ့ပါနဲ့။ ပထမဆုံး ကတ်ထွက်လာတာကို အရင်စောင့်ပါ။ ကတ်ယူပြီးမှ ထုတ်ထားတဲ့ငွေကို စစ်ဆေးပြီးမှ ယူဖို့အကြံပြုပါတယ်။

2️⃣PIN နံပါတ်ကို တခြားသူများနဲ့ မျှဝေခြင်းရှောင်ပါ။
PIN နံပါတ်ဟာ မိမိတစ်ယောက်တည်းသာ သိရှိရမယ့် အချက်အလက်ဖြစ်ပါတယ်။ ဒါကြောင့် PIN နံပါတ်ကို တခြားနေရာများမှာ ရေးခြစ်ခြင်းကိုလည်း ရှောင်ပါ။ မိမိကိုယ်တိုင်မှ လွဲ၍ မိသားစုဝင်ပဲဖြစ်စေ၊ တခြားသူတစ်ဦးတစ်ယောက် ကိုသိရှိစေခြင်းမှ ရှောင်ပါ။ ဒါ့အပြင် PIN နံပါတ် ကို (၁) နှစ် တစ်ကြိမ် ပြောင်းလဲ သင့်ပါတယ်။

3️⃣ATM စက်က ငွေထုတ်တဲ့အခါ သတိပြုပါ။
ATM စက်တွေဟာ ၂၄ နာရီရရှိနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်တာမို့ ပတ်ဝန်းကျင်အခြေအနေကို သတိပြုအကဲခတ်ပြီးမှ ငွေထုတ်လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သင့်ပါတယ်။

4️⃣ ATM Transaction slip ထုတ်ယူသည့်အခါ တစ်ပါတည်း ယူဆောင်သွားဖို့ မမေ့ပါနှင့်။

Slip ထုတ်ယူသည့်အခါ ငွေထုတ်ပြီးနောက် မိမိရဲ့ Personal Information များပါဝင်ပါသဖြင့် မိမိနဲ့တစ်ပါတည်းယူဆောင်သွားဖို့ (သို့မဟုတ်) စနစ်တကျ စုတ်ဖြဲပြီးစွန့်ဖို့ အကြံပြုပါတယ်။

5️⃣ATM ကတ်ညှပ်သွားရင် ဘာလုပ်ရမလဲ
AYA ATM ကတ်သုံးရင်း ကတ်ညှပ်သွားရင် စိတ်မပူပါနဲ့။ ကတ်ညှပ်သွားတဲ့အခါ ဘဏ်က ATM ဖြစ်ပါက ဘဏ်ကိုဆက်သွယ်ပါ။ တခြားသော နေရာများမှ ATM ဖြစ်ပါက Contact Center ဖုန်းနံပါတ် ၀၁-၂၃၁၇၇၇၇ ကို ဆက်သွယ်ရမှာဖြစ်ပါတယ်။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

Join...Wechat..
02/09/2023

Join...Wechat..

 #မြန်မာနက်ဘေကဒ် #အောင်ချမ်းသာ #ဆေးနှင့်ငွေလွှဲငွေထုတ် #ဝန်ဆောင်မှုအမျိုးမျိုး #ကျန်စစ်သားအိမ်ယာ #လှိုင်သာယာ
25/08/2023

#မြန်မာနက်ဘေကဒ်

#အောင်ချမ်းသာ

#ဆေးနှင့်ငွေလွှဲငွေထုတ်

#ဝန်ဆောင်မှုအမျိုးမျိုး

#ကျန်စစ်သားအိမ်ယာ

#လှိုင်သာယာ

 ...ထည့်ပေးပါတယ်
20/08/2023

...ထည့်ပေးပါတယ်

✈️လေဆိပ်သွားရင် မျက်စိမလည်ဖို့ ✈️^^^^^^^^^^^^^^^^^^^^^^^^^^နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိ...
18/08/2023

✈️လေဆိပ်သွားရင် မျက်စိမလည်ဖို့ ✈️
^^^^^^^^^^^^^^^^^^^^^^^^^^
နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိကြမယ်ထင်တယ်၊ ကျွန်တော်တို့လို ခရီးခဏခဏ သွားတဲ့သူတွေတောင် ခုချိန်ထိ လေဆိပ်အတွင်း Sign တွေလိုက်ကြည့်ပြီးပဲ သွားရတာပါ။ Dubai, Doha နဲ့ Kuala Lumpur တို့လို Transit အဝင်အထွက်များတဲ့ Airport တွေဆို Terminal တစ်ခုနဲ့တစ်ခုကူးဖို့ လေဆိပ်အတွင်း Bus နဲ့ Mini Train တွေတောင် ရှိတတ်ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာက လေဆိပ်တွေအားလုံးရဲ့ အဆင့်ဆင့်ဖြတ်ကျော်ပုံက အတူတူပဲမို့ အထောက်အကူဖြစ်အောင် ဒီ Content လေး ရေးပေးလိုက်ပါတယ်၊ အသုံးလိုတဲ့အခါ ထုတ်ကြည့်လို့ ရအောင်ပေါ့...။

အဆင့် (၇) ဆင့်ကို အလွတ်မှတ်ထားပါ
၁။ Check-in Counter သွားမယ်
အရင်ဆုံး ကိုယ့်လေယာဥ် ဘယ် Terminal ကစီးရမှာလဲ သိရမယ်၊ အဲ့တာကလည်း Flight Ticket ထဲ ပါမှာမို့ စိတ်ပူစရာမလိုပါ။ ထွက်ခွာဆို Departure ကိုသွားပြီး ဆိုက်ရောက်က Arrival ပါ။ Departure Terminal အတွင်း ကြိုက်တဲ့ Gate ကဝင်ပြီး အရင်ဆုံးလုပ်ရမှာ Airline Check-in Counter ရှာရပါမယ်၊ လေဆိပ်တွေမှာ အပေါက်ဝဝင်ဝင်ချင်း LED Board တွေနဲ့ ဘယ် Airline Counter ကတော့ ဘယ် Roll မှာ A, B, C စသဖြင့် ရေးထားလို့ အဲ့မှာကြည့်ပြီး Sign အတိုင်းလိုက်သွားပါ၊ ကိုယ်စီးရမယ့် Flight နံပါတ် ပြထားတဲ့ Counter တွေ့ရင် တန်းစီ Passport ပေးပြီး Luggage အပ်၊ Check-in ဝင်ပါ။ Luggage အပ်တဲ့အခါ ကွဲတတ်တာတွေပါရင် တစ်ခါတည်းပြောပါ၊ Battery ပါတဲ့ Power Bank လို ပစ္စည်းတွေကတော့ ကိုယ်နဲ့အတူ လေယာဥ်ပေါ် Hand Carry သယ်သွားပါ။ မတော်တဆပါသွားခဲ့ရင် လေယာဥ်ပေါ်ရောက်ပြီးမှ ကိုယ့်နာမည်ခေါ်ပြီး ပြန်လာထုတ်ခိုင်းလို့ အရမ်းကို အလုပ်ရှုပ်တဲ့အပြင် လေယာဥ်ပါ Delay ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ပါ။ (ခုက Traditional နည်းပဲ ရေးထားပါတယ် Online နဲ့ Self Check-in နည်းတွေပါရေးရင် ရှည်သွားမှာမို့ ဒီလောက်ပဲမှတ်ထားရင် ရပါပြီ)

၂။ Immigration ဖြတ်မယ်
Check-in ဝင်ပြီးပြီဆို ကိုယ်လေယာဥ်စီးရမယ့် လက်မှတ် Boarding Pass ရလာပါမယ်၊ အဲ့တာရပြီးပြီဆို လူဝင်မှုကြီးကြပ်ရေး Immigration ဆိုပြီး ရဲပုံလေးနဲ့ Sign နောက်ကို သွားပါ၊ ဒါမှမဟုတ် To Gates ဆိုတာနောက် လိုက်သွားလည်း ရပါ၏၊ ကိုယ်ဒီနိုင်ငံက ထွက်ခွာသွားပြီဆိုတဲ့ တုံးထုပေးဖို့ပါပဲ စိတ်ပူစရာမလို ကြောက်စရာမလို။ ကိုယ်သွားမယ့်နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် Visa လိုတယ်ဆို ဒီနေရာမှာ စစ်ပါတယ်၊ မြန်မာပြည်က Departure Card ဆိုတာ ဖြည့်ရလို့ Check-in Counter မှာရလာတဲ့ Card ကိုဖြည့်ပြီး Immigration မှာပေးခဲ့ပါ။

