JS One Liquor store

JS One Liquor store welcome

စတုကော့တေး လာသောက်လို့ရပပါပီနော် ြောင်း    #ယုဇနရပ်ကွက်  #ပြည်ထောင်စုလမ်းမကြီး  #မြစ်ကြီးနားမြို့
16/04/2024

စတုကော့တေး လာသောက်လို့ရပပါပီနော်

ြောင်း

#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#မြစ်ကြီးနားမြို့

 #သကြန် Promotion   buy 3 +1  buy 2+1can #မည်သည့့်နိုင်ငံခြားအရက် 50000 ဖိုးနင့်အထက်5%discount +Heineken mini bot20000နှ...
13/04/2024

#သကြန် Promotion
buy 3 +1
buy 2+1can
#မည်သည့့်နိုင်ငံခြားအရက် 50000 ဖိုးနင့်အထက်5%discount +Heineken mini bot
20000နှင့်အထက် 3%discount +Heineken mini bot
မည်သည့် Beer 20000ဖိုးနှင့်အထက် +Heineken mini bot

ြောင်း
#မြစ်ကြီးနားမြို့
#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#09400036537

🦌 THE DALMORE WHISKY 🦌 ဒီနေ့မှာတော့ မြန်မာမှာလူသိနည်းပြီး တကယ်ကောင်းတဲ့ Whiskey Brand တစ်ခုအကြောင်းတင်ပါ့မယ်။ တကယ်ကို He...
21/03/2024

🦌 THE DALMORE WHISKY 🦌

ဒီနေ့မှာတော့ မြန်မာမှာလူသိနည်းပြီး တကယ်ကောင်းတဲ့ Whiskey Brand တစ်ခုအကြောင်းတင်ပါ့မယ်။ တကယ်ကို Heritage ရှိတဲ့ Scotland Whisky တစ်ခုပါ။ Single Malt ထဲမှာအကောင်းဆုံးတွေထဲက တစ်ခုလို့ပြောရမှာပါ။ (ကျွန်တော်အကြိုက်ဆုံး Single Malt ပါ။) Whiskey တစ်ခုဆိုတာ ခါးနေရင်ရပြီလို့တွေးတဲ့သူတွေအတွက်တော့ ဒါနဲ့ကိုက်မှာမဟုတ်ပါဘူး။ Whiskey ကောင်းတစ်ခုဆိုတာ
အရသာတွေ အရောင်အနံ့တွေနဲ့ပဲဆိုင်တာမဟုတ်ပါဘူး။ သူ့မှာ Story ဘယ်လိုရှိတယ်၊ Heritage ဘယ်လိုရှိတယ်ကအစ၊ သက်တမ်းဘယ်လောက်ရှိတယ်အထိဆိုင်ပါတယ်။

အဲ့တော့ Dalmore ရဲ့ story လေးအကြောင်းရေးပါ့မယ်။ 1263 ခုနှစ်မှာ ဘုရင် King Alexander III ဟာ Scotland Highlands ကတောကြီးထဲမှာအပျော်အမဲလိုက်ထွက်ပါတယ်။ တစ်နေ့မှာ ဘုရင် Alexander III အမဲလိုက်နေတုန်း သူ့ဆီကို သမင်အကြီးစားလိုအကောင်ကြီးက ဦးဂျိုနဲ့ပြေးဝင်လာပါတယ်။ (Stag လို့တော့ eng လိုရေးပါတယ် ဗမာလိုတော့မပြောတတ်လို့ပါ။) အဲ့အချိန်မှာ ဘုရင်ကို Mackenzie Clan ရဲ့ Chief က
ရဲရဲရင့်ရင့်ဝင်ကယ်လိုက်ပါတယ်။ အဲ့ရဲရင့်စွာကယ်တင်မှုအတွက်ကြောင့် ဘုရင်က Mackenzie Clan ကို နယ်မြေအပိုင်စားတွေနဲ့အတူ အဲ့အကောင်နဲ့တူတဲ့ ဦးချို ၁၂ ခုပါသော Stag တံဆိပ်ကိုအသုံးပြုခွင့်ချီးမြှင့်လိုက်တာပါ။ 12 Pointed Royal Stag လို့ခေါ်ပါတယ်။ (ပုံမှာပြထားပါတယ်။ Royal Hunt & Royal Stag လို့လူသိများလာပါတယ်။) 1867 ခုနှစ်မှာ Dalmore Distillery ကို Mackenzie ရဲ့မျိုးဆက်မိသားစုတွေက ဝယ်လိုက်တဲ့အခါမှာတော့ အဲ့ Royal Stag လေးက Dalmore ရဲ့ Symbol တံဆိပ်လေးဖြစ်လာပါတယ်။ Dalmore ရဲ့ပုလင်းတိုင်းမှာ အဲ့ Stag တံဆိပ်လေးကလှပစွာပါဝင်ပါတယ်။ Dalmore ဟာအဲ့လို မိသားစုပိုင် Family Owned Distillery အဖြစ် 1960 လောက်ထိရှိနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Dalmore ရဲ့ အဓိက customers တွေထဲက တစ်ခုဖြစ်တဲ့ Whyte & Mackay ကပိုင်သွားပါတယ်။ အခုထိလည်း Dalmore က W&M လက်အောက်မှာပါ။

The Dalmore Highland Single Malt Scotch Whisky ကထုတ်တဲ့ဟာတွေတွေကို ပုံလေးတွေနဲ့တင်ပေးထားပါတယ်။ လိုချင်ရင် ကျွန်တော့်ဆီက မှာလို့ရပါတယ်

Dalmore ကအရင်က Aged 12 Years တစ်မျိုးပဲထုတ်တာပါ။ အခုတော့များလာပါပြီ။ အောက်မှာရေးထားပါတယ်။

The Dalmore Aged 12 Years
The Dalmore Aged 15 Years
The Dalmore Cigar Malt
The Dalmore Aged 18 Years
The Dalmore King Alexander III
The Dalmore Aged 25 Years
The Dalmore Valour
The Dalmore Constellation Collection
Other Limited Editions တွေလဲရှိပါသေးတယ်။


ြောင်း
(liquor store)
#09400036537
#မြစ်ကြီးနားမြို့
#ပြည်ထောင်စုလမ်းမကြီး
#ယုဇနရပ်ကွက်

Ballantine’s 30 Review “Something to be great, it must be rare” ဆိုတဲ့ Jaguar ကားကုမ္ပဏီရဲ့ စကားကိုပဲပြန်ပြောချင်ပါတယ်ခင...
16/03/2024

