MAY Online Shopping

MAY Online Shopping ပစ္စည်း မျိုးစုံ မှာယူနိုင်ပါသည်။

ဤစာအုပ်၌ လေးနက်လှသည့် "ဘဝ၊ နိဗ္ဗာန်၊ ကံ၊ သိက္ခာ" တို့၏ သဘောတရားတို့ကို ရှင်းလင်းတင်ပြထားသည်။ဤစာအုပ်ကို ဖတ်လျှင် -အချိန်ယ...
28/10/2024

ဤစာအုပ်၌ လေးနက်လှသည့် "ဘဝ၊ နိဗ္ဗာန်၊ ကံ၊ သိက္ခာ" တို့၏ သဘောတရားတို့ကို ရှင်းလင်းတင်ပြထားသည်။

ဤစာအုပ်ကို ဖတ်လျှင် -

အချိန်ယူ၍ ဖတ်ရန်၊
နိဒါန်းမှစ၍ နိဂုံးအထိ အစဉ်အတိုင်း ဖတ်ရန်၊
ဖတ်ပြီးသမျှ ပြန်လည်သုံးသပ်ရန်၊
အထပ်ထပ် ဖတ်ရန် -
တိုက်တွန်း မှာကြားထားပါသည်။

#ဘဝနှင့်နိဗ္ဗာန်
#ဥုးမာနိတသိရီဘိဝံသ(ကထိကရဟန်း)

"အကြီးအကဲ" အရှေ့အလယ်ပိုင်းပြဿနာကို နက်နက်ရှိုင်းရှိုင်း လေ့လာလိုလျှင် ဤစာအုပ်မပါဘဲနှင့် ပြည့်စုံလိမ့်မည် မဟုတ် ။ကျွန်ုပ်...
01/10/2024

"အကြီးအကဲ"

အရှေ့အလယ်ပိုင်းပြဿနာကို နက်နက်ရှိုင်းရှိုင်း လေ့လာလိုလျှင် ဤစာအုပ်မပါဘဲနှင့် ပြည့်စုံလိမ့်မည် မဟုတ် ။

ကျွန်ုပ်မှာသာ အာဏာရှိခဲ့လျှင် ဤစာအုပ်ကို ကုလသမဂ္ဂဝင် နိုင်ငံအားလုံး ဖတ်ခိုင်းမည်ဖြစ်သည် ။ ဤစာအုပ်ကို ကျွန်ုပ် အလေးအနက် နှစ်သက်ချီးကျူးမိသည် ။

ဒီစာအုပ်ဟာ Exodus ရဲ့ အဆက်မဟုတ်ပေမဲ့ Exodus ဝတ္ထုရဲ့ တခြားတစ်ဖက်က မျက်နှာလို့ပြောရင် ရတဲ့စာအုပ် ။

ဝတ္ထုနှစ်ပုဒ် (အိပ်ဇိုးဒပ်စ် နဲ့ အကြီးအကဲ) ပေါင်းမှ သမိုင်းနှင့်ချီလာခဲ့သော အာရပ် အစ္စရေး ပဋိပက္ခနှင့် ပါလက်စတိုင်း ပြဿနာတို့ကို အနီးအဝေးမြင်ကွင်းကျယ်ဖြင့် ရုပ်လုံးပေါ်အောင် ပီပြင်စွာ မြင်နိုင်မည် ။

#အကြီးအကဲ
#မောင်ပေါ်ထွန်း

🤵အမျိုးသားတို့အတွက် အသားကောင်းပြီး ဒီဇိုင်းလှတဲ့ Great ရှပ်အင်္ကျီများ👔💁အသားလည်း ကောင်း၊ ချုပ်ရိုးချုပ်သားမှာလည်း ပြောစရ...
30/09/2024

🤵အမျိုးသားတို့အတွက် အသားကောင်းပြီး ဒီဇိုင်းလှတဲ့ Great ရှပ်အင်္ကျီများ👔

💁အသားလည်း ကောင်း၊
ချုပ်ရိုးချုပ်သားမှာလည်း ပြောစရာမရှိအောင် သေသပ်ခိုင်ခံတဲ့အပြင်
ဝတ်ရတာသက်တောင့်သက်သာရှိပြီး စမတ်ကျစေလို့👇

💁ရုံးတက်မလား၊ အပြင်သွားမလား
အားလုံးအဆင်ပြေတဲ့ Great Shirt တွေမို့ လူကြီး၊ လူလတ်၊ လူငယ် မရွေး ဝတ်ဆင်လို့ရပါတယ်ရှင့်🥰

☘️ကိုယ်တိုင်ပဲဝတ်ဝတ် ၊ လက်ဆောင်အဖြစ်ပဲပေးပေး
တန်ဖိုးမှာ အသင့်တင့်မို့ အမြန်ဆုံးဝယ်ယူလိုက်ကြပါနော်☘️

Code - DN-001-1
Fitting - Slim Fit
Size - S, M, L, XL
Price - 18,000 ks

Code - DN-304
Fitting - Slim Fit
Size - S, M, L, XL
Price - 16,000ks

မှာယူမယ်ဆို အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံလေး ပေးပို့ပြီး မှာယူလို့ရပါတယ်နော်

"ကိုယ်တကယ်မလုပ်ကြည့်သေးဘဲနဲ့ ကျွန်တော် လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့"တစ်ကြိမ်မဟုတ်တစ်ကြိမ် ကျွန်တော်တို့ ဘဝတွေမှာ အုတ...
26/09/2024

"ကိုယ်တကယ်မလုပ်ကြည့်သေးဘဲနဲ့ ကျွန်တော် လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့"

တစ်ကြိမ်မဟုတ်တစ်ကြိမ် ကျွန်တော်တို့ ဘဝတွေမှာ အုတ်နံရံကြီး ကာဆီးသလို ခက်ခဲသော အနေအထားမျိုး ကြုံရတတ်ပါတယ်။

ဖြေရှင်းရန်နည်လမ်း မရှိတော့ပြီဟု ထင်ရသည့် ပြဿနာမျိုး။

ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ဟု ယူဆရသော လုပ်ငန်းတာဝန်မျိုး။

သည်အနေအထားမျိုး ကြုံရသောအခါ ငါ မတတ်နိုင်ဟု အလွယ်တကူမပြောပါနှင့်။

ငါမတတ်နိုင်ဘူးဆိုတာ သေချာသလား လက်တွေ့စမ်းသပ်ကြည့်ပါ။

ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်ပါသည်။

#ဖေမြင့်
#မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား

ဘဝမှာစိတ်မကောင်းစရာတွေ ကြုံနေရတာလည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဒီကြားထဲမှာ ရယ်မောစရာတွေ တွေ့ရင်လည်း ...ရယ်သာရယ်လိုက်ပါ..။ရ...
26/09/2024

ဘဝမှာစိတ်မကောင်းစရာတွေ ကြုံနေရတာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဒီကြားထဲမှာ ရယ်မောစရာတွေ တွေ့ရင်လည်း ...
ရယ်သာရယ်လိုက်ပါ..။
ရယ်မောခြင်းမှာ အပြစ်မရှိပါဘူး...။

