Loyal Liquor Shop

Loyal Liquor Shop Whisky, Cognac, Rum, Vodka, Gin, Wine, Beer

ဟုတ်ကဲ့ကျွန်တော်တို့ Loyal Liquor ကလည်း Welcomeပါလို့😁
02/10/2024

ဟုတ်ကဲ့ကျွန်တော်တို့ Loyal Liquor ကလည်း Welcomeပါလို့😁

လကုန်မယ့်ရက်ကလည်းနီးနေပြီဘတ်ဂျက်ကလည်းကုန်နေပြီDouble Black လေးမှမသောက်ရရင် ခံတွင်းမတွေ့ဘူးဆိုတဲ့ချိုကစ်တို့ညိုကီတို့တွေအ...
22/07/2024

လကုန်မယ့်ရက်ကလည်းနီးနေပြီ

ဘတ်ဂျက်ကလည်းကုန်နေပြီ

Double Black လေးမှမသောက်ရရင် ခံတွင်းမတွေ့

ဘူးဆိုတဲ့ချိုကစ်တို့ညိုကီတို့တွေအတွက်ပါ

ဝီစကီတွေမှာ ၂၁ နှစ်ဟာအ တော်လေးသက်တမ်းရင့်တဲ့ အနေအထားတစ်ခုဆိုပေမယ့် ROYAL SALUTE ကိုတော့ အငယ်ဆုံးသက်တမ်းအနေနဲ့ ၂၁ နှစ် အန...
13/07/2024

ဝီစကီတွေမှာ ၂၁ နှစ်ဟာအ တော်လေးသက်တမ်းရင့်တဲ့ အနေအထားတစ်ခုဆိုပေမယ့် ROYAL SALUTE ကိုတော့ အငယ်ဆုံးသက်တမ်းအနေနဲ့ ၂၁ နှစ် အနည်းဆုံးထားပြီး ထုတ်လုပ်ထားတာဖြစ်လို့ ကမ္ဘာ့ဝီစကီBrand တွေကြားမှာတော့ တစ်မူထူးခြားတဲ့ ကုန်အမှတ်တံဆိပ်ဖြစ်ပါတယ်။ အရည်အသွေးကောင်းကြိုက်တတ်သူ စားသုံးသူများအတွက် ရည်ရွယ်ဖန်တီးထားတဲ့ အကောင်းစားဇိမ်ခံဝီစကီများကိုသာ အချင်းချင်းရောစပ်ပြီး Blended Scotch ဝီစကီ အဖြစ်ထုတ်ပါတယ်။ ၁၉၅၃ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိစဘက် (၂) ရဲ့ တော်ဝင်နန်းတက် အခမ်းအနားကျင်းပရာပွဲမှာ သောက်သုံးစေဖို့ CHIVAS BROTHERS က ဖန်တီးမိတ်ဆက်ခဲ့တာဖြစ်လို့အရည်အသွေးပိုင်းမှာ ထိပ်တန်းဖြစ်ခဲ့ပြီး တော်ဝင်နန်းတွင်း ဝီစကီအဖြစ် လူသိများခဲ့ပါတယ်။
ROYAL SALUTE တွေကိုဖန်တီးရာမှာ ချောမွေ့ညက်ညောမှု အပိုင်းကို အထူးဦးစားပေးခဲ့တယ်လို့ မိခင်ကုမ္ပဏီ CHIVAS ကဆိုပါတယ်။ သောက်လိုက်တဲ့အခါမှာ လျှာပေါ်ကဆင်းတာနဲ့ ချက်ချင်းပျောက်ကွယ်သွားတာမျိုးမဟုတ်ပဲ အရသာပြည့်ဝမှု၊ သိမ်မွေ့ငြင်သာမှုတို့နဲ့ ခံတွင်းအတွင်းရနံ့များစွာတို့ကို စွဲတင်ကျန်ရစ်နေစေပါတယ်။ ကုန်ကြမ်းအဖြစ်သုံးထားတဲ့ ဝီစကီတွေကိုလဲ ROYAL SALUTE အဖြစ် ရောစပ်မထုတ်လုပ်မှီ အရည်အသွေးပြည့်မှီကြောင်း စံချိန် စံညွှန်းများစွာတို့နဲ့ ကြပ်မတ်စစ်ဆေးရပါတယ်။
ROYAL SALUTE ထည့်တဲ့ပုလင်းတွေကိုဖန်ချက်စက်ရုံကနေ မိုလ်များနဲ့လုပ်တာမျိုးမဟုတ်ပဲ တစ်ပုလင်းချင်းစီကို လက်မှုပညာရှင်များနဲ့ ဒီဇိုင်းအတိုင်းရအောင်လိုအပ်တဲ့ကိရိယာများကိုသုံးပြီး လက်နဲ့ ထွင်းလုပ်ရတာဖြစ်ပါတယ်။ လိုချင်တဲ့ပုံစံမရရှိခဲ့ရင် အသုံးမပြုပဲ ပယ်လိုက်ရတာဖြစ်လို့အရည်အသွေးမမှီတဲ့ ပုလင်းတွေမထွက်အောင် သေချာဂရုတစိုက် အာရုံစူးစိုက်ရတယ်လို့ CHIVAS က ဆိုပါတယ်။ တစ်ပုလင်းရအောင် ပညာရှင်တွေ ၅ ရက်ကနေ ၆ ရက် အထိ အချိန်ယူကြရပါတယ်။ အကောင်းစား ရွှံ့စေးတစ်မျိုးကို လိုချင်တဲ့ပုံရအောင်ဖော်ရပြီး လေနဲ့ အခြောက်ခံကာ ခြောက်သွေ့ကျစ်လစ်ပုံကျသွားပြီးမှသာ မီးနဲ့အပူပေးဖျော်စပ်ထားတဲ့ အရည်ကိုမျက်နှာပြင်ပေါ်ကို နှစ်ထပ်လောင်း ပြီးခါမှ အခုမြင်ရတဲ့ ဒီဇိုင်း၊ကာလာ တွေကို ရရှိတာပါ။
ဒီလိုသေသပ်လှပလွန်းတဲ့ ဒီဇိုင်းနဲ့ထုတ်ပိုးမှု‌တွေ၊ ကောင်းမွန်ပြည့်စုံတဲ့အရည်အသွေး နဲ့ ထယ်ဝါခမ်းနားတဲ့ သမိုင်းကြောင်းတွေကြောင့်ပဲ နိုင်ငံတကာမှာ ROYAL SALUTE ကို ပုံရိပ်ကောင်းတစ်ခုအနေနဲ့ လူကုံတန်အသိုင်းအဝိုင်းမှာ ကိုယ်ပိုင်၀ယ်ယူသောက်သုံးကြသလို ချစ်ခင်လေးစားတဲ့ မိတ်‌ဆွေ သင်ဂါဟများအကြား အမှတ်တရ လက်ဆောင် အဖြစ်လဲ ပေးတတ်ကြပါတယ်။
Unicode