၃။ Security စစ်မယ်
Immigration ကို ဖြတ်လာပြီးရင်တော့ လေယာဥ်စီးရမယ့် Gate တွေကို မရောက်ခင် ကိုယ့်ကိုရော လေယာဥ်ပေါ်ယူသွားမယ့် Hand Carry ကိုပါ Security စစ်ပါမယ်၊ ဒီနေရာမှာ အရည်ပါတဲ့ပစ္စည်းတွေ 100ml ထက်ပိုပြီး သယ်မရပါ Skincare ဘူးကြီးတွေဆိုလည်း အကုန်ထားခဲ့ရမှာမို့ Luggage အကြီးထဲထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့။ လိုအပ်ချက်ပေါ် မူတည်ပြီး ဖိနပ်၊ ဦးထုပ်၊ အနွေးထည်နဲ့ ခါးပတ်တွေပါ ချွတ်ခိုင်းမှာမို့ သူတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး အစစ်ဆေးခံပါ။

၄။ စီးရမယ့် Gate ရှာမယ်
ဒီနေရာကို ရောက်လာပြီဆို စိတ်နည်းနည်းအေးရပါပြီ... To Gates ဆိုတဲ့ ဆိုင်းဘုတ်တွေနောက် လိုက်သွားပါ၊ Boarding Pass ပေါ်က ကိုယ်စီးရမယ့် Gate နံပါတ်ကို လိုက်ရှာပြီး Boarding Time မခေါ်ခင်ထိ Duty Free Area ထဲ သွားချင်တဲ့နေရာသွားပြီး စျေးဝယ် မုန့်စား ကော်ဖီသောက်ရင်း စောင့်ဆိုင်းရုံပါပဲ။ တစ်ခုသတိထားရမှာက Last Minute မှ Gate ပြောင်းတတ်လို့ ကိုယ့် Gate ကိုတော့ အမြဲ Check နေပါနော်။

၅။ လေယာဥ်ပေါ်တက်မယ်
Boarding ခေါ်တဲ့အခါ အသံနဲ့ကြေငြာပါတယ်၊ အများအားဖြင့် Business Class က အရင်ဝင်ရပြီး Economy Class ကတော့ သူပြီးရင် ဝင်ရပါတယ်၊ လေယာဥ်အတွင်းရောက်ပြီဆို ကိုယ့်ရဲ့ Seat နံပါတ်အတိုင်း လိုက်ရှာပြီး ထိုင်ပါ။ ကိုယ် Window Seat ဆို ကိုယ့်နံပါတ်ဘေးမှာ လေယာဥ်ပြတင်းပေါက်ပုံလေး ပြထားပါလိမ့်မယ်၊ မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ခုံပေါ့။

၆။ Immigration ဖြတ်မယ်
Landing ဖြစ်ပြီး လေယာဥ်ပေါ်က ပြန်ဆင်းရပြီဆို Arrival ဆိုတဲ့ Sign အတိုင်းလိုက်သွားပါ၊ အရင်ဆုံး Immigration ဖြတ်ရမှာအပြင် တခြားမရှိပါ၊ ကိုယ့်မှာပါတဲ့ စာရွက်စာတမ်းတွေပြ၊ Officer က တုံးထု၊ လိုအပ်တဲ့ Scan ဖတ်တာတွေလုပ် ပြီးရင် သူတို့နိုင်ငံအတွင်း ဝင်လို့ရပါပြီ။ လေဆိပ်သွားရင် သပ်သပ်ရပ်ရပ်ဝတ်စားသွားဖို့ အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ အရမ်းစကားပြောပါတယ်၊ ကိုယ့်ကိုမသင်္ကာရင် မသင်္ကာသလို ရစ်နိုင်လို့ ကိုယ်ကကြောက်နေတဲ့ပုံ မနေသင့်ပါဘူး၊ ပုံမှန်အားဖြင့်တော့ ဒီတိုင်းတုံးထုပေးပြီး မစစ်လိုက်တာများပါတယ်၊ ကျန်တာတော့ ကိုယ့်ကံပေါ့။

၇။ Baggage Claim မယ်
နောက်ဆုံးအဆင့်ရောက်ပါပြီ၊ Immigration က ထွက်တာနဲ့ ကိုယ့်ရဲ့ Flight က ဘယ်နံပါတ်မှာ Luggage တွေ ချပေးမလဲဆိုတာ ကြည့်ရမယ့် LED Board ကို ရှာပါ။ အဲ့မှာကြည့်ပြီး အထုပ်စောင့်ယူပြီးပြီဆိုရင်တော့ လိုအပ်တဲ့ Sim Card ဝယ်၊ ကိုယ်ဆက်သွားမယ့်နေရာ ဆက်သွားနိုင်ပါပြီ။
ဒီအဆင့်တွေအားလုံးက ကျော်စရာလည်းမလိုသလို ကျော်လို့လည်း မရပါဘူး... စိတ်ချမ်းသာပြီး အရာရာ အဆင်ပြေတဲ့ ခရီးစဥ်တွေ ဖြစ်ကြပါစေ။
Crd

 #ဘေဘီလေးတွေကျန်းမာဖွံ့ဖြိုးစေဖို့ 🤱❤️ 6 လထိ မိခင်နို့ တမျိုးပဲ တိုက်ကျွေးပါနော် 🙏👼🏻 6 လ ပြည့်ပီးတာနဲ့ လိုအပ်တဲ့ Vitamin...
18/08/2023

#ဘေဘီလေးတွေကျန်းမာဖွံ့ဖြိုးစေဖို့ 🤱

❤️ 6 လထိ မိခင်နို့ တမျိုးပဲ တိုက်ကျွေးပါနော် 🙏

👼🏻 6 လ ပြည့်ပီးတာနဲ့ လိုအပ်တဲ့ Vitamin နဲ့ အာဟာရဓာတ်တွေ အတွက် ဖြည့်စွက်စာ စတင်ကျွေးရန်ပြင်ဆင်သင့်ပါပီ

👼🏻 6 လ ပြည့်ပီး ဖွံ့ဖြို့တဲ့ အရွယ်လေးမှာ ဖြည့်စွက်စာ စတင်ကျွေးပီဆိုတာနဲ့ …….😍

- 🥣 အစားအသောက်လဲ မရွေးရအောင်
- 🥗 အရသာလဲအပြောင်းအလဲဖြစ်အောင်
- 💪🏻 Vitamin အစုံလဲရရှိအောင်

အသီးအနှံလေးတွေ ပြောင်းပီး ကျွေးချင်တဲ့ မေမေတို့အတွက် 🥰

➡️ ကိုပြောင်းကျွေးဖို့ မမေ့နဲ့နော် 🥰

#အောင်ချမ်းသာ

#ဆေးနှင့်ငွေလွှဲငွေထုတ်ဝန်ဆောင်မှု

#ကျန်စစ်သားအိမ်ယာ

#လှိုင်သာယာ

..09 25 22 88 228

credit ပါ


#ကလေးဖြည့်စွက်စာ
#ပြည့်ဝအာဟာရမိသားစုဘဝ

18/08/2023

..Omega3.6.9

**အသားအရမ်းခြောက်တတ်တယ်**

** အသက်ငယ်ငယ်လေးနဲ့ ပေါ်နေပြီ**အရေးအကြောင်းတွေကလည်း

**အသားအရေ ကြည်လင်စိုပြေပြီး Healthy and Glow Look ရချင်တယ်**

ဆိုရင်တော့ ဒီစာလေးကို ဆုံးအောင်ဖတ်ပါ။

ဆောင်းရာသီ နည်းနည်းလေးစအေးလာချိန်..သူများတွေ အနွေးထည်လေးဝတ်ပြီး စတိုင်ထုတ်နေကြချိန်မှာ ကိုယ်ကတော့ အသားအရေကခြောက်ကပ်၊ ဟိုနားက ယား၊ ဒီနားက ယားနဲ့🤧

