Nann Liquor House

Nann Liquor House Take a sip with an authentic taste
Make your day perfect with Nann liquor house

ယမကာလုလင်များ၏ စကားဝှက်များ.......................................................ဟာ ဘောစိ (ဆိုရင်)= မင်း ဒီဝိုင်းရှင်း....
23/07/2023

ယမကာလုလင်များ၏ စကားဝှက်များ.......................................................

ဟာ ဘောစိ (ဆိုရင်)= မင်း ဒီဝိုင်းရှင်း...

ငါ သတိရလို့ပါကွာ (ဆိုရင်) =
ငါ့မှာ ပိုက်ဆံ မရှိဘူး..မင်း လိုက်တိုက်

လာဆို လာခဲ့(ဆိုရင်) =..ငါရှင်းမယ် ..လာခဲ့..

ငါ ဒီနေ့ မလာတော့ဘူး(ဆိုရင်) = ပိုက်ဆံမရှိဘူး..ကပ်လဲ မသောက်ချင်ဘူး...

ငါ ဒီနေ့ မအားဘူး(ဆိုရင်) = မင်း ငါ မသိတဲ့ကောင်တွေနဲ့ သောက်နေတယ်...ဝိုင်းရောဖို့ အဆင်မပြေဘူး

ငါ ခဏနေမှ ဖုန်းဆက်လိုက်မယ်(ဆိုရင်) = .ဘေးမှာ ငါ့စော်ရှိတယ်.သွားနှင့်..ပြီးရင် ဘယ်ဆိုင်မှာလဲ လှမ်းမေးမယ်...

တစ်ခွက် နှစ်ခွက်ပဲ(ဆိုရင်) = ငါမှောက်သွားရင် အိမ်လိုက်ပို့ဦး...

အစောကြီး ရှိသေးတယ်ကွာ(ဆိုရင်) = KTV သွားမယ်.

ငါ အရက်ဖြတ်ထားလိုက်ပြီ(ဆိုရင်) = မနေ့ညက ခွေးလို နွားလို သောက်ပြီး အရက်နာကျနေတယ်...

ငါ ပြန်လာခဲ့မယ်(ဆိုရင်) = ငါ ပြန်ပြီ.......လို့

ယမကာလုလင်တို့ရဲ့
လျှို့ဝှက် စကားဝှက်များ ဖော်ပြလိုက်ရပါသည်...🤣🤣🤣

Credit

သောက်လို့ မဝလို့လား သောက်လို့ဝလို့ ခေါင်းကိုက်တာလားဆိုတာတော့သေချာမသိပေမဲ့အရက်စစ်စစ်လေးသာ ရအောင်ရှာပီးဝယ်သောက်ရင်လုံးဝခေါ...
11/07/2023

သောက်လို့ မဝလို့လား

သောက်လို့ဝလို့ ခေါင်းကိုက်တာလား

ဆိုတာတော့သေချာမသိပေမဲ့

အရက်စစ်စစ်လေးသာ

ရအောင်ရှာပီးဝယ်သောက်ရင်

လုံးဝခေါင်းမကိုက်တာတော့သေချာတယ်

အရက်ပုလင်းစစ်စစ်လေးကိုမှ

“ကို က ဇိမ်ခံ ချေမိုးပီး

သောက်ချင်တဲ့ royal customer တွေ “အတွက်

Nann Liquor House မှကြိုဆိုပါရစေ

Customer Service အနေနဲ့

delivery free service လေးလည်းရှိသေးတာမို့

အမြန်သာဟလို လိုက်တော့နော်

Contact Us

📲 09753753727, 09753753737
🏬 Corner of 58th & 36(B) Street,
Mahar Aung Myay Township, Mandalay.

