Golden Land Mango Farm

Golden Land Mango Farm High-Quality International Norm Mango Fruit Production & Distribution

စွတ်စိုထိုင်းမှိုင်းသောရာသီတွင် သရက်တွင်ကျသော ဖြုတ်ပိုများနှင့် ပန်းပွင့်တွင်ကျသော မှိုရောဂါများ ဖျက်စီးမှုများနိုင်ပါတယ...
15/11/2022

စွတ်စိုထိုင်းမှိုင်းသောရာသီတွင် သရက်တွင်ကျသော ဖြုတ်ပိုများနှင့် ပန်းပွင့်တွင်ကျသော မှိုရောဂါများ ဖျက်စီးမှုများနိုင်ပါတယ်။

တိမ်ထူသောရက်များတွင် အပူရှိန်ဟပ်ခြင်းကြောင့် အပွင့်များနှင့် သီးကင်များ ကြွေကျတတ်ပါတယ်။

ထို့ကြောင့် သရက်ပွင့်ချိန်နှင့် သီးကင်းဝင်ချိန်တွင် ခြောက်သွေ့နေရန် လိုအပ်ပါတယ်။

တစ်နှစ်ပတ်လုံးမိုးရွာသွန်းသော ဒေသများတွင် လေထုစိုထိုင်းဆ မြင့်မားသဖြင့် အသီးမှဲ့ပြောက်စွန်းရောဂါ ကျရောက်တတ်ပါတယ်။ အချိန်...
14/11/2022

တစ်နှစ်ပတ်လုံးမိုးရွာသွန်းသော ဒေသများတွင် လေထုစိုထိုင်းဆ မြင့်မားသဖြင့် အသီးမှဲ့ပြောက်စွန်းရောဂါ ကျရောက်တတ်ပါတယ်။

အချိန်အခါမဟုတ်ရွာသွန်းသော မိုး(ဖေဖော်ဝါရီလနှင့် မတ်လတွင် ရွာသွန်းမိုး) သည် ဝတ်မှုန်ကူးမှုကို ထိခိုက်စေပြီး အထွက်နှုန်းကျဆင်းစေပါတယ်။

ဝတ်မှုန်များ မိုးရေနှင့်အတူ ပါသွားနိုင်သည့်အပြင် ဝတ်မှုန်ကူးအင်းဆက်များ ပျံသန်းမထွက်နိုင်တော့သောကြောင့် ဖြစ်ပါတယ်။

နှစ်စဉ်မိုးရေချိန် ၃၀-၁၀၀ လက်မရွာသွန်းသော ဒေသများတွင် ဖြစ်ထွန်း၍ ထိုထက်မိုးရေချိန်နည်းသော ဒေသများတွင်လည်း ရေသွင်း၍စိုက်ပ...
12/11/2022

နှစ်စဉ်မိုးရေချိန် ၃၀-၁၀၀ လက်မရွာသွန်းသော ဒေသများတွင် ဖြစ်ထွန်း၍ ထိုထက်မိုးရေချိန်နည်းသော ဒေသများတွင်လည်း ရေသွင်း၍စိုက်ပျိုးနိုင်ပါတယ်။

သရက်ပင်ကြီးထွားရန်နှင့် အသီးသီးရန်အတွက် မိုးရွာသွန်းမှု ပမာဏသည် အဓိကမဟုတ်ပါ။

မိုးရွာသွန်းသည့် ကာလသည်ပို၍ အရေးကြီးပါတယ်။

တစ်နှစ်လျှင် အနည်းဆုံး ၅လ ခြောက်သွေ့သောရာသီမျိုးကို ပို၍နှစ်သက်ပါတယ်။

အအေးဒဏ်ခံနိုင်သော သရက်မျိုးများတွင် ၁-၂ ဒီဂရီ စင်တီဂရိတ်အထိ အေးသော အခြေအနေတွင်ပင် ရှင်သန်နိုင်ပါတယ်။ အခြားတစ်ဖက်တွင်လည်း...
11/11/2022

