The Corner Liquor Mart

The Corner Liquor Mart




🎇🎇🎆 ပျော်ရွှင်စရာ တန်ဆောင်မုန်းတန်ဆောင်တိုင် အခါသမယလေးဖြစ်ကြပါစေလို့The Corner မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...
15/11/2024

🎇🎇🎆 ပျော်ရွှင်စရာ တန်ဆောင်မုန်း
တန်ဆောင်တိုင် အခါသမယလေးဖြစ်ကြပါစေလို့
The Corner မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

"ကျောင်းမှာ သိမ်၊သင်္ကန်းမှာ ကထိန်"ဆိုတဲ့ဆိုရိုးစကားက ဗုဒ္ဓဘာသာဝင်တိုင်းနဲ့ မစိမ်းတဲ့ ဆိုရိုးစကားလေးပါ

ကျောင်းလှူတာခြင်းအတူတူ "သိမ်"လှူတာက ပိုမြတ်တယ်
သင်္ကန်းလှူတာခြင်းအတူတူ "ကထိန်သင်္ကန်း" လှူဒါန်းခွင့်ရတာက ပိုမြတ်တယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်

ကထိန်ခင်းခြင်း အဓိပ္ပါယ်
🍁🍁🍁🍁🍁🍁🍁
ကထိန်ခင်းခြင်း ဆိုသည်မှာ လူများက ခင်းခြင်း မဟုတ်ဘဲ ရဟန်းတော်များ က ခင်းရခြင်း ဖြစ်သည်။ လူများက ရဟန်းတော်များ ကထိန် ခင်းနိုင်ရန် ( သံဃဿ ဒေးမ ) ဟု ကထိန်သင်္ကန်း ကို လှုူ ဒါန်း ရသော အလှုူ ရှင်များပင် ဖြစ်ပါသည် ။ သံဃာ တော်များက ထိုကထိန် သင်္ကန်းကို သိမ်ထဲတွင် ကထိန်သင်္ကန်း အလှုူ ခံမည့် ကျောင်းတွင် ရှိသော သံဃာတော် တစ်ပါးကို အားလုံး သဘောတူညီစွာ ရွေးချယ်ပြီး ထိုသံဃာတော်က မိမိ ဝါဆိုရာကျောင်းသို့ ပြန်ကြွ ပြီး ကထိန်သင်္ကန်းအား ခင်းရခြင်းဖြစ်သည်။

ကထိန် ဖြစ်ပေါ်လာပုံ
🍁🍁🍁🍁🍁🍁🍁
ကထိန်အလှုူ ကို ပွင့်ပေါ်တော်မူပြီး ကြကုန်သော မြတ်ဗုဒ္ဓ ဘုရားရှင်များ လက်ထက်တို့တွင် ရှိခဲ့ပါသည် ။
ဂေါတမဘုရားရှင်လက်ထက်တွင် ဘဒ္ဒဝဂ္ဂီ မင်းသား သုံးကျိပ် ( ၃၀ဦး ) တို့သည် အဖော်များဖြင့် ကပ္ပါသိက တောအတွင်း ပုထုဇဉ်တို့ သဘောအတိုင်း မြူးထူးပျော်ပါးနေကြစဉ် ဂေါတမ ဘုရားရှင် နှင့် တွေ့ဆုံဖူးမြှော်ခွင့် ရပြီး တရားထူးသံဝေဂ ရကြကာ မင်းသား ( ၃၀ ဦး ) လုံး ရဟန်းဘဝသို့ ရောက်ကြလေသည်။ ဘဒ္ဒဝဂ္ဂီရဟန်းတို့ နေထိုင်သီတင်းသုံးသည့် ဝေယျ မြို့မှ အလွန် ဝေးကွာသောနေရာမှ ဘုရား
ရှိရာ သာဝတ္တိပြည်သို့ ဖူးမြော်ရန် ထွက်ခဲ့ရာ ခရီးဝေးကွာခြင်းကြောင့် လမ်းခရီးတွင်ပင် ဝါဆိုတော်မူရပါသည် ။ ဘဒ္ဒဝဂ္ဂီရဟန်းတို့ ဘုရားရှင်ထံ ရောက်ရှိပြီး လမ်းခရီးတွင် တွေ့ကြုံရသော အခြေအနေ အခက်အခဲများကို ကြား သိရသောကြောင့် '' ရဟန်းတို့ ဝါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်း ခြင်းငှာ ခွင့်ပြုတော်မူ၏ '' ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်း ကန့်သတ်ချက် နှင့် ကထိန်ခင်းခြင်း အကျိုးတို့ဖြင့် ခွင့် ပြုတော်မူပါသည်။

ကထိန်အလှုူရဲ့ ကန့်သတ်ချက်
🍁🍁🍁🍁🍁🍁🍁
အခြားသောလှူဖွယ်ပစ္စည်းကဲ့သို့ လှူချင်တဲ့အချိန်တိုင်း လှူလို့မရတဲ့ ကထိန်သင်္ကန်း

ကထိန်အလှုူတော်ကို သီတင်းကျွတ် လပြည့်ကျော်( ၁ ) ရက် နေ့မှ စပြီး တန်ဆောင်မုန်း လပြည့် နေ့ အထိ တစ်လတာ ကာလအတွင်း ခင်း နိုင်ခြင်း တစ်နှစ်မှာမှ တစ်လ တစ်လမှာတစ်ရက် တစ်ရက်မှာမှ တစ်ချိန်တည်းသာ လှူခွင့်ရတဲ့ မြတ်သော အလှူဖြစ်ပါတယ်