Ballantine’s 30 Review

“Something to be great, it must be rare” ဆိုတဲ့ Jaguar ကားကုမ္ပဏီရဲ့ စကားကိုပဲပြန်ပြောချင်ပါတယ်ခင်ဗျာ။ သာမန်ထက် ထူးခြားကောင်းမွန်တဲ့ ယမကာတစ်ခုဟာ အလွယ်တကူတော့ မဖန်တီးနိုင်ပါဘူး။ Great ဖြစ်ဖို့အတွက် Rare တွေဘယ်လိုသုံးထားလည်းဆိုရင် ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားပြီးဖြစ်တဲ့ distilleries တွေကနေရခဲ့သော အလွန်ရှားပါးသည့် ဝီစကီတွေနဲ့ Ballantine’s 30 ကို ရောစပ်ဖန်တီးထားတာပါခင်ဗျာ။ အဲ့ဒီအရမ်းရှားပါးတဲ့ whisky တွေရဲ့ အငယ်ဆုံးသက်တမ်းကတောင် နှစ် ၃၀ ရှိပါတယ်ခင်ဗျာ။ Aged 30 Years ဆိုတာ ကျွန်တော့်ထက် အသက်ကြီးပါတယ်။ ကျွန်တော့်ဘဝမှာ ကိုယ့်ထက်အသက်ကြီးတဲ့ဝီစကီကို ပထမဆုံးစတင်သုံးဆောင်ဖူးတာလည်း ဒီကောင်ပါခင်ဗျာ။

Aroma - ရနံ့မှာအဓိက သတိထားမိမှာက sweetness & earthy aroma ပါ။ စစချင်းမှာ ပန်းမျိုးစုံရဲ့အမွှေးရနံ့ကို caramel honey ရဲ့အချိုလေးရောထားတဲ့ sweetness aroma လေးက စွဲမက်ချင်စရာအကောင်းဆုံးဖွင့်ပေးလိုက်ပြီး oaky & woody လိုလို earthy လိုလို aroma က နောက်ကနေ ဝင်ရောက်အားဖြည့်ထားမှာပါခင်ဗျာ။ ရှောက်ချိုသီးခြောက်ရနံ့ရယ်၊ leather ရနံ့ရယ်၊ toffee ရနံ့ရယ်ကလည်း မသိမသာနဲ့ထပ်လောင်းပါဝင်လာပါသေးတယ်ခင်ဗျာ။ အဆုံးသတ်နားမှာလည်း ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ spice ရနံ့လေး ပေါ်လာပြီး aroma ကို အစကနေအဆုံးထိ လစ်ဟင်းချက်မရှိအောင် ကူညီအားဖြည့်ထားပါသေးတယ်ခင်ဗျာ။ သူရဲ့ aroma က round and complex အရမ်းဖြစ်တဲ့ပုံစံနဲ့ rich and full aroma ကိုအကောင်းဆုံးပေးစွမ်းသွားတဲ့အတွက် ရနံ့ကအရမ်းမိုက်ပါတယ်ခင်ဗျာ။

Taste - အရမ်းကိုလှပကျော့ရှင်းပြည့်စုံတဲ့အရသာလို့ပြောလိုက်ရင်ကို taste review ကရပါပြီခင်ဗျာ။
ရင့်မှည့်ပြီး နူးညံ့တဲ့အချိုဓာတ်လေးနဲ့စဖွင့်လိုက်တဲ့ အရသာကို earthy woody အရသာရယ်၊ fruity အရသာရယ်၊ အစေ့အဆံအရသာရယ်၊ vanilla oak အရသာပါးပါးလေးရယ်၊ ဟင်းခတ်အမွှေးအကြိုင်အရသာပျော့ပျော့လေးရယ်၊ aroma မှာရေးခဲ့တဲ့အရာတွေရဲ့ အရသာတွေရယ်က လှပကျော့ရှင်းစွာအားဖြည့်ရင်း full rich and complex taste ဖြစ်အောင်တွန်းပို့ပေးထားပါတယ်ခင်ဗျာ။
Ballantine 30 ရဲ့ထူးခြားတာက aroma မှာရော taste မှာရော complex ဖြစ်တာပါ။ သူ့ရဲ့ရှုပ်ထွေးလှတဲ့အရသာက ရှုပ်ပွနေသလို complex ဖြစ်တာမျိုးမဟုတ်ပါဘူး။ သူ့ရဲ့ complex က အဝတ်ဗီဒိုထဲမှာ အဝတ်အစားတွေကို ချိတ်သင့်တာချိတ် ခေါက်သင့်တာခေါက် စီစီရီရီသေသေသပ်နဲ့ ဗီဒိုအပြည့်ထည့်ထားတာမျိုးပါ၊ ပြီးပြီးရော လုံးထွေးပြီး ဗီဒိုထဲရှုပ်ပွနေသလိုမျိုးမဟုတ်ပါဘူး။ ကြည့်လိုက်တာနဲ့ ဟာလုံးဝမိုက်တယ်ဆိုတဲ့ feeling မျိုးနဲ့ ကိုယ်ဝတ်ချင်တာကို အလွယ်တကူယူဝတ်လိုက်ရုံ အဆင်သင့်လေးဖြစ်နေတဲ့ဗီဒိုလိုမျိုးပါပဲ၊ Ballantine’s 30 ရဲ့ aroma ရော taste ရောက အဝေးကခြုံကြည့်လိုက်ရင်လည်း လုံးဝမိုက်နေသလို အရသာတစ်ခုချင်းကို ခံစား explore လုပ်မယ်ဆိုရင်လည်း taste တစ်ခုချင်းစီက သူ့နေရာနဲ့သူ လှပကျော့ရှင်းစွာ ပေါ်လွင်လာမှာပါခင်ဗျာ။

Finish - အရသာရဲ့အဆုံးမှာ earthy ဖြစ်တာက ပို spice ဖြစ်လာပြီး flavor တွေအားလုံးလည်း ပိုမိုပေါ်လွင်လာပါတယ်ခင်ဗျာ။ Finish မှာပေါ်လာတဲ့ acidity ရယ်၊ earthy ရဲ့ ပို spice ဖြစ်တာရယ်၊ နဂို taste မှာပါးပါးလေးပါနေတဲ့ ဟင်းခတ်အမွှေးအကြိုင်အရသာတွေရယ် ပေါင်းမိလိုက်တဲ့အခါမှာ acidity & spice က finish ရဲ့ balance ကိုအနည်းငယ်ပျက်သွားစေပါတယ်။ အဲ့အားနည်းချက်လေးတစ်ခုကလွဲရင် finish က complex ဖြစ်ပြီး မိုက်တဲ့အပြင် တော်တော်ကြီးကိုကြာပါတယ်ခင်ဗျာ။ Ballantine’s 30 မှာပါဝင်ရောစပ်ထားတဲ့ Glentauchers Speyside Single Malt ရဲ့ long and luscious finish ကိုလည်း အကောင်းဆုံးနဲ့အပေါ်လွင်ဆုံးပေးစွမ်းသွားပါတယ်ခင်ဗျာ။