အအေးဒဏ်ခံနိုင်သော သရက်မျိုးများတွင် ၁-၂ ဒီဂရီ စင်တီဂရိတ်အထိ အေးသော အခြေအနေတွင်ပင် ရှင်သန်နိုင်ပါတယ်။

အခြားတစ်ဖက်တွင်လည်း မြင့်သောအပူချိန်ကို ခံနိုင်ရည်ရှိသော မျိုးများလည်းရှိကြောင်း တွေ့ရပါတယ်။

အပူချိန်တောက်လျှောက်မြင့်မားသော အပူပိုင်းဒေသမျိုးတွင် နှစ်ပေါင်းများစွာ ရှင်သန်နိုင်ကြပါတယ်။

အပူချိန်မြင့်ချိန် လေတိုက်ခတ်နှုန်းမြင့်ပါက ပင်ရည်ပျံ့မှု များပြီး ကြီးထွားမှုကို ထိခိုက်နိုင်ပါတယ်။ အပူချိန်သည် သရက်ပွင...
10/11/2022

အပူချိန်မြင့်ချိန် လေတိုက်ခတ်နှုန်းမြင့်ပါက ပင်ရည်ပျံ့မှု များပြီး ကြီးထွားမှုကို ထိခိုက်နိုင်ပါတယ်။

အပူချိန်သည် သရက်ပွင့်မှုကို အဆုံးအဖြတ်ပေး၍ ဒေသတစ်ခုတည်းတွင်ပင် ဆောင်းတွင်းကာလတစ်လ ပိုတိုးသော နေရာဒေသသည် ကာလရှည်နေရာ ဒေသထက် တစ်လစော၍ ပန်းပွင့်ပါတယ်။

သို့ဖြစ်၍ ဒေသကွာခြားသည်နှင့်အမျှ ဒေသအလိုက် အပူချိန်ကွာခြားခြင်းကြောင့် သရက်ပန်းပွင့်ချိန်တွင် ကွာခြားပြီး၊ ရင့်မှည့်ချိန်လည်း ကွာခြားသွားမည်ဖြစ်ပါတယ်။

အပူချိန်မြင့်ချိန်တွင် လေထုစိုထိုင်းဆနှင့် လေတိုက်ခတ်နှုန်းသည် အရေးကြီးပြီး အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်ရှိပြီး အရိပ်အော...
09/11/2022

အပူချိန်မြင့်ချိန်တွင် လေထုစိုထိုင်းဆနှင့် လေတိုက်ခတ်နှုန်းသည် အရေးကြီးပြီး အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်ရှိပြီး အရိပ်အောက်ရှိ စိုထိုင်းဆ ၁၅% ရှိနေချိန်တွင် အသီးကင်းများကြွေကျကာ ကြီးထွားပြီးသော အသီးများသည် အစေ့မတည်တော့ပါ။

သရက်ပင်အတွက် အသင့်တော်ဆုံး အပူချိန်သည် ၂၄ - ၂၇ စင်တီဂရိတ်အတွင်း ဖြစ်ပါတယ်။ ထိုထက်နိမ့်ပါက အပင်ငယ်များ သေသည်အထိ ဖြစ်နိုင်...
08/11/2022

သရက်ပင်အတွက် အသင့်တော်ဆုံး အပူချိန်သည် ၂၄ - ၂၇ စင်တီဂရိတ်အတွင်း ဖြစ်ပါတယ်။

ထိုထက်နိမ့်ပါက အပင်ငယ်များ သေသည်အထိ ဖြစ်နိုင်ပါတယ်။

အပင်ကြီးများအနေဖြင့် အလွန်အေးသောရာသီတွင် နှင်းခါးရိုက်ခြင်းကြောင့် အပင်အခေါက်များမှ အစေးများထွက်ခြင်း၊ အညွန့်များသေခြင်း၊ အရွက်များ တွန့်လိမ်ခြင်း၊ အပွင့်အဖူးများ ခြောက်ခြင်းများ ဖြစ်လေ့ရှိပါတယ်။

