Shwe Nan Taw Win

  • Home
  • Shwe Nan Taw Win

Shwe Nan Taw Win Retail and Traditional Souvenir Shop
(1)

Welcome to Shwe Nan Taw Win Online Wholesale Market Myanmar's official page.
-Product & Service E-commerce website
-Making it easier to do business anywhere in the world our product
Myanmar Traditional food, snack, cool drink,coffee,noodle,mini toys, clothing, tradional toys & other customer need...

08/10/2024
24/04/2024
╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...မာယာ╚༺❀༻❦༺❀༻လူတွေဟာ သူတို့လိုချင်တာမရခင်ဘယ်လိုပဲ အောင်ကျ်ို့ရကျို့ရ ဝန်မလေးဘူးကိုယ့်က်ို...
24/04/2024

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...မာယာ
╚༺❀༻❦༺❀༻

လူတွေဟာ သူတို့လိုချင်တာမရခင်

ဘယ်လိုပဲ အောင်ကျ်ို့ရကျို့ရ ဝန်မလေးဘူး

ကိုယ့်က်ိုအပြောချိုနေလို့လဲ ဝမ်းမသာနဲ့

အောက်ကျို့ပြနေလို့လဲ အဟုတ်မထင်လိုက်နဲ့

မာယာတွေကိုဘယ်သူမှမသိနိုင်ဘူးမဟုတ်လား

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...စိတ်ကဖြစ်တဲ့ကံက်ိုယုံ╚༺❀༻❦༺❀༻လူ့စိတ်ဆိုတာ မရိုးရှင်းဘူး ယုံ..ကိုယ့်စိတ်နဲ့တန်တဲ့နေရာမှာပ...
24/04/2024

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...စိတ်ကဖြစ်တဲ့ကံက်ိုယုံ
╚༺❀༻❦༺❀༻

လူ့စိတ်ဆိုတာ မရိုးရှင်းဘူး ယုံ..

ကိုယ့်စိတ်နဲ့တန်တဲ့နေရာမှာပဲ

ကံကနေရာချပေးထားတာမဟုတ်လား

ဘာကြောင့်ရောက်တဲ့နေရာမှာ မတင်းတိမ်နိုင်ဘဲ

လောဘရမက်တွေကြောင့် ကံညံအောင်လုပ်မ်ိနေကြတာပါလိမ့်

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...Love is╚༺❀༻❦༺❀༻💔 နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ၏ အနှစ်သာရကို ဖမ်းစားတဲ့အခါ  ❤️‍🩹သူ့ရဲ့ နှ...
16/04/2024

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...Love is
╚༺❀༻❦༺❀༻
💔 နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ၏ အနှစ်သာရကို ဖမ်းစားတဲ့အခါ

❤️‍🩹သူ့ရဲ့ နှလုံးသားကို ခွဲယူပြီး ငါ့ရဲ့နှလုံးသားထဲမှာ ဆောင်ထားခဲ့ချင်တာ

💔 အချစ်ဆိုတာ ကိုယ့်ပျော်ရွှင်မှုထက် သူ့ပျော်ရွှင်မှုကို ကြည့်နေချင်တာမျိုး

12/03/2024
╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...အပေးအယူ╚༺❀༻❦༺❀༻╝လောကကြီးမှာ အမြဲတမ်း Give and take ရှိပါတယ်မပေးဘဲနဲ့ ယူလို့မရပါဘူးBody လ...
04/02/2024

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...အပေးအယူ
╚༺❀༻❦༺❀༻╝

လောကကြီးမှာ အမြဲတမ်း Give and take ရှိပါတယ်
မပေးဘဲနဲ့ ယူလို့မရပါဘူး

Body လှချင်လို့ GYM သွားရင်
နာကျင်မှုဆိုတာပါလာမှာပါပဲ။

ပိုက်ဆံလိုချင်လို့ အလုပ်လုပ်ရင်
ပင်ပန်းမှုကတော့ပါလာမှာပါပဲ။

အချစ်ကိုလိုချင်လို့ ရည်းစားထားရင်
တွယ်တာမှုကြောင့် ပူလောင်ရမှာပါပဲ။

တခုခုကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါဒီ
အဆင်မပြေမှုကို ငါလက်ခံနိုင်ရဲ့လားလို့ တွဲပြီးစဉ်းစားပါ

