Htun Liquor Store

Htun Liquor Store Htun အဖျော်ယမကာလက်လီလက်ကားအရောင်းဆိုင်

25/04/2024
New Year မှာ မိဘတွေ ဖြစ်စေချင်တဲ့အတိုင်း ဖြတ်သန်းကြစို့🥂
31/12/2023

New Year မှာ မိဘတွေ ဖြစ်စေချင်တဲ့အတိုင်း ဖြတ်သန်းကြစို့🥂

:V
14/12/2023

:V

၂ နာရီခွဲအတွင်း ဘီယာ ၁၂၅၄ ခွက်သောက်ပြီး ဂျာမနီခရီးသွားတစ်စု စပိန်မှာ စံချိန်သစ်တင်စပိန်နိုင်ငံ မာယော့ကာကျွန်းကို အလည်အပတ...
04/11/2023

၂ နာရီခွဲအတွင်း ဘီယာ ၁၂၅၄ ခွက်သောက်ပြီး ဂျာမနီခရီးသွားတစ်စု စပိန်မှာ စံချိန်သစ်တင်

စပိန်နိုင်ငံ မာယော့ကာကျွန်းကို အလည်အပတ်လာရောက်ခဲ့တဲ့ ဂျာမနီနိုင်ငံသား ၅၅ ယောက်ဟာ ၂ နာရီခွဲအတွင်း ဘီယာ ၁၂၅၄ ခွက်သောက်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ ယမကာခရီးသည်များမြို့တော်လို့ ဝေဖန်ခံရလေ့ရှိတဲ့ Playa de Palma ကမ်းခြေမှာ ဂျာမနီနိုင်ငံသားတွေက စံချိန်သစ်တင်ခဲ့ကြတာပါ။

တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ မသိကျွမ်းကြတဲ့ ဂျာမနီနိုင်ငံသားတွေက WhatsApp ဂရုတွေကတစ်ဆင့် စုပေါင်းစံချိန်တင်ဖို့ စီစဉ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ဇူလိုင်လမှာ ဂျာမနီခရီးသွားတစ်စုက ၃ နာရီအတွင်း ဘီယာ ၁၁၁၁ ခွက်သောက်ပြီး ကမ္ဘာ့စံချိန် တင်ခဲ့ကြဖူးပါတယ်။

ဂျာမနီနိုင်ငံသား ၅၅ ယောက်ဟာ နံနက် ၁၀ ခွဲကစကာ စံချိန်သစ်တင်ဖို့ ကြိုးပမ်းခဲ့ကြပြီး မွန်းလွဲ ၁ နာရီအချိန်မှာ ဘီယာခွက်ပေါင်း ၁၂၅၄ ခွက် သောက်နိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့ မျှော်မှန်းထားတာထက် ၁ နာရီ ပိုကြာပေမဲ့ စံချိန်ဟောင်းထက် ခွက် ၁၀၀ ကျော် သာလွန်ခဲ့ပါတယ်။ သူတို့ရဲ့စံချိန်ချိုးမယ့် ကြိုးပမ်းမှုအတွက် ဘီယာဖိုး ကုန်ကျစရိတ်ကတော့ ယူရို ၂၃၈၀ ( ဒေါ်လာ ၂၅၃၄) ကျသင့်ခဲ့ပါတယ်။

ပျမ်းမျှအားဖြင့် အချိန် ၂ နာရီခွဲအတွင်း လူတစ်ဦးကို ဘီယာ ၂၂ ခွက်စီ သောက်ခဲ့တာဖြစ်ပြီး တချို့ကတော့ တစ်နာရီအတွင်း အနည်းဆုံး ဘီယာ ၁၀ ခွက် ကုန်အောင် သောက်နိုင်ခဲ့ပါတယ်။

Ref: World Record – German Tourists Drink 1,254 Beers in 3 Hours
Team ( ရိုးရာလေး)

 #အရက်စတင်သောက်သုံးသူများ_ကျူးလွန်လေ့ရှိကြတဲ့_အမှား၅ချက်အရက်စတင်သောက်သုံးသူများသည် ခက်ခဲရှုပ်ထွေးစွာ ချက်လုပ်ထားသော အဖျေ...
08/07/2023

#အရက်စတင်သောက်သုံးသူများ_ကျူးလွန်လေ့ရှိကြတဲ့_အမှား၅ချက်

အရက်စတင်သောက်သုံးသူများသည် ခက်ခဲရှုပ်ထွေးစွာ ချက်လုပ်ထားသော အဖျော်ယမကာများနှင့် ပက်သက်၍ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကို ဝါရင့်သောက်သုံးသူများမှတဆင့် တဆင့်စကား တဆင့်ကြားဖြင့် လက်ဆင့်ကမ်း မှတ်သားနာယူခဲ့ကြပြီးဖြစ်သည်။ သို့သော်လည်း အချို့သော ကိစ္စရပ်များအနေဖြင့်မူ ဂရုမပြုမိဘဲ အမှားများကို အရက်သောက်သည့်အခါတိုင်း ကျူးလွန်မိလျက်သား ဖြစ်နေလေ့ရှိသည်။ ထို့ကြောင့် ဂရုမပြုမိဘဲ ကျူးလွန်လေ့ရှိတဲ့ အမှား၅ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

#ခွက်ရွေးချယ်ခြင်း

အဖျော်ယမကာများ သောက်သုံးရန်အကောင်းဆုံးသော ခွက်အမျိုးအစားမှာ ဖန်ခွက်ဖြစ်ပါတယ်။ ဖန်ခွက်ဟာ ကြည်လင်ပြီး ထွင်းဖောက်မြင်နိုင်သောကြောင့် ဝီစကီ၏ အရောင်များကို မျက်လုံးဖြင့် ဦးစွာခံစားနိုင်ပါတယ်။ ဒါ့အပြင် ခွက်အတွင်း မသန့်ရှင်းသည့် အမှိုက်သရိုက် အညစ်အကြေးများ ပါဝင်မှု ရှိ/မရှိကိုလည်း ဆန်းစစ်နိုင်ပါသေးတယ်။ ထို့နောက် မည်သည့်အရက်အမျိုးအစားကို သောက်သုံးသည်ဖြစ်စေ သောက်သုံးမည့် အရက်အမျိုးအစားကိုလိုက်လို့ ခွဲခြားထားသည့် ခွက်အမျိုးအစားကို ထပ်မံရွေးချယ်ပါ။ * ဥပမာ ဝီစကီ ဆိုလျှင် Whisky Tumbler၊ ဘရန်ဒီ ဆိုလျှင် Snifter Glass တို့ကိုရွေးချယ်ပါ။ မည်သည့်အခါမျှ ဝီစကီကို ဒန်ခွက်၊ ကော်ခွက်တို့ဖြင့် ထည့်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

#ရေခဲ

အရသာရဲ့ ၈၀%ဟာ အနံ့ဖြစ်ပါတယ်။ အရည်တစ်မျိုးမျိုး၏ အပူချိန်ကို လျှော့ချလိုက်တဲ့အခါမှာ ထိုအရည်၏ အငွေ့ပျံမှု လျော့နည်းသွားပြီး အနံ့ထွက်မှု နည်းပါးသွားမည်ဖြစ်သည်။ ထို့ကြောင့် ဝီစကီထဲကို ရေခဲထည့်ခြင်းဟာ အေးမြလန်းဆန်းခြင်းကို ဖြစ်ပေါ်လာစေသော်လည်း အချို့သော မွှေးရနံ့များကို ငုပ်လျှိုးပျောက်ကွယ်သွားစေနိုင်ပါတယ်။ ဒီနေရာမှာကြားဖြတ်ပြောလိုတာက ရေခဲထည့်/မထည့်ဆိုတာကို အတိအကျသတ်မှတ်ထားခြင်းမရှိဘဲ မွှေးရနံ့ ပျောက်ဆုံးသွားနိုင်သည့် အခြေအနေကို ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။

အရေးအကြီးဆုံးအချက်မှာ ဖန်ခွက်အတွင်းသို့ ရေခဲအရင်ထည့်ပြီးမှ အရက်ကို ရေခဲအပေါ်မှ ဖြည်းညင်းငြင်သာစွာ လောင်းထည့်ဖို့ပဲဖြစ်ပါတယ်။ အချို့ အမှားလုပ်သူများဆိုလျှင် အရက်အရင်ထည့်ပြီးမှ ရေခဲကိုနောက်မှထည့်ကြလေ့ရှိပါတယ်။ ရေခဲထည့်သောက်ခြင်းအတွက် အမြင်သာဆုံးစကားလုံးမှာ ဖြစ်ပြီး ဖန်ခွက်အတွင်းသို့ ရေခဲအရင်ထည့်ပြီးမှ အရက်ငှဲ့လေ့ရှိကြပါတယ်။

#ရေ

ဝီစကီထဲကို ရေအနည်းငယ်ရောထည့်ခြင်းက ခံစားချက်အတွေ့အကြုံကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။

စတင်သောက်သုံးချိန်မှာ ဝီစကီပမာဏအများအပြား၏ ပူစပ်သော အစွမ်းကြောင့် သောက်သုံးသူအများစုမှာ ဆက်လက်သောက်သုံးရန် တွန့်ဆုတ်သွားကြလေ့ရှိပါတယ်။ ထို့ကြောင့် ရေအနည်းငယ်ထည့်ခြင်းဖြင့် အရက်၏ပူစပ်လောင်ကျွမ်းမှုကို ပျော့ပျောင်းစေပြီး အရက်၏အရသာကို ဖွင့်ပေးနိုင်ပါတယ်။ သောက်သက်ကြာလာသည်နှင့်အမျှ ထည့်သွင်းသည့် ရေပမာဏကို တဖြည်းဖြည်းချင်း လျှော့ချလိုပေလိမ့်မည်။ ထိုမှတဆင့် အရက်ထဲတွင်ပေါင်းစပ်ပါဝင်နေသည့် အရသာမှတ်စုအမျိုးမျိုးကို အာခံတွင်းခံစားချက်များကို အမှန်တကယ် ခံစားနိုင်မည်ဖြစ်သည်။

