ထားဝယ် ဈေးသည်

ထားဝယ် ဈေးသည် ဒေသထွက်ကုန်/စားသောက်ကုန်/ရိုးရာလက်?

TMB Company Limited
[email protected]
[email protected]


Phone No - 09954030420 / 05923116

Telegram -t.me/tavoymerchant

GAP သဘာဝ မြေဩဇာ
26/06/2022

GAP သဘာဝ မြေဩဇာ

🤔ထါးဝယ်လက်ထောင်းမျှင်ငါးပိစစ်စစ်ကိုဝယ်ပြီးပြီလား ?‎  ‏‏‎ ‎‎‎မဝယ်ရသေးတဲ့သူတွေအတွက် ထါးဝယ်   လက်ထောင်းမျှင်ငါးပိလေးအကြောင်...
18/05/2022

🤔ထါးဝယ်လက်ထောင်းမျှင်ငါးပိစစ်စစ်
ကိုဝယ်ပြီးပြီလား ?
‎ ‏‏‎ ‎‎‎
မဝယ်ရသေးတဲ့သူတွေအတွက် ထါးဝယ် လက်ထောင်းမျှင်ငါးပိလေးအကြောင်းကိုပြောပြပေးမယ်နော်။
‎ ‏‏‎ ‎‎
🦐ထါးဝယ်ငါးပိလေးက ဘာအရောအနှောမှမပါတဲ့အပြင် သန့်ရှင်းလတ်ဆတ်တဲ့ ပုစွန်ပေါက်လေးတွေကိုသုံးထားတာမလို့ တခြားငါးပိတွေထက်အရသာပိုရှိပါတယ်။ ဆိုးဆေး အချို့မှုန့်မပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့လည်းညီညွတ်ကာ
‎ ‏‏‎ ‎‎
🍛ထါးဝယ်လက်ထောင်းမျှင်ငါးပိလေးကိုသာ အိမ်မှာ ဆောင်ထားမယ်ဆိုရင်ဖြင့် မီးကင်ပြီးတော့ပဲစားမလား၊ အရည်ဖျော်ပြီးတို့စရာနဲ့ စားမလား၊ ဟင်းထဲမှာခပ်မလား ကိုယ်ကြိုက်တဲ့ဟင်းလျာတိုင်း ချဉ်ချဉ်စပ်စပ်လေးလုပ်စားနိုင်ပြီး
‎ ‏‏‎ ‎‎
🤔ထါးဝယ်လက်ထောင်းမျှင်ငပိကို
➖➖➖➖➖
✅ပင်လယ်ကမ်းခြေကနေရတဲ့ ပုစွန်ပေါက်လေးတွေကိုသုံးထားခြင်း
✅မျှင်ကောင်တွေကိုနေပူသေချာလှန်းပြီး ကျောက် သဲ အမှိုက် နဲ့ ငါးအကောင်လေးတွေကို သေချာသန့်စင်ထားခြင်း
✅ငါးအရောလုံးဝမပါခြင်း
✅ကိုယ်တိုင်လက်နဲ့ သေချာထောင်းပြီး ပြုလုပ်ထားတာမို့လို့ ငပိက ကြေကြေညက်ညက်ရှိခြင်း
✅နှစ်ကြိမ်ထပ်ပြီး သေချာထောင်းထားလို့ ရေမှာဖျော်ရင် အလွယ်တကူပျော်ဝင်နိုင်ခြင်း
✅မျှင်ကောင်လေးတွေကိုသာအသုံးပြုထားပြီး ငါးအကောင်လေးတွေမပါဝင်တာမို့လို့ အရသာခါးသက်မှုမရှိခြင်း
✅အချိုမှုန့် လုံးဝ (လုံးဝ)အသုံးပြုမထားခြင်း
✅ဆိုးဆေးနဲ့ ဓာတုဆေးဝါးတွေကို လုံးဝ
(လုံးဝ)မသုံးထားပဲ မျှင်ကောင်လေးတွေရဲ့ သဘာဝအရောင်အတိုင်းပြုလုပ်ထားတာကြောင့် ကျန်းမာရေးအတွက်လုံးဝစိတ်ချရပြီး
✅ ဒီလိုသေချာလုပ်ထားတဲ့ လက်ထောင်းမျှင်ငါးပိက နှစ်ကြာရှည်ထားလည်း ခါးသက်သောအရသာလုံးဝမရှိသောကြောင့်

‎ ‎‏‏‎ ‎‏‏‎ ‎ #ထါးဝယ်မျှင်ငါးပိ
နဲ့သာဆို ထမင်းစားတိုင်း ခံ တွင်းမြိန်နိုင်ပြီပေါ့...ရှင်

💵စျေးနှုန်းအနေဖြင့်
ထါးဝယ်မျှင်ငပိ တစ်ပိဿာအိုး
တစ်အိုးကို - ၈၅၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်ပါသည်… ရှင်
‎‏‏‎ ‎‎
☎️မှာချင်တယ်ဆိုရင်
Chat box ကိုဖြစ်ဖြစ်၊ ထါးဝယ်ငါးပိ ရဲ့ ဖုန်းနံ ပါတ် 059 - 23116 , 09 - 767073183 ကိုဖြစ်ဖြစ် ဆက်သွယ်ပြီးတော့ မှာယူနိုင်သလို

STORE
အမှတ် (၂၆၈) , မဉ္ဇူလမ်း , ခုံဝင်းဒပ်ရပ်ကွက် , ထားဝယ်မြို့ တွင်လည်းကိုယ်တိုင်ဝယ်ယူရရှိ နိုင်ပါသည် .. ရှင်

GAP Bone Meal+  (အရိုးမှုန့်) အ​ကြောင်းသိ​ကောင်းစရာ အရိုးမှုန့်​မြေဩဇာကို ဓါ​တ်​မြေဩဇာများတွင်တွင်ကျယ်ကျယ် မထုတ်လုပ်နိုင...
12/03/2022

GAP Bone Meal+ (အရိုးမှုန့်) အ​ကြောင်းသိ​ကောင်းစရာ

အရိုးမှုန့်​မြေဩဇာကို ဓါ​တ်​မြေဩဇာများတွင်တွင်ကျယ်ကျယ် မထုတ်လုပ်နိုင်ခဲ့စဥ်က အသီးအပွင့်အား​ပေး သဘာဝ​မြေဩဇာအဖြစ် လွန်ခဲ့​သော ​ရှေးနှစ်​ပေါင်းများစွာကတည်းက စိုက်ပျိုး​ရေးတွင် အသုံးပြုခဲ့ကြပါတယ်။