အသားအရေကနီရဲပြီး ကြည့်လိုက်ရင် မွဲခြောက်ခြောက်ဖြစ်နေတာပေါ့။

အသားအရေကို မွဲခြောက်ခြောက်ဖြစ်စေတဲ့ရောဂါတွေထဲမှာ အဖြစ်အများဆုံးကတော့ Atopic dermatitis (or) eczema လို့ခေါ်ပါတယ်။
မြန်မာလိုဆိုရင်တော့ နှင်းခူ ပေါ့။

ဒီနှင်းခူအမျိုးအစားကတော့ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးဖြစ်ပြီးတော့ လူကြီးလူငယ်၊ ကျားမမရွေး ဖြစ်တတ်ကြပါတယ်။

ဒီနှင်းခူက ဓာတ်မတည့်တဲ့အရာနဲ့ထိတွေ့မိလို့လဲမဟုတ်၊ အရေပြားကိုဆွပေးတဲ့အရာတွေနဲ့ ထိတွေ့မိလို့ဖြစ်တာလည်း မဟုတ်ပါဘူး။
ဘာကြောင့်ဖြစ်တာလဲဆိုတော့ ပင်ကိုအရေပြားရဲ့အပေါ်ယံအလွှာက အစိုဓာတ်/ ရေဓာတ်ထိန်းပေးရမယ့်အလုပ်ကို မလုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။

👉မျက်နှာမှာ အစိုဓာတ်မရှိတော့တဲ့အခါ Elasticity လို့ခေါ်တဲ့ အရေပြားရဲ့ ကျုံ့/ဆန့် နိုင်စွမ်းလျော့သွားပြီးတော့ အရေးအကြောင်းတွေ ဖြစ်လွယ်လာမယ်။

👉ခန္တာကိုယ်နေရာအနှံ့မှာလည်း အပေါ်ယံအရေပြားက ခြောက်သွေ့လာတဲ့အခါ မခံမရပ်နိုင်အောင်ယားလာတာမျိုးတွေဖြစ်တတ်ပါတယ်။

👉ယားတော့ကုတ် >> ကုတ်တော့ နီရဲပြီး အဖတ်တွေလန် >> အခန့်မသင့်ရင် ပိုးဝင်တာမျိုးအထိဆိုးရွားသွားတတ်ပါတယ်။

👉ညဘက်တွေမှာလည်း ကောင်းကောင်းအိပ်မရအောင် ယားတတ်ပါတယ် 🌙

❄️ဆောင်းရာသီ/ ရာသီဥတုအေးချိန်တွေမှာ နှင်းခူပိုကြွလာတတ်တာ ဘာကြောင့်လဲ?

ဆောင်းရာသီမှာတိုက်တဲ့လေက အေးပြီးတော့ စိုထိုင်းမှုနည်းပါးတဲ့အတွက် အသားအရေဟာအစိုဓာတ်မရရှိတော့ပဲ ခြောက်သွေ့လာပါတယ် 💨

ဒါကြောင့် နဂိုတည်းက နှင်းခူကြောင့် အရေပြားအစိုဓာတ်မထိန်းနိုင်သူတွေမှာ နှင်းခူပိုကြွလာရခြင်းပဲဖြစ်ပါတယ်။

နှင်းခူကြွမလာအောင် တားဆီးဖို့ဆိုတာက လွယ်မလိုလိုနဲ့ ခက်ပါတယ်👨‍⚕️

ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်နဲ့တစ်ယောက် ဖြစ်တဲ့ပုံစံခြင်းမတူနိုင်သလို ဖြစ်တဲ့လူတိုင်းအတွက် ကုသဖို့အလုပ်ဖြစ်တဲ့ဆေးဝါးရယ်လို့လည်း သတ်မှတ်ထားတာမရှိလို့ပါ။

ဒါပေမယ့် စိတ်မညစ်သွားကြပါနဲ့💡

ဒီ နည်းလမ်းလေးတွေကို လိုက်နာမယ်ဆိုရင်တော့ အသားခြောက်မှာ၊ နှင်းခူကြွမှာကို စိုးရိမ်စရာမလိုတော့ပဲ အသားအရေ စိုပြေကြည်လင်လာပြီး အရေးအကြောင်းတွေပါ ကင်းဝေးလာပါလိမ့်မယ်✅

နည်းလမ်းလေးတွေ မပြောခင်မှာ "ရေများများသောက်ဖို့" ကတော့ နည်းလမ်းထဲမထည့်တော့ဘူးနော်။ ရေဓာတ်များဖို့ ရေများများသောက်ရမယ်ဆိုတာကတော့ သိမယ်ထင်ပါတယ် 💧

(၁) ရေချိုးတဲ့အခါ ရေအပူချိန်ကို သတိပြုပါ 🚿

​ရာသီဥတုအေးအေးလေးမှာ ရေပူပူလေးနဲ့ချိုးလိုက်ရရင်ဖြင့် ဇိမ်ပဲမဟုတ်လား 🛁

ဇိမ်တော့ရှိပေမယ့် ရေပူတွေဟာ အရေပြားအပေါ်ယံအလွှာကို တိုက်စားစေပြီးတော့ အသားခြောက်တာကို ပိုပြီးတော့ ဆိုးရွားစေပါတယ်။

ဒါကြောင့် ရေပူပူနဲ့ချိုးတာမျိုးကို ရှောင်ကြဉ်ပါ။ ရေကိုနွေးရုံလေးပဲ စပ်ချိုးမယ်ဆိုရင်တော့ ရပါတယ်💦

(၂) Moisturizer လိမ်းပါ 🧴

အသားခြောက်တာကို ကာကွယ်ဖို့အတွက် Moisturizer လို့ ခေါ်တဲ့ အစိုဓာတ်ဖြည့်ခရင်မ်တစ်မျိုးမျိုး လိမ်းပေးရပါမယ်။

Moisturizer လိမ်းတဲ့အခါ ရေချိုးပြီး သဘက်နဲ့သုတ်ပြီးခါစ ရေမခြောက်တခြောက်အချိန်မှာ လိမ်းပေးရပါမယ်။ ဒါမှ အစိုဓာတ်ကို အချိန်ကြာကြာထိန်းထားနိုင်မှာဖြစ်ပါတယ်။

(၃) အဝတ်အစား သေချာရွေးဝတ်ပါ 🥼🧣

အဝတ်အစားဝတ်တဲ့အခါ ကိုယ့်အတွက် ပေါ့ပေါ့ပါးပါးရှိပြီး လေအေးတွေရဲ့ဒဏ်ကလည်း ကာကွယ်ပေးနိုင်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

အရေပြားကို ယားစေတဲ့ သိုးမွှေးသားတွေ၊ ချွေးနစ်စေတဲ့ ချည်အထူသားမျိုးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။

(၄) လူသုံးကုန်ပစ္စည်းတွေမှာ သတိထားဖို့🧼

အရေပြားနဲ့ ထိတွေ့ရတဲ့ ရေချိုးဆပ်ပြာရည်၊အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်‌ဆေးဆပ်ပြာ၊ လက်ဆေးရည်နဲ့ ကိုယ်လိမ်း lotion, cream, jelly, butter တွေဝယ်တဲ့အခါ fragrance ခေါ် လူလုပ်ဓာတုမွှေးရနံ့ထည့်ထားတာမျိုးကို သတိထားပြီး ရှောင်ကြဉ်ရပါမယ်။

Fragrance မပါတဲ့ ထုတ်ကုန်ကို ရွေးချယ်ရပါမယ်။ဓာတုပစ္စည်းပါတဲ့အသုံးအဆောင်တွေကတော့ အရေပြားကို လှုံ့ဆော်ပြီး ပိုယားစေတတ်လို့ပါ။

