Nawarat Store Thayet

Nawarat Store Thayet Sport ,Technology and store

🅽🅴🆆 🅰🆁🆁🅸🆅🅰🅻🆂🎸🎼🎸 #🅽🅰🆆🅰🆁🅰🆃_🆂🆃🅾🆁🅴
17/06/2023

🅽🅴🆆 🅰🆁🆁🅸🆅🅰🅻🆂
🎸🎼🎸
#🅽🅰🆆🅰🆁🅰🆃_🆂🆃🅾🆁🅴

𝐍𝐞𝐰 𝐀𝐫𝐫𝐢𝐯𝐚𝐥𝐬
30/04/2023

𝐍𝐞𝐰 𝐀𝐫𝐫𝐢𝐯𝐚𝐥𝐬

အသစ်​ရောက် *ဦးထုပ်*များ...
30/04/2023

အသစ်​ရောက် *ဦးထုပ်*များ...

Giorenzo ဦးထုပ်..
30/04/2023

Giorenzo ဦးထုပ်..

💎2023💎 အတွက် အားကစားဝတ်စုံအသစ်​တွေ နဝရတ်စတိုး မှာ ​ရောက်ပါပြီဗျို့)))📢🔉
28/04/2023

💎2023💎 အတွက် အားကစားဝတ်စုံအသစ်​တွေ နဝရတ်စတိုး မှာ ​ရောက်ပါပြီဗျို့)))📢🔉

  clothes
03/02/2023

clothes

  and warm clothes
03/02/2023

and warm clothes

  pants
03/02/2023

pants

03/02/2023


 #ပိုင်တံခွန်အိတ် 🥰
18/01/2023

#ပိုင်တံခွန်အိတ် 🥰

𝐍𝐆𝐖𝐄 𝐊𝐀𝐍​ #​ငွေကံနနွင်းတက်_ခြင်​ဆေး​ခွေ*2005 ခုနှစ်မှစတင်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဖြန့်ဖြူးသုံးစွဲ​နေကြပါပြီ။*ကိုယ်တိုင်...
20/11/2022

𝐍𝐆𝐖𝐄 𝐊𝐀𝐍

​ #​ငွေကံနနွင်းတက်_ခြင်​ဆေး​ခွေ
*2005 ခုနှစ်မှစတင်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဖြန့်ဖြူးသုံးစွဲ​နေကြပါပြီ။
*ကိုယ်တိုင်ကြိတ် ​ကျောက်ဆည်နနွင်းစစ်ကိုသာ အသုံးပြုထားပါတယ်။
*ခြင်မ​သေပဲခြင်ပဲ​ပြေး​​အောင်ပြုလုပ်ထားတာမို့ ပါဏာတိပါတာကံ​မြောက်မှာလဲ ပူစရာမလိုပါဘူး။
*အာ့လို​တွေ အဘက်ဘက်က ပြည်စုံ​အောင် စီမံထုတ်လုပ်ထားတဲ့ ခြင်​ဆေး​ခွေ​လေး မို့ #နဝရတ်စတိုး # မှ ကိုယ်စားလှယ်ယူထားပါတယ်​ရှင့်...
နဝရတ်စတိုး မှာလက်လီ၊လက်ကားဝယ်ယူရရှိနိုင်ပါပြီ လို့ သတင်း​ကောင်း​လေး ပါးလိုက်ပါတယ်..💖💟

17/11/2022



Jeans & shirts
17/11/2022

Jeans & shirts

𝐍𝐞𝐰 𝐀𝐫𝐫𝐢𝐯𝐚𝐥𝐬 #ဂျင်းpရှည်colourစုံရောက်ရှိ..👖👖👖
05/11/2022

𝐍𝐞𝐰 𝐀𝐫𝐫𝐢𝐯𝐚𝐥𝐬
#ဂျင်းpရှည်colourစုံရောက်ရှိ..👖👖👖

 #ဂျင်းPရှည်over_size👖 #ဆိုဒ်ကြီးမှတန်တဲ့ဘရိုတွေအတွက်
05/11/2022

#ဂျင်းPရှည်over_size👖
#ဆိုဒ်ကြီးမှတန်တဲ့ဘရိုတွေအတွက်

🅽🅴🆆 🅰🆁🆁🅸🆅🅰🅻🆂ဂစ်တာ​တွေ ​ရော..အပိုပစ္စည်း​တွေပါ အသစ်​​တွေ ​ရောက်ပါတယ် ဗျို့)))📢📢📢 #🅽🅰🆆🅰🆁🅰🆃_🆂🆃🅾🆁🅴
28/10/2022