ဓါတု compound ​မြေဩဇာများ တွင်တွင်ကျယ်ကျယ်သုံးခဲ့သည့် ယခင်နှစ်များအထိ အရိုးမှုန့်ကို သီးနှံစိုက်ပျိုး​ရေးနယ်ပယ်တွင် အသုံးနည်းခဲ့ပါသည်။ ယခင်နှစ်များအထိ chemical compound ဓါတ်​မြေဩဇာတစ်အိတ်ကို ၄၀၀၀၀-၅၀၀၀၀ ကျပ်အတွင်း သဘာဝအရိုးမှုန့်ကို မည်သည့်စိုက်ပျိုး​ရေးသမားများမှ သတိမရ၊ စိတ်ဝင်စားမှု ​လျော့နည်းခဲ့ခြင်းကို ဝန်ခံရမှာပါ။ ယခုနှစ်​ရောက်​တော့ စိုက်ပျိုး​မြေဆီလွှာ​တွေက သိသိသာသာ ပျက်စီး၊ ဓါတုဓါတ်​မြေဩဇာက ​စျေးကြီး၊ ​မြေ​ဆောင်​ရောဂါများ ကျ​ရောက်လာ၍ ဓါတုကို​လျော့ပြီး အသီးအပွင့်နှင့်‌‌မြေ​ဆောင်​ရောဂါကာကွယ်ရေးအတွက် သဘာဝအရိုးမှုန့်ကိုတွဲဖက်သုံးစွဲရန် စဥ်းစားရပါ​တော့မည်။

အပင်များ သီးပွင့်​ရေးအတွက် ​ဖော့စဖရတ် ဓါတ်သည် စိုက်ပျိုး​ရေးနယ်ပယ်တွင် ​ရှောင်ကွင်း၍ မရရုံသာမက အဓိကကျ​သော အပင်အာဟာရဖြစ်ပါတယ်။ဖော့စဖရတ်နှင့်ပါတ်သက်၍ ​တောင်သူအများနားလည်​သော ၁၅ပတ်လည် (သို့မဟုတ်) ၁၆ပတ်လည် (သို့မဟုတ်) Triple Super Phosphate(TSP) (သို့မဟုတ် )Diammonium Phosphate(DAP) (သို့မဟုတ်) Monoammonium Phosphate(MAP) တို့ကိုသာ ထည့်သွင်းရန် သတိရကြပါသည်။

​ဖော်ပြပါ ဓါတ်​မြေဩဇာ​တွေထဲက ၁၅ပတ်လည်တွင် P2O5 ...15 ရာခိုင်နှုန်း၊ TSPတွင် P2O5 ...၄၄ ရာခိုင်နှုန်း၊ DAPတွင် P2O5...၄၆ရာခိုင်နှုန်း၊ MAPတွင်P2O5...48ရာခိုင်
နှုန်း ပါဝင်သဖြင့် ယခင်နှစ်များအထိ ​စျေးနှုန်းလည်းသင့်၊ ရာခိုင်နှုန်းလည်းများ လွယ်လွယ်ကူကူရရှိသည့် ဓါတုဓါတ်​မြေဩဇာ၊ နှင့် Compoundများကို သုံးစွဲခဲ့ကြပါတယ်။

ယခုနှစ်မှာ ဓာတုဓါတ်​မြေဩဇာ​တွေက 50 kg တစ်အိတ်- 80000-94000 ကျပ်၊ ​စျေးကလည်းကြီး ​​မြေဆီလွှာလည်း ပျက်စီး၊ ​မြေ​ဆောင်​ရောဂါများကျ​ရောက်လာ၍ P2O5 20-22 % နှင့် Calcium 8% ရာခိုင်နှုန်းခန့်ပါဝင်​သော ​ရှေးယခင်က နာမည်ကြီးခဲ့သည့် ​​မြေဆီလွှာပြုပြင်​ပေး​သော အသီးအပွင့်နှင့်အပင်‌တောင့်တင်းခိုင်မာမှုအား​ပေး သဘာဝအရိုးမှုန့်(Bone Meal)ကို သုံးစွဲရန် အချိန်​ရောက်လာပါပြီ။​​စျေးနှုန်းလည်းChemicalထက် ​စျေးသက်သာပါတယ်။

GAP Bone Meal တွင် ၎င်း၏သဘာ၀အတိုင်းပါရှိသည့် P2O5 , Calcium အပြင် Magnesium, Sulphaနှင့် သံဓာတ် စသောအနည်းလိုအဟာရများအနည်းငယ်ပါ၀င်ပါတယ် ။ အရိုးမှုန့်၏ဆွေးမြေ့မှုပြိုကွဲမှုဖြစ်စဉ် ပိုမိုလျင်မြန်ရန်နှင့် အားဖြည့်ဆေးအဖြစ် FAA, CEM, Calcium solution နှင့် Vitamin အုပ်စုများကိုလည်း အားဖြည့် ဖြည့်စွက်ထားပါတယ် ။

GAP Bone Meal ကို စိုက်ပျိူးရေးနယ်ပယ်တွင်သာမက ကြက်၊၀က်၊ငါး စသည့် မွေးမြူရေးလုပ်ငန်းတွင်လည်း သင့်တင့်မျှတနှုန်းထားဖြင့် မွေးမြူရေးစပ်စာထဲတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

အရည်အသွေးအာမခံသော စွမ်းအားဖြည့် Version မြှင့်၊တမူထူးခြားစွာထုတ်လုပ်ထားသည့် GAP Bone Meal+ ကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါရန် ထောက်ခံတင်ပြအပ်ပါသည်။

(GAP Bone Meal+ ထုတ်လုပ်ပုံကို အပိုင်း(၂ )တွင်ဆက်လက်​ဖော်ပြပါမည်)

စိုက်ပျိုး​ရေးပညာရှင်အဖွဲ့
GAP Organic Fertilizer

 #𝙶𝙰𝙿
24/02/2022

#𝙶𝙰𝙿

#အရိုးမှုန့်

အပင်တွေအတွက်မရှိမဖြစ်လိုအပ်တာအရိုးမှုန့်ပါ....

တထုပ်ဆိုအကြာကြီးသုံးရတယ်...