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...Level╚༺❀༻❦༺❀༻╝ငါပထမထပ်မှာရပ်နေတယ် အောက်ကလူကဆဲတယ်  ငါစိတ်ဆိုးသွားတယ်ဆယ်ထပ်ပေါ်ရောက်သွားတယ...
14/12/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...Level
╚༺❀༻❦༺❀༻╝

ငါပထမထပ်မှာရပ်နေတယ်
အောက်ကလူကဆဲတယ် ငါစိတ်ဆိုးသွားတယ်

ဆယ်ထပ်ပေါ်ရောက်သွားတယ်
အောက်ကဆဲနေတုန်း
ဒါပေမဲ့သေချာမကြားရတော့ဘူး၊
သူငါ့ကိုနှုတ်ဆက်နေတာလားတောင်ထင်မိသေးတယ်

ငါအထပ်၁၀၀ပေါ်ရောက်သွားတော့ အောက်ကဆဲလည်း ရှုခင်းကလွဲလို့ဘာမှမမြင်မကြားရတော့ဘူး။

အဲလိုပဲ စိတ်ဆိုးရန်ဖြစ်ပင်ပမ်းဆင်းရဲနေကြရတာဟာ
မိမိအဆင့်အတန်းနိမ့်နေသေးလို့ပဲ။

level နိမ့်လေ၊ ကြံဖန်တွက်ကပ်ငြင်းခုန်ရန်ဖြစ်လေပါဘဲ။

မိမိဘဝပုံစံကိုမြှင့်တင်လိုက်ပါ။
မင်းရဲ့ဘဝဟာ ထင်မှတ်မထားလောက်တဲ့ပြောင်းလဲမှုတွေဖြစ်လာစေမှာပါ။

crd.

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥.......ရန်သူအစစ်ကဘယ်သူလဲ╚༺❀༻❦༺❀༻╝သင်သိပါသလား? ဗူးထဲကို ပုရွက်ဆိတ်အမဲအကောင်(၁၀၀) အနီအကောင်(၁...
14/12/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥.......ရန်သူအစစ်ကဘယ်သူလဲ
╚༺❀༻❦༺❀༻╝
သင်သိပါသလား? ဗူးထဲကို ပုရွက်ဆိတ်အမဲအကောင်(၁၀၀) အနီအကောင်(၁၀၀)ထည့်ရင်
ဘာမှမဖြစ်ဘူးဆို တာ။

ဒါပေမယ့်

ဗူးကို ပြင်းပြင်းလှုပ်လိုက်ရင် ပုရွက်ဆိတ်တွေ တစ်ကောင်နဲ့တစ်ကောင် သတ်ကုန်ကြတယ်။ ပုရွက်ဆိတ်နီတွေက ပုရွက်ဆိတ်နက်တွေကို သူ တို့ရန်သူလို့ သတ်မှတ်ပြီး

ပုရွက်ဆိတ်နက်တွေက ပုရွက်ဆိတ်နီတွေကို သူ တို့ရန်သူလို့ သတ်မှတ်ကြတယ်။

အမှန်တော့ ရန်သူအစစ်က ဗူးကို ခါနေတဲ့သူပါ။

လူ့အသိုင်းအဝိုင်းမှာ ဒီလိုပဲ ဖြစ်တတ်တယ်။ အဲ့ တော့ တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ခင် ဘယ်သူက ဗူးကို ခါချနေလဲ ဆိုတာ အရင်စဉ်းစားသင့်တယ်။

crd:

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥.......╚༺❀༻❦༺❀༻╝🛑 မင်းဒုက္ခရောက်နေတာတောင်မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။ဘယ်သူကမှ မင်းကိ...
09/12/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥.......
╚༺❀༻❦༺❀༻╝

🛑 မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။

ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

🛑 မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့။

ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

🛑 မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကျည်းလိုက်ပါနဲ့။

မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင် ပါလာမယ်။
မပါချင် မပါဘူး။

လမ်းခုလတ်က လှည့်ထွက်သွားတာလည်း ဖြစ်ချင်ဖြစ်မယ်။

သေချာတာ ကိုယ်သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။

🛑 ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား....?
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။

ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား....?
လွတ်လပ်ခွင့်ပေးလိုက်။

🛑 သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး။

တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။

🛑 ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ။

ထွေထွေထူးထူး ကြေကွဲမနေနဲ့။

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥... စိတ်မဆိုးဖြစ်တာကြာပြီ..╚༺❀༻❦༺❀༻╝စိတ်ဆိုးခြင်းကနေရလာတဲ့ စိတ်ပင်ပန်းမှုဒဏ်ကို မလိုချင်တော...
29/11/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥... စိတ်မဆိုးဖြစ်တာကြာပြီ..
╚༺❀༻❦༺❀༻╝

စိတ်ဆိုးခြင်းကနေရလာတဲ့
စိတ်ပင်ပန်းမှုဒဏ်ကို မလိုချင်တော့လို့ပါပဲ။

စိတ်ဆိုးချင်စရာတွေလုပ်လာရင်..
အဲဒီလူဆီကနေ တစ်လှမ်းခွာလိုက်တယ်..။

စိတ်ချမ်းသာစရာတွေပေးတဲ့လူဆိုရင်တော့
တစ်လှမ်းတိုးလာခွင့်ပေးလိုက်တယ်။

တချို့က စိတ်မချမ်းမသာဖြစ်ရအောင် ခဏခဏလုပ်တယ်။

အဲဒီအခါကျ.. တစ်လှမ်းပြီးတစ်လှမ်း ခွာရင်းခွာရင်း.. မြင်ကွင်းထဲကနေပျောက်သွားရော..။

ဘဝထဲနီးနီးနားနားရှိနေပါလျှက်
မမြင်ရတော့လောက်အောင် ဝေးသွားတဲ့လူတွေ
သိပ်ရှိတာပေါ့..။

နာကြောင်းလည်းမသိချင်၊
မာကြောင်းလည်းမကြားချင်တော့တဲ့လူတွေပေါ့.. ။

မြင်ကွင်းထဲ တဖြည်းဖြည်းကြည်လင်ပြတ်သားလာတဲ့လူတွေကိုပဲ ပိုဂရုစိုက်ဖြစ်တော့တယ်.. ။

#ယနေ့မှတ်တမ်း

တစ်ချို့ဆက်ဆံရေး...တွေက ချာတူးက်ိုလန်နေတာပါပဲ   အရေခွံတွေခွါချလိုက်တာနဲ့ သူရောကိုယ်ရော ဘာမှမဟုတ်ဘူး
28/11/2023

တစ်ချို့ဆက်ဆံရေး...တွေက ချာတူးက်ိုလန်နေတာပါပဲ

အရေခွံတွေခွါချလိုက်တာနဲ့ သူရောကိုယ်ရော ဘာမှမဟုတ်ဘူး

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...တော်တဲ့သူ...╚༺❀༻❦༺❀༻╝လူတစ်ယောက် တော်တာက သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။ အကယ်လို့ ကံကောင...
19/11/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...တော်တဲ့သူ...
╚༺❀༻❦༺❀༻╝

လူတစ်ယောက် တော်တာက
သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။

အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင်
အများဆုံးသူတစ်ကြိမ်ပဲ တော်နိုင်မှာပါ။

အကယ်၍ အကြိမ်ပေါင်းများစွာ ၊ အချိန်ကြာရှည်စွာ
လူတစ်ယောက်က တော်တယ်ဆိုရင် အဲ့ဒီအရာကို
အရည်အချင်းလို့ခေါ်ပါတယ်။
အရည်အချင်းက ခက်ခက်ခဲခဲ လေ့ကျင့်လို့ရလာတာပါ။

“ဘာဖြစ်လို့အဲ့လောက်တော်တာလဲ မွေးရာပါ ပါရမီလား”
ဆိုပြီး တချို့ကမေးကျတယ်။
အဖြေက “မဟုတ်ပါဘူး။”

တော်ရတဲ့အကြောင်းရင်းက သူများထက်
* ပင်ပင်ပန်းပန်း လေ့ကျင့်လို့၊
* အရာမှန်သမျှ သင်ယူလေ့လာလို့၊
* သူများထက် ပိုဖတ်လို့ ၊
* သူများထက် ပိုကြည့်လို့၊
* သူများထက် ပိုကြုံတွေ့ရလို့၊
* သူများထက် ပိုပြီးနာကျင်ရလို့ပဲ