#အရက်အမျိုးအစား/ #အမှတ်တံဆိပ်တစ်မျိုးတည်းကိုသာ_သောက်သုံးခြင်း

ဝီစကီသည် ကမ္ဘာပေါ်တွင် အမျိုးအစားအစုံလင်ဆုံးသော ယမကာတစ်မျိုးဖြစ်သည်။ ထို့ကြောင့် အရက်အမျိုးအစားတစ်မျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင် မသိသေးသော အမျိုးအစားကိုပါ စမ်းသပ်သောက်သုံးခြင်းက စွန့်စားရာကျပါလိမ့်မယ်။ မည်သို့ပင်ဆိုစေကာမူ အမှတ်တံဆိပ်အသစ်၊ အမျိုးအစားအသစ်ကို စွန့်စားပြီး သောက်သုံးရန် မကြိုးစားပါက အသစ်အဆန်းများကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သင်နှစ်သက်သော အရက်အမျိုးအစားများ၊ ရနံ့နှင့် အရသာအမျိုးမျိုးကို ပုလင်းများတွင်ရှာဖွေရန် သော့ချက်မှာ အရက်အမျိုးအစားစုံကို မြည်းစမ်းသောက်သုံးခြင်းပင်ဖြစ်သည်။

#အရက်ပုလင်းများကို_မှားယွင်းစွာသိမ်းဆည်းခြင်း

ကျွန်တော်တို့ စုဆောင်းထားသည့် အရက်ပုလင်းများကို အိမ်/ရုံးတွင် အလှပြသကြလေ့ရှိပါတယ်။ ထိုကဲ့သို့ အလှပြရာတွင် အရက်ပုလင်းများကို နေရောင်ခြည်တိုက်ရိုက်ကျရောက်သောနေရာများကို ဦးစားပေးရှောင်ရှားဖို့လိုပါတယ်။ နေရောင်ခြည်ဟာ ဖန်ပုလင်းအတွင်းမှ အယ်လ်ကိုဟောလ်ဓာတ်ပေါင်းများကို ပြိုကွဲစေပြီး ရှာလကာရည်အဆင့်သို့ ပြောင်းလဲသွားစေပါတယ်။ ထို့ကြောင့် မည်သည့် အဖျော်ယမကာကိုမဆို ပုံမှန်အခန်းအပူချိန်အတွင်း နေရောင်ခြည်တိုက်ရိုက်မကျရောက်နိုင်သည့် မှောင်မိုက်သည့်နေရာတွင်သာ သိမ်းဆည်းသင့်ပါတယ်။


#ယမကာသုတေသီ_တင်အောင်လွင်
OP
https://www.facebook.com/100072360353170/posts/292284586526884/?mibextid=Nif5oz

Whisky Vs Whiskey ?Whiskyကို Malt တွေ Grain တေနဲ့ချက်တယ်Whisky တေကို ပထမဆုံးစချက်တဲ့နိုင်ငံက Ireland နိုင်ငံက Iris လူမျိ...
07/07/2023

Whisky Vs Whiskey ?

Whiskyကို Malt တွေ Grain တေနဲ့ချက်တယ်Whisky တေကို ပထမဆုံးစချက်တဲ့နိုင်ငံက Ireland နိုင်ငံက Iris လူမျိုးတေ စချက်တာ ။ ဒါပေမယ့် သူတို့ချက်တုန်းက နာမည်မကြီးဘူး ။ နောက်ပိုင်း Scotland နိုင်ငံ မှာရှိတဲ့ Gaelic ဆိုတဲ့လူမျိုးတေ က နေ Whisky ကို စချက်ကြတယ်။ စချက်တုန်း ကနာမည်ကို Usiage Batcheous Skines ဆိုပီး ချက်တာ။ နောက် မှ ။ Whisky ဆိုပီး ဖြစ်လာတာ။ သူတို့က IAA မှာမှတ်ပုံတင်ပီးသား သူတို့တနိုင်ငံတည်းသာ
Whisky ဆိုပီးချက်ခွင့် ရှိတာ။ သူတို့နဲ့ စီးပွားရေး၊လူမှုရေး၊နိုင်ငံရေး စတာတေနဲ့ လာပက်သက်ရင်
Whisky ဆိုပီးချက်ခွင့်ရှိတယ်။ ပထမဆုံး ပက်သက်တဲ့နိုင်ငံက Japan နိုင်ငံဖြစ်တယ် ။JapanကWhiskyတေလည်းသောက်လို့ကောင်းတယ်။ ကမ္ဘာပေါ်မှာ Whisky ဆိုပီးထွက်လာတာ တေဟာ Scotland နိုင်ငံ နဲ့ပက်သက်ထားလို့ ချက်ခွင့် ရှိတာ။ သူတို့ဆီက Fermented လုပ်ထားတဲ့ maltတေGrainတေ ယူသုံးထားလို့ ။
Whisky မှာ Alchol percent က 40 %to 46 % ရှိတယ် ။ သုံးနှစ်လောက် အနည်းဆုံးသက်တမ်းယူကြတယ် ။ Whisky မှာ နှစ်မျိုး ရှိတယ်
-Single malt whisky (100% maltတမျိုးတည်းပါတယ် ၊ စက်ရုံတစ်နေရာထဲက ချက်လုပ်ထား၊ ရောနှောမှု မရှိဘူး
- vatted (or) maried whisky လည်း ရှိတယ် ။သူကကျေတော့ Grainတေ ရော maltတေရော ရောနှောထားတာ
အဲ့တာကို ၅မျိူးပြန်ခွဲ လို့ရတယ်
-single malt whisky (၁၀၀%malt တမျိုးတည်း၊တနေရာတည်းကချက်၊မရောနှောဘူး,ဈေးကြီးပီးရှားပါး )
-single grain whisky( Grainနဲ့ပဲချက်၊ဈေးပေါ ၊ပေါများ)
-vatted pure (0r) blended malt whisky
(maltတေ ၂ မျိုး၃မျိုးရောထားတာ)
-vatted grain (0r) blended grain whisky
(grain 2မျိူး ၃မျိုးရောထား)
-blended whisky
(malt+grain ရောထား)
Whiskyတေကို Scotlandနိုင်ငံရဲ့နေရာငါးခုက အဓိကထုတ်တယ်
Highland
Lowland
Islay
Spicside
Cambeldown
Borboun Whisky
-U.S.A ကထုတ်
-grain တေနဲ့ချက် ထူးခြားတာက Corn 51%ထိပါ
-distill လုပ်တဲ့အခါ Alc 80% မကျော်ရဘူး
-carrel oak caskတေမှာ သက်တမ်းယူတယ်
-စည်ပိုင်းတေမှာ သက်တမ်းယူ တဲ့အခါ Alc62.5 ထက် မ‌ကျော်ရဘူး
-natural waterကိုပဲ အသုံးပြုတယ်
-2 နှစ်သက်တမ်း ယူ တယ်
-distill 3ကြိမ်လုပ်တယ်
- ၄နှစ် နှငိ့အထက်သက်တမ်းယူရင် ပုလင်းတေမှာဖော်ပြရတယ်
USAတောင်ပိုင်းက ထုတ် Tenessy Whisky (Bourbon) ဈေးကွတ်ထဲပေါ များတယ်
မြောက်ပိုင်းက ထုတ် တာက Kentucky ( Bourbon)
ဈေကြီးပီး ရှားပါး ပါတယ်

အိုင်ယာလန် နဲ့အမေရိကန်ကဘဲဝီစကီကိုWhiskey လို့ပေါင်းပါတယ်။အကြောင်းက အမေရိကန်မှာဝီစကီကိုစချက်တာအိုင်းရစ်တွေမို့ပါ။ ထင်ရှားသာဓကအနေနဲ့ အိုင်ယာလန်ကျေးလက်ရိုးရာ the Dubliners ရဲ့သီချင်းခေါင်းစဉ်က Whiskey in the jar ၊အဲ့ဒါကိုကာဗာတဲ့အိုင်းရစ်band Thin Lizzy ကလဲအဲ့လိုဘဲပေါင်းတော့ ကောက်စားတဲ့ Metallica လဲအဲ့လိုဘဲပေါင်း။
ကျန်တဲ့နိုင်ငံအကုန် Whisky လို့ပေါင်းပြီးဗျိတိသျှတပြည့်ခံကြပါတယ်။ ဥပမာ Germany , Iceland ကလဲWhisky လို့ဘဲပေါင်းပါတယ်။ နိုင်ငံနာမည်မှာ e ပါခြင်းမပါခြင်းနဲ့မဆိုင်။

လိုအပ်တာလေးတွေရှိခဲ့ရင်လဲ comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဗျ

Tower ဆိုရပီး
10/06/2023

Tower ဆိုရပီး

မိုးဇလ က အခု မုန်တိုင်းသတိပေးချက် "အညိုရောင်အဆင့်"ကို ကြေငြာထားပါတယ် "အစိမ်းရောင်အဆင့်"ရောက်မှ အိမ်ပြင်ထွက်ကြပါ။နိုင်ငံထ...
14/05/2023