နိဂုံးချုပ်ရရင် Ballantine’s 30 ဟာ finish မှာ spicy ကြောင့် အနည်းငယ် balance ပျက်နေတယ်ဆိုပေမယ့်လည်း ကျန်တာတွေမှာ Aroma ကော Taste ကော Finish ကော အကုန်လုံးက အရမ်းကိုကောင်းမွန်လှပါတယ်ခင်ဗျာ။
Ballantine’s 30 ဟာ harmony ကျကျနဲ့ balance ကိုထိန်းသွားတာမျိုးထက်စာရင် သေသေသပ်သပ်နဲ့ ရှုပ်ထွေးစွာ (not ရှုပ်ပွ) complex ဖြစ်ပြီး Aroma မှာကော Taste မှာကော Balance ကိုပိုင်နိုင်စွာထိန်းပြသွားတဲ့ အရမ်းကိုမိုက်တဲ့ ဝီစကီကောင်းတစ်ခုပါခင်ဗျာ။ ပြီးတော့ ညက်ညောမှုကိုအသေကြိုက်နေကြတဲ့၊ Vanilla တွေ Smooth တွေ ကြီးစိုးလွန်းနေတဲ့ ယမကာလောကထဲမှာ၊ vanilla တွေ smooth တွေ ညက်ညောမှုတွေကို အဓိကအလေးမပေးပဲ complex and rich ဖြစ်ဖို့ ဦးစားပေးတည်သွားပြီး balance ကိုပါအကောင်းဆုံးထိန်းပြသွားတာကလည်း ကျွန်တော့်အတွက်တော့ တော်တော်ကိုကြိုက်ပါတယ်ခင်ဗျာ။

အဲ့တော့ spicy လုံးဝမကြိုက်တဲ့သူတွေနဲ့ ညက်ညောမှုကိုမှကြိုက်တဲ့ Smooth Hunter တွေကိုတော့ Ballantine’s 30 ကိုအရမ်းကြီးမတိုက်တွန်းရဲပါဘူးခင်ဗျာ။ (Smooth တာကြိုက်ရင် Alpine လည်း smooth ပါတယ်ခင်ဗျာ၊ အိမ်ကသောက်ရေသန့်လည်း smooth ပါတယ်ခင်ဗျာ)
ယမကာတစ်ခုရဲ့ အနံ့ အရသာ အနှစ်သာရတွေကို တမြုံ့မြုံ့နဲ့ အကောင်းမွန်ဆုံး ခံစားချင်တဲ့သူတွေ၊ smooth ညက်ညောမှုရဲ့ အရသာပေါ့ပျက်တာတွေကို မခံစားချင်တော့ဘူးဆိုတဲ့သူတွေ၊ ဘဝမှာထူးကဲတဲ့အောင်မြင်မှုတစ်ခုခုရလို့ ကိုယ့်ကိုယ်ကိုဆုချသင့်တဲ့အချိန် / သာမန်ထက်ပိုတဲ့ celebration လုပ်ရမည့်အချိန်ဆိုရင်တော့ Ballantine’s 30 ဟာ လုံးဝရွေးချယ်သင့်တဲ့ယမကာကောင်းတစ်ခုပါခင်ဗျာ။

(Note - Ballantine’s 30 ကိုလည်းဝယ်ပြီးပြီ၊ finish က spicy ကိုမခံနိုင်လို့ သုံးဆောင်ရလည်းခက် သူများပေးပစ်ရလည်းခက် ဖြစ်နေတဲ့သူများအတွက် Tips လေးပေးပါရစေခင်ဗျာ။ ဝီစကီကို ရေအနည်းငယ်ရောတဲ့အချိန်မှာ ရေကိုနည်းနည်းပိုရောကြည့်ပါခင်ဗျာ။
ရေနည်းနည်းပိုရောလိုက်ရင် taste မှာ အရသာကပိုညက်ညောလာပြီး vanilla ကော sweetness ကော ပိုပေါ်လာမယ့်အပြင် finish က spicy လည်း လျော့ကျသွားပါလိမ့်မယ်ခင်ဗျာ။ ဒါပေမယ့် finish မှာ bitterness (သို့) bittersweet တော့ ပိုမိုပေါ်လာမှာပါခင်ဗျာ။ အဲ့တော့ spicy လည်းကျသွားအောင်၊ bitterness လည်းအရမ်းပေါ်မလာအောင်၊ ရေအရမ်းများပြီး အရသာတွေလည်းပျက် balance တွေလည်းအကုန်ပျက်မဖြစ်ရအောင် ချိန်ဆပြီး အတိုးအလျော့လေးနဲ့ ရေရောကြည့်ကြပါလို့ အကြံပေးပါရစေခင်ဗျာ။ နောက်တစ်နည်းကတော့ on the rock ကို ရေခဲအတိုးအလျော့လုပ်ပြီး try ကြည့်ပါခင်ဗျာ)

Thank You 😊


ြောင်း



(Photos from Internet)

Please do not forward content to anyone under the legal drinking age.
Remember to drink responsibly.
Any user comments which condone or promote irresponsible or dangerous drinking will be removed.
It’s safest not to drink while pregnant.
(Alcohol can cause lifelong harm to your baby)

ချစ်သောတို့ရောပျော်ရဲ့လားကိုကြီးကတော့ စွန်းပျော်လာခဲ့ဖို့ဖိတ်ခေါ်တယ်နော်  #မြစ်ကြီးနားမြို့  #ပြည်ထောင်စုလမ်းမကြီး  #ယုဇ...
22/01/2024

ချစ်သောတို့ရောပျော်ရဲ့လား
ကိုကြီးကတော့ စွန်းပျော်

လာခဲ့ဖို့ဖိတ်ခေါ်တယ်နော်


#မြစ်ကြီးနားမြို့
#ပြည်ထောင်စုလမ်းမကြီး
#ယုဇနရပ်ကွက်

မကန ဆောင်းနဲ့လိုင်ဖက်တဲ့ J D
18/01/2024

မကန ဆောင်းနဲ့လိုင်ဖက်တဲ့
J D

 နဲ့မြီးလိုက်ရ
11/01/2024


နဲ့မြီးလိုက်ရ

မမြင်တာကြာလို့မေ့များသွားပီလား HAPPY NEW YEARလက်ဆောင်လေးတေပေးမာမို့အမြနိလန်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်  #မြစ်ကြီးနားမြို့ ...
30/12/2023

မမြင်တာကြာလို့မေ့များသွားပီလား
HAPPY NEW YEAR
လက်ဆောင်လေးတေပေးမာမို့
အမြနိလန်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်


#မြစ်ကြီးနားမြို့
#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး

📞📞09400036537

15/12/2023
ဆောင်းဝင်ပီဆိုတော့ဝိုင်လေးသောက်ပီ Ro မယ်လေ   #ယုဇနရပ်ကွက်  #ပြည်ထောင်စုလမ်းမကြီး  #မြစ်ကြီးနားမြို့   📞📞09400036537
07/11/2023

ဆောင်းဝင်ပီဆိုတော့
ဝိုင်လေးသောက်ပီ Ro မယ်လေ


#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#မြစ်ကြီးနားမြို့


📞📞09400036537

  🥃🥃🥃သီတင်းကျွတ်အားလပ်ရက်အတွက်...ရှယ် discount နဲ့ ရှယ်လန်းဖို့  သာ လှမ်းခဲ့တော့ 🤗     1bot ဝယ်ယူသူတိုင်းအတွက်👉 (20% dis...
26/10/2023

🥃🥃🥃

သီတင်းကျွတ်အားလပ်ရက်အတွက်...

