07/01/2025
မင်္ဂလာဆောင်မယ့် သူတိုင်း ဖတ်ကိုဖတ်သွားကြပါသတိထားရမဲ့အတွေ့အကြုံတစ်ခု
မျှဝေပေးချင်ပါတယ်
၂ပွဲလုံးကိုယ်တိုင်ကြုံခဲ့ရလို့ပါ
အဲ့ဒါကတော့ ရှေ့မှာပွဲလုပ် နောက်မှာ
မသိတဲ့သူတွေကပါဆယ်တွေဆွဲပြီးသယ်ကြတာပါ
ကိုယ့်ဧည့်သည်တွေထဲက သယ်တာမဟုတ်ပါဘူး
စားပွဲထိုးတဲ့သူ၊ ပန်းကန်ဆေးနဲ့ အကူတွေရယ် ဘယ်သူမှန်းမသိတဲ့သူတွေရယ်က
ပွဲစတာတစ်ဝက်မကျိုးသေးပဲ
အသာလေးပါဆယ်ထုပ်ပြီး သိမ်းထားကြတာပါ
ပထမရန်ကုန်ပွဲကလည်း ဒံပေါက်ကို
ပိုတွက်ထားပေမဲ့
ပွဲအပြီးလာတဲ့သူနဲ့မှန်းလိုက်တော့ ဟတာပါ
ပွဲအပြီး လုံးဝမကျန်အတိပဲမလို့ ကံကောင်းသွားခဲ့ပါတယ်။ အနောက်ထဲမှာ ခင်းကျင်းထည့်နေတဲ့ချိန်
ကြည့်မဲ့သူမရှိလို့ မမြင်လိုက်မိတာပဲရှိတာပါ
အမူအယာတွေနဲ့တင် သတိထားမိပါတယ်။ “လောက်တာပဲလေ တော်ပါပြီ ပြသနာမဖြစ်သွားလို့တော်သေးတယ်
ဘယ်သူစားစား ကုသိုလ်ပါပဲ”ဆိုပြီး နောက်တစ်ပွဲကို ၁၅၀လောက် ပိုထားထားလိုက်ပါတယ်။
ဒုတိယပွဲက နယ်မလို့ ဒံပေါက်ဆိုင်မတူ ခင်းကျင်းတဲ့အကူတွေကအစ မတူပါဘူး။ ဒါပေမဲ့ ရှေ့တစ်ပွဲလိုမဖြစ်ဖို့ ကြည့်ပေးမဲ့သူတစ်ယောက်ထားပေးထားပါတယ်။ ဒါပေမဲ့ အဲ့ကြည့်ပေးမဲ့သူကလည်း ဓာတ်ပုံပြေးရိုက် ဧည့်ခံဘာညာနဲ့ ထပ်လွတ်တော့
အဲ့မှာလည်း ပွဲထွက်အခါတော်ပေးပြီး စတည်ခင်းကတည်းက အိမ်သယ်ဖို့ ပါဆယ်ဇာတ်လမ်းတွေစတာပါပဲ
တခြားကူညီပေးတဲ့ မိတ်ဆွေတွေက ဘယ်သူတွေလဲ
သယ်သယ်သွားကြတာ အများကြီးပဲဆိုပြီး
မြင်ပြီးပြန်ပြောတာပါ။
(ပွဲအစဆုံးထိုင်ရတဲ့ပွဲမျိုးလုပ်တာမလို့ ဧည့်သည်တွေက ထမရတဲ့အတွက်ပါဆယ်ဆွဲလို့မရလို့ မသိတဲ့သူတွေလုပ်မှန်းပိုသေချာတာပါ)
ပိုလို့ထည့်တာ ပွဲပြီးခါနီးလို့ထည့်တာဆို မပြောလိုပါဘူး။ စခင်းရပြီဆိုကတည်းက ကိုယ်တာသိမ်းသလို ကြိုသိမ်းထားကြတာပါ။ အဲ့ဒါကို မြင်တဲ့မိတ်ွေေတွေကလည်း စကားစပ်မိပြီးပွဲပြီးမှပြောကြတာပါ။
ပွဲပြီးတော့ တစ်မနက်လုံးငတ်နေတဲ့ကိုယ်နဲ့သတို့သား
စားဖို့၁ပွဲလေးတောင်မကျန်တော့
ဒေါသတော့ထွက်မိတာ အမှန်ပါပဲ။(ပထမပွဲလည်း ကိုယ်တွေ၂ယောက်ဖို့တောင် မကျန်ပါဘူး)
မင်္ဂလာယူတဲ့အချိန်ဆိုတော့
ကျွန်မရဲ့ ပွဲကိုတော့ဘယ်သူစားစား ကုသိုလ်ရပါတယ်လို့
တွေးပေးလိုက်ပေမဲ့လည်း
အစားအသောက်ပိုင်းကို လူဦးရေနဲ့ချိန်ကိုက်မှာတဲ့သူတွေ၊ ဈေးအရမ်းကြီးတဲ့အစားသောက်မျိုးကို Budgeနဲ့ချိန်မှာရတဲ့သူတွေဆို
မလောက်ခဲ့တာမျိုးဖြစ်ရင် ရုပ်ပျက်ပြီး
တော်တော်အဆင်မပြေဖြစ်မှာပါ။
မထင်ထားပဲ ဖြစ်တတ်တာမျိုးမို့
နောက်ပိုင်း ဆောင်မည့်သူများ ကိုယ့်လိုမဖြစ်ရလေအောင် အတွေ့အကြုံလေးကို fake accနဲ့ပဲ shareပေးလိုက်ပါတယ်။