၀ီစကီတွေမှာ ၂၁ နှစ်ဟာအ တော်လေးသက်တမ်းရင့်တဲ့ အနေအထားတစ်ခုဆိုပေမယ့် ROYAL SALUTE ကိုတော့ အငယ်ဆုံးသက်တမ်းအနေနဲ့ ၂၁ နှစ် အနည်းဆုံးထားပြီး ထုတ်လုပ်ထားတာဖြစ်လို့ ကမ္ဘာ့ဝီစကီBrand တွေကြားမှာတော့ တစ်မူထူးခြားတဲ့ ကုန်အမှတ်တံဆိပ်ဖြစ်ပါတယ်။ အရည်အသွေးကောင်းကြိုက်တတ်သူ စားသုံးသူများအတွက် ရည်ရွယ်ဖန်တီးထားတဲ့ အကောင်းစားဇိမ်ခံဝီစကီများကိုသာ အချင်းချင်းရောစပ်ပြီး Blended Scotch ဝီစကီ အဖြစ်ထုတ်ပါတယ်။ ၁၉၅၃ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိစဘက် (၂) ရဲ့ တော်၀င်နန်းတက် အခမ်းအနားကျင်းပရာပွဲမှာ သောက်သုံးစေဖို့ CHIVAS BROTHERS က ဖန်တီးမိတ်ဆက်ခဲ့တာဖြစ်လို့အရည်အသွေးပိုင်းမှာ ထိပ်တန်းဖြစ်ခဲ့ပြီး တော်၀င်နန်းတွင်း ဝီစကီအဖြစ် လူသိများခဲ့ပါတယ်။
ROYAL SALUTE တွေကိုဖန်တီးရာမှာ ချောမွေ့ညက်ညောမှု အပိုင်းကို အထူးဦးစားပေးခဲ့တယ်လို့ မိခင်ကုမ္ပဏီ CHIVAS ကဆိုပါတယ်။ သောက်လိုက်တဲ့အခါမှာ လျှာပေါ်ကဆင်းတာနဲ့ ချက်ချင်းပျောက်ကွယ်သွားတာမျိုးမဟုတ်ပဲ အရသာပြည့်၀မှု၊ သိမ်မွေ့ငြင်သာမှုတို့နဲ့ ခံတွင်းအတွင်းရနံ့များစွာတို့ကို စွဲတင်ကျန်ရစ်နေစေပါတယ်။ ကုန်ကြမ်းအဖြစ်သုံးထားတဲ့ ဝီစကီတွေကိုလဲ ROYAL SALUTE အဖြစ် ရောစပ်မထုတ်လုပ်မှီ အရည်အသွေးပြည့်မှီကြောင်း စံချိန် စံညွှန်းများစွာတို့နဲ့ ကြပ်မတ်စစ်ဆေးရပါတယ်။
ROYAL SALUTE ထည့်တဲ့ပုလင်းတွေကိုဖန်ချက်စက်ရုံကနေ မိုလ်များနဲ့လုပ်တာမျိုးမဟုတ်ပဲ တစ်ပုလင်းချင်းစီကို လက်မှုပညာရှင်များနဲ့ ဒီဇိုင်းအတိုင်းရအောင်လိုအပ်တဲ့ကိရိယာများကိုသုံးပြီး လက်နဲ့ ထွင်းလုပ်ရတာဖြစ်ပါတယ်။ လိုချင်တဲ့ပုံစံမရရှိခဲ့ရင် အသုံးမပြုပဲ ပယ်လိုက်ရတာဖြစ်လို့အရည်အသွေးမမှီတဲ့ ပုလင်းတွေမထွက်အောင် သေချာဂရုတစိုက် အာရုံစူးစိုက်ရတယ်လို့ CHIVAS က ဆိုပါတယ်။ တစ်ပုလင်းရအောင် ပညာရှင်တွေ ၅ ရက်ကနေ ၆ ရက် အထိ အချိန်ယူကြရပါတယ်။ အကောင်းစား ရွှံ့စေးတစ်မျိုးကို လိုချင်တဲ့ပုံရအောင်ဖော်ရပြီး လေနဲ့ အခြောက်ခံကာ ခြောက်သွေ့ကျစ်လစ်ပုံကျသွားပြီးမှသာ မီးနဲ့အပူပေးဖျော်စပ်ထားတဲ့ အရည်ကိုမျက်နှာပြင်ပေါ်ကို နှစ်ထပ်လောင်း ပြီးခါမှ အခုမြင်ရတဲ့ ဒီဇိုင်း၊ကာလာ တွေကို ရရှိတာပါ။
ဒီလှပသေသပ်လွန်းတဲ့ ဒီဇိုင်းနဲ့ထုတ်ပိုးမှုတွေ၊ ကောင်းမွန်ပြည့်စုံတဲ့ အရည်အသွေး နဲ့ ထယ်ဝါခမ်းနားတဲ့ သမိုင်းကြောင်းတွေကြောင့်ပဲ နိုင်ငံတကာမှာ ROYAL SALUTE ကို ပုံရပ်ကောင်းတစ်ခုအနေနဲ့ လူကုံတန်အသိုင်းအဝိုင်းမှာ ကိုယ်ပိုင်၀ယ်ယူသောက်သုံးကြသလို ချစ်ခင်လေးစားတဲ့ မိတ်ဆွေ၊ သင်္ဂါဟများအကြား အမှတ်တရ လက်ဆောင်အဖြစ်လဲ ပေးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Loyal Liquor တွင်ဝယ်ယူနိုင်ပါတယ်ခင်ဗျား