အမြဲတမ်း ပူနွေးစွတ်စိုပြီး မိုးရေချိန်များသော ဒေသများတွင် ဝတ်မှုန်ကူးခြင်းဖြင့် အသီးတင်မှုကို လျော့နည်းစေပါတယ်။သို့ဖြစ်၍...
07/11/2022

အမြဲတမ်း ပူနွေးစွတ်စိုပြီး မိုးရေချိန်များသော ဒေသများတွင် ဝတ်မှုန်ကူးခြင်းဖြင့် အသီးတင်မှုကို လျော့နည်းစေပါတယ်။

သို့ဖြစ်၍ ဒေသအလိုက် သင့်တော်သော မျိုးများကို ရွေးချယ်၍ စိုက်ပျိုးသင့်ပါတယ်။

တောင်နှင့်မြောက်လတ္တီတွဒ် ၁ ဒီဂရီကွာတိုင်း ပန်းပွင့်ရက် ၄ ရက်နောက်ကျ၍ အီကွေတာနှင့်နီးလေ ပန်းပွင့်မှုစောလေ ဖြစ်ပါတယ်။
06/11/2022

တောင်နှင့်မြောက်လတ္တီတွဒ် ၁ ဒီဂရီကွာတိုင်း ပန်းပွင့်ရက် ၄ ရက်နောက်ကျ၍ အီကွေတာနှင့်နီးလေ ပန်းပွင့်မှုစောလေ ဖြစ်ပါတယ်။

မြေအနိမ့်အမြင့်သည် သရက်ပန်းပွင့်ချိန်ကိုလည်း အဆုံးအဖြတ်ပေးပါတယ်။ ပေ ၄၀၀၀ မြင့်တိုင်း၊ ပန်းပွင့်ရက် ၄ ရက်နောက်ကျပါတယ်။
05/11/2022

မြေအနိမ့်အမြင့်သည် သရက်ပန်းပွင့်ချိန်ကိုလည်း အဆုံးအဖြတ်ပေးပါတယ်။

ပေ ၄၀၀၀ မြင့်တိုင်း၊ ပန်းပွင့်ရက် ၄ ရက်နောက်ကျပါတယ်။

သရက်ပင်သည် ပူနွေးသမရာသီဥတုမှ အပူပိုင်းရာသီဥတုရှိသည့် ဒေသများအထိ ကောင်စွာစိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ တောင်နှင့်မြောက်...
04/11/2022

သရက်ပင်သည် ပူနွေးသမရာသီဥတုမှ အပူပိုင်းရာသီဥတုရှိသည့် ဒေသများအထိ ကောင်စွာစိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။

တောင်နှင့်မြောက်လတ္တီတွဒ် ၃၀ ဒီဂရီ အတွင်း ဒေသများဖြစ်သည့် အပူပိုင်းရာသီဥတုရှိသော ဒေသများတွင် ပင်လယ်ရေမျက်နှာပြင် အထက် ၄၀၀၀ ပေ အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း ၂၀၀၀ ပေ အောက်တွင် အကောင်းဆုံးဖြစ်ပါတယ်။

ထို့ထက်မြင့်သော ဒေသများတွင် သရက်ပင်ငယ်များ နှင်းခါးရိုက်၍ သေနိုင်ပြီး အပင်ကြီးများတွင် ကြီးထွားမှုကို ထိခိုက်နိုင်ပါတယ်။

Keio Sawoei မျိုးသည် လုံးဝိုင်းရှည်၊ အစိမ်းရင့်ရောင်၊ အသားရောင် ဖြူဝါရောင်၊ ချို၊ အရည်ရွှမ်း၊ ဆိမ့် ၂၅၀-၃၅၀ ဂရမ် ထိုင်းန...
03/11/2022