ရှယ် discount နဲ့ ရှယ်လန်းဖို့
သာ လှမ်းခဲ့တော့ 🤗

1bot ဝယ်ယူသူတိုင်းအတွက်
👉 (20% discount) လေး စလိုက်ပါပြီဗျာ 🥃

ကာလလေးကတော့ 27/10/2023 မှ 30/10/2023 အထိပဲမို့ လက်မနှေးဖို့ လိုတယ်နော် ✌

#မှတ်ချက် (ပစ္စည်း လက်ကျန်ရှိသည် အထိသာ)


#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#မြစ်ကြီးနားမြို့

📞📞09400036537

Chivas Regal 18သီတင်းကျွတ်လည်းနီးလာပြီဆိုတော့ လူကြီးတွေဂါရဝပြုဖို့အတွက် ဘာအဆင်ပြေနိုင်လဲမေးရင် ကျွန်တော် cognac ကို reco...
19/10/2023

Chivas Regal 18

သီတင်းကျွတ်လည်းနီးလာပြီဆိုတော့ လူကြီးတွေဂါရဝပြုဖို့အတွက် ဘာအဆင်ပြေနိုင်လဲမေးရင် ကျွန်တော် cognac ကို recommend ပေးလေ့ရှိပါတယ်။ ဒါပေမယ့် whisky ထဲကပဲဆိုရင်တော့ ကျွန်တော် recommend အပေးဆုံးက ဒီ Chivas 18 ပါပဲ။ ဘာလို့ recommend အပေးဆုံးလဲဆိုတာကို ဒီ post မှာ ရေးချင်ပါတယ်ခင်ဗျာ။

(1) Chivas / Brand Power

Chivas က ကမ္ဘာ့ရောင်းအားအကောင်းဆုံး အဆင့် ၄ / အဆင့် ၅ လောက်မှာ သူ့ရဲ့ classic style အတိုင်း မားမားမတ်မတ်နဲ့ ရပ်တည်နေတာပါ။ Chivas ရဲ့ brand power ကိုက လျှော့တွက်လို့မရပါဘူး။ ဘောလုံးပွဲမကြည့်လည်း Ronaldo / Messi ကိုသိကြသလို၊ Dota2 မဆော့လည်း Navi / Dendi ကိုသိကြသလို၊ whisky မကြိုက်တဲ့သူတွေလည်း Chivas ကိုတော့သိကြပါတယ်။ ဆိုတော့ Chivas နဲ့ ဂါရဝပြုတာက whisky အကြောင်းနားမလည်တဲ့သူဆိုရင်တောင် ပစ္စည်းကောင်းတစ်ခုအနေနဲ့ တန်းသိနိုင်မှာပါခင်ဗျာ။

(2) Classic Chivas

Classic ဆိုတာကြားလိုက်တာနဲ့ ပထမဆုံးပြေးမြင်မိတဲ့ whisky ထဲမှာ Chivas ပါပါတယ်။ Chivas ရဲ့ style တွေ၊ အနံ့အရသာတွေက classic ဆန်ပါတယ်။ တချို့တွေက Chivas ကို မကြိုက်ကြပါဘူး။ မကြိုက်တဲ့သူတွေကိုလည်း အပစ်တင်လို့မရပေမယ့် classic taste တွေ၊ classic style တွေဆိုတာ whisky လောကမှာ တန်ဖိုးဖြတ်မရအောင် အဖိုးတန်တဲ့အရာတွေပါ။ လူကြီးတော်တော်များများကတော့ classic ဖြစ်တာကို ပိုပြီးတန်ဖိုးထားနှစ်သက်ကြမယ်လို့ ထင်ပါတယ်ခင်ဗျာ။

(3) Aged 18 Years

သက်တမ်းမြင့်လေ ကောင်းလေဆိုတဲ့အယူအဆကို ဖယ်လိုက်မယ်ဆိုရင် ကျွန်တော်အကြိုက်ဆုံးသက်တမ်းက 18 နှစ်ပါ။ 18 နှစ်ထက်ငယ်တာတွေဆိုရင် distillery တွေက ရောင်းတန်းစျေးကိုပါကြည့်ပေးရတဲ့အတွက် စိတ်တိုင်းကျရောစပ်ဖန်တီး blend လို့ မရပြန်ပါဘူး။ ရောင်းတန်းကိုမကြည့်ဘဲ စိတ်တိုင်းကျရောစပ် blend ထားတဲ့ သက်တမ်းမြင့်တာတွေဆိုရင်လည်း စျေးနှုန်းအရ မြင့်လာမှာပါ။
Chivas မှာမှ မဟုတ်ပါဘူး၊ မည်သည့် whisky မှာမဆို 18 နှစ် သက်တမ်းက whisky brand တစ်ခုရဲ့ပုံရိပ်ကို အထင်ဟပ်ဆုံးပါပဲ။ ရောင်းတန်းလည်းဝင်မယ်၊ quality လည်းကောင်းမယ်၊ brand ရဲ့အရည်အသွေးလည်းပေါ်လွင်မယ်၊ entry level လည်းမကပဲနဲ့ ဘက်စုံအဆင်အပြေဆုံးက 18 နှစ် သက်တမ်းတွေ များပါတယ်ခင်ဗျာ။

(4) Cost-effective

ဂါရဝပြုကန်တော့တာပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်သုံးဆောင်တာပဲဖြစ်ဖြစ်၊ whisky ကိုရွေးချယ်မယ်ဆိုရင် ကိုယ်သုံးနိုင်တဲ့ ငွေပမာဏကို အဓိကကြည့်ရမှာပါ။ စျေးကွက်ထဲမှာ အများဆုံးတွေ့ရတာက 12 နှစ်၊ 15 နှစ်၊ 18 နှစ် သက်တမ်းတွေပါ။ 18 နှစ်က စျေးကွက်မှာအများဆုံးတွေ့ရတဲ့သက်တမ်းတွေထဲမှာ အမြင့်ဆုံးထဲပါပါတယ်။ အပေါ်မှာပြောခဲ့သလို ဘက်စုံလည်းအဆင်ပြေတယ်၊ premium လည်းဆန်တယ်၊ price နှင့် quality လည်းမျှတဲ့အတွက် Chivas 18 က ပေးရတဲ့စျေးနဲ့တန်ပြီး cost-effective ဖြစ်မှာပါခင်ဗျာ။