GAP သဘာဝမြေဩဇာထုတ်ကုန်များကိုထားဝယ်မြို့နယ်အတွင်းလိုအပ်သူများအတွက်အိမ်အရောက်ပို့စနစ်ဖြင့် #ထါးဝယ်ဈေးသည်တွင်မှာယူနိုင်ပါသ...
23/02/2022

GAP သဘာဝမြေဩဇာ

ထုတ်ကုန်များကိုထားဝယ်မြို့နယ်အတွင်း

လိုအပ်သူများအတွက်အိမ်အရောက်ပို့စနစ်ဖြင့်

#ထါးဝယ်ဈေးသည်

တွင်မှာယူနိုင်ပါသည်ခင်ဗျား

GAP
20/02/2022

GAP

04/02/2022

ထုတ်ကုန်များ

ကိုလိုအပ်သူများအတွက်

#ထါးဝယ်ဈေးသည်

တွင်မှာယူနိုင်ပြီး

ထားဝယ်မြို့အတွင်းအိမ်အရောက်ပို့ဆောင်ပေးနေပါပြီ...ခင်ဗျား

☎️ 059 23116

အပင်စိုက်ရင်.....စပ်မြေအပင်ကောင်းချင်...မြေဩဇာအသီးအပွင့်လှလိုရင်...အရိုးမှုန့် #အပင်နဲ့ပတ်သတ်လို့စိတ်ချမ်းသာချင်ရင်GAPသု...
31/01/2022

အပင်စိုက်ရင်.....စပ်မြေ

အပင်ကောင်းချင်...မြေဩဇာ

အသီးအပွင့်လှလိုရင်...အရိုးမှုန့်

#အပင်နဲ့ပတ်သတ်လို့စိတ်ချမ်းသာချင်ရင်GAPသုံးပါ

 #မြန်မာ့ရိုးရာ
06/01/2022

#မြန်မာ့ရိုးရာ

လိုအပ်သူများအတွက်၁၂၀၀ ကျပ်ထားဝယ်မြို့၀၅၉-၂၃၁၁၆
06/01/2022

လိုအပ်သူများအတွက်

၁၂၀၀ ကျပ်

ထားဝယ်မြို့
၀၅၉-၂၃၁၁၆

 #ချိတ်ဆွဲပန်းအိုး၃၀၀၀ ကျပ်ထားဝယ်မြို့တွင်းအိမ်အရောက်ပို့နယ်ဝေးကားဂိတ်ပို့ပေးပါသည်
05/01/2022

#ချိတ်ဆွဲပန်းအိုး

၃၀၀၀ ကျပ်

ထားဝယ်မြို့တွင်းအိမ်အရောက်ပို့

နယ်ဝေးကားဂိတ်ပို့ပေးပါသည်

 #ထါးဝယ်ငါးပိပုဇွန်စစ်စစ်ဖြင့်ပြုလုပ်ထားသည့် ... ထါးဝယ်ငါးပိဓါတုဆိုးဆေးလုံးဝမပါဝင်သည့် ... ထါးဝယ်ငါးပိပုဇွန်ဆီရောင်သန်းန...
04/01/2022

#ထါးဝယ်ငါးပိ

ပုဇွန်စစ်စစ်ဖြင့်ပြုလုပ်ထားသည့် ... ထါးဝယ်ငါးပိ

ဓါတုဆိုးဆေးလုံးဝမပါဝင်သည့် ... ထါးဝယ်ငါးပိ

ပုဇွန်ဆီရောင်သန်းနေသည့် ... ထါးဝယ်ငါးပိ

​ငါးပိစစ်စစ်စားလိုသူများအတွက် ... ထါးဝယ်ငါးပိ

အရောအနှောကင်းသည့် ... ထါးဝယ်ငါးပိ

သန့်ရှင်းစွာပြုလုပ်ထားသည့် ... ထါးဝယ်ငါးပိ

အာမခံပါသည့် ... ထါးဝယ်ငါးပိ

မကြာမီလာမည့် ... ထားဝယ်ငါးပိ

04/01/2022
03/01/2022
ရောင်းမယ်ဆွဲမယ်
18/11/2021

ရောင်းမယ်

ဆွဲမယ်

"ကိုယ့်ရဲ့အိမ်ဂေဟာမှာ သစ်ပင်၊  ပန်းပင်လေးတွေကို စိုက်ပျိုးပြီး စိတ်ကြည်နူးချမ်းမြေ့မှုကို ရယူနိုင်ပါတယ်...ခင်ဗျား"______...
29/10/2021

"ကိုယ့်ရဲ့အိမ်ဂေဟာမှာ သစ်ပင်၊ ပန်းပင်လေးတွေကို စိုက်ပျိုးပြီး စိတ်ကြည်နူးချမ်းမြေ့မှုကို ရယူနိုင်ပါ
တယ်...ခင်ဗျား"
_______________________________________

ပထမဦးဆုံးစဉ်စားရမှာက ကိုယ့်အိမ်မှာ အပင်ကိုဘယ်နေရာမျိုးမှာ စိုက်မလဲဆိုတာပါပဲ။

ကိုယ့်စိုက်မယ့် အပင်ရဲ့အရွယ်အစားနဲ့
အပင်စိုက်မယ့်နေရာလေးနဲ့က အဆင်ပြေမှုရှိမရှိ။

အပင်ကကြီးပြီး အပင်စိုက်မယ့်နေရာလေးက
နည်းနေရင် အဆင်မပြေဘူးလေ။ ပြီးတော့ အလင်းရောင်ရော လုံလုံလောက်လောက်ရရဲ့လား။ အပင်စိုက်မယ့်နေရာက အလင်းဝင်နိုင်တဲ့ ပြတင်းပေါက်ရှိသလားဆိုတာတွေကို
စဉ်းစားရမှာပါ။

ဒုတိယအချက်အနေနဲ့ စဉ်းစားရမှာက
ကိုယ့်ရဲ့အိမ်မှာရိုးရိုးအပင်လေးတွေမစိုက်ပဲ
အလှပန်းပင်တွေ၊ အစိမ်းရောင်သန်းနေတဲ့
အပင်လေးတွေ စိုက်ချင်တယ်ဆိုပါတော့။
တချိုသောပန်းပင်လေးတွေက ရာသီပေါ်ပန်းပွင့်တွေဖြစ်တဲ့အတွက် ရာသီပြောင်းသွားတဲ့အခါမှာတော့ ညှိုးနွှမ်တက်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အိမ်မှာ ပန်းပင်လေးတွေ စိုက်မယ်ဆိုရင်လည်း
ရာသီတိုင်းမှာလှနိုင်မယ့် ပန်းပင်လေးတွေ
ရွေးချယ်သင့်ပါတယ်။

