သွင် - Thwin

သွင် - Thwin ဝယ်ယူအားပေးမှုအတွက်ကျေးဇူးအထူးတင်ရှိပါသည်။
(1)

ဆီဝယ်မရ ဆေးစျေးခေါင်ခိုက် ဆန်အခြေအနေမလှ
01/07/2024

ဆီဝယ်မရ ဆေးစျေးခေါင်ခိုက် ဆန်အခြေအနေမလှ

ဒါပုံပြင်လေးပါ

ထိုင်းစာတတ်ဖို့မလိုတော့ဘူး🤣
01/06/2024

ထိုင်းစာတတ်ဖို့မလိုတော့ဘူး🤣

အခုတော့စာရွက်ရာဇဝင်လေးဖြစ်ခဲ့ပြီ🥹
30/05/2024

အခုတော့စာရွက်ရာဇဝင်လေးဖြစ်ခဲ့ပြီ🥹

ဒွင်းသီးပဲရောင်းစားတော့မယ် 😬😬😬
26/05/2024

ဒွင်းသီးပဲရောင်းစားတော့မယ် 😬😬😬

တရုတ်လိုပဲSelပေးလိုက်တယ်
07/05/2024

တရုတ်လိုပဲSelပေးလိုက်တယ်

တွေးကြည့်ရုံလေးနဲ့တင်🥵🥵
01/05/2024

တွေးကြည့်ရုံလေးနဲ့တင်🥵🥵

အိမ်တိုင်းဆောင်ထားကြလော့
29/04/2024

အိမ်တိုင်းဆောင်ထားကြလော့

ဝက်ကင်ဖြစ်ချင်တာတောင် လျှပ်စစ်မီးကလာမနေဘူး 🥵🥵🥵
28/04/2024

ဝက်ကင်ဖြစ်ချင်တာတောင် လျှပ်စစ်မီးကလာမနေဘူး 🥵🥵🥵

22/04/2024

လဲကျ ပြန်ထ
ပြန်ထ သွေးဆောင့်တက်

Thingyan Mood 🥵🥵🥵
14/04/2024

Thingyan Mood 🥵🥵🥵

ယိုးဒယားတွေ ဗြောင်လိမ်နေတာ
11/04/2024

ယိုးဒယားတွေ ဗြောင်လိမ်နေတာ

နေတောင်မထွက်သေးဘူး လောင်နေပြီ🥵🥵🥵
10/04/2024

နေတောင်မထွက်သေးဘူး လောင်နေပြီ🥵🥵🥵

09/04/2024

Pageကို နာမည်ပြောင်းလိုက်တော့မယ်
Thwin Memes ဆိုပြီးတော့

ဆိတ်ဆင်းရဲတာမှ ဒလိမ့်ခေါက်ကွေးပဲ
09/04/2024

ဆိတ်ဆင်းရဲတာမှ ဒလိမ့်ခေါက်ကွေးပဲ

ဆုတောင်းကြကုန်လော့🤣🤣🤣
07/04/2024

ဆုတောင်းကြကုန်လော့🤣🤣🤣

ခြေထောက်ပေါ်ရပ်နိုင်လည်း ချေးရဦးမှာပဲခြေထောက်ကခဏခဏခွင်ကျနေလို့
23/03/2024

ခြေထောက်ပေါ်ရပ်နိုင်လည်း ချေးရဦးမှာပဲ
ခြေထောက်ကခဏခဏခွင်ကျနေလို့

America ကို သွားဖို့ဆုံးဖြတ်ပြီး သေချာပြင်ဆင်ပြီး ဟိုဘက်လေဆိပ်ဆင်းခါနီးမှ ဖုန်းalarmကထမြည်ပါလေရော ဪ ငါဆိုင်ဖွင့်ပြီးစျေး...
21/03/2024

America ကို သွားဖို့ဆုံးဖြတ်ပြီး သေချာပြင်ဆင်ပြီး ဟိုဘက်လေဆိပ်ဆင်းခါနီးမှ ဖုန်းalarmကထမြည်ပါလေရော ဪ ငါဆိုင်ဖွင့်ပြီးစျေးရောင်းရဦးမှာပါလား

မကြာခင်အဲ့လိုဖြစ်တော့မယ်ထင်တယ် 😁😁😁
20/02/2024

မကြာခင်အဲ့လိုဖြစ်တော့မယ်ထင်တယ် 😁😁😁

02/02/2024

လုပ်ငန်းခွင်က ရာထူးဆိုတာ ခဏတာ status တစ်ခုပါပဲ။ ဒီအလုပ်ကထွက်သွားတဲ့အခါ သူဘာရာထူးနဲ့လုပ်ခဲ့လဲဆိုတာထက်

အလုပ်လုပ်ခဲ့တဲ့ကာလမှာ

လူတွေအပေါ် ဘယ်လိုဆက်ဆံခဲ့လဲ?

ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာတွေလုပ်ခဲ့လဲ?