Photo credit

Single Malt မှ Single Malt ဆိုပီးစွဲစွဲမြဲမြဲသောက်ကြတဲ့သူတွေအတွက် ပါရှင့် 👇🏻
20/06/2023

Single Malt မှ Single Malt ဆိုပီးစွဲစွဲမြဲမြဲသောက်ကြတဲ့သူတွေအတွက် ပါရှင့်

👇🏻

25/05/2023

ဗဟုသုတ 🤎🤎

Beer:
alcohol 5%
သောက်လိုက်ပေါက်လိုက်
မူးနေချင်ရင် သေးမပေါက်ပါနဲ့။
ပေါက်လိုက်တိုင်း အမူး လျော့သွားစေတယ်
များများသောက်လေ မနက်ကြ ခေါင်းကိုက်လေ
ထုံထုံကြီး မူးတာမျိုး က beer
ဗိုက်ကြီးတင်းပြည့်ပြီး အမူးမျိုး

Stout:
alcohol 8%
ABC လို black shield လိုမျိုး
သောက်ပြီးရင် ဆန့်ကျင်ဖက် လိင်ကို
တောင့်တ တတ်တယ်
Homo ဆိုရင်တော့ မသိပါ။
မူးတာက ခေါင်းထဲမှာ မူးနောက်နောက်နဲ့
ရဟတ်စီးပြီး မူးတာမျိုးက stout

Wine:
alcohol 13.5%
အိပ်ချင်သလို မျက်လုံးစဉ်းလာပြီး
မူးတာမျိုးပါ
တန်းပြီး အိပ်ဖို့ အဆင်ပြေရင် ကောင်းပါတယ်
အရမ်း များရင် အန်ဖို့ အရမ်း လွယ်ကူတဲ့
အမူး မျိုး

Red Label:
alcohol 40%
အမူးက ရိုင်းတယ်
ချက်ခြင်း ဆောင့်တက်ပြီး မူးတယ်
သွေးဆူလွယ်တယ်
ရန်ဖြစ်မယ် ဆိုလည်း ဖြစ်ပေါ့ ဆိုတဲ့
အမူးမျိုး
များရင် ခေါင်းကိုက်လိမ့်မယ်

Black and double black label:
alcohol 40%
နည်းနည်းလေး ထွေတေတေလေး
ပတ်ဝန်းကျင် ကို ကြည့်လိုက်ရင်
ပျော်စရာတွေ ပြည့်နေသလိုလို
ကဖို့ ခုန်ဖို့ တော်ကီပစ်ဖို့
ကောင်းတယ်
မဆိုးပါဘူးလို့ မှတ်ချက်ပြုရမယ်

Johnnie walker Explorer series:
alcohol 40%
the spice road လို အတက်ကြမ်းပေမယ့်
နောက်နေ့ လန်းလန်းဆန်းဆန်း ရှိနေစေတယ်

Gold label:
alcohol 40%
တခွက်သောက် ဘာမှန်းမသိသေးဘူး
နှစ်ခွက်မှာ စငြိမ့်လိမ့်မယ်
သူ့ အငြိမ့်လေးက ငြိမ်တယ်
bar တို့ ဘာတို့ထက်ဆိုင်ရင်
classical လို ငြိမ့်တဲ့ musicလေးနဲ့ဆို
လွင့်နေမှာ သေချာတယ်
တစုံတခုပဲ တွေးပြီး စိတ်နှစ်ကြည့်
အဲဒိအပေါ်မှာ မျောသွားမယ့် feel က
အမိုက္စား
မနက်ကြတော့ လန်းနေရော

Platinum label:
alcohol 40%
Gold နဲ့ မကွာလှဘူး
ငြိမ့်တာကတော့
ချစ်သူကို ကြူလို့ သိပ်ကောင်းတာ
သောက်ပြီးရင်😀😀😀

Johnnie walker 18:
alcohol 40%
Gold labelရဲ့ အပေါ်မှာ
blue လောက် မသုံးချင်ရင်
သိပ်ကောင်းတဲ့ အရာပါ
KTV ရောက်ရင် ကွကိုယ်
အဆိုတော်အလား
လမ်းလျှောက်ရင် မြေကြီးတောင်
ထိရဲ့လား ထင်ရလောက်အောင်
ပံ့ပိုးပေးပါတယ်
စိတ်ကူးထဲက အတိုင်း
ဘုရင်ကြီးအလားပေါ့