မိုးဇလ က အခု မုန်တိုင်းသတိပေးချက် "အညိုရောင်အဆင့်"ကို ကြေငြာထားပါတယ် "အစိမ်းရောင်အဆင့်"ရောက်မှ အိမ်ပြင်ထွက်ကြပါ။
နိုင်ငံထဲက နေရာအားလုံး သတိထားကြပါ။ မုန်တိုင်းအဖျားခတ်ဧရိယာထဲမပါလဲ မုန်တိုင်းအရွယ်အစားနဲ့လေတိုက်နှုန်းပြင်းထန်တာကြောင့် ဘယ်နေရာမဆိုအန္တရာယ်ရှိပါတယ်။

ကော်ဖီမှုန့်လိုမျိုး ရေနဲ့ အသင့်ဖျော်သောက်နိုင်မယ့် ဘီယာမှုန့်ကို ဂျာမန်ဘီယာချက်စက်ရုံက တီထွင်ပုံမှန် ဘီယာတွေလို အမြှုပ်...
25/03/2023

ကော်ဖီမှုန့်လိုမျိုး ရေနဲ့ အသင့်ဖျော်သောက်နိုင်မယ့် ဘီယာမှုန့်ကို ဂျာမန်ဘီယာချက်စက်ရုံက တီထွင်

ပုံမှန် ဘီယာတွေလို အမြှုပ်ထ၊ အရသာရှိပြီး ကော်ဖီမှုန့်လိုမျိုး ရေနဲ့ အသင့်ဖျော်သောက်နိုင်မယ့် ဘီယာမှုန့်ကို ဂျာမန်ဘီယာချက်စက်ရုံဖြစ်တဲ့ နော့ဇယ်လဲ ခလို့စ်တက်ဘွိုင် က ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။

နော့ဇယ်လဲ ခလို့စ်တက်ဘွိုင် ဟာ နှစ်ပေါင်း ၅၀၀ နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ဘီယာချက်စက်ရုံဖြစ်ပါတယ်။ ဘီယာကြိုက်သူတွေဟာ သူတို့ထုတ်ထားတဲ့ ဘီယာမှုန့်အနည်းငယ်ကို ဖန်ခွက်ထဲထည့်၊ ရေနဲ့ရောပြီး မွှေလိုက်ရုံဖြင့် အသင့်သောက် ဘီယာတစ်ခွက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါဟာ ဘီယာဈေးကွက်ကို ပြောင်းလဲစေမယ့် ဖန်တီးမှုကြီးပါ။ အခုလက်ရှိ ဘီယာဈေးကွက်မှာ ကုမ္ပဏီတွေဟာ ဘီယာကို သူတို့နိုင်ငံမှာ သူတို့ရေနဲ့ ချက်လုပ်ပြီး သံဘူး ဒါမဟုတ် ပုလင်းတွေနဲ့ ထုပ်ပိုးကာ ဝယ်လက်တွေဆီ ပို့ရပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ဘီယာ သယ်ယူပို့ဆောင်တဲ့အချိန်မှာ နေရာပိုယူပြီး အလေးချိန် ပိုများပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ဘီယာမှုန့်ဟာ ရေ၊ သံဘူးနဲ့ ပုလင်းတွေလိုမှာမဟုတ်တဲ့အတွက် သယ်ယူပို့ဆောင်ရာမှာ အလေးချိန်ကို အရင်ကထက် ၉၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်မယ်လို့ နော့ဇယ်လဲ ခလို့စ်တက်ဘွိုင် အထွေထွေမန်နေဂျာ စတီဖန် ဖရစ်ချာ က ပြောလာပါတယ်။

လက်ရှိမှာတော့ ဘီယာမှုန့်မှာ အရက်မပါဝင်သေးပါဘူး။ ဒါပေမယ့် မကြာခင် အရက်ပါတဲ့ ဘီယာကို ထုတ်သွားမှာဖြစ်ပြီး ကမ္ဘာ့အနှံ့တင်ပို့ဖိုအထိ မျှော်လင့်ထားတယ်လို့ စတီဖန်က ပြောပါတယ်။

Source: New York Post

Biggest Redesign in Chivas History ဝီစကီပုလင်းဒီဇိုင်းတွေပြောင်းတဲ့အထဲမှာ ဒီတစ်ခေါက် Chivas 12 ရဲ့ design ပြောင်းတာက တစ်...
15/09/2022

Biggest Redesign in Chivas History

ဝီစကီပုလင်းဒီဇိုင်းတွေပြောင်းတဲ့အထဲမှာ ဒီတစ်ခေါက် Chivas 12 ရဲ့ design ပြောင်းတာက တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်ခင်ဗျာ။ ဒါ့အပြင် Blackpink အဖွဲ့ဝင် Lisa ကို Asia Brand Ambassador ခန့်လိုက်တာကလည်း အားလုံးရဲ့စိတ်ဝင်စားမှုကို တော်တော်လေးရနေပါတယ်။

ပထမဆုံးအနေနဲ့ Chivas Regal x Lisa အကြောင်းလေး အရင်ပြောချင်ပါတယ်ခင်ဗျာ။ Lisa ရဲ့ ကြီးမားတဲ့အောင်မြင်မှုတွေ၊ မရပ်မနားကျော်ကြားမှုတွေ၊ record-breaking solo career တွေအကြောင်းတော့ အားလုံးသိပြီးဖြစ်မှာပါခင်ဗျာ။ ကိုယ့်ဘဝတက်လမ်းကို ကိုယ့်ဘာသာလမ်းဖောက်ရင်း တရှိန်ထိုးအောင်မြင်လာတဲ့ Lisa ကို လူငယ်တော်တော်များများက အထင်ကြီး inspire ဖြစ်ကြပါတယ်။ အဲ့ဒီ Lisa ရဲ့ အောင်မြင်မှု story ဟာ တချိန်က Chivas ရဲ့ စတင်အောင်မြင်လာချိန်က story ကို ပြန်ပြောင်းထင်ဟပ်နေစေပါတယ်ခင်ဗျာ။ အဲ့ story နှစ်ခုကို ရောစပ် blend ပြီး ကမ္ဘာကျော် Blended Scotch Company ကြီးက I Rise We Rise ကြော်ငြာနဲ့အတူ Chivas 12 ရဲ့ ဒီဇိုင်းတစ်ခုလုံးကို redesign လုပ်ပစ်လိုက်တာက တကမ္ဘာလုံးရဲ့ attention ကိုရယူလိုက်နိုင်ပါတယ်ခင်ဗျာ။

လူကြီးတွေကြားထဲမှာ heritage brand အနေနဲ့ နာမည်ကျော်တဲ့ Chivas ဟာ Lisa နဲ့အတူ လူငယ်တွေရဲ့စိတ်ဝင်စားမှုကိုသိမ်းပိုက်ရင်း Chivas 12 ရဲ့ဒီဇိုင်းကိုလည်း လူငယ်အကြိုက် modernize ပုံစံဘက်ကို ကူးပြောင်းလာပါတယ်။ Chivas ရဲ့ သင်္ကေတ luckenbooth (friendship လို့အဓိပ္ပာယ်ရ) လို့ခေါ်တဲ့ heart ပုံစံလေးက ပုလင်းရဲ့အလယ်တည့်တည့်မှာ သိသာစွာပါဝင်လာပါတယ်ခင်ဗျာ။ ပုလင်းကပိုရှည်လာပေမယ့် အရမ်းကြီး elegant ဖြစ်တဲ့ပုံစံမျိုးကိုမသွားပဲ boldness & luxurious ဖြစ်တဲ့ဘက်ကိုသွားပါတယ်။ Chivas ရဲ့ 12 ဆိုတဲ့နေရာမှာ XII ပုံစံမျိုး ရောမအက္ခရာပါထပ်ထည့်ထားတာကိုကြည့်ရင် Chivas ကိုယ်တိုင်ကလည်း သူ့ရဲ့ပုလင်းကို elegant & sexy ဖြစ်ဖို့ထက် classic & premium ဆန်ဆန်နဲ့ modernize ဖြစ်ပြီး လူကြီးရောလူငယ်ပါကြိုက်တဲ့ပုံစံမျိုးဖြစ်စေချင်တာ ပေါ်လွင်ပါတယ်ခင်ဗျာ။ (ကျွန်တော်ကိုယ်တိုင်လည်း Chivas ရဲ့ classic ဖြစ်တဲ့ heritage ကို မပျောက်ပျက်စေချင်ပါဘူးခင်ဗျာ)

နောက်အရေးကြီးတဲ့တစ်ခုက ပုလင်းဒီဇိုင်းပြောင်းတာဟာ marketing reason ကြောင့်ပဲမဟုတ်ပါဘူးခင်ဗျာ။ ပူနွေးပျက်စီးလာတဲ့ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ရန်အတွက် eco-friendly ဖြစ်ဖို့၊ စွမ်းအင်ချွေတာဖို့၊ recycle ပြန်သုံးဖို့စတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာတွေကိုလျော့ချဖို့ ကမ္ဘာကျော်ကုမ္ပဏီတွေ အပြိုင်အဆိုင်ကြိုးစားနေတဲ့အထဲမှာ Chivas ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Chivas က 2025 မှာ 100% recyclable & environmental friendly ဖြစ်ဖို့ကြွေးကြော်ထားတဲ့ ကုမ္ပဏီပါ။ ကျွန်တော့်အထင် အဲ့တာရဲ့ခြေလှမ်းတစ်ခုအနေနဲ့ပါ ပုလင်းဒီဇိုင်းပြောင်းတယ်လို့ ယူဆမိပါတယ်ခင်ဗျာ။

