Nan Htike Aung Licence Service

Nan Htike Aung Licence Service Being of service to others is what bring True Happiness to us

28/07/2024

မိတ်ဆွေများခင်ဗျား ကျနော်၏လုပ်ငန်ဆောင်ရွက်မှုမှန်သမျှ လူကြီးမင်းကျေနပ်မှုမရှိပါက အားမနာတမ်းဝေဖန်အကြံပြုပေးပါရန်
လူကြီးမင်းကျေနပ်ပါက သင့်မိတ်ဆွေများကိုပြောပေးပါရန်

24/07/2024
ယခုရက်ပိုင်းစစ်ပေးလိုက်တဲ့ကားတွေပါကျနော်ကိုယုံကြည်စွာတာဝန်ပေးပါလူကြီးမင်းတို့စိတ်ကျေနပ်စေရန်တာဝန်ယူပါမည်
24/07/2024

ယခုရက်ပိုင်းစစ်ပေးလိုက်တဲ့ကားတွေပါ
ကျနော်ကိုယုံကြည်စွာတာဝန်ပေးပါ
လူကြီးမင်းတို့စိတ်ကျေနပ်စေရန်တာဝန်ယူပါမည်

အရင်ပတ်ကစစ်ပေးလိုက်တဲ့ကားလေးတွေ
20/05/2024

အရင်ပတ်ကစစ်ပေးလိုက်တဲ့ကားလေးတွေ

မနေ့ကစစ်ပေးလိုက်တဲ့Bus (၂)စီး စာမဲ့နယ်ဝင်သက်တမ်းတိုး
11/02/2023

မနေ့ကစစ်ပေးလိုက်တဲ့
Bus (၂)စီး စာမဲ့နယ်ဝင်သက်တမ်းတိုး

08/10/2022

မကြာခင်ကမှ ကားထုတ်လုပ်မှုရပ်ဆိုင်းထားတဲ့

SKD/CKD ကားတွေအပါအဝင်

JDM လို့လူသိများတဲ့ (ဂျပန်တစ်ပတ်ရစ်)

ကားဟောင်းတွေကို

အကြောင်းစုံလေ့လာသိရှိနိုင်ဖို့ အားလုံးအတွက်

မျှဝေပေးလိုက်ပါတယ်⏬

၁ ( Japanese Domestic Market )

JDM ဆိုတာ ဂျပန်ပြည်တွင်းသုံးဖို့ သီးသန့်ထုတ် လုပ်ထားတဲ့ ဂျပန်နိုင်ငံစက်ရုံထုတ်ကားများဖြစ်ပြီး၊ သူတို့နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုခွင့်မရှိတော့တဲ့ကားများ၊ (တစ်ချို့ဆို) ရေနစ်မြှပ်တာတို့၊ မုန်တိုင်းမိတာတို့ စတဲ့ ကားတွေလည်းရှိပါတယ်။ အားလုံးကိုမဆိုလိုပါ။ အထူးသဖြင့် ကားကောင်း၊ ကားသန့်တွေကတော့များပါတယ်။ အဲ့ဒီလို ကားမျိုးတွေကို မြန်မာနိုင်ငံက မှာယူတင်သွင်းပြီး အခွန်အမျိုးမျိုးပေးဆောင်စေကာ ယနေ့အချိန်အထိ မြန်မာနိုင်ငံမှာ ကောင်းပါတယ်ဆိုတဲ့ နာမည်တစ်လုံးကိုရရှိထားပြီး မြန်မာနိုင်ငံ ယာဥ်အစီးရေအားလုံးရဲ့ ၇၅% ခန့်ရှိသောကားများမှာ JDM လို့ခေါ်တဲ့ ဂျပန်တစ်ပတ်ရစ် Used ကားများပင်ဖြစ်သည်။ (ဥပမာ- Toyota Markll ၊ Honda Fit တို့လိုကားအမျိုးအစားတွေပါ)

၂ ( Semi Knock Down )

SKD စနစ်နဲ့ ထုတ်လုပ်တင်သွင်းတဲ့နိုင်ငံတွေကတော့
ဂျပန်၊ တရုတ်၊ အမေရိကန်၊ ကိုရီးယား နဲ့ ထိုင်း နိုင်ငံတို့လောက်သာရှိနေပြီး ဂျပန်နိုင်ငံထုတ်ဆို အများသိကြတဲ့ Suzuki ၊ Nissan၊ Isuzu etc... နဲ့ အမေရိကန်နိုင်ငံထုတ် Ford တို့လိုကားမျိုးတွေကို ဆိုလိုတာပါ။ ၎င်းကားအမျိုးအစားတွေ ဘယ်လိုပုံစံနဲ့ ထုတ်လည်းဆိုရင် သက်ဆိုင်ရာ နိုင်ငံအလိုက် သူတို့ကားကုမ္ပဏီတွေကနေတဆင့် ထုတ်လုပ်မည့်မော်တော်ယာဥ်တစ်စီးလုံးစာ Parts (အစိတ်အပိုင်း) တွေကို ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံကိုတင်သွင်းသယ်ဆောင်လာပြီး ရန်ကုန်မြို့ရှိ သီလဝါ Suzuki Myanmar Co.,Ltd တို့လို ကားစက်ရုံတွေမှာ အစ အဆုံး တစ်ခုချင်းစီ အဆင့်ဆင့် တပ်ဆင်ထုတ်လုပ်ပြီး Showroom တွေကနေတစ်ဆင့် ရောင်းချပေးနေတဲ့ ယနေ့ခေတ် Suzuki Swift၊ Suzuki Ciaz၊ Suzuki Ertiga တို့လို Brand New 0 Km ကားမျိုးတွေပဲဖြစ်ပါတယ်။
ယခုဆိုရင် အားလုံးသိကြတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး အမှတ်တံဆိပ်ဖြစ်တဲ့ TOYOTA ကလည်း Pickup အမျိုးအစား Double Cab ယာဥ်တွေကို SKD စနစ်နဲ့ စတင်ထုတ်လုပ်လိုက်ပြီဆိုတော့ Toyota Hilux Double Cab Brand New 0Km ကားတွေလည်းပါဝင်သွားပါပြီ👍

၃ ( Completely Knocked Down )

CKD ဆိုတာကတော့ SKD လို ကားအစိတ်အပိုင်းတွေကိုပြည်ပကနေတင်သွင်းနေစရာမလိုတော့ဘဲ ဒီနိုင်ငံရှိ သက်ဆိုင်ရာ ကားစက်ရုံတွေမှတင် အစိတ်အပိုင်းအားလုံးထုတ်လုပ်ပြီးတပ်ဆင်နေတဲ့
Brand New ကားအသစ်များပင် ဖြစ်ပါသည်။ (လက်ရှိအခြေအနေထိတော့ မြန်မာနိုင်ငံမှာ CKD စနစ်ဖြင့်ထုတ်လုပ်နေတာမျိုး မရှိသေးပါဘူး)

၄ ( Completely Built-Up )