Keio Sawoei မျိုးသည် လုံးဝိုင်းရှည်၊ အစိမ်းရင့်ရောင်၊ အသားရောင် ဖြူဝါရောင်၊ ချို၊ အရည်ရွှမ်း၊ ဆိမ့် ၂၅၀-၃၅၀ ဂရမ် ထိုင်းနိုင်ငံမှ တင်သွင်း၍ အစိမ်းစား သရက်အဖြစ် ထင်ရှားပါတယ်။

Chokanan မျိုးသည် လုံးဝိုင်းရှည်၊ အဝါရောင်၊ အသားကျစ် အမျှင်မပါ၊ ချို-ချဥ် ၃၀၀-၄၀၀ ဂရမ်၊ ထိုင်းနိုင်ငံမှ တင်သွင်းပြီး အစိ...
02/11/2022

Chokanan မျိုးသည် လုံးဝိုင်းရှည်၊ အဝါရောင်၊ အသားကျစ် အမျှင်မပါ၊ ချို-ချဥ် ၃၀၀-၄၀၀ ဂရမ်၊ ထိုင်းနိုင်ငံမှ တင်သွင်းပြီး အစိမ်းစား အမှည့်စား သရက်မျိုးဖြစ်ပါတယ်။

Nang Klang Wan မျိုးသည် သီးပုံရှည်၊ ထိပ်ဝိုင်းကောက်၊ အသားရောင် အဝါဖျော့ရောင်၊ ချိုမွှေး၊ ၃၀၀-၃၅၀ ဂရမ်၊ ထိုင်းနိုင်ငံမှ တ...
01/11/2022

Nang Klang Wan မျိုးသည် သီးပုံရှည်၊ ထိပ်ဝိုင်းကောက်၊ အသားရောင် အဝါဖျော့ရောင်၊ ချိုမွှေး၊ ၃၀၀-၃၅၀ ဂရမ်၊ ထိုင်းနိုင်ငံမှ တင်သွင်းပါတယ်။

Mallika (Monoembryonic) မျိုးသည် အထွက်နှုန်းမြင့်မား (၁၅ တန်/ ဟက်တာ)၊ ပုံမှန်ပွင့်သီး၊ အသီးအရွယ် ၄၀၀ ဂရမ်၊ စားသုံးမှု အလ...
31/10/2022

Mallika (Monoembryonic) မျိုးသည် အထွက်နှုန်းမြင့်မား (၁၅ တန်/ ဟက်တာ)၊ ပုံမှန်ပွင့်သီး၊ အသီးအရွယ် ၄၀၀ ဂရမ်၊ စားသုံးမှု အလွန်ကောင်း TSS (၂၅%) အမျှင်မပါ၊ အသားကျစ်၊ အစေ့ပါး၊ စားသုံးနိုင်သော အသား ၇၅ % အထိ ပါရှိသော စပ်မျိုး (Hybrid) ဖြစ်ပါတယ်။

Sensation မျိုးသည် အသီးအရွယ် အလတ်၊ ဘဲဥပုံ၊ နှုတ်သီးမပါ၊ အသီးခွံချော၊ သီးခွံ-လိမ္မော်ဝါ၊ အခွံတွင် နီရောင်သမ်း၊ အသား အဝါလိ...
30/10/2022

Sensation မျိုးသည် အသီးအရွယ် အလတ်၊ ဘဲဥပုံ၊ နှုတ်သီးမပါ၊ အသီးခွံချော၊ သီးခွံ-လိမ္မော်ဝါ၊ အခွံတွင် နီရောင်သမ်း၊ အသား အဝါလိမ္မော်၊ အချိုပေါ့၊ ထူးခြားသောအနံ့ ရှိပါတယ်။

Keitt (Monoembryonic) မျိုးသည် နှုတ်သီးမပါ၊ အဝါရောင်၊ ပန်းရောင်စွဲ၊ အခွံထူ၊ အသီးအသင့်အတင့်မာ၊ အသားအဝါရင့်၊ ပျော်လွယ်၊ အရ...
29/10/2022

