Liquor Village

Liquor Village အားပေးကြတဲ့ မိတ်ဆွေများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်မျာ ��

ကာကာ : ဘီယာလာပို့ပြီလားဗျာ ကြာလိုက်တာDeli   : 🤭🤭🤭
08/12/2023

ကာကာ : ဘီယာလာပို့ပြီလားဗျာ ကြာလိုက်တာ

Deli :

🤭🤭🤭

ဒီမှာ​တော့ တန်းစီစရာ မလိုပါဘူးနော် 😁😁
06/12/2023

ဒီမှာ​တော့ တန်းစီစရာ မလိုပါဘူးနော် 😁😁

မင်္ဂလာပါရှင် 🙏🙏🙏Valentine’s Day အမှတ်တရအနေနဲ့ Suprise Gift လေးတစ်ခုလက်ခံရရှိထားပါတယ် သိပ်ချစ်တတ်တဲ့ ချစ်စရာကောင်မလေးကသူ...
14/02/2023

မင်္ဂလာပါရှင် 🙏🙏🙏
Valentine’s Day အမှတ်တရအနေနဲ့
Suprise Gift လေးတစ်ခုလက်ခံရရှိထားပါတယ်
သိပ်ချစ်တတ်တဲ့ ချစ်စရာကောင်မလေးက
သူတန်ဖိုးထားတဲ့ “Chocolate မကြိုက်တဲ့သူလေးအတွက် V Day Present “ဆိုပြီးလာမှာပေးထားပါတယ်နော် 🥰🥰🥰
ချစ်စရာစုံတွဲလေး 😍 “သက်ဆုံးတိုင် ရိုးမြေကျ လက်တွဲသွားနိုင်ပါစေ” လို့ Liquor Village မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် …🙏😊

2023 နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာပြီးစီးပွားလာဘ်လာဘများ တိုးတက်အောင်မြင်ကြပါစေလို့ Liquor Village  မိသားစုမှ ဆုမွန်ကောင်...
01/01/2023

2023 နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာပြီး

စီးပွားလာဘ်လာဘများ တိုးတက်အောင်မြင်ကြပါစေလို့ Liquor Village မိသားစုမှ ဆုမွန်ကောင်း
တောင်းလိုက်ရပါတယ်။

အားလုံးပဲ မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ ...

သနားတယ် အဟင်း 😏
30/12/2022

သနားတယ် အဟင်း 😏

04/12/2022

မိန်းမလှလေးတွေ
အကြင်နာကင်းခြင်းဟာ
ငါတို့ရဲ့ အရက်တွေကို
ချိုမြိန်စေတယ်...
မဟုတ်လား...။

20/11/2022

အမြည်းမရှိရင်
အာပူတယ်တဲ့...
ဘယ်သူတွေပြောတာလဲ...

အမြည်းမပါပဲလည်း
ငါအရက်သောက်နိုင်တယ်...

မင်းမရှိရင်သာ
ဒီဘဝကို
မဖြတ်သန်းချင်တာ...။


#သံဖြူဇရပ်_မြို့လယ်အဝိုင်းအနီး

အနားယူ၊ အပန်းဖြေတဲ့ အချိန်တွေမှာ အကောင်းဆုံးဆိုတဲ့ အရာများနဲ့ အတူ အေးအေးဆေးဆေး ဖြတ်သန်းနိုင်ဖို့ Full Moon Wine Cooler လ...
20/11/2022

အနားယူ၊ အပန်းဖြေတဲ့ အချိန်တွေမှာ အကောင်းဆုံးဆိုတဲ့ အရာများနဲ့ အတူ အေးအေးဆေးဆေး ဖြတ်သန်းနိုင်ဖို့ Full Moon Wine Cooler လေးရှိနေဖို့လိုတယ်နော်...

မရှိသေးရင်

#သံဖြူဇရပ်_မြို့လယ်အဝိုင်းအနီး
ကိုသာ..လှမ်းခဲ့လိုက်လေ..ညိုကီတို့ ညိုမီတို့

အိုး ခိုင်မော့  amazing ဒီပုံကတော့ ကမ္ဘာ့ဖလားမှာ ပါဝင်မယ့် ၃၂ နိုင်ငံရဲ့တစ်နိုင်ငံချင်းဆီက ဘီယာတွေနဲ့ ယမကာတွေကို စုဆောင်...
20/11/2022

အိုး ခိုင်မော့
amazing

ဒီပုံကတော့
ကမ္ဘာ့ဖလားမှာ ပါဝင်မယ့်
၃၂ နိုင်ငံရဲ့တစ်နိုင်ငံချင်းဆီက
ဘီယာတွေနဲ့
ယမကာတွေကို
စုဆောင်းဝယ်ယူထားတဲ့
ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။

တကယ့်လေးစားထိုက်တဲ့
ရှက်ကီးမန်းကြီးပါပဲဗျာ။

အရက်သမားထုကြီးအတွက်
ဂုဏ်ယူစရာ လှုပ်ရှားမှုလေးတစ်ခုဆိုလည်းမမှားပါဘူး...