နိဂုံးချုပ်ရရင် လူကြီးတွေကို ဂါရဝပြုဖို့အတွက်ဆို cognac ကိုစဉ်းစားကြည့်ပါ။
Cognac ထက် whisky ထဲကပဲရွေးချင်တယ်ဆိုရင်တော့ လူသိများတဲ့ brand တွေထဲက သက်တမ်းပါတဲ့ whisky တွေကို ပိုဦးစားပေးရွေးချယ်စေချင်ပါတယ်။ (Whisky အကြောင်း သေချာမသိတဲ့သူတွေက တံဆိပ်နဲ့ သက်တမ်းကိုပဲ အဓိကကြည့်ကြလို့ပါ)
အဲ့ထဲကမှ price နှင့် quality မျှတာဆိုရင် 18 နှစ်သက်တမ်း whisky တွေကို အဓိကရွေးပါ။
ကျွန်တော့်အမြင်အရတော့ Chivas 18 ကို recommend ပေးပါတယ်ခင်ဗျာ။
Thank You 😊


ြောင်း
18


#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#မြစ်ကြီးနားမြို့

📞09400036537

ဘာလိုလဲဘာရှာလဲ   #ယုဇနရပ်ကွက်  #ပြည်ထောင်စုလမ်းမကြီး  #မြစ်ကြီးနားမြို့
09/10/2023

ဘာလိုလဲဘာရှာလဲ


#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#မြစ်ကြီးနားမြို့

Hello everyone    #ယုဇနရပ်ကွက်  #ပြည်ထောင်စုလမ်းမကြီး  #မြစ်ကြီးနားမြို့
04/10/2023

Hello everyone

#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#မြစ်ကြီးနားမြို့

ရောက်ရှိ   #ယုဇနရပ်ကွက်  #ပြည်ထောင်စုလမ်းမကြီး  #မြစ်ကြီးနားမြို့
04/10/2023

ရောက်ရှိ


#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#မြစ်ကြီးနားမြို့

25/09/2023

Hello

Glenfiddich 18 Years Small Batch Reserveမြန်မာပြည်က single malt ကြိုက်တဲ့သူတွေအတွက် Glenfiddich က မစိမ်းပါဘူး။Glenfiddic...
19/09/2023

Glenfiddich 18 Years Small Batch Reserve

မြန်မာပြည်က single malt ကြိုက်တဲ့သူတွေအတွက် Glenfiddich က မစိမ်းပါဘူး။
Glenfiddich ထဲကမှ 18 Years အကြောင်းလေး review ချင်ပါတယ် ခင်ဗျာ။

Glenfiddich 18 ဆိုတဲ့အတိုင်း 100% malted barley တွေကိုသုံးပြီး oloroso sherry casks နှင့် bourbon oak casks တွေထဲမှာ 18 နှစ်ကြာ aging လုပ်ထားတာပါ။ Limited edition small batch reserve မှာ ပိုပြီးထူးခြားတာရှိပါတယ်။ Malt Master Brian Kinsman ကိုယ်တိုင် 18 နှစ်ကြာ aging လုပ်ထားတာတွေထဲကမှ 150 casks ကိုပဲ သေချာပြန်ရွေးထုတ်ပါတယ်။ အဲ့ရွေးထားတာတွေထဲကမှ နည်းနည်းစီပြန်ခွဲပြီး small batch အနေနဲ့ သေချာနံပါတ်တပ်ပြီး 3 လ ထပ်ထားပါတယ်။ ပြီးမှ small batch reserve အနေနဲ့ ပုလင်းထည့်တာပါ။ ပုလင်းပေါ်မှာလည်း batch number ကို ရေးနှိပ်ထားပါတယ်ခင်ဗျာ။

Aroma - ပန်သီးရနံ့က smoky ဆန်ဆန်လေးနဲ့ ပြင်းပါတယ်။ Chocolate နံ့လေးကိုလည်း မသိမသာနဲ့ ခံစားရပါတယ်။ Aroma က smoky အပြင် spicy လည်း ဖြစ်ပါတယ်။ Spicy ဖြစ်တာကိုမှ cinnamon ရနံ့လေးကပါ ပါဝင်အားဖြည့်ထားပါသေးတယ်။ (Cinnamon ရနံ့က နှာခေါင်းကို glass နဲ့ နည်းနည်းခွါထားမှ ပိုခံစားမိမှာပါခင်ဗျာ။)

Taste - ဒီကောင်ကို ကြိုက်မိသွားတာ taste ပါ။ Taste က full-bodied ဖြစ်ပါတယ်။ Vanilla အရသာကို ထင်ရှားစွာ ခံစားရတယ်။ ပြီးရင် spicy လေးခံစားရတယ်။ Aroma တုန်းကရတဲ့ cinnamonအရသာလေး ပိုပေါ်လာတယ်။ Spicy & cinnamon အပြင် ဂျင်းအရသာလေးပါ ပါဝင်လာပါတယ်။ Taste က spice & robust ဖြစ်လာပြီး၊ robust ဖြစ်လာတဲ့ အရသာလေးကို caramel အရသာလေးရယ်၊ ပျားရည်အရသာလေးရယ်နဲ့ ပြန်ထိန်းထားပါတယ်။ Caramel & honey အရသာက အီစိမ့်လောက်အောင် မပြင်းပါဘူး။ Spicy ဖြစ်လို့ robust ဖြစ်ပေမယ့်လည်း ခြုံကြည့်လိုက်ရင် taste က rounded & soft ဖြစ်သွားပါတယ်။ အသီးမျိုးစုံရဲ့အရသာကိုလည်း ခံစားရတယ်။ အဲ့လို complex ဖြစ်တဲ့အရသာမျိုးစုံတွေက ပါးစပ်ထဲမှာ ချက်ချင်းပျောက်မသွားပါဘူး။ ကြာကြာလေးခံစားရပါတယ်။ Complex & long lasting လို့ပြောလို့ရပါတယ်။ ပြီးတော့ taste မှာ လုံးဝမခါးပါဘူးခင်ဗျာ။ ပြီးရင်တော့ single malt တို့ထုံးစံအတိုင်း smoky လေးနဲ့ taste ကို အဆုံးသတ်သွားပါတယ်။ Taste ကတော့ ကျွန်တော့်အတွက် လုံးဝအမိုက်ပါခင်ဗျာ။

Finish - finish မှာတော့ နည်းနည်းလေးခါးပါတယ်။ Toffee အရသာကိုလည်း ခံစားရနိုင်ပါတယ်။ Long aftertaste ဖြစ်ပါတယ်ခင်ဗျာ။

Appearance/Color - golden amber

ABV - 40%vol.