တတိယအချက်စဉ်းစားရမှာကတော့
ကိုယ့်စိုက်ရမယ့်အပင်ကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်မှုတွေ ပေးရမလဲဆိုတာပါပဲ။

ဥပမာ – ကိုယ်စိုက်မယ့်အပင်က ရွက်လှပန်းဆိုပါတော့။ ရွက်လှပန်းတွေကသိပ်ပြီး ယုယနေစရာမလိုပါဘူး။ ဒါပေမယ့် ရွက်လှပန်း နေရာမှာ သစ်ခွပန်းစိုက်ကြည့်ပါလား။ ရွက်လှပန်းလိုမျိုး ဖြစ်သလိုထားလို့ မရတော့ဘူး။ သစ်ခွပန်းဆိုတာက တော်တော်လေးကိုယုယုယယ ထိန်းသိမ်းစောင့်ရှောက် ရပါတယ်။ အချိန်လည်းတော်တော်ပေးရပါတယ်လေ။ အလုပ်ရှုပ်တဲ့လူတစ်ယောက်အတွက် သစ်ခွပန်းစိုက်တာအဆင်မပြေပေမယ့် အရမ်းကိုစိတ်ရှည်တဲ့သူ၊ သစ်ပင်၊ ပန်းပင် စိုက်တာဝါသနာပါတဲ့ သူအတွက်ကတော့ သစ်ခွပန်းစိုက်တာအဆင်ပြေသွားပြန်ရော။

ဒါကြောင့် အိမ်မှာ သစ်ပင်၊ ပန်းပင်စိုက်တော့မယ်ဆိုရင် ဘယ်လိုလူမျိုးက ဘယ်လိုအပင်မျိုးကိုစိုက်ချင်လဲ အဆင်ပြေမှုရှိမရှိဆိုတာကို စဉ်းစားသင့်ပါတယ်

ကဲ သစ်ပင်၊ ပန်းပင်တွေကတော့ အိမ်မှာစိုက်ပြီးသွားပါပြီတဲ့ အဲ့ဒီ အပင်လေးတွေကို ဘယ်လိုဂရုစိုက် မှုတွေ၊ ထိန်းသိမ်းမှုတွေ ပေးကြမလဲ။

#ရေ

အလှစိုက်ပန်းပင်၊ သစ်ပင်တွေက အလင်းတို့၊ အပူချိန်တို့ မလုံလောက်ရင်တောင်မှ ရေကိုတော့လုံလုံလောက်လောက်ပေးထားရပါတယ်။
ရေကိုလုံလုံလောက်လောက်မပေးနိုင်ရင် အပင်ကသေ သွားနိုင်ပါတယ်။

ဒါပေမယ့် ရေလုံလုံလောက် လောက်ပေးတယ်ဆိုပေမယ့် အပင်အခြေအနေအပေါ်မူတည်တာ ပေါ့နော်။ ရေကြိုက်တဲ့အပင် ကို ရေများများလောင်းတာအဆင်ပြေပေမယ့် ရေမကြိုက်တဲ့အပင်ကို ရေများ များလောင်းရင် အဆင်မပြေနိုင်ဘူးလေ။ အပင်သေသွားနိုင်တယ်။

အပင်တိုင်းက ရေကြိုက်တာချင်း မတူဘူး။
ဒါကြောင့် အပင်တစ်ပင်စီအတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ကလည်း သီးခြားစီရှိပါတယ်။

အပင်စိုက်ထားတဲ့ မြေကြီးတွေက အပင်ရဲ့အစိုဓာတ်ကို ထိန်းပေးနိုင်တယ်။ စိုစွတ်စေတာတော့ မဟုတ်ပါဘူး။ ရေနဲ့တော့မတူဘူးပေါ့။ ရေက မြေကြီးကိုစိုစွတ်စေတာပါ။ ပြီးတော့ မြေကြီးကို အရမ်းစိုစွတ်နေအောင်လည်း ရေမလောင်းပါနဲ့။ အရမ်းခြောက်သွေ့အောင်လဲ ရေမလောင်းဘဲမနေပါနဲ့။ စိုလွန်းခြောက်လွန်းရင်လည်း အပင်ရဲ့အမြစ်ကို သေသွားစေနိုင်ပါတယ်။

အပင်တစ်ပင်ရဲ့ရေလုံလောက်မှုရှိ၊ မရှိ စဉ်းစားနိုင်ဖို့ အချက်တွေအများကြီးရှိပါတယ်။

သစ်ပင်၊ ပန်းပင်စိုက်ထားတဲ့ မြေကြီးရဲ့အရောင်က နည်းနည်းလေးမွဲနေပြီ ဆိုရင် အဲဒီအပင်က ရေလိုအပ်နေပါပြီ။ ရေမလောင်းခင် မြေကိုဆွပေးရပါမယ်။ မြေကိုဆွပေးတဲ့အတွက် အစို ဓာတ်ဘယ်လောက်ကျန်သေးလဲဆိုတာလဲ သိနိုင်တယ်။

ပြောရမယ်ဆိုရင် အပေါ်ယံမျက်နှာပြင်က မြေဆီလွှာတွေက ခြောက်နေပေမယ့်
အောက်အလွှာမှာ စိုချင်စိုနိုင်တဲ့အတွက်ပါ။
မြေကိုဆွပေးလိုက်တော့ အစိုဓာတ် ဘယ်လောက်ကျန်လဲဆိုတာလဲ သိရတာပေါ့။

အပင်တစ်ပင်အတွက် ရေလုံလောက်မှု လိုအပ်တာထက်နည်းသွားပြီဆိုရင်......

* အရွက်ကြီးထွားမှု နှေးကွေးခြင်း၊

* သစ်ရွက်များ၊ ပန်းပွင့်များ
ကြွေချိန်ထက်စော၍ ကြွေခြင်း

* အရွက်ရဲ့ထောင့်စွန်တွေမှာအဝါရောင်၊
အညိုရောင်သန်းနေခြင်း

အပင်တစ်ပင်အတွက် ရေလုံလောက်မှု လိုအပ်တာထက် များသွားပြီဆိုရင်....

