High Spirits

High Spirits Wine, Beer and Liquor Online Store.

ဆာကေး (Sake) ဆိုတာဘာလဲ။    ဆာကေးဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း ဂျပန်ရိုးရာ ဆန်အရက်ပါ။ ဒီအရက်ကို ချက်လုပ်ရာမှာ အဓိကမရှိ...
07/06/2022

ဆာကေး (Sake) ဆိုတာဘာလဲ။

ဆာကေးဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း
ဂျပန်ရိုးရာ ဆန်အရက်ပါ။
ဒီအရက်ကို ချက်လုပ်ရာမှာ အဓိကမရှိမဖြစ်ကတော့
ရေ သန့်သန့်ကောင်းကောင်း ပါပဲ။

အဲ့ဒီ့နောက်မှာတော့ ဆန်၊ ကိုဂျီမှို (မီဆိုဟင်းချိုထဲထည့်တဲ့
ရေညှိနဲ့တူတူပါပဲ) နဲ့ ကစော်ဖောက်ဖို့တဆေး တို့လိုအပ်ပါတယ်။
ကစော်ဖောက်ပြီးသွားရင်တော့ အပေါ်ရည်ကြည်ကိုပဲယူပြီးရင်တော့ အောင်မြင်တဲ့ဆာကေးကို ရပြီပဲဖြစ်ပါတယ်။
ဆာကေးမှာ အယ်လ်ကိုဟော ၁၅ ရာခိုင်နှုန်းပါဝင်ပြီး
အမြင့်ဆုံးကတော့ ၁၇ ရာခိုင်နှုန်းထိပါဝင်တတ်ပါတယ်။

ဘာလို့ဂျပန်လူမျိုးတွေကဆာကေးကိုသောက်ကြတာလဲ?

ဂျပန်လူမျိုးတွေဟာ ဆန်နဲ့အရက်ချက်တာကို ဘယ်အချိန်မှာစတင်ခဲ့လည်းဆိုတာ ခုထိ မရှင်းလင်းသေးပေမဲ့ ဆန်ကို စတင်ပြီးတွင်တွင်ကျယ်ကျယ် စိုက်ပျိုးခဲ့တဲ့ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ နီးပါးလောက်ကတည်းက ဆန်အရက်ပေါ်ပေါက်လာခဲ့တာ ဖြစ်နိုင်ပါတယ်။
ဂျပန်လူမျိုးတွေဟာ ဆန်ကိုစားသုံးတာနဲ့အသားကျလာပြီးနောက်မှာတော့ ဆန်နဲ့ပြုလုပ်ထားတဲ့သောက်စရာကိုပါ ပြုလုပ်လာကြပါတယ်။
ဆန်နဲ့ပြုလုပ်ထားတဲ့ ဆာကေးဟာလည်း ဂျပန်ရိုးရာ ဆန်မုန့်တွေ ဟင်းပွဲတွေနဲ့ အလွန်လိုက်ဖက်ပါတယ်။

ဆာကေးကိုဟင်းချက်ရာမှာသုံးနိုင်ပါသလား။

ဟင်းချက်ဝိုင်တွေလိုပဲ ဆာကေးကိုလည်း ဟင်းချက်ရာမှာ
အသုံးပြု့လေ့ရှိပြီး ဟင်းချက်ဖို့အတွက်သီးသန့် စျေးပေါတဲ့ ဆာကေးတွေကိုလည်း ဂျပန် စူပါမားကတ်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဟင်းလျာတိုင်းနီးပါးမှာထည့်သွင်းအသုံးပြုနိုင်ပြီး ဆာကေးကိုထည့်သွင်းချက်ပြုတ်ထားပါက ၎င်းဟင်းလျာရဲ့အရသာကို ပိုမိုပြင်းသွားစေပါတယ်။