Chivas 12 ရဲ့ ပုလင်းအသစ်က ပုလင်းဟောင်းထက် အလေးချိန်ပိုပေါ့ပါတယ်။ Chivas ရဲ့အဆိုအရပိုပေါ့အောင်လုပ်ထားတဲ့အတွက် တစ်နှစ်ကိုဖန်တန်ချိန်ပေါင်း 1000 ချွေတာရာရောက်ပါတယ်ခင်ဗျာ။ အပြင်ကစက္ကူဘူးရဲ့ ဒီဇိုင်းအသစ်က fully recyclable ဖြစ်ပြီး environmental friendly လည်းဖြစ်ပါတယ်။ ပလပ်စတစ်မပါတဲ့ packaging ကြောင့် 2.3 million ပလတ်စတစ်ဘူးခွံပမာဏ လျော့ချနိုင်တဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုလည်း သိသာစွာလျော့ချလိုက်နိုင်ပါတယ်ခင်ဗျာ။

Chivas 12 ရဲ့ ပုလင်းပုံစံအသစ်ဟာ Chivas ရဲ့ရာစုနှစ်တစ်ခုကျော်ကြာသမိုင်းတစ်လျောက်မှာ အကြီးမားဆုံးသော ပုလင်းပုံစံ redesign လုပ်တာပါ။ ကားလောကစကားနဲ့ပြောရမယ်ဆိုရင် all new generation ပြောင်းပြီး ပုံပြောင်းသွားသလိုပါပဲ။ ဒါပေမယ့် ပုလင်းထဲမှာပါဝင်တဲ့ whisky ကတော့ အရင်အဟောင်းရဲ့ မူလအရသာအနှစ်သာရအတိုင်းပါပဲခင်ဗျာ။ (တချို့တွေကတော့ အသစ်ကမဆိုသလောက်လေးပိုညက်ညောတယ်လို့ ပြောကြပေမယ့် ကျွန်တော့်အတွက်တော့ အသစ်နဲ့အဟောင်းက အတူတူပါပဲခင်ဗျာ)

နိဂုံးချုပ်ရရင် Chivas ဆိုတာ heritage ကိုအရမ်းတန်ဖိုးထားတဲ့ တကယ့် classic brand ကြီးပါ။ အဲ့လို brand ကြီးက redesign လုပ်တယ်ဆိုပေမယ့် classic & premium ပုံစံကိုဆက်ပြီးထိန်းသိမ်းရင်း ကမ္ဘာကြီးကိုကယ်တင်ဖို့လျှောက်လှမ်းရာမှာ ပါဝင်လာတာဆိုတော့ ကျေနပ်မိပါတယ်ခင်ဗျာ။ ပြီးတော့ လူငယ်အကြိုက် modern ပုံစံဖြစ်အောင်လည်းလုပ်ရင်း Lisa နဲ့ကြော်ငြာတာကိုကြည့်ရင် Chivas က လူကြီးကော၊ လူငယ်ကော၊ မိန်းကလေးတွေကောပါ ပိုမိုနှစ်သက်လာအောင် ကြိုးစားလျှောက်လှမ်းဖို့ ခြေလှမ်းပြင်နေပြီလို့ ယူဆမိပါတယ်ခင်ဗျာ။




(Photos from Internet)

Ballantine’s 12မြန်မာပြည်မှာက သက်တမ်း 12 Years ဆိုရင် ဆရာကြီး ၂ ဆူရှိပြီးသားပါ။ Johnnie Walker Black နှင့် Chivas Regal ...
14/09/2022

Ballantine’s 12

မြန်မာပြည်မှာက သက်တမ်း 12 Years ဆိုရင် ဆရာကြီး ၂ ဆူရှိပြီးသားပါ။ Johnnie Walker Black နှင့် Chivas Regal 12 ပါ။ မြန်မာမှာရော ကမ္ဘာမှာပါ JW က အအောင်မြင်ဆုံးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Chivas က ကမ္ဘာမှာ Ballantine’s လောက် ရောင်းအားမကောင်းပါဘူး။ ဒီနောက်ပိုင်းဆို Chivas က အဆင့် ၄ / အဆင့် ၅ လောက်အထိကို ပြုတ်ကျသွားပေမယ့် Ballantine’s က ကမ္ဘာမှာ JW ပြီးရင် အဆင့် ၂ ရောင်းအားအကောင်းဆုံးပါပဲ။ (Europe မှာဆို Ballantine’s ကို အဆင့် ၁ လို့တောင် ပြောကြပါတယ်ခင်ဗျာ)
Ballantine’s ကော၊ Chivas ကောက Pernod Ricard ကုမ္ပဏီလက်အောက်ကပါ။

Aroma - ရနံ့က sweet ဖြစ်ပါတယ်။ ပျားရည်ရနံ့လေးရယ်၊ ပန်းမျိုးစုံရနံ့လေးရယ်၊ vanilla ရနံ့လေးရယ် ပေါင်းစပ်ထားတာက aroma ကို sweet ဖြစ်စေရုံမက creamy & smooth ပါ ဖြစ်စေပါတယ်ခင်ဗျာ။ ဆေးဖက်ဝင်အပင်တွေရဲ့ စူးရှတဲ့ herbal spice ရနံ့လေးကလည်း aroma ကို ပိုပြီးလေးနက်စေပါတယ်။ Aged 12 Years ဆိုတဲ့အတိုင်း တချက်တချက် oak ရနံ့လေးကိုလည်း ခံစားရပါသေးတယ်ခင်ဗျာ။

Taste - ပျားရည်တွေရဲ့ အချိုလေးရယ်၊ vanilla ရဲ့ creamy and smooth လေးရယ်က taste မှာ ပိုပေါ်လွင်လာပါတယ်။ ဆေးဖက်ဝင်အပင်တွေရဲ့ herbal အရသာက oaky ဖြစ်တဲ့အရသာနဲ့အတူ ထင်ရှားပေါ်လွင်လာပါတယ်။ ခါးသက်သက် bitterness အရသာလေးကလည်း နောက်ကနေ ပါဝင်နေပါသေးတယ်။ သူတို့ကုမ္ပဏီက floral flavors လို့ပြောပေမယ့် ကျွန်တော့်အတွက်တော့ floral & bitterness ကိုတွဲပြီး herbal နဲ့ ပိုတူသလိုခံစားရပါတယ်ခင်ဗျာ။

Finish - အဆုံးသတ်က တော်တော်ကို သိသိသာသာကြာပါတယ်။ မသိမသာချိုတာလေးရယ် မသိမသာ spicy ဖြစ်တာလေးရယ်က သူ့ရဲ့ refreshing bitterness ကိုကျော်မိုးနိုင်ခြင်းမရှိပါဘူး။ Smoky ဖြစ်တာကလည်း မသိသာလှပါဘူးခင်ဗျာ။

ABV - 40%

Beginner တွေအတွက် ပြဿနာဖြစ်စေတာက သူ့ရဲ့ bitterness ခါးသက်သက်အရသာပါ။ On the rock လိုမျိုး သုံးဆောင်ရင်တောင် တခြား flavors တွေက ပျော့သွားပေမယ့် bitterness က သိသိသာသာ လျော့သွားခြင်းမရှိပါဘူး။ အခါးကြောက်တဲ့သူ / beginner တွေကိုတော့ recommend မပေးပါဘူး။

တကယ်တော့ ဒီ Ballantine’s 12 က Ballantine’s Finest ထက်စာရင် အရသာ ပိုပြီးလေးနက်ညက်ညောပါတယ်။ ပိုကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် bitterness ကြောင့် Johnnie Walker Black လောက် smooth မဖြစ်သလို ဖြစ်နေတာပါ။ Ballantine’s 12 က creamy sweet ဖြစ်တာကို herbal character နဲ့တွဲပြီး luxury ဆန်ဆန် အရသာမျိုးထွက်အောင် balance လုပ်ဖန်တီးထားတာပါ။ အခါးကြောက်တဲ့သူတွေအတွက် balance ပျက်သလိုဖြစ်ပြီး bitterness ကထင်းထွက်လာသလို ဖြစ်တာပါခင်ဗျာ။

Smooth ဖြစ်တဲ့ ညက်ညောမှုကို အဓိကမထားတဲ့သူ / whisky အရသာပေါင်းစုံကို လေးလေးနက်နက်ခံစားကြည့်ချင်တဲ့သူ / Ballantine’s Finest ကိုကြိုက်လို့ နောက်တစ်မျိုးထပ် try ကြည့်ချင်တဲ့သူ ဆိုရင်တော့ Ballantine’s 12 ဟာ သုံးဆောင်ကြည့်သင့်တဲ့ whisky တစ်ခုလို့တိုက်တွန်းရင်း နိဂုန်းချုပ်ပါရစေခင်ဗျာ။

(Photo from Internet)

Bowmore 12 Years OldSmoky လိုင်းကိုမှ အသဲစွဲဆိုတဲ့သူတွေအတွက် နှစ်သက်မှာသေချာသလောက်ရှိတဲ့ ယမကာကောင်းတစ်ခုအကြောင်းလေး ရေးခ...
13/09/2022

Bowmore 12 Years Old

Smoky လိုင်းကိုမှ အသဲစွဲဆိုတဲ့သူတွေအတွက် နှစ်သက်မှာသေချာသလောက်ရှိတဲ့ ယမကာကောင်းတစ်ခုအကြောင်းလေး ရေးချင်ပါတယ်။ ဒီတစ်ခါတော့ စာမရှည်တော့အောင် ရနံ့နဲ့ အရသာကိုတန်းပြောကြရအောင်ခင်ဗျာ။