* အပင်စိုက်ထားသောမြေကြီးပေါ်တွင်
မှိုတို့ရေညှိတို့ပေါက်နေခြင်း၊

* အပင်စိုက်တဲ့ အိုးရဲ့အောက်ခြေတွင်
ရေဝပ်နေခြင်းကြောင့် အမြစ်များ
ပုပ်သိုးသွားနိုင်ခြင်း၊

* အရွက်အသစ်နဲ့ အရွက်ဟောင်း
တပြိုင်နက်တည်း ကြွေခြင်း၊

အိမ်မှာ စိုက်ထားတဲ့ ပန်းပင်၊ သစ်ပင်တွေကိုလောင်းမယ့်ရေဟာ အပင်ကို မထိခိုက်စေနိုင်တဲ့ရေကိုလောင်းတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ပန်းပင်၊ သစ်ပင်တွေက မိုးရေနဲ့နှင်းရေတွေကို သဘောကျကြပါတယ်။ (မိုးဆိုးမှ အက်ဆစ်မိုးကိုတော့မဆိုလိုဘူးနော်။ ရိုးရိုးမိုးရေကိုပြောတာပါ)။ နောက်ပြီး ဆိုဒီယံဓာတ်ပါတဲ့ရေနဲ့ ပန်းပင်၊ သစ်ပင်များအား ရေမလောင်းမိအောင် သတိထားဖို့လိုပါတယ်။

ပန်းပင်၊ သစ်ပင်များကို ရေဘယ်လိုလောင်းမလဲ..?

ပန်းပင်များအား ရေလောင်းတဲ့အခါမှာ ရေပုံးအား အထက်မှအောက်သို့လောင်းပေးခြင်းဖြင့်လည်း ကောင်း၊ အောက်မှအပေါ်သို့ပင့်လောင်းပေးခြင်းဖြင့်လည်းကောင်း လောင်းပေးနိုင်ပါတယ်။

ဘယ်လိုနည်းနဲ့ပဲ ရေလောင်းပါ။ မှတ်ရမှာက အပင်ရဲ့အိုးအောက်ခြေမှာ ရေထွက်ဖို့ အပေါက်တော့ရှိရမယ်။ ဒါမှ ရေတွေအပြင်ကို ထွက်သွားနိုင်မှာလေ။

#ရေစီးဆင်မှုစနစ်

အပင်ရှင်သန်မှုသည် ရေစီးဆင်းမှုအပေါ်အများကြီးမှုတည်ပါတယ်။ ဒါကြောင့် ပန်းအိုး၊ အပင်ထည့် မယ့်အိုးကိုရွေးချယ်တဲ့အခါမှာ အိုးရဲ့အောက်ခြေမှာ ရေထွက်ပေါက်ပါတဲ့အိုးတွေ ရွေးချယ်ပေးရမယ်။ ဒါ့အပြင် တခါတလေမှာ ရေထွက်တဲ့အပေါက်ကလေးတွေက ပိတ်နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို ပန်းအိုး၊ ဒါမှမဟုတ် အပင်စိုက်ထားတဲ့အိုးကို စစ်ဆေးပေးပါ။

#အလင်းရောင်_နေရောင်

အပင်ရှင်သန်မှုတွင် ရေနည်းတူနေရောင်၊ အလင်းရောင်သည်လည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ်။ အပင်များဟာ နေရောင်တိုက်ရိုက်ထိတွေ့ပေးနိုင်ရင်အကောင်းဆုံးပါ။ ဒါကြောင့်နေရောင်တိုက်ရိုက် မထိနိုင်တဲ့အခန်းတွေမှာ အပင်များကိုမစိုက်တာ အကောင်းဆုံးပါပဲ။ အပင်များကို နေရောင်၊ အလင်းရောင် အလုံလောက်ရနိုင်တဲ့ ပြတင်းပေါက်နားမှာ စိုက်ထားတော့အပင်အတွက်လည်း အလင်းရောင်ရစေတာပေါ့။

#ပန်းပင်များ

များသောအားဖြင့် ပန်းပင်၊ သစ်ပင်တွေက နေရောင်ရတာများလေကောင်းလေပါ။ ဒါကြောင့် ပန်းပင်သစ်ပင်များကိုစိုက်မယ်ဆိုရင် အိမ်ရဲ့တောင်ဘက်၊ အရှေ့ဘက်၊ အနောက်ဘက်တွေမှာ စိုက်ရင်တော့ အလင်းရောင်ပိုရစေပါတယ်။

#ရွက်လှပင်များ

ရွက်လှပင်တွေကို သူတို့ရဲ့ လိုအပ်တဲ့နေရောင်ပေါ်မူတည်ပြီး အမျိုးအစားသုံးမျိုးခွဲထားပါတယ်။ ပထမ တစ်မျိုးကတော့ အလင်းရောင်ကိုနည်းနည်းပဲလိုအပ်တဲ့ ရွက်လှပင်တွေပါ။ အဲ့ဒီရွက်လှပင်ကိုစိုက်မယ်ဆိုရင် အလင်းရောင်နည်းတဲ့ခပ်မှောင်မှောင်အခန်းထဲမှာ စိုက်တာကောင်းပါတယ်။

ရွက်လှပန်း နောက်တစ်မျိုးက တော့ နေရောင်မနည်းမများလိုအပ်တဲ့ ရွက်လှပန်းတွေပါ။ အဲ့ဒီရွက်လှပန်းတွေကိုစိုက်မယ်ဆိုရင် မြောက်အရပ် မျက်နှာမူထားတဲ့တံခါးနားလောက်မှာစိုက်တာ ကောင်းပါတယ်။ အလင်းရောင်အမြင့်ဆုံးလိုအပ်တဲ့ ရွက်လှပန်း ကို စိုက်မယ်ဆိုရင်တော့ တောင်အရပ်ကိုမျက်နှာမူထားတဲ့ တံခါးနားလောက်မှာပဲဖြစ်ဖြစ်၊ နေရောင်တိုက်ရိုက်ထိ တဲ့ နေရာမှာပဲဖြစ်ဖြစ် စိုက်ပျိုးရင်တော့ အကောင်းဆုံးပါပဲ။