🅽🅴🆆 🅰🆁🆁🅸🆅🅰🅻🆂
ဂစ်တာ​တွေ ​ရော..
အပိုပစ္စည်း​တွေပါ အသစ်​​တွေ ​ရောက်ပါတယ် ဗျို့)))📢📢📢
#🅽🅰🆆🅰🆁🅰🆃_🆂🆃🅾🆁🅴

🄽🄴🅆 🄰🅁🅁🄸🅅🄰🄻🅂☆ဒီနှစ်ထွက်အသစ်​​​ဘောလုံးဂျာစီ☆..🤾‍♂️🤾‍♀️🤾 #🄽🄰🅆🄰🅁🄰🅃 🅂🅃🄾🅁🄴
08/09/2022

🄽🄴🅆 🄰🅁🅁🄸🅅🄰🄻🅂
☆ဒီနှစ်ထွက်အသစ်​​​ဘောလုံးဂျာစီ☆..🤾‍♂️🤾‍♀️🤾
#🄽🄰🅆🄰🅁🄰🅃 🅂🅃🄾🅁🄴

𝐍𝐞𝐰  𝐍𝐞𝐰  𝐍𝐞𝐰ဒီဇိုင်းအသစ်​တွေနဲ့ကိုယ်ကြိုက်တဲ့အသင်းကိုအား​ပေးကြမယ်...👌🤾‍♂️🤾🤾‍♀️
14/08/2022

𝐍𝐞𝐰 𝐍𝐞𝐰 𝐍𝐞𝐰
ဒီဇိုင်းအသစ်​တွေနဲ့ကိုယ်ကြိုက်တဲ့အသင်းကိုအား​ပေးကြမယ်...👌🤾‍♂️🤾🤾‍♀️

 #မိုင်းဖုန်းဆရာတော်ထေရုပ္ပတ္တိအကျဉ်း 🙏🙏🙏ကျေးဇူးတော်ရှင် အရညဝါသီ ဘဒ္ဒန္တဉာဏသံဝရ ၊အဂ္ဂမဟာကဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော်မိ...
02/08/2022

#မိုင်းဖုန်းဆရာတော်ထေရုပ္ပတ္တိအကျဉ်း 🙏🙏🙏

ကျေးဇူးတော်ရှင် အရညဝါသီ ဘဒ္ဒန္တဉာဏသံဝရ ၊အဂ္ဂမဟာကဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော်
မိုင်းကျတ်ဂူထဲတွင်၃နှစ်၃လ၃၇က်အဓိဌာန်ဝင်ပြီးယနေ့ဂူတွင်းမှပြန်လည်ထွက်လာပါသည်။

ပြန်ကြွလာချိန်ရောက်ရင်နိုင်ငံနဲ့ပြည်သူပြည်သားများအားလုံး အေးချမ်းကြပါစေလို့ နွယ်ပိုးအိမ်မှဆုတောင်းမေတ္တာပို့ပေးပါရစေရှင့် 🙏🙏🙏
ရှယ်ပေးခြင့်ဖြင့်လည်း ကုသိုလ်ယူကြပါရှင့် 😇

++++++++++++++++++++++++++++++++++
မိုင်းဖုန်းဆရာတော်ဟာ ထူးခြားတဲ့ ပါရမီရှင် တစ်ပါးဖြစ်ပါတယ်။ မွေးဖွားစဉ်က မိုးတွေအဆက်မပြတ် ရွာသွန်းဖြိုးခဲ့တာကြောင့် အဖွားဖြစ်သူက ဘုန်းကံထူးတဲ့ ကလေးကို ရှမ်းဘာသာအားဖြင့် “ပုခေ်းrဝုမ့်” အဆက်မပြတ်သော မိုးစက်ကဲ့သို့ ပုညကောင်းမှုရှိတဲ့သူဟု အမည်ပေးခဲ့ပါတယ်။ အသံဖလှယ်စနစ်ဖြင့် “ပ”ကို “မ”သို့ပြောင်း၊ “မ”မှ “ဝ”သို့ပြောင်းကာ ရှမ်းလို “ကျောက်ဝုမ်းစုမ့်”ဟု ခေါ်တွင်ပါတယ်။ နေထိုင်သီတင်းသုံးတဲ့ ဒေသကို အစွဲပြုပြီး “မိုင်းဖုန်းဆရာတော်”ဟုလည်း ခေါ်ကြပါတယ်။