အခြားသောအလှူနဲ့မတူတဲ့ဓမ္မကန့်သတ်ချက်များ
🍁🍁🍁🍁🍁🍁🍁
၁။ အခြားသော လှူဖွယ်ပစ္စည်းများကဲ့သို့ အလှူခံလို့မရခြင်း

၂။ လှူဒါန်းသူစိတ်ထဲမှ ဖြစ်လာတဲ့ သဒ္ဓါစိတ်ဖြင့်သာ လှူဒါန်းနိုင်ခြင်း

၃။ ကောင်းကင် မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေ မိုးပေါက် ကဲ့သို့သဒ္ဓါ တရား သန့်သန့် လေးဖြင့် လှူဒါန်းရတဲ့ “ကထိန် သင်္ကန်း” ဖြစ်ပြီးပြီး ထိုသို့သော ကထိန်သင်္ကန်းကို “မိုးကျ ကထိန်” ဟုခေါ်ခြင်း

၄။ဝါလွတ်ကင်းလွတ်သီတင်းကျွတ်ပြီးဆို ကထိန်ခင်းတဲ့ရာသီကာလကို ရောက်ပြီဖြစ်ပါတယ် တစ်နှစ်မှာမှ တစ်လ တစ်လမှာတစ်ရက် တစ်ရက်မှာမှ တစ်ကြိမ်(တစ်ကျောင်း)သာ လှူခွင့်ရတဲ့ မြတ်သော အလှူဖြစ်ခြင်း

၅။ ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး၊ကိုယ်ဝတ်ခေါ် ဧကသီ၊ ခါးဝတ်ခေါ် သင်းပိုင် သင်္ကန်းမျိုးကိုသာ လှူဒါန်းနိုင်ခြင်း
၆။ လှူနည်းအားဖြင့် သံဃိကဒါန အဖြစ် သံဃာသာ လှူဒါန်းရခြင်း။

(ပုဂ္ဂိုလ် စွဲဖြင့် ပုဂ္ဂလိက ဒါန အဖြစ် လုံးဝ မလှူကောင်းပေ။ )

၇။အလှူခံသော ရဟန်းသည် ဝါမကျိုး မပျက် ဝါမှကျွတ်သော ရဟန်းတော်များသာ အလှူခံ ခွင့် ရှိခြင်း

(ထိုရဟန်း တို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်း ကို ပထမ ဦးစားပေး၍ လှူဒါန်းရပေးရခြင်း ထိုရဟန်းမရှိမှ မထေရ်ကြီး စသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်းရခြင်း)

ကထိန် နှင့် ပဒေသာပင်
🍁🍁🍁🍁🍁🍁🍁
ကထိန်အလှုူ တွင် ကထိန်ခင်းရာ၌ သင်္ကန်းကိုသာခင်းရခြင်း ဖြစ်သော်လည်း ရှေးဘိုးဘွား အလှုူ ရှင်များမှ သဒ္ဓါ ထက်သန်စွာဖြင့် သံဃာတော်များ အလို ရှိရာ သုံးဆောင်နိုင်စေရန် ရည်သန်လျက် အခြားသော လှုူ ဖွယ် ပစ္စည်းများ ကို ကထိန်သင်္ကန်း၏ အရုံအဖြစ် ပဒေသာပင်များတွင် သီးပွင့်၍ လှုူ ဒါန်းကြခြင်းဖြစ်သည်။ ယခုအခါ ကထိန်သင်္ကန်း ၏ အထိမ်းအမှတ်အဖြစ် ပဒေသာပင် ပုံများကို အသုံးပြုလာကြပါသည်။

ကထိန် အကျိုးထူးများ
🍁🍁🍁🍁🍁🍁🍁
ကထိန်အကျိုးထူးကို အလှုူခံရဟန်း သံဃာများ နှင့် လှုူဒါန်းသည့် ဒါယကာ ဒါယိကာမတို့ နှစ်ဦးနှစ်ဘက် ရရှိပါသည်။ ကထိန်အလှုူခံ ရဟန်းသံဃာတော် တို့သည် သီတင်းကျွတ် လပြည့်ကျော် ( ၁ ) ရက်နေ့မှ တပေါင်း လပြည့်နေ့ အထိ ( ၅ ) လအတွင်း ကထိန်သင်္ကန်း ကို အကြောင်းပြု၍ ဝိနည်းတော်များ ထဲမှ သိက္ခာပုဒ်အချို့ကို ကင်းလွတ်ခွင့်ရရှိ ပါသည်။

ကထိန်သင်္ကန်း လှူဒါန်းသူများရရှိတဲ့ အကျိုးထူး ၅ မျိုး
🍁🍁🍁🍁🍁🍁🍁🍁
၁။ မိမိသွားလိုရာ အရပ်သို့ အဆီးအတား အပိတ်အပင် အနှောင့်အရှက် မရှိ လွတ်လွတ် လပ်လပ် သွားလာနိုင်သည်။

၂။ မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီးလေးသည်ဟု မရှိ ၊ပေါ့ပေါ့ ပါးပါးဖြင့် အောင်မြင်အောင်ဆောင် ရွက်နိုင်သည်။

၃။ မည့်သည့် အစားအစာကိုပဲ စားစား အစား အသောက်ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ်သင့်ခြင်း မဖြစ်နိုင်။