#အပူချိန်

အိမ်တွေမှာ သစ်ပင်၊ ပန်းပင်တွေကိုစိုက်မယ်ဆိုရင် နေ့အပူချိန် ၅၅-၆ဝကြား၊ ညအပူချိန် ၆၅-၇၅ ကြားရှိတဲ့အပူချိန်မှာစိုက်ရင်တော့ အဆင်ပြေဆုံးပါပဲ။ အပူပိုင်းဇုံမှာပေါက်တဲ့ သစ်ပင်၊ ပန်းပင်တွေကို စိုက်မယ် ဆိုရင်တော့ အပူချိန် ၉ဝနှင့်အထက်ရှိရင်အဆင်ပြေပါတယ်။ တခြားသောသစ်ပင်တွေကို စိုက်မယ်ဆိုရင်တော့ အပူချိန်နည်းလေကောင်းလေပါပဲ။

#ရေငွေ့ပမာဏ

သစ်ပင်၊ ပန်းပင်တွေက ရေငွေ့ပမာဏမြင့်မားကြတယ်။ ရေငွေ့ပမာဏအနေနဲ့ ၈ဝရာခိုင်နှုန်းအထိ ရှိကြတယ်။ ဒါကြောင့် သစ်ပင်၊ ပန်းပင်စိုက်ထားတဲ့ အိမ်တွေမှာရှိတဲ့ အိမ်နံရံတွေ၊ ကြမ်းပြင်တွေက ခြောက်သွေ့ မှုပိုဖြစ်တယ်။ အထူးသဖြင့် ဆောင်းရာသီတွေမှာဆိုရင် အိမ်ကိုပိုပြီးခြောက်သွေ့စေပါတယ်။ ဒါကြောင့် အပင်စိုက်ထားတဲ့အိမ်တွေမှာ ရေနွေးငွေ့ထုတ်တဲ့ကိရိယာလေးသုံးသင့်ပါတယ်။ အဲဒီရေနွေးငွေ့ကိရိယာလေးက လေထဲမှာရှိတဲ့ မကောင်းတဲ့ဓာတ်တွေကိုစုတ်ပေးတဲ့အပြင်၊ အစိုဓာတ်ကိုတိုးပွားစေတယ်။ ဒါကြောင့် အိမ်ကိုလည်းအစိုဓာတ်ပေးနိုင်သလို အပင်ကိုလည်းအစိုဓာတ်ပေးနိုင်တယ်လေ။

#မြေဩဇာ

အိမ်တွေမှာစိုက်တဲ့ သစ်ပင်၊ ပန်းပင်တွေရဲ့ မြေဆီလွှာတွေမှာ အမြဲတမ်းလိုလို မြေဩဇာထည့် ကြပါတယ်။ အိမ်မှာစိုက်တဲ့ သစ်ပင်၊ ပန်းပင်တွေက အပြင်မှာစိုက်ထားတဲ့ အပင်တွေနဲ့မတူဘူးလေ။

အိမ်အပြင် မှာစိုုက်ထားတဲ့ သစ်ပင်၊ ပန်းပင်တွေက တစ်နည်းမဟုတ် တစ်နည်း မြေဩဇာကိုရရှိဖို့လွယ်ကူပါတယ်။ ဥပမာ – တီကောင်တွေကနေ မြေဩဇာရတာတို့ကိုပြောတာပါ။

အိမ်မှာစိုက်တဲ့ သစ်ပင်၊ ပန်းပင်တွေကတော့ အပြင်မှာစိုက်တဲ့အပင်တွေနဲ့မတူဘူးလေ။ ဒါကြောင့် အိမ်မှာစိုက်တဲ့သစ်ပင်၊ ပန်းပင်တွေက မြေဩဇာကို ၁လမှာ ၁ခါလောက် ထည့်ပေးသင့်တယ်။

ဆောင်းရာသီမှာဆိုရင် အပင်ကြီးထွားမှုနှေးကွေးတဲ့အတွက် မြေဩဇာကိုသုံးရတာပါ။ အကယ်လို့ အပင်တစ်ပင်မှာ အရွက်ကြွေချိန် မရောက်သေးဘဲနှင့် အရွက်ကြွေတာတို့၊ အပင်ကြီးထွားမှုနှေးကွေးတာတို့၊ သစ်ရွက်တွေက ဝါစိမ်းရောင်ဖြစ်နေတာတို့ ဆိုရင်တော့ မြေဩဇာသုံးသင့်ပါတယ်။

အပင်တစ်ပင်ကိုမြေဩဇာထည့်တဲ့အခါမှာ အပင်အား အလင်းများများရတဲ့ နေရာတွင်ထားကာ မြေဩဇာနဲ့အတူရေနည်းနည်းရောကာ မြေဩဇာထည့်ပေးနိုင်ပါတယ်။ တကယ်လို့ ညိူး နွမ်းနေတဲ့အပင်ဖြစ်ခဲ့မယ်ဆိုရင် ရေအရင်လောင်းပြီးမှ မြေဩဇာထည့်ရင် ပိုအဆင် ပြေပါတယ်။

#မြေဩဇာအမျိုးအစား

အပင်တစ်ပင်မှာ အာဟာရပြည့်စုံနိုင်ဖို့အတွက် ဓာတ်ပေါင်း ၁၃ခု လိုအပ်ပါတယ်။

အဲ့ဒီဓာတ်တွေ ပြည့်စုံမှလည်း အပင်က အာဟာရပြည့်ဝနိုင်မယ်လေ။ အဲ့ဒီဓာတ်ထဲကမှ အပင်တွေအာဟာရဖြစ်စေနိုင်ဖို့အ တွက် အဓိကအရေးကြီးဆုံးဓာတ်တွေကတော့ နိုက်ဒရိုဂျင်ဓာတ်၊ ပိုတက်ဆီယံဓာတ်၊ ဖော့စ်ဖရပ်စ်ဓာတ်တွေပဲ ဖြစ်ပါတယ်။

အဲ့ဒီဓာတ်တွေပြည့်စုံနိုင်ဖို့အတွက် အပင်တွေကို မြေဩဇာတွေထည့်ပေးရတာပါ။ အိမ်မှာစိုက်တဲ့ သစ်ပင်၊ ပန်းပင်တွေအတွက် မြေဩဇာရွေးချယ်တာကလည်း အရေကြီးလှပါတယ်။