ပါရမီရှင်ရဲ့ ဘဝနိဒါန်းကတော့ ညိုးနွမ်းတာနဲ့ စခဲ့ရပါတယ်။ တစ်ဝမ်းတစ်ခါးအတွက် ရိုးသားစွာ တောင်းစားခဲ့ရရှာတယ်။မုဆိုးမ မိခင်ကြီးကိုရော အရွယ်မရောက်သေး တဲ့ ညီမလေးကိုရော အရွယ်နဲ့မမျှအောင် ပြုစုစောင့်ရှောက်လာခဲ့ရတယ်။

#ကိုရင်ဘဝထူးခြားလှ
နောက်ပိုင်း ပါရမီရဲ့ အရှိန်ကြောင့် သာမဏေဘောင်ကို ရောက်လာပါတယ်။ ၁၁ နှစ်သား သာမဏေလေးဘဝကပင် ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ “ပါရမီရှင် ကိုရင်လေး”ဆိုပြီး လူသိများလာခဲ့တယ်။
လူသိမျာတဲ့ အကြောင်းရင်းက ကိုရင်လေးဘဝနဲ့ ကျောင်းတော်ကြီးကို ဦးဆောင် ဆောက်လုပ်လှူဒါန်းနိုင်ခြင်း၊ ရလာသမျှ အလှူပစ္စည်းများကို တွယ်တာမှု အလျဉ်းမရှိဘဲ ပြန်လည် စွန့်လွှတ်လှူဒါန်းခြင်း၊
ကိုရင်လေးဘဝကပင် ဝါတွင်း ၃ လပါတ်လုံး ဂူအောင်း တရားကျင့်ခြင်း၊ ယခုလို လူသိမများသေးတဲ့ အချိန် မိမိရဲ့ မွေးနေ့မှာ သက်ကြီးရွယ်အိုများကို ဝတ်စင်ဖြူများ လှူဒါန်းခြင်း သီလပေးခြင်း တရားဟောခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ဆရာတော်လောင်းလျာ ကိုရင်လေး ဉာဏသံဝရရဲ့ သီလဂုဏ်၊ ရဲရင့်ရက်ရောတဲ့ဂုဏ်အပြင် ဖြူစင်တဲ့ မေတ္တာစိတ်ရင်းကြောင့် လူချစ်လူခင် ရှင်ချစ်ရဟန်း ချစ် ဆရာတော်ကြီးများပါမကျန် ကိုရင်လေးကို မေတ္တာရောင်ပြန်ဓာတ် ထင်ဟပ်ခဲ့ပါတယ်။

ကိုရင်လေး တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကို ရောက်လာရင် လာရောက်ဖူးမျှော်တဲ့ ပရိသတ်များလွန်းတာကြောင့် ကိုရင်လေးကို အများမြင်အောင်ဆိုပြီး မဟာမြတ်မုနိ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာသာမိက မိမိရဲ့ ရင်ဝယ်သားကဲ့သို့ ပွေ့ချီပြီး ပရိသတ်ဖူးမြင်နိုင်အောင် လုပ်ခဲ့သလို တာချီလိတ် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးလည်း သားတပည့်လို အမြဲတမ်း သွန်သင်ဆုံးမခဲ့ပါတယ်။ဆရာတော်လောင်းလျာဟာ ကိုရင်ဘဝကပင် သီရိလင်္ကာ အိန္ဒိယသို့ ဘုရားဖူးကြွခဲ့တယ်။

အိန္ဒိယ နီပေါ ဟိမဝန္တာတောမှာလည်း တစ်ပါတည်း တရားသွားကျင့်ခဲ့သေးတယ်။ အဲဒီအချိန်က သက်တော် ၁၈ လောက်ရှိနေပါပြီ။ တရားသွားကျင့်ချိန် အခက်အခဲ အနှောင့်အယှက်တွေကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ရေခဲတောင်ကျား အစရှိတဲ့ သားရဲတိရစ္ဆာန်တွေနဲ့လည်း ကြုံခဲ့ပါတယ်။လူဆိုးတွေ ဖမ်းဆီးရိုက်နှက်ပြီး နတ်ပူဇော်ရန် အကျဉ်းချထားခြင်းလည်း ခံရပါသေးတယ်။ ခေါင်းကွဲတဲ့အထိ အရိုက်ခံရလို့ ခုထက်ထိ ဆရာတော်ရဲ့ ဦး ခေါင်းမှာ ဒဏ်ရာရွတ်တွေ ကျန်နေပါသေးတယ်။ ဖမ်းထားချိန်မှာ လက်ပြန်ကြိုးတုပ်ပြီး ကျွဲချီးအပြည့်ရှိတဲ့ ကျွဲ ခြံထဲမှာတစ်ညလုံး ပစ်ထားခဲ့ပါတယ်။ မနက်လင်းမှ လူသတ်ပြီး ယဇ်ပူဇော်မယ်လို့ ဆိုတယ်။ ဆရာတော်လောင်းလျာလည်း တစ်ညလုံး ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော်တွေ နမော တေ ဂါထာတော်တွေ ရွတ်ဖတ်တဲ့အပြင် လူဆိုးတွေကိုလည်း မေတ္တာပို့ပါတယ်။ နံနက် အရုဏ်လင်းခါနီးမှာ ချည်ထားတဲ့ကြိုးတွေ အကုန်လုံး ပြတ်ကုန်ပါတယ်။။ပိတ်ထားတဲ့ တံခါးတွေလည်း ဝုန်းကနဲ ပွင့်ထွက်ကုန်တယ်။ တာဝန်ကျ အစောင့်က လန့်ပြီး သူတို့ခေါင်းဆောင်ကို သွားခေါ်လာတယ်။