Blue label:
alcohol 40%
ငြိမ့်ချက်ဆိုတာ
သင်္ဘောမှာတုန်းက
Fitter ကြီးတယောက်ရှိတယ်
အရက်မူးရင် သူ့ကို စ စလို့ရှိရင်
မကြိုက်ဘူး ပြန်ပြီး တခုခု လိုက်လုပ်တယ်
သူလို လူမျိုးတောင် blue သောက်ပြီး
စ ရုံမကလို့ ခေါင်း ပုတ်ရင်တောင် ပြုံးပြနေတယ်
ပြောချင်တာ အရမ်း ငြိမ့်တယ်
ရန်မလိုဘူး ငြိမ့်ပြီး အတွေး အရမ်းကောင်းစေတယ်
အတွေး ထဲကအတိုင်း
စီးမျော သွားတာ
မိန်းမ ချစ်ဆေး လို့ တင်စားရမလားပဲ

Johnnie walker XR 21:
21 years old alcohol 40%
blue ဈေးပဲမို့
blue နဲ့ ခံစားရတဲ့ feel သိပ်မကွာလှပါဘူး
ခွန်အားဖြိုးမောက် ဇော်ဂျီလက်စွဲ
ဆိုလား😬😬😬

Monkey shoulder:
alcohol 40%
အမူးလွယ်တယ်
percetage တူပေမယ့် ပိုမူးသလိုပဲ
မွှေးလည်းမွှေး အဝင်လည်းမိုက်
သီချင်းဆိုလို့လည်း ကောင်းပ
ကြိုက်တယ် မနက်ဆို အလန်းပဲ
ခေါင်း လုံးဝ မကိုက် ကြည်လင်လို့

Jagermeister 35%
အဝင်မဆိုးဘူး၊
လည်ချောင်းထဲပူဆင်းသွားတာမျိုး။
အူရွှင်တယ်၊ ယဉ်ယဉ်လေးမူးတယ်။
ကျွဲရိုင်းတို့ shark တို့နဲ့ Jager Bomb လုပ်လိုက်လို့ကတော့ မနက်လည်းခေါင်းမကိုက်ဘူး။

Grand Royal ID 37.2%
အဝင်ရှင်းတယ်နော်၊
ဇွတ်ခွသောက်ရင်တော့ အပြဲပဲ။
စိတ်ညစ်လို့အော်ချင်ဟစ်ချင်ရင် သောက်။
မနက်နိုးရင်တော့ ခေါင်းနည်းနည်းကိုက်မယ်။
အိပ်ရာဘေး သံပုရာသီးဆောင်ထား။

Baileys 17%
နုနုရွရွသောက်မယ်၊
ဆော်ရောသောက်မယ်ဆို ရွေးသင့်တယ်။
ချောကလက်ပျစ်ပျစ်လေးသောက်ရသလိုပဲ။ Classical ဆန်ဆန်သောက်၊
လုံးဝအထာကျတယ်။
မွှေးချိုပူဆင်း လည်ချောင်းရှင်း။
ဇွတ်မူးချင်တယ်ဆိုရင်တော့ မရွေးနဲ့၊
ပိုက်ဆံပဲကုန်တာအဖတ်တင်မယ်။

Chivas Regal 40%
ကဲချင်ခုန်ချင်ပေါက်ချင်ရင် သောက်၊
ခွေးသောက်သောက်ရင် ခွေးလိုအန်မှာပဲ။
ခွက်ထဲ နှစ်ပတ်လာက်ထည့်
ရေခဲတစ်တုံးထည့်
ဖရဲသီးတစ်စိတ်စိမ်ပြီးမှသောက်၊
ကြာကြာသောက်နိုင်တယ်။
ဖင်ယားပြီး ခွက်ထဲကဖရဲသီးစိတ်သွားမကိုက်နဲ့။
ဖင်ထိုင်လဲသွားမယ်။
ဘားမှာ ကေတီဗီမှာ ကဲမယ်ဟေ့ဆို ရွေးသင့်။