၄။ မိမိပိုင်ဆိုင်သော ပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီးတတ်သော ဘေးရန်များ မကျရောက်နိုင်။

၅။ မိမိ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာ များကို မိမိက မပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။


✨ သီတင်းကျွတ်ဆုတောင်း ✨ဝါလကင်းလွတ်သီတင်းကျွတ် အခါသမလေးမှာ ချမ်းသာခြင်း မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံလျက် သဘာဝဘေး၊ ကပ်ဘေးမ...
17/10/2024

✨ သီတင်းကျွတ်ဆုတောင်း ✨

ဝါလကင်းလွတ်သီတင်းကျွတ် အခါသမလေးမှာ
ချမ်းသာခြင်း မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံလျက်
သဘာဝဘေး၊ ကပ်ဘေးများနှင့်
ဘေးအန္တရာယ်ဟူသမျှ ကင်းဝေးကြပါစေလို့
The Corner မိသားစုမှ ဆုတောင်းပေးလျက်ရှိပါတယ်ခင်ဗျာ။
🙏🙏🙏🙏🙏


"ဝါဆိုလပြည့် အခါသမယနေ့၊ ဓမ္မစကြာ အခါတော်နေ့"  တွင်ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေကြောင်း 🙏🙏🙏The Corner မိသားစု မ...
20/07/2024

"ဝါဆိုလပြည့် အခါသမယနေ့၊ ဓမ္မစကြာ အခါတော်နေ့" တွင်

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေကြောင်း 🙏🙏🙏
The Corner မိသားစု မှ ဆုတောင်း မေတ္တာပို့အပ်ပါတယ်ခင်ဗျာ။








ဝါဝင်ဖို့ (၁၆) ရက်ပဲလိုပါတော့တယ်ရှင် 😊ဝါတွင်းကာလ ရှောင်ကြမယ့် ကာကာလေးတို့အတွက် ဝါမဝင်ခင်အတိုးနဲ့ တစ်ဝကြီး ‘Chill’ ရအောင်...
03/07/2024

ဝါဝင်ဖို့ (၁၆) ရက်ပဲလိုပါတော့တယ်ရှင် 😊

ဝါတွင်းကာလ ရှောင်ကြမယ့် ကာကာလေးတို့အတွက် ဝါမဝင်ခင်အတိုးနဲ့ တစ်ဝကြီး ‘Chill’ ရအောင် မင်မင်တို့ဆိုင်မှာ နိူင်ငံခြားဖြစ်အရက်မျိုးစုံကို စစ်မှန်သော Quality ၊ သင့်တင့်သောစျေးနှုန်းနဲ့စေတနာအပြည့်ထားပြီးရောင်းချပေးနေပါတယ်ရှင်🥰။
ဒါ့အပြင် “၅၀၀၀၀’’ကျပ်ဖိုးဝယ်ယူရုံနဲ့ ‘Beer’ အေးအေးလေးတစ်ဗူး လက်ဆောင်ပေးတဲ့ ‘Promotion’လေးလည်းရှိနေသေးတာမို့ မြန်မြန်လေးလာဝယ်ထားမှ စိတ်ချရမယ်နော်🏃‍♂️ ။

The Corner Liquor Mart မှာ ညိုကီတို့ ညိုမီတို့အတွက်
နိုင်ငံခြားအရက်များနှင့် ပြည်တွင်းအရက်မျိုးစုံတို့ကို ပစ္စည်းမှန်၊ စျေးနှုန်း မှန်ကန်စွာဖြင့် လက်လီ/လက်ကား ရောင်းချပေးနေပါတယ်ရှင့်။
Online မှ လည်း မှာယူနိုင်ပြီးတော့ မြို့နယ်အလိုက် သင့်တင့်သော နှုန်းထားများဖြင့် ပို့ဆောင်ပေးပါတယ်။ ဆိုင်ကိုလာရောက် ဝယ်ယူလိုပါက
အောက်ပါလိပ်စာအတိုင်းလာရောက်ဝယ်ယူနိုင်ပါတယ်။

👇👇👇နေရာအတိအကျ သိလိုသူများအတွက် Google Map Link လေးပါရှင့်။ 👇👇👇
https://maps.app.goo.gl/o2WNDfsHcArFHLvS7Address -
140/A, Corner of Yankin Road & Yan Naing Street, Yankin Township, Yangon
Contact - 09883877775/ 09883877776
Email - [email protected]






‘‘Beer’’ ဆိုတာနဲ့ ကျန်းမာရေးအတွက်မကောင်းဘူးလို့ထင်နေတုန်းလား?‘‘Beer’’ ကိုစနစ်တကျသောက်ရင်ရရှိနိူင်မယ့်ကျန်းမာ‌ရေးအကျိုးကျ...
28/06/2024

‘‘Beer’’ ဆိုတာနဲ့ ကျန်းမာရေးအတွက်မကောင်းဘူးလို့ထင်နေတုန်းလား?
‘‘Beer’’ ကိုစနစ်တကျသောက်ရင်ရရှိနိူင်မယ့်ကျန်းမာ‌ရေးအကျိုးကျေးဇူးတွေကိုသိပြီးကြပြီလား?