ချည်ထားတဲ့ကြိုးတွေ ပြတ်သွားတာ ခိုင်ခန့်တဲ့ တံခါးတွေ ပွင့်ထွက်သွားတာကို မြင်ရတော့သူတို့တတွေ အနားမှာ မကပ်ရဲကြပါ။ ဆရာတော် လောင်းလျာက နီပေါစကားနဲ့ “ဘာကြောင့် သူ့ကို ဒီလိုဖမ်းရတာလဲ ငါ့မှာ နီပေါသံဃာ့ဥသျှောင်ပေးလာတဲ့ စာတစ်စောင်ရှိတယ် ရော့ဖတ်ကြည့်”ဆိုပြီး သူတို့က အဲဒီစာကိုယူဖတ်ကြည့် ပါတယ်။ (ဆရာတော်သည် ရှမ်း၊ ထိုင်း၊ လော၊ နီပေါ၊ တိဗက် စကားတွေကို ပြောတတ်ပါတယ်)စာဖတ်ပြီးတာနဲ့ သူတို့မှားတဲ့အကြောင်း သူတို့ကို အပြစ်မယူဖို့ တောင်းပန်ကြပါတယ်။ အဲဒီစာက “ကိုရင်လေး ရောက်တဲ့နေရာမှာ ကူညီကြဖို့” နီပေါသံဃာ့ဥသျှောင်ကြီးရဲ့ မေတ္တာ ရပ်ခံစာပဲဖြစ်ပါတယ်။ နောက်ပိုင်း သူတို့လည်း လိုအပ်တာ ပြန်လည် ကူညီခဲ့ကြပါတယ်။

#သတို့သားလောင်းဘဝ
ဟိမဝန္တာမှာ တရားသွားကျင့်စဉ် တစ်ခါတစ်လေ ရွာထဲသွားပြီး ဆွမ်းခံကြွရပါတယ်။ တစ်ရွာဝင် တစ်ရွာထွက်ပါ။ တစ်နေ့တော့ ရွာတစ်ရွာ ဆွမ်းခံကြွသွားချိန် အမျိုး သမီးကြီး တစ်ယောက်က ကိုရင်ဉာဏသံဝရကို မြင်တာနဲ့ သားအရင်းလို သံယောဇဉ်ဖြစ်မိတယ်။ နောက်တစ်နေ့ သူမသဘောနဲ့သူ ကြံစီပြီး ကိုရင်ကို အိမ်သို့ပင့်ပါတယ်။ ရွာထဲက လူတွေကိုလည်း အားလုံး ဖိတ်လိုက်ပါသေးတယ်။ ကိုရင်အထင်ကတော့ တစ်ရွာလုံးကျွေးမွေးတဲ့ အလှူလို့ထင်ထားမိတယ်။ အချိန်တန်လာတော့ သူမရဲ့သမီးလေးကို သတို့သမီးဝတ်စုံနဲ့ မင်္ဂလာဆောင်ပေးပါတော့တယ်။ ကိုရင်လည်း အတန်တန် ငြင်းဆိုခဲ့တယ်။
အများနဲ့ တစ်ယောက်ဆိုတော့ ထလို့လည်း မနိုင် ထိုင်လို့လည်း မဖြစ် ကုလားမင်္ဂဆောင်ပွဲကို မနွဲချင်ပေမယ့် နွဲခဲ့ရပါတယ်။ သတို့သမီးနဲ့ အတူထမင်းစားခိုင်းသော်လည်း ကိုရင်မစားခဲ့ပါဘူး။ မိမိသပိတ်ထဲမှာသာ ဆွမ်းဘုဉ်းပေးခဲ့ပါတယ်။ နေ့လည်စာကျွေးပြီး ပရိသတ်တွေလည်း ပြန်သွားကြပါပြီ။ ကိုရင်လည်း သပိတ်ဆေးဖို့ ထွက်လာရင်း နမော တေ ဂါထာတော်ကို ရွတ်ဖတ်ပြီး ရွာကနေ ထွက်လာခဲ့တယ်။ တစ်ယောက်တစ်လေမှ သူ့ကို မြင်ခဲ့ဟန်မတူ။ သတို့သားဘဝကနေ ကိုရင်လွှတ်မြှောက် လာခဲ့ပါတယ်။ နောင်ပိုင်း ကျန်းမာရေး ချို့တဲ့ခဲ့တာကြောင့် ဟိမဝန္တာကနေ ထွက်ခွာပြီး ထိုင်းနိုင်ငံကို ပြန်ရောက်လာပါတော့တယ်။ သက်တော် ၂၀ မှာ ရဟန်းဘဝသို့ ရောက်ရှိခဲ့ပါတယ်။