ယုံကြည်မှုတစ်ခုတည်းသာယူခဲ့ပါ စစ်မှန်တဲ့အရည်အသွေးကို Loyal Liquor ကတာဝန်ယူပါတယ်



References
Royal Salute Official Website
chivas.com/royal-salute

ကျွန်တော်က အသံကြားသနား မျက်နှာမြင်ချစ်ခင် ဆိုတဲ့မျက်နှာပေးနဲ့သူ🤪ကျွန်တော်ရောင်းတဲ့ပုလင်းတွေကလည်းမြင်မြင်ချင်း သွားရည်ကျစ...
12/07/2024

ကျွန်တော်က အသံကြားသနား မျက်နှာမြင်ချစ်ခင်

ဆိုတဲ့မျက်နှာပေးနဲ့သူ🤪

ကျွန်တော်ရောင်းတဲ့ပုလင်းတွေကလည်းမြင်မြင်ချင်း

သွားရည်ကျစေမဲ့ပုလင်းတွေချည်းပဲဗျ🥂

🫢🫢🫢
25/04/2024

🫢🫢🫢

Single Malt နှင့် Blended ဝီစကီတို့၏ ကွဲပြားခြားနားမှုများအဖျော်ယမကာများ၏အရည်အသွေးများကို တိုင်းတာအဆုံးအဖြတ်ပေးရခြင်းမှာ...
23/04/2024

Single Malt နှင့် Blended ဝီစကီတို့၏ ကွဲပြားခြားနားမှုများ

အဖျော်ယမကာများ၏အရည်အသွေးများကို တိုင်းတာအဆုံးအဖြတ်ပေးရခြင်းမှာ ဆန်းကျယ်လှပါတယ်။ အမှတ်တံဆိပ်ပေါ်တွင် ဖော်ပြထားသည့် အမှတ်အသားများနှင့်ပက်သက်လာလျှင် ဝီစကီလောကရှိ အနည်းငယ်သောဝေါဟာရများသည် Single Malt ဝီစကီများနှင့်သာ ဆက်နွယ်မှုရှိပါတယ်။ အထူးသဖြင့် စကော့ခ်ျဝီစကီများအကြား ထုတ်လုပ်မှုပုံစံကို မြင့်မားသောဈေးနှုန်းဖြင့် ကျောထောက်နောက်ခံပြုထားခြင်းဖြစ်သည်။ ထို့အပြင် ရှုပ်ထွေးသောထုတ်လုပ်မှုနှင့် အမျိုးမျိုးသော အနံ့အရသာများကြောင့်လည်း လူသိ/လူကြိုက်များကြခြင်းလည်းဖြစ်သည်။

Single Malt ဝီစကီအမျိုးအစားသည် အရည်အသွေးမြင့်မားသော်လည်း Blended ဝီစကီအမျိုးအစားများထက် သာလွန်သည်ဟု မဆိုလိုပါ။ ဝီစကီအမျိုးအစား၂မျိုးစလုံးသည် ထုတ်လုပ်သူများကြား သိသာထင်ရှားသောကွဲပြားမှုများဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ထူးခြားသော အနံ့အရသာများကို ပေးစွမ်းပါတယ်။

🔸Single Malt ဝီစကီတွေကို ဒေသတစ်ခုရှိ အရက်ချက်စက်ရုံ တစ်ခုအတွင်း သီးသန့်မော့တ်ကုန်ကြမ်းတစ်မျိုးတည်းဖြင့်သာချက်လုပ်ကာ အပါတ်စဉ်တစ်ခုထဲမှ ထွက်ရှိလာသော အရက်များကိုသာ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။

🔹Blended ဝီစကီများကို ပုံမှန်အားဖြင့် ရောစပ်ထားသည့် အရက်များဟု သတ်မှတ်ထားကြပါတယ်။ ပေါင်းခံချက်လုပ်ကာ သက်တမ်းယူရင့်ကျက်ထားသည့် နှစ်အမျိုးမျိုးရှိသော အနံ့အရသာမျိုးစုံရှိသော အရက်အမျိုးအစားစုံကို တသမတ်တည်းအရသာရရှိစေရန် စနစ်တကျ ရောစပ်ထားကြခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါအရက်အမျိုးအစား၏ ပုလင်းပေါ်ရှိအမှတ်တံဆိပ်ပေါ်တွင် ဖော်ပြထားသည့် သက်တမ်းဖော်ပြချက်သည် အဆိုပါ အရက်ရောစပ်ရာတွင် သက်တမ်းအနိမ့်ဆုံး ရောစပ်ခဲ့သည့်အရက်၏ သက်တမ်းကိုသာဖော်ပြရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ကြောင့်ဖြစ်သည်။

ရှင်းအောင်ပြဆိုရလျှင် Blended ဝီစကီအမျိုးအစားတစ်ခုတွင် သက်တမ်း၁၀/၁၂/၁၅/၁၈/၃၀နှစ် အစရှိသည့် ရင့်ကျက်သက်တမ်းယူထားသည့် နှစ်အမျိုးစုံ မည်မျှပါဝင်နေစေကာမူ သက်တမ်းအနိမ့်ဆုံးယူထားသည့် အရက်အမျိုးအစား၏ သက်တမ်းယူထားသည့်နှစ်ကိုသာဖော်ပြရခြင်းဖြစ်သည်။ အခြားတဖက်မှ ကြည့်လျှင်မူ အဆိုပါသက်တမ်းဖော်ပြထားသည့်အရက်အမျိုးအစားသည် အဆိုပါအရက်ပုလင်းတွင် ပမာဏအများဆုံးပါဝင်နေလေ့ရှိပါတယ်။

ဒါဆိုရင် Single Malt ဝီစကီက ဘာကြောင့် အရည်အသွေးကို ဦးစားပေးတာပါလဲ။ ဦးစွာ မုယောစပါးများကို အညှောင့်ဖောက်ပြီးမှ ချက်လုပ်၊သက်တမ်းယူထားသည့် အရက်သည် ဂျုံ၊ ဘာလီတို့ကို အခြေခံချက်လုပ်ထားသော အရက်များထက် အရသာပိုမိုသိသာစွာ ကောင်းမွန်လေ့ရှိပါတယ်။ ထို့ကြောင့် ဖန်တီးထုတ်လုပ်မှု လုပ်ငန်းအစအဆုံးကို အရက်ချက်စက်ရုံတစ်ခုအတွင်း၌သာ ထုတ်လုပ်ရန်၊ ပါဝင်ပစ္စည်းများကို အတိအကျထိန်းသိမ်းထားခြင်းနှင့် ထုတ်လုပ်ထားသည့် အရက်၏အရည်အသွေးကို တသမတ်တည်းရရှိစေရန် တင်းကျပ်သောစည်းကမ်းချက်များဖြင့် ကာကွယ်ထားပါတယ်။