ဒီနေ့မှာတော့မင်မင်က‘‘Beer’’ကနေရရှိနိုင်မယ့် ကျန်းမာ‌ရေးအကျိုးကျေးဇူးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်ရှင်။ ဘီယာပြုလုပ်ရာမှာပါဝင်တဲ့ ‘‘Columbus Hops ’’ဟာဆိုရင် နှစ်ချိုက်စွာအိပ်ပျော်စေခြင်း ၊ ရောင်ရမ်းမှုကိုသက်သာစေခြင်း ၊ခုခံအားကိုမြှင့်တင်ပေးခြင်း စတဲ့အကျိုးအာနိသင်‌တွေပါရှိပါတယ်။ တစ်နေ့ကိုဘီယာ (၂) ဗူးသောက်သုံးခြင်းဖြင့်နှလုံးရောဂါ ဖြစ်နိူင်ခြေကို ‌လျှော့ချပေးနိုင်သည် ဟုတွေ့ရပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိူင်သဖြင့် ဆီးချိုရောဂါဖြစ်နိူင်ခြေကိုလည်းလျှော့ချပေးနိူင်ပါတယ်။ လူလတ်ပိုင်းအမျိုးသား၊အမျိုးသမီးများတွင် ဘီယာအသင့်အတင့်သောက်သုံးပေးခြင်းဖြင့် အရိုးများကို အားကောင်းသန်မာစေပါတယ်။ ဒါတင်မကသေးဘဲ ‘‘ABC’’ ‘‘Black shield’’တို့လို အနက်ရောင်ရှိတဲ့ ဘီယာတွေမှာဆိုရင် ‘‘Antioxidants’’ ကြွယ်ဝစွာပါဝင်လို့ကင်ဆာရောဂါဖြစ်နိူင်ခြေကိုလျှော့ချပေးပါတယ်။

ကဲ ဒီလောက်ဆိုရင် ဘီယာရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုသိပြီးပြီဆိုတော့ အိမ်သူသက်ထားဆီက ဘီယာသောက်လို့ဆူခံရတဲ့အခါ မင်မင်ပြောပြထားတဲ့အတိုင်းပြန်ချေပလို့ရပြီပေါ့ စည်းရုံးရေးကောင်းလို့သောက်ဖော်သောက်ဖက်ရသွားရင် မင်မင့်ကိုကျေးဇူးတင်ုလိုက်နော်။

(မင်မင်တို့ဆိုင်မှာ “50000’’ ကျပ်ဖိုးဝယ်ယူရုံနဲ့ Beer တစ်ဗူးလက်ဆောင်ပေးတဲ့ Promotion လေး အခုထိရှိနေပါသေးတယ်နော် Stock အရေအတွက်နည်းလာပြီမို့ မြန်မြန်လေးလာဝယ်ထားမှ စိတ်ချရမယ်ရှင့်)

The Corner Liquor Mart မှာညိုကီတို့ ညိုမီတို့အတွက်
နိုင်ငံခြားအရက်များနှင့် ပြည်တွင်းအရက်မျိုးစုံတို့ကို ပစ္စည်းမှန်၊ စျေးနှုန်း မှန်ကန်စွာဖြင့် လက်လီ/လက်ကား ရောင်းချပေးနေပါတယ်ရှင့်။
Online မှ လည်း မှာယူနိုင်ပြီးတော့ မြို့နယ်အလိုက် သင့်တင့်သော နှုန်းထားများဖြင့် ပို့ဆောင်ပေးပါတယ်။

ဆိုင်ကိုလာရောက် ဝယ်ယူလိုပါက အောက်ပါလိပ်စာအတိုင်းလာရောက်ဝယ်ယူနိုင်ပါတယ်။

👇👇👇နေရာအတိအကျ သိလိုသူများအတွက် Google Map Link လေးပါရှင့်။ 👇👇👇
https://maps.app.goo.gl/o2WNDfsHcArFHLvS7Address - 140/A, Corner of Yankin Road & Yan Naing Street, Yankin Township, Yangon
Contact - 09883877775/ 09883877776
Email - [email protected]





အရက်‌သောက်ပြီး အသက်ရှည်ရှည်နေလိုတဲ့ ကာကာလေးတွေအတွက် သတင်းကောင်း!!!Cognac (ခေါ်) Brandy ကို ၁၆ရာစုတွင် ပြင်သစ်နိုင်ငံမှ စ...
22/06/2024

အရက်‌သောက်ပြီး အသက်ရှည်ရှည်နေလိုတဲ့ ကာကာလေးတွေအတွက် သတင်းကောင်း!!!

Cognac (ခေါ်) Brandy ကို ၁၆ရာစုတွင် ပြင်သစ်နိုင်ငံမှ စတင်တီထွင်ခဲ့ပြီး VS ,VSOP,XO,XXO ဆိုတဲ့ အမျိုးအစား (၄)မျိုးဖြင့် စတင်ထုတ်လုပ်ခဲ့ကြပါတယ်။ Cognac (ခေါ်) Brandy ရဲ့အဓိကပါဝင်ပစ္စည်းမှာ Ugni Blanc Grape ဟုခေါ်သော စပျစ်သီးတစ်မျိုးဖြစ်ပြီး သိပ္ပံနည်းကျစမ်းသပ်မှုများအရ Cognac (ခေါ်) Brandy ကိုသောက်သုံးခြင်းဖြင့် နှလုံးသွေးကြောပိတ်ဆို့ခြင်း၊ ကင်ဆာရောဂါနှင့် အမြင်အာရုံဆုံးရှုံးခြင်းများကို ကာကွယ်ပေးနိုင်သည့် Antioxidant စုပ်ယူမှုကို အားကောင်းစေကာ အရွယ်မတိုင်မီအိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ယမကာတစ်မျိုးဖြစ်တာကြောင့် အိမ်သူသက်ထားက အရက်သောက်လို့ဆူတဲ့အခါ Cognac အကြောင်းကြွယ်ပြပြီး ချေပလို့ရသေးတာမို့ မင်မင်တို့ဆိုင်မှာ အမြန်ဆုံးလာဝယ်သင့်ပါတယ်ရှင်။