#စိတ်ကိုအဆိပ်ထုတ်ခြင်း
#မွန်ဟော်စီ

ငါမပိုင်ဆိုင်ခဲ့ရတဲ့ ကြာသပတေးနာမ်နဲ့ သက်ရှိလေးရေ...ခုတော့ ဘယ်ကောင်းကင်ဆီလွင့်ပြီးဘယ်အရပ်မှာ ဖူးပွင့်နေမလဲဆိုတာသိချင်မိပါ...
26/09/2024

ငါမပိုင်ဆိုင်ခဲ့ရတဲ့
ကြာသပတေးနာမ်နဲ့ သက်ရှိလေးရေ...
ခုတော့ ဘယ်ကောင်းကင်ဆီလွင့်ပြီး
ဘယ်အရပ်မှာ ဖူးပွင့်နေမလဲဆိုတာသိချင်မိပါရဲ့...။

နေကောင်းကျန်းမာပါရဲ့လား...
အရင်ကလို ဒဏ်ရာ၊ အနာတရတွေကို
စီးကရက်ငွေ့တွေနဲ့ ရောထွေးပစ်တုန်းလား
နာကျင်ရတိုင်း ခါးသက်သက်အရာတွေကို
မော့သောက်နေတုန်းလား...။

ငါ့ရဲ့အချစ်ဦးလေးရေ...
သတိတရမနက်ခင်းတွေဆို
ငါမင်းအတွက် ရည်ရွယ်ပြီး မေတ္တာပို့သပါတယ်။
မင်းပျော်ရွှင်နေဖို့ မျှော်လင့်ရင်း
မင်းသန်မာစေဖို့ ဆုတောင်းရင်းပေါ့...။

ဒီဘဝမှာတော့...
လွမ်းတယ်လို့တောင်
ငါ့မှာပြောခွင့်မရှိလောက်အောင် ဝေးသွားခဲ့ပြီပဲ
မိုးနဲ့အတူ အလွမ်းတွေမစဲပေမဲ့ ချစ်နေခွင့်ရရုံနဲ့
ငါ့တစ်သက်စာဟာလုံလောက်ပါတယ်...။
#ကေသရီ

#မင်းအတွက်ငါရေးတဲ့စာ
#ကလောင်စုံ

“ သူဟာ လွန်းကို ချစ်နေမိပါသည် ဆိုသည့် ခိုင်မာသောအရာသည် လွန်းနဲ့ ခွဲခွာဖို့ တိကျနေသောအချိန်မှာ သေချာသွားခဲ့လေသည် ”ဒီစာသား...
26/09/2024

“ သူဟာ လွန်းကို ချစ်နေမိပါသည် ဆိုသည့် ခိုင်မာသောအရာသည် လွန်းနဲ့ ခွဲခွာဖို့ တိကျနေသောအချိန်မှာ သေချာသွားခဲ့လေသည် ”

ဒီစာသားလေးကို ဖတ်ရုံနဲ့ ဘယ်သူ့ရဲ့ ခံစားချက်ဆိုတာကို “ မြကျွန်းညိုမှ လိပ်ပြာဝှက်တမ်း ” ရဲ့ စာဖတ်သူတွေကတော့ တိတိပပ သိနေမှာပါ ။

စည်းအထပ်ထပ်နဲ့ ကာရံထားခဲ့မိတဲ့ ခံစားချက်တွေက ပွင့်အန်ကျလာပေမဲ့ တစ်ပြိုင်တည်းမှာပဲ ချစ်ရသူနဲ့ ဝေးကွာရမဲ့အချိန်နဲ့ ထပ်တူကျနေခဲ့တာက ဘယ်လောက်တောင်နာကျင်စရာကောင်းသလဲ ???

ရှေ့တိုးလို့လည်း မရ ၊ နောက်ဆုတ်လို့လည်း မရတော့တဲ့အချိန်မှာ အဲ့ဒီခံစားချက်တွေကို မျက်ရည်တွေနဲ့ပဲ ဖြေသိမ့်ခဲ့ရတဲ့ အချိန်တွေကို ပြန်တွေးမိကြမယ် ထင်ပါတယ် ။

ပုံကိုမြင်ရုံနဲ့ နာမည်တပ်စရာမလိုဘဲ တစ်မိုးအောက်က တစ်ယောက်သော သူကို ပြေးမြင်မိမှာ အသေအချာပါပဲ ။

တစ်မိုးအောက်က နှစ်ယောက် မရှိတဲ့သူ...

#မြကျွန်းညိုမှလိပ်ပြာဝှက်တမ်း
#ဆီးနှင်းခဲ

🍃လူတိုင်းမှာ ခက်ခဲတဲ့ နေ့ရက်တွေ၊ အတိတ်တွေ၊အကြောင်းအရာတွေ ရှိမှာပါ။ နေ့ရက်တိုင်းဟာ အမြဲတမ်းတော့ ပျော်စရာ ကောင်းမနေသလို အမ...
26/09/2024

🍃လူတိုင်းမှာ ခက်ခဲတဲ့ နေ့ရက်တွေ၊ အတိတ်တွေ၊အကြောင်းအရာတွေ ရှိမှာပါ။ နေ့ရက်တိုင်းဟာ အမြဲတမ်းတော့ ပျော်စရာ ကောင်းမနေသလို အမြဲတမ်း ဝမ်းနည်းစရာ ကောင်းနေတာလည်း မဟုတ်ဘူး။

🍃ကျွန်မတို့ နေ့စဥ်ဘဝမှာ ဖြစ်ပျက်နေတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ပင်ပန်းစရာတွေ၊ သင်ခန်းစာရစရာတွေ၊ ဂုဏ်ယူစရာတွေ အများကြီးကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

🍃ကျွန်မ ကိုယ်တိုင် ဒီစာအုပ်ထဲက အကြောင်းအရာတွေဟာ ဖြစ်ရပ်မှန်တွေအပေါ် ပြန်ပြီး အခြေခံရေးသားထားတာဖြစ်လို့ ကျွန်မ စိတ်ဓာတ်တွေ အရမ်းကျလာတဲ့အခါ ခဏခဏ ဖွင့်ဖတ်မိမယ့်စာတွေပဲ ဖြစ်ပါတယ်။

🍃ကျွန်မရဲ့အတွေ့အကြုံနဲ့ လေ့လာမှတ်သားမိသလောက်ကို စာဖတ်သူတွေကို ပြန်လည် မျှဝေပေးမိတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

#ရှင်သန်နေမယ့်နေ့ရက်များ
#သက်ထားရွှေစင််

ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့🌷🌿🍃💛💞 လူတိုင်း အချစ်နဲ့ မကင်းကြဘူး ..     အချစ်ကြောင့် လမ်းတွေ့သွားသူရှိသလို အချစ်ကြော...
26/09/2024

ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့🌷🌿🍃💛

💞 လူတိုင်း အချစ်နဲ့ မကင်းကြဘူး ..
အချစ်ကြောင့် လမ်းတွေ့သွားသူရှိသလို အချစ်ကြောင့် လမ်းပျောက်သွားသူတွေလည်း မနည်းဘူး ..