CBU ဆိုတာကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ မော်တော်ကားကုမ္ပဏီအားလုံးက သူတို့ရဲ့ကားစက်ရုံအသီးသီးမှာ အပြီးစီးတပ်ဆင်ပြီး နိုင်ငံအဝန်းသို့ ထုတ်လုပ်ရောင်းချပေးနေတဲ့ ( US $ ) ဖြင့်ငွေပေးချေရသော လက်ရှိမြန်မာနိုင်ငံမှာ တင်သွင်းခွင့်ပိတ်ထားတဲ့ ပြည်ပတင်သွင်းယာဥ်လို့ လူသိများကြတဲ့ သိန်းရာကျော်၊ သိန်းထောင်ကျော်တန် Brand New ကား အသစ် စက်စက် ကြီးတွေကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
(ဥပမာ- Toyota/ BMW/ Marcedes / Audi/ Mazda/ Porsche/ Honda/ Nissan/ KIA/ Hyundi/ Ford/ Volkswagen၊ Chevrolet တို့လိုကားအမျိုးအစားတွေပဲဖြစ်ပါတယ် )

ဒါဆိုရင် မိမိတို့ စီးနေတဲ့ မော်တော်ယာဥ်ဟာ မည့်သည့်အမျိုးအစားထဲတွင် ပါဝင်တယ်ဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။ ( သိပြီးသားသူတွေလည်း များစွာရှိနေမှာပါ ) ဗဟုသုတအဖြစ် ရေးသားမျှဝေခြင်းသာ ဖြစ်ပါသည်။

စိတ်ဝင်စားစရာ ကားအကြောင်းအရာတွေနဲ့ ကားစျေးကွက်အခြေနေတွေကို အမြဲတမ်း Sharing လုပ်ပေးနေတာဖြစ်လို့ Page ကို Like & Follow လုပ်ထားကြဖို့လည်းမမေ့ပါနဲ့ခင်ဗျာ🙏 Page Link⏬

https://www.facebook.com/Vehicle-Like-Myanmar-107131481702365/

အားလုံးကိုချစ်ခင်လေးစားလျှက်





နန်းထိုက်အောင်မှဝန်ဆောင်မှုပေးခဲ့သောမော်တော်ယာဥ်များပြောင်းချင်ရာပြောင်းပျောက်ချင်တာပျောက်အဆင်ပြေအောင်ဆောင်ရွက်ပေးမည်
26/09/2022

နန်းထိုက်အောင်မှဝန်ဆောင်မှုပေးခဲ့သောမော်တော်ယာဥ်များ
ပြောင်းချင်ရာပြောင်း
ပျောက်ချင်တာပျောက်
အဆင်ပြေအောင်ဆောင်ရွက်ပေးမည်

28/05/2022

ဖေါင်းကြွနံပါတ်ပျောက်ဆုံးခြင်း
နှင့်
ဖေါင်းကြွနံပါတ်ပျောက်လျှောက်ထားခြင်း
မော်တော်ကားများ၏ဖေါင်းကြွနံပါတ်ပြားများမကြာခဏပျောက်ဆုံံးတတ်ပါသည်သာမန်ကျပျောက်ခြင်းထက်အခိုးခံရ၍ပျောက်ဆုံးခြင်းကပိုများပါမည် ခြံဝင်းအတွင်း
ဂိုဒေါင်အတွင်းမထားသောကားများညအချိန်တွင်ခိုးဖြုတ်ခံရကြောင်းမိတ်ဆွေများထံမှမကြာခဏကြားသိရသည်
ဖေါင်းကြွနံပါတ်ပြားပျောက်ဆုံးပါကပြန်လည်လျှောက်လျှင်အလွန်အလုပ်ရှုတ်ပါသည် ရဲစခန်းထောက်ခံချက်ယူရ ကညနမှာယာဥ်စစ်ရ သတင်းစာတိုက်မှာကြော်ငြာထည့်ရနှင့်အလွယ်တကူမရပါ
သို့ဖြစ်ပါ၍
မိမိတို့မော်တော်ကားများ၏
ဖေါင်းကြွနံပါတ်ပြားများကိုမပျောက်ရအောင်အထူးဂရုစိုက်ကြပါရန်နှိုးဆော်အပ်ပါသည်
မော်တော်ကား
မော်တော်ဆိုင်ကယ်
ယာဥ်မောင်းလိုင်စင်ကိစ္စအဝဝနှင့်ပါတ်သတ်၍သိရှိလိုပါက
ကိုဇော်မျိုးအောင်
၀၉ ၄၃၀ ၆၂၄၅၃
၀၉ ၂၀၂ ၄၄၅၆ သို့ဆက်သွယ်မေးမြန်းစုံစမ်း
နိူင်ပါသည်

မန္တလေး ကညန တွင်ဖေါင်းကြွနံပါတ်ပြားပုံစံသစ်လျှောက်ထားသူများ 10/2/2022မတိုင်ခင်လျှောက်ထားသူများဖေါင်းကြွနံပါတ်ပြားများလာရ...
14/05/2022

မန္တလေး ကညန တွင်ဖေါင်းကြွနံပါတ်ပြားပုံစံသစ်လျှောက်ထားသူများ 10/2/2022မတိုင်ခင်လျှောက်ထားသူများဖေါင်းကြွနံပါတ်ပြားများလာရောက်ထုတ်ယူနှိုင်ပါပြီ
လိုအပ်ချက် ကမ(၃)အုံနာဘုတ် နှင့်ဖေါင်းကြွအဟောင်း(၂)ချပ်
မှတ်ချက် နှစ်လဲသက်တမ်းတိုးသီးသန့်ယာဥ်များဖေါင်းကြွပုံစံသစ်မရပါ
1/7/2021နောက်ပိုင်း အမည်ပြောင်းနေရပ်ပြောင်းသောယာဥ်များသာပုံစံသစ်ဖေါင်းကြွနံပါတ်ပြားရပါသည် နှစ်လဲသက်တမ်းတိုးယာဥ်များပုံစံသစ်ဖေါင်းကြွနံပါတ်ပြားလိုချင်ပါကသီးသန့်လျှောက်ထားရယူ
နိူင်ပါသည်
ကား ဆိုင်ကယ် ယာဥ်မောင်းလိုင်စင်ကိစ္စများနှင့်ပါတ်သတ်၍သိရှိလိုပါက
ကိုဇော်မျိုးအောင်
၀၉ ၄၃၀၆၂၄၅၃
၀၉ ၂၀၂ ၄၄၅၆ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်