ဆိုတာက သူနဲ့အတူ ကပ်ပါသွားတာပဲ။

တချို့လည်း လုပ်ငန်းခွင်မှာ အာဏာပါဝါတွေပြကြ၊ လုပ်ပိုင်ခွင့်တွေကို တလွဲအသုံးချကြရင်း လူတွေရဲ့ အတုအယောင်လေးစားပြမှု/ကြောက်ရွံ့မှုတွေနဲ့ ကိုယ့်ရဲ့ စိတ်မလုံခြုံမှုကို ဖုံးကွယ်ကြတယ်။

တချို့လည်း တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး လူပီပီသသ နေထိုင်းရင်း ကိုယ့်ရဲ့ပုံရိပ်ကောင်းကို တည်ဆောက်သွားကြတယ်။

တချို့လည်း လုပ်ငန်းခွင်ကို ဘဝထင်ပြီး သူများဆီက ဦးနှောက်ဖောက်စား၊ အနိုင်ကျင့်ဗိုလ်ကျလိုက်ရတာကို သာယာတတ်ကြတယ်။

နောင်တစ်ချိန်မှာ ပြန်တွေ့ကြတဲ့အခါ တစ်နေရာရာမှာ နာမည်ကြားလိုက်လို့ သူ့အကြောင်းပြောကြတဲ့အခါ ဘယ်လိုလူဆိုတာကိုပဲ အဓိကထားပြောကြတာပါ။

24/01/2024

သင် မအောင်မြင်သေးတာမဟုတ်ပါဘူး
MCကိုခေါ်ပြီး မျက်ရည်မခြူပြရသေးလို့ပါ
😁😁😁😁😁

21/01/2024

ရောမကိုရောက်ရင်ရောမလိုကျင့်ရတယ်တဲ့

ကုန်ပစ္စည်းတစ်ခုရဲ့အမြတ်ကို Percentageနဲ့ Flexibleဖြစ်အောင် ရောင်းစျေးကို သတ်မှတ်ချင်သော်လည်း ကိုယ်နေတဲ့အရပ်က နွားထီး၅ကျပ် နွားမ၅ကျပ် အရပ်ဖြစ်နေတယ် 🥴🥴🥴

05/01/2024

စျေးဝယ်သူလာစေသောနည်းလမ်းများ

၁။ ထမင်းစားနေပါ
၂။ အိမ်သာမကြာမကြာသွားနေပါ
၃။ အိမ်နောက်ဖေးမှာတစ်ခုခုလုပ်နေပါ
၄။ ဖုန်းပွတ်ဂိမ်းဆော့နေပါ
၅။ ထိုင်ငိုက်/လှဲအိပ်နေလိုက်ပါ

ဝယ်သူချက်ချင်းရောက်လာပါလိမ့်မယ် 🤪🤪

အခြေအနေကအဲ့လိုတွေဖြစ်နေပြီ🤪စကားဝှက်လေးနဲ့ပဲငြီးတော့မယ်
03/01/2024

အခြေအနေကအဲ့လိုတွေဖြစ်နေပြီ🤪
စကားဝှက်လေးနဲ့ပဲငြီးတော့မယ်

31/12/2023

ပျော်စရာဆိုလို့
ဘဝမှာ အိပ်ပျော်စရာပဲရှိတယ်
😝😝😝

30/12/2023

ကိုယ်ပိုင်လုပ်ငန်းသေးလေးလုပ်တော့
ချမ်းသာလာလားဆိုတော့လည်းမချမ်းသာလာပါဘူး ဒါပေမယ့် စိတ်ချမ်းသာလာ
လားဆိုတော့လည်း
နေ့တိုင်းကိုစိတ်ဆင်းရဲနေရတယ်😁😁😁

စျေးပဲလာဝယ်ကြပါ အဲ့လိုတွေမလုပ်ကြပါနဲ့ 🤣🤣အချိုမှုန့်တွေရမယ် အချိုမှုန့်တွေ 😁😁😁
24/12/2023

စျေးပဲလာဝယ်ကြပါ အဲ့လိုတွေမလုပ်ကြပါနဲ့ 🤣🤣
အချိုမှုန့်တွေရမယ် အချိုမှုန့်တွေ 😁😁😁

ငါလည်းအဲ့လိုလေးရေးထားဦးမှ🤣
08/12/2023

ငါလည်းအဲ့လိုလေးရေးထားဦးမှ🤣

နည်းလမ်းလေးရှိရင်မျှပါဦး 🥴🥴🥴
05/12/2023

နည်းလမ်းလေးရှိရင်မျှပါဦး 🥴🥴🥴

26/11/2023

The world's noisiest country

ပဋာစာရီ ရဲ့ ဆုတောင်း ကျိန်စာ🙏ကျိန်စာငါ့အိမ်ကို ဓားပြတိုက်ပြီး ငါ့ရဲ့ မိသားစုကို သတ်တဲ့ သူတွေငါ့ရှေ့မှာ အသေဆိုးနဲ့ သေတာကိ...
16/11/2023