💞 အချစ်က ဘ၀မဟုတ်ဘူး .. အချစ်က ဘ၀တစ်ပိုင်းတစပါဆိုကြလည်း တကယ်တမ်း အချစ်နဲ့ထိပ်တိုက်တွေ့တဲ့အခါ ဘ၀ပျက်သွားကြတဲ့ လူတွေလည်း ရှိပါတယ် ..

💞 ဒီစာအုပ်က အချစ်ကြောင့် လမ်းပျောက်သူကို လမ်းစရှာပေးနိုင်ချင်မှ ရှာပေးနိုင်ပေမယ့် အချစ်ကြောင့် ခံစားနေရတဲ့ နာကျင်မှု ၊ ၀မ်းနည်းမှု ၊ ခံပြင်းမှု ဝေဒနာတွေကိုတော့ သက်သာစေမှာပါ ..

💞 အချစ်ကြောင့် လမ်းတွေ့သွားသူကိုလည်း တစ်ဖက်သားကို ပိုပိုပြီး ချစ်တတ် ၊ တန်ဖိုးထားတတ်လာစေမှာပါ .. အချစ်မရှိ တစ်ကိုယ်ရည်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာစေမှာလို့ ယုံကြည်ပါတယ် ..

💞 အချစ်ကြောင့် ဒါမှမဟုတ် နေ့စဉ်လူနေမှု ဘ၀ကြောင့် သောကတွေ ၊ ကြောင့်ကြမှုတွေ ၊ ၀မ်းနည်းနာကျင်မှုတွေ ခံစားနေရပြီး ရှေ့ဆက်ဖို့ အားအင်နည်းနေခဲ့ရင် ဒီစာအုပ်က အလင်းစက်အဖြစ် ကူညီဖေးမနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ..

( ဆရာမနိုင်းနိုင်းစနေ၏ အမှာစာမှ ကောက်နှုတ်ချက် )

#ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့
#နိုင်းနိုင်းစနေ

နေကြာပန်းလေးတစ်ပွင့်လို ပြုံးပါ....🌻 နေရှိရာဘက်ကို မျက်နှာမူပြီး ရှင်သန်ပွင့်လန်းနေတဲ့ နေကြာပန်းလေး‌တစ်ပွင့်ကပြောတယ် " အ...
25/09/2024

နေကြာပန်းလေးတစ်ပွင့်လို ပြုံးပါ....

🌻 နေရှိရာဘက်ကို မျက်နှာမူပြီး ရှင်သန်ပွင့်လန်းနေတဲ့ နေကြာပန်းလေး‌တစ်ပွင့်ကပြောတယ် " အချိန်ကို ပြောင်းလဲနိုင်သည်ဖြစ်စေ ၊ မပြောင်းလဲနိုင်သည်ဖြစ်စေ ရှင်သန်နေချိန်မှာ အချိန်ကို တစ်စက္ကန့် ၊ တစ်မိနစ် ဖမ်းဆုပ်ပြီး ဘ၀အတွက် ၊ တောက်ပမှုအတွက် အချိန်နဲ့အမျှ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ လုပ်ဆောင်နေဖို့ပါပဲ " တဲ့ ..

🌻 " ဒီလောကမှာ လူတချို့ရဲ့ ၀မ်းနည်းကြေကွဲခြင်းက ကိုယ်ဆုံးရှုံးသွားလို့ မဟုတ်ဘူး ၊ တခြားသူရသွားလို့ ဖြစ်တယ် " နာကျင်ကြေကွဲခြင်းတစ်မျိုးက မနာလိုမှုကနေ ဖြစ်လာတာ ဖြစ်တယ် ဆိုတဲ့အကြောင်းကို ဘုန်းကြီးတစ်ပါးက ရှင်းပြခဲ့တယ် ..

🌻 " ဖြတ်သန်းရမယ့် နေရက်တွေက ရှည်လျားတယ် ၊ အတူတူ ဆော့ကစားနိုင်မယ့်သူကို ရှာယူပါတဲ့ " .. အတူဆော့ကစားနိုင်မယ့်သူ ဆိုတဲ့ စာပိုဒ်လေး ဖတ်ပြီးသွားရင် အတူဆော့ကစား ပေးနိုင်မယ့်သူဟာ ရှားပါးတယ်ဆိုတာကို သင်သိသွားပါလိမ့်မယ် ..

🌻 ဒီစာအုပ်လေးက စိတ်ခွန်အားပေး စာအုပ်လေးဆိုတာထက် စိတ်ကို ကြည်နူးမှုတွေ ပေးစွမ်းနိုင်တဲ့ စာအုပ်လေးပဲဖြစ်တယ် ..

🌻 နေ့သစ်တွေကို ရှင်သန်ချင်စိတ်တွေနဲ့ အကောင်းဆုံး ဖြတ်သန်းကျော်လွှားနိုင်ဖို့ နေကြာပန်းလေးတစ်ပွင့်လို့ ပြုံးကြပါစို့....

#နိုင်းနိုင်းစနေ
#နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ

🌿ပုံမှန်အားဖြင့် Marketing Plan တစ်ခု ဖန်တီးတာဟာ အချိန်ကုန်လေ့ရှိပြီး ဒီအချက်ကြောင့်ပဲ အများစုက Marketing Plan ကို မလုပ်...
25/09/2024

🌿ပုံမှန်အားဖြင့် Marketing Plan တစ်ခု ဖန်တီးတာဟာ အချိန်ကုန်လေ့ရှိပြီး ဒီအချက်ကြောင့်ပဲ အများစုက Marketing Plan ကို မလုပ်ဖြစ်ကြပါဘူး။

🌿The 1-Page Marketing Plan မှာတော့ စွန့်ဦးတီထွင် လုပ်ငန်းရှင်လည်းဖြစ် Marketer တစ်ယောက်လည်းဖြစ်တဲ့ Allan Dib က Marketing Plan တစ်ခုကို ဘယ်လိုလွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖန်တီးရမလဲဆိုတာကို ရှင်းပြထားပါတယ်။

🌿Allan Dib ရဲ့ Marketing Plan ဟာ တစ်မျက်နှာစာပဲရှိပြီး အကွက် ၉ ကွက် ပါဝင်ပါတယ်။ သင့်ရဲ့ရှုပ်ထွေးတဲ့ Marketing Plan ကို Allan Dib ရဲ့ The 1-Page Marketing Plan နဲ့ ရိုးရိုးရှင်းရှင်းဖြစ် အောင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

🌿သင်က အခုမှ ကိုယ်ပိုင်လုပ်ငန်း စလုပ်သူဖြစ်စေ၊ အတွေ့ အကြုံ ရှိပြီးသား စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ် ယောက်ဖြစ်စေ The 1-Page Marketing Plan ဟာ သင့်လုပ်ငန်းကို တိုးတက်စေမယ့် Marketing Plan တစ်ခုဖန်တီးဖို့ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