My Rating - 6.5/10 Stars ပါ။ (Like)

နိဂုံးချုပ်ရရင် smoky သမားတွေနဲ့ spicy သမားတွေအတွက်ကတော့ လုံးဝ recommend ပါတယ်ခင်ဗျာ။ single malt ကြိုက်တဲ့သူတွေဆိုရင်လည်း recommend ပေမယ့် အခုမှ single malt ကိုစမယ့်သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ အရမ်းမခါးဘူးဆိုပေမယ့်လည်း smoky & spicy ဖြစ်တာတွေက beginner တွေအတွက်လည်း အဆင်မပြေလောက်ပါဘူးခင်ဗျာ။

ဒီယမကာကို တစ်ကြောင်းတည်းနဲ့ အနှစ်ချုပ်ပြောဆိုရင် မ smooth သလိုလိုနဲ့ smooth တာပါခင်ဗျာ။
စစချင်းမှာ spicy ဖြစ်တာတွေက ညက်ညောမှုရဲ့ ဆန့်ကျင်ရာ robust ဘက်ကိုသွားပေမယ့် နောက်က soft ဖြစ်တာတွေနဲ့ balance လုပ်ပြီး ထိန်းသွားတော့မှ ညက်ညောမှုရဲ့ smooth ဖြစ်တာကို စခံစားရတာပါ။ အရသာအားလုံးကို မိအောင်ခံစားနိုင်မှ complex & rounded ရဲ့ smooth အရသာကို ခံစားနိုင်မှာပါ။ အာ့ကြောင့် ယမကာကောင်းတစ်ခုကို သေသေချာချာခံစားရင်း အေးအေးဆေးဆေး ဇိမ်ခံသုံးဆောင်ချင်တဲ့သူတွေအတွက်ကတော့ လုံးဝ recommend ပါခင်ဗျာ။

Glenfiddich 18 Years Small Batch Reserve

မြန်မာပြည်က single malt ကြိုက်တဲ့သူတွေအတွက် Glenfiddich က မစိမ်းပါဘူး။
Glenfiddich ထဲကမှ 18 Years အကြောင်းလေး review ချင်ပါတယ် ခင်ဗျာ။

Glenfiddich 18 ဆိုတဲ့အတိုင်း 100% malted barley တွေကိုသုံးပြီး oloroso sherry casks နှင့် bourbon oak casks တွေထဲမှာ 18 နှစ်ကြာ aging လုပ်ထားတာပါ။ Limited edition small batch reserve မှာ ပိုပြီးထူးခြားတာရှိပါတယ်။ Malt Master Brian Kinsman ကိုယ်တိုင် 18 နှစ်ကြာ aging လုပ်ထားတာတွေထဲကမှ 150 casks ကိုပဲ သေချာပြန်ရွေးထုတ်ပါတယ်။ အဲ့ရွေးထားတာတွေထဲကမှ နည်းနည်းစီပြန်ခွဲပြီး small batch အနေနဲ့ သေချာနံပါတ်တပ်ပြီး 3 လ ထပ်ထားပါတယ်။ ပြီးမှ small batch reserve အနေနဲ့ ပုလင်းထည့်တာပါ။ ပုလင်းပေါ်မှာလည်း batch number ကို ရေးနှိပ်ထားပါတယ်ခင်ဗျာ။

Aroma - ပန်သီးရနံ့က smoky ဆန်ဆန်လေးနဲ့ ပြင်းပါတယ်။ Chocolate နံ့လေးကိုလည်း မသိမသာနဲ့ ခံစားရပါတယ်။ Aroma က smoky အပြင် spicy လည်း ဖြစ်ပါတယ်။ Spicy ဖြစ်တာကိုမှ cinnamon ရနံ့လေးကပါ ပါဝင်အားဖြည့်ထားပါသေးတယ်။ (Cinnamon ရနံ့က နှာခေါင်းကို glass နဲ့ နည်းနည်းခွါထားမှ ပိုခံစားမိမှာပါခင်ဗျာ။)

Taste - ဒီကောင်ကို ကြိုက်မိသွားတာ taste ပါ။ Taste က full-bodied ဖြစ်ပါတယ်။ Vanilla အရသာကို ထင်ရှားစွာ ခံစားရတယ်။ ပြီးရင် spicy လေးခံစားရတယ်။ Aroma တုန်းကရတဲ့ cinnamonအရသာလေး ပိုပေါ်လာတယ်။ Spicy & cinnamon အပြင် ဂျင်းအရသာလေးပါ ပါဝင်လာပါတယ်။ Taste က spice & robust ဖြစ်လာပြီး၊ robust ဖြစ်လာတဲ့ အရသာလေးကို caramel အရသာလေးရယ်၊ ပျားရည်အရသာလေးရယ်နဲ့ ပြန်ထိန်းထားပါတယ်။ Caramel & honey အရသာက အီစိမ့်လောက်အောင် မပြင်းပါဘူး။ Spicy ဖြစ်လို့ robust ဖြစ်ပေမယ့်လည်း ခြုံကြည့်လိုက်ရင် taste က rounded & soft ဖြစ်သွားပါတယ်။ အသီးမျိုးစုံရဲ့အရသာကိုလည်း ခံစားရတယ်။ အဲ့လို complex ဖြစ်တဲ့အရသာမျိုးစုံတွေက ပါးစပ်ထဲမှာ ချက်ချင်းပျောက်မသွားပါဘူး။ ကြာကြာလေးခံစားရပါတယ်။ Complex & long lasting လို့ပြောလို့ရပါတယ်။ ပြီးတော့ taste မှာ လုံးဝမခါးပါဘူးခင်ဗျာ။ ပြီးရင်တော့ single malt တို့ထုံးစံအတိုင်း smoky လေးနဲ့ taste ကို အဆုံးသတ်သွားပါတယ်။ Taste ကတော့ ကျွန်တော့်အတွက် လုံးဝအမိုက်ပါခင်ဗျာ။

Finish - finish မှာတော့ နည်းနည်းလေးခါးပါတယ်။ Toffee အရသာကိုလည်း ခံစားရနိုင်ပါတယ်။ Long aftertaste ဖြစ်ပါတယ်ခင်ဗျာ။

Appearance/Color - golden amber

ABV - 40%vol.

My Rating - 6.5/10 Stars ပါ။ (Like)

နိဂုံးချုပ်ရရင် smoky သမားတွေနဲ့ spicy သမားတွေအတွက်ကတော့ လုံးဝ recommend ပါတယ်ခင်ဗျာ။ single malt ကြိုက်တဲ့သူတွေဆိုရင်လည်း recommend ပေမယ့် အခုမှ single malt ကိုစမယ့်သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ အရမ်းမခါးဘူးဆိုပေမယ့်လည်း smoky & spicy ဖြစ်တာတွေက beginner တွေအတွက်လည်း အဆင်မပြေလောက်ပါဘူးခင်ဗျာ။