ပဋာစာရီ ရဲ့ ဆုတောင်း ကျိန်စာ🙏

ကျိန်စာ

ငါ့အိမ်ကို ဓားပြတိုက်ပြီး ငါ့ရဲ့ မိသားစုကို သတ်တဲ့ သူတွေ
ငါ့ရှေ့မှာ အသေဆိုးနဲ့ သေတာကို ငါကိုယ်တိုင် မြင်တွေ့ ပါရစေလို့ ပဋာစာရီဟာကျိန်စာတိုက်ခဲ့ပါတယ်။

တောထဲသွား မြွေကိုက် သေပါစေ။
ရေထဲဆင်း ရေမျော သေပါစေ။
ကုန်းပေါ်မှာနေ စွန်ချီ ခံရပါစေ။
အိမ်ထဲမှာနေ အိမ်ပြိုပိလို့ သေပါစေလို့
ရန်သူအဖြစ်နဲ့ ကျိန်ခဲ့တဲ့ကျိန်စာက
မိသားစုအဖြစ်နဲ့ ဆုံလာခဲ့ပြီး
ဆုတောင်းပြည့်လေတော့
ကိုယ်ပေါ် အဝတ်အစားမကပ်နိုင်အောင်အထိ ရူးသွပ်ခဲ့ရပါတယ်။

#ပဋာစာရီ ဟာ လင်ကို မြွေကိုက်၊ သားကြီး ရေနစ်၊ သားငယ် စွန်ချီ၊ မိဘ နှစ်ပါးနှင့် အကိုကြီး လေပြင်း မုန်တိုင်းကြောင့် အိမ်ပိလို့ ဆုံးရူံးတာတွေ့ကြုံရတော့ အဝတ်အစားမဲ့သည်အထိ ရူးခဲ့ရပါတယ်။

#မြတ်ဗုဒ္ဓ_နှင့်တွေ့တော့
ချစ်သမီး
ဒီပွဲဟာ ငိုရမယ့် ပွဲ မဟုတ်ဘူး၊
လက်ခုပ်လက်ဝါးတီးပြီး ရယ်မောရမယ့်ပွဲတဲ့။

ဘာလို့လည်း ဆိုတော့၊

အတိတ်ဘဝ တစ်ခုတုန်းက
ခု သေဆုံးသွားတဲ့ ဆွေမျိုးရင်းချာ (၆)ဦးဟာ
ချစ်သမီးရဲ့အိမ်ကို ဓားပြတိုက်၊ မီးရှို့၊ လူသတ် လုပ်တော့ ချစ်သမီးက စိတ်ဆိုးလွန်းလို့
ဒင်းတို့ (၆)ဦးလုံး ငါ့ မျက်စိရှေ့မှာ အသေဆိုးနဲ့ သေတာကို တပ်အပ် မြင်ရပါစေသား လို့ ကျိန်စာတိုက် ဆုတောင်းခဲ့ဖူးတယ်။ အခု အဲဒီဆုတောင်းပြည့်ပြီလေ တဲ့။

ဒါကြောင့်
ပြုသူ အသစ်၊ ဖြစ်သူ အဟောင်း၊ ကံမှန်ရင် အကျိုးပေး သန်လှပါတယ်။ သံသရာဟာ ဥာဏ်နဲ့ မဖြတ်ရင် မပြတ်ပါဘူး။

ပဋာစာရီ ရူးသွပ်နေချိန်မှာ
မြတ်ဗုဒ္ဓနှင့် ဘာကြောင့် ကြုံဆုံခွင့် ရခဲ့ပါသလဲ။

အတိတ်က ဘဝ တစ်ခုမှာ ဝိပဿနာတရားကို တစ်ကြိမ်တစ်ခါ အားထုတ် ခဲ့ဖူးလို့ပါ တဲ့။
ကံကောင်းသူများဟာ တရားနာယူခွင့် ရကြသည်။
ကံ အလွန် ကောင်းသူများ
က တရားအားထုတ်ခွင့် ရကြသည်။
ကံဆိုး သူများသာ တရားကို ရှောင်ကြသည်။

ဘဝမှာ
မုန်းလို့ ဖြစ်စေ၊ စိတ်ဆိုးလို့ ဖြစ်စေ ဘယ်တော့မှ ကျိန်စာတိုက်ပြီး ဆုမတောင်းပါနှင့်၊ ချစ်လို့လည်း ဆုမတောင်း လေနဲ့၊ နောင်လာမည့်အကြောင်း မသိရဘူးလေ။

သင်
ကံကောင်း သူလား၊ ကံဆိုး သူလားဆိုတာ ကြိုမသိနိုင်တာကြောင့်ပါ။

ဘဝမှာ
ဒုက္ခ တစ်ခုနဲ့ ကြုံတိုင်း ကောင်းမှုကုသိုလ်တစ်ခု အနည်းဆုံး လုပ်ဖို့ တိုက်တွန်းပါရစေ။


လေးစားစွာဖြင့်ပြန်လည်မျှဝေသည်။

Address

Aung Zaya Road
Thongwa

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00

Telephone

+959793103163

Website

Alerts

Be the first to know and let us send you an email when သွင် - Thwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သွင် - Thwin:

Videos

Share


Other Thongwa convenience stores

Show All