#မိုးရှင်း
-PageMarketingPlan

ဆရာခက်ဇော်ရဲ့ပုံနှိပ်ထားခြင်း မရှိသေးတဲ့ ဇာတ်လမ်းသစ်လေးကို ရုပ်ပြအဖြစ် အသက်သွင်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။သေချင်ရင် စိန်မစာ...
25/09/2024

ဆရာခက်ဇော်ရဲ့
ပုံနှိပ်ထားခြင်း မရှိသေးတဲ့ ဇာတ်လမ်းသစ်လေးကို ရုပ်ပြအဖြစ် အသက်သွင်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။

သေချင်ရင် စိန်မစားနဲ့ ဒေါ်ပန်းအိဆီသွားဆိုတဲ့ အဖွင့်စားသားနဲ့အတူ
ယောနယ်မြို့လေးအနီးအနားက
တိမ်ညွန့်စား ၁၂ ကြိုးကဝေ မိသားစုကြီးပေါ့။

သမီးနှစ်ယောက်နဲ့ မိခင်တို့သာရှိပြီး
ငွေကြေးလည်း ပြည့်စုံကြတဲ့အတွက်
ကာလသားတွေက အမျိုးမျိုး သွေးတိုး စမ်းကြတယ်။

တချို့ကလည်း အတင့်ရဲ့ပြီး ကိုယ်ထိလက်ရောက် စော်ကားလာကြတယ်။

ဒါပေမယ်…..

ဒါပေမယ့် အဲ့ဒီလို ထိကပါးရိကပါး
စော်ကားသူတိုင်းဟာ ဆိုးဆိုးရွားရွားကံကြမ္မာတွေနဲ့ ဆုံတွေ့ရတာကတော့
တိုက်ဆိုင်မှု မဟုတ်ခဲ့ပေ။

ဆရာခက်ဇော်ရဲ့ ဆွဲဆောင်မှုအပြည့်
ထူးခြားပြောင်မြောက်တဲ့ အရေးအသားများကို ရုပ်ပြ ဧကရဲ့ ရောင်စုံ
သရုပ်ဖော်ပုံများနဲ့ ဝေဝေဆာဆာ
ဖတ်ရှုရမှာပါ။

တစ်ခုတော့ သတိထားပါ။
ထိတ်လန့်ခြောက်ခြားဖွယ်ရာများစွာ
ပါတာကြောင့် ညကြီးအချိန်မတော်
တစ်ယောက်တည်း ဖတ်တာမျိုးတို့
အသည်းငယ်တဲ့သူတွေ ဖတ်တာမျိုးတို့
ရှောင်ရှားသင့်ပါတယ်။

ထိတ်လန့်တုန်လှုပ်ဖွယ်ရသကို
ကြိုက်နှစ်သက်ကြရသူများအတွက်တော့ လက်ကကို ချနိုင်မယ့် စာအုပ်မဟုတ်တာ သေချာပါတယ်။

ဆယ့်နှစ်ကြိုးခင်သုန်စာအုပ်ကို
Rating T+ သတ်မှတ်ထားပြီး
၁၂ နှစ်အောက်ကလေးများ
ဖတ်ရှုရန် မသင့်လျော်ပါ။

#ဆယ့်နှစ်ကြိုးခင်သုန်
#ခက်ဇော်

💛 ဆွန်ဇူး၏စစ်ပညာ💛ဆွန်ဇူး၏ Tha Art of War (စစ်ပညာ) စာအုပ်မှာ သေးငယ်သော်လည်း စစ်၏အခြေခံအနှစ်သာရ ဥပဒေသတို့အား တိကျစွာဖော်ပြ...
25/09/2024

💛 ဆွန်ဇူး၏စစ်ပညာ💛

ဆွန်ဇူး၏ Tha Art of War (စစ်ပညာ) စာအုပ်မှာ သေးငယ်သော်လည်း စစ်၏အခြေခံအနှစ်သာရ ဥပဒေသတို့အား တိကျစွာဖော်ပြထားသည့်အပြင် ကျယ်ဝန်းနက်နဲသော အကြောင်းအရာများအား ခြုံငုံမိသည်။ စစ်ရေးဆိုင်ရာ ပြဿနာများ၊ အခက်အခဲ အကျပ်အတည်းများနှင့် ၎င်းတို့ကို မည်သို့ဖြေရှင်း အောင်မြင်နိုင်သည်တို့ကို ရှင်းလင်းသော အမြင်ဖြင့် တင်ပြထားသည်။

သေနင်္ဂဗျူဟာ စစ်ပညာကျမ်းတွင် အခန်း (၁၃) ခန်း ပါဝင်၍ စစ်၏အခြေခံ ဥပဒေသတို့အား တိတိကျကျ ဖော်ပြထားသည်။ စစ်ဘက်စည်းကမ်း ထိန်းသိမ်းရေး၊ အုပ်ချုပ်ထောက်ပံ့ရေး၊ စစ်မဟာဗျူဟာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ သံတမန်ရေးပရိယာယ်၊ စစ်မြေပြင်အမျိုးအစား၊ သူလျှိုနှင့် ထောက်လှမ်းရေး စသည့် အခန်းများဖြစ်သည်။

သေနင်္ဂဗျူဟာ စစ်ရေးစစ်ရာနှင့် ပတ်သက်၍ စစ်ပါရဂူတို့ ရေးသားခဲ့သော စစ်ကျမ်းအဆူဆူရှိသော်လည်း ဆွန်ဇူး၏ စစ်ပညာကျမ်းကဲ့သို့ ရာစုနှစ်များစွာ တည်တံမှန်ကန်စေရန် မစွမ်းဆောင်နိုင်ကြချေ။ ကမ္ဘာ့စစ်ပညာနှင့် ပတ်သက်ပါက ချန်လှပ်ထား၍ မရနိုင်သည့် ကျမ်းတစ်စောင်ဖြစ်ရုံမက စာပေအရ ဂန္ထဝင်လက်ရာ အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

#ဆွန်ဇူး၏စစ်ပညာ
#မောရိသျှ

📖  ထိထိရောက်ရောက် တုံ့ပြန်ဖြည့်ဆည်းပေးခြင်း စီမံခန့်ခွဲမှု 📖🍀 Harvard Business Review Press မှ ထုတ်ဝေသော Giving Effectiv...
25/09/2024

📖 ထိထိရောက်ရောက် တုံ့ပြန်ဖြည့်ဆည်းပေးခြင်း စီမံခန့်ခွဲမှု 📖

🍀 Harvard Business Review Press မှ ထုတ်ဝေသော Giving Effective Feedback စာအုပ်အား ဆရာအောင်အေး (ရန်ကုန်တက္ကသိုလ်)က ဘာသာပြန်ဆိုပေးထားခြင်း ဖြစ်သည်။ လုပ်ငန်းခွင်အတွင်းရှိ ပြဿနာရှိသော ဝန်ထမ်းတစ်ဦးနှင့် ဆက်ဆံရာတွင် သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးဦး၏ ကောင်းမွန်သောအလုပ်ကို ချီးမွမ်းရာတွင် တစ်ဖက်လူအား အပြုသဘောဆောင်သော ပြောင်းလဲမှုကို အားပေးသည့်ပုံစံများဖြင့် ပြောဆိုဆက်ဆံသင့်ကြောင်း တင်ပြသည်။