မင်မင်တို့ဆိုင်မှာ (၅၀၀၀၀) ဖိုးဝယ်ယူရုံနဲ့ Beer လက်ဆောင်ပေးတဲ့ Promotion ရှိနေပါသေးတယ်နော်။ ဘာပဲဝယ်ဝယ် (၅၀၀၀၀) ဖိုးပြည့်တာနဲ့ Beer အေးအေးလေးတစ်လုံး Free သောက်ရမှာမို့ Promotion Stock ပြတ်သွားလို့ လက်ဆောင်မရလိုက်တာမျိုးမဖြစ်ရအောင် ခုပဲသွက်သွက်လေး လာဝယ်လိုက်တော့နော်။





ဟယ်လို🤗Original Absolute Vodkaတစ်လုံး ဒါမှမဟုတ်"50000''ကျပ်ဖိုးအထက်ဝယ်ယူရုံနဲ့ ဘီယာအေးစိမ့်စိမ့်လေးတစ်ဗူးလက်ဆောင်ရမယ့်ပရ...
20/06/2024

ဟယ်လို🤗
Original Absolute Vodkaတစ်လုံး ဒါမှမဟုတ်"50000''ကျပ်ဖိုးအထက်ဝယ်ယူရုံနဲ့ ဘီယာအေးစိမ့်စိမ့်လေးတစ်ဗူးလက်ဆောင်ရမယ့်ပရိုမိုးရှင်းလေးရှိသေးပါတယ်နော်။ သူမဆီမှာကျန်ရစ်ဖြစ်ခဲ့ပေမယ့် The Cornerမှာကျန်ရစ်မဖြစ်ရအောင် ခုပဲမြန်မြန် ဆိုင်ကိုလာခဲ့လိုက်တော့နော်❤



ဘယ်ဆိုင်မှာမှမရတဲ့Promotion😮 ဘယ်ဆိုင်မှာမှRedLabelတစ်လုံးလုံးလက်ဆောင်မပေးဘူးနော် 😮ခုလိုမိုးအေးအေးလေးမှာ Red Label လေးနဲ့...
15/06/2024

ဘယ်ဆိုင်မှာမှမရတဲ့Promotion😮

ဘယ်ဆိုင်မှာမှRedLabelတစ်လုံးလုံးလက်ဆောင်မပေးဘူးနော် 😮
ခုလိုမိုးအေးအေးလေးမှာ Red Label လေးနဲ့အမြည်းကောင်းကောင်းလေးနဲ့ဇိမ်ခံလိုက်ရရင်နတ်ပြည်ကိုတောင်တက်ချင်တော့မှမဟုတ်ဘူး😇​
ပြတ်တုန်းလပ်တုန်းမှာ Red Label အလကားသောက်ချင်တယ်ဆိုရင်တော့
-
-
-
-
-
-
-
-
-
-
-
-
-
-
-

(ဘယ်ဆိုင်မှာမှမရသလိုမင်မင်တို့ဆိုင်မှာလည်းမရတဲ့ Promotion လေးပါနော်အရမ်းသောက်ချင်လာလို့လာဝယ်သောက်မယ်ဆိုရင်တော့အချစ်တွေအဆစ်ထည့်ပေးလိုက်မယ်ရှင်😛)

The Corner Liquor Mart



တစ်ဖွဲ့မှာတစ်ယောက်တော့ရှိကိုရှိတယ်😉
13/06/2024

တစ်ဖွဲ့မှာတစ်ယောက်တော့ရှိကိုရှိတယ်😉


''မင်မင့်လို Pay dayမှာအကြွေးပေးလိုက်ရတဲ့ကာကာလေးတွေရှိကြလား''မိုးအေးအေးမှာblack labelလေးနဲ့လည်းဆွေးချင်တယ် ပိုက်ဆံလည်းမပ...
05/06/2024

''မင်မင့်လို Pay dayမှာအကြွေးပေးလိုက်ရတဲ့
ကာကာလေးတွေရှိကြလား''

မိုးအေးအေးမှာblack labelလေးနဲ့လည်းဆွေးချင်တယ် ပိုက်ဆံလည်းမပြည့်တော့ဘူးဆိုတဲ့ကာကာလေးတွေအတွက်မင်မင်အကြံကောင်းလေးပေးချင်ပါတယ် နီးစပ်ရာကဗျာရေးတဲ့သူငယ်ချင်းကို ''မင်းကဗျာတွေအရမ်းမိုက်တာပဲ''လို့ချီးကျူးပြီးအတူသောက်ဖို့ခေါ်ပါပြီးရင်တစ်ဝက်စိုက်ခိုင်းပါ🤭

