03/05/2023
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့ )
ယနေ့ မင်္ဂလာအချိန်အခါသမယတွင် မြန်မာပြည်သူ၊ပြည်သားအပေါင်း ဘေးဘယာဝေးကွာ၍ ကျန်းမာချမ်းသာပြီး အရာရာအောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့
ဗုဒ္ဓနေ့အား အလွယ်တကူ မှတ်ရန်ဖြစ်ပါသည်။
ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။
ဖွား-ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။
ပွင့်-ကဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။
စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။
#ကဆုန်လပြည့်နေ့