#ရဟန်းဘဝ
စာရေးသူက မိုင်းဖုန်းဆရာတော်ကို ၁၉၉၃ ခုက ရန်ကုန် ခေမရဌ်ကျောင်းမှာ စတင်ဖူးတွေ့ရပါတယ်။ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးကြောင့် တွေ့ခွင့်ရတာပါ။ မိုင်းဖုန်းဆရာတော်ကို စတွေ့တော့ ဆရာတော်က နူးညံ့သိမ်မွေ့တယ်။ ဂါရဝတရား လွန်စွာ အလေးထားတာတွေ့ရတယ်။ စာရေးသူတို့အဖွဲ့ မိုင်းဖုန်းဆရာတော်နဲ့အတူ ဓာတ်ပုံရိုက်ခွင့်လဲ ရခဲ့တယ်။ အဲဒီခေတ်တုံးက ဖလင်ခေတ်ပါ။ (တချို့ ဓာတ်ပုံဆရာတွေ ခွင့်မရဘဲ မိုင်းဖုန်းဆရာတော်ရဲ့ ပုံကို ရိုက်ယူပေမယ့် ပုံမထွက်ဘူးလို့ ဆိုကြတယ်)

၁၉၉၆ ခု မိုင်းဖုန်းဆရာတော်ရဲ့ မွေးနေ့ကိုကြွခဲ့တယ်။ တိုက်ဆိုင်မှု တစ်ခုပြောပြပါရစေ။ စာရေးသူ မိုင်းဖုန်းကို မသွားခင် တာချီလိတ်ကနေ မန်တုံ ဖတ်ဟိရွာကျောင်းမှာ သွားတည်း ခဲ့တယ်။ မန်တုံဖတ်ဟိဆရာတော်က မိုင်းဖုန်းဆရာတော်ရဲ့ ငယ်သူငယ်ချင်းပါ။ ဖတ်ဟိဆရာတော်ကလည်း ထိုင်းနိုင်ငံကနေ အလည်ပြန်ရောက်လာတဲ့ အချိန်ဖြစ်တယ်။ ညစာရေးသူနဲ့ စကားပြောရင်း မိုင်းဖုန်းဆရာ တော် အကြောင်း ပါလာတယ်။ မန်တုန်ဖတ်ဟိဆရာ တော်က ထိုင်းကိုယ်တော် တစ်ပါးနဲ့တွေ့ပြီး အဲဒီထိုင်းကိုယ်တော်ကလည်း ဟိမဝန္တာတောင်ကနေ ပြန်လာတာ သိပ်မကြာသေးဘူးလို့ ဆိုတယ်။ သူက မိုင်းဖုန်း ဆရာ တော် တရားကျင့်သွားတဲ့ နေရာတွေကို လိုက်ပြီး တရားသွားကျင့်ခဲ့တယ်လို့ ဆိုတယ်။

ရွာတစ်ရွာရောက်တော့ ကျောင်းဟောင်းတစ်ကျောင်းထဲ့မှာ သူတရားသွားထိုင်နေချိန် ရွာသားတစ်ယောက် လာဖူးပါတယ်။ နောက်ပြီးတော့ ပစ္စည်း တစ်ခု တယုတယ လာပေးပါတယ်။ အဲဒီပစ္စည်းက မိုင်းဖုန်း ဆရာတော်ရဲ့ ပစ္စည်းမေ့ကျန်ခဲ့တာ လို့ပြောပြီး ပိုင်ရှင်ထံ ကြုံရင် ပြန်အပ်ပေးဖို့ ပြောပါတယ်။ ထိုင်းကိုယ်တော်လည်း အဲဒီပစ္စည်းကို လက်ခံပြီး ထိုင်းကို ပြန်လာခဲ့တယ်။