Vodka 40%
ပြင်းပြင်းရှရှ ပူဆင်းချင်ရင်သောက်။
နွေပူပူ နေပူပူမှာတော့ မသောက်နဲ့။
အလွတ်ရူးသွားမယ်။
ကျုပ်ကတော့ သိပ်မကြိုက်ဘူး။
အမူးရိုင်းလို့။

Gin 40% ( approximately )
သူလည်း Vodka လိုပဲ။
ပိုတောင်ရှသေးတယ်။
မရှိလို့သောက်ရင်တောင်
နှာခေါင်းပိတ်သောက်ရတဲ့အမျိုး။
ဆိုးလိုက်တဲ့အဝင်။
ဂျင်နှစ်ပတ်
သံပုရာသီးတစ်စိတ်ညစ်
သကြားတစ်ဇွန်းမွှေထည့်။
ဒါက ရိုးရာပေါ့နော။
ကျုပ်တော့ လုံးဝမကြိုက်။
AK47 မှာရင်တောင် Gin မထည့်ခိုင်းဘူး။
မုန်းလို့။

Soju 20%
ဖင်မယားသင့်တဲ့အရက်ဖြစ်ပါတယ်။
တစ်ခါက ဆိုဂျူကို အကြမ်းခွက်အသေးနဲ့ငှဲ့
ရေခဲတစ်တုံးထည့်၊
ကမ်းပေ့လုပ်ပြီးပြိုင်သောက်ကြတာ။
အိမ်ကိုဘယ်လိုပြန်ရောက်ခဲ့မှန်းမသိဘူး။
နောက်နေ့မေးကြည့်တော့ ဥသြတွေဆွဲတာ
ဝက်စာပုံးမှောက်တဲ့အတိုင်းဆိုပဲ။
အဝင်က Vodka လောက်တောင်မဆိုးဘူးဆိုပြီး
ဖင်ယားခဲ့မိလေခြင်း။

ခေါင်ရည် ( % မသိ 😂 )
စကားပြောမယ်၊
အပျင်းပြေသောက်မယ်ဆို ငချိပ်ရတဲ့ဆိုင်သွား။
သေးခဏခဏထပေါက်မယ်၊
ဘီယာလောက်ဗိုက်မတင်းပေမယ့်
များရင်တော့ ရီဝေဝေနဲ့
အတော်တွေးလို့ကောင်းတယ်။
ပုလင်းကိုဇောက်ထိုးငှဲ့၊
နှမြောပြီး အောက်ဆုံးကအနယ်တွေမငတ်မိနဲ့။ သူက ဆိုင်ရွေးတယ်။
ကောင်းတယ်ဆိုတဲ့ဆိုင်ကိုသေချာစုံစမ်းပြီးမှ
သောက်သင့်တယ်။

ချဉ်စော်ခါး ( % မသိ )
ပြဲချင်လား။
အမဲကြော်တစ်ပွဲ၊ ကြက်ဥမွှေကြော်တစ်ပွဲနဲ့
ချဉ်စော်ခါးတစ်လုံး ရေခဲတစ်ပွဲမှာသောက်။
သူလည်းဆိုင်ရွေးတယ်။
ပြင်းပြင်းရှရှပြဲတဲ့ဆိုင်ရှိတယ်။
အူမြူးပြီးပြဲတဲ့ဆိုင်ရှိတယ်။
သူ့အထာနဲ့သူ။
မိုးအေးအေးနေ့တွေ ဂစ်တာတီးချင်ပါတယ်
သီချင်းဆိုချင်ပါတယ်ဆို ပါဆယ်ဆွဲခဲ့။
လည်ချောင်းထဲရှင်းပြီးပူဆင်းတာ၊
သီချင်းဆိုလို့ အတော်ကောင်း။
😂😂😂

Regency (Thai made)
Brandy အမျိုးအစား
On the rock သောက်ရင်အလွန်ကောင်း။
သုံးခွက်လောက်သောက်ပြီးရင် အရသာ သိသိသာသာ သောက်လို့ပိုကောင်းလာတယ်။ သောက်တာများလေလေ အဝင်ပိုကောင်းလာလေလေပဲ။Smooth ဖြစ်တယ် ငြိမ့်တယ် အိပ်လို့ကောင်းတယ် ။ အကြိုက်ဆုံးအချက်ကတော့ မနက်အိပ်ယာနိုးရင် ခေါင်းမကိုက်ပဲ စိတ်ကြည်လင်လန်းဆန်းနေရောပဲ😁။ အတုမမိဖို့တော့လိုမယ်။ မြိတ် နဲ့ ကော့သောင်း မှာတော့ရနိုင်တယ်။

Credit.