🍀ယခုစာအုပ်တွင် အသင်းအဖွဲ့တစ်ခု၏ လုပ်ငန်းစွမ်းဆောင်နိုင်မှု အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဓိကကျသော “တုံ့ပြန်ဖြည့်ဆည်းခြင်း” ၏ အရေးပါပုံများကို ရေးသားဖော်ပြထားသည်။

🍀လုပ်ဖော်ကိုင်ဖက်များအား တုံ့ပြန်ဖြည့်ဆည်းရာတွင် သင့်တော်မည့် အချိန်အား ရွေးချယ်ပုံ၊ အကျိုးဖြစ်ထွန်းစေသော ဆွေးနွေးပွဲများ စီစဉ်ပုံ၊ လက်တွေ့စီမံပုံ စသည်ဖြင့် အခန်းများ ခွဲထားသည့်အတိုင်း တစ်ခန်းချင်း အသေးစိတ် လေ့လာဖတ်ရှုနိုင်မည် ဖြစ်သည်။

🍀လုပ်ငန်းခွင်တိုင်းတွင် မရှိမဖြစ်လိုအပ်သော လုပ်ငန်းကျွမ်းကျင်မှုအရှိန်အား လျင်မြန်စွာမြှင့်တင်နိုင်ရန်အတွက် ယခုစာအုပ်သည် များစွာအသုံးဝင်မည့် စာအုပ် ဖြစ်ပါသည်။

#ထိထိရောက်ရောက်တုံ့ပြန်ဖြည့်ဆည်းပေးခြင်းစီမံခန့်ခွဲမှု
#အောင်အေး

📖 သင့်ဘဝအတွက် ဒုတိယအခွင့်အရေး 📖🍀ပုဂ္ဂလိက ဘဏ္ဍာရေးနှင့် စီးပွားရေးပညာပေးဆိုင်ရာ စာအုပ်များကို ရေးသားခဲ့ပြီး Rich Dad ကုမ္...
25/09/2024

📖 သင့်ဘဝအတွက် ဒုတိယအခွင့်အရေး 📖

🍀ပုဂ္ဂလိက ဘဏ္ဍာရေးနှင့် စီးပွားရေးပညာပေးဆိုင်ရာ စာအုပ်များကို ရေးသားခဲ့ပြီး Rich Dad ကုမ္ပဏီကို တည်ထောင်ခဲ့သူ စီးပွားရေးသမား စာရေးဆရာ Robert T.Kiyosaki ၏ Second Chance: for your Money, Your Life and Our World စာအုပ်အား ဆရာ လမင်းသောင်းထွန်းက မြန်မာဘာသာ ပြန်ဆိုပေးထားခြင်းဖြစ်သည်။

🍀၂၁ ရာစုအတွင်း တိုးတက်ပြောင်းလဲလာမှုများသည် ၂၀ ရာစု အယူအဆများအား တိုက်စားပစ်လိုက်ပြီ ဖြစ်သည်။ အရာရာ ပြောင်းလဲနေသော အခြေအနေတွင် သင့်ဘဝအတွက် ဒုတိယအခွင့်အရေးတစ်ရပ်ကို ပေးထားကြောင်းနှင့် ယင်း ဒုတိယအခွင့်အရေးအား မိမိရရ ဖမ်းဆုပ်ရယူနိုင်သည့် နည်းလမ်းများကို ယခုစာအုပ်တွင် ဖော်ပြထားသည်။

🍀စာရေးသူက သတင်းအချက်အလက်နှင့် ပညာရေးဆိုင်ရာ အကြောင်းအရာများ ပေါင်းစပ်ထားသည့် အသိပညာများအကြောင်းကို အမေးအဖြေပုံစံ ရေးသားလျက် အကျယ်တဝင့် ရှင်းလင်းထားပြီး အောင်မြင်မှုရသည်အထိ ရှုံးနိမ့်မှုများမှ ရုန်းထွက်နိုင်အောင် လမ်းပြထားသည်။

🍀ပြောင်းလဲလာသော ခေတ်ရေစီးကြောင်း၊ ပညာရေးနှင့် အခွင့်အလမ်းများအကြောင်းကို ထဲထဲဝင်ဝင် သိရှိနိုင်မည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

#သင့်ဘဝအတွက်ဒုတိယအခွင့်အရေး
#လမင်းသောင်းထွန်း

📖 သင့်ကိုယ်သင် ဈေးကွက်မြှင့်တင်ခြင်း 📖🍀 30 Minutes to Market Yourself သည် မူရင်းစာရေးဆရာ  Tony Atherton ၏ စာအုပ်ဖြစ်ပြီး...
25/09/2024

📖 သင့်ကိုယ်သင် ဈေးကွက်မြှင့်တင်ခြင်း 📖

🍀 30 Minutes to Market Yourself သည် မူရင်းစာရေးဆရာ Tony Atherton ၏ စာအုပ်ဖြစ်ပြီး ဆရာ ဇေရတုက မြန်မာဘာသာပြန်ဆိုပေးထားသည်။

🍀မိမိသည် မည်သည့်အသက်မွေးဝမ်းကျောင်းအလုပ် (career) အား လုပ်ကိုင်နေသည်ဖြစ်စေ မိမိလုပ်ကိုင်သည့် အရာအားလုံးကို အရည်အချင်းရှိရှိ ကျွမ်းကျင်စွာလုပ်ကိုင်ရန် အရေးကြီးပေသည်။

🍀ယခုစာအုပ်သည် မိမိ၏ ကိုယ်ရည်ကိုယ်သွေးနှင့် တန်ဖိုးများကို မိမိကိုယ်တိုင်နှင့် အများအကျိုးအတွက် အပြည့်အဝအသုံးချနိုင်စေရေး လမ်းညွှန်ချက်များကို ဖော်ပြထားသည်။

🍀မိမိကိုယ်မိမိ ကုန်ပစ္စည်းတစ်ခုဟု သဘောထားကာ ပိုင်းခြားစိစစ်ကြည့်ခြင်း၊ တန်ဖိုး(ဈေးနှုန်း) သတ်မှတ်ခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် အရောင်းမြှင့်တင်နိုင်ရန် လှုံ့ဆော်ဆွဲဆောင်ခြင်း စသည့် အတတ်ပညာများအကြောင်းကို အသေးစိတ်ရှင်းပြထားသည်။

🍀ကိုယ်ပိုင်အရည်အချင်းနှင့် လူမှုဆက်ဆံရေးအရည်အချင်းများကို နှိုင်းယှဉ်ကာ ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးရေးအစီအစဉ်များ လုပ်ဆောင်နိုင်ရန်လည်း အကြံပြုရေးသားထားသည်။