ဆာကေးဟာ ကျန်းမာရေးကို အကျိုးပြုပါသလား။

ဆာကေးဟာ ကျန်းမာရေးရှုထောင့်အရ ကောင်းတဲ့အချက်တွေရှိပါတယ်။
သူက ကင်ဆာဖြစ်နိုင်ချေကိုလျော့နည်းစေပြီး ဆီးချိုနဲ့ သွေးတိုးရောဂါသမားများအတွက်ပါ ကောင်းကျိုးတွေရစေပါတယ်။ နောက်တစ်ချက်ကတော့ ဆာကေးဟာ မယ်လနင်ဓာတ်ထွက်ခြင်းကိုလျှော့ချပေးတာကြောင့် အမဲစက်နဲ့ နေလောင်ဒဏ်တွေကို သက်သာစေပြီးအသားအရေကိုကြည်လင်စေပါတယ်။ ဒါကြောင့် ဂျပန်မှာရှိတဲ့ အချို့သော Skin Care Company တွေဟာ ဆာကေးကို ၎င်းတို့ကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။

ဆာကေးကိုဘယ်လို သောက်သင့်လဲ?

ဆာကေးစသောက်တော့မယ်ဆိုရင် ဂျပန်ရိုးရာအတိုင်း ဆာကေး set ကိုပြင်ဆင်ရပါမယ်။ ဆာကေး set ထဲမှာ ဘာတွေပါလဲဆိုတော့
ဆာကေးထည့်တဲ့ အိုး (tokkuri) နဲ့ ဆာကေးသောက်တဲ့ခွက်
အသေးလေး (ochoko) တို့ပါဝင်ပါတယ်။
ဆာကေးရဲ့ အရသာဟာ အပူချိန်ကိုလိုက်ပြီးပြောင်းလဲတတ်တာမို့ ခွက်တစ်ဝက်လောက်ပဲထည့်သောက်တာဟာ လုံလောက်တဲ့ပမာဏနဲ့ အရသာခံဖို့အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

ဆာကေး ကိုအပူနဲ့ အအေး ၂ မျိုးလုံးနဲ့သောက်သုံးနိုင်ပြီး အပူသောက်သုံးလိုပါက ဆာကေးအိုးအား ရေနွေးထဲ စိမ်၍သောက်သုံးနိုင်ပြီး အအေးသောက်လိုပါက ဆာကေးအိုးနဲ့ ဆာကေးခွက်ကို ရေခဲသေတ္တာထဲမှာ
ထည့်ထားပြီး သောက်သုံးနိုင်ပါတယ်။ တစ်မျိုးစီမှာ အပူချိန်ကိုလိုက်ပြီး အနံ့ ၊ အရသာ ပြောင်းလဲသွားတာမို့ ဘယ်တစ်မျိုးကို ကြိုက်နှစ်သက်လည်းဆိုတာ အတွေ့အကြုံတွေမျှဝေသွားပါဦး။



ကမ္ဘာကျော် စာရေးဆရာကြီး Ernest Hemingway ၏ ယမကာဒဿန -------------------------------------------------------လွန်ခဲ့သောရာစု...
02/06/2022

ကမ္ဘာကျော် စာရေးဆရာကြီး

Ernest Hemingway ၏ ယမကာဒဿန
-------------------------------------------------------