အပေါ်မှတော့ အမျိုးအစားနဲ့ခံစားရမဲ့ moods လေးတွေပြောပီးပီနော်
ပေးရတဲ့ ပိုက်ဆံနဲ့တန်အောင်ပုလင်း quality စစ်စစ်နဲ့စျေးတန်တာလေးဝယ်ရမဲ့နေရာတွက်စဉ်းစားရခက်နေတယ်ဆိုရင်တော့ 58 -36 B လမ်းပေါ်မှာဖွင့်ထားတဲ့Nann liquor house ကိုသာအရောက်လှမ်းခဲ့ပါတော့နော် နေပူထဲလည်းထွက်ချင်ဘူးဆိုရင်တော့ ကိုရောက်နေတဲ့နေရာလေးကသာ ဟလိုလိုက်တော့နော် deli free ဝန်ဆောင်မှုလေးနဲ့အတူ ပုလင်းလေးပိုက်ပီးအရောက်လာပို့ပေးပါ့မယ်ရှင့်

Contact Us

☎️ 09753753727, 09753753737
🏬 Corner of 58th & 36(B) Street, Mahar Aung Myay Township, Mandalay.

Nann liquor House ကနေမှာပီးတိုက်လိုက်ပါကွာDeli free နဲ့ပို့ပေးမှာ😁Contact us  📲09753753727, 09753753737🏠 Corner of 58th ...
22/05/2023

Nann liquor House ကနေမှာပီးတိုက်လိုက်ပါကွာ

Deli free နဲ့ပို့ပေးမှာ😁

Contact us

📲09753753727, 09753753737

🏠 Corner of 58th & 36(B) Street, Mahar Aung Myay Township, Mandalay.

Photo credit

အရက်ဆိုတာသောက်တက်ရင်ဆေး😎     #ပစ္စည်းစစ်မှန်‌ကြောင်းအာမခံပါသည်။
15/05/2023

အရက်ဆိုတာသောက်တက်ရင်ဆေး😎

#ပစ္စည်းစစ်မှန်‌ကြောင်းအာမခံပါသည်။

ဟယ်လိုလိုက်တာနဲ့ အိုကေမှာစိုပြေသွားမယ်…… 🔥🔥🔥🔥Event တွေလား  ????Staff Party လား  ????Dinner Party လား ????Birthday Party ...
13/05/2023

ဟယ်လိုလိုက်တာနဲ့ အိုကေမှာစိုပြေသွားမယ်……

🔥🔥🔥🔥
Event တွေလား ????
Staff Party လား ????
Dinner Party လား ????
Birthday Party လား ????
Suprise Gift လား ????

NANN Liquor House ကသာ မှာယူလိုက်ပါ။
ရွေးချယ်မှု မှန်ကန်ပြီသာ မှတ်လိုက်တော့နော်။

ရွေးချယ်စရာ အများကြီး ကိုမှ အမျိုးအစားလည်း စုံလင်တယ် စျေးနှုန်းလည်း ချိုသာမယ် ပစ္စည်းလည်း အာမခံတယ်။

ကဲ ဘာလိုသေးလဲလို့
မြန်မြန်ဝယ်မှ စိတ်ချရမှာနော်။

လောကစည်းဇိမ်ကို ခံစားဖို့ဆိုရင် NANN LIQUOR HOUSE ကို သတိရလိုက်ပါ။

"စစ်မှန်သော အရသာခံစားမှုတိုင်းအတွက် NANN Liquor "

Contact Us
☎️ 09753753727, 09753753737
🏬 Corner of 58th & 36(B) Street, Mahar Aung Myay Township, Mandalay.