28/02/2022

Toyota Harrier / Lexus RX အကြောင်းသိကောင်းစရာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီကနေ့ တိုယိုတာရဲ့ Mid-Luxury crossover SUV ကို စတင်မိတ်ဆက်ခဲ့တာကတော့ December 1997 ခုနှစ်မှာပါ။ Toyota ကနေ ဒီဇိုင်းတူ / မော်ဒယ်တူ ပြီး နာမည် နှစ်မျိုးနဲ့ ထုတ်ခဲ့ပါတယ်။
Harrier နဲ့ Lexus RX ဆိုပြိးထုတ်ဖို့ ဒီဇိုင်းဆွဲခဲ့တာကတော့ ဂျပန် ဒီဇိုင်းနာ Makoto Oshima ပဲဖြစ်ပါတယ်။
Harrier ကို တော့ ဂျပန်ပြည်တွင်း သုံးအဖြစ်ထုတ်လုပ်ရောင်းချခဲ့ပြီး Lexus RX ကိုတော့ ကမ္ဘာနဲ့ အဝှမ်း တင်ပို့ရောင်းချခဲ့ပါတယ်။
ထူးခြားချက်အနေနဲ့ harrier ဟာ unibody ရဲ့ ရှေးအကျဆုံး ကားတည်ဆောက်ခြင်းခံရတာပါ။ Unibody ဆိုတာကတော့ ကားရဲ့ frame မှာ မျိုးစုံလာရောက်တွဲဆက်တဲ့ ဒီဇိုင်းပါ။ 1990 ဝန်းကျင်မှာ ကား အားလုံးဟာ body သတ်သတ် frame သတ်သတ် တည်ဆောက်လေ့ ရှိပြီး၊ နောပ်ဆုံးမှာ တွဲဆက်လိုက်တာ မျိုးပါ။ Harrier ကတော့ အစိတ်အပိုင်းအားလုံး တတွဲစပ်တည်း ပွဲထွက်လာတဲ့ Unibody စနစ်ပါ။ လက်ရှိ အချိန်ထိ မျိုးဆက် လေးဆက်တိုင်ခဲ့ပြီ ဖြစ်တဲ့ Harrier အကြောင်း အောက်မှာ ရှင်းပြထားပ်တယ်။

First Generation ( 1997-2003)

First generation မှာတင် အဆင့်နှစ်ဆင့် ခွဲခြားလို့ ရနိုင်ပါသေးတယ်။ 2000 နောက်ပိုင်း မော်ဒယ်တွေ မှာ facelift လုပ်ခဲ့ပြီး မီးခွက်ဒီဇိုင်းတွေ ပြောင်းတဲ့ အပြင် chassis ပါ ပြောင်းခဲ့ပေမယ့် Generation အနေနဲ့ တော့ မပြောင်းပါဘူးလို့ တိုယိုတာ ကိုယ်တိုင် ထုတ်ပြန်ထားတာပါ။
မြန်မာပြည်အနှံ့ တွေ့မြင်နေရလေ့ ရှိတဲ့ ဒီပထမ မျိုးဆက်ရဲ့ engine တွေကတော့ ၃ မျိုး အထိ ရှိပါတယ်။
2.2L 5S-FE I4 ( 130 hp, 4400 rpm)
2.4L 2AZ-FE I4 ( 160 hp, 5600 rpm)
3.0L 1MZ-FE V6 ( 194 hp, 5200 rpm)
ဆိုပြီး တပ်ဆင်ပေးလေ့ရှိပါတယ်။ 2.4L အင်ဂျင်ကတော့ 2000 နောက်ပိုင်း မော်ဒယ်မှာသာ တွေ့ရမှာပါ။ 2.2 L အင်ဂျင် line-up ကို အစားထိုးလိုက်တာ ဆိုရင်လည်း မမှားပါဘူး။ 5S-FE အင်ဂျင် တွေကို 1999 နောက်ပိုင်း ထပ်မံထုတ်လုပ်ခြင်း မရှိတော့ပါဘူး။
ကားရဲ့ အရွယ်အစားတွေ ကတော့
Wheel base = 2619 mm
Length = 4575 mm
Width = 1816 mm
Height = 1669 mm
အသီးသီး ရှိနိုင်ပြီးတော့ Lexus မော်ဒယ်မှာ ကားအမြင့်ဟာ ပိုနိုင်ပါတယ်။
ဂရိတ် အနေနဲ့တော့ S နဲ့ G လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပြီး ဂရိတ်ပျောက်လည်း ရှိပါတယ်။ S ဂရိတ်မှာတော့ S PACKAGE , G ဂရိတ်မှာတော့ G PACKAGE လို့ ကားနောက်ဖုံးမှာ ရေးလေ့ရှိပြီး , 4WD ဆိုရင်တော့ FOUR ဆ်ုတာလေး ပါဝင်လာပါလိမ့်မယ်။
Chassis အနေနဲ့ ကတော့ အင်ဂျက်ပါဝါပေါ်မူတည်ပြီး နှစ်မျိုးသာ ကွဲပြားပါမယ်။
2.2L မှာ GF-SXU10W
3.0L မှာ GF-MCU10W
ဖြစ်ပြီးတော့ 4WD ဆိုရင်တော့ 10W နေရာမှာ 15W နဲ့ ဆုံးပါတယ်။
2000 နောက်ပိုင်း မှာတော့ 2.2L ပျောက်သွားပြီး 2.4 နဲ့ 3.0 သာ ထုတ်ပါတော့တယ်။ Chassis အနေနဲ့ကတော့ ပြောင်းသွားပြီး 2.4L မှာ TA-ACU10W နဲ့ 3.0L မှာ TA-MCU10W ဖြစ်ပြီး၊ 4WD ဆိုရင်တော့ 15W နဲ့ ဆုံးတဲ့ chassis ပါပဲ။
ဂရိတ်အနေနဲ့ ခွဲရရင်တော့
PRIME SELECTION
IR VERSION
G
ဆိုပြီး သုံးမျိုး ခွဲနိုင်ပါတယ်။

Second Generation ( 2003-2008 )

မြန်မာတွေ ခေါ်လေ့ရှိတဲ့ ဇွန်ကြီး ဆိုတဲ့ second generation ကတော့ ထူးထူးခြားခြား ကားနောက်ပိုင်းက လုံးထွက်နေတာလေး မှတ်မိကြမှာပါ။ ပိုပြီးကျဟ်လစ်တဲ့ ဒီဇိုင်း, LED taillight , Golden bird's eye maple တွေအပြင် အတွင်းခန်း အဆင့်မြင့်တင်ထားတဲ့ storage area တွေ ကဆွဲဆောင်မှု အားကောင်းလွန်းလှပါတယ်။ တိုယိုတာရဲ့ K platform ထဲကို ဆွဲသွင်းခြင်းခံရတဲ့ ထိ အောင်မြင်တဲ့ ဒီမော်ဒယ်ဟာ ရှုတ်ထွေးတဲ့ chassis တွေ နဲ့ ပွဲထွက်လာပြီး အင်ဂျင်အနေနဲ့ နှစ်မျိုးသာ ရှိပါတယ်။
2.4L 2AZ-FE I4 ( 160hp, 5600 rpm)
3.0L 1MZ-FE V6 ( 194hp, 5200 rpm)
ဆိုပေမယ့် Lexus RX အတွက်မှာတော့
3.5L 2GR-FE V6 ( 268hp, 6200 rpm)
ကို သီးသန့် မှာယူနိုင်ပါသေးတယ်။
အင်ဂျင်အားလုံးဟာ Dual VVT-i version နဲ့သာလာပါတယ်။
စာကြွင်း ။ ။ Toyota K platform ဆိုတာ တိုယိုတာရဲ့ အကောင်းဆုံး ကားတည်ဆောက်မှု နည်းပညာတွေ ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ Avalon, Camry, Highlander, Sienna, Venza, Lexus RX, Lexus ES တွေအပြင် အခြား နာမည်ကြီး တိုယိုတာ ကား အများစု အတွက် အသုံးပြုပါတယ်။

