06/02/2020
KOLs of Unleashing the Retail Potential Summit
Unicode
ရန်ကုန်မြို့၊ မင်းနန္ဒာလမ်း နှင့် သုမနလမ်းထောင့်တွင် တည်ရှိသည့် Fortune Plaza တွင် ကျင်းပမည့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (MMRA) မှ ဦးစီးကျင်းပသော Myanmar Retail Summit & Expo 2020 ပွဲကြီးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့များမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲကြီးမှာပါဝင်သည့် Unleashing the Retail Potential Summit ပွဲတွင် ဟောပြောမည့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များကို ဖော်ပြလိုက်ပါတယ်နော်။
Dr. Aung Tun Thet (Economic Advisor)
ဒေါက်တာ အောင်ထွန်းသက်က ယခုလက်ရှိမှာ နိုင်ငံတော်သမ္မတ၏စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။
Ms. Arabelle Yee (Entrepreneur, Social Influencer)
Ms. Arabelle ကတော့ နိုင်ငံတကာတွင် ဟောပြောသူအနေနှင့် လူသိများပြီး 7-figure entrepreneur၊ ဘဝနှင့်စီးပွားရေးပညာများကို ဗျူဟာများ ရေးဆွဲသည့်သူလည်းဖြစ်ပါတယ်။
Ms. Eileen Lui (Group Corporate Communications Consultant, City Holdings Ltd)
Ms. Eileen Lui ကတော့ ယခုလက်ရှိ City Holdings Ltd, မှာ Group Corporate Communications Consultant အနေဖြင့်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။
Daw Ei Zarchi Thwin (CEO, Myanmar Barcode Association)
ဒေါ်အိဇာခြည်သွင်က ယခုလက်ရှိမှာတော့ Myanmar Barcode Association (MBA) တွင် CEO အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
U Kaung Nyein Soe (Founder, Kudos To You Professional Development Academy)
ဦးကောင်းငြိမ်းစိုးက ယခုလက်ရှိမှာတော့ Kudos To You Professional Development Academy ၏ Founder အဖြစ်လည်းကောင်း၊ Mahar Shopper Services Co., Ltd တွင် Managing Director အဖြစ်လည်းကောင်း၊ Digiware Distribution Co., Ltd တွင် Chief Strategic Officerလည်းကောင်း၊ Dai-ichi Life Insurance တွင် Business Partner အဖြစ်လည်းကောင်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။
Mr. Komsan Kwunchaithunya (Thailand) (Vice President, The Mall Group Co., Ltd)
Mr. Komsan Kwunchaithunya က ယခုလက်ရှိမှာ The Mall Group Company Limited တွင် ဒုတိယဥက္ကဌအဖြစ် တာဝန်ယူလုပ်ကိုင်နေတာဖြစ်ပါတယ်။
Mr. Leon Qiu (Vietnam) (CEO, Get All Myanmar Co., Ltd)
Mr. Leon Qiu က ယခုလက်ရှိမှာတော့ Get All Myanmar Co., Ltd ၏ CEO အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
U Myint Zaw (Managing Director, AYA Bank)
ဦးမြင့်ဇော်က အခုလက်ရှိမှာတော့ AYA Bank ၏ Managing Director အဖြစ်လည်းကောင်း၊ Ground Solution Co., Ltd (Myanmar) ၏ Chief Consultant & CEO အဖြစ်လည်းကောင်း လုပ်ကိုင်နေသူဖြစ်ပါတယ်။
U Naing Lin (MKI Hot Water Solution, MKI Water Solution, MKI Home Appliance Company)
ယခုလက်ရှိတွင် မြန်မာနိုင်ငံရှိ MKI Hot Water Solution, MKI Water Solution နှင့် MKI Home Appliance Company ၏ Managing Director အဖြစ်လည်းကောင်း၊ Japan နိုင်ငံ Kowa Machinery Company ၏ Executive Director အဖြစ်လည်းကောင်း၊ Rinnai Myanmar ၏ President အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
Mr. Ozgur Simsek (Managing Director, Coca-Cola Myanmar)
Mr. Ozgur Simsek ကတော့ ယခုလက်ရှိ Coca-Cola Myanmar တွင် Managing Director အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
Mr. Ronald Lee (Project Director, City Holdings Co., Ltd)
Mr. Ronald Lee ကတော့ City Mart Holding’s Co., Ltd ၏ Project Director အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
U Thaung Su Nyein (CEO, Information Matrix)
ဦးသောင်းစုငြိမ်းက ယခုလက်ရှိမှာတော့ Information Matrix ကုမ္ပဏီ၏ CEO အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
Dr. Tun Thura Thet (Founder & CEO, Myanmar Information Technology Pte Ltd)
ဒေါက်တာ ထွန်းသူရသက်ကတော့ Myanmar Information Technology Pte Ltd တွင် Founder & CEO အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
Daw Wai Thit Lwin (Group MD, ABC Beauty Co., Ltd. Bella Cosmetics)
ဒေါ်ဝေသစ်လွင်က ယခုလက်ရှိမှာတာ့ ABC Group ၏ Managing Director အဖြစ်လည်းကောင်း၊ TMW Group ၏ Executive Director အဖြစ်လည်းကောင်း လုပ်ကိုင်နေသူဖြစ်ပါတယ်။
Daw Win Nandar Thike (Founder and CEO, rgo47)
ဒေါ်ဝင်းနန္ဒာသိုက်က ယခုလက်ရှိမှာတော့ rgo47 ၏ Founder and CEO ဖြစ်ပါတယ်။
Daw Win Win Tint (Group CEO, City Holdings Ltd)
ဒေါ်ဝင်းဝင်းတင့်က ယခုလက်ရှိမှာတော့ City Holdings Ltd ကုမ္ပဏီတွင် Group CEO အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
Mr. Young Hyuk Kim (Vice President, 7-Eleven Korea)
Mr. Young Hyuk Kim က ယခုလက်ရှိ 7-Eleven Korea တွင် Vice President အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
အခုလို နယ်ပယ်အသီးသီးမှ ပညာရှင်ပေါင်းများစွာပါဝင်မယ့် Unleashing the Retail Potential Summit ပွဲကို လာရောက်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။ ပွဲလက်မှတ်များကိုတော့ City Mart စူပါမားကတ်များ၊ Ocean စူပါစင်တာများ နဲ့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းချုပ် နှင့် မြို့အသီးသီးရှိ ရုံးခွဲများမှာ ဝယ်ယူလို့ရပါတယ်။
Zawgyi
KOLs of Unleashing the Retail Potential Summit
Mr. Leon Qiu (Vietnam) (CEO, All Get Myanmar Co., Ltd)
Mr. Leon Qiu က ယခုလက်ရှိမှာတော့ All Get Myanmar Co., Ltd ၏ CEO အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
&Expo2020