Keitt (Monoembryonic) မျိုးသည် နှုတ်သီးမပါ၊ အဝါရောင်၊ ပန်းရောင်စွဲ၊ အခွံထူ၊ အသီးအသင့်အတင့်မာ၊ အသားအဝါရင့်၊ ပျော်လွယ်၊ အရည်ရွှမ်း၊ အစေ့မှာ အမျှင်များ၊ အသီးအရည်အသွေး အလွန်ကောင်းမွန်ပါတယ်။

R2E2 (Monoembryonic) မျိုးသည် အလုံးကြီး၍ အချိုဓာတ်ပါဝင်မှု မြင့်မားပါတယ်။ အသီးအရည်အသွေးမှာလည်း အထူးကောင်းမွန်ပါတယ်။
28/10/2022

R2E2 (Monoembryonic) မျိုးသည် အလုံးကြီး၍ အချိုဓာတ်ပါဝင်မှု မြင့်မားပါတယ်။

အသီးအရည်အသွေးမှာလည်း အထူးကောင်းမွန်ပါတယ်။

Nam Doc Mai (Polyembryonic) မျိုးသည် ရှည်ဝိုင်းပုံ နှုတ်သီးချွန်၊ အဝါရောင်အခွံ၊ အသားရောင် အဝါရင့်၊ အသီးချိုမွှေး၊ အလေးချ...
27/10/2022

Nam Doc Mai (Polyembryonic) မျိုးသည် ရှည်ဝိုင်းပုံ နှုတ်သီးချွန်၊ အဝါရောင်အခွံ၊ အသားရောင် အဝါရင့်၊ အသီးချိုမွှေး၊ အလေးချိန် ၂၈၀-၃၀၀ ဂရမ်ရှိပါတယ်။

ခေါင်ချိုးအသီးသည် တစ်ပင်ချင်းသီးထွက်အလွန်ကောင်း၍ အသားတွင်အမျှင်များပါတယ်။ အလုံးပုံသဏ္ဌာန်မှာ ခေါင်းကြီး၍ ဖင်အနည်းငယ်ချွန...
26/10/2022

ခေါင်ချိုးအသီးသည် တစ်ပင်ချင်းသီးထွက်အလွန်ကောင်း၍ အသားတွင်အမျှင်များပါတယ်။

အလုံးပုံသဏ္ဌာန်မှာ ခေါင်းကြီး၍ ဖင်အနည်းငယ်ချွန်ပြီး သီးထိုးယင်ဒဏ်ကို မခံနိုင်သဖြင့် အသီးမှည့်လိုပါက စက္ကူအိတ်စွပ်ပေးသင့်ပါသည်။

အောင်ဒင်သရက်သည် မန္တလေးပတ်ဝန်းကျင်တွင် ထင်ရှားသော သရက်မျိုးဖြစ်ပါတယ်။ အရွယ်အစားငယ်၍ အသီးခွံ အဝါရင့်ရောင် ရှိပါတယ်။ အသားက...
21/10/2022

အောင်ဒင်သရက်သည် မန္တလေးပတ်ဝန်းကျင်တွင် ထင်ရှားသော သရက်မျိုးဖြစ်ပါတယ်။

အရွယ်အစားငယ်၍ အသီးခွံ အဝါရင့်ရောင် ရှိပါတယ်။

အသားကျစ်၍ ညက်ညောပြီး အသီးပေါ်ကျရောက်သော မှဲ့ပြောက်စွန်းရောဂါခံနိုင်ပါတယ်။

တာရှည် အထားခံ၍ သီးထွက်စောပါတယ်။

အသီးအရွယ်အစား ငယ်သဖြင့် နိုင်ငံခြားတင်ပို့ရန် ရောင်းတမ်း မဝင်ပါ။

မချစ်စုသည် အသီးအရွယ်အစား ကြီးမား၍ သီးထိုးယင်ဖျက်ဆီးမှုကို မခံနိုင်သဖြင့် အသီးမှည့်ကိုရယူလိုပါက သီးထိုးယင်ကို ကာကွယ်နိုင်...
20/10/2022