ဒီဒုတိယ မျိုးဆက်မှာ ဂရိတ်/ Chassis အနေနဲ့ကတော့
240G
(UA-ACU30W-AWPGK)
240G L PACKAGE
(UA-ACU30W-AWPGKA)
240G Premium L PACKAGE
(UA-ACU30W-AWPGKB)
AIRS
(UA-MCU31W-AWAGK)
300G
(UA-MCU30W-AWAGK)
300G L PACKAGE
(UA-MCU30W-AWAGKA)
300G Premium L PACKAGE
(UA-MCU30W-AWAGKB)
ဆိုပြီးတော့ ရှိပြီး 4WD ဆိုရင်တော့ FOUR ပါဝင်လာပြီး chassis မှာတော့ 30W အစား 35W ဖြစ်လာပါလိမ့်မယ်။
3.5 L အင်ဂျင်တပ် Lexus RX မှာတော့ RX350G လို့ ရေးလေ့ရှိပါတယ်။
အင်ဂျင်ပါဝါ မြင့်လာလေလေ ဂရိတ်စုံလာလေလေ ပါဝင်ပစ္စည်းများလာလေလေ ဆိုတာကတော့ ဂျပန်တွေရဲ့ စံချိန်လို့တောင် ပြောရမလိုပါပဲ။
ဂရိတ်အနေနဲ့ အတူတူပေမယ့် Chassis အနေနဲ့ အပြောင်းအလဲ ဖြစ်လာခဲ့ပါသေးတယ်။ 2004 မှာ UA ကနေ CBA ပြောင်းတယ် ( နောက်ကကျန်တာတူ) ။ 3.5L အင်ဂျင်တပ်ရင်တော့ DBA နဲ့ စပါလိမ့်မယ်။

Third Generation ( 2008-2012 )

တတိယမျိုးဆက်ကတော့ ဒုတိယမျိုးဆက်လောက် အောင်မြင်မှု သိပ်မရပေမယ့် အရှိန်အဝါကိုတော့ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ကတော့ ဒုတိယမျိုးဆက်နဲ့ အတူတူပေမယ့် ဂရိတ်ခွဲများစွာ မထုတ်တော့ပဲ နှစ်မျိုးသာ ထုတ်ပေးပါတယ်။
2.4L နဲ့ 3.5L နှစ်မျိုးပါပဲ။ ဂျပန်ကားဟောင်းသာ အတွေ့ရများတဲ့ မြန်မာပြည်မှာတော့ ဒီမျိုးဆက်ရဲ့ 3.5L ဟာ ရှားပါး နေအုံးမှာပါ။ ဂျပန်မှာ 2.4L သာ အသုံးများတာကြောင့်ပါ။
ဒီမော်ဒယ်မှာ စတင် အသုံးပြုလာတာက တိုယိုတာရဲ့ hybird စနစ်ပါ။ နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့ harrier ကို mid-crossover SUV အနေနဲ့ထားခဲ့ပြီး Lexus ကိုတော့ Full size SUV အဖြစ်ခွဲထုတ်လိုက်တာ တွေ့ရပါတယ်။
Harrier မှာ
2.4L 2AZ-FE ကိုပဲ အနည်းငယ် ပြုပြင်ပေးထား တဲ့ ဗားရှင်းအသစ် ကို ထည့်သွင်းပြီး ဂျပန်မှာ ရောင်းချပါတယ်။ 3.5L အင်ဂျင်မှာတော့ build in hybird system ထည့်သွင်းပေးထားပေမယ့် ဂျပန်မှာ အစီးရေ အနည်းငယ်သာ ရောင်းချခဲ့ရပါတယ်။
Lexus RX မှာတော့
2.7L 1AR-FE I4 ( 182 hp, 4200rpm)
3.5L 2GR-FE V6 ( 268 hp, 6200rpm)
3.5L 2GR-FXE (292 hp ) D-4S system
ဖြစ်သွားပြီး Lexus RX450h လို့ခေါ်ကြပါတယ်။

Fourth Generation ( 2012-Present)

လက်ရှိ နောက်ဆုံး ထုတ်လုပ်ရောင်းချနေတဲ့ မော်းယ်ကတော့ ထူးထူးခြားခြား ဒီဇိုင်းအပြင် ရုပ်ထွက်က ဆွဲဆောင်မှု အပြည့် နဲ့ မြင်သူငေးကြတဲ့ အမျိုးအစားပါပဲ။
နောက်ထပ်ထူးခြားမှု တစ်ခုကတော့ လူတွေ အဓိက စဉ်းစားတဲ့ ဆီစားသက်သာမှုကို ထပ်ပေါင်း လိုက်တော့ အလွန့်အလွန်ရွေးချယ်သင့်တဲ့ အမျိုးအစား အဖြစ်ပွဲထွက်လာတာပါပဲ။
ဒီမျိုးဆက်မှာတော့ အင်ဂျင်တစ်မျိုးသာ သုံးပါတယ်။ ဒီအင်ဂျင်ကတော့ တိုယိုတာရဲ့ နောက်ဆုံပေါ် အင်ဂျင် စီရီး ဖြစ်တဲ့ ZR စီးရီးထဲက 3ZR-FAE I4 , 2.0L အင်ဂျင်ပါပဲ။
193 Nm / 3800 rpm ရှိတဲ့ ဒီ အင်ဂျင်ဟာ တိုယိုတာရဲ့ နောက်ဆုံးပေါ် ကား အများစုမှာ တပ်ဆင်ပေးထားပါတယ်။
ဂရိတ်/ Chassis အနေနဲ့ကတော့
PREMIUM
( DBA-ZSU60W-ANXGP )
PREMIUM ADVANCED PACKAGE
( DBA-ZSU60W-ANXGP(A) )
GRAND
( DBA-ZSU60W-ANXXP )
ELEGANCE
( DBA-ZSU60W-ANXMP )
ဆိုပြီး လာပါတယ်။ 4WD မော်ဒယ်မှာတော့ FOUR ဆိုတဲ့ စာလေး နဲ့ 60W ကနေ 65W လို့ ပါဝင်မှာကတော့ သက်တမ်းတစ်လျောက် မပြောင်းလဲတဲ့ DNA အသေးစားလေးပေါ့။ ဒီမျိုးဆက်မှာ ကွဲပြားထွက်လာတာကတော့ ဂီယာဘောက်ကြောင့်လည်း ထူးခြားလာပါတယ်။ CVT ဂီယာဘောက်ကြောင့် engine ရဲ့ efficiency ပိုကောင်းလာတာကြောင့် အင်ဂျင်ပါဝါသေးသွားပေမယ့်လည်း အဆွဲအရုန်းဟာ ပိုတောင်သွက်လက်လာပါသေးတယ်။ Third Generation အထိ တောက်လျောက် harrier မှာ 4AT/ 5AT စတဲ့ အော်တိုဂီယာဘောက်တွေသာ သုံးစွဲခဲ့တာပါ။