#သင့်ကိုယ်သင်ဈေးကွက်မြှင့်တင်ခြင်း
#ဇေရတု

သမိုင်းကွက်လပ်များကိုဖြည့်စွက်လိုက်တဲ့ဆရာ🍏မြန်မာ့ကျွန်း..ဆိုတဲ့စာအုပ်အမည်နဲ့မြန်မာ့သမိုင်းနဲ့မြန်မာ့ကျွန်းသမိုင်းကိုပေါင...
13/09/2024

သမိုင်းကွက်လပ်များကိုဖြည့်စွက်လိုက်တဲ့ဆရာ

🍏မြန်မာ့ကျွန်း..ဆိုတဲ့စာအုပ်အမည်နဲ့မြန်မာ့သမိုင်းနဲ့မြန်မာ့ကျွန်းသမိုင်းကိုပေါင်းစပ်လို့ပညာသင်များနဲ့ပညာရှင်များအတွက်ကျမ်းတစ်စောင်လိုအားကိုးအားထားပြုသိမ်းထားရမဲ့စာတစ်အုပ်။

🍏ကျွန်းသစ်ကိုအလောင်းမင်းတရားကြီးကစတင်ပြီးဘုရင့်ဘဏ္ဍာတော်အဖြစ်သတ်မှတ်ခဲ့လို့မည်သူမျှခုတ်ယူမသုံးစွဲရ..အလောင်းဘုရားရဲ့အမိန့်..ဆိုတဲ့လက်ဆင့်ကမ်းအခြေမြစ်မဲ့အရေးသား၊အပြောအဆိုတွေကိုစနစ်တကျရှာဖွေသုတေသနပြုအလင်းပြဆိုထားတဲ့စာအုပ်။

🍏ကျွန်းသင်းသတ်ခြင်းနည်းပညာ..ကိုဘုံဘေဘားမားသစ်ကုမ္ပဏီကသခင်ကြီးများရဲ့ကျေးဇူးတော်ပါလို့သောသောညံညံချီးမွှမ်းထောပနာပြုနေကြတဲ့သူများရဲ့အမှားကိုပြင်ဆင်နိူင်ဖို့အမှန်ကိုထောက်ပြထားတဲ့စာအုပ်။

🍏မြန်မာ့ကျွန်းရဲ့ထူးခြားတဲ့ဝိသေသများနဲ့သစ်တောပညာ၊သစ်ရဲ့ဂုဏ်သတ္တိများ၊မြန်မာနိူင်ငံရဲ့သစ်တောမင်းကြီးများအပါအဝင်လူအများစိတ်ဝင်စားနေကြတဲ့ကျွန်းနက်အကြောင်းကိုပါသိရှိခွင့်ရရှိစေနိူင်မဲ့စာအုပ်။

🍎အမေရိကန်ပြည်ထောင်စု VirginiaTechကM.S (.Forest Products) ဘွဲ့ရပြီးရေဆင်းသစ်တောတက္ကသိုလ်ပါမောက္ခချုပ်အငြိမ်းစား။အမျိုးသားစာပေဆုရှင်၂၀၀၅။ထွန်းဖောင်ဒေးရှင်းစာပေ၂၀၁၇ဆုရှင်ဆရာဝင်းချစ်(အမျိုးသားစာပေဆုရ)ရဲ့ကြိုးပမ်းအားထုတ်ထားတာမို့သံသယရှိစရာမလိုတဲ့စာအုပ်။
#မောင်နိုင်(ဒဿနိက)

#မြန်မာ့ကျွန်း
#ဝင်းချစ်

🍀အိုရှိုး၏စိတ်လေ့ကျင့်ခန်းကမ္မဠာန်း🍀ယခု စာဖတ်သူလက်ထဲရောက်နေသော အဇ္စျတသိပ္ပံစာအုပ်ငယ်မှာ လူသားမျိုးနွယ်အတွက်အိုရှိုး၏ ဖန်...
13/09/2024

🍀အိုရှိုး၏စိတ်လေ့ကျင့်ခန်းကမ္မဠာန်း🍀

ယခု စာဖတ်သူလက်ထဲရောက်နေသော အဇ္စျတသိပ္ပံစာအုပ်ငယ်မှာ လူသားမျိုးနွယ်အတွက်အိုရှိုး၏ ဖန်တီးတင်ဆက်မှုဖြစ်သည်။

အရှေ့နှင့်အနောက် သမူဟပြုထားသော နည်းလမ်းဖြစ်သည်။ ချည်းကပ်သော နည်းလမ်းနှစ်ခုကို ပြီးပြည့်စုံသော တစ်ခုတည်းအဖြစ် သဘောပေါက် နားလည်ခြင်းဖြစ်သည်။ အိုရှိုး၏ ချည်းကပ်မှုမှာစူးစမ်းလေ့လာမှုတစ်ခုတည်းအပေါ်တွင် အခြေခံသော်လည်း အကန့်အသတ်
မရှိ၊ လူတိုင်း အသုံးချနိုင်သော စနစ်ဖြစ်သည်။

အိုရှိုး၏ ယခုစာအုပ်ငယ်တွင် သက်ကိုယ်တိုင် ရှာဖွေတွေ့ရှိနိုင်သောနည်းလမ်းအမျိုးမျိုး ပေးထားသည်။ အနိမ့်ဆုံးအားဖြင့် သင်မဟုတ်သော သင့်ကို ရှာဖွေတွေ့ရှိနိုင်လေသည်။ စိတ်လေ့ကျင့်ခန်းကမ္မဠာန်းတို့ကိ စိတ်ရောကိုယ်ပါ နှစ်မြှပ်ထားသော်လည်း သိပ်သည်းပြင်းထန်ခြင်းမရှိ။ ပေါ့ပါးစွာ ချည်းကပ်မည်ဆိုလျှင် သင်နှင့် လိုက်ဖက်သော နည်းလမ်းတို့ကို ရှာဖွေတွေ့ရှိနိုင်ပြီး စိတ်လေ့ကျင့်ခန်း ကမ္မဠာန်းခရီးသည် သင်တို့သွားလိုသော ဘယ်နေရာမဆို ခေါ်ဆောင်သွားပါလိမ့်မည်။

#နိုင်ဦး
#အိုရှိုးအလုပ်ရှုပ်သူများအတွက်စိတ်လေ့ကျင့်ခန်း
ကမ္မဌာန်း

ဗန်ဂိုး၏ ဘဝ၊ စိတ်နေစိတ်ထား၊ ဖြတ်သန်းခဲ့သည့် ပန်းချီအနုပညာခရီးကို ရေးသားထားသည့် ဗန်ဂိုး၏အတ္ထုပ္ပတ္တိစာအုပ် ဖြစ်သည်။စာအုပ်...
13/09/2024

ဗန်ဂိုး၏ ဘဝ၊ စိတ်နေစိတ်ထား၊ ဖြတ်သန်းခဲ့သည့် ပန်းချီအနုပညာခရီးကို ရေးသားထားသည့် ဗန်ဂိုး၏အတ္ထုပ္ပတ္တိစာအုပ် ဖြစ်သည်။