မင်မင်တို့The Cornerမှာ ငါးသောင်းဖိုးပြည့်တိုင်း Beerအေးအေးလေးလက်ဆောင်ပေးတဲ့ Promotion ရှိသေးလို့ Black အပြင်
ဘီယာလေးပါအပိုသောက်ရအုန်းမှာဆိုတော့အရမ်းတန်နေတာကြောင့် Promotion Itemလေးမကုန်ခင် အခုပဲသူငယ်ချင်းကိုဖုန်းခေါ်ပြီး ကဗျာလေးနားထောင်ရင်း Blackလေးသောက်ရင်းPay day မှာChillလိုက်ရအောင်နော်။


အရက် တလုံးမှာ  ၁၆ပတ် ရှိသလိုရွှေ ၁ကျပ် သားမှာလည်း ၁၆ ပဲရှိတယ်🤔။အရက် တပုလင်းရဲ့ တဝက်ကို၁ပိုင်း - ၈ပတ်လို့ ခေါ်သလိုရွှေအလေ...
24/05/2024

အရက် တလုံးမှာ ၁၆ပတ် ရှိသလို
ရွှေ ၁ကျပ် သားမှာလည်း ၁၆ ပဲရှိတယ်🤔။

အရက် တပုလင်းရဲ့ တဝက်ကို
၁ပိုင်း - ၈ပတ်လို့ ခေါ်သလို
ရွှေအလေးချိန်မှာလည်း တကျပ်သားရဲ့

တဝက် ၈-ပဲ ကို ငါးမူးလို့ခေါ်တယ်🤔။

အရက်မှာ ၄-ပတ်ကို ၁စိပ်လို့ ခေါ်သလို
ရွှေအလေးချိန်းမှာလည်း ၄ပဲကို ၁မတ်သား
လို့ ခေါ်တယ်😮။

အရက် ၁ပိုင်းမှာ ၈ပတ် ရှိသလို
ရွှေ ၁ပဲမှာလည်း ရွေးလေး ၈ရွေးရှိတယ်🤯။

ဒီဆက်နွယ်မှုတွေက အရက်သမားတွေ
အတွက် အရက်နဲ့ရွှေရဲ့ ပက်သက်ဆက်သွယ်မှုကိုသက်သေပြထားတာလား🤔

မင်မင်သိပ်နားမလည်ပေမယ့်နားလည်တာလေးတစ်ခုကရွှေနဲ့အရက်ရဲ့အကောင်းဆုံးပေါင်းစပ်မှုကိုအရသာရှိရှိခံစားကြည့်ချင်ရင်တော့
The Corner ကနေGold label တစ်ပုလင်းလောက်ဝယ်သောက်သင့်တယ်
ဆိုတာပါပဲရှင်😉။





''ကဆုန်လပြည့်နေ့ ''''ဖွား၊ပွင့်၊ဟော၊စံ ဤလေးတန် မှတ်ရန်ဗုဒ္ဓနေ့''ဟူသည့်အတိုင်း''ကဆုန်လ​ပြည့်နေ့''ဟာဗုဒ္ဓဘာသာဝင်သာကီနွယ်တိ...
22/05/2024

''ကဆုန်လပြည့်နေ့ ''

''ဖွား၊ပွင့်၊ဟော၊စံ ဤလေးတန် မှတ်ရန်ဗုဒ္ဓနေ့''
ဟူသည့်အတိုင်း''ကဆုန်လ​ပြည့်နေ့''ဟာ
ဗုဒ္ဓဘာသာဝင်သာကီနွယ်တို့ရဲဲ့မြင့်မြတ်လှတဲ့
နေ့ထူးနေ့မြတ်ဖြစ်သည့်အပြင် ညောင်ရေသွန်းပွဲများ၊ ဥပုသ်သီတင်းတည်ဆောက်သူများ နှင့်စည်ကားသော မြန်မာနိုင်ငံ၏ထင်ရှားသော
ဘာသာရေးအထိန်းအမှတ်နေ့လည်းဖြစ်ပါတယ်ရှင်။ ယခုကဲ့သို့ကျက်သရေမင်္ဂလာအပေါင်းနှင့်
ပြည့်စုံသော ကဆုန်လပြည့်နေ့ထူးနေ့မြတ်တွင်
မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှလုံးရွှင်လန်းအေးမြ၍ စီးပွားလာဘ်လာဘတွေတိုးတက်ပါစေကြောင်း ကျွန်မတို့ The Corner မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။




#ကဆုန်လပြည့်နေ့
#ညောင်ရေသွန်းပွဲတော်

မနက်ဖြန်ကဆုန်လပြည့်နေ့မြတ်ပါ ကာကာတို့ရေ 🙏မင်မင်တို့ကတော့ မနက်ဖြန်သောက်တာတစ်ရက်နားပြီးတရားအားထုတ်ပါမယ်ရှင်😇 မင်မင်တို့လို...
21/05/2024

မနက်ဖြန်ကဆုန်လပြည့်နေ့မြတ်ပါ ကာကာတို့ရေ 🙏
မင်မင်တို့ကတော့ မနက်ဖြန်သောက်တာတစ်ရက်နားပြီး
တရားအားထုတ်ပါမယ်ရှင်😇
မင်မင်တို့လိုလိမ်မာတဲ့ ကာကာလေးတွေအတွက် သန်ဖက်ခါထိလည်း
The Corner မှာ (၅၀၀၀၀)ဖိုးဝယ်တာနဲ့ ဘီယာအေးအေးလေး လက်ဆောင် ပေးတဲ့ Promotion လေးရှိသေးတာမို့ ဥပုသ်ထွက်တဲ့အခါ အပြေးလာခဲ့ကြပါအုန်းနော် 🥰
ကဆုန်လပြည့်နေ့မြတ်မှာ ကာကာလေးတွေအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာရှိပြီး စီးပွားလာဘ်လာဘတွေတိုးတက်ပါစေကြာင်း မင်မင်တို့
The Corner မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏


ဘယ်ဘက်ကပုံကတော့ Gold label ဖြစ်ပြီး ညာဘက်က ပုံမှာ black Label ဖြစ်ပါတယ် ဘာကွာသွားလဲလို့မေးရင် မာနတွေကိုယ်စီနဲ့ ပြန်မဆုံန...
16/05/2024

ဘယ်ဘက်ကပုံကတော့ Gold label ဖြစ်ပြီး ညာဘက်က ပုံမှာ black Label ဖြစ်ပါတယ် ဘာကွာသွားလဲလို့မေးရင် မာနတွေကိုယ်စီနဲ့ ပြန်မဆုံနိုင်လောက်အောင် ‌ေဝးကွာသွားကြပါပြီ အချစ်ကြောင့်ကွဲသွားတဲ့ အသည်းကို အရက်နဲ့ပြန်ဆက်ဖို့ လိုလာရင်တော့ ဒီနှစ်မျိုးလုံးမင်မင်တို့ဆိုင်မှာ ဝယ်ရရှိနိူင်ပါတယ်နော်😉
~~~~~~~~~~~~~~~~~~~~~~~
The Corner Liquor Mart မှာ
ညိုကီတို့ ညိုမီတို့အတွက်
နိုင်ငံခြားအရက်များနှင့် ပြည်တွင်းအရက်မျိုးစုံတို့ကို ပစ္စည်းမှန်၊ စျေးနှုန်း မှန်ကန်စွညာဖြင့် လက်လီ/လက်ကား ရောင်းချပေးနေပါတယ်ရှင့်။
Online မှ လည်း မှာယူနိုင်ပြီးတော့ မြို့နယ်အလိုက်
သင့်တင့်သော နှုန်းထားများဖြင့် ပို့ဆောင်ပေးပါတယ်။
ဆိုင်ကိုလာရောက် ဝယ်ယူလိုပါက အောက်ပါလိပ်စာအတိုင်းလာရောက်ဝယ်ယူနိုင်ပါတယ်။
👇👇👇
နေရာအတိအကျ သိလိုသူများအတွက် Google Map Link လေးပါရှင့်။ 👇👇👇
https://maps.app.goo.gl/o2WNDfsHcArFHLvS7
Address - 140/A, Corner of Yankin Road & Yan Naing Street, Yankin Township, Yangon
Contact - 09883877775/ 09883877776
Email - [email protected]





The Corner ရဲ့ Summer Promotion🥳🎉''ကလင်'' ''ကလင်''🎉နွေပူပူမှာ ရင်​အေးစေမယ့်ချစ်သူလေးမရှိလို့ ပူလောင်နေရပြီလား?ကာကာလေး​တိ...
11/05/2024

The Corner ရဲ့ Summer Promotion🥳🎉

''ကလင်'' ''ကလင်''🎉

နွေပူပူမှာ ရင်​အေးစေမယ့်ချစ်သူလေးမရှိလို့ ပူလောင်နေရပြီလား?

ကာကာလေး​တို့ရဲ့အပူတွေကိုငြှိမ်းပေးဖို့
Summer promotion လေးလာပါပြီရှင့်။🤗

မင်မင်တို့ဆီမှာ ရောင်းချပေးနေတဲ့
ဘယ်ပစ္စည်းကိုမဆို ''၅၀၀၀၀''ဖိုးအထက် ဝယ်ယူရုံနဲ့ ချစ်သူလေးအပြုံးလို လန်းဆန်းစေမယ့် Beer အေးအေးလေးတစ်ဗူး'လက်ဆောင်'ရရှိမှာပါနော်။

Promotion ကာလမသတ်မှတ်ထားဘဲ
Stock လက်ကျန်ရှိတဲ့အထိ လက်ဆောင် ပေးသွားမှာဆိုတော့ ကျန်ရစ်မဖြစ်ရလေအောင်

မင်မင်တို့ဆီမြန်မြန်လေးလာဝယ်လိုက်တော့ရှင်😉

~~~~~~~~~~~~~~~~~~~~~~~

The Corner Liquor Mart မှာ

ညိုကီတို့ ညိုမီတို့အတွက်

နိုင်ငံခြားအရက်များနှင့် ပြည်တွင်းအရက်မျိုးစုံတို့ကို ပစ္စည်းမှန်၊ စျေးနှုန်း မှန်ကန်စွညာဖြင့် လက်လီ/လက်ကား ရောင်းချပေးနေပါတယ်ရှင့်။

Online မှ လည်း မှာယူနိုင်ပြီးတော့ မြို့နယ်အလိုက်

သင့်တင့်သော နှုန်းထားများဖြင့် ပို့ဆောင်ပေးပါတယ်။

ဆိုင်ကိုလာရောက် ဝယ်ယူလိုပါက အောက်ပါလိပ်စာအတိုင်းလာရောက်ဝယ်ယူနိုင်ပါတယ်။

👇👇👇

နေရာအတိအကျ သိလိုသူများအတွက် Google Map Link လေးပါရှင့်။ 👇👇👇

https://maps.app.goo.gl/o2WNDfsHcArFHLvS7

Address - 140/A, Corner of Yankin Road & Yan Naing Street, Yankin Township, Yangon