လူတစ်ယောက်ကို သူများထက်ပိုတော်အောင်
ဖန်းတီးပေးတာပါ။

သူများထက်ပိုပြီးကြိုးစားလေ့ကျင့်ရင်
သူများရဲ့အရှေ့မှာ လျှောက်ရမှာပါ။

သူများလို မလေ့ကျင့်မကြိုးစားတဲ့သူကတော့
နောက်ဆုတ်သလိုဖြစ်နေမှာပါ။
“ “ဒါကြောင့်ဒီလောကက မတရားဘူးလို့မပြောပါနဲ့။
တကယ်ဆိုရင် ကိုယ်ကိုတိုင် အသုံးမကျတာပါ။” ” သူကဘာကြောင့်တော်တာလဲဆိုရင်
“သူက သူများထက် ခက်ခက်ခဲခဲကြိုးစားလေ့ကျင့်ပြီး
စဉ်ဆက်မပြတ် လေ့လာတဲ့ဝီရိယကိုပိုင်ဆိုင်ထားလို့ပါ။”

credit

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...Respect...╚༺❀༻❦༺❀༻╝အသိခြင်းမတူကြတာကိုဘာလို့ နှိုင်းယှဉ်နေကြတာပါလိမ့်။ကိုယ့်အလုပ်မှာကိုယ်...
12/11/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...Respect...
╚༺❀༻❦༺❀༻╝

အသိခြင်းမတူကြတာကိုဘာလို့
နှိုင်းယှဉ်နေကြတာပါလိမ့်။

ကိုယ့်အလုပ်မှာကိုယ်တော်သလို
မတော်တဲ့တခြားလူက ငတုံးမဟုတ်ဘူးလေ

ယနေ့အကြိုက်ဆုံး credit

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...📖 📒 📚╚༺❀༻❦༺❀༻╝ဘယ်သူမှ အရေးမထားတဲ့အခါ.....စာဖတ်ပါစာအုပ်က စကားမပြောတတ်ပေမယ့်စာအုပ်က ကိုယ့်...
04/11/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...📖 📒 📚
╚༺❀༻❦༺❀༻╝

ဘယ်သူမှ အရေးမထားတဲ့အခါ.....စာဖတ်ပါ
စာအုပ်က စကားမပြောတတ်ပေမယ့်
စာအုပ်က ကိုယ့်ဘဝအလင်းရောင်
ပေးနိုင်တာကြောင့် စာဖတ်ပါ....

စိတ်ဓာတ်ကျနေရင်...
အလုပ်အဆင်မပြေရင်....
ပင်ပန်းလို့အရှုံးပေးချင်နေပြီဆိုရင်...

ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကြောင့်
စိတ်ညစ်နေရင်
အသဲကွဲနေရင် ...
အထီးကျန်သလို ခံစားရရင်.... စာဖတ်ကြည့်ပါ 📚

ပတ်ဝန်းကျင် ဆိုတာကို လေးစားရမယ်
ဒါပေမယ့် အရာအာလုံးထဲ
ဂရုစိုက်နေဖို့မလိုတာကိုလဲ သိလာမယ်....

နေ နဲ့ လတောင် အဖော်မပါ
တစ် ကမ္ဘာလုံးအတွက်
အလင်းရောင်ပေးနိုင်တာ
တစ်ယောက်ထဲ ဖြစ်တဲ့ကိုလဲ
တစ်ယောက်ထဲ ဖြစ်အောင် နေတတ်လာမယ်။

ဘယ်သူ့မှ ကိုယ့်ဘက်မရှိတဲ့အခါ
ကိုယ့်အတွက် ကိုယ်ရှိနေတက်လာမယ်။

သန်မာတဲ့ စိတ်ဓာတ်တွေနဲ့အတူ
ရင့်ကျက်စွာ ရှင်သန်နိုင်လာမယ်။

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...မှန်မှန်ကန်ကန်နေထိုင်မှသာ╚༺❀༻❦༺❀༻╝လောဘစိတ်ကြောင့် အမှားတစ်ခုလုပ်မိတဲ့ အခါမှာမည်သူကမှခွင့...
22/10/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...မှန်မှန်ကန်ကန်နေထိုင်မှသာ
╚༺❀༻❦༺❀༻╝