လွန်ခဲ့သောရာစုနှစ် အနည်းငယ်အတွင်း

အကျော်ကြားဆုံးစာရေးဆရာအချို့၏

ဖန်တီးမှုလက်ရာ များတွင် အရက်သည်

အဓိကအခန်းမှပါဝင်ခဲ့သည်ဟု ဆိုရမလိုဖြစ်သည်။

စာပေနိုဘယ်ဆုရခဲ့သော အမေရိကန် နိုင်ငံသား

ခြောက်ဦး အနက်

William Faulkner, Eugene O'Neill,

Ernest Hemingway နှင့် John Steinbeck

တို့လေးဦး သည် အရက်အလွန်အကျွံသောက်

သူများဖြစ်နေကြသည်။

စာရေးဆရာကြီး အားနက် ဟဲမင်းဝေး သည်

ဘဝစုံခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ ဒေသန္တရဗဟုသုတ

ကြွယ်ဝခြင်းများနှင့် ပင်ကိုယ်ထူးချွန်မှုများကြောင့်

ကမ္ဘာကျော် စာရေးဆရာ တစ်ယောက်ဖြစ်သည်ဟု

ဆိုကြပါသည်။

သူအရက်သောက်ရသည့်အကြောင်းမှာ

“ အခြားသူများကို ပိုပြီး သိနားလည်နိုင်ဖို့“ ဟု

ဟဲမင်းဝေးက ပြောခဲ့ဖူးသည်။

အရက်နဲ့ပတ်သက်၍ သူပြောခဲ့သည်များမှ

အနည်းငယ်ကို ဖော်ပြပေးလိုက်ပါသည်။

“ ငါ ဆယ့်ငါးနှစ်သား ကတည်းက မူးနေခဲ့တာ၊

အဲ့ဒါက အနည်းဆုံးတော့ ငါ့ကိုပိုပျော်ရွှင်စေတယ်။

မင်း ဦးနှောက် ကိုတစ်နေ့လုံး အလုပ်ပေးထားပြီး

နောက်တစ်နေ့မှာလည်း ပြင်းပြင်းထန်ထန်

အလုပ်ထပ်လုပ်ရမယ် ဆိုရင် စိတ်ကူးသစ်တွေရဖို့

ဝီစကီတစ်ခွက်သောက်လိုက်တာကလွဲလို့

ဘာရှိနိုင်သေးတုန်း ပြီးတော့ မင်း အေးနေတဲ့အခါမျိုး

မိုးတွင်းလို အချိန်မျိုးတွေမှာ အခြားအရာတွေက

မင်းကိုနွေးထွေးနိုင်တယ် ထင်လို့လား”

“မိန်းမလှလေးတစ်ယောက်ကို နမ်းဖို့ နဲ့

အရက်ပုလင်းအဖုံးကို ဖွင့်ဖို့

ဘယ်တော့မှ တုံ့ဆိုင်းမနေပါနဲ့” ဟုလည်း

ဟဲမင်းဝေး ဆိုခဲ့ပါသေးသည်။

Ernest Hemingway (1899-1961)




ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အကြီးမားဆုံး ဝီစကီပုလင်း “The intrepid”Edinburg အခြေစိုက် Onlineလေလံတင်တဲ့Lyon & Turnbullကုမ္ပဏီ...
01/06/2022

ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အကြီးမားဆုံး ဝီစကီပုလင်း “The intrepid”

Edinburg အခြေစိုက် Onlineလေလံတင်တဲ့Lyon & Turnbullကုမ္ပဏီမှ The Intrepid လို့ခေါ်တွင်တဲ့ ကမ္ဘာ့အကြီးမားဆုံး အရွယ်အစားရှိ Single Malt Whiskyကိုလေလံတင်ရောင်းချခဲ့ပါတယ်။ ‌ဒေါ်လာ 1.4သန်းတန်ကြေးနဲ့ အမည်မဖော်လိုတဲ့စုဆောင်းသူ တဦးကဝယ်ယူသွားခဲ့ပါတယ်။

အဆိုပါ ဝီစကီကို စကော့တလန်နိုင်ငံ၊ Speyside ရှိ
The Macallanတွင် ပေါင်းခံချက်လုပ်ပြီး Sister caskနှစ်ခုတွင်1989ခုနှစ်မှစပြီး 32နှစ်ကြာနှစ်ချို့ခံထားတာပါ။
အ‌ရောင်အားဖြင့် ‌ရွေ‌ရောင်ဖျော့ဖျော့ ရှိပြီး ပန်းသီးအရသာချိုမွှေးသော ဘက်ကိုသွားသည်။