မြေဩဇာဝယ်ယူ တဲ့အခါမှာလဲ အညွှန်းအား သေချာစွာဖတ်ဖို့လိုအပ်ပါတယ်။ မြေဩဇာကိုသဘာဝကရတဲ့ မြေဩဇာနဲ့ ဓာတု ပစ္စည်းတွေနဲ့ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ မြေဩဇာဆိုပြီး အဓိကအနေနဲ့ အမျိုးအစား၂မျိုးခွဲထားပါတယ်။

ဓာတုပစ္စည်းတွေနဲ့ပေါင်းစပ်ပြီးထုတ်လုပ်ထားတဲ့ မြေဩဇာထက်စာရင် သဘာဝကရတဲ့ မြေဩဇာတွေကိုသုံးရင် တော့ အပင်ပျက်စီးမှုနည်းစေပါတယ်။

မြေဩဇာထည့်တဲ့အခါမှာလဲ မြေဩဇာပမာဏ အချိုးအစားမှန်ကန်ဖို့ လည်းလိုအပ်ပါတယ်။ ယေဘုယျအားဖြင့် မြေဩဇာကို ၁လ ၁ကြိမ်ထည့်ပေးရပါတယ်။ အကယ်လို့ အပင်က မြေဩဇာကလိုအပ်တယ်လို့ထင်ရင်တော့ ၂ပတ် ၁ခါလောက် မြေဩဇာကိုထည့်ပေးနိုင်ပါတယ်။

သစ်ပင်၊ ပန်းပင်တွေ မြေဩဇာလိုအပ်နေပြီဆိုတာကို သိနိုင်တဲ့အချက်တွေကိုကတော့ ......

အရွက်သစ်လေးတွေက အစိမ်း ရင့်ရောင်ဖြစ်နေတာတို့၊ သစ်ရွက်လေးတွေကြီးထွားရမယ့်အရွယ်အစားထက်ငယ်နေတာ၊ အရွက်သစ်ထွက်ဖို့ လိုအပ်တာထက်နောက် ကျနေပြီဆိုရင် အဲ့ဒီအပင်ဟာ မြေဩဇာလိုအပ်နေပါပြီ။

အရေးကြီးဆုံးက မြေဩဇာဝယ်ယူရာမှာ အညွှန်းကို သေချာစွာဖတ်ပြီး ဝယ်ဖို့တော့လိုအပ်ပါတယ်။

အလှစိုက် သစ်ပင်၊ ပန်းပင်တွေ ကိုယ့်ရဲ့အိမ်လေးတွေမှာစိုက်တော့မယ်ဆိုရင် ဘယ်လို ပန်းပင်၊ သစ် ပင်မျိုးကိုစိုက်မှာလဲ။ ဘယ်မှာစိုက်မှာလဲ။ ဘယ်နေရာမှာစိုက်မှာလဲ။ စတာတွေကိုတော့ စဉ်းစားရတော့မယ်။

အဲလိုစဉ်းစားရာမှာ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ......

ဘယ်လိုပန်းအိုးမျိုးနှင့် အပင်စိုက်မလဲ ဆိုတာပါပဲ။

သစ်ပင်၊ ပန်းပင်စိုက်မယ့်အိုးက ကြီးလေကောင်းလေပါပဲ။ ဘာကြောင့်လဲဆိုတော့ အိုးထဲမှာစိုက် ထားတဲ့ အပင်တွေရဲ့အမြစ်တွေကြောင့်ပါ။

ပန်းအိုးကြီးတော့ အမြစ်တွေကြီးထွားရာမှာလဲ မဟန့်တော့ ဘူးပေါ့။ အကယ်လို့ ပန်းအိုးကသေးနေပါပြီတဲ့ အမြစ်တွေကြီးထွားတောင် မကြီးထွားနိုင်တော့ဘူးလေ။ အမြစ်ကြီးထွားမှုကိုဟန့်တားသလိုဖြစ်နေတာပေါ့။

အဲ့လိုသာဖြစ်လာရင် အိုးအကြီးထဲသို့ အမြန်ဆုံးပြောင်းပေး သင့်ပါတယ်။ အပင်တစ်ပင်ကို အိုးအသစ်ပြောင်းပေးမယ်ဆိုရင်နဂိုအိုးထက်ကြီးဖို့လိုအပ်ပါတယ်။ အရမ်းကြီးဖို့ လည်း မလိုအပ်ပါဘူး။ အိုးကအရမ်းကြီးနေရင်လဲ အိုးထဲမှာရှိတဲ့ ပန်းပင်၊ သစ်ပင်တွေကို လိုအပ်တာထက် ရေပိုလောင်းမိတဲ့အတွက် အပင်ရဲ့အမြစ်ကိုထိခိုက်မှာလဲစိုးရိမ်ရသေးတယ်လေ။

အိုးပြောင်းထည့်တဲ့အခါမှာလဲ အပင်အား ဂရုစိုက်ကိုင်ပြီးပြောင်းသင့်ပါတယ်။ အမြစ်ဘေးမှာကပ်နေတဲ့မြေတွေ ကွာမကျသွားအောင် ဂရုတစိုက်ပြောင်းပေး ရပါမယ်။ အိုးထဲမှာရှိတဲ့ မြေဆီလွှာမျက်နှာပြင်ပေါ်မှာနေရာလေးနည်းနည်းချန်ထားရပါမယ်။ ရေစီးဆင်းနိုင်ဖို့ အတွက်ပါ။

(ကိုယ့်ရဲ့အိမ်လေးမှာ သစ်ပင်၊ ပန်းပင်တွေနဲ့ လှပတဲ့ဥယျာဉ်လေးတစ်ခု ဖန်တီးနိုင်ကြပါစေ.....)

Credit to Original Writer

 #ပစ္စည်းပြတ်သွားသည့်ကြာဆီမီးခွက်လိုအပ်သူများ/မှာထားသူများအား၁၂-၁၀-၂၀၂၁ ရက်နေ့ထပ်မံရောက်ရှိလာလျှင်ပို့ပေးပါမည်ဟုပြောကြား...
12/10/2021

#ပစ္စည်းပြတ်သွားသည့်ကြာဆီမီးခွက်

လိုအပ်သူများ/မှာထားသူများအား

၁၂-၁၀-၂၀၂၁ ရက်နေ့ထပ်မံရောက်ရှိလာလျှင်ပို့ပေးပါမည်ဟုပြောကြားထားသော်လည်းခရီးလမ်းအခြေအနေကြောင့်ပို့ပေးမည့်ပစ္စည်းများမရောက်ရှိသေးပါသဖြင့် အားနာစွာဖြင့်ပျက်ကွက်မှုများအား ခွင့်လွှတ်နားလည်ပေးပါရန် တောင်းပန်ပါသည်ခင်ဗျား....