ဒီယမကာကို တစ်ကြောင်းတည်းနဲ့ အနှစ်ချုပ်ပြောဆိုရင် မ smooth သလိုလိုနဲ့ smooth တာပါခင်ဗျာ။
စစချင်းမှာ spicy ဖြစ်တာတွေက ညက်ညောမှုရဲ့ ဆန့်ကျင်ရာ robust ဘက်ကိုသွားပေမယ့် နောက်က soft ဖြစ်တာတွေနဲ့ balance လုပ်ပြီး ထိန်းသွားတော့မှ ညက်ညောမှုရဲ့ smooth ဖြစ်တာကို စခံစားရတာပါ။ အရသာအားလုံးကို မိအောင်ခံစားနိုင်မှ complex & rounded ရဲ့ smooth အရသာကို ခံစားနိုင်မှာပါ။ အာ့ကြောင့် ယမကာကောင်းတစ်ခုကို သေသေချာချာခံစားရင်း အေးအေးဆေးဆေး ဇိမ်ခံသုံးဆောင်ချင်တဲ့သူတွေအတွက်ကတော့ လုံးဝ recommend ပါခင်ဗျာ။



#ယုဇနရပ်ကွက်
#မြစ်ကြီးနားမြို့
#ပြည်ထောင်စုလမ်းမကြီး

အရက်၊ ဘီယာ၊ ဝိုင် တစ်နေ့ကို ကျန်းမာရေးဂရုစိုက်တဲ့အနေနဲ့ဘယ်လောက်ပမာဏထိ သောက်လို့ရလဲ...? နည်းအမျိုးမျိုး နဲ့ ခေါင်းစဉ်အမျိ...
18/09/2023

အရက်၊ ဘီယာ၊ ဝိုင် တစ်နေ့ကို ကျန်းမာရေးဂရုစိုက်တဲ့အနေနဲ့ဘယ်လောက်ပမာဏထိ သောက်လို့ရလဲ...?

နည်းအမျိုးမျိုး နဲ့ ခေါင်းစဉ်အမျိုးမျိုး ကြောင့် ယနေ့ခေတ်မှာ သောက်တာပာာ အခုနောက်ပိုင်း လူတွေအတွက်က ရေဝယ်သောက် သလို ဖြစ်လာပါပြီ။ ဒါပေမဲ့ သောက်တဲ့ နေရာမှာ သတ်မှတ်ချက်လေး တစ်ခုတော့ရှိသင့်ပါတယ်။ သတ်မှတ်ချက် ကလည်း ယောင်္ကျား နဲ့ မိန်းမ မတူပါ။

1. Whiskey (40% alcohol) အမျိုးသားတွေ က တစ်နေ့ကို ၆၀ မီလီလီတာ ထက်ပိုမသောက်သင့်ပါဘူး။ အမျိုးသမီးတွေ ကတော့ ၃၀ မီလီလီတာ ထက်မပိုသင့်ပါဘူး။

2. Beer (5% alcohol) အမျိုးသားတွေက တစ်နေ့ကို နှစ်ခွက် (720 ml) အမျိုးသမီးတွေ က တစ်ခွက်(360 ml) ထက်မပိုသင့်ပါဘူး။

3. Wine (12% alcohol) အမျိုးသားတွေ က တစ်နေ့ ကို ၃၀၀ မီလီလီတာ ထက်မပိုသင့်သလို အမျိုးသမီးတွေ ကတော့ ၁၅၀ မီလီလီတာ ထက် မပိုသင့်ပါဘူး။



#ယုဇနရပ်ကွက်
#မြစ်ကြီးနားမြို့
#ပြည်ထောင်စုလမ်းမကြီး

📞09400036537

ခပ်မိုက်မိုက် လေးနော်ပြတ်တုန်းလပ်တုန်းစျေးတန်းလေး   #ယုဇနရပ်ကွက်  #ပြည်ထောင်စုလမ်းမကြီး  #မြစ်ကြီးနားမြို့
18/09/2023

ခပ်မိုက်မိုက် လေးနော်
ပြတ်တုန်းလပ်တုန်း
စျေးတန်းလေး


#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#မြစ်ကြီးနားမြို့

ဂုဏ်ပြု ကြပါ
13/09/2023

ဂုဏ်ပြု ကြပါ

သဘာဝ ဆေးမြစ်တွေနဲ့ဆန်အရက်စစ်စစ်ကိုသာအသုံးပြုထားပါသည်ထမင်းစားခါနီးတခွက်လောက်သောက်ပေးရုံဖြင့်သိသိသာသာအားအင်ပြည့်ဖြိုးလာပါမ...
12/09/2023

သဘာဝ ဆေးမြစ်တွေနဲ့
ဆန်အရက်စစ်စစ်
ကိုသာအသုံးပြုထားပါသည်
ထမင်းစားခါနီး
တခွက်လောက်သောက်ပေးရုံဖြင့်
သိသိသာသာအားအင်
ပြည့်ဖြိုးလာပါမည်
လိုအပ်လို့မှာယူခြင်ပါက


#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#မြဝတ်ရည်ကုန်စုံဆိုင်အနီး
#မြစ်ကြီးနားမြို့

📞09400036537

10/09/2023


#မြစ်ကြီးနားမြို့
#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး

10/09/2023

စိပ်အပန်းဖြေ

ကျားအားတိုးဆေး
10/09/2023

ကျားအားတိုးဆေး

Cotai လေး သောက်ပြီး chill လိုက်ကြရအောင် ကာ ကာတို့  #မြစ်ကြီးနားမြို့  #ယုဇနရပ်ကွက်  #ပြည်ထောင်စုလမ်းမကြီး  #မြဝတ်ရည်ကုန်...
08/09/2023

Cotai လေး သောက်ပြီး chill
လိုက်ကြရအောင် ကာ ကာတို့


#မြစ်ကြီးနားမြို့
#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#မြဝတ်ရည်ကုန်စုံဆိုင်အနီး
📞📞09400036537

Ballantine’s 12Covid အတွက်ဆိုပြီး ယမကာရယ် ရှောက်သီးရယ်နဲ့ ဖျော်စပ်တဲ့ ဆေးနည်းကိုတော့ ကြားဖူးကြမယ်ထင်ပါတယ်။ အမှန်အတိုင်းပ...
05/09/2023

Ballantine’s 12

Covid အတွက်ဆိုပြီး ယမကာရယ် ရှောက်သီးရယ်နဲ့ ဖျော်စပ်တဲ့ ဆေးနည်းကိုတော့ ကြားဖူးကြမယ်ထင်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် Ballantine’s 12 ကို အခုမှ သုံးဆောင်ဖူးတာပါခင်ဗျာ။ ကျွန်တော့်ဦးလေးတစ်ယောက်က ဆေးဖျော်ဖို့ဆိုပြီး မေးရင်းနဲ့ ကျွန်တော်သုံးဆောင်ကြည့်ဖြစ်သွားတာပါ။

မြန်မာပြည်မှာက သက်တမ်း 12 Years ဆိုရင် ဆရာကြီး ၂ ဆူရှိပြီးသားပါ။ Johnnie Walker Black နှင့် Chivas Regal 12 ပါ။ မြန်မာမှာရော ကမ္ဘာမှာပါ JW က အအောင်မြင်ဆုံးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Chivas က ကမ္ဘာမှာ Ballantine’s လောက် ရောင်းအားမကောင်းပါဘူး။ ဒီနောက်ပိုင်းဆို Chivas က အဆင့် ၄ / အဆင့် ၅ လောက်အထိကို ပြုတ်ကျသွားပေမယ့် Ballantine’s က ကမ္ဘာမှာ JW ပြီးရင် အဆင့် ၂ ရောင်းအားအကောင်းဆုံးပါပဲ။ (Europe မှာဆို Ballantine’s ကို အဆင့် ၁ လို့တောင် ပြောကြပါတယ်ခင်ဗျာ)
Ballantine’s ကော၊ Chivas ကောက Pernod Ricard ကုမ္ပဏီလက်အောက်ကပါ။