မချစ်စုသည် အသီးအရွယ်အစား ကြီးမား၍ သီးထိုးယင်ဖျက်ဆီးမှုကို မခံနိုင်သဖြင့် အသီးမှည့်ကိုရယူလိုပါက သီးထိုးယင်ကို ကာကွယ်နိုင်နှင်းပေးရန် လိုပါတယ်။

စက္ကူအိတ်စွပ်ပေးခြင်းသည် သီးထိုးယင်ကာကွယ်နှိမ်နင်းရန် ဤသရက်မျိုးများအတွက် အသင့်တော်ဆုံးဟု ဆိုရပါတယ်။

အစိမ်းစား သရက်အဖြစ် အများဆုံး အသုံးပြုပါတယ်။

မြကျောက်သည် စီးပွားဖြစ်ထုတ်လုပ်လျက်ရှိသော မြန်မာသရက်မျိုးများတွင် အရွယ်အစားအကြီးမားဆုံး ဖြစ်ပါတယ်။ မိုးများပြီး လေထုစိုထ...
19/10/2022

မြကျောက်သည် စီးပွားဖြစ်ထုတ်လုပ်လျက်ရှိသော မြန်မာသရက်မျိုးများတွင် အရွယ်အစားအကြီးမားဆုံး ဖြစ်ပါတယ်။

မိုးများပြီး လေထုစိုထိုင်းဆများသော မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် စိုက်ပျိုးသော မြကျောက် သရက်သီးများမှာ မှည့်ပြောက်စွန်းရောဂါ ကျရောက်မှု များပါတယ်။

သို့ဖြစ်၍ မိုးနည်းပြီး လေထုစိုထိုင်းဆနည်းသော ဒေသများတွင်သာ စိုက်ပျိုးသင့်သောမျိုးဖြစ်ပါတယ်။

အခြားသရက်မျိုးများထက် သီးထွက်စောပါတယ်။

စိန်တစ်လုံးမျိုးများထက် သီးထွက်စောပါတယ်။

ရွှေဟင်္သာသည် အသီးဖျား၏နှုတ်သီးကောက်ပြီး၊ ငှက်နှုတ်သီးပုံ ရှိပါတယ်။ အသားထူ၍ အသီးအရွယ်အစား ကြီးမားပါတယ်။ အောက်မြန်မာနိုင်...
18/10/2022

ရွှေဟင်္သာသည် အသီးဖျား၏နှုတ်သီးကောက်ပြီး၊ ငှက်နှုတ်သီးပုံ ရှိပါတယ်။

အသားထူ၍ အသီးအရွယ်အစား ကြီးမားပါတယ်။

အောက်မြန်မာနိုင်ငံတွင် အခြားသရက်သီးမျိုးများတွင် ကြပ်ခိုးမှု ကျရောက်သော်လည်း ရွှေဟင်္သာသရက်ပင်တွင် ကြပ်ခိုးမှု ကျရောက်မှု မရှိသလောက်ဖြစ်ပါတယ်။

တစ်ပင်သီးထွက်များ၍ အသားအရောင် အဝါရောင် ဖြစ်ပါတယ်။

ရင်ကွဲသည် ရာသီဥတု၊ မြေအမျိုးအစား အမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသည့် အကြမ်းခံသော မျိုးဖြစ်သဖြင့် မြန်မာနိုင်ငံအနှံ့အ...
12/10/2022

ရင်ကွဲသည် ရာသီဥတု၊ မြေအမျိုးအစား အမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသည့် အကြမ်းခံသော မျိုးဖြစ်သဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးပေါက်ရောက် ဖြစ်ထွန်းပါတယ်။