😁

အောင်လပွဲ ကြည့်ကြမှာလား အမျိုးတို့.... 👊👊
19/11/2022

အောင်လပွဲ ကြည့်ကြမှာလား အမျိုးတို့.... 👊👊

19/11/2022

Coke အများကြီးရောရင် မသောက်ဘူး
Shark နဲ့လည်း မသောက်ဘူး
ရေနဲ့လည်း မသောက်ဘူး
Neat လည်းမသောက်ဘူး
အရမ်းပြင်းလွန်းရင်လည်း မသောက်ဘူး
အရမ်းပျော့လွန်းရင်လည်း မသောက်ဘူး
တစ်ယောက်တည်းလည်း မသောက်ဘူး
လူအများကြီးနဲ့ လည်း မသောက်ဘူး ပြဿနာတွေ ရှင်းရလွန်းလို့
အမြည်းမရှိရင်လည်း မသောက်ဘူး
အမြည်းများလွန်းရင်လည်း မသောက်ဘူး အမြည်းပဲ ခိုးစားတဲ့ ကောင်တွေ ရှိလို့
နေအရမ်းပူရင်လည်း မသောက်ဘူး
မိုးအရမ်းချုပ်ရင်လည်း မသောက်ဘူး

သူသောက်ရင် ညနေစောင်း မိုးမအုံ့တအုံ့မှာ တောင့်တောင့်ဖြောင့်ဖြောင့် ပစ္စည်းမှန် quality မှန် Liquor Village က စင်းလုံးချော အကိတ်ပုလင်းတွေပဲ သောက်တာ

ပုဂံကငှက်ကြီးတော့မဟုတ်ဘူး
Liquor Village က
အရက်သမားကြီးတွေပါ။

Soju ကိုဘာနဲ့သောက်ရင်ကောင်းမလဲလာလာမေးကြလွန်းလို့ 😊😊
02/11/2022

Soju ကိုဘာနဲ့သောက်ရင်ကောင်းမလဲလာလာမေးကြလွန်းလို့ 😊😊

 ဒီအမှတ်တံဆိပ်ဟာလဲ အသက်၅၀တန်းသမားတွေ သောက်ခဲ့ကြဘူးတဲ့ J&B နဲ့ ခေတ်ပြိုင်အရက်။ ၁၉၆၀ ကာလဝန်းကျင်ကစလို့ မြန်မာပြည်မှာ ရွေးခ...
02/11/2022