Blended ဝီစကီများသည် ဝီစကီလောကကို ရောင်စဉ်ဖြာသကဲ့သို့ လွှမ်းခြုံထားပါတယ်။ Blended ဝီစကီအမျိုးအစားသည် အဖျော်ယမကာရောင်းချရမှုတွင် အများဆုံးပါဝင်နေပါတယ်။ လူသိများသော အမှတ်တံဆိပ်ကြီးများ၏ အရောင်းရဆုံးသော ထုတ်ကုန်အမျိုးအစားတစ်ခုလည်းဖြစ်သည်။ ဤအမျိုးအစားတွင် ပေါင်းခံထားသည့် မည်သည့်ဝီစကီအမျိုးအစားကိုမဆို ပေါင်းစပ်ထားလေ့ရှိပါတယ်။ တနည်းအားဖြင့် နေရာဒေသအသီးသီးမှ မုယောစပါး၊ ဂျုံ၊ ဘာလီ အစရှိသည့် ကုန်ကြမ်းမျိုးစုံ၊ အရက်ချက်စက်ရုံမျိုးစုံတို့မှ ထုတ်လုပ်ထားသည့် စုံလင်လှသည့် ဝီစကီအမျိုးအစားစုံတို့ဖြင့် စနစ်တကျရောစပ်ကာ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံအသီးသီးမှ အရင်းအမြစ်များကို စုစည်းထားခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ဈေးနှုန်းချိုသာသည်ဆိုသည့်အချက်က အရည်အသွေးနိမ့်ကျသည်ဟု ထင်မှတ်စရာ ရှိစေနိုင်ပါတယ်။ ကမ္ဘာ့အကျော်ကြားဆုံး ဝီစကီအများအပြားသည် Scotch ဝီစကီအမျိုးအစားတွင် ပါဝင်ပြီး ရောစပ်ထားသည့် Blended ဝီစကီအမျိုးအစားများဖြစ်သည်။ ထို့ကြောင့် Blended ဝီစကီအမျိုးအစားဆိုတိုင်း စံထားရလောက်သည့် ဝီစကီအမျိုးအစားများကို လျှော့မတွက်သင့်ပါ။ အဆိုပါ Blended ဝီစကီအမျိုးအစားများ၏ သိမ်မွေ့သော နူးညံ့မှုသည် ထုတ်လုပ်သူနှင့် ရောစပ်မှုအား ကန့်သတ်မထားခြင်းကြောင့် အရသာအရှိဆုံးသော ဝီစကီများကို ရွေးချယ်နိုင်စေခြင်းပင်ဖြစ်ပါတော့တယ်။

T.A.L
ယမhttps://m.facebook.com/story.php?story_fbid=2265843713619755&id=100005824441008&mibextid=Nif5

Sherry Finish, Sherry Casks အစသဖြင့် "Sherry" ပါတဲ့ မည်သည့် Whisky Brands မဆိုကျွန်တော့်ရဲ့ Favorite ပါပဲကျွန်တော်များ L...
08/03/2024

Sherry Finish, Sherry Casks အစသဖြင့်

"Sherry" ပါတဲ့ မည်သည့် Whisky Brands မဆို

ကျွန်တော့်ရဲ့ Favorite ပါပဲ

ကျွန်တော်များ Loyal Liquor မှရောင်းချသော

ပုလင်းတိုင်းတွင် ဆိုင်၏အမှတ်တံဆိပ် Logoပါရှိ

သောကြောင့် 💯% Authentic ဖြစ်ကြောင်းအာမခံ

ပါသည်။



ဆန်းချီလမ်းဆုံ ၊ ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့

☎️ 09757528806

ကျွန်တော်တို့​၏ Loyal Liquor Shopအား ဆန်းချီလမ်းဆုံ Yellow Wave ဖုန်းဆိုင်နံဘေးသို့ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်ခင်ဗျား
03/03/2024

ကျွန်တော်တို့​၏ Loyal Liquor Shopအား

ဆန်းချီလမ်းဆုံ Yellow Wave ဖုန်းဆိုင်နံဘေးသို့

ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်ခင်ဗျား

 ဒီအမှတ်တံဆိပ်ဟာလဲ အသက်၅၀တန်းသမားတွေ သောက်ခဲ့ကြဘူးတဲ့ J&B နဲ့ ခေတ်ပြိုင်အရက်။ ၁၉၆၀ ကာလဝန်းကျင်ကစလို့ မြန်မာပြည်မှာ ရွေးခ...
29/01/2024