ပုလင်းဟာ အမြင့် 5ပေ 11လက်မ ရှိပြီး ဝီစကီ 311လီတာ ဝင်ဆံ့ပါတယ်။အဲဒီပမာဏဟာ သာမာန် 70clပုလင်း 444လုံးနဲ့ ညီမျှပါတယ်။

Fah Mai နှင့် Rosewin Holding တို့ပူးပေါင်းမှုဖြင့် projectခေါင်းဆောင် Daniel Monkရဲ့ စိတ်ကူးစိတ်သန်း ကနေပေါ်ထွက်လာပါတယ်။ Monkဟာ
သူရဲ့ဖခင်အပါအဝင် ကမ္ဘာ့ရှေ့ဆောင် စူးစမ်းလေ့လာသူ 11 ဦးကိုဂုဏ်ပြုသောအားဖြင့် The intrepid ဟု ခေါ်တွင်ပြီး ပုလင်းပေါ်တွင်လည်း ရုပ်ပုံများပါရှိသည်။

ရရှိလာသောအကျိုးအမြတ်အချို့ကိုရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာချို့တဲ့သူများကို အကူအညီပေးနေသောအဖွဲ့အစည်းများကို လှူဒါန်းသွားရန်ရည်ရွယ်ထားသည်။

ဘုရားသခင် , အရက်တစ်ခွက်အတွက် ကျွန်တော်ဘာမဆိုပေးဖို့အဆင်သင့်ပါပဲ။ ဘီယာလေးတစ်ခွက်သာရမယ်ဆိုရင် ကျွန်တော့်ရဲ့ စိတ်ဝိဉာဉ်ကိုတ...
31/05/2022

ဘုရားသခင် , အရက်တစ်ခွက်အတွက်

ကျွန်တော်ဘာမဆိုပေးဖို့အဆင်သင့်ပါပဲ။

ဘီယာလေးတစ်ခွက်သာရမယ်ဆိုရင် ကျွန်တော့်ရဲ့ စိတ်ဝိဉာဉ်ကိုတောင်

ပေးပစ်လိုက်မှာပါ။ (𝙅𝙖𝙘𝙠 𝙏𝙤𝙧𝙧𝙖𝙣𝙘𝙚)

𝙈𝙤𝙫𝙞𝙚 - 𝙏𝙝𝙚 𝙎𝙝𝙞𝙣𝙞𝙣𝙜
𝘼𝙘𝙩𝙤𝙧 - 𝙅𝙖𝙘𝙠 𝙉𝙞𝙘𝙝𝙤𝙡𝙨𝙤𝙣

🥃ကမ္ဘ့ာစျေးအကြီးဆုံး အရက်ပုလင်း 10 မျိုး🥃
30/05/2022

🥃ကမ္ဘ့ာစျေးအကြီးဆုံး အရက်ပုလင်း 10 မျိုး🥃


28/05/2022

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကျင်းပရာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ပေါ်မှာတော့
လီဗာပူး ပရိတ်သတ်များနဲ့ ရဲရဲနီလို့ နေပါပြီ။
၂၀၁၈ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရှုံးကြွေးကို ဒီနေ့ညမှာ ပြန်လည် ချေပနိုင်ဖို့အတွက်
ကွင်းအတွင်းမှာရော အပြင်မှာပါ အားပေးဖို့ ရောက်ရှိနေကြတာပဲဖြစ်ပါတယ်။
ပွဲမတိုင်ခင်တည်းက အောင်ပွဲခံနေတဲ့ လီဗာပူး ဖန်များရဲ့ ပုံရိပ်တွေကို ဒီဗီဒီယိုမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ကော့ညက် တိုင်းက ဘရန်ဒီ ဖြစ်ပေမယ့် ဘရန်ဒီတိုင်းကိုတော့ ကော့ညက်လို့ ခေါ်လို့ မရပါဘူး။ ပြင်သစ်နိုင်ငံရဲ့  ကော့ညက်မြို့ လေးမ...
27/05/2022