Aroma - ရနံ့နဲ့ပက်သက်ရင် ၂ ချက်က သိသာပါတယ်။
ပထမတစ်ချက်က Smoky ဖြစ်တာပါ။ Bowmore ရဲ့ trademark လို့ပြောရမယ့် Peaty Smokiness ပါ။ Peated Whisky ဆိုတာက whisky ပြုလုပ်ရာမှာ smoky ဖြစ်အောင် မြက်ဆွေးလိုဟာမျိုးနဲ့ မှိုင်းတိုက်ထားတာကို ဆိုလိုတာပါ (ပုံမှာကြည့်ပါခင်ဗျာ)။ Peaty Smokiness က ရိုးရိုး smoky ဖြစ်တာနဲ့မတူပါဘူး။ တချို့တွေအတွက် peaty smokiness က အသည်းစွဲပါခင်ဗျာ။
နောက်တစ်ချက်အနေနဲ့ သိသာတာက ပျားရည်ရနံ့ပါ။ ဒီကောင်မှာ peaty smokiness နဲ့ ပျားရည်ရနံ့က အသိသာဆုံးနဲ့ လိုက်ဖက်အညီဆုံးပါ။ ရနံ့စအဖွင့်ကို peaty smokiness နဲ့ဖွင့်ပြီး အရမ်းပြင်းမသွားအောင် ပျားရည်ရနံ့က လိုက်ထိန်းပေးထားပါတယ်။ ပျားရည်ရနံ့ကိုမှ လိမ္မော်ရနံ့က ထပ်လောင်းအားဖြည့်ထားပြီး သေချာခံစားကြည့်မယ်ဆိုရင် မြက်ခြောက်ရနံ့လေးကိုပါ မသိမသာ ခံစားရမှာပါခင်ဗျာ။ Bowmore ရဲ့ aroma ရနံ့ကတော့ နာမည်ကျော်တဲ့အတိုင်းကို တော်တော်လေး ခံစားလို့ကောင်းတဲ့ aroma တစ်ခုပါ။

Taste - အရသာနဲ့ပက်သက်ရင်တော့ အရသာက rounded ဖြစ်ပါတယ်။ စစချင်းမှာ ပျားရည်အရသာလေးရယ်၊ vanilla အရသာလေးရယ်ခံစားရမယ်။ ဒါပေမယ့် ခဏလေးနဲ့ အဲ့အရသာနှစ်ခုကပျောက်သွားပြီး spicy ချက်ချင်းဖြစ်လာတယ်။ ပြီးမှ peaty smokiness လေးပေါ်လာပြီး အဆုံးသတ်အထိ ကြာကြာလေးခံစားသွားရပါတယ်။ ဒီမှာ ပျားရည်နဲ့ vanilla အရသာ နည်းနည်းကြာကြာလေးပေါ်ရင် ပိုကောင်းမယ်ထင်ပါတယ်ခင်ဗျာ။ Spicy က ချက်ချင်းကြီးပေါ်လာတော့ ပျားရည်နဲ့ vanilla က အရသာပါမှန်းတောင် သိပ်မသိသာတော့ပါဘူး။ ဒါပေမယ့် spicy က အရမ်းမပြင်းသလို ကြားထဲမှာ some sweetness လေးနဲ့ spicy ကို မသိမသာ ပြန်ထိန်းပေးထားတာလေးက မိုက်ပါတယ်ခင်ဗျာ။

Finish - အဆုံးသတ်ကတော့ smoky လေးကိုမှ spicy နည်းနည်းလေးနဲ့ပါ။ Finish က ချက်ချင်းမပျောက်သွားပဲ ကြာပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် taste ကတော့ အရမ်းသိသိသာကြီး ကောင်းနေတာမျိုးမရှိပါဘူး။ သူ့ရဲ့ မသိမသာနဲ့ sweetness လေးက အရမ်းမချိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ subtle ဖြစ်တဲ့အတွက် လုံးဝလုံးဝ မအီပါဘူး။ Peaty smokiness က aftertaste မှာလည်း သိသိသာပေါ်တဲ့အပြင် finish လေးကလည်းကြာပါတယ်။ Taste ကမဆိုးပါဘူးခင်ဗျာ။

ဒါပေမယ့် aroma ကတော့ smoky သမားတွေအတွက် အကြိုက်ပါ။ ဒီ Bowmore 12 ရဲ့ peaty smokiness က တခြား Ardbeg တို့လိုမျိုး peaty bomb ဖြစ်လောက်အောင်လည်း မပြင်းပါဘူး၊ Islay Whisky တို့ရဲ့ ထုံးစံအတိုင်း typical peaty smokiness ကိုလည်း ပေးစွမ်းနိုင်တဲ့အတွက်၊ smoky သမားတွေနဲ့ peat smokiness ကို စမ်းကြည့်ချင်တဲ့သူတွေအတွက်ဆို လုံးဝ recommend ပါခင်ဗျာ။

Spicy က မပြင်းပေမယ့် ကြာတာရယ်၊ smokiness က အစကော အဆုံးမှာကော ပါတာရယ်ကြောင့် beginner တွေအတွက်တော့ recommend မပေးပါဘူးခင်ဗျာ။
ဒါပေမယ့်လည်း smoky ဆိုတာဘာလဲ၊ peaty smokiness ဆိုတာဘာလည်း စမ်းကြည့်ချင်လို့ သုံးဆောင်ကြည့်မယ်ဆိုလည်း မတားပါဘူး။ မမှားတဲ့အပြင် ကြိုက်တောင်ကြိုက်သွားနိုင်တဲ့အတွက် ယမကာကောင်းတစ်ခုလို့ပြောရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။

08/06/2022
ကမ္ဘာမှာကျော်ကြားတဲ့ မက္ကဆီကိုရဲ့ Tequila အရက်ကို ဘယ်လိုချက်သလဲ၁၉၇၄ မှာ မက္ကဆီကိုနိုင်ငံရဲ့ ဉာဏမူပိုင်ခွင့်ပစ္စည်းအဖြစ် ...
06/05/2022

ကမ္ဘာမှာကျော်ကြားတဲ့ မက္ကဆီကိုရဲ့ Tequila အရက်ကို ဘယ်လိုချက်သလဲ

၁၉၇၄ မှာ မက္ကဆီကိုနိုင်ငံရဲ့ ဉာဏမူပိုင်ခွင့်ပစ္စည်းအဖြစ် တက်ကီလာကို ကြေငြာခဲ့ပြီး မက္ကဆီကိုပြည်နယ်တွေမှာပဲချက်လုပ်ဖို့ ခွင့်ပြုပါတယ်။ တက်ကီလာကြီးကြပ်ထိန်းသိမ်းရေးကောင်စီကိုဖွဲ့စည်းခဲ့ပြီး ကုန်ကြမ်းပါဝင်ကိန်း၊ အရက်ပြင်းအားရာခိုင်နှုန်း၊ အရက်နှစ်ချို့သက်တမ်း စတဲ့
တက်ကီလာထုတ်လုပ်မှုစံနှုန်းတွေကို ချမှတ်ထိန်းသိမ်းခဲ့ပါတယ်။ တက်ကီလာအရက်ချက်လုပ်ရာဒေသ ခရီးသွားလုပ်ငန်းတွေတိုးမြှင့်ဖို့လုပ်ဆောင်ခဲ့ပြီး တက်ကီလာထုတ်လုပ်မှုကို အားပေးခဲ့ပါတယ်။

တက်ကီလာ အရက်ကိုထုတ်လုပ်တာက အညာဒေသမှာပေါက်တဲ့ သင်္ဘောနာနတ်ပင်လိုအပင် Weber blue agave plant ရဲ့ အမြစ်ဆုံကို အုတ်မီးဖိုတွေထဲမှာ မီးဖုတ်ပြီး ချိုမြတဲ့အရည် (Juice) ရအောင်ကြိတ်ယူပါတယ်။ ပြီး တဆေးထည့်လို့ ကဇော်ဖောက် (ferment)လုပ်ပါတယ်။ တခြားနှစ်သက်ဖွယ်အနံ့အရသာများရောစပ်ပြီး စတီးပေါင်းခံအိုးနဲ့ ပေါင်းခံရည်ထုတ်ယူခြင်းအားဖြင့် တက်ကီလာအရက် (Tequila) ဖြစ်လာပါတော့တယ်။ တက်ကီလာအရက်ကို အဆင့်နှစ်ဆင့်ပေါင်းခံယူပါတယ်။
သို့သော် ဒါဟာအရက်ကြမ်းမျှသာရှိသေးလို့ သက်တမ်းရင့်အရက်ချောရဖို့ သစ်သားစည်များထဲ သိုလှောင်ရပါသေးတယ်။

၁၄ ရက်ကနေ ၂၁ ရက်သားအထိ ကို silver or Blanco tequila နှစ်လကနေ တနှစ်အတွင်းသက်တမ်းရှိ တက်ကီလာကိုတော့ "Reposado" လို့ခေါ်ပါတယ်။ တနှစ်ကနေ သုံးနှစ်အတွင်းသက်တမ်းရှိ တက်ကီလာကိုတော့ anejo သုံးနှစ်ကျော်ရင်တော့ extra anejo ပါ။ blanco tequila ကို ဝက်သစ်ချသစ်သားစည်တွေထဲသွတ်ပြီး သက်တမ်းရင့်စေတဲ့အခါ ရွှေရောင်ဖြစ်လာပါတယ်။

တက်ကီလာ အရက်ကို အမျိုးအစားခွဲရရင်တော့

Silver (or blanco/white)
Joven (or gold/oro/dorado)
Reposado (or rested)
Añejo (or aged)
Extra Añejo (ultra aged)