ဘန်ကောက်မှာ ဝမ်တုံဖတ်ဟိဆရာတော် ခူးဝါးခမ်းလှိုင်းနဲ့တွေ့တော့ အဲဒီပစ္စည်းလေး ပေးလာကြောင်း သိရပါတယ်။ စာရေးသူက အဲဒီပစ္စည်းလေး ကြည့်ပါရစေဆိုပြီး တောင်းဆိုတော့ ခူးဝါးခမ်းလှိုင်းက အဖုံးပါတဲ့ ဝါးဆစ်ဗူးလေး တစ်ခုကို ယူလာပြတယ်။ ဖွင့်ကြည့်တော့ တော ကြက်ဥအရွယ် ကြည်လင်တဲ့ ပယင်းကျောက်တစ်လုံးဖြစ်နေတယ်။ဝမ်တုံဖတ်ဟိဆရာတော်က မွေးနေ့ရောက်ရင် မိုင်းဖုန်းဆရာတော်ကို သွားကပ်ပေးမယ်လို့ ပြောပါတယ်။ နောက်တစ်နေ့ စာရေးသူ တစ်ပါးတည်း မိုင်းဖုန်းထံကို ရောက်သွားတယ်။ ရောက်ရောက်ခြင်းပဲ မိုင်းဖုန်းဆရာတော်ကမေးတယ်။ “နောင်တော် စဝ်ပီဆုခမ်း တပည့်တော်ရဲ့ လွန်ခဲ့တဲ့ ၁၄ နှစ်က ပျောက်သွားတဲ့ ကျောက် မယူခဲ့ဘူလားဘုရား”တဲ့။ (စာရေးသူဟာ မိုင်းဖုန်း ဆရာတော်ထက် ဝါရာ သက်တော်ရော ၂ နှစ်ကြီးပါတယ်။ ဒါကြောင့် စာရးသူကို နောင်တော်လို့ပဲ အမြဲခေါ်တယ်) စာရေးသူ စဉ်းစားတယ်။ မနေ့ညက ဖတ်ဟိဆရာ တော်နဲ့ ၂ ဦးသား ပြောခဲ့တဲ့စကား မိုင်းဖုန်းဆရာတော် ဘယ်လိုလို့ သိသလဲပေါ့။ “အရှင်ဘုရား ဘယ်လိုလို့ သိသလဲဘုရား တပည့်တော် မယူခဲ့ပါဘူး ခူးဝါးခမ်းလှိုင် လာမှပဲ ယူလာမှာတဲ့ဘုရား”

“သိတာပေါ့ဘုရား ကိုယ့်ပစ္စည်းမှန်ဆိုတာ ကိုယ့်ထံပြန်ရောက်စမြဲပါဘုရား”နောက်ပိုင်း မိုင်းဖုန်းဆရာတော် မွေးနေ့ကို မကြာမကြာရောက်ဖြစ်ပါတယ်။ ၂၀၀၂ ခုတုံးက ဆရာတော်နဲ့အတူ တရုတ်ပြည် ဆစ်ဆောင်ပန်းနားဒေသနဲ့ လောနိုင်ငံကို ရောက်သွားသေးတယ်။ သာသနာပြုခရီးတစ်လျှောက်လုံး ဆရာတော်ကို လာရောက်ဖူးမျှော်ကြေတဲ့သူတွေ တောရောမြို့ပါမကျန် နေရာတိုင်းမှာ လူတွေပြည့်လျှံနေတာ တွေ့ရတော့ ဆရာ တော်ရဲ့ မေတ္တာဓာတ်ကို ပိုကြည်ညိုလေးစားမိတယ်။ ဆရာတော်နဲ့အတူ လိုက်လေ့ရှိတော့ ဆရာတော် ဘာကြောင့် ဘုန်းကြီးသလဲဆိုတာ သိသာပါတယ်။