ဒီအမှတ်တံဆိပ်ဟာလဲ အသက်၅၀တန်းသမားတွေ သောက်ခဲ့ကြဘူးတဲ့ J&B နဲ့ ခေတ်ပြိုင်အရက်။ ၁၉၆၀ ကာလဝန်းကျင်ကစလို့ မြန်မာပြည်မှာ ရွေးချယ်စရာ အရက်အမှတ်တံဆိပ် များများစားစားသိပ်မရှိခင်တုန်းက " ကိုဂျော်နီ နှင့် ရဲ‌လေးဖော် "လို့ပြောရမယ့် အမှတ်တံဆိပ် ၄ခုထဲက တစ်ခု။ ဒီစကားကို ပြန်ရှင်းရမယ်ဆိုရင် ကိုဂျော်နီ ဆိုတာက ၊ ရဲ‌လေးဖော် ဆိုတာက , &B , , တွေကိုဆိုလိုတာ။ အဲဒီစကားစုက သရုပ်ဆောင် ရာဇာနေဝင်း ကြော်ငြာတစ်ခေတ်စန်းထတော့ သူသရုပ်ဆောင်တဲ့ ကြော်ငြာတိုင်း မပါမဖြစ်တဲ့ ပုလဲဝင်း၊ ဇင်ဇင်ဇော်မြင့်၊ ခင်လေးနွယ် နဲ့ ဆုရွှန်းလဲ့ တို့အတွဲလိုက်ကို ရာဇာနှင့် ရဲလေးဖော်လို့ နောက်ပြောင်ကြရင်းနဲ့ ခေါ်တာကို သဘောကျလို့ ကိုယ့်ဘာသာနာမည်ပြန်ပေးထားတာ။ ဘာလို့ဆို ၁၉၆၀/၇၀ဝန်းကျင်လောက်ဆီက အဖြူ၊အမည်း ရုပ်ရှင်တွေ၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာသော်တာဆွေတို့ရဲ့ ခေတ်ကိုဖြတ်သန်းရင်း လှစ်ဟပြရာမှာ မပါမဖြစ်တဲ့ အရက်အမှတ်တံဆိပ်တွေ ဖြစ်နေလို့ပါ။ Johnnie Walker Swing ကတော့ အဲဒီအချိန်တုန်းက ရာဇာနေဝင်းပေါ့။ ဆရာကြီးတွေမှ သောက်နိုင်ကြတယ်လို့ မှတ်သားထားမိပါရဲ့။ Dimple , J&B , VAT69 နဲ့ Beehive Brandy (ပျားအုံဘရန်ဒီ) အမှတ်တံဆိပ်တွေကတော့ လူလတ်တန်းစားတွေ လက်လှမ်းမှီ သောက်နိုင်ကြတဲ့ အမှတ်တံဆိပ်တွေ။

VAT69 သမိုင်းကြောင်း

၁၈၃၉ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် William Sanderson ကို စကော့တလန်နိုင်ငံ Leith မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၃နှစ်အရွယ်မှာ ဝိုင်နှင့်အဖျော်ယမကာ ထုတ်လုပ်သူ Matthew Buchan ဆီမှာ အလုပ်သင်အဖြစ်စတင်လုပ်ကိုင်ခဲ့ပါတယ်။ ၁၈၆၃ခုနှစ် အရောက်မှာတော့ အဖျော်ယမကာနှင့်ဝီစကီ ရောစပ်ထုတ်လုပ်သော လုပ်ငန်းကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ၁၈၈၀ခုနှစ်တွင် သားဖြစ်သူ William Mark ပါ လုပ်ငန်းခွင်သို့ဝင်ရောက်ခဲ့ပြီး ဖခင်ဖြစ်သူရဲ့ ဝီစကီရောစပ်သည့်လုပ်ငန်းမှာ ကူညီလုပ်ကိုင်ပေးခဲ့ပါတယ်။

၁၈၈၂ခုနှစ်တွင် William Sanderson သည် ဈေးကွက်သို့တင်ပို့ရောင်းချရန်အတွက် ဝီစကီစည်ပေါင်း၁၀၀မှ ဝီစကီပုလင်းပေါင်း ၁၀၀ကို အရသာမြည်းစမ်းရန်အတွက် အရသာမြည်းစမ်းပေးသည့် ကျွမ်းကျင်ပညာရှင်များပါသည့် အဖွဲ့တစ်ဖွဲ့ကိုငှားရမ်းပြီး အရသာမြည်းစမ်းစေခဲ့ပါတယ်။ ထိုအထဲကမှ Cask @ Vat အမှတ် 69 သည်အရသာအကောင်းဆုံးဖြစ်ကြောင်း တညီတညွတ်တည်း သတ်မှတ်ပေးခဲ့ကြပါတယ်။ ထို့ကြောင့် အရက်ပုလင်းအမှတ်တံဆိပ်အတွက် VAT 69 ဆိုသည့် အမည်ကို ပေးခဲ့ခြင်းဖြစ်ပါတယ်။ ထိုအချိန်မှစ၍ VAT 69 အရက်ကို အရက်ပုလင်း၏ လည်ပင်းတွင် ဥလုံးပုံသဏ္ဍာန်ရှိသော ပုလင်းတွင်း ထည့်သွင်းကာ ဈေးကွက်တင်ရောင်းချခဲ့သည်မှာ နောင်နှစ်ပေါင်း ၁၀၀ကျော်တိုင်ကြာအောင် ပုလင်းဒီဇိုင်းမပြောင်းလဲဘဲ ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။

၁၈၈၄ခုနှစ်မှာတော့ William Sanderson သည် မုယောစပါးခင်းအလယ်၌ရှိသော Glen Garioch အမည်ရှိ အရက်ချက်စက်ရုံကို ဝယ်ယူခဲ့ပါတယ်။ အဆိုပါအရက်ချက်စက်ရုံကို ဝယ်ယူခြင်းဟာ အရက်ချက်ရာတွင်လိုအပ်သည့်ကုန်ကြမ်းဖြစ်သော မုယောစပါးများကို စဉ်ဆက်မပြတ်ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ Sanderson သည် ထိုအချိန်မှစ၍ ရောစပ်ထားသည့်အရက်တံဆိပ်သစ်များ အမြဲရှိနေသည်ကို ဂရုပြုမိပြီးဖြစ်ပါတယ်။ ထိုသို့သော အကြောင်းများကြောင့် Sanderson သည် Usher, Bell တို့နှင့်အတူ ရောစပ်ထားသည့် မော့လ်ဝီစကီထုတ်လုပ်ရန် North British Distillery ကိုထပ်မံတည်ထောင်ကာ VAT69 ဝီစကီကို ထောက်ပံ့ပေးခဲ့ပါတယ်။ ထို့နောက်သူငယ်ချင်းဖြစ်သူ Royal Lochnagar Distillery ကိုပိုင်ဆိုင်သူ John Begg နှင့်ဆက်လက်ပူးပေါင်းခဲ့ပြီး VAT69 အတွက်လိုအပ်သော မော့လ်ဝီစကီတွေကို ထောက်ပံ့စေခဲ့ပါတယ်။ ၁၉၃၃ခုနှစ် Begg ကွယ်လွန်ချိန်မှာတော့ Begg ပိုင်ဆိုင်တဲ့ အရက်ချက်စက်ရုံရဲ့ ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ ထို့နောက် Sanderson ဟာ ကုမ္ပဏီကို Booth's Distilleries နှင့်ပူးပေါင်းခဲ့ပြီး DCL Group (The Distillers Company Limited) လို့အမည်ရတဲ့ အဖွဲ့အစည်းနှင့် ၁၉၃၅ခုနှစ်မှာ ထပ်မံပေါင်းစည်းခဲ့ပါတယ်။