ဒီလောက်ဆိုရင်တော့ တိုယိုတာရဲ့ Harrier အကြောင်း အနည်းငယ်သိရှိလောက်ပါပြီ။

Original Uploader
မူရင်းရေးသားသူအား Credit ပေးပါသည်။

ရှေးဟောင်းမော်တော်ကားတွေလိုင်စင်ချပေးတော့မယ်တဲ့
22/02/2022

ရှေးဟောင်းမော်တော်ကားတွေလိုင်စင်ချပေးတော့မယ်တဲ့

29/01/2022

မန္တလေးယာဥ်မောင်းလိုင်စင်ကိုင်ဆောင်သူများသတိပြုရန်
ယခုအခါယာဥ်မောင်းလိုင်စင်သက်တမ်းတိုးရာတွင်ရက်ချိန်းယူပြီးမှသက်တမ်းတိုးရပါသည်
က နှင့် ခ လိုင်စင်ရက်ချိန်း
သိပ်မဝေးသော်လည်း
ဃ နှင့် င ယာဥ်မောင်းလိုင်စင်တို့မှာရက်ချိန်းရရန် ၂ ပတ်မှ ၃ ပတ်ခန့်ထိကြာ
နှိုင်ပါသည် သို့ဖြစ်၍ယာဥ်မောင်းလိုင်စင်သက်တမ်းတိုးရာတွင်ကြိုတင်သက်တမ်းတိုးကြပါရန်အကြံပြုအပ်ပါသည်
ရက်ပေါင်း ၉၀ ကြိုတင်၍
တိုးရပါသည် ရက်လွန်ဒါဏ်ကြေးများမှာ
က လိုင်စင် ၃၀၀၀
ခ လိုင်စင် ၁၀၀၀၀
ဃ လိုင်စင် ၂၀၀၀၀
င လိုင်စင် ၂၅၀၀၀ ဖြစ်ပါသည် သို့ဖြစ်ပါ၍ဒါဏ်ကြေးမဆောင်ရစေရန်ကြိုတင်သက်တမ်းတိုးကြပါရန်သတိပေးနှိုးဆော်အပ်ပါသည်
ကား ဆိုင်ကယ် ယာဥ်မောင်းလိုင်စင်ကိစ္စအဝဝနှင့်ပါတ်သတ်၍သိရှိလိုပါက
ကိုဇော်မျိုးအောင်
၀၉ ၂၀၂ ၄၄၅၆
၀၉ ၄၃၀ ၆၂၄၅၃ သို့ဆက်သွယ်၍မေးမြန်းစုံစမ်းနှိုင်ပါသည်

ယာဥ်မောင်းလိုင်စင်အမျိုးအစားလိုက် ကညန မှကောက်ခံသောနှုံးထားများသိရှိနှိုင်ပါရန်မိတ္တူ=အပျောက်နရပ=နေရပ်ပြောင်းနှစ်လဲ=သက်တမ...
04/12/2021

ယာဥ်မောင်းလိုင်စင်အမျိုးအစားလိုက် ကညန မှကောက်ခံသောနှုံးထားများသိရှိ
နှိုင်ပါရန်
မိတ္တူ=အပျောက်
နရပ=နေရပ်ပြောင်း
နှစ်လဲ=သက်တမ်းတိုး
ကား ဆိုင်ကယ် ယာဥ်မောင်းလိုင်စင်ကိစ္စများနှင့်ပါတ်သတ်၍သိရှိလိုပါက
ကိုဇော်မျိုးအောင်
၀၉ ၂၀၂ ၄၄၅၆
၀၉ ၄၃၀ ၆၂၄၅၃ သို့ဆက်သွယ်မေးမြန်းစုံစမ်းနှိုင်ပါသည်

Covid ကာလသက်တမ်းလွန်ယာဥ်မောင်းလိုင်စင်များဒါဏ်ကြေးကင်းလွတ်ခွင့်ကာလကန့်သတ်ချက်ကား ဆိုင်ကယ် ယာဥ်လိုင်စင် ယာဥ်မောင်းလိုင်နှ...
02/12/2021

Covid ကာလသက်တမ်းလွန်ယာဥ်မောင်းလိုင်စင်များ
ဒါဏ်ကြေးကင်းလွတ်ခွင့်ကာလကန့်သတ်ချက်
ကား ဆိုင်ကယ် ယာဥ်လိုင်စင် ယာဥ်မောင်းလိုင်နှင့်ပါတ်သတ်သောကိစ္စအဝဝ
သိရှိလိုပါက
ကိုဇော်မျိုးအောင်
၀၉ ၂၀၂ ၄၄၅၆
၀၉ ၄၃၀၆၂၄၅၃ သို့ဆက်သွယ်မေးမြန်းစုံစမ်းနှိုင်ပါသည်

Covid ကာလသက်တမ်းလွန်ယာဥ်များဒါဏ်ကြေးကင်းလွတ်ခွင့်ကာလကန့်သတ်ချက်2/21,3/21,8/21သက်တမ်းကုန်ယာဥ်များကို2021နိူဝင်ဘာလကုန်အတွင...
29/11/2021

Covid ကာလသက်တမ်းလွန်ယာဥ်များဒါဏ်ကြေးကင်းလွတ်ခွင့်ကာလကန့်သတ်ချက်
2/21,3/21,8/21သက်တမ်းကုန်ယာဥ်များကို2021နိူဝင်ဘာလကုန်အတွင်း
နှင့်
9/21သက်တမ်းကုန်ယာဥ်များ2021ဒီဇင်ဘာလကုန်အတွင်းသက်တမ်းတိုးပါရန်
ကား ဆိုင်ကယ် ယာဥ်မောင်းလိုင်စင်ကိစ္စများအတွက်အသေးစိပ်သိရှိလိုပါက ကိုဇော်မျိုးအောင်
၀၉ ၂၀၂ ၄၄၅၆
၀၉ ၄၃၀ ၆၂၄၅၃ သို့
ဆက်သွယ်မေးမြန်းစုံစမ်းနှိုင်ပါသည်

ယာဥ်မောင်းလိုင်စင်သက်တမ်းတိုးပေးပါသည် က လိုင်စင် ၃၀၀၀၀ခ လိုင်စင်  ၇၀၀၀၀ဃ လိုင်စင် ၈၀၀၀၀င လိုင်စင် ၉၅၀၀၀ ကျသင့်ပါမည်ဖုန်း...
28/11/2021

ယာဥ်မောင်းလိုင်စင်သက်တမ်းတိုးပေးပါသည်
က လိုင်စင် ၃၀၀၀၀
ခ လိုင်စင် ၇၀၀၀၀
ဃ လိုင်စင် ၈၀၀၀၀
င လိုင်စင် ၉၅၀၀၀ ကျသင့်ပါမည်
ဖုန်း ၀၉ ၂၀၂ ၄၄၅၆
၀၉ ၄၃၀ ၆၂၄၅၃

18/09/2021

မော်တော်ကားမောင်းနှင်သူတိုင်း မဖြစ်မနေ သိထားသင့်သည့်

Car Dashboard ပေါ်မှ အချက်ပြသင်္ကေတများ . . .