ကော့ညက် တိုင်းက ဘရန်ဒီ ဖြစ်ပေမယ့်

ဘရန်ဒီတိုင်းကိုတော့ ကော့ညက်လို့ ခေါ်လို့ မရပါဘူး။

ပြင်သစ်နိုင်ငံရဲ့ ကော့ညက်မြို့ လေးမှာ စတင်ထုတ်လုပ်ခဲ့တာမို့

ကော့ညက်လို့ နာမည်တွင်ခဲ့တာပါ။

ကော့ညက် ထုတ်လုပ်ဖို့ အတွက် အသုံးပြုတဲ့

အဓိက ကုန်ကြမ်းမှာ စပျစ်သီးဖြစ်ပြီး အကောင်းဆုံး

ကော့ညက်ဖြစ်ဖို့ ဆိုရင်တော့

𝐔𝐠𝐧𝐢 𝐁𝐥𝐚𝐧𝐜 ဆိုတဲ့ စပျစ်သီးမျိုးကို အသုံးပြုကြပါတယ်။

ကြေးနီအိုးဖြင့် နှစ်ကြိမ်တိုင်ပေါင်းခံချက်လုပ်ပြီး

ရရှိလာသော ကြည်လင်သန့်စင်ပြီးသား စပျစ်ရည်

(ပြင်သစ်အခေါ် 𝐄𝐚𝐮𝐱-𝐝𝐞-𝐯𝐢𝐞)များကို

ဝက်သစ်ချစည်ပိုင်းထဲတွင် အနည်းဆုံး နှစ်နှစ်ကြာ

သိမ်းဆည်းထားရပါတယ်။

အနည်းဆုံး (၂) နှစ်သိုလှောင်သိမ်းဆည်းထားသောကော့ညက်ကို

𝐕𝐒 ( 𝐕𝐞𝐫𝐲 𝐒𝐩𝐞𝐜𝐢𝐚𝐥 )

အနည်းဆုံး (၄) နှစ်သိုလှောင်သိမ်းဆည်းထားသော
ကော့ညက်ကို

𝐕𝐒𝐎𝐏 ( 𝐕𝐞𝐫𝐲 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐎𝐥𝐝 𝐏𝐚𝐥𝐞 )

အနည်းဆုံး (၁၀) နှစ် သိုလှောင်သိမ်းဆည်းထားသော
ကော့ညက်ကို

𝐗𝐎 ( 𝐄𝐱𝐭𝐫𝐚 𝐎𝐥𝐝 ) ဆိုပြီး ထုတ်လုပ်ရောင်းချကြပါတယ်။

အယ်လ်ကိုဟော ပမာဏ ၄၀% ရှိတဲ့

ကော့ညက်အရက်ဟာ ဝိုင်၊ဝီစကီတို့နည်းတူ

သက်တမ်းကြာမြင့်စွာစိမ်ထားရပြီး ထူးဆန်းတဲ့အချက်ကတော့

ကော့ညက်အများစုဟာဝက်သစ်ချစည်ထဲမှာထက်

တရားဝင် လိုင်စင်တင်ရာနေရာမှာ

ပိုမိုကြာမြင့်စွာသိမ်းဆည်းခံထားရတာပဲဖြစ်ပါတယ်။



RUM မှရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများရမ်ကို အနည်းငယ်သောက်သုံးခြင်းဖြင့် အအေးမိခြင်း ၊ချောင်းဆိုးခြင်း နှင့် ရာ...
26/05/2022

RUM မှရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ

ရမ်ကို အနည်းငယ်သောက်သုံးခြင်းဖြင့် အအေးမိခြင်း ၊ချောင်းဆိုးခြင်း နှင့် ရာသီတုပ်ကွေး များကို
သက်သာစေနိုင်ပါသည်။