#ထါးဝယ်ဈေးသည်

မှတောင်းပန်သည့်အနေဖြင့်လည်းမှာယူထားသည့်အခြားပစ္စည်းများနှင့်အတူဆီမီးခွက်များအား
မေတ္တာလက်ဆောင်အဖြစ်ထည့်ပေးထားပါသည်ခင်ဗျား ....
#ပစ္စည်းရောက်ရှိလာရင်လည်းအကြောင်းကြားပေးပါမည်ခင်ဗျား

#ကျေးဇူးတင်ပါသည်ခင်ဗျား

12/10/2021

# ဘာလိုလဲ ?

ပြောကျိကျိလေ

ရင်ထဲပေါ့သွားတာပေါ့ .....

 #လိုအပ်ခဲ့ရင် #ထါးဝယ်ဈေးသည်ကြီးကိုသတိရပေးပါ..... ခင်ဗျား...
11/10/2021

#လိုအပ်ခဲ့ရင်

#ထါးဝယ်ဈေးသည်ကြီး

ကိုသတိရပေးပါ..... ခင်ဗျား...

 #မိမိအိမ်၏ဘုရားကျောင်းတွင်သဘာဝကျကျဆွမ်းတော်ဖြစ်ဖြစ်သောက်တော်ရေဖြစ်ဖြစ်သစ်တော်ရေဖြစ်ဖြစ်သပ္ပာယ်စွာဖြင့်ကပ်လှူပူဇော်နိုင်...
10/10/2021

#မိမိအိမ်၏ဘုရားကျောင်းတွင်

သဘာဝကျကျ

ဆွမ်းတော်ဖြစ်ဖြစ်
သောက်တော်ရေဖြစ်ဖြစ်
သစ်တော်ရေဖြစ်ဖြစ်

သပ္ပာယ်စွာဖြင့်ကပ်လှူပူဇော်နိုင်ဖို့

ရိုးရာလက်မှုမြေကလပ်နှင့်မြေဖလား

လိုအပ်သူများရှိပါက

တစ်စုံ - ၄၀၀၀ ကျပ်ဖြင့်

#ထါးဝယ်ဈေးသည်ကြီး

ထံတွင်ဝယ်ယူနိုင်ပါပြီ ခင်ဗျား....

#ကျေးဇူးတင်ပါတယ်ခင်ဗျား...

 #ထားဝယ်ဈေးသည် လာပါပြီခင်ဗျား...​..သားသား/မီးမီးတွေအတွက် #ထိုးမလဲအရုပ်တွေ ပါတယ်ခင်ဗျား...အမြင့် ၃၈ လက်မ အသားထူပြီး ဘယ်လေ...
07/10/2021

#ထားဝယ်ဈေးသည် လာပါပြီခင်ဗျား...

​..သားသား/မီးမီးတွေအတွက်

#ထိုးမလဲအရုပ်တွေ ပါတယ်ခင်ဗျား...

အမြင့် ၃၈ လက်မ အသားထူပြီး ဘယ်လောက်ထိုးထိုး အပြုံးမပျက်တဲ့ထိုးမလဲ လေထိုးအရုပ်ကို

၃၈၀၀ ကျပ် ဖြင့်မှာယူနိုင်ပါပြီခင်ဗျား

ကျေးဇူးတင်ပါသည်ခင်ဗျား

05/10/2021

Kpay
ဝယ်လိုသည်
4%

🎶 🎼 တစ်ခါပြန်ပြီးရချင်သေးတယ် 🎶 🎵 🎶 🎼 တစ်ခါပြန်ပြီးရချင်သေးတယ် 🎶 🎵 🎶 🎼 တစ်ခါပြန်ပြီးရချင်သေးတယ် 🎶 🎵
04/10/2021

🎶 🎼 တစ်ခါပြန်ပြီးရချင်သေးတယ် 🎶 🎵

🎶 🎼 တစ်ခါပြန်ပြီးရချင်သေးတယ် 🎶 🎵

🎶 🎼 တစ်ခါပြန်ပြီးရချင်သေးတယ် 🎶 🎵

 #ထါးဝယ်ဈေးသည် လာပါပြီခင်ဗျား... #ဆီမကုန်ဓါတ်ခဲထည့်ပန်းသီးဖယောင်းတိုင် ပါတယ် #ဓါတ်ခဲထည့်ဖယောင်းတိုင်အသေးတွေ ပါတယ်  ရောင်...
04/10/2021

#ထါးဝယ်ဈေးသည် လာပါပြီခင်ဗျား...

#ဆီမကုန်ဓါတ်ခဲထည့်ပန်းသီးဖယောင်းတိုင် ပါတယ်

#ဓါတ်ခဲထည့်ဖယောင်းတိုင်အသေးတွေ ပါတယ်

ရောင်စုံမီးတွဲတွေ ပါပါတယ်ခင်ဗျား

​ဈေးနှုန်းလားခင်ဗျား

#ပန်းသီးဖယောင်းတိုင် (၂ခု)(ဓါတ်ခဲပါပြီး) - ၂၅၀၀ ကျပ်
#ဖယောင်းတိုင်အသေး (၃ခု)(ဓါတ်ခဲပါပြီး) - ၁၀၀၀ ကျပ်
ရောင်စုံမီးတွဲ (ပေ ၃၀) - ၃၅၀၀ ကျပ်

ပါခင်ဗျား

Messenger မှလည်းဆက်သွယ်နိုင်သလို
059-23116 ကိုလည်းဖုန်းဆက်မှာယူနိုငိပါသည်ခင်ဗျား

#ကျေးဇူးတင်ပါတယ်ခင်ဗျား

04/10/2021

Kpay , WavePay , CB Pay, AYA Pay
လက်ခံပြီး
အိမ်,ကားဂိတ်အရောက်
အခြေအနေကောင်းလျှင်ဒီနေ့မှာမနက်ဖြန်ပို့ပေးပါသည်

Address

No. 268, Myinzu Road, Khon Win Dat Ward, Dawei City
Dawei
14014

Telephone

+959954030420

Website

Alerts

Be the first to know and let us send you an email when ထားဝယ် ဈေးသည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ထားဝယ် ဈေးသည်:

Share


Other Convenience Stores in Dawei

Show All