#ပစ္စည်းစစ်မှန်‌ကြောင်းအာမခံပါသည်။

ရာသီဥတုကတော့ ကိုယ့်ဘက်မှာဘဲ.......... 😎"စစ်မှန်သော အရသာခံစားမှုတိုင်းအတွက် NANN Liquor "Contact Us☎️09753753727, 0975375...
12/05/2023

ရာသီဥတုကတော့ ကိုယ့်ဘက်မှာဘဲ.......... 😎

"စစ်မှန်သော အရသာခံစားမှုတိုင်းအတွက် NANN Liquor "

Contact Us
☎️09753753727, 09753753737
🏬 Corner of 58th & 36(B) Street, Mahar Aung Myay Township, Mandalay.

#အရက်သမားသစ္စာ

ပစ္စည်းမှန်စျေးမှန်ဖို့ဆိုရင်……မန်းရွှေမြို့တော်ရဲ့ NANN Liquor Houseမှာဆိုရင် ယမကာကိုချစ်မြတ်နိုးတဲ့ လုလင်ပျိုတွေအတွက် ...
10/05/2023

ပစ္စည်းမှန်စျေးမှန်ဖို့ဆိုရင်……

မန်းရွှေမြို့တော်ရဲ့ NANN Liquor Houseမှာဆိုရင် ယမကာကိုချစ်မြတ်နိုးတဲ့ လုလင်ပျိုတွေအတွက် ရှယ်မှရှယ် ပုလင်းအစုံ ဘရန်းအစုံကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေပါတယ်နော်

ညိုကီတို့အတွက် အမြဲအစစ်အမှန်တွေကို ဖန်တီးပေးနေတာ NANN liquor houseရဲ့ စေတနာတွေပါ

💥ကိုဂျော်နီတို့နဲ့ဘဲ လမ်းလျှောက်ကြမလား?
💥Chivas လေးနဲ့ အသာလေးလွင့်မလား ?
💥သမင်လေးဘဲ စီးမလား ?
💥Shot မှ shot ဆိုတဲ့ တက်ကွီလာလေးလား ?
💥မျောက်ကလေးနဲ့ ကခုန်မလား ?
💥နန်းဆန်တဲ့ Royal Salute လေး လား ?

အကုန်လုံးကို ရေမီးအစုံနဲ့ လေထီးခုန်လို့ရနေပြီနော်……

"စစ်မှန်သော အရသာခံစားမှုတိုင်းအတွက် NANN Liquor House “

Contact Us
☎️09753753727, 09753753737
🏬 Corner of 58th & 36(B) Street, Mahar Aung Myay Township, Mandalay.


#ပစ္စည်းစစ်မှန်‌ကြောင်းအာမခံပါသည်။
#အရက်လက်ကား

ဆိုင်လေးပိတ်ထားပေမဲ့ ပုလင်းလေးတွေတော့ဖွင့်ပါတယ်နော် 😉Contact Us☎️ 09753753727, 09753753737🏬 Corner of 58th & 36(B) Stree...
09/05/2023

ဆိုင်လေးပိတ်ထားပေမဲ့ ပုလင်းလေးတွေတော့ဖွင့်ပါတယ်နော် 😉

Contact Us

☎️ 09753753727, 09753753737

🏬 Corner of 58th & 36(B) Street, Mahar Aung Myay Township, Mandalay.

ကဲ အကြိုက်ဆုံးဆိုတာလေးသာရွေးပီး ဟလိုလုပ်လိုက်ပါတော့ နော် မှာတဲ့နေရာထိ deli free နဲ့အရောက်ပို့ပေးမှာပါနော် ပစ္စည်းမှန်စျေ...
09/05/2023

ကဲ အကြိုက်ဆုံးဆိုတာလေးသာရွေးပီး
ဟလိုလုပ်လိုက်ပါတော့ နော်
မှာတဲ့နေရာထိ deli free နဲ့အရောက်ပို့ပေးမှာပါနော် ပစ္စည်းမှန်စျေးတန်လေး အရက်ကောင်းအရက်စစ်ကိုမှ ချေမိုးပီးသောက်တတ်တဲ့ ယမကာ လုလင်နဲ့လုံမလေးတွေအတွက်😘

Contact Us

☎️ 09753753727, 09753753737

🏬 Corner of 58th & 36(B) Street, Mahar Aung Myay Township, Mandalay.