(၅) အသားအရေ လှချင်သူတိုင်း မဖြစ်မနေ မှီဝဲရမယ့်အရာ (Omega 3-6-9) 💊

Omega 3-6-9 ဆိုတာကတော့ အသားအရည် စိုပြေကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့ အဆီတွေပဲဖြစ်ပါတယ်။
- အသားအရေရဲ့ အစိုဓာတ်နဲ့ အဆီထုတ်လုပ်မှုကို ထိန်းညှိပေးတယ်။
- နေရောင်ခြည် UV Rays တွေကြောင့် အရေပြားမထိခိုက်အောင် ကာကွယ်ပေးတယ်။
- ဝက်ခြံထွက်ခြင်း၊ အင်ပြင်ထွက်ခြင်း၊ ဗောက်ထခြင်းတွေကို လျော့နည်းစေတယ်။
- အရေးအကြောင်းတွေကို လျော့နည်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။

ဘာကြောင့်မဖြစ်မနေမှီဝဲရမယ်လို့ ပြောတာလဲဆိုတော့ Omega 3 နဲ့ 6 က ခန္တာကိုယ်ကနေ မထုတ်လုပ်နိုင်တဲ့ အတွက်ကြောင့်ပါ။ Omega 9 ကတော့ ခန္တာကိုယ်ကထုတ်လုပ်နိုင်တယ်ဆိုပေမယ့် သူ့မှာလည်း အရေပြားကို ကောင်းမွန်စေတဲ့ အာနိသင်တွေအများကြီးရှိလို့ လိုအပ်နေပါသေးတယ်။

ဒါကြောင့် Omega 3-6-9 ကို ပြင်ပ (အစာနဲ့ အားဆေးတွေ) ကနေရယူဖို့ မဖြစ်မနေလိုအပ်ပါတယ်။

Omega 3-6-9 ကြွယ်ဝတဲ့အစားအသောက်တွေကတော့
- အဆီများတဲ့ငါးတွေ (ဆော်လမွန်ငါး၊ တူနာငါး)
- အစေ့အဆံတွေ (သစ်ကြားသီး၊ နှမ်းကြတ်စေ့)နဲ့
- ထောပတ်သီး၊ ဟင်းနုနွယ်ရွက်၊ ကြက်ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းအစရှိတာတွေပဲဖြစ်ပါတယ်။

***Omega 3-6-9 ပါဝင်ပြီး အသားအရေအတွက် ကောင်းမွန်စေတဲ့ အားဆေးကို ညွှန်းပေးပါဆိုရင်တော့ FAME ရဲ့ Omega 3-6-9 ကို ညွှန်းပေးချင်ပါတယ်***

FAME ရဲ့ Omega 3-6-9 ဟာဆိုရင် သဘာဝသစ်သီး သစ်စေ့တွေကပဲ ထုတ်ထားတာဖြစ်လို့ သတ်သတ်လွတ်သမားတွေလည်း သောက်လို့ရပါတယ်။
ငါးမကြိုက်လို့ ငါးကြီးဆီ မသောက်ချင်တဲ့သူတွေအတွက်လည်း အတော်ပဲပေါ့။

ဒီဆေးရဲ့ ထူးခြားချက်ကတော့ ပုံမှန် Soft Gelatin Capsule တွေလို ပျော့သွားတာ၊ ကပ်သွားတာ၊ ဓါတ်တိုးတာ၊ အနံ့ပြောင်းတာတွေ မရှိအောင် အရည်အသွေးမြင့် Licaps (အရည်တောင့်) ပုံစံနဲ့ထုတ်လုပ်ထားပါတယ်။
ဆေးကတ်အနေနဲ့ ထုတ်လုပ်ထားလို့ သယ်ဆောင်ထိန်းသိမ်းရလွယ်ကူပြီး သောက်လိုက်တိုင်း ဆေးက လတ်ဆတ်နေမှာပါ။

အရည်အသွေးရော အာနိသင်ရော ပြည့်ဝတဲ့အပြင် ဈေးနှုန်းကလည်း သင့်တင့်တဲ့အတွက် ညွှန်းပေးလိုက်ပါတယ်✅

Omega 3-6-9 ဆေးအကြောင်းကို အသေးစိတ်ထပ်သိချင်တယ်ဆိုရင်တော့ FAME Pharmaceuticals page ရဲ့ Messenger မှာ သွားရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အားလုံးပဲ အသားခြောက်ခြင်းမှကင်းဝေးပြီး အသားအရေ စိုပြေ လှပကြပါစေ...

ဒေါက်တာစိုပြေ (ဆေး ၂)




17/08/2023

သုံးရက်သုံး
(1000)နဲ့ 5GB ရတုန်းယူထားကြပါ

MPT *777*9 # 5GB
Ooredoo *140*9 # 5GB
A Tom ( Telenor) *979*9 # 5GB

ဒါကတော့ တခြား ကဒ်တွေလည်းရတယ်ဆိုပြီးတင်ထားတာတွေ့တာပါညကျနော် တခြားကဒ်တွေတော့မစမ်းရသေးပါဘူး စမ်းပြီး အဆင်ပြေမပြေမန့်ပေးပါဗျ

 #အမျိုးသမီးများသားအိမ်အလုံးတည်ခြင်း  (uterine fibroid)ဒီနေ့မှာ prettyတို့အတွက် အမျိုးသမီးတွေမှာ အဖြစ်များစိုးရိမ်းရတဲ့ ...
16/08/2023

#အမျိုးသမီးများသားအိမ်အလုံးတည်ခြင်း (uterine fibroid)

ဒီနေ့မှာ prettyတို့အတွက် အမျိုးသမီးတွေမှာ အဖြစ်များစိုးရိမ်းရတဲ့ သားအိမ် အလုံးတည်ခြင်းအကြောင်းလေးပြောပြချင်ပါတယ်

အမျိုးသမီးတွေရဲ့ ၂၀% ကေန ၅၀% လောက်က အမျိုးသမီးဟော်မုန်း
အက်စတိုဂျင် (Estrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) တွေက သားအိမ်ကြွက်သားဖွံဖြိုးမှုကို လှုံ့ ဆော်တာကြောင့် သားအိမ်အလုံးဖြစ်လာတတ်ပါတယ်။
တော်တော်များများ အလုံးတွေက သူ့ဘာသာသူ ရှုံ့ သွားတာမျိုးလည်း ရွိ တတ်ပါတယ်။ရှုံ့သွားပြီးပျောက်သွားရင်တော့ကောင်းပါတယ်ဒါပေမယ့် တချို့အလုံးတွေကျတော့ မသိမသာ လက္ခဏာလောက်ပဲပြတတ်ပြီး ကြီးလာတတ်ပါတယ်။ ဒါကြောင့်
လက္ခဏာလေးတွေ ဖော်ပြချင်ပါတယ်။

-ဓမ္မတာပုံမှန်မဟုတ်ဘဲ ကြာရှည်စွာလာနေခြင်း
-ဓမ္မတာလာရာတွင် သာမန်ထက် အလွန်အမင်း များခြင်း
-ဓမ္မတာမမှန်ခြင်း
-ဓမ္မတာလာချိန်တွင်း အလွန်နာကျင်ခြင်း
-တင်ပဆုံတွင်နာခြင်း
- နောက်ကျောနာခြင်း
-ဗိုက်ပူလာခြင်း

ဒီသားအိမ်လုံး၊သားအိမ်အကျိတ်(ခေါ်)သားအိမ်ရေအိတ်ဟာ တစ္လုံး(သို့မဟုတ်)တစ်လုံးထက်ပိုပြီး ၃/၄ လုံးအထက် ဖြစ်တည်နေတတ်ပါတယ်။အလုံးအသေးလေးကနေပြီး အလုံးအကြီးကြီးထိ့ ဖြစ်တည်လာနိုင်သလို အရွယ်အစားအားဖြင့်လည်းမတူညီပါဘူး။
ဘယ်တော့မှသိသလဲဆိုရင် အလုံးရေများလာပြီး အလုံးတွေကြီးထွားလာမှ ရိပ်မိလာကြတယ်။ခါးနာ၊ခါးကိုက်(Backache or leg pains)ခြေထောက်နာ၊ခြေထောက်ကိုက်တဲ့ဝေဒနာတွေ ခံစားလာရလိမ့်မယ်။

ဒီအလုံးဟာ သားအိမ်ရဲ့ ဟိုးအတွင်းဆုံးအပိုင်းမှာ ဖြစ်တည်နေပါလျှင် ရာသီဆင်းတာ(Heavy menstrual bleeding)များပါလိမ့်မယ်။