ဗုဒ္ဓဿ ပူဇံ မဟာတေဇဝန္တော ဘုရားပူဇော် တန်ခိုးကျော် ဆိုတဲ့အတိုင်း မိုင်းဖုန်းဆရာတော် ဘုရားရှိခိုးတာ မနက်ရော နေ့ခင်းရော ညနေ ညပိုင်းရောဆိုရင် တစ်နေ့ကို အနည်းဆုံး ၆ နာရီရှိပါတယ်။ ကားစီး ခရီးထွက်နေတာတောင်မှ ဆင်းတုတော်ကို ထုတ်ပြီး ပွေ့ထားကာ ဘုရားဝတ်တက် မပျက်ခဲ့ပါဘူး။ ရောက်တဲ့နေရာ သွားတဲ့ခရီး လမ်တစ်လျှောက်မှာ မေတ္တာပို့တယ် အမျှဝေပါတယ်။ အလှူဒါန အမြဲလုပ်ပါတယ်။

ဆွမ်းစားတာတောင်မှ နီးစပ်တဲ့ ဆရာတော် သံဃာတော်များကို ဆွမ်းတွေ ဆွမ်းဟင်းတွေ စေတနာပါပါနဲ့ အမြဲ တမ်း ခူးထဲ့ပေးပါတယ်။ဆရာတော်ကတော့ ဧကာသနိက် တစ်နေ့ကို ဆွမ်းတစ်ထပ်ပဲ ဘုဉ်းပေးပါတယ်။ ဇန္နဝါရီ ၅ ရက် မွေးနေ့မှာ အစာရေစာ မသုံးဆောင်ဘဲ စကားမပြောဘဲ နေသွားပါတယ်။ ငယ်စဉ်ကတည်းက အသားငါး စားချင်စိတ်မရှိခဲ့လို့ သက်သတ်လွှတ်ပဲ ဘုဉ်းပေးပါတယ်။ ဝါတွင်း ၃ လပတ်လုံး တစ်ပါတည်း ဂူထဲမှာပဲ သီတင်း သုံးပြီး ကိုယ်ပိုင် လုပ်ငန်းအတွက် တရားကျင့်ပါတယ်။ ဝါပ ၉ လကတော့ အများအကျိုး သာသနာအကျိုးအတွက် သာသနာပြု ခရီးထွက်ပါတယ်။ စာရေးသူကို ဆရာတော်က ပြောဖူးတယ်။
“တချို့လူတွေက မိုင်းဖုန်းဆရာတော်ဟာ ငွေတွေ အများကြီးရှိပြီး ဘဏ်မှာ အများကြီး စုထားမယ်လို့ထင်ကြတယ်။ တပည့်တော်က ဘဏ်မှာ ငွေမစုပါဘူးဘုရား။ ဒါပေမယ့် ဘဏ်တစ်ခုတော့ ရှိထားတယ်။ အမြဲလည်းစုတယ် နေရာတိုင်းလည်း အချိန်မရွေး စုပါတယ်။ အဲဒီဘဏ်က နောင်ဘဝအထိ အာမခံချက်ရှိတဲ့ ကုသိုလ်ဘဏ်ပါဘုရား”တဲ့။ မိုင်းဖုန်းဆရာတော် သက်တော်ရာကျော်ရှည်ပါစေ 🙏🙏🙏
CRD

🅝🅔🅦 🅐🅡🅡🅘🅥🅐🅛🅢  #🅝🅐🅦🅐🅡🅐🅣_🅢🅣🅞🅡🅔
31/07/2022

🅝🅔🅦 🅐🅡🅡🅘🅥🅐🅛🅢

#🅝🅐🅦🅐🅡🅐🅣_🅢🅣🅞🅡🅔

𝑵𝒆𝒘 𝑨𝒓𝒓𝒊𝒗𝒂𝒍𝒔 #ဆွဲသားတီရှပ်
23/07/2022

𝑵𝒆𝒘 𝑨𝒓𝒓𝒊𝒗𝒂𝒍𝒔
#ဆွဲသားတီရှပ်

22/07/2022

⚜နဝရတ်⚜မှာဂစ်တာ 🎸ပြည်တွင်းအိုး​တွေ​ရော၊နိုင်ငံခြားအိုး​တွေ​ရော အသစ်​တွေ​ရောက်ပါတယ်...
အလန်းဆုံးအဖြူစွတ်စွတ်,အမဲplane, gold colour ​တွေပါအရမ်းလှ​🤩နေလို့ အမြန်​လေး..🏃🏃🏃