Contact - 09883877775/ 09883877776

Email - [email protected]











မင်မင်ကတော့အကြွေးထပ်ယူပြီးသောက်ပစ်လိုက်ပြီ😋။ကာကာလေးတို့လည်းသောက်မယ်ဆိုရင်The Cornerကိုလာခဲ့ကြနော်။~~~~~~~~~~~~~~~~~~~~~~...
03/05/2024

မင်မင်ကတော့အကြွေးထပ်ယူပြီးသောက်ပစ်လိုက်ပြီ😋။ကာကာလေးတို့လည်းသောက်မယ်ဆိုရင်The Cornerကိုလာခဲ့ကြနော်။
~~~~~~~~~~~~~~~~~~~~~~~
The Corner Liquor Mart မှာ
ညိုကီတို့ ညိုမီတို့အတွက်
နိုင်ငံခြားအရက်များနှင့် ပြည်တွင်းအရက်မျိုးစုံတို့ကို
ပစ္စည်းမှန်၊ စျေးနှုန်း မှန်ကန်စွာဖြင့် လက်လီ/လက်ကား
ရောင်းချပေးနေပါတယ်ရှင့်။

Online မှ လည်း မှာယူနိုင်ပြီးတော့ မြို့နယ်အလိုက်
သင့်တင့်သော နှုန်းထားများဖြင့် ပို့ဆောင်ပေးပါတယ်။

ဆိုင်ကိုလာရောက် ဝယ်ယူလိုပါက အောက်ပါလိပ်စာအတိုင်း
လာရောက်ဝယ်ယူနိုင်ပါတယ်။
👇👇👇

နေရာအတိအကျ သိလိုသူများအတွက် Google Map
Link လေးပါရှင့်။ 👇👇👇
https://maps.app.goo.gl/o2WNDfsHcArFHLvS7

Address - 140/A, Corner of Yankin Road & Yan Naing Street, Yankin Township, Yangon
Contact - 09883877775/ 09883877776
Email - [email protected]







အကြွေးရှင်တွေကိုမျက်ခြေဖြတ်ပြီးမင်မင်တို့ဆိုင်ထဲသာပြေးဝင်ခဲ့တာဝန်ယူပေးမယ်ရှင်🤭။~~~~~~~~~~~~~~~~~~~~~~~The Corner Liquor ...
30/04/2024

အကြွေးရှင်တွေကိုမျက်ခြေဖြတ်ပြီး
မင်မင်တို့ဆိုင်ထဲသာပြေးဝင်ခဲ့
တာဝန်ယူပေးမယ်ရှင်🤭။
~~~~~~~~~~~~~~~~~~~~~~~
The Corner Liquor Mart မှာ
ညိုကီတို့ ညိုမီတို့အတွက်
နိုင်ငံခြားအရက်များနှင့် ပြည်တွင်းအရက်မျိုးစုံတို့ကို
ပစ္စည်းမှန်၊ စျေးနှုန်း မှန်ကန်စွာဖြင့် လက်လီ/လက်ကား
ရောင်းချပေးနေပါတယ်ရှင့်။

Online မှ လည်း မှာယူနိုင်ပြီးတော့ မြို့နယ်အလိုက်
သင့်တင့်သော နှုန်းထားများဖြင့် ပို့ဆောင်ပေးပါတယ်။

ဆိုင်ကိုလာရောက် ဝယ်ယူလိုပါက အောက်ပါလိပ်စာအတိုင်း
လာရောက်ဝယ်ယူနိုင်ပါတယ်။
👇👇👇

နေရာအတိအကျ သိလိုသူများအတွက် Google Map
Link လေးပါရှင့်။ 👇👇👇
https://maps.app.goo.gl/o2WNDfsHcArFHLvS7

Address - 140/A, Corner of Yankin Road & Yan Naing Street, Yankin Township, Yangon
Contact - 09883877775/ 09883877776
Email - [email protected]







နှစ်ကူးဆုတောင်း 🙏🙏🙏သာသနာနှစ် ၂၅၆၇ခု၊ မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်၊ မဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့မှစပြီးမြန်မာပြည်သူပြည်သ...
17/04/2024

နှစ်ကူးဆုတောင်း 🙏🙏🙏

သာသနာနှစ် ၂၅၆၇ခု၊
မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်၊
မဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့မှစပြီး
မြန်မာပြည်သူပြည်သားများအားလုံး
ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာပြီးကျက်သရေ
အဖြာဖြာတိုးပွား၍ နှစ်သစ်ကို ဘေးအန္တရာယ်
ကင်းရှင်းစွာ ဖြတ်ကျော်နိုင်ကြပါစေကြောင်း
The Corner မိသားစုမှ
ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ခင်ဗျာ။







Address

140/A, Corner Of Yankin Road & Yan Naing Street, Yankin Township
Yangon
11081

Opening Hours

Monday 09:30 - 21:30
Tuesday 09:30 - 21:30
Wednesday 09:30 - 21:30
Thursday 09:30 - 22:30
Friday 09:30 - 21:30
Saturday 09:30 - 21:30
Sunday 09:30 - 21:30

Telephone

+959883877775

Website

Alerts

Be the first to know and let us send you an email when The Corner Liquor Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Corner Liquor Mart:

Share


Other Wine, Beer & Spirits Stores in Yangon

Show All