သို့ဖြစ်၍ မြန်မာနိုင်ငံတွင် လက်ရှိအနေအထားအရ စိုက်ပျိုးဧက အများဆုံးဖြစ်ပါတယ်။

အသားအရောင် လိမ္မော်ရောင် ရှိပြီး အသီးများစွာသီးပါတယ်။

အသီးတွင်ထင်းရှူးဆီနံ့ ပါဝင်၍ သီးထွက်ကာလ ရှည်လျားပါတယ်။

မျိုးကွာခြားသည်နှင့် အသီးပုံသဏ္ဌာန်၊ အရွယ်အစား အသီးအခွံအရောင်၊ အသားရောင်၊ အနံ့အရသာ၊ အသားတွင်းအမျှင် ပါဝင်မှု၊ အသီးခွံ အထ...
11/10/2022

မျိုးကွာခြားသည်နှင့် အသီးပုံသဏ္ဌာန်၊ အရွယ်အစား အသီးအခွံအရောင်၊ အသားရောင်၊ အနံ့အရသာ၊ အသားတွင်းအမျှင် ပါဝင်မှု၊ အသီးခွံ အထူအပါးများ ကွာခြားပါတယ်။

ယင်းအပြင် အပင်ကြီးထွားမှု၊ အရွယ်အစား၊ သီးထွက်ချိန်၊ ပုံမှန်ပွင့်သီးမှု၊ အရွက်နုအရာင်၊ ပန်းခိုအရောင်၊ အရွက်ပုံသဏ္ဌာန်များလည်း ကွာခြားမည် ဖြစ်ပါတယ်။

သို့ရာတွင် မျိုးတစ်မျိုးတည်းပင် ဖြစ်စေကာမူ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အပင်နှင့် အသီးတို့၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ကွဲပြားနိုင်ပါတယ်။

သို့ဖြစ်ရာ အမည်တူမျိုးကွဲခြင်း၊ အမည်ကွဲ မျိုးတူခြင်းများကို သရက်မျိုး များပြားသော နိုင်ငံတိုင်းတွင် တွေ့ရှိရမည်ဖြစ်ပါတယ်။

ယခုအခါ လုပ်ငန်းဆောင်ရွက်ချက်များ (Function) မတူညီသော အင်ဇိုင်းများ (Enzymes) နှင့် (DNA) ၏ အပိုင်းအပြတ်၊ အတိုင်းအထွာ၊ သွင်ပြင်ပုံစံများ အပါအဝင် ဇီဝဓာတုပစ္စည်းများနှင့် မော်လီကျူးအမှတ်အသာ (Biochemical and Molecular Markers) ဖြင့် ရုပ်ပိုင်းဆိုင်ရာ ခွဲခြားရာတွင် အခက်အခဲရှိသော အမည်တူ မျိုးကွဲ၊ အမည်ကွဲ မျိုးတူ ပြဿနာကို ဖြေရှင်းနိုင်ပြီ ဖြစ်ပါတယ်။

သဘာဝအလျောက်လည်းကောင်း၊ စိုက်ပျိုးမှုကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံ အနှံ့အပြားတွင်သရက်ပင်များပေါက်ရောက်ဖြစ်ထွန်းလျက် ရှ...
29/09/2022

သဘာဝအလျောက်လည်းကောင်း၊ စိုက်ပျိုးမှုကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံ အနှံ့အပြားတွင်သရက်ပင်များပေါက်ရောက်ဖြစ်ထွန်းလျက် ရှိပါတယ်။

ပထဝီအနေအထားဖြစ်သော ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်အီကွေတာ အနီးအဝေးအမျိုးမျိုးတို့တွင် သရက်ပင်များ ပေါက်ရောက်ဖြစ်ထွန်းလျက်ရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် သရက်မျိုးပေါင်းများစွာ ရှိပါတယ်။

မှတ်တမ်းတင်ပြုစုထားသော မျိုးအရေအတွက်မှာ (၂၀၀) မျိုးခန့် ရှိပြီး မှတ်တမ်းမတင်ရသေးသော မျိုးပေါင်းများစွာ ကျန်ရှိနေပါတယ်။