-------------------------------------------------------------------

Cruise Control

အဝေးပြေးလိုလမ်းဖြောင့်တွေပေါ်မှာ ယာဉ်မောင်းရဲ့သက်မှတ်မြန်နှုန်းအတိုင်း အလိုအလျောက်မောင်းနှင်ပေးနေတဲ့ အချိန်မျိုးမှာ အချက်ပြပေးမှာဖြစ်ပါတယ်။

မော်တော်ကားမောင်းနှင်ခြင်းကို သက်သက်သာသာရှိအောင် ကူညီထိန်းကျောင်းလုပ်ဆောင်ပေးမယ့် အကူစနစ်ဆိုရင် မမှားပါဘူး။

အချက်ပြနေတာကို ပိတ်ချင်ရင် ဘရိတ်ကိုအသုံးပြုရပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက အချက်ပြစနစ်ပိတ်မသွားပဲဆက်ပြီး ပေါ်နေဦးမယ်ဆိုရင် ချွတ်ယွင်းချက်ရှိနေတာဖြစ်ပါတယ်။

အန္တရာယ်ရှိတာကြောင့် ဆက်မမောင်းပဲ ပြင်ဆင်ပြီးမှ ပြန်မောင်းပါလို့ အကြံပေးလိုပါတယ်။

Adaptive Cruise Control

သူက Cruise Control ရဲ့ နောက်ဆက်တွဲနည်းပညာဖြစ်ပြီး သူလည်းအလိုအလျောက်လုပ်ဆောင်ပေးမယ့် စနစ်ဖြစ်ပါတယ်။

ပုံပေါ်နေရင် အဆိုပါစနစ်လုပ်ဆောင်နေတာဖြစ်ပြီး မသုံးချင်ဘူးဆိုရင်လည်း ပိတ်ထားနိုင်မှာဖြစ်ပါတယ်။

Engine Cooling System

အင်ဂျင်က အနားမရပဲ ဆက်တိုက်အလုပ်လုပ်ပေးနေရတာမျိုး၊ ပြင်းပြင်းထန်ထန်ရုန်းကန်ပေးနေရတဲ့အချိန်မျိုးမှာ အချက်ပြပေးတဲ့စနစ်ဖြစ်ပါတယ်။

အရေးကြီးပါတယ်။ အင်ဂျင်ရဲ့ ခံနိုင်ရည်အပူချိန်ထက်ပိုပြီး မြင့်မားနေပြီ၊ အမြင့်ဆုံးအပူချိန်ရောက်နြေပီဆိုတာကို အချက်ပြတာဖြစ်တဲ့အတွက် အင်ဂျင်ကို အနားပေးပါ။ ဆက်ပြီးမမောင်းသင့်ပါဘူး။

တဆက်တည်းမှာ ရေတိုင်ကီနဲ့ ရေပိုက်စနစ်တွေကို စစ်ဆေးရမှာဖြစ်ပါတယ်။

Vehicle Charging System

သူကတော့ ကားရဲ့အားသွင်းစနစ်မှာ ချွတ်ယွင်းချက်ရှိနေတယ်လို့အချက်ပြပေးတာဖြစ်ပါတယ်။

ဘက်ထရီအားဝင်/မဝင်၊ ဘက်ထရီကောင်း/မကောင်း စစ်ဆေးရမှာဖြစ်ပါတယ်။

ဘက်ထရီပိုင်းက ကားမီးလောင်တာမျိုးကို ပိုဖြစ်စေနိုင်တဲ့အလားအလာရှိတာကြောင့် ဒီမီးလင်းလာရင် ဆက်မောင်းတာမျိုး မလုပ်ပါနဲ့။ ပြင်ဆင်ပါ။

Air Suspension

Suspension စနစ်ရဲ့ အဆင့်မြင့် စနစ်ပဲ ဖြစ်ပါတယ်။ Absorber တွေနဲ့ ဖန်တီး ထည့်သွင်းထားတဲ့စနစ် မဟုတ်တော့ပဲ ခရီးသည်တင်ကားတွေရဲ့ အောက်ဖက် လေအိတ်တွေလိုပဲ ကားကို သက်သောင့်သက်သာစီးနင်းနိုင်အောင် လေအိတ်ပုံစံ Suspension စနစ်နဲ့ သွားတာ ဖြစ်ပါတယ်။

အထက်ပါစနစ်ချွတ်ယွင်းနေတယ်ဆိုတာကို အချက်ပြတာဖြစ်ပြီး ပြန်လည်ပြုပြင်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။

Automatic Gearbox Box

အော်တိုဂီယာနဲ့ကားတွေမှာ ဒီမီးလင်းနေရင် ဂီယာကချွတ်ယွင်းချက်ရှိနေပြီလို့ပြောတာဖြစ်ပါတယ်။ အရေးကြီးပါတယ်။ စစ်ဆေးပြင်ဆင်ရမှာပါ။

Towing Hitch

ဝန်တင်ဆောင်ထားမယ်ဆိုရင် Mode ပြောင်းလဲ မောင်းနှင်နိုင်တဲ့ ကားတွေမှာ Tow Mode ပြောင်းလဲ မောင်းနှင်ဖို့ အချက်ပြခြင်း ဖြစ်တတ်သလို Mode ပြောင်းလဲ မောင်းနှင်နိုင်ခြင်းမရှိတဲ့ မော်ဒယ်တွေဆိုရင်လည်း ဝန်တင်ဆောင်ထားကြောင်းနဲ့ ပုံမှန်ထက် ဝန်များကြောင်း အချက်ပြပေးမှာ ဖြစ်ပါတယ်။

Electronic Stability Programme

သူက Stability စနစ်ကို လျှပ်စစ်စနစ်နဲ့ ထိန်းချုပ်မောင်းနှင်နေတယ် ဆိုတာ သိစေအောင် အချက်ပြပေးတာ ဖြစ်ပါတယ်။

ထည့်သွင်း Software ကနေ တဆင့် ထိန်းချုပ်ပေးတာဖြစ်ပြီး ဒီစနစ်က ပုံမှန် Stability စနစ်တွေထက် ကားကို လမ်းကြောင်းပေါ်မှာ ပိုမိုတည်ငြိမ်မှု ပေးနိုင်တာ တွေ့ရပါတယ်။