၁၉၈၀ခုနှစ် ဆောင်းဦးရာသီတွင် ကို Sanderson's House မှ အင်္ဂလန်နိုင်ငံတဝှမ်းတွင် ဖြန့်ချိပေးခဲ့ပါတယ်။ လက်ရှိအချိန်တွင် William Sanderson And Sons Ltd သည် ကမ္ဘာ့အကြီးဆုံး ဝိုင်နှင့် အဖျော်ယမကာကုမ္ပဏီကြီး Diageo Public Limited Company နှင့်ပူးပေါင်းကာ ဆက်လက်ထုတ်လုပ်လျက်ရှိပါတယ်။

Crd TAL

27/01/2024

#အရက်စတင်သောက်သုံးသူများ_ကျူးလွန်လေ့ရှိကြတဲ့_အမှား၅ချက်

အရက်စတင်သောက်သုံးသူများသည် ခက်ခဲရှုပ်ထွေးစွာ ချက်လုပ်ထားသော အဖျော်ယမကာများနှင့် ပက်သက်၍ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကို ဝါရင့်သောက်သုံးသူများမှတဆင့် တဆင့်စကား တဆင့်ကြားဖြင့် လက်ဆင့်ကမ်း မှတ်သားနာယူခဲ့ကြပြီးဖြစ်သည်။ သို့သော်လည်း အချို့သော ကိစ္စရပ်များအနေဖြင့်မူ ဂရုမပြုမိဘဲ အမှားများကို အရက်သောက်သည့်အခါတိုင်း ကျူးလွန်မိလျက်သား ဖြစ်နေလေ့ရှိသည်။ ထို့ကြောင့် ဂရုမပြုမိဘဲ ကျူးလွန်လေ့ရှိတဲ့ အမှား၅ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

#ခွက်ရွေးချယ်ခြင်း

အဖျော်ယမကာများ သောက်သုံးရန်အကောင်းဆုံးသော ခွက်အမျိုးအစားမှာ ဖန်ခွက်ဖြစ်ပါတယ်။ ဖန်ခွက်ဟာ ကြည်လင်ပြီး ထွင်းဖောက်မြင်နိုင်သောကြောင့် ဝီစကီ၏ အရောင်များကို မျက်လုံးဖြင့် ဦးစွာခံစားနိုင်ပါတယ်။ ဒါ့အပြင် ခွက်အတွင်း မသန့်ရှင်းသည့် အမှိုက်သရိုက် အညစ်အကြေးများ ပါဝင်မှု ရှိ/မရှိကိုလည်း ဆန်းစစ်နိုင်ပါသေးတယ်။ ထို့နောက် မည်သည့်အရက်အမျိုးအစားကို သောက်သုံးသည်ဖြစ်စေ သောက်သုံးမည့် အရက်အမျိုးအစားကိုလိုက်လို့ ခွဲခြားထားသည့် ခွက်အမျိုးအစားကို ထပ်မံရွေးချယ်ပါ။ * ဥပမာ ဝီစကီ ဆိုလျှင် Whisky Tumbler၊ ဘရန်ဒီ ဆိုလျှင် Snifter Glass တို့ကိုရွေးချယ်ပါ။ မည်သည့်အခါမျှ ဝီစကီကို ဒန်ခွက်၊ ကော်ခွက်တို့ဖြင့် ထည့်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

#ရေခဲ

အရသာရဲ့ ၈၀%ဟာ အနံ့ဖြစ်ပါတယ်။ အရည်တစ်မျိုးမျိုး၏ အပူချိန်ကို လျှော့ချလိုက်တဲ့အခါမှာ ထိုအရည်၏ အငွေ့ပျံမှု လျော့နည်းသွားပြီး အနံ့ထွက်မှု နည်းပါးသွားမည်ဖြစ်သည်။ ထို့ကြောင့် ဝီစကီထဲကို ရေခဲထည့်ခြင်းဟာ အေးမြလန်းဆန်းခြင်းကို ဖြစ်ပေါ်လာစေသော်လည်း အချို့သော မွှေးရနံ့များကို ငုပ်လျှိုးပျောက်ကွယ်သွားစေနိုင်ပါတယ်။ ဒီနေရာမှာကြားဖြတ်ပြောလိုတာက ရေခဲထည့်/မထည့်ဆိုတာကို အတိအကျသတ်မှတ်ထားခြင်းမရှိဘဲ မွှေးရနံ့ ပျောက်ဆုံးသွားနိုင်သည့် အခြေအနေကို ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။

အရေးအကြီးဆုံးအချက်မှာ ဖန်ခွက်အတွင်းသို့ ရေခဲအရင်ထည့်ပြီးမှ အရက်ကို ရေခဲအပေါ်မှ ဖြည်းညင်းငြင်သာစွာ လောင်းထည့်ဖို့ပဲဖြစ်ပါတယ်။ အချို့ အမှားလုပ်သူများဆိုလျှင် အရက်အရင်ထည့်ပြီးမှ ရေခဲကိုနောက်မှထည့်ကြလေ့ရှိပါတယ်။ ရေခဲထည့်သောက်ခြင်းအတွက် အမြင်သာဆုံးစကားလုံးမှာ ဖြစ်ပြီး ဖန်ခွက်အတွင်းသို့ ရေခဲအရင်ထည့်ပြီးမှ အရက်ငှဲ့လေ့ရှိကြပါတယ်။

#ရေ

ဝီစကီထဲကို ရေအနည်းငယ်ရောထည့်ခြင်းက ခံစားချက်အတွေ့အကြုံကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။

စတင်သောက်သုံးချိန်မှာ ဝီစကီပမာဏအများအပြား၏ ပူစပ်သော အစွမ်းကြောင့် သောက်သုံးသူအများစုမှာ ဆက်လက်သောက်သုံးရန် တွန့်ဆုတ်သွားကြလေ့ရှိပါတယ်။ ထို့ကြောင့် ရေအနည်းငယ်ထည့်ခြင်းဖြင့် အရက်၏ပူစပ်လောင်ကျွမ်းမှုကို ပျော့ပျောင်းစေပြီး အရက်၏အရသာကို ဖွင့်ပေးနိုင်ပါတယ်။ သောက်သက်ကြာလာသည်နှင့်အမျှ ထည့်သွင်းသည့် ရေပမာဏကို တဖြည်းဖြည်းချင်း လျှော့ချလိုပေလိမ့်မည်။ ထိုမှတဆင့် အရက်ထဲတွင်ပေါင်းစပ်ပါဝင်နေသည့် အရသာမှတ်စုအမျိုးမျိုးကို အာခံတွင်းခံစားချက်များကို အမှန်တကယ် ခံစားနိုင်မည်ဖြစ်သည်။