ဆိုပြီး ရှိမှာပါ။

စံသတ်မှတ်ချက်တွေနဲ့ပတ်သက်လို့ သ‌င်္ဘောနာနတ်ပင် (agave) ရဲ့ အမြစ်ဆုံကနေရတဲ့ သကြားဓါတ် ၅၁ ရာခိုင်နှုန်းကျော်ကို
ကဇော်ဖောက်ပြီး ချက်မှသာလျှင် တက်ကီလာလို့ သတ်မှတ်ပါတယ်။ တခြားမည်သည့်သကြားဓါတ်အရောအနှောမှမပါပဲ 100 ရာခိုင်နှုန်း သ‌င်္ဘောနာနတ် (agave) အရည်ကိုချည်းကဇော်ဖောက်ချက်မယ်ဆို အကောင်းဆုံးအမျိုးအစားပါပဲ။

ကော့တေး(cocktail)တွေမှာရောစပ်တဲ့အကောင်းဆုံးအမျိုးအစားကတော့ ကဇော်ဖောက်စဉ်ကာလမှာ ကြံသကြား သို့မဟုတ် ပြောင်းသကြားရောဖောက်ပြီး ပေါင်းခံထားတဲ့
mixto လို့ခေါ်တဲ့ တက်ကီလာက အကောင်းဆုံးပါ။

ပြင်သစ်နိုင်ငံမှထုတ်မှ ရှန်ပိန်လို့ခေါ်သလိုပဲ မက္ကဆီကိုဥပဒေအရ မက္ကဆီကန်ပြည်နယ်ငါးခု (Jalisco,Guanajuato, Nayarit, Michoacán, and Tamaulipas)
ထဲရှိ ပြည်နယ်တခုခုမှ ထုတ်မှသာ တက်ကီလာ(Tequila)လို့ သတ်မှတ်ပါတယ်။ မက္ကဆီကိုနိုင်ငံကို ပြည်နယ် (၃၁)ခုနဲ့ ဖွဲ့စည်းထားပါတယ်။

ရန်ကုန်မှာချက်ပြီး ရှမ်းအရက်၊ ကချင်အရက်၊ ချင်းအရက်လို့ မခေါ်သင့်သလို အညာအရက်ကိုလည်း တခြားဒေသတွေမှာချက်ပြီး အညာအရက်လို့မခေါ်သင့်ပါဘူး။ ကယားဝက်အူချောင်းဟာ ကယားကနေ လုပ်ရောင်းမှသာ ကယားဝက်အူချောင်းဖြစ်သင့်ပါတယ်။ ဒါဟာ စံနှုန်းပါပဲ။

ဒါကြောင့် ကိုယ်အိမ်ခြံထဲ တက်ကီလာအရက်ချက်ချင်သပဆိုရင် အရင်ဆုံး အဲဒီပြည်နယ် ငါးခုထဲကတခုခုဆီ အိမ်ပြောင်းဖို့လိုပါလိမ့်မယ်

RED LABEL THE SPICY 🌶 Red label က မြန်မာကလူတွေနဲ့ ရင်းနှီးပြီးသားပါ။ တချို့ကလည်း red label ကိုအပေါစားလို့ထင်ကြပါတယ်။ Bla...
28/04/2022

RED LABEL THE SPICY 🌶

Red label က မြန်မာကလူတွေနဲ့ ရင်းနှီးပြီးသားပါ။ တချို့ကလည်း red label ကိုအပေါစားလို့ထင်ကြပါတယ်။ Black label တို့၊ double black တို့လောက်မှ တန်းဝင်တယ်ထင်ကြပါတယ်။ တကယ်တော့ ယမကာတစ်ခုရဲ့တန်ဖိုးဆိုတာ ပိုက်ဆံတွေ၊ သက်တမ်းတွေနဲ့ပဲ ဆုံးဖြတ်တာမဟုတ်ပါဘူး။ ယမကာတစ်ခုချင်းစီက သူ့နေရာနဲ့သူတော့ အဖိုးတန်အသုံးဝင်ကြတာပါပဲ။ Red Label ဆိုတာကလည်း neat ကော၊ mixer အနေနဲ့ရောတာကော အဆင်ပြေအောင် ထုတ်ထားတာပါ။ အဲ့တော့ red label ကိုရောပြီးသောက်ကြတာမမှားပါဘူး။ ဒါပေမယ့် သူ့ရဲ့မူရင်းအရသာကို အတတ်နိုင်ဆုံးမပျက်အောင် စနစ်တကျရောတတ်ဖို့တော့ လိုပါတယ်ခင်ဗျာ။

အဲ့တော့ Red Label ရဲ့အကြောင်းလေး နည်းနည်းပြောချင်ပါတယ်ခင်ဗျာ။ Red Label မှာ သက်တမ်း (Age) မပြောထားပါဘူး။ Scotland ရဲ့ law for age အရ သက်တမ်း အနည်းဆုံး 3 နှစ်ရှိတဲ့ ဝီစကီတွေနဲ့ blend ထားရမှာပါ။ အနည်းဆုံး 3 နှစ်၊ အများဆုံးကတော့ ဘယ်လောက်သက်တမ်းဖြစ်ဖြစ်ရပေမယ့် ကျွန်တော်သိသလောက်တော့ Red Label မှာ သက်တမ်းရင့် ဝီစကီတွေ မပါပါဘူး။ သက်တမ်းနုတဲ့ young whisky တွေကိုမှ အမျိုးအစား 30 လောက်နဲ့ blend ပေးထားတာပါ။ Blended Scotch ဖြစ်တဲ့အတွက် Single Grain ကော Single Malt ကောထည့်ပြီး blend ထားပါတယ်ခင်ဗျာ။

Taste ကတော့ spice & smoky ဖြစ်တဲ့ whisky ပါ။ Smoky ထက်စာရင် spice ကပိုသိသာပါတယ်။ ပြီးတော့ ဝီစကီက light ဖြစ်ပါတယ်။ Black label လောက် ဝီစကီအရသာ မလေးနက်ပါဘူး။ အာ့ကြောင့်လည်း spice အရသာနဲ့ light ဖြစ်တာကို ပြန်ဖုံးလိုက်တာပါ။
(Spice ဆိုတာက ငရုတ်သီးစပ်သလိုစပ်တာမျိုးကိုပဲ ပြောတာမဟုတ်ပါဘူး။ Whisky ရဲ့ Spice flavor မှာ 3-4 မျိုးလောက် ပြန်ခွဲလို့ရပါသေးတယ်။ အကြမ်းဖျင်းအရ အနီးစပ်ဆုံးတူတာဆိုရင် black pepper, chili, ginger လိုမျိုးဆန်ဆန် အရသာတွေကိုဆိုလိုတာပါ။ အနီးစပ်ဆုံးပါ။ တစ်ပုံစံတည်းမတူပါဘူး။ တဖြည်းဖြည်းနဲ့ နားလည်လာပါလိမ့်မယ်ခင်ဗျာ။)
(Light ဆိုတာ light in flavor ကိုပြောတာပါ။ အရသာပျော့သလိုမျိုးကို ဆိုလိုချင်တာပါ။)

ကျွန်တော်က ပုံမှန်ဆို cocktails တွေကိုမကြိုက်ပါဘူး။ Cocktail ဖျော်လိုက်ရင် Liquor တစ်ခုရဲ့ မူရင်းအရသာ / အနှစ်သာရတွေ ပျက်ဆီးတယ်လို့ခံစားရတဲ့အတွက် မကြိုက်တာပါ။ ဒါပေမယ့် Red Label က neat အနေနဲ့အပြင်၊ mixer အနေနဲ့ပါသုံးဖို့ ထုတ်ထားတာလည်းဖြစ်တယ်၊ taste ကလည်း light ဖြစ်တယ်၊ စျေးကလည်း အရမ်းမများဘူးဆိုတော့ ရောသောက်မယ်ဆိုလည်း မမှားပါဘူး။ သူ့ရဲ့မူရင်းအရသာ/အနှစ်သာရကို အတတ်နိုင်ဆုံးမပျက်အောင် စနစ်တကျရောနည်းလေးတစ်ခု ပြောပြချင်ပါတယ်ခင်ဗျာ။

အဲ့တာကတော့ Highball Cocktail ပါ။ Highball လုပ်ဖို့ထည့်တဲ့ whisky နေရာမှာ spice & smoky ဖြစ်တဲ့ whisky ကို အများစုကသုံးကြပါတယ်။ Highball က အဲ့လို whisky တွေနဲ့ လိုက်ဖက်လို့ပါ။ အဲ့တော့ spice & smoky ဖြစ်တဲ့ Red Label နဲ့ Highball လုပ်တာလည်း လိုက်ဖက်ပါတယ်ခင်ဗျာ။ (အရင်ကလည်း Highball အကြောင်းရေးဖူးပါတယ်)
Red Label က spice ဖြစ်တဲ့အတွက် soda မသုံးပဲ Ginger Ale သုံးစေချင်ပါတယ်။ ဒါမှ spice ဖြစ်တဲ့ flavor မပျောက်သွားမှာပါ။ Ginger Ale ကို City Mart တို့လိုနေရာတွေမှာ ဝယ်လို့ရပါတယ်ခင်ဗျာ။

Highball ဆိုတာလုပ်ရအရမ်းလွယ်တဲ့ cocktail ပါ။
လုပ်နည်းပုံကို comment မှာလည်းတင်ပေးထားပါတယ်။
Whisky ၁ ဆ နဲ့ Ginger Ale ၂ဆ/၃ဆ နဲ့ရောလိုက်ရုံပါပဲ။
ပြီးရင်သံပုရာတစ်စိတ်ကြိုက်ရင်ထည့်ပါ။