ဒီအမှတ်တံဆိပ်ဟာလဲ အသက်၅၀တန်းသမားတွေ သောက်ခဲ့ကြဘူးတဲ့ J&B နဲ့ ခေတ်ပြိုင်အရက်။ ၁၉၆၀ ကာလဝန်းကျင်ကစလို့ မြန်မာပြည်မှာ ရွေးချယ်စရာ အရက်အမှတ်တံဆိပ် များများစားစားသိပ်မရှိခင်တုန်းက " ကိုဂျော်နီ နှင့် ရဲ‌လေးဖော် "လို့ပြောရမယ့် အမှတ်တံဆိပ် ၄ခုထဲက တစ်ခု။ ဒီစကားကို ပြန်ရှင်းရမယ်ဆိုရင် ကိုဂျော်နီ ဆိုတာက ၊ ရဲ‌လေးဖော် ဆိုတာက , &B , , တွေကိုဆိုလိုတာ။ အဲဒီစကားစုက သရုပ်ဆောင် ရာဇာနေဝင်း ကြော်ငြာတစ်ခေတ်စန်းထတော့ သူသရုပ်ဆောင်တဲ့ ကြော်ငြာတိုင်း မပါမဖြစ်တဲ့ ပုလဲဝင်း၊ ဇင်ဇင်ဇော်မြင့်၊ ခင်လေးနွယ် နဲ့ ဆုရွှန်းလဲ့ တို့အတွဲလိုက်ကို ရာဇာနှင့် ရဲလေးဖော်လို့ နောက်ပြောင်ကြရင်းနဲ့ ခေါ်တာကို သဘောကျလို့ ကိုယ့်ဘာသာနာမည်ပြန်ပေးထားတာ။ ဘာလို့ဆို ၁၉၆၀/၇၀ဝန်းကျင်လောက်ဆီက အဖြူ၊အမည်း ရုပ်ရှင်တွေ၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာသော်တာဆွေတို့ရဲ့ ခေတ်ကိုဖြတ်သန်းရင်း လှစ်ဟပြရာမှာ မပါမဖြစ်တဲ့ အရက်အမှတ်တံဆိပ်တွေ ဖြစ်နေလို့ပါ။ Johnnie Walker Swing ကတော့ အဲဒီအချိန်တုန်းက ရာဇာနေဝင်းပေါ့။ ဆရာကြီးတွေမှ သောက်နိုင်ကြတယ်လို့ မှတ်သားထားမိပါရဲ့။ Dimple , J&B , VAT69 နဲ့ Beehive Brandy (ပျားအုံဘရန်ဒီ) အမှတ်တံဆိပ်တွေကတော့ လူလတ်တန်းစားတွေ လက်လှမ်းမှီ သောက်နိုင်ကြတဲ့ အမှတ်တံဆိပ်တွေ။

VAT69 သမိုင်းကြောင်း

၁၈၃၉ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် William Sanderson ကို စကော့တလန်နိုင်ငံ Leith မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၃နှစ်အရွယ်မှာ ဝိုင်နှင့်အဖျော်ယမကာ ထုတ်လုပ်သူ Matthew Buchan ဆီမှာ အလုပ်သင်အဖြစ်စတင်လုပ်ကိုင်ခဲ့ပါတယ်။ ၁၈၆၃ခုနှစ် အရောက်မှာတော့ အဖျော်ယမကာနှင့်ဝီစကီ ရောစပ်ထုတ်လုပ်သော လုပ်ငန်းကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ၁၈၈၀ခုနှစ်တွင် သားဖြစ်သူ William Mark ပါ လုပ်ငန်းခွင်သို့ဝင်ရောက်ခဲ့ပြီး ဖခင်ဖြစ်သူရဲ့ ဝီစကီရောစပ်သည့်လုပ်ငန်းမှာ ကူညီလုပ်ကိုင်ပေးခဲ့ပါတယ်။

၁၈၈၂ခုနှစ်တွင် William Sanderson သည် ဈေးကွက်သို့တင်ပို့ရောင်းချရန်အတွက် ဝီစကီစည်ပေါင်း၁၀၀မှ ဝီစကီပုလင်းပေါင်း ၁၀၀ကို အရသာမြည်းစမ်းရန်အတွက် အရသာမြည်းစမ်းပေးသည့် ကျွမ်းကျင်ပညာရှင်များပါသည့် အဖွဲ့တစ်ဖွဲ့ကိုငှားရမ်းပြီး အရသာမြည်းစမ်းစေခဲ့ပါတယ်။ ထိုအထဲကမှ Cask @ Vat အမှတ် 69 သည်အရသာအကောင်းဆုံးဖြစ်ကြောင်း တညီတညွတ်တည်း သတ်မှတ်ပေးခဲ့ကြပါတယ်။ ထို့ကြောင့် အရက်ပုလင်းအမှတ်တံဆိပ်အတွက် VAT 69 ဆိုသည့် အမည်ကို ပေးခဲ့ခြင်းဖြစ်ပါတယ်။ ထိုအချိန်မှစ၍ VAT 69 အရက်ကို အရက်ပုလင်း၏ လည်ပင်းတွင် ဥလုံးပုံသဏ္ဍာန်ရှိသော ပုလင်းတွင်း ထည့်သွင်းကာ ဈေးကွက်တင်ရောင်းချခဲ့သည်မှာ နောင်နှစ်ပေါင်း ၁၀၀ကျော်တိုင်ကြာအောင် ပုလင်းဒီဇိုင်းမပြောင်းလဲဘဲ ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။