ဆီးချို ရောဂါခံစားနေရသူတစ်ဦး အနေဖြင့် ရမ်ကို နေ့စဥ် တစ်ဇွန်း (သို့) နှစ်ဇွန်းသောက်သုံးပေးပါက ကိုလက်စထရော ကျဆင်းမှုကို အထောက်အကူပြုပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါသည်။

ရမ်သည် သွေးကျဲစေသောကြောင့် သင့်တင်မျှတစွာ သောက်သုံးပါက လူ၏နှလုံးအတွက် အကျိုးပြုပြီး ကျန်းမာသန်စွမ်းသော နှလုံး ကိုပေးစွမ်းနိုင်သော ယမကာတစ်မျိုးဖြစ်သည်။

ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကိုလဲ သက်သာစေသည်။

အရက်ကြောင့် လေဖြတ်မှာစိုးရိမ် သူများအတွက်ဆိုရင် တော့ ရမ်သည် တစ်ခုတည်းသော သောက်စရာဖြစ်သည်။

ရမ်ကို ပိုးသတ်ဆေးအနေနဲ့လဲသုံးနိုင်သည်။
ဒဏ်ရာများသန့်ရှင်းရန် နှင့် ဘက်တီးရီးယားများကြီးထွားလာခြင်းကို တားဆီးရန် ကူညီနိုင်သည်။
လိမ်းဆေးအနေနဲ့ အသုံးပြုပါကလည်း နာကျင်မှုဝေဒနာများကို လျှော့ချရန် ကူညီနိုင်သေးသည်။

ရမ်သည် Alzheimer's နှင့် Dementia ရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်သည်။

စိတ်ဖိစီးမှုများတဲ့အလုပ်တွေ ကိုလုပ်ပြီးတဲ့အခါ ရမ်ကော့တေးလ် တစ်ခွက်ကို ဖျော်သောက်လိုက်ခြင်းသည်သင့်ကို စိတ်ကျရောဂါ ဖြစ်ပွားမှုကနေ ကာကွယ်ပေးစေနိုင်ပါသည်။

ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပြီး နွေးထွေးသော ခံစားမှုကို ရရှိစေသည်။

သင့်တင့်မျှတစွာ သောက်သုံးပါက ရမ်သည် အကျိုးများသော ယမကာတစ်မျိုးအဖြစ် သင့်အား ကူညီစောင့်ရှောက်ပေးလိမ့်မည် ဖြစ်ပါသည်။



ကိုယ်သောက်နေကြ ဘီယာက အေးလ် လား လာဂါ လား?အဓိက အားဖြင့်ဆိုရင်တော့ ဘီယာကို အမျိုးအစားနှစ်မျိုးခွဲ လို့ရပါတယ်။𝐀𝐥𝐞 နဲ့ 𝐋𝐚𝐠𝐞𝐫 ...
25/05/2022

ကိုယ်သောက်နေကြ ဘီယာက

အေးလ် လား လာဂါ လား?