ဒီအလုံးဟာ သားအိမ်ရဲ့အပြင်ဘက်အလွှာမှာ ဖြစ်တည်နေပါလျှင် ရာသီမမှန်တာဖြစ်တတ်သလို ရာသီးဆင်းပါကလည်း အရင်ထက် နည်းနေတတ်ပါတယ်။

ဒီနှစ်ချက်ရဲ့ အားနည်းချက်၊အားသာချက်က ဘာကြောင့်လဲဆိုရင် အတွင်းပိုင်းမှာဖြစ်ရင် အဝကျယ်၍ ရာသီးဆင်စရာလမ်းကြောင်း ပိုက်ယ္လာတတ်သလို အပြင်ပိုင်းမှာဖြစ်ရင် ရာသီဆင်းစရာလမ်းကြောင်း ကျဉ်းမြောင်းသွားတတ်ပါတယ်။

တကယ္လို့ ဒီအလုံးဟာ ကြီးထွားပြီး ဆီးအိမ္ကို ဖိ့ထားသလိုဖြစ်နေရင် ဆီးခဏ ခဏ သွားချင်နေမယ်..တကယ္လို့ အူလမ်းကြောင်းကိုဖိ့မိနေရင် ဝမ်းချုပ်တတ်ပါတယ်။

သားအိမ်လုံးအကျိတ်၊ရေအိတ်ကြောင့် ရာသီဆင်းတာ များသူတွေဟာ သွေးအားနည်းလာတတ်သလို အားအင်ကုန်ခမ်းပြီး အသားရည်ဖြူဖတ်ဖြူရော်ဖြစ်လာမယ်၊အသက်ရှုရတာမဝဖြစ်လာမယ်၊အလိုလိုနေရင်းနဲ့မောပန်းနေတတ်ပါတယ်။ဒီလို ဖြစ်နေတဲ့အမျိုးသမီးတွေဟာ အသား၊ငါး၊လတ်ဆတ်သော အသီးအရွက်များများစားသုံးပေးသင့်ပြီး သံဓာတ်ပါဝင်တဲ့ အားဆေးကို သောက်သုံးပါ။

အလုံးကြီးရင်တော့ ဗိုက်ခွဲပြီး ဖယ်ရှားရသလို၊အလုံးသေးရင်တော့ ဆေးရုံသုံး ကိရိယာများဖြင့် မိန်းမကိုယ်အတွင်းကနေတဆင့်နှိုက်၍ ဖယ်ရှားရပါတယ်။

ဒီလို ဖယ်ရှားပြီးသူတိုင်းဟာ ကေလးယူလို့ မနိုင်တော့သလို ကံမကောင်းရင်ဖြင့် သားအိမ်ကိုဖြတ်ထုတ်ဖယ်ရှားတဲ့အထိဖြစ်နိုင်ခြေရှိပါတယ်။

မစိုးရိမ်ပါနဲ့ ဒီအလုံးဟာ ကင်ဆာဆဲလ် မဟုတ်သည့်အတွက်ကြောင့် ခွဲစိတ်ကုသရင်ဖြင့်ပျောက်ကင်းသက်သာနိုင်သလို ခွဲစိတ်ကုသပြီးပေမဲ့လည်း ပြန်လည်ဖြစ်တည်လာတတ်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ။

၁)လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းကို တစ်ရက်ကို တစ်နာရီလောက်လုပ်ပေးမယ်ဆိုလျှင် ရောဂါဖြစ်နှုန်း ၃၀% ကေန၄၀% ထိချပေးနိုင်ပါတယ်။လေ့ကျင့်ခန်းကတော့ဒီရောဂါတင်မကပါဘူး၊၊
ရောဂါတော်တော်များများကိုကာကွယ်ပေးနိူင်လို့လုပ်သင့်ပါတယ်။

၂)-ဟင်းသီးဟင်းရွက်အသီးအနှံ မ်ားမ်ားစားပါ။

အရိုးပါဝါး စားလို့ရတဲ့ငါးမ်ားမ်ားစားပါ။ထိုထဲကပါတဲ့ ဗီတာမင်ဒီ ဓာတ်ဟာ သားအိမ်အလုံး မျဖစ္ဖို့ ၃၀%လောက်ထိချပေးနိုင်တယ်လို့ယူဆထားပါတယ်။

-၄) နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ချဖို့ပါပဲ။

-အဝလွန်လျှင်လည်း သားအိမ်ရောဂါ အန္တရာယ်ရှိနိုင်
သောကြောင့် ကိုယ်အလေးချိန်လျော့ချပါ။ လေ့ကျင့်ခန်းဖြင့်အဆီချခြင်းကတော့အကောင်းဆုံးဖြစ်ပါသည်။

၅)နောက်တစ်ခုက တော့ အမျိုးသမီး ဟော်မုန်း estrogen ပါ။
ထို ဟော်မုန်းတွေဟာ အမျိုးသမီးတွေကိုလှပစေပါတယ်။ ဒါ့ကြောင့်တချို့ထိုးကြ သောက်ကြ တာတွေရှိပါတယ်။
တချို့ကလည်း မသိဘဲလှတယ်ဆိုလို့သောက်မိကြပါတယ်။ သဘာဝအရ ခန္ဓာကိုယ်က ထွက်တဲ့ အက်စတိုဂျင်ဟော်မုန်းတောင်လိုအပ်တာထက်
ထိတွေ့မှု ကြာလာမယ်ဆိုရင် သားအိမ်အလုံးဖြစ်နှုန်း အရမ်းများနိုင်တာမလို့ ဟော်မုန်းဆေးသောက်တာထိုးတာတွေမလုပ်သင့်ပါဘူး

၆)အရေးကြီးတာက သားအိမ်အလုံးတော်တော်များများက လက္ခဏာမပြတတ်ပါဘူး။ပျောက်သွားတတ်တာလည်းရှိပါတယ်။ပျောက်သွားရင်တော့ပြသနာမရှိ့ပေမယ့်အထက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာလေးတွေပြပြီဆိုလျှင်တော့ ဆရာဝန်နဲ့သေချာပြသဆွေးနွေးသင့်ပါတယ်။

ကိုယ့်မှာ သွေးဆင်းတာများတာတို့၊ တစ္လမွာ မကြာခဏဖြစ်နေတာတို့ စတဲ့ ရာသီဓမ္မတာ တစ္ခုခု ဖောက်ပြန်တာ မူမမွန္တာကို သတိပြုမိတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေရမှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပေါ့ပေါ့
လျော့လျော့ ထားခဲ့ရင် သားသမီးမရနိုင်တာတို့ သွေးတွေ သိသိသာသာဆုံးရွုံးမွုမ်ားလို့ သွေးအားနည်းရောဂါတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အလုံးတည်ခဲ့မယ်ဆိုရင် လမေစ့ ကေလး မွေးဖွားခြင်း နဲ့ ကိုယ်ဝန်ပျက်ကျခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

သားအိမ်အလုံးတည်ခြင်းက
အမျိုးသမီးတိုင်း အသက်ရွယ်မရွေးဖြစ်နိုင်တာမလို့ရာသီသွေးမမှန်ခြင်းနဲ့ တစုံတရာစိုးရိမ်ရရင်ဆရာဝန်နဲ့အမြန်ဆုံးပြပြီး ကုသကြပါ။....