၁၈၈၄ခုနှစ်မှာတော့ William Sanderson သည် မုယောစပါးခင်းအလယ်၌ရှိသော Glen Garioch အမည်ရှိ အရက်ချက်စက်ရုံကို ဝယ်ယူခဲ့ပါတယ်။ အဆိုပါအရက်ချက်စက်ရုံကို ဝယ်ယူခြင်းဟာ အရက်ချက်ရာတွင်လိုအပ်သည့်ကုန်ကြမ်းဖြစ်သော မုယောစပါးများကို စဉ်ဆက်မပြတ်ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ Sanderson သည် ထိုအချိန်မှစ၍ ရောစပ်ထားသည့်အရက်တံဆိပ်သစ်များ အမြဲရှိနေသည်ကို ဂရုပြုမိပြီးဖြစ်ပါတယ်။ ထိုသို့သော အကြောင်းများကြောင့် Sanderson သည် Usher, Bell တို့နှင့်အတူ ရောစပ်ထားသည့် မော့လ်ဝီစကီထုတ်လုပ်ရန် North British Distillery ကိုထပ်မံတည်ထောင်ကာ VAT69 ဝီစကီကို ထောက်ပံ့ပေးခဲ့ပါတယ်။ ထို့နောက်သူငယ်ချင်းဖြစ်သူ Royal Lochnagar Distillery ကိုပိုင်ဆိုင်သူ John Begg နှင့်ဆက်လက်ပူးပေါင်းခဲ့ပြီး VAT69 အတွက်လိုအပ်သော မော့လ်ဝီစကီတွေကို ထောက်ပံ့စေခဲ့ပါတယ်။ ၁၉၃၃ခုနှစ် Begg ကွယ်လွန်ချိန်မှာတော့ Begg ပိုင်ဆိုင်တဲ့ အရက်ချက်စက်ရုံရဲ့ ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ ထို့နောက် Sanderson ဟာ ကုမ္ပဏီကို Booth's Distilleries နှင့်ပူးပေါင်းခဲ့ပြီး DCL Group (The Distillers Company Limited) လို့အမည်ရတဲ့ အဖွဲ့အစည်းနှင့် ၁၉၃၅ခုနှစ်မှာ ထပ်မံပေါင်းစည်းခဲ့ပါတယ်။

၁၉၈၀ခုနှစ် ဆောင်းဦးရာသီတွင် ကို Sanderson's House မှ အင်္ဂလန်နိုင်ငံတဝှမ်းတွင် ဖြန့်ချိပေးခဲ့ပါတယ်။ လက်ရှိအချိန်တွင် William Sanderson And Sons Ltd သည် ကမ္ဘာ့အကြီးဆုံး ဝိုင်နှင့် အဖျော်ယမကာကုမ္ပဏီကြီး Diageo Public Limited Company နှင့်ပူးပေါင်းကာ ဆက်လက်ထုတ်လုပ်လျက်ရှိပါတယ်။

ယမကာသုတေသီ တင်အောင်လွင်


တိုက်ရင် သောက်လိုက်လေ တအားစိတ်ဆိုးတာ 😒
02/11/2022

တိုက်ရင် သောက်လိုက်လေ တအားစိတ်ဆိုးတာ 😒

01/11/2022

မှောင်မည်းနေတဲ့
အိမ်အပြန်လမ်းထိပ်မှာ...

မောင်ရေ..
လျှော့သေါက်,..လို့

ရုပ်မမြင်ပဲ
အသံတွေကြားတိုင်း

ငါထပ်သောက်ဖြစ်ခဲ့တယ်..

ချစ်ခြင်းမေတ္တာ ဆိုတာ...
အကြောက်တရား က
မွေးဖွားလာတာမှ
မဟုတ်တာ...

ချစ်တို့ရဲ့ နေ့ရက်လေးတွေလန်းဆန်းလှပနေဖို့သဘာဝအငွေ့အသက်လေးတွေနဲ့ပြည့်နေတဲ့Full Moon Wine cooler နဲ့ တစ်နေ့တာကိုဖြတ်သန်းလိ...
30/10/2022

ချစ်တို့ရဲ့ နေ့ရက်လေးတွေလန်းဆန်းလှပနေဖို့
သဘာဝအငွေ့အသက်လေးတွေနဲ့ပြည့်နေတဲ့
Full Moon Wine cooler နဲ့ တစ်နေ့တာကိုဖြတ်သန်းလိုက်ပါနော်..