🙏ကဆုန်လပြည့်-ဗုဒ္ဓနေ့ 🙏၁၃၈၅ခု ကဆုန်လပြည့်(၁၅)ရက်3-5-2023 ဗုဒ္ဓဟူးနေ့ #ကဆုန်လပြည့်နေ့အကြောင်းသိကောင်းစရာ🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဖွား ၊ ...
03/05/2023

🙏ကဆုန်လပြည့်-ဗုဒ္ဓနေ့ 🙏

၁၃၈၅ခု ကဆုန်လပြည့်(၁၅)ရက်
3-5-2023 ဗုဒ္ဓဟူးနေ့
#ကဆုန်လပြည့်နေ့အကြောင်းသိကောင်းစရာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်။
#မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။
🙏🙏🙏🙏🙏
#မေတ္တာဖြင့်မျှဝေကုသ်ိုလ်ပြုပါသည်
#စောပြည့်

01/05/2023
ချစ်သော ကာကာတို့ရေ Nann Liquor House  ဆိုင်လေးအားအတွင်းပိုင်းပြင်ဆင်မှုလေးပြုလုပ်မှာမို့ဆိုင်လေးခေတ္တခနပိတ်ထားပါတယ်နော် ...
26/04/2023

ချစ်သော ကာကာတို့ရေ Nann Liquor House ဆိုင်လေးအားအတွင်းပိုင်းပြင်ဆင်မှုလေးပြုလုပ်မှာမို့ဆိုင်လေးခေတ္တခနပိတ်ထားပါတယ်နော်

ဆိုင်ပိတ်ထားပေမဲ့လို့ ပစ္စည်းမှန်စျေးတန်ကိုမှ သောက်ချင်ကြတဲ့ Nann Liquor House ရဲ့ ကာကာလေးတွေနဲ့အဆက်မပျက်ရလေအောင် ဖုန်းလေးဆက်ပီး ဟလိုလုပ်လိုက်တာနဲ့ deli free နဲ့ အရောက်ပို့ဝန်ဆောင်မှုလေးကတော့ ဆက်ရှိနေပါသေးတယ်နော်

Contact Us

☎️ 09753753727, 09753753737

🏬 Corner of 58th & 36(B) Street, Mahar Aung Myay Township, Mandalay.

ကဲညိုကီတို့ရေ.....   #ဟာသ
22/04/2023

ကဲညိုကီတို့ရေ.....

#ဟာသ

မင်မင်ကတော့ လူလိမ္မာလေးပါနော် .........😁     #အရက်သမားသစ္စာ  #ဟာသ
21/04/2023

မင်မင်ကတော့ လူလိမ္မာလေးပါနော် .........😁

#အရက်သမားသစ္စာ #ဟာသ

ဝိုင် ချစ်သူလေးတွေ တမေးထဲမေးနေကြတဲ့🍷Lamothe Parrot 🍷ဝိုင်လေးNann Liquor House မှာ ပြန်ရနေပါပီနော်Contact Us☎️ 0975375372...
20/04/2023

ဝိုင် ချစ်သူလေးတွေ တမေးထဲမေးနေကြတဲ့

🍷Lamothe Parrot 🍷ဝိုင်လေး

Nann Liquor House မှာ ပြန်ရနေပါပီနော်

Contact Us
☎️ 09753753727, 09753753737
🏬 Corner of 58th & 36(B) Street, Mahar Aung Myay Township, Mandalay.