 #ကိုယ်ဝန်ဆောင်ထားချိန်တွင် ရှောင်ရှားရမည့် အန္တရာယ်များ================================ကျန်းမာရေးထိခိုက်စေသော အဆိပ်အတော...
15/08/2023

#ကိုယ်ဝန်ဆောင်ထားချိန်တွင် ရှောင်ရှားရမည့် အန္တရာယ်များ
================================

ကျန်းမာရေးထိခိုက်စေသော အဆိပ်အတောက်များ ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်သွားပါက သင်၏ခန္ဓာကိုယ်သာ ထိခိုက်စေသည်မဟုတ်ဘဲ ကလေးငယ်၏ ကျန်းမာရေးအတွက်လည်း အန္တရာယ်ရှိသည်။

ခန္ဓာကိုယ်နှင့် ဆံကေသာတို့ကို အဆိပ်အတောက်ပါသော ထုတ်ကုန်များသုံး၍ ကုသမှုစစ်ယူပါမိစေရန် အရေးကြီးသည်။ လက်သည်းဖျက်ဆေးအများစုတွင် ကိုယ်အင်္ဂါများ၊ အာရုံကြောစနစ်များကို ပျက်စီးစေနိုင်သော၊ ဟိုမုန်းထုတ်လွှတ်မှုကို အနှောင့်ယှက်ဖြစ်စေသော၊ ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများစွာ ပါ၀င်သည်။

ဆံပင်ဆေးဆိုးခြင်းမှာလည်း သွေးကင်ဆာ၊ ဆီးအိတ်ကင်ဆာတို့ နှင့် ဆက်စပ်မှုရှိသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ပြင်းထန်သော မည်သည့်ဓာတုပစ္စည်းကိုမှ မသုံးသင့်ဟု ကျွမ်းကျင်သူများက ပြောသည်။ ကိုယ်ဝန်ဆောင်များ ဆံပင်ဆေးဆိုးခြင်းကြောင့် ကလေး၏ ကျန်းမာရေး ပြဿနာဖြစ်စေနိုင်သည်။

အကယ်၍ ဆံပင်ဆိုးမှဖြစ်မည်ဆိုပါက ကလေးဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံးအချိန်ဖြစ်သည့် ပထမသုံးလပတ်ကာလကို ရှောင်၍ ဆေးဆိုးခြင်းမှာ အကောင်းဆုံး ဖြစ်သည်။

မိတ်ကပ်၊ ပေါင်ဒါ၊ ဆပ်ပြာနှင့် ရှန်ပူ၊ သွားတိုက်ဆေး၊ ဗိုက်သား လိမ်းသောခရင်မ်များ အပါအဝင် ၀တ်စားဆင်ယင်မှုတို့ကိုဂရုတစိုက် ရွေးချယ်ပါ။ သဘာဝထုတ်ကုန်ပစ္စည်းများကိုသာ သုံးပါ။ အနံ့များတွင်လည်း ဓာတုပစ္စည်းများ ပါ၀င်နိုင်သည်။

အစားအသောက်များ ၀ယ်ယူရာတွင် ပြန်လည်ပြုပြင်ထားခြင်း မရှိသော ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်း၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပရိုတိန်းနှင့် နို့ထွက်ပစ္စည်းများ ရွေးဝယ်ပါ။ လတ်ဆတ်သော ဆေးဖက်ဝင်အရွက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ရွေးဝယ်ပါ။ ဓာတုပစ္စည်းများပါ၀င် စည်သွတ်အစားအစာများကို မဝယ်ပါနှင့်။ သဘာဝအစားအစာများများမှာ ပို၍အာဟာရဖြစ်စေသည်။

အကယ်၍ သန္ဓေထားနှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများထဲ တွေးမိပါက ဖွံ့ဖြိုးမှု၊ မှတ်ဉာဏ်၊ သင်ယူနိုင်မှု ပြဿနာနှင့် အသိဉာဏ် ဆိုင်ရာ လုပ်ဆောင်ချက်ကိုအပေါ် ရေရှည်ထိခိုက်မှုများ ဖြစ်ပေါ်လာ နိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲရာတွင် သတိရှိပါ။ အစားအစာကို ကိုယ်တိုင်ချက်ပြုတ်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။ အခြားသော ဓာတုပစ္စည်းများကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးငယ်မွေးဖွားလာချိန် ကိုယ်အလေးချိန်လျော့ခြင်းနှင့် ကိုယ်ခံအားစနစ် ဖွံ့ဖြိုးမှု ညံ့ဖျင်းခြင်းစသော အန္တရာယ်များ ဖြစ်နိုင်သည်။

#အောင်ချမ်းသာ

#ဆေးနှင့်ငွေလွှဲငွေထုတ်ဝန်ဆောင်မှု

#ကျန်စစ်သားအိမ်ယာ

#လှိုင်သာယာ

..09 25 22 88 228

အခုလိုရာသီအကူးအပြောင်းမှာ ရင်သွေးငယ်တွေ ဖျားတာနာတာ အဖြစ်များလို့ ပိုပြီးဂရုစိုက်ရတဲ့ ကာလတွေပါပဲ။ ကလေးတွေဖျားနာတဲ့အခါ လူက...
13/08/2023

အခုလိုရာသီအကူးအပြောင်းမှာ ရင်သွေးငယ်တွေ ဖျားတာနာတာ အဖြစ်များလို့ ပိုပြီးဂရုစိုက်ရတဲ့ ကာလတွေပါပဲ။ ကလေးတွေဖျားနာတဲ့အခါ လူကြီးတွေလည်း စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရတယ်လေ။

ဒါကြောင့် ကလေးငယ်များရဲ့ ကိုယ်ပူ၊ ဖျားနာ၊ ကိုက်ခဲခြင်းဝေဒနာတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေတဲ့ P-125 Suspension ကလေးကိုယ်ပူကျ အကိုက်အခဲပျောက်ဆေးရည်လေးကို မိဘတိုင်းဆောင်ထားဖို့ လိုလိမ့်မယ်နော်။

P-125 Suspension ဆေးရည်ကို ကလေးအဖျားမကြီးရင် တစ်နေ့(၃)ကြိမ်၊ အဖျားမကျပါက (၄)နာရီခြားတစ်ကြိမ် တစ်နေ့(၄)ကြိမ်ထိ တိုက်ကျွေးနိုင်ပြီး သခွားမွှေးအနံ့အရသာလေးနဲ့မို့ ဆေးကြောက်တဲ့သားသား၊ မီးမီးတွေကိုတောင် တိုက်ရလွယ်ကူစေပါတယ်။

အိန္ဒိယနိုင်ငံ Apex စက်ရုံက ထုတ်လုပ်ထားပြီး ဆေးအညွှန်းကို မြန်မာဘာသာနဲ့ ရိုက်နှိပ်ဖော်ပြထားတဲ့အတွက် အသုံးပြုရလွယ်ကူပြီး အရည်အသွေးပြည့်ဝမှုကိုလည်း အာမခံပါတယ်။

အသက်(၃)လမှ(၁၂)နှစ်ကြား ရင်သွေးလေးတွေရှိတဲ့အိမ်တိုင်းမှာ P-125 Suspension ကလေးကိုယ်ပူကျ အကိုက်အခဲပျောက်ဆေးရည် ရှိကိုရှိနေမှဖြစ်မယ်နော်။....

🍁သားသားမီးမီးတို့အတွက် ချောင်းဆိုးပျောက်ဆေး ရွေးချယ်ကြမယ်.....💊💊💊မေမေတို့ရေ........🍀ချောင်းဆိုးပျောက်ဆေး ရွေးချယ် တဲ့အခါ...
13/08/2023

🍁သားသားမီးမီးတို့အတွက် ချောင်းဆိုးပျောက်ဆေး ရွေးချယ်ကြမယ်.....💊💊💊

မေမေတို့ရေ........

🍀ချောင်းဆိုးပျောက်ဆေး ရွေးချယ် တဲ့အခါ ချောင်းဆိုး တဲ့ပုံစံနဲ့ ရွေးချယ်တဲ့ဆေး ကိုက်ညီမှုရှိမှသာ ထိရောက်သော အာနိသင် ရရှိနိုင်မှာပါ....

🍀ဒါကြောင့် အရင်ဆုံး သတိထား စောင့်ကြည့်ရမှာက
• ချောင်းခြောက်ဆိုးသလား?
• ချွဲသံကြားရလား?
• တရွှီရွှီမြည်ပီး ရင်ကျပ်နေသလား?
• နှာစေး ၊ နှပ်ချေး ပျစ်ပျစ်ထွက်သလား?
• ရက်ရှည်ချောင်းဆိုးတာလား?
- - - - - - - - - - -

🍀ချောင်းခြောက်ဆိုးတဲ့အခါ.....