အေးမြပြီး စူးရှရှ အရသာ Wine cooler တစ်ပုလင်းကသင်ဘယ်အခြေအနေ၊ ဘယ်နေရာရောက်ရောက် သင့်အတွက်အပန်းဖြေရာ အမြဲအဖော်မွန်အဖြစ်ရှိန...
25/10/2022

အေးမြပြီး စူးရှရှ အရသာ Wine cooler တစ်ပုလင်းက
သင်ဘယ်အခြေအနေ၊ ဘယ်နေရာရောက်ရောက် သင့်အတွက်
အပန်းဖြေရာ အမြဲအဖော်မွန်အဖြစ်ရှိနေမှာပါ…...

🎊  သီတင်းကျွတ်ဆုတောင်း  🎊🎉 ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင်ချစ်ခင်လေးစားတန်ဖိုးထားရပါသောချစ်မိတ်ဆွေလူကြီးမင်းမျာ...
08/10/2022

🎊 သီတင်းကျွတ်ဆုတောင်း 🎊

🎉 ဝါလကင်းလွတ် သီတင်းကျွတ်
အချိန်အခါသမယတွင်
ချစ်ခင်လေးစားတန်ဖိုးထားရပါသော
ချစ်မိတ်ဆွေလူကြီးမင်းများ အားလုံး
ကိုယ်စိတ်နှလုံးကျန်းမာခြင်းနှင့်
ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်
ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍
အခက်အခဲဟူသမျှအောင်မြင်စွာ
ကျော်လွှားနိုင်ပြီးစီးပွါးလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြီးပွါးပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏

#သီတင်းကျွတ်ဆုတောင်း

ပညာတွေလဲရပါတယ် လို့ ကျေးဇူး🥴
11/09/2022

ပညာတွေလဲရပါတယ် လို့

ကျေးဇူး🥴

မင်္ဂလာပါ 🙏🙏🙏Liquor Village (ယမကာရွာ)ဆိုင်သစ်လေးမှကြိုဆိုပါတယ် 🙏🙏🙏Liquor Village (ယမကာရွာ)ဆိုင်လေးကို ကျောင်းပိုင်းရပ်ကွ...
10/09/2022

မင်္ဂလာပါ 🙏🙏🙏

Liquor Village (ယမကာရွာ)ဆိုင်သစ်လေးမှ
ကြိုဆိုပါတယ် 🙏🙏🙏

Liquor Village (ယမကာရွာ)ဆိုင်လေးကို

ကျောင်းပိုင်းရပ်ကွက် ဗိုလ်နေဝင်းလမ်းမကြီး အဝိုင်းနား

Diamond mart ဆိုင်အနီး သံဖြူဇရပ်မြို့ တွင်
ဖွင့်လှစ်၍ထားပြီး

ယမကာချစ် ညိုကီ များအတွက် 🥰🥰🥰

နိုင်ငံခြားအရက်များ၊ပြည်တွင်းဖြစ်အဖျော်ယမကာများ

ဘီယာများနှင့် ဝိုင် ဆိုဂျူများ၊
ပြည်တွင်းဖြစ် အာမီ၊နာနတ်ဝိုင်၊မန်းမကျည်း၊မန်းမြန်မာ၊R.P ၊ စစ်မြင်း

အစရှိသဖြင့်စုံလင်စွာဝယ်ယူရရှိနိုင်ပါကြောင်း

သတင်းကောင်းလေးပါးအပ်ပါတယ်ခင်မျာ 🙏🙏🙏

သံဖြူဇရပ်မြို့ပေါ်ရှိရပ်ကွက်များမှ
ဝယ်ယူအားပေးကြသော Customerများ အနေဖြင့် ကျပ်၁၀၀၀၀နှင့် အထက်ဝယ်ယူပါက
အိမ်အရောက်( Free Deli)ပို့ဆောင်ပေးနိုင်အောင်လဲစီစဉ်နေပါတယ်ရှင့် 🙏😊

မနက် ၉နာရီမှ ည ၉နာရီ အထိ ပိတ်ရက်မရှိ
ရောင်းချပေးနေပါပြီနော်😊

ဆိုင်စဖွင့်သည့်နေ့မှယနေ့တိုင်အောင်နေ့စဉ်မပျက်
လာရောက်ဝယ်ယူအားပေးကြသူများအားလုံးကို
ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်မျာ🙏🙏🙏😊

< အရက်၊ဘီယာ ဆိုတာ

သောက်ရမဲ့ အတိတ်ကံပါလာရင်

ဘယ်လိုမှ ရှောင်လွဲလို့ မရနိုင်ပါဘူး > 😊🙏

Liquor Village
09450077715,09264693912

Address

Bo Nay Win Street
Thanbyuzayat

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Liquor Village posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share