𝐍𝐞𝐰 𝐀𝐫𝐫𝐢𝐯𝐚𝐥𝐬 #ဂျင်းရှပ်
22/07/2022

𝐍𝐞𝐰 𝐀𝐫𝐫𝐢𝐯𝐚𝐥𝐬
#ဂျင်းရှပ်

𝑵𝒆𝒘 𝑨𝒓𝒓𝒊𝒗𝒂𝒍𝒔 ှပ်
19/07/2022

𝑵𝒆𝒘 𝑨𝒓𝒓𝒊𝒗𝒂𝒍𝒔

ှပ်

𝑵𝒆𝒘 𝑨𝒓𝒓𝒊𝒗𝒂𝒍𝒔 #ချည်သားပန်တိုလေးများ
19/07/2022

𝑵𝒆𝒘 𝑨𝒓𝒓𝒊𝒗𝒂𝒍𝒔
#ချည်သားပန်တိုလေးများ

ℕ𝕖𝕨 𝔸𝕣𝕣𝕚𝕧𝕒𝕝𝕤
18/07/2022

ℕ𝕖𝕨 𝔸𝕣𝕣𝕚𝕧𝕒𝕝𝕤

🎸 𝙂𝙪𝙞𝙩𝙖𝙧 𝘾𝙖𝙥𝙤 🎸 🎸𝙂𝙪𝙞𝙩𝙖𝙧 𝙋𝙡𝙖𝙮𝙚𝙧𝙨 များအတွက် မရှိမဖြစ် လိုအပ်တဲ့အပြင် စျေးနှုန်းချိုသာပြီး  𝙌𝙪𝙖𝙡𝙞𝙩𝙮 ကောင်းတဲ့ 𝙂𝙪𝙞𝙩𝙖𝙧 𝘾𝙖𝙥𝙤 တ...
11/07/2022

🎸 𝙂𝙪𝙞𝙩𝙖𝙧 𝘾𝙖𝙥𝙤 🎸

🎸𝙂𝙪𝙞𝙩𝙖𝙧 𝙋𝙡𝙖𝙮𝙚𝙧𝙨 များအတွက် မရှိမဖြစ် လိုအပ်တဲ့အပြင် စျေးနှုန်းချိုသာပြီး 𝙌𝙪𝙖𝙡𝙞𝙩𝙮 ကောင်းတဲ့ 𝙂𝙪𝙞𝙩𝙖𝙧 𝘾𝙖𝙥𝙤 တွေ အသစ်ပြန်လည်ရောက်ရှိလာပါပြီခင်ဗျာ။

𝐍𝐞𝐰 𝐀𝐫𝐫𝐢𝐯𝐚𝐥𝐬liverpool jersey လက်တို,လက်ရှည်..👕👕🧥& Toys
03/07/2022

𝐍𝐞𝐰 𝐀𝐫𝐫𝐢𝐯𝐚𝐥𝐬
liverpool jersey လက်တို,လက်ရှည်..👕👕🧥& Toys

⚜ 12လက်မ Speaker ⚜မိုက်ပါ+remoteပါ+အားသွင်းကြိုးပါ ဘက်ထရီနဲ့ဆိုတော့ မီးမလာလဲ သုံးလို့ရတယ်နော်Speaker အသံထွက်လည်းကောင်းရမ...
20/06/2022

⚜ 12လက်မ Speaker ⚜

မိုက်ပါ+remoteပါ+အားသွင်းကြိုးပါ

ဘက်ထရီနဲ့ဆိုတော့ မီးမလာလဲ သုံးလို့ရတယ်နော်

Speaker အသံထွက်လည်းကောင်းရမယ် အားသွင်းပြီးဖွင့်လို့လည်းရရမယ် အသံထွက်ခပ်မိုက်မိုက် ကြိုက်သူများ

⚜လက်မ 12"⚜

⚜ဖုန်းနဲ့ Bluetooth ချိတ်လို့ရပါတယ်

💠FM သီချင်းများနားဆင်နိုင်တဲ့အပြင် USB Stick ၊Memory Card တို့နှင့်လည်းဖွင့်လို့ရပါတယ်ခမျာ။

☸တရားပွဲများ၊ဟောပြောပွဲများ၊ခန်းမ၊စာသင်ဝိုင်း၊​ပျော်ပွဲစားခရီးဆောင်၊ Express ကားပေါ်မှာသုံးမလား စတာတွေမှာမရှိမဖြစ်အသုံးပြု ရတဲ့ စပီကာလေးပါ။ အသံထွက်အရမ်းမိုက်တဲ့အပြင် Mic အလွတ်တစ်ခုပါလို့ သီချင်းဆိုချင်လဲ ဆိုလို့အဆင်ပြေတာပေါ့​နော်..

Address

Thangyo Street, Zay Yet
Thayetmyo
04091

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959951058489

Website

Alerts

Be the first to know and let us send you an email when Nawarat Store Thayet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nawarat Store Thayet:

Videos

Share