-လည်ချောင်း ယားယားပီး ဆိုးရတာမို့ ပင်ပန်းစေတဲ့ ချောင်းဆိုးပါပဲ...
-ဓာတ်မတည့်တာတွေနဲ့ တွဲဖြစ်တတ်လို့ အမှုန်တွေ၊ဖုန်တွေ ဂရုစိုက်ပေးပါနော်...
-အရည်များများတိုက်ဖို့ မမေ့ပါနဲ့...

💊ဆေးရွေးချယ်တဲ့အခါ.....
👉Dextromethorphan ပါတဲ့ဆေးတွေ ရွေးချယ်ရပါမယ်
👉ဘူးပေါ်မှာ cough suppressant, dry cough, anti-tussive ဆိုပီး ရေးထားတတ်ပါတယ်(ဥပမာ chericof,atussin,cetridex)

🚨အိပ်ငိုက်တတ်တဲ့ အာနိသင်ရှိတာမို့ ညွှန်ကြားထားတဲ့ ပမာဏ အတိုင်းပဲ တိုက်ရပါမယ်။
- - - - - - - - - - - -

🍀ချွဲသံကြားပီး ချောင်းဆိုးတဲ့အခါ.....

-ဖျားတာ၊အဆုတ်ယောင်တာမျိုးနဲ့ တွဲဖြစ်တတ်ပါတယ်
-ချွဲပျော်တဲ့ အာနိသင် ရှိသောဆေးကို ရွေးရပါမယ်..
-အရည်များများဝင်အောင်တိုက်ပါ

💊ဆေးရွေးချယ်တဲ့အခါ....
👉Carbocystene,ambroxyl ပါဝင်သောဆေးများကို ရွေးချယ်ပါ...
👉ဘူးပေါ်မှာ mucolytic,productive cough အဲ့ဒီလို ရေးထားတတ်ပါတယ် ....
(ဥပမာ flemex,ambcet,lytex,baby cough)

- - - - - - - - - - - -

🍀တရွှီရွှီမြည်ပီး ရင်ကျပ်လို့ချောင်းဆိုးတဲ့အခါ...

-ကလေးရင်ကျပ်ရောဂါ ၊ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ လေပြွန်ယောင်ရောဂါတွေနဲ့ တွဲဖြစ်တတ်ပါတယ်
-အထူးသဖြင့် ညဘက်အေးတဲ့အချိန်မှာ
အိပ်မရအောင် တောက်လျှောက်ချောင်းဆိုးတတ်ပါတယ်....

💊ဆေးရွေးချယ်တဲ့အခါ....
👉Salbutamol လို့ခေါ်တဲ့ လေပြွန်ကျယ်တဲ့ဆေး ပါတာ ရွေးရပါမယ် (ဥပမာ Ascoril, vifex)

🚨သတိထားရမှာက...လေပြွန်ကျယ်တဲ့ဆေးတွေဟာ ရင်တုန်၊နှလုံးခုန်မြန်တတ်လို့ ဆရာဝန်
ညွှန်ကြားထားတဲ့အတိုင်း စနစ်တကျ တိုက်သင့်ပါတယ်။

- - - - - - - - - - -

🍀နှာစေးပီး နှပ်ချေးပျစ်ပျစ်ထွက်တဲ့အခါ....

-နှာစေးတဲ့အခါ လည်ချောင်း ထဲကို နှာရည်တွေကျတဲ့အတွက် ချောင်းဆိုး နိုင်ပါတယ်...

💊ဆေးရွေးချယ်တဲ့အခါ...
👉 loratidine, bermeton,cetrizine ပါတဲ့ ဆေးများကို ရွေးချယ်သင့်ပါတယ်
👉လိုအပ်လျှင် နှာခေါင်း အစက်ချဆေး သုံးရပါမယ်

- - - - - - - - - - - -

🍀ရက်ရှည်ချောင်းဆိုးတဲ့အခါ......

-မဖြစ်မနေ ဆေးခန်းပြသင့်ပါတယ်
-ဒါမှ ချောင်းဆိုးစေတဲ့ အကြောင်းတွေကို သေချာရှာဖွေကုသနိုင်မှာပါ (ဥပမာ ကလေးတီဘီရောဂါ )
-ကိုယ်အလေးချိန်ကျ၊အစာမစား ၊ ရက်ရှည် ငွေ့ငွေ့ဖျားလျှင် ဓာတ်မှန်ရိုက်သင့်ပါတယ်နော်

- - - - - - - - - - - -

🌸ခြုံငုံပီးပြောရရင် ကလေးလေးတွေ ချောင်းဆိုးတဲ့အခါ....အရေးကြီးတဲ့ အချက်တွေက...
• ချောင်းဆိုးပျောက်ဆေး တွေကို ညွှန်ကြားထားတဲ့ အညွှန်းအတိုင်း စနစ်တကျ တိုက်ပါ။(မလိုဘဲ စိတ်ပူလွန်ပီး ပျောက်ချင်ဇောနဲ့ ခဏခဏ မတိုက်ပါနဲ့နော်....ချောင်းဆိုးပျောက်ဖို့ဆိုတာ အချိန်အတိုင်းအတာတခုထိ ကြာတတ်ပါတယ်.. .အဓိကက အန္တရာယ် ကင်းကင်းနဲ့ ချောင်းဆိုးသက်သာဖို့ပါပဲ)
• ချောင်းဆိုးတိုင်း ပိုးသတ်ဆေး (antibiotics) တိုက်စရာမလိုပါဘူးနော်...ပိုးသတ်ဆေးက ဘက်တီးရီးယား ပဲသေအောင်လုပ်ပေးတာပါ...ချောင်းဆိုးတယ်ဆိုတာ ဘက်တီးရီးယား၊ဗိုင်းရပ်စ် ၊ဓာတ်မတည့်တာ မျိုးစုံကြောင့်ဖြစ်နိုင်ပါတယ်
• တီဘီဆေးတိုက်ဖို့လိုတဲ့ အခါ မပျက်မကွက် နေ့တိုင်း တိုက်ပါ
• ဆေးရှူဖို့ လိုတဲ့အခါ စနစ်တကျ သေချာရှူပေးပါ
• ချောင်းဆိုး တိုင်း အရေးကြီးလက္ခဏာ တွေ စောင့်ကြည့်ပေးပါ(🚨အဖျားကြီး ၊ရင်ဘတ်ချိုင့်၊အသက်ရှူမြန်၊ မှိန်းခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်း၊နို့မစို့နိုင်..စကားမပြောနိုင်အောင် မောခြင်း၊တက်ခြင်း)
- - - - - - - - -

👍ခုလောက်ဆိုရင်တော့ ချောင်းဆိုး တဲ့ကလေးလေးတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ အတော်အသင့် နားလည်လောက်ပီလို့ထင်ပါတယ် မေမေတို့ရေ.....

💎မေမေတို့လည်း ကလေးကျန်းမာရေး ဗဟုသုတ များ ထပ်မံလက်ဆင့်ကမ်းဝေမျှ
ခြင်းဖြင့် ကောင်းကျိုးထပ်တူရနိုင်ပါစေနော်....