Stability Control Off

နောက်ပိုင်းထုတ်ကားတွေမှာ မော်တော်ယာဉ်မောင်းနှင်ချိန် တည်ငြိမ်မှုထိန်းချုပ်တဲ့စနစ်ကို ပိတ်ထားတယ်လို့ အချက်ပြပေးတာဖြစ်ပါတယ်။

Lane Assist

သူက မော်တော်ကားတိုင်းမှာတော့ မပါပါဘူး။ နောက်ပိုင်းထုတ် မော်ဒယ်မြင့်တွေမှာ ပိုပြီးတွေ့ရပါတယ်။

ကားရဲ့ဘေးဘက်တွေကိုအာရုံခံပြီး အချက်ပြပေးတဲ့စနစ်မျိုးဖြစ်တာကြောင့် လမ်းကျဉ်းလိုနေရမျိုးတွေမှာဆို အသုံးတည့်ပါတယ်။ ဒီစနစ်ကလည်းမလိုဘူးဆို ပိတ်ထားလို့ရပါတယ်။

Airbag and Seat Belt System

သူကတော့ အသက်ကယ်လေအိတ်စနစ်မှာ အားနည်းချက်ရှိနေတာမျိုး၊ ထိုင်ခုံခါးပတ်မှာ ပြစ်ချက်ရှိနေတာမျိုးတွေကို အချက်ပြပေးတာဖြစ်ပါတယ်။

အချို့သောကားတွေမှာဆို ကားမောင်းတဲ့အချိန် ခါးပတ်ပတ်မထားရင်လည်း ဒီပုံစံနဲ့ပဲ အချက်ပြပေးတက်ပါတယ်။

Brake System

သူက ကနေဒါပုံစံအချက်ပြစနစ်ပါ။ အမေရိကန်စနစ်မှာတော့ Brake ဆိုတဲ့ စာသားနဲ့လာပါတယ်။

ဘရိတ်စနစ်မှာ အားနည်းချက်ရှိနေပြီလို့ အချက်ပြတာဖြစ်ပါတယ်။

လက်ကိုင်ဘရိတ်စနစ်ကို ပြန်လည်စစ်ဆေးရမှာဖြစ်ပါတယ်။

Engine Oil Pressure

သူက အင်ဂျင်အတွင်းက အင်ဂျင်ဝိုင်ဖိအားနဲ့ အနေအထားကို အချက်ပြပေးတာဖြစ်ပါတယ်။

စက်နှိုးဖို့သော့ထည့်လိုက်ရင် အချက်ပြပေးပြီး စက်နိုင်းသွားရင် ပြန်ပိတ်ပါတယ်။ ပြန်မပိတ်ဘူးဆိုရင်တော့ အင်ဂျင်ဝိုင်ကို စစ်ရမှာဖြစ်ပါတယ်။

Pressure နည်းလေလေ အင်ဂျင်ဝိုင်ရှိရမယ့်ပမာဏလျော့နည်းလေလေဖြစ်ပါတယ်။ အင်ဂျင်ဝိုင်အသစ်လဲပေးတာမျိုး၊ ထပ်ဖြည့်တာမျိုး လုပ်ပေးရမှာပါ။

Engine Oil Level

အင်ဂျင် ဖိအားတိုင်း အချက်ပြမီးစနစ်နဲ့ ဆင်တူပါတယ်။ ဒီစနစ်ကတော့ အင်ဂျင်ဝိုင် ပမာဏ ဘယ်လောက် ရှိတယ်ဆိုတာကို အာရုံခံ အချက်ပြပေးမှာ ဖြစ်ပြီး သူက ပမာဏ နည်းနေရင် ထပ်ထည့်နိုင်အောင် အချက်ပြပေးမယ့် စနစ် ဖြစ်ပါတယ်။

Ignition Switch

သူကထုတ်လုပ်တဲ့ကားကုမ္ပဏီအလိုကျ ပုံစံမြိုးစုံနဲ့လာပါတယျ။

မော်တော်ကားစက်နှိုးဖို့အသင့်အနေအထားကို အချက်ပြတာပါ။

ဒီနေ့ခေတ်ကားတွေမှာ အခုစနစ်အတွက် အချက်ပြပုံစံ ၁၀ မျိုးကျော်လောက်အထိလာတာတွေ့ရပါတယ်။

Power Steering System

နောက်ပိုင်းထုတ်မော်ဒယ်တွေမှာ အများဆုံးတွေ့ရတဲ့စနစ်ဖြစ်ပါတယ်။

လက်ကိုင်ပိုင်းကို ပိုပြီးပေါ့ပါးအောင်၊ မောင်းနှင်ရသွက်အောင်ထည့်သွင်းပေးထားတဲ့စနစ်ဖြစ်ပြီး ဒီပုံပေါ်လာတာက အဲ့ဒီစနစ်မှာ အားနည်းချက်ရှိနေတယ်လို့ အချက်ပြတာဖြစ်ပါတယ်။

ပါဝါစတီယာရင်အပိုင်းနဲ့ ပါဝါဆီ ရှိ/မရှိ စစ်ဆေးရမှာဖြစ်ပါတယ်။

Bonnet

သူက ကားရဲ့ရှေ့ဘက် အင်ဂျင်ခန်းအဖုံးဖွင့်ထားတယ်/ပွင့်နေတယ်ဆိုတာကို အချက်ပြပေးတာဖြစ်ပါတယ်။

အင်ဂျင်စက်ဖုံးကို Lock ကျအောင် ပြန်ပိတ်ပေးရမှာပါ။

Boot Lid

နောက်ဖက်ဝန်တင်ခန်းအဖုံးပွင့်နေတယ်လို့ အချက်ပြတာဖြစ်ပါတယ်။

နောက်ဖုံးကို Lock ကျအောင် ပြန်ပိတ်ပေးရမှာပါ။

Doors

ကားရဲ့တံခါးတစ်ခုခုပွင့်နေမယ်ဆိုရင် အချက်ပြေပေးမှာဖြစ်ပါတယ်။

တံခါးတွေကိုစစ်ဆေးပါ။ Lock မကျသေးတဲ့တံခါးကို ပြန်ဖွင့်ပြီး ပြန်ပိတ်ပေးရမှာဖြစ်ပါတယ်။

Steering Lock

Steering ကို Lock ချထားတယ်လို့ အချက်ပြပေးတာဖြစ်ပါတယ်။

Anti-Lock Brake System

နောက်ပိုင်းထုတ်မော်ဒယ်အများစုမှာ တပ်ဆင်လာတဲ့စနစ်ဖြစ်ပါတယ်။
သူက ကားသော့စဖွင့်တာနဲ့လင်းပါတယ်။ ခဏလောက်နေရင် ပြန်ပိတ်ရပါတယ်။ ဆက်ပြီးပေါ်နေသေးတယ်ဆိုရင်တော့ စနစ်မှာအားနည်းချက်ရှိနေပြီလို့ အချက်ပြတာဖြစ်ပါတယ်။