#အရက်အမျိုးအစား/ #အမှတ်တံဆိပ်တစ်မျိုးတည်းကိုသာ_သောက်သုံးခြင်း

ဝီစကီသည် ကမ္ဘာပေါ်တွင် အမျိုးအစားအစုံလင်ဆုံးသော ယမကာတစ်မျိုးဖြစ်သည်။ ထို့ကြောင့် အရက်အမျိုးအစားတစ်မျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင် မသိသေးသော အမျိုးအစားကိုပါ စမ်းသပ်သောက်သုံးခြင်းက စွန့်စားရာကျပါလိမ့်မယ်။ မည်သို့ပင်ဆိုစေကာမူ အမှတ်တံဆိပ်အသစ်၊ အမျိုးအစားအသစ်ကို စွန့်စားပြီး သောက်သုံးရန် မကြိုးစားပါက အသစ်အဆန်းများကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သင်နှစ်သက်သော အရက်အမျိုးအစားများ၊ ရနံ့နှင့် အရသာအမျိုးမျိုးကို ပုလင်းများတွင်ရှာဖွေရန် သော့ချက်မှာ အရက်အမျိုးအစားစုံကို မြည်းစမ်းသောက်သုံးခြင်းပင်ဖြစ်သည်။

#အရက်ပုလင်းများကို_မှားယွင်းစွာသိမ်းဆည်းခြင်း

ကျွန်တော်တို့ စုဆောင်းထားသည့် အရက်ပုလင်းများကို အိမ်/ရုံးတွင် အလှပြသကြလေ့ရှိပါတယ်။ ထိုကဲ့သို့ အလှပြရာတွင် အရက်ပုလင်းများကို နေရောင်ခြည်တိုက်ရိုက်ကျရောက်သောနေရာများကို ဦးစားပေးရှောင်ရှားဖို့လိုပါတယ်။ နေရောင်ခြည်ဟာ ဖန်ပုလင်းအတွင်းမှ အယ်လ်ကိုဟောလ်ဓာတ်ပေါင်းများကို ပြိုကွဲစေပြီး ရှာလကာရည်အဆင့်သို့ ပြောင်းလဲသွားစေပါတယ်။ ထို့ကြောင့် မည်သည့် အဖျော်ယမကာကိုမဆို ပုံမှန်အခန်းအပူချိန်အတွင်း နေရောင်ခြည်တိုက်ရိုက်မကျရောက်နိုင်သည့် မှောင်မိုက်သည့်နေရာတွင်သာ သိမ်းဆည်းသင့်ပါတယ်။

Crd TAL

https://m.facebook.com/story

သောက်နေကျ Blended & Single Malt Whisky တွေသောက်ရတာငြီးငွေ့နေပြီလား THE YAMAZAKI Single Maltလေးရောက်နေပါပြီPrice -4$$,$$$...
09/12/2023

သောက်နေကျ Blended & Single Malt Whisky

တွေသောက်ရတာငြီးငွေ့နေပြီလား

THE YAMAZAKI Single Maltလေးရောက်နေပါပြီ

Price -4$$,$$$/-

ကျွန်တော်များ Loyal Liquor မှရောင်းချသော
ပုလင်းတိုင်းတွင် ဆိုင်၏အမှတ်တံဆိပ် Logoပါရှိသော ကြောင့် 💯% Authentic ဖြစ်ကြောင်းအာမခံပါသည်။



Loyal-2
အမှတ်(2/716) ၊ရွှေတောင်စားလမ်း၊ မြောက်ရွာရပ်၊ ထားဝယ်မြို့

Loyal-3
အဝေးပြေးကားကွင်း၊ ရေးလမ်း၊ အိမ်ရှေ့ပြင်ရပ်၊ ထားဝယ်မြို့

☎️ 09757528806

24/10/2023

အဲဒီအိမ်ကကောင်မတွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့

ကျွန်တော်တို့ Loyal Family မှတရားလိုလုပ်ပြီး

တရားစွဲပေးပါမယ်ခင်ဗျား😆

100% Authentic

သေတဲ့အထိသောက်ပါသေအောင်မသောက်ပါနဲ့ကျွန်တော်များ Loyal Liquor မှရောင်းချသော ပုလင်းတိုင်းတွင် ဆိုင်၏အမှတ်တံဆိပ် Logoပါရှိသေ...
28/09/2023

သေတဲ့အထိသောက်ပါ

သေအောင်မသောက်ပါနဲ့

ကျွန်တော်များ Loyal Liquor မှရောင်းချသော
ပုလင်းတိုင်းတွင် ဆိုင်၏အမှတ်တံဆိပ် Logoပါရှိသော ကြောင့် 💯% Authentic ဖြစ်ကြောင်းအာမခံပါသည်။



Loyal-2
အမှတ်(2/716) ၊ရွှေတောင်စားလမ်း၊ မြောက်ရွာရပ်၊ ထားဝယ်မြို့

Loyal-3
အဝေးပြေးကားကွင်း၊ ရေးလမ်း၊ အိမ်ရှေ့ပြင်ရပ်၊ ထားဝယ်မြို့

☎️ 09757528806

30/08/2023

လ္ဘက်ရည်ဆိုင်ရှင်တွေသိဘို့ 😒😒😒

👌လက်ဖက်ရည်တစ်ခွက် 1000☕☕☕
တစ်ငုံစာပဲ ပါတယ်

👌ဘီယာတစ်ခွက် 1500🍺🍺🍺
လေးငါးခါ ငုံလို့ရတယ်

📌ဘီယာသောက်ရင်
ကားတွေ ရွှေတွေ ငွေတွေ
နောက်ဆုံး ဘီယာ freeပေါက်နိုင်သေးတယ်💲💲💲

📌မင်းတို့ဆိုင်က လ္ဘက်ရည်မှာ
ယင်ကောင်တွေ ဘာတွေပဲ ပေါက်ဖူးတယ်🐝🐝🐝

🍺ဘီယာ3ခွက်သောက် တစ်ခွက်အလကားတိုက်တယ်

☕️မင်းတို့ လ္ဘက်ရည်ဆိုင်မှာ
ဘယ်လောက်သောက်သောက် အပိုမရဘူး😎😎😎

😋😋ဘီယာဆိုင်ဆို
ကြက်ဂွေးတောက် မြေပဲဆားလှော်
အလကားချပေးတယ်😋😋😋

😏😏မင်းတို့ လ္ဘက်ရည်ဆိုင်မှာ
ရေနွေးကြမ်းတောင် တစ်အိုးထက်ပိုရင်
ချမပေးချင်တော့ဘူး😩😩😩