စာအုပ်တွင် ဗန်ဂိုးရေးခဲ့သည့်စာများကို ဖတ်ရှုနိုင်ပြီး ဗန်ဂိုး၏ဘဝနှင့် သူ၏လောကအမြင်ကို နားလည် သဘောပေါက်နိုင်မည် ဖြစ်သလို ဗန်ဂိုးအနုပညာ၏ အနှစ်သာရကို ခံစားနိုင်မည်ဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၀၀ ပြည့်နှစ်တွင် ဒုတိယအကြိမ် ထွက်ရှိခဲ့ပြီး နှစ်ပေါင်း ၂၄ နှစ်ကြာမှ ပြန်လည် ထွက်ရှိလာသည့် စာအုပ်ဖြစ်သည်။

စာအုပ်အတွင်း ဗန်ဂိုး၏ ပန်းချီလက်ရာများကို ပုံနှိပ်ဖော်ပြထားသည်။

#ဗန်ဂိုး
#ဘုန်းမြင့်(မန္တလေး)
#18000

📖 တရားမကျင့်ထုံး ဥပဒေအမိန့်နှင့် နည်းဥပဒေများ စီရင်ထုံးပေါင်းချုပ်(၁၉၆၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်)  ✍️ ဦးသိန်းကိုကို(တရားရေး)...
13/09/2024

📖 တရားမကျင့်ထုံး ဥပဒေအမိန့်နှင့် နည်းဥပဒေများ စီရင်ထုံးပေါင်းချုပ်(၁၉၆၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်)
✍️ ဦးသိန်းကိုကို(တရားရေး)
💰 70,000

စာအုပ်လေးတွေမှာယူက -

မှာယူလိုသည့် စာအုပ်အမည် -
မှာယူသူ၏ အမည် -
ဖုန်းနံပါတ် -
လိပ်စာ အပြည့်အစုံ ပေးပို့၍ မှာယူလို့ရပါတယ်ရှင့် 💕

❤️ချစ်မေတ္တာကို ကြယ်တွေဆီမှာ ချည်ထားတယ်🤍ဒီလိုဒီပုံဒီလမ်း ဒီလောကဓံမှာငါဟာ ကြယ်ကို နီးနီးကပ်ကပ် မြင်ဖူးခဲ့ရတယ်။ဒီကြယ်ဟာရင်...
13/09/2024

❤️ချစ်မေတ္တာကို ကြယ်တွေဆီမှာ ချည်ထားတယ်🤍

ဒီလိုဒီပုံ
ဒီလမ်း ဒီလောကဓံမှာ
ငါဟာ ကြယ်ကို နီးနီးကပ်ကပ် မြင်ဖူးခဲ့ရတယ်။

ဒီကြယ်ဟာ
ရင်ခုန်သံမြန်စေတယ်
ဒီကြယ်ဟာ တစ်ယောက်ထဲ ပြုံးမိစေတတ်တယ်
ဒီကြယ်ဟာ နေ့လည်နေ့ခင်းတောင် ထင်းအောင်လင်းနေတတ်တယ်။

ဒီကြယ်ဟာ
မျက်လုံးနက်တယ် မျက်တောင်စိပ်တယ်
ဒီကြယ်ဟာ စကားတွေ ဆိုတတ်တယ်။

ကြယ်လေးရေ
အမြဲ တွေ့ချင်မြင်ချင်အောင်
ဘယ်လိုကြိုးလေးချည်ခဲ့တာလဲ
မကြည့်မိဘဲမနေနိုင်အောင်
ဘယ်လို ကြိုးလေးချည်ခဲ့တာလဲ။

ဒီဘဝတော့
ဒီတစ်သက်တော့
ချစ်မေတ္တာကိုလေ
ကြယ်တွေဆီမှာ ချည်ထားတယ်
ကြယ်တွေဆီမှာ ချည်ထားတယ်........။

နောက်တစ်ခေါက် ပြန်နားမထောင်ချင်တော့တဲ့ သီချင်း ။
နောက်တစ်ခေါက် ပြန်မဖတ်ဖြစ်တော့တဲ့ စာအုပ် ။
နောက်တစ်ခေါက် ပြန်ချစ်ချင်သေးတဲ့ လူ ။

#ချစ်မေတ္တာကိုကြယ်တွေဆီမှာချည်ထားတယ်
#နွေအိမ်မောင်ဝင်း

ငါ့ရုပ်ရည်က သာမန်ပါပဲ ။လှလွန်းတယ်လို့ လည်ပြန်ငေးရတဲ့အထိ မပါခဲ့ဘူး ။ဒါပေမဲ့ ငါ့ကိုယ်ငါ သိပ်သဘောကျတာပါပဲ ။မိတ်ကပ်လိမ်းတဲ့အ...
13/09/2024

ငါ့ရုပ်ရည်က သာမန်ပါပဲ ။
လှလွန်းတယ်လို့ လည်ပြန်ငေးရတဲ့အထိ မပါခဲ့ဘူး ။

ဒါပေမဲ့ ငါ့ကိုယ်ငါ သိပ်သဘောကျတာပါပဲ ။
မိတ်ကပ်လိမ်းတဲ့အခါ လှသွားတယ်လို့ ခံစားရတယ် ။ မျက်နှာပဲ သစ်ပြီး တီရှပ်အပွကြီးဝတ်
မုန့်ပတ်စားနေတဲ့ ငါ့ကိုယ်ငါလည်း သဘောကျနေဆဲပဲ ။

ငါ့ရဲ့ ပြင်ဆင်ထားတဲ့ ပုံရိပ်လေးကို မြတ်နိုးသလို
ငါ့ရဲ့ အမာရွတ်တွေကိုလည်း ငါ ချစ်ပါတယ် ။

ဖြူသည်ဖြစ်စေ ညိုသည်ဖြစ်စေ ငါ့အသားအရောင်လေးကို သဘောကျတယ် ။

ငါ့ကို တကယ်စိတ်ရင်းနဲ့ ချစ်ပေးတဲ့သူတွေအတွက် ငါက သဘောကျစရာ လူတစ်ယောက်ပါပဲ ။

ငါ့ကို မုန်းနေတဲ့ သူတွေအတွက်
လိုက်မခံစားပေးနိုင်ပါဘူး ။
ငါ့ဖြစ်တည်မှုကို ငါချစ်ပြီး
ငါ့ရဲ့ အေးချမ်းတဲ့ ရပ်ဝန်းလေးမှာ နေတယ် ။

ငါဟာ လွတ်လပ်စွာ ရှင်သန်တဲ့
သာမန်အမျိုးသမီးလေးပဲ ဖြစ်ပါတယ် ။


#အညိုရောင်မေပလ်ရွက်လေးသို့

အပျော်အပါးမက်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက် အချစ်ဦးမိန်းကလေးတစ်ယောက်ကြောင့် အချစ်...
11/09/2024

အပျော်အပါးမက်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက်
အချစ်ဦးမိန်းကလေးတစ်ယောက်ကြောင့် အချစ်ကိုစိတ်နာပြီး အရွဲ့တိုက်ကာ ဂျစ်ကန်ကန် ခက်ဆိုးဆိုးသူဌေးသားလေး
`` စျေမြူခိုးလွှာ ´´ နဲ့

မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ဆုနဲ့ပြည့်စုံပြီး ရိုးသား ကြိုးစားပြီး မဟုတ်မခံ တတ်တဲ့စိတ်ကလေးနဲ့ ရှမ်းဗမာကပြားကလေး
`` ဟင်္သာမောင်´´

ဒီပုံလေး ၂ပုံကတော့ ဟင်္သာလေးရဲ့နားခိုရာ စာအုပ်ကလေးမှာ pc လေးအဖြစ်ပါဝင်သွားမှာဖြစ်ပါတယ် ။Pcမှာ ဟင်္သာမောင်ရဲ့ပုံလေးကို မျက်လုံးတစ်ဖက်မှတ်ထားတဲ့ပုံလေးရွေးလို့ရသလို၊ဖွင့်ထားတဲ့ပုံလေးလည်းရွေးလို့ရတဲ့ option choice အနေနဲ့ပါဝင်လာမှာဖြစ်ပါတယ်ရှင့်💗

#ဟင်္သာလေးရဲ့နားခိုရာ



ရေရှည် မစောင့်ထိန်းနိုင်ဘဲ ချစ်တယ် ဆိုတဲ့ စကားကို လွယ်လွယ် ပြောဖြစ်ကြတဲ့အခါ လိမ်ညာခြင်းတစ်မျိုးဖြစ်တယ် ဆိုတာကလွဲပြီး တခြ...
11/09/2024

ရေရှည် မစောင့်ထိန်းနိုင်ဘဲ ချစ်တယ် ဆိုတဲ့ စကားကို လွယ်လွယ် ပြောဖြစ်ကြတဲ့အခါ လိမ်ညာခြင်းတစ်မျိုးဖြစ်တယ် ဆိုတာကလွဲပြီး တခြားအဓိပ္ပာယ်တွေ
ကျွန်မ မမြင်မိတော့ဘူး .......

( သိုးဆောင်း - ဤအရပ်တွင် မိုးရွာခဲ့သည် )

လူတစ်ယောက်ကို ခွင့်မလွှတ်နိုင် ဖြစ်နေပြီလား.....
ဒါဆိုရင်တော့ ဒီစာအုပ်လေးကိုဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ ..........

ဒဿနစာအုပ် ထူထူကြီးတွေကို ဖတ်တတ်တဲ့ကောင်မလေး ၊ သူမရဲ့အတွေးအမြင်တွေက
သမားရိုးကျနဲ့ တော်တော်ကွဲလွဲနေတယ်
သူမအား ချစ်နေသူကို ချစ်တယ်လို့
ဖွင့်မပြောခိုင်းသူ.........

ဒီစာအုပ်ကိုဖတ်ရတာ
ကိုယ့်ဆီမှာဖြစ်နေတဲ့ အမုန်းတရားတွေကို
လျှော့ချတတ်အောင် သင်ပေးတဲ့ ပုံစံမျိုးလေး.....

တစ်ယူသန် ဖြစ်နေတဲ့
ကောင်မလေး တစ်ယောက်ရဲ့
အယူအဆတွေ၊ ယုံကြည်ချက် တွေကို
အားလျော့သွားအောင် စာရေးဆရာ
ကောင်လေးက ကုပေးတဲ့ ပုံစံလေး.........

ရိုးရိုးသာမန် အချစ်ဇာတ်လမ်းတစ်ပုဒ်လို့
ထင်ခဲ့မိတယ်.....၊ ဒါပေမဲ့ တကယ်တမ်း
ဖတ်ကြည့်တော့ အထင်နဲ့ အမြင် လွဲသွားတယ်

မေးခွန်းပေါင်း များစွာ နဲ့
ပြည့်နှက်နေပြီး တမူထူးတဲ့ ရသလေးတွေနဲ့
စာဖတ်သူရင်ကို စိတ်ခွန်အား တစ်ခုခု
ပေးမှာတော့ အသေအချာပါပဲ.........

" ကျွန်မကို ချစ်တယ်ဆိုတဲ့ စကားမပြောပါနဲ့လား
ကျွန်မအမြင်မှာတော့ ချစ်တယ် ဆိုတဲ့စကားဟာ
အရပ်ပြောစကား မဟုတ်ဘူး...........

သူ့မှာ မြင့်မြတ်တဲ့တန်ဖိုး တစ်စုံတစ်ရာ ပါဝင်နေတယ် သူဟာ အစွန်းထင်း ကင်းတယ် ......

ရေရှည် မစောင့်ထိန်းနိုင်ဘဲ ချစ်တယ် ဆိုတဲ့ စကားကို လွယ်လွယ် ပြောဖြစ်ကြတဲ့အခါ လိမ်ညာခြင်းတစ်မျိုးဖြစ်တယ် ဆိုတာကလွဲပြီး တခြားအဓိပ္ပာယ်တွေ
ကျွန်မ မမြင်မိတော့ဘူး .......

ကျွန်မလေ သူတို့ အတွက်

ဒီစကား နှစ်ခွန်းကို သိပ်နှမြောတာပဲ .........."

#သိုးဆောင်း
#ဤအရပ်တွင် မိုးရွာခဲ့သည်

🍀ကြွယ်ဝခမ်းနား မြန်မာစကား🍀ဘာသာစကားတိုင်းသည် ပြောင်းလဲလာသည့် ခေတ်စနစ် အခြေအနေအရ အဓိပ္ပါယ်ပြောင်းလဲသွားသည့် စကားလုံးများနှ...
11/09/2024

🍀ကြွယ်ဝခမ်းနား မြန်မာစကား🍀

ဘာသာစကားတိုင်းသည် ပြောင်းလဲလာသည့် ခေတ်စနစ် အခြေအနေအရ အဓိပ္ပါယ်ပြောင်းလဲသွားသည့် စကားလုံးများနှင့် အသုံးမပြုတော့သဖြင့် တိမ်ကောပျောက်ကွယ်သွားသော စကားလုံးများ ရှိကြသလို ဝါကျအဖြစ် ဖွဲ့စည်းဖြစ်ပေါ်လျက်ရှိသော စကားလုံးစုများကို အဘိဓာန်များက အတန်အသင့်သာလျှင် ထည့်သွင်းနိုင်ကြသည်။

ထို့ကြောင့် ပျောက်ကွယ်လုနီးပါးဖြစ်နေသော စကားလုံးများ၊ ကျေးလက်သုံးစကားလုံးများနှင့် ရှေးလူကြီးသူမများ ပြောဆို သုံးနှုန်းခဲ့သော စကားလုံးများကို အသုံးပြုသည့် နေရာနှင့် အဓိပ္ပာယ်တို့ကို စုစည်းဖော်ပြပေးထားသည်။ အက္ခရာ (၂၉)လုံး၏ စကားစုများကို စုစည်းပေးထားသည်။

#ကြွယ်ဝခမ်းနားမြန်မာစကား
#လှသမိန်

Address

93 Street
Yangon

Alerts

Be the first to know and let us send you an email when MAY Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Convenience Stores in Yangon

Show All