Nann Liquor House  ကိုလာရောက်အားပေးပီးJohnnie Walker ဦးထုပ်လက်ဆောင်လေးရယူ ပြုံးပျော်နေကြတဲ့ အကိုကြီးတွေကိုကျေးဇူးအများကြ...
18/04/2023

Nann Liquor House ကိုလာရောက်အားပေးပီးJohnnie Walker ဦးထုပ်လက်ဆောင်လေးရယူ ပြုံးပျော်နေကြတဲ့ အကိုကြီးတွေကိုကျေးဇူးအများကြီးတင်ပါတယ်
ပူပြင်းလှတဲ့ရာသီကိုအံတုပေးမဲ့ဦးထုပ်လေးနဲ့အတူ
အရိပ်ရ အေးမြ ပြီး
နှစ်သစ်မှစ
ဆန္ဒနဲ့ဘဝတထပ်တည်းကျပါစေ
ကျန်းမာပျော်ရွှင်ပါစေ
စီးပွါးရေးတွေလည်းဒီရေအလား
တိုးတက်အောင်မြင်ပါစေလို့
Nann Liquor House မှ
ဆုတောင်းမေတ္တာပို့သပေးပါတယ်ရှင် 🙏🏻

🌿ဘော်ဘော်ထော်ထော်တွေအတွက် သင်္ကြန်အတွင်း NANN Liquor House မှ ပိတ်ရက်မရှိ ဆိုင်ဖွင့်ပေးထားပါတယ်ရှင် ..."စစ်မှန်သော အရသာခ...
13/04/2023

🌿ဘော်ဘော်ထော်ထော်တွေအတွက် သင်္ကြန်အတွင်း NANN Liquor House မှ ပိတ်ရက်မရှိ ဆိုင်ဖွင့်ပေးထားပါတယ်ရှင် ...

"စစ်မှန်သော အရသာခံစားမှုတိုင်းအတွက် NANN Liquor "

Contact Us
☎️ 09753753727, 09753753737
🏬 Corner of 58th & 36(B) Street, Mahar Aung Myay Township, Mandalay.

#သင်္ကြန် #အတာနှစ်ကူး

ညိုကီတို့အတွက် အိုကေပြီး စိုပြေစေမယ့် “NANN Liquor"🌿နွေရာသီပိတ်ရက်ရှည်တွေကို ပျော်ပျော်ပါးပါးမော်တော်ကားစီးပြီး ဖြတ်သန်း...
12/04/2023

ညိုကီတို့အတွက် အိုကေပြီး စိုပြေစေမယ့် “NANN Liquor"

🌿နွေရာသီပိတ်ရက်ရှည်တွေကို ပျော်ပျော်ပါးပါးမော်တော်ကားစီးပြီး ဖြတ်သန်းဖို့ဆိုရင် ..
ပစ္စည်းမှန် ဈေးမှန်ပြီး လိုတာရစေမယ့် NANN Liquor Shop လေးရှိတယ်နော်.....
😉Authentic ဆိုတာတွေကြည့်ဘဲမလို့ ညိုကီတို့အကြိုက် ဘုံဆိုင်လေးဖြစ်နေတော့မှာပါ...
NANN Liquor မှ ဘော်ဒါတွေအတွက် နွေအပူမှာ ရင်အေးရုံသာမက ခေါင်းပါအေးစေမယ့် ပရိုမိုးရှင်းလေး လာပါပြီ
🌚သူကတော့ BLACK Label 1 L တစ်လုံးဝယ်ယူသူတိုင်းကို Johnnie Walker ဦးထုပ်လေး တစ်လုံးလက်ဆောင်ရရှိမည်ဖြစ်ပါတယ်ရှင်....

"စစ်မှန်သော အရသာခံစားမှုတိုင်းအတွက် NANN Liquor "

Contact Us
☎️ 09753753727, 09753753737
🏬 Corner of 58th & 36(B) Street, Mahar Aung Myay Township, Mandalay.

🍷 ချစ်သူလေးတွေအတွက်😍
03/04/2023

🍷 ချစ်သူလေးတွေအတွက်😍

🤩
03/04/2023

🤩

03/04/2023

Address

58 Street Corner Of 35/36 Street , Mahar Aung Myay Township
Mandalay
05033

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959753753737

Website

Alerts

Be the first to know and let us send you an email when Nann Liquor House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby convenience stores


Other Wine, Beer & Spirits Stores in Mandalay

Show All