Windscreen Washer Fluid Level

ရှေ့မှန်၊ နောက်မှန်တွေကိုဆေးတဲ့ မှန်ဆေးရည်ပမာဏကို အချက်ပြပေးတာဖြစ်ပါတယ်။

မော်ဒယ်နိမ့်ကားတွေမှာတော့ မှန်ဆေးရည်စနစ်မပါတက်ပါဘူး။ ဒါ့အပြင် မှန်ဆေးရည်စနစ်ပါတဲ့ကားတချို့မှာလည်း ဒီအချက်ပြစနစ်ကို မထည့်ထားပါဘူး။

နောက်ဆုံးပေါ်အဆင့်မြင့်ကားတွေမှာပဲ တွေ့ရများပါတယ်။

Emissions Control Lamp

သူကတော့ ဓာတ်ငွေ့ထုတ်လွှတ်တဲ့အပိုင်းမှာ ပြစ်ချက်ရှိနေပြီလို့ အချက်ပြပေးတာဖြစ်ပါတယ်။

မော်ဒယ်နိမ့်ကားတွေမှာ ဒီအချက်ပြစနစ်မပါတက်သလို အချို့ကားတွေမှာဆိုရင်လည်း ဒီလိုပြစ်ချက်မျိုးကို အင်ဂျင်ထိန်းချုပ်စနစ်အားနည်းချက်ပြသင်္ကေတနဲ့ရောပြီး အချက်ပြတက်ပါတယ်။

Tyre Pressure Monitoring

သူက နောက်ပိုင်းထုတ် မော်ဒယ်တွေမှာ ပါရှိတဲ့ အချက်ပြစနစ် ဖြစ်ပါတယ်။ တာယာရဲ့ လေပေါင်ချိန်ကို ခန့်မှန်း အာရုံခံပြီး အချက်ပြပေးမှာ ဖြစ်ပါတယ်။

ခရီးဝေး မောင်းနှင်မှုတွေ အတွက် တာယာလေပေါင်ချိန်ဟာ အရေးကြီးတဲ့ အတွက် နောက်ပိုင်းထုတ် မော်ဒယ် အများစုမှာ တပ်ဆင် ထုတ်လုပ်လာတာ တွေ့ရပါတယ်။

Rain and Light Sensor

မိုးရွာနေတဲ့အချိန် ပြင်ပအလင်းရောင်သိပ်မရှိတော့တဲ့အချိန်မျိုးမှာ ဒီစနစ်က အာရုံခံပြီး အလိုအလျောက်လင်းပေးမှာဖြစ်ပါတယ်။

အပြင်ကမိုးကရွာ၊ မှောက်ကလည်းမှောင်နေပေမယ့် ဒီမီးမလင်းဘူးဆိုရင်တော့ လျှပ်စစ်ပိုင်းနဲ့ အာရုံခံအပိုင်းကို စစ်ဆေးရမှာဖြစ်ပါတယ်။

Adaptive Lighting System

သူက အလိုအလျောက်လုပ်ဆောင်ပေးတဲ့ စနစ်ဖြစ်ပြီး ရှေ့မီးကြီးဖွင့်ထားချိန်မှာ မီးလုံးအနေအထားက သင့်တော်တဲ့အခြေအနေမှာရှိနေပြီဆိုတာကို အချက်ပြပေးတာဖြစ်ပါတယ်။

Convertible Roof

အမိုးဖွင့်ကားတွေမှာပါရှိမယ့် အချက်ပြမီးစနစ် ဖြစ်ပါတယ်။

အမိုးကို အဖွင့်၊ အပိတ် လုပ်နိုင်မယ် ဆိုတာကို အချက်ပြပေးမယ့် အပြင် ထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ်ကိုမူတည်ပြီး အမိုးဖွင့်ထားသလား၊ ပိတ်ထားသလားဆိုတာကိုပါ အချက်ပြပေးတာ တွေ့ရပါတယ်။

Engine Management Lamp

သူက အင်ဂျင်ကို စစ်ဆေးဖို့ လိုအပ်နေတယ်ဆိုတာ အချက်ပြပေးတာ ဖြစ်ပါတယ်။

ထုတ်လုပ်တဲ့ ကားကုမ္ပဏီအပေါ်မှာမူတည်ပြီးတော့ Check ဆိုတဲ့ စာသားနဲ့ အချက်ပြမှု ပုံစံလည်း ရှိသလို၊ Service Engine Soon ပုံစံနဲ့လည်း သတိပေးတတ်တာ တွေ့ရပါတယ်။

Low Fuel Level

သူကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီအပေါ်ကို မူတည်ပြီး အနည်းဆုံး ဆီပမာဏ လက်ကျန်ကို အခြေခံတွက်ချက်ကာ မကြာခင်မှာ စက်သုံးဆီကုန်တော့မယ်ဆိုတဲ့အကြောင်းကို အချက်ပြပေးမှာ ဖြစ်ပါတယ်။

များသောအားဖြင့်တော့ ပျမ်းမျှ ဆီ ၂ ဂါလံဝန်းကျင်ကျန်ရှိချိန်မှာ အချက်ပြမီး လင်းလာတတ်ပြီး နောက်ထပ် ခရီး ၁၀ မိုင်ကျော် သွားလာနိုင်သည်ထိအောင် ဆီလက်ကျန်ရှိချိန် အချက်ပြပေးတတ်ပါတယ်။

Rear Fog Lights

နောက်ဖက် Fog မီးလင်းလာချိန်မှာမှ အချက်ပြမယ့် မီးစနစ်ပါ။ ပြသမှု ပုံစံ နှစ်ခု ရှိတတ်ပါတယ်။

ပထမ တစ်ခုက Fog မီးဖွင့်လိုက်တာနဲ့ လင်းလာတာက Fog မီးလင်းကြောင်း အချက်ပြမီးနဲ့ နောက်ထပ် ပုံစံတစ်ခုက နောက်ဖက်ကနေ အနီးကပ် ကားမီးကြီး တစ်ခုခု လင်းနေတယ်၊ ကပ်ပါတယ်ဆိုတာ အာရုံခံ အချက်ပြတာ ဖြစ်ပါတယ်။

ဒုတိယအချက်ပြမီးစနစ်ကို ထည့်ထားတဲ့ကားတွေက ရှားပါတယ်၊ ဇိမ်ခံကားတွေမှာပဲ ပါရှိတတ်ပါတယ်။

: Thunder Mortor

1/9/2021မှ10/9/2021နေ့အထိအများပြည်သူအလုပ်ပိတ်ရက်အဖြစ်သက်မှတ်ထားပါသည်
31/08/2021

1/9/2021မှ10/9/2021နေ့အထိအများပြည်သူအလုပ်ပိတ်ရက်အဖြစ်သက်မှတ်ထားပါသည်

Address

64C Street, Between 111&112, Chanmyatharzi Township, Mandalay(Myanmar)
Mandalay
05041

Telephone

+95943062453

Website

Alerts

Be the first to know and let us send you an email when Nan Htike Aung Licence Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nan Htike Aung Licence Service:

Share