Highball ကောင်းတစ်ခုဖြစ်ဖို့ အချက်နှစ်ချက်လိုပါတယ်။

1. Well Chilled ပါ။ Ginger Ale ကော whisky ကော ခွက်ကော အေးဆက်နေရင်ပိုကောင်းပါတယ်။ ရေခဲလဲခွက်အပြည့်ထည့်ထားရင်ပိုကောင်းပါတယ်။
2. Well Carbonated ပါ။ Ginger Ale ကိုအခုဖွင့်အခုထည့်ပါ။ ဖွင့်ထားတာကြာနေရင် cabon တွေလျော့သွားပြီးမကောင်းတော့ပါဘူး။

အဲ့လိုစနစ်တကျရောမယ်ဆိုရင်တော့ မူရင်း Red Label ရဲ့ original taste ကိုအရမ်းလည်းမပျက်စေပဲ၊ အေးဆက်နေတဲ့ highball cocktail ကောင်းကောင်းလေးတစ်ခွက်ကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ နွေရာသီနဲ့လည်း လိုက်ဖက်လှပါတယ်။

Highball တော့လုပ်ချင်တယ်။ ဒါပေမယ့် Red Label ထက်ကောင်းတာ သုံးပြီးပဲ လုပ်ချင်တယ်ဆိုရင် Kakubin ရှိပါတယ်ခင်ဗျာ။
Red Label က spice ပိုများပါတယ်။ (Spice > smoky ပါ)
Kakubin ကတော့ both spice & smoky flavors တွေက prominent ဖြစ်ပါတယ်။
အဲ့တော့ ကျွန်တော့်အနေနဲ့ ဘာနဲ့လုပ်တာအလိုက်ဆုံးလည်းဆိုရင် Kakubin ပါ။ Kakubin ကို reviewer အများစုက Highball Star လို့တောင် တင်စားကြတာပါ။
Red Label ကတော့ စျေးသက်သက်သာသာနဲ့ အတန်ဆုံးပါပဲ။ ဝယ်ရလည်းလွယ်ပါတယ်။

Red Label နဲ့ highball က kakubin နဲ့လောက်မကောင်းတာကို ဘာလို့ထပ်ရေးတာလည်းလို့မေးရင်တော့ price & rival ကြောင့်ပါ။

Kakubin က Black / Double Black တွေနဲ့ rival ပါ။
Red Label ကသူတို့နဲ့ယှဉ်ရင် အသေးအမွှားလေးပါ။ ဒါပေမယ့် အဲ့ဒီ အသေးအမွှားလေးက Highball မှာ Kakubin လောက်နီးနီးကို စွမ်းဆောင်နိုင်ပါတယ်။ Very cost effective ပါ။ အပေါ်မှာပြောခဲ့သလိုပဲ ဝီစကီတိုင်းက သူ့နေရာနဲ့သူမှာ အဖိုးတန်ကြတာပါပဲ။ အာ့ကြောင့် Red Label နှင့် Highball အကြောင်းထပ်ရေးရတာပါ။

Thank You 😊

(Photo from internet)

Kakubin / Double Black Rivalဒီကသူတွေနဲ့တော့ Kakubin ကစိမ်းပါတယ်။Kakubin က Suntory Distillery (Japan) ကထုတ်တဲ့ whisky ပါ။...
28/04/2022

Kakubin / Double Black Rival

ဒီကသူတွေနဲ့တော့ Kakubin ကစိမ်းပါတယ်။
Kakubin က Suntory Distillery (Japan) ကထုတ်တဲ့ whisky ပါ။
Japanese Blended Whisky ပါ။ Suntory ကိုအောင်မြင်စေတဲ့ whisky လို့လည်းပြောလို့ရပါတယ်။
Kakubin ဆိုတာ square bottle ကိုဆိုလိုတာပါ။ ပုလင်းပုံကိုကြည့်ကြည့်ပါ။
သူ့ရဲ့ထူးခြားချက်က ပုလင်းမှာ Kakubin ဆိုတဲ့စာလုံးတစ်လုံးမှတောင်မပါတာပါ။ 😂

Heritage အနေနဲ့ဆိုရင် 1937 ထဲကထုတ်လာတာဖြစ်ပြီး Japan ရဲ့ best selling whisky ထဲကတစ်ခုအပါအဝင်ပါ။ လေးထောင့်ပုံပုလင်းပေါ်က အကွက်တွေရဲ့အလှကိုသေချာတွေ့ရမှာပါ။ အဲ့တာက လိပ်အခွံနဲ့တူအောင်လုပ်ထားတာပါ။ လိပ်ဆိုတာက ဂျပန်မှာ ကြာရှယ်စွာအောင်မြင်ခြင်း ကြွယ်ဝခြင်းအဓိပ္ပာယ်ပါ (Japanese symbol for a long and prosperous life) သူ့ရဲ့ထူးခြားချက်နောက်တစ်ခုက Yamazaki တို့ Hakushu တို့ထဲမှာသုံးထားတဲ့ malt whisky တွေကိုလည်းထည့် blend ထားတာပါ။

Kakubin နာမည်ကြီးရတဲ့အဓိကအချက်က Highball ကြောင့်ပါ။
Kakubin ကို reviewer အများဆုက Highball Star လို့တင်စားကြပါတယ်။

အဲ့တော့ Highball အကြောင်းပြောပြပါမယ်။
Highball ဆိုတာလုပ်ရအရမ်းလွယ်တဲ့ cocktail ပါ။
လုပ်နည်းပုံမှာလည်းတင်ပေးထားပါတယ်။
Whisky ၁ ဆ နဲ့ Soda ၃ဆ/၄ဆ နဲ့ရောလိုက်ရုံပါပဲ။
ပြီးရင်သံပုရာတစ်ဆိတ်ကြိုက်ရင်ထည့်ပါ။

Highball ကောင်းတစ်ခုဖြစ်ဖို့အချက်နှစ်ချက်လိုပါတယ်။

1. Well Chilled - Soda ကော whisky ကော ခွက်ကော အေးဆက်နေရင်ပိုကောင်းပါတယ်။ ရေခဲလဲခွက်အပြည့်ထည့်ထားရင်ပိုကောင်းပါတယ်။
2. Well Carbonated - Soda ကိုအခုဖွင့်အခုထည့်ပါ။ ဖွင့်ထားတာကြာနေရင် cabon တွေလျော့သွားပြီးမကောင်းတော့ပါဘူး။

Highball မှာထည့်တဲ့ whisky နေရာမှာ Kakubin ကိုအများစုကသုံးပါတယ်။
Kakubin ကောင်းလို့ထက် လိုက်ဘက်လို့ပါ။
(Cocktail ဆိုတာ whisky ရဲ့ original taste ကိုပျက်စေပါတယ်။ အာ့ကြောင့် cocktail အများဆုမှာ အရမ်းကောင်းပြီး အဖိုးတန်တဲ့ whisky မျိုးမသုံးပါဘူး။ အဲ့လိုအကောင်းစားတွေက neat / ice နဲ့ပဲသောက်ကြတာများပါတယ်။)
Japan best selling မှာ Kakubin ပါရတဲ့အကြောင်းကလည်း ကောင်းလို့ထက်တန်လို့ပါ။
Japan မှာဝယ်ရင် mmk နဲ့ဆို ၃သောင်း-၅သောင်း အတွင်းပဲရှိတယ်လို့ကြားဖူးပါတယ်။ (ဟုတ်မဟုတ်တော့မရောက်ဘူးတော့မသိပါ။)

Kakubin မှာဆိုရင် Original Yellow Label အပြင် White Label နဲ့ Black Label လည်းထပ်ရှိပါသေးတယ်။ ကျွန်တော်သောက်ဘူးတာ white label ပါ။ 1992 မှာစထွက်တာပါ။ Original ထက်ပိုပြီး clear and smooth ဖြစ်အောင်လုပ်ထားတာပါ။ Drier and lighter version of Kakubin လို့ပြောရမှာပါ။

Kakubin အနံ့က အရမ်း sharp and strong ဖြစ်ပါတယ်။ Neat သောက်မယ်ဆို ခွက်ထဲထည့်ပြီး ခဏထားထားရင်ပိုအဆင်ပြေပါတယ်။ အနံ့အရမ်းစူးလို့ပါ။ ဒါပေမယ့် Aroma က distinctive ဖြစ်ပါတယ်။ အနံ့ရတာနဲ့ Japan Whisky မှန်းတန်းသိနိုင်ပါတယ်။
အရသာကတော့ သိပ်မထူးပါ။ အရသာပြင်းပြီး ချက်ချင်းကျသွားပါတယ်။ အရသာကချက်ချင်းပျောက်သွားတာပါ။ ပျောက်တာမှ ရှေ့ကစားထားတဲ့အမြည်းအရသာတွေပါပျောက်တာပါ။ refreshing taste လို့ပဲပြောရမလား။ ပြီးရင်တော့ light honey and light sweet အရသာ ချိုတိုတိုလေးရပါတယ်။ နောက်ဆုံးမှာတော့ some bitterness လေးပေါ်လာပါတယ်။ အခါးအရသာလေးနဲ့အဆုံးသတ်သွားတာပါ။ ခံတွင်းရှင်းတာပေါ့😂။ ခြုံပြောရရင် မဆိုးပါဘူး။
Kakubin ကအရမ်းထူးခြားပြီးကောင်းနေတာတော့မဟုတ်ပါဘူး။
ဒါပေမယ့် တခြား Average Scotch Whisky တွေထက်တော့သာပါတယ်။