ဘီယာက ဆီးရွှင်တယ်😅
လ္ဘက်ရည်က
အခန့်မသင့်ရင် ဆီးချို ဖြစ်နိုင်တယ်😁

ဘီယာက အိပ်လို့ကောင်းတယ်
အသောက်များရင် ခလော ခလူးနဲ့တောင်မြည်သေး😴😴😴
မင်း လ္ဘက်ရည်က
အသောက်များရင် အိပ်မရဘူး😵😵😵

ဝန်ထမ်းချင်းလည်း ယှဉ်ကြည့်ဦး
နှပ်ချေးတွဲလောင်း မဲတူးညစ်ပေနေတဲ့
လက်နဲ့ လ္ဘက်ရည်လာချပေမယ့်
ဘီယာဆိုင်မှာဆို
ပေါင်တံဖွေးဖွေး ချက်ဖွေးဖွေးနဲ့
မျက်စိပဒသ ဖြစ်စေတယ်
ရွှေရင်အေးစေတယ်
တစ်ချို့ဆိုင်တွေဆို အမြည်းတောင်မှာစရာမလိုဘူး
အပြုံးတင်နဲ့ ပြီးတယ်😜😜😜

မင်းတို့လ္ဘက်ရည်ဆိုင်က
စားသုံးသူကို မယုံသလိုလိုနဲ့
မီးခြစ်တောင် ကြိုးနဲ့ချည်ထားတာ😞😔😔
ဘီယာဆိုင်ဆို
မီးတောင် လာညှိပေးတာ
ငါဆို အခြစ်ခံချင်လွန်းလို့
မီး ခဏ ခဏ သေတယ်😉😉😉

ဘီယာနဲ့ရေချိုးရင် အသားအရေလှတယ်ကွ
လ္ဘက်ရည်နဲ့ ရေချိုးကြည့်ပါလား
စေးကပ်ကပ်နဲ့ ပုရွက်ဆိတ် အကိုက်ခံရဦးမယ်😂😂😂

Sorryပဲ ငါ့ကောင်

ဒီနေ့ကစပြီး
မင်း လ္ဘက်ရည်ဆိုင် မထိုင်တော့ဘူး

ရှင်းလား ။😏😏😏


ယမကာလုလင်များ၏ စကားဝှက်များဟာ ဘောစိ (ဆိုရင်)= မင်း ဒီဝိုင်းရှင်း...ငါ သတိရလို့ပါကွာ (ဆိုရင်) = ငါ့မှာ ပိုက်ဆံ မရှိဘူး..မ...
24/07/2023

ယမကာလုလင်များ၏ စကားဝှက်များ

ဟာ ဘောစိ (ဆိုရင်)= မင်း ဒီဝိုင်းရှင်း...

ငါ သတိရလို့ပါကွာ (ဆိုရင်) =
ငါ့မှာ ပိုက်ဆံ မရှိဘူး..မင်း လိုက်တိုက်

လာဆို လာခဲ့(ဆိုရင်) =..ငါရှင်းမယ် ..လာခဲ့..

ငါ ဒီနေ့ မလာတော့ဘူး(ဆိုရင်) = ပိုက်ဆံမရှိဘူး..ကပ်လဲ မသောက်ချင်ဘူး...

ငါ ဒီနေ့ မအားဘူး(ဆိုရင်) = မင်း ငါ မသိတဲ့ကောင်တွေနဲ့ သောက်နေတယ်...ဝိုင်းရောဖို့ အဆင်မပြေဘူး

ငါ ခဏနေမှ ဖုန်းဆက်လိုက်မယ်(ဆိုရင်) = .ဘေးမှာ ငါ့စော်ရှိတယ်.သွားနှင့်..ပြီးရင် ဘယ်ဆိုင်မှာလဲ လှမ်းမေးမယ်...

တစ်ခွက် နှစ်ခွက်ပဲ(ဆိုရင်) = ငါမှောက်သွားရင် အိမ်လိုက်ပို့ဦး...

အစောကြီး ရှိသေးတယ်ကွာ(ဆိုရင်) = KTV သွားမယ်.

ငါ အရက်ဖြတ်ထားလိုက်ပြီ(ဆိုရင်) = မနေ့ညက ခွေးလို နွားလို သောက်ပြီး အရက်နာကျနေတယ်...

ငါ ပြန်လာခဲ့မယ်(ဆိုရင်) = ငါ ပြန်ပြီ.......လို့

Credit

21/07/2023

(22.7.2023)စနေနေ့ မနက်ဖြန်တွင် ကျွန်တော်တို့

Loyal Family ရဲ့ Loyal Liquor ဆိုင်ဖွင့်လှစ်တဲ့

(2)နှစ်ပြည့်အထိမ်းအမှတ် ဗလာမပါဆုမဲများကို

ဆိုင်တွင်လာယောက်ဝယ်ယူတဲ့ Customer

တစ်ယောက်ချင်းစီတိုင်းကိုမဲနှိုက်ပေးသွားမှာဖြစ်ပါ

တယ်ခင်ဗျား



အမှတ်(716)၊ ရွှေတောင်စားလမ်း၊ Royal Mobile ဖုန်းဆိုင်အနီး၊ မြောက်ရွာရပ်၊ ထားဝယ်မြို့

Address

Ka Myaw Kin Street , San Chi Qtr
Dawei

Telephone

+959757528806

Website

Alerts

Be the first to know and let us send you an email when Loyal Liquor Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share