Aroma - ရနံ့က sweet ဖြစ်ပါတယ်။ ပျားရည်ရနံ့လေးရယ်၊ ပန်းမျိုးစုံရနံ့လေးရယ်၊ vanilla ရနံ့လေးရယ် ပေါင်းစပ်ထားတာက aroma ကို sweet ဖြစ်စေရုံမက creamy & smooth ပါ ဖြစ်စေပါတယ်ခင်ဗျာ။ ဆေးဖက်ဝင်အပင်တွေရဲ့ စူးရှတဲ့ herbal spice ရနံ့လေးကလည်း aroma ကို ပိုပြီးလေးနက်စေပါတယ်။ Aged 12 Years ဆိုတဲ့အတိုင်း တချက်တချက် oak ရနံ့လေးကိုလည်း ခံစားရပါသေးတယ်ခင်ဗျာ။

Taste - ပျားရည်တွေရဲ့ အချိုလေးရယ်၊ vanilla ရဲ့ creamy and smooth လေးရယ်က taste မှာ ပိုပေါ်လွင်လာပါတယ်။ ဆေးဖက်ဝင်အပင်တွေရဲ့ herbal အရသာက oaky ဖြစ်တဲ့အရသာနဲ့အတူ ထင်ရှားပေါ်လွင်လာပါတယ်။ ခါးသက်သက် bitterness အရသာလေးကလည်း နောက်ကနေ ပါဝင်နေပါသေးတယ်။ သူတို့ကုမ္ပဏီက floral flavors လို့ပြောပေမယ့် ကျွန်တော့်အတွက်တော့ floral & bitterness ကိုတွဲပြီး herbal နဲ့ ပိုတူသလိုခံစားရပါတယ်ခင်ဗျာ။

Finish - အဆုံးသတ်က တော်တော်ကို သိသိသာသာကြာပါတယ်။ မသိမသာချိုတာလေးရယ် မသိမသာ spicy ဖြစ်တာလေးရယ်က သူ့ရဲ့ refreshing bitterness ကိုကျော်မိုးနိုင်ခြင်းမရှိပါဘူး။ Smoky ဖြစ်တာကလည်း မသိသာလှပါဘူးခင်ဗျာ။

ABV - 40%

Beginner တွေအတွက် ပြဿနာဖြစ်စေတာက သူ့ရဲ့ bitterness ခါးသက်သက်အရသာပါ။ On the rock လိုမျိုး သုံးဆောင်ရင်တောင် တခြား flavors တွေက ပျော့သွားပေမယ့် bitterness က သိသိသာသာ လျော့သွားခြင်းမရှိပါဘူး။ အခါးကြောက်တဲ့သူ / beginner တွေကိုတော့ recommend မပေးပါဘူး။

တကယ်တော့ ဒီ Ballantine’s 12 က Ballantine’s Finest ထက်စာရင် အရသာ ပိုပြီးလေးနက်ညက်ညောပါတယ်။ ပိုကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် bitterness ကြောင့် Johnnie Walker Black လောက် smooth မဖြစ်သလို ဖြစ်နေတာပါ။ Ballantine’s 12 က creamy sweet ဖြစ်တာကို herbal character နဲ့တွဲပြီး luxury ဆန်ဆန် အရသာမျိုးထွက်အောင် balance လုပ်ဖန်တီးထားတာပါ။ အခါးကြောက်တဲ့သူတွေအတွက် balance ပျက်သလိုဖြစ်ပြီး bitterness ကထင်းထွက်လာသလို ဖြစ်တာပါခင်ဗျာ။

Smooth ဖြစ်တဲ့ ညက်ညောမှုကို အဓိကမထားတဲ့သူ / whisky အရသာပေါင်းစုံကို လေးလေးနက်နက်ခံစားကြည့်ချင်တဲ့သူ / Ballantine’s Finest ကိုကြိုက်လို့ နောက်တစ်မျိုးထပ် try ကြည့်ချင်တဲ့သူ ဆိုရင်တော့ Ballantine’s 12 ဟာ သုံးဆောင်ကြည့်သင့်တဲ့ whisky တစ်ခုလို့တိုက်တွန်းရင်း နိဂုန်းချုပ်ပါရစေခင်ဗျာ။

Thank You 😊

ြောင်း

ဘာလိုလဲဘာရှာလဲအကြမ်းလားအနုလားအငွေ့လားအတွေ့လားBaby ကြိုက်တာပြော  One (Liquor store) #မြစ်ကြီးနားမြို့  #ပြည်ထောင်စုလမ်းမက...
02/09/2023

ဘာလိုလဲဘာရှာလဲ
အကြမ်းလားအနုလား
အငွေ့လားအတွေ့လား
Baby ကြိုက်တာပြော

One (Liquor store)
#မြစ်ကြီးနားမြို့
#ပြည်ထောင်စုလမ်းမကြီး
#ယုဇနရပ်ကွက်
#မြဝတ်ရည်ကုန်စုံဆိုင်အနီး

📞📞09400036537

Black Label လေးသောက်Pod လေးကိုရှိုက်ပြီးပြည့်စုံတဲ့  S One(Liquor Store) #မြစ်ကြီးနားမြို့  #ယုဇနရပ်ကွက်  #ပြည်ထောင်စုလမ...
31/08/2023

Black Label လေးသောက်
Pod လေးကိုရှိုက်
ပြီးပြည့်စုံတဲ့

S One(Liquor Store)
#မြစ်ကြီးနားမြို့
#ယုဇနရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီး
#မြဝတ်ရည်ကုန်စုံဆိုင်အနီး

📞📞📞09400036537

ကျားအားတိုးဆေး လည်းရနေပီနော်
30/08/2023

ကျားအားတိုးဆေး လည်းရနေပီနော်

DလိုDလိုလှလို့ချစ်တယ်
29/08/2023

DလိုDလိုလှလို့ချစ်တယ်

Address

No. 113, Union Road, Yuzana Qtr
Myitkyina

Opening Hours

Monday 08:30 - 23:00
Tuesday 08:30 - 23:00
Wednesday 08:30 - 23:00
Thursday 08:30 - 23:00
Friday 08:30 - 23:00
Saturday 08:30 - 23:00
Sunday 08:30 - 23:00

Telephone

+959400036537

Website

Alerts

Be the first to know and let us send you an email when JS One Liquor store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Wine, Beer & Spirits Stores in Myitkyina

Show All

You may also like