လောဘစိတ်ကြောင့် အမှားတစ်ခုလုပ်မိတဲ့ အခါမှာ
မည်သူကမှခွင့်လွှတ်ပေးမည်မဟုတ်
ဖျက်မရသောအမှားများစွာအရိပ်ပမာမကျန်ဖို့ရာ
ကိုယ့်သိက္ခာကိုမြဲစွာစောင့်ထိမ်းကြပါ

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...အမြဲထိမ်းထားရမယ့်အချက်╚༺❀༻❦༺❀༻╝- နှုတ်ထိမ်း_ စိတ်ထိမ်း- ခံစားချက်တွေထိမ်း- ငွေလဲထိမ်း
11/10/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...အမြဲထိမ်းထားရမယ့်အချက်
╚༺❀༻❦༺❀༻╝

- နှုတ်ထိမ်း
_ စိတ်ထိမ်း
- ခံစားချက်တွေထိမ်း
- ငွေလဲထိမ်း

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥... ဘဝရဲ့အလှ╚༺❀༻❦༺❀༻╝
18/09/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥... ဘဝရဲ့အလှ
╚༺❀༻❦༺❀༻╝

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...ရွေးချယ်မှုတွေတွေးတဲ့အခါ╚༺❀༻❦༺❀༻╝ပိုင်ရှင်မရှိတဲ့မြစ်ကို ရှာပါ။ ကိုယ့်အနီးအနားက လမင်းကို...
22/08/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...ရွေးချယ်မှုတွေတွေးတဲ့အခါ
╚༺❀༻❦༺❀༻╝

ပိုင်ရှင်မရှိတဲ့မြစ်ကို ရှာပါ။
ကိုယ့်အနီးအနားက လမင်းကိုပဲ ဖမ်းပါ။

မလှည့်စားတတ်တဲ့အရိပ်မှာ ခိုပါ။
ကိုယ့်ကို တကယ်လာစေချင်လို့
ခင်းပေးတဲ့လမ်းကိုပဲ လျှောက်ပါ။

အတင်းလုယက် ဝင်စရာမလိုတဲ့တံခါးကိုပဲ ခေါက်ပါ။

ကိုယ့်ကို တကယ်ပြန်ကောင်းစေချင်တာ ကျိန်းသေတဲ့
ရာသီဥတုအောက်မှာပဲ ဖျားနာပါ။

ကိုယ့်ကို မျက်နှာမငယ်စေတဲ့ ပြတင်းပေါက်ကနေပဲ ငေးပါ။ ထောင်ချောက် မဆင်ထားတဲ့ပုခုံးကိုပဲ မှီပါ။

ကိုယ့်ကို တကယ်ကျစ်ကျစ်ပါအောင် ဆုပ်ထားမယ့်
နွယ်မှာပဲ အချည်နှောင်ခံပါ

ကိုယ့်ကို တကယ်ဖိတ်ခေါ်တဲ့ တိမ်တွေဆီပဲ သွားပါ။
ပြန်လှည့်ကြည့်စရာမလိုတဲ့ မေတ္တာကိုပဲရွေးပါ ။

မာယာမရှိတဲ့အပင်ကို ရှာပါ။

ကိုယ့်ကို လိုလိုလားလားရှိတဲ့ မြက်ခင်းပြင်ပေါ်မှာပဲ အိပ်ပါ ။

Credit:

19/08/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥...မွန်မြတ်သောစိတ်ရှိသူ
╚༺❀༻❦༺❀༻╝

12/08/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥ မပြောသင့်တဲ့အချိန်
╚༺❀༻❦༺❀༻╝

ကြွားနေစရာမလိုသောအချိန်

ပုန်းကွယ်နေတဲ့ မနာလိုစိတ်က လူတွေအပေါ် မကောင်းတဲ့စိတ် ဖြစ်ပေါ်လာစေတတ်ပါတယ်

မလိုရင်မပြောတာ အကောင်းဆုံးမို့

မူရင်းpost