သားသားမီးမီးတို့ရဲ့ဆရာမ
Dr.ငြိမ်း

  #ဘီပိုး #လူဦးရေ ၄၀၀ မှာ ၃၀ နီးပါး ဘီပိုးတွေ့"လူပြောများတာကိုသာ ရောဂါလို့ ထင်မှတ်မမှားကြပါရန်"မင်္ဂလာပါ ဆရာ အသက် ၄၂၊ ကျ...
13/08/2023



#ဘီပိုး

#လူဦးရေ ၄၀၀ မှာ ၃၀ နီးပါး ဘီပိုးတွေ့

"လူပြောများတာကိုသာ ရောဂါလို့ ထင်မှတ်မမှားကြပါရန်"

မင်္ဂလာပါ ဆရာ အသက် ၄၂၊ ကျားပါ သိချင်တာလေးတခု ရှိလို့ပါဆရာ။ ၈ လပိုင်း ၃ရက်နေ့က ကျနော်တို့ ကျေးရွာမှာ မြန်မာနိုင်ငံ အသည်းဖောင်းဒေးရှင်းရုံးခွဲ (မုံရွာ) နှင့် ချိတ်ဆက်ပြီး ဘီပိုး၊ စီပိုး အခမဲ့ သွေးစစ်ဆေးခြင်းနှင့် ဘီ ကာကွယ် ဆေးထိုးနှံခြင်း ပြုလုပ်ခဲ့ပါတယ်။ လူဦးရေ ၄၀၀ မှာ ၃၀ နီးပါး ဘီပိုးတွေ့၊ သိချင်မိတာက ဘီပိုးတွေ့သူ တချို့ ပိုးကောင်ရေ စစ်ဆေးပြီးတဲ့ နောက်မှာ ပိုးအကောင်ရေ နည်းတဲ့အတွက် ဆေးစားရန် မလိုဘူးလို့ ဆရာဝန်ကြီးက ပြောတာကိုပါ ပိုးအကောင်ရေ နှစ်သောင်းလောက်မှသာလျှင် ဆေးစားရန် လိုအပ်တယ်။ နောက်ထပ် ခြောက်လ တနှစ် နေရင်တော့ ပြန်စစ်ရမယ် ပြောပါတယ်။ ဘာကြောင့် ဆေးမစားရလဲ ဆိုတာကိုပါ ဆေးမစားပဲ ဒီအတိုင်းနေရင် ဘယ်လိုတွေ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲ ကျေးဇူးပြု၍ ဖြေကြားပေးပါအုံး ဆရာ။

B treatment (ဘီ) ပိုးကုသနည်း

၁၂-၃-၂ဝ၁၅ နေ့ကထုတ်ပြန်တဲ့ WHO ရဲ့ ပထမဆုံးအသည်းရောင် (ဘီ) ကုသမှုလမ်းညွှန်
(၁) ဘယ်သူတွေအတွက်နဲ့ အသည်းအခြေအနေသိဘို့ရာ ရိုးရှင်းတဲ့ အကြီးစားလည်းမဟုတ်တဲ့ စမ်းသပ်နည်းတွေ၊
(၂) အသည်းခြောက်နေသူတွေအတွက် ကုသမှုဦးစားပေးရွေးချယ်စရာတွေ၊
(၃) နာတာရှည်အသည်းရောင်နေသူအတွက် စိတ်ချရပြီး အကောင်းဆုံးထိရောက်တဲ့ tenofovir (သို့) entecavir ဆေး၊
(၄) အသည်းကင်ဆာကိုစောစောသိနိုင်ရေး၊ ကုသမှုထိရောက်ပုံသိနိုင်ဘို့နဲ့ ဆေးကုတာဘယ်တော့ရပ်မလည်းတို့အတွက် ရိုးရှင်းတဲ့ စမ်းသပ်နည်းကိုသုံးပြီး ပုံမှန်စောင့်ကြည့်နည်း
(၅) အထူးလိုအပ်သူတွေ (HIV နဲ့တွဲရှိနေသူတွေ၊ ကလေးတွေနဲ့လူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ) အတွက် လိုအပ်ချက်များပါတယ်။
နာတာရှည်ဘီပိုးအသည်းရောင်ကုသနည်း
၁။ Antiviral medications ဆေးပေးနည်း lamivudine (Epivir), adefovir (Hepsera), telbivudine (Tyzeka) and entecavir (Baraclude) စားဆေးတွေ၊
HBeAg-positive naïve လူနာကို Tenofovir 300 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်။ (သို့) Adefovir 10 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်ပေးတယ်။
HBeAg-negative လူနာကို Tenofovir 300 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်။ (သို့) Adefovir 10 mg တနေ့ ၁ ကြိမ်၊ ၇၂ ပါတ်ပေးတယ်။
HBeAg-negative or -positive လူနာကို Tenofovir 300 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်။ (သို့) Adefovir 10 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်ပေးတယ်။
Tenofovir ဆေးကို ဘယ်လောက်ကြာကြာ ပေးရမလည်းတော့ အတိအကျသတ်မှတ်ချက်မရှိသေးပါ။ တခြားဆေးတွေနဲ့တွဲပြီး HIV-1 ကိုလည်းပေးတယ်။ ဘေးထွက်ဆိုးကျိုး = ပျို့-အန်၊ ဝမ်းပျက်၊ ဗိုက်အောင့်၊ အားယုတ်။
လူအများစုအတွက် ဆေးဟာတသက်လုံးဖြစ်ပါတယ်။ ဆေးကုသတာရဲ့ ရည်ရွယ်ချက်က ဗိုင်းရပ်စ်ပိုးတွေ တက်ကြွမနေအောင်၊ အသည်းထဲမှာ ပွါးများမလာစေအောင်လုပ်ပေးတယ်။ ဆေးကနေ အဲလိုလုပ်ပေးတဲ့နောက်မှာ ကိုယ့်ခုခံအားကနေ ပိုးတွေကိုနှိမ်နိုင်လာမယ်။ အသည်းကိုလဲ ဆက်ပြီးပျက်စီးတာ မဖြစ်အောင် ကာကွယ်ပေးနိုင်မယ်။ အသည်းခြောက်တာ၊ အသည်းကင်ဆာဖြစ်မလာစေဘူး။ အသည်းရောင် (ဘီ) ပိုးကူးစက်ခံရသူတွေထဲက ၉၅% မှာ သူ့အလိုလို ရောဂါပိုးတွေ ရှင်းသွားနိုင်တယ်။ ဆေးမလိုပဲ ရှင်းသွားတာကို ဆိုလိုတယ်။ တချို့မှာတော့ နာတာရှည် အသည်းရောင်ဖြစ်နိုင်တယ်။ ၆ လနေလို့မှ ပိုးကင်းရှင်းမသွားရင် အဲလိုဖြစ်လာနိုင်တယ်။ အသည်းရောဂါဖြစ်လာမယ် အသည်းထဲမှာ ပိုးတွေပွါးလာမယ်။ ဆေးကုသဘို့လိုနိုင်တယ်။ ဆေးမပေးခင် HIV နဲ့ Hepatitis C ရှိ-မရှိ စစ်မယ်။ Hepatitis A ကာကွယ်ဆေးလည်း ထိုးသင့်မယ်။
၂။ Interferon alfa-2b (Intron A) ထိုးဆေး၊
Interferons ဘေးထွက်ဆိုးကျိုး = ဖျား၊ ခေါင်းကိုက်၊ ဆံပင်ကျွတ်၊ စိတ်။ Cirrhosis အသည်းခြောက်နေရင် Interferons မပေးပါ။ adefovir, entecavir, lamivudine, telbivudine, and tenofovir တွေတော့ပေးနိုင်တယ်။ ဆေးပေးပေမယ့် ပြန်ထလာတာလည်းရှိတတ်တယ်။
၃။ Liver transplant လိုအပ်သူကို အသည်းအစားထိုးတယ်။
ကိုယ့်ဖါသာစောင့်ရှောက်တာလည်း အရေးကြီးတယ်။ လုပ်နိုင်တဲ့အလုပ်မျိုးကိုသာလုပ်ပါ။ နားလို့ရသလောက်နားပါ။ အရက်နဲ့ မူးယစ်ဆေးမတည့်ပါ။ Acetaminophen ပါရာစီတမောရှောင်ပါ။ ယားရင် Benadryl or Chlor-Trimeton ဆေးသုံးနိုင်တယ်။ Sodium 1.5 g/day ဆား (ဆိုဒီယမ်) လျှော့စားပါ။ ပရိုတင်းများများစားပါ။ အဲတာမဟုတ်ပါလို့လည်း ရှိတယ်။ မျှတလုံလောက်ဘို့က အဓိကဖြစ်တယ်။ ဆား (ဆိုဒီယမ်) သိပ်နည်းနေရင် 1.5 L/day ရေသောက်မများရပါ။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂၀၁၉

Address

Aung Sandar Street
Yangon
11401

Telephone

+959252288228

Website

Alerts

Be the first to know and let us send you an email when အောင်ချမ်းသာ ဆေး နှင့် ငွေလွှဲ ငွေထုတ် ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အောင်ချမ်းသာ ဆေး နှင့် ငွေလွှဲ ငွေထုတ် ဝန်ဆောင်မှု:

Videos

Share


Other Convenience Stores in Yangon

Show All