အဓိက အားဖြင့်ဆိုရင်တော့

ဘီယာကို အမျိုးအစားနှစ်မျိုးခွဲ လို့ရပါတယ်။

𝐀𝐥𝐞 နဲ့ 𝐋𝐚𝐠𝐞𝐫 ရယ်ဆိုပြီးတော့ပါ။

𝐀𝐥𝐞 နဲ့ 𝐋𝐚𝐠𝐞𝐫 ဆိုပြီးကွဲပြားသွားတဲ့

အဓိကအကြောင်းက

အချဥ် ဖောက်ဖို့ အသုံးပြုတဲ့တဆေးနဲ့ ချက်လုပ်တဲ့

အပူချိန် မတူညီတာ ကြောင့်လို့ပြောလို့ရပါတယ်။

𝐀𝐥𝐞 ကိုပူနွေးသောအခြေအနေမှာ အချဥ် ဖောက်ပြီး

Lager ကိုတော့ အအေးပိုတဲ့အခြေအနေမှာ

အချဉ်ဖောက်ကြတယ်။

𝐀𝐥𝐞 အမျိုးအစားထဲမှာမှ Pale Ale၊ Mild Ale

နဲ့ Stout စသည်ဖြင့် ကွဲပြားသွားပါသေးတယ်။

ပြည်တွင်း မှာ ရရှိနိုင်တဲ့ 𝐀𝐥𝐞 အမျိုးအစား ဘီယာ

အချို့ ကတော့

Burbrit Bruma Pale
Burbrit Nevada Pale Ale
ABC Stout

တို့ ဖြစ်ပါတယ်။

𝐋𝐚𝐠𝐞𝐫 မှာဆိုရင်လဲ Light Lager တို့ Dark Lager

အပြင် အမျိုးအစားအစုံရှိပါသေးတယ်။

𝐋𝐚𝐠𝐞𝐫 ဘီယာတွေကတော့ သောက်သုံးမှုများတဲ့

ဘီယာတွေဖြစ်ပြီး စျေးကွက်ထဲမှာတွေနိုင်တာကတော့

Heineken
Carlsberg
Tiger
Chang
Regal Seven
Yoma

တို့လို ဘီယာတွေ ပဲဖြစ်ပါတယ်။

𝐀𝐥𝐞 ရော 𝐋𝐚𝐠𝐞𝐫 ရော မြည်းစမ်းဖူးတယ်ဆိုရင်တော့

ဘယ် အမျိုးစားကို ပိုကြိုက်လဲဆိုတာ Comment မှာ

ရေးသွားပေးပါဦး။



မင်္ဂလာပါရှင်𝐇𝐢𝐠𝐡 𝐒𝐩𝐢𝐫𝐭𝐬 𝐎𝐧𝐥𝐢𝐧𝐞 𝐋𝐢𝐪𝐮𝐨𝐫 𝐒𝐭𝐨𝐫𝐞 မှ လူကြီးမင်းတို့ အတွက်      💲  ချိုသာသော စျေးနှုန်း     ✅  မှန်ကန်သော အရည်...
25/05/2022

မင်္ဂလာပါရှင်

𝐇𝐢𝐠𝐡 𝐒𝐩𝐢𝐫𝐭𝐬 𝐎𝐧𝐥𝐢𝐧𝐞 𝐋𝐢𝐪𝐮𝐨𝐫 𝐒𝐭𝐨𝐫𝐞

မှ လူကြီးမင်းတို့ အတွက်

💲 ချိုသာသော စျေးနှုန်း

✅ မှန်ကန်သော အရည်အသွေး

💁‍♂️ အကောင်းဆုံး ဝန်ဆောင်မှု

စိတ်ဝင်စားဖွယ်ရာ အထူးပရိုမိုးရှင်း များစွာဖြင့်

နိုင်ငံခြား ဝိုင်၊ အရက် နှင့် အဖျော် ယမကာ မျိုးစုံတို့ကို

မကြာမှီအချိန်အတွင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဝယ်ယူပြီး နှစ်နာရီ အတွင်း အိမ်အရောက်(အခမဲ့)

ပို့ဆောင်ပေးသွားမှာပါ။

ဆိုင်သစ်ဖွင့်ပွဲ အနေနဲ့ လက်ဆောင်များ

မဲဖောက်ပေးသွားမယ့် အစီအစဥ်များနဲ့ အတူ

ဗဟုသုတ ရစရာ အကြောင်းအရာများ ကိုပါ

တင်ဆက်ပေးသွားမှာ ဖြစ်လို့

page လေးကို 𝑳𝒊𝒌𝒆 𝒂𝒏𝒅 𝑺𝒉𝒂𝒓𝒆

လေးလုပ်ပြီး စောင့်မျှော်ပေးကြပါဦးနော်။





Address

Yangon

Website

Alerts

Be the first to know and let us send you an email when High Spirits posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Wine, Beer & Spirits Stores in Yangon

Show All