Johnnie Walker Double Black လို Smoky ဖြစ်တာတွေလည်းကြိုက်တယ်။
Japan Whisky ကိုလည်းစမ်းသောက်ကြည့်ချင်တယ်ဆိုရင်တော့ try ကြည့်ဖို့အကြံပြုပါတယ်။
Double Black ထက်ပိုကောင်းလားဆိုရင်တော့ ပြောရခက်ပါတယ်။ ကိုယ့် taste အရလို့ပဲပြောရပါမယ်။
မိန်းကလေးတွေအတွက်ဆိုရင်တော့ Neat ထက် Highball ကပိုအဆင်ပြေမယ်ထင်ပါတယ်။

ပထမပုံက yellow label ပါ။ Bottle neck မှာ Original & Fine, Since 1937 လို့ရေးထားပါတယ်။
ဒုတိယပုံက white label ပါ။ Clear & Smooth, Since 1992 လို့ရေးထားပါတယ်။
အရောင်နဲ့လဲခွဲလို့ရပါတယ်။
တတိယပုံက highball ပါ။
လုပ်နည်းလဲနောက်တစ်ပုံမှာပါပါတယ်။
နောက်ဆုံးပုံက ကျွန်တော့်ဟာတွေပါ။ အလယ်သုံးခုက Japanese version တွေပါ။ နောက်မှတစ်ခုချင်းရေးပါအုန်းမယ်။

Kakubin Original Yellow Label က Johnnie Walker Black Label Rival ပါ။
White Label ကမှ Double Black Rival ပါ။

Thank You 😊

(Photos from Internet)

🍷"ဝိုင်သောက်ခြင်းရဲ့ကောင်းကျိုးအသွယ်သွယ်"🍷  🥂 ဝိုင်သည် အနံ့၊အရသာ ဆွဲဆောင်မှုရှိရုံသာမက ကိုယ်ခန္ဓာကျန်းမာ‌ေရးအတွက်လည်း အက...
21/01/2022

🍷"ဝိုင်သောက်ခြင်းရဲ့ကောင်းကျိုးအသွယ်သွယ်"🍷

🥂 ဝိုင်သည် အနံ့၊အရသာ ဆွဲဆောင်မှုရှိရုံသာမက ကိုယ်ခန္ဓာကျန်းမာ‌ေရးအတွက်လည်း အကျိုး‌ေကျးဇူးများစွာရှိပါတယ်၊၊

ဘယ်လိုအကျိုးကျေးဇူး‌ေလးတွေများဖြစ်မလဲဆိုတာ ဆက်ဖတ်သွားကြည့်ရအောင်နော်....

✅ အဝလွန်ခြင်းကို ကာကွယ်ပေးခြင်း

ဝိုင်သောက်သုံးခြင်းက အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဝိုင်ဖြူသည် ဗိုက်အဆီများကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တာကြောင့် ဝိတ်ချနေသူလေးတွေအတွက် အထူးသင့်
လျော်ပါတယ်။

✅ ကိုယ်ခန္ဓာခုခံအားကို မြှင့်တင်ပေးခြင်း

ဝိုင်တွင် Virus အမျိုးပေါင်း 200 ခန့်ကို တိုက်ဖျက်နိုင်
တဲ့ Antioxidants များစွာပါဝင်သည့်အတွက် နေ့စဥ်
ပုံမှန်သောက်သုံးပေးပါက ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး တုတ်ကွေး နှင့် အအေးမိခြင်းလက္ခဏာများကို ပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။

✅ အရိုးအဆစ်များကိုသန်မာစေခြင်း

အမျိုးသမီးများဟာ အသက်ကြီးလာသည့်အခါ အရိုးများပါးလွှာလာပြီး အားနည်းလာတတ်ပါတယ်။
လေ့လာမှုအသစ်အရ ဝိုင်ကိုသင့်တင့်မျှတစွာပုံမှန်သောက်သုံးပေးခြင်းက အရိုးအဆစ်များကိုသန်မာစေပြီးအရိုးပွရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

✅ သွားကျန်းမာရေးအတွက်သင့်လျော်ခြင်း

American Chemical Society မှပြုလုပ်သော သုတေသနပြုချက်များအရ ဝိုင်သောက်သုံးပေးခြင်းသည် သွားများကို ပျက်စီးစေတတ်သော Bacteria များရန်မှ တားဆီးပေးနိုင်သည့်အတွက် သွားကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။

✅ မျက်စိအမြင်အာရုံကို ကောင်းမွန်စေခြင်း

ဝိုင်သည် အသက်အရွယ်နှင့် လိုက်၍ မျက်လုံးကြွက်သားများ ယိုယွင်းပျက်စီးခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် မုန်လာဥနီကို နှုတ်ဆက်ပြီး အထာကျကျဝိုင်ကိုပဲသောက်လိုက်ပါ။🍷

📢 "Hidden of Treasure" လို့လူအများက တင်စားကြတဲ့ "Old Parr " ဝီစကီ 💁‍‍ဒီနေ့မှာတော့ "Hidden of Treasure"လို့ လူအများက တင်စ...
18/01/2022

📢 "Hidden of Treasure" လို့လူအများက တင်စားကြတဲ့ "Old Parr " ဝီစကီ 💁‍

‍ဒီနေ့မှာတော့ "Hidden of Treasure"လို့ လူအများက တင်စားကြတဲ့ "Old Parr" ဝီစကီအကြောင်းကို မင်မင်က reviewလေး နဲ့ မိတ်ဆက်ပေးပါရစေ။

‍ Old Parr ဆိုတာ Blended Scotch ဝီစကီအမျိုးစားဖြစ်ပြီးတော့ အဂ်လန်နိုင်ငံရဲ့ သက်တမ်းရင့်ဝီစကီတွေထဲက တစ်ခုအပါဝင်ပါတယ်။ 👌💯

‍ Old Parr ဝီစကီကို ၁၉၀၉ ခုနှစ်မှာ London မှ Greenlees Brothers နဲ့ Glasgow တို့က စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ထိုအချိန်က ဗြိန်တိန်မှာ အသက် 152 နှစ်ထိ အသက်ရှည်နေထိုင်နေတဲ့ "Tom Par" ဆိုတဲ့ ပုက္ကိုယ်ရဲ့နာမည်ကို ယူပြီး နာမည်ပေးခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

💁‍ Old Parr ဝီစကီဟာ ထူးခြားတဲ့ ပုလင်းဒီဇိုင်းကြောင့် လူသိများပြီး ပြိုင်ဘက်တံဆိပ်တွေဖြစ်ကြတဲ့ Johnn Walker Black Label နဲ့ Chivas Regal တို့ထက် ပိုပြီးမြင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချနိုင်တဲ့ ဂုဏ်သတ္တိလဲရှိပါတယ်။

💁‍ Old Parr မှာ တခြား ဝီစကီ band တွေလို ပုလင်းတွေအမြောက်များထုတ်လုပ်တာကို မတွေ့ရပဲ စုစုပေါင်းသုံးမျိုးတည်းကိုသာ ထုတ်လုပ်ထားတာပါ။

💁‍ သက်တမ်း 12 နှစ်ရှိတဲ့ blended ဝီစကီကို Grand Old Parr လို့ခေါပြီး 15 နှစ်သက်တမ်း blend မှုကို Old Parr ဟုခေါ်ကာ 18 နှစ်သက်တမ်း Blend မှုကို Old Parr Superior ဟု အသီးသီးခေါ်ကြပါတယ် ။

💁‍ ယခု Grand Old Parr 12 year old ဝီစကီဟာ တောင်အမေရိကတိုက်၊ ဥရောပနဲ့ ဂျန်ပန်နိုင်ငံမှာပါ လူကြိုက်များဝီစကီတမျိုးဖြစ်ပြီး "Hidden of Treasure" လို့ လူအများက တင်စားကြတဲ့ ဝီစကီကောင်းတမျိုးဖြစ်ပါတယ်။

Alcohol volume က 40 % ပါဝင်မှုရှိပြီး
နက်ရှိုင်းလွန်းတဲ့ အနံ့အရသာနဲ့ လည်ချောင်းတစ်လျှောက် ချောမွေ့ပီး Dry ဖစ်သွားတဲ့ အခိုက်အတန့်မှာ အသီးရနံ့ နဲ့ သစ်ဆွေးရနံ့တွေကို ပြန်ပီးခံစားလိုက်ရတဲ့ Feel လေးကို လိုချင်ရင်တော့ ဒီကောင်လေးကို သောက်ကြည့်ဖို့ မင်မင်က review ပေးပါတယ် နော် 😁

Address

Meiktila
100701

Opening Hours

Monday 09:00 - 00:00
Tuesday 09:00 - 00:00
Wednesday 09:00 - 00:00
Thursday 09:00 - 00:00
Friday 09:00 - 00:00
Saturday 09:00 - 00:00
Sunday 09:00 - 00:00

Telephone

+959797162993

Website

Alerts

Be the first to know and let us send you an email when Htun Liquor Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Meiktila convenience stores

  • KAR KAR Liquor Store, Meiktila

    KAR KAR Liquor Store, Meiktila

    ဒုတိယလမ်းမတော်၊ မင်းရပ်၊ မိတ္ထီလာမြို့။
  • ROYAL City Mini Mart

    ROYAL City Mini Mart

    Yan Myo Aung Main Road
  • Min Thura Store

    Min Thura Store

    ဆိုင်အမှတ်ချမ်းသာကြီးဘုရားတိုက်တန်း၊အရှေ့ပြင်ရပ်၊မိတ္ထီလာမြို့
Show All