သရက်ပင်များကို မျိုးစေ့မှ စိုက်ပျိုးခဲ့ကြသော်လည်း (သို့) အလေ့ကျအစေ့မှ အပင်များပေါက်လာကြသော်လည်းမျိုးစေ့ဖောက်ပြန်ခြင်းမရှ...
28/09/2022

သရက်ပင်များကို မျိုးစေ့မှ စိုက်ပျိုးခဲ့ကြသော်လည်း (သို့) အလေ့ကျအစေ့မှ အပင်များပေါက်လာကြသော်လည်းမျိုးစေ့ဖောက်ပြန်ခြင်းမရှိဘဲ မိခင်ဗီဇ အရည်အသွေးအတိုင်း ပွင့်သီးကြသည်မှာ တစ်စေ့မှ တစ်ပင်ထက်ပို၍ ပေါက်သော အုပ်စု (Polyembryonic) အုပ်စုဝင်အပင်များ ဖြစ်သောကြောင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် သရက်မျိုးပြားပေါင်း ၂၀၀ မျိုးအထိ မှတ်တမ်းတင်ထားပြီးဖြစ်ရာ အများစုသည် (Polyembryonic) အုပ်စုဝင် အပင်များ ဖြစ်ကြပါတယ်။

အစေ့တစ်စေ့မှ အပင်ပေါက် ၂-၁၂ ပင်ထိပေါက်လေ့ရှိပြီး ယင်းအပင်ပေါက်များထဲမှ တစ်ပင်သာလျှင် လိင်ပေါင်းပင်ဖြစ်၍ ကျန်အပင်များသည် ...
27/09/2022

အစေ့တစ်စေ့မှ အပင်ပေါက် ၂-၁၂ ပင်ထိပေါက်လေ့ရှိပြီး ယင်းအပင်ပေါက်များထဲမှ တစ်ပင်သာလျှင် လိင်ပေါင်းပင်ဖြစ်၍ ကျန်အပင်များသည် Nucellus tissue ၏ Apomictic သန္ဓေလောင်းမှ ဖြစ်ထွန်းလာသည့် မိခင်အရည်အချင်းနှင့်တူသော အပင်များဖြစ်ပါတယ်။

လိင်ပေါင်းပင်သည် ထူးကဲစွာ ပုနေပြီး၊ မသန်စွမ်း၍ ငယ်စဥ်တည်းက သေဆုံးသွားတတ်ပါတယ်။

သရက်စေ့မှ အပင်ပေါက်ရောက်မှုပေါ် မူတည်၍လည်း အုပ်စု ၂ စု ခွဲခြားနိုင်ပါတယ်။အစေ့တစ်စေ့မှ လိင်ပေါင်းဖြစ်သော အပင်တစ်ပင်သာ ပေါ...
26/09/2022

သရက်စေ့မှ အပင်ပေါက်ရောက်မှုပေါ် မူတည်၍လည်း အုပ်စု ၂ စု ခွဲခြားနိုင်ပါတယ်။

အစေ့တစ်စေ့မှ လိင်ပေါင်းဖြစ်သော အပင်တစ်ပင်သာ ပေါက်လာတတ်ပြီး ယင်းအပင်သည် ပင်ခြားဝတ်မှုန်ကူးခြင်းမှ ရလာသောအပင်ဖြစ်ရာ မိခင်ဗီဇအားလုံးနှင့် မတူညီနိုင်ပါ။

သို့ဖြစ်၍ မိခင်၏ ဗီဇအားလုံးရလိုပါက လိင်မဲ့မျိုးပွားနည်း (သို့မဟုတ်) ပင်ပိုင်းဆိုင်ရာ မျိုးပွားမှသာ ရရှိနိုင်ပါတယ်။

Address

Meikhtilla
Mandalay

Website

Alerts

Be the first to know and let us send you an email when Golden Land Mango Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Land Mango Farm:

Videos

Share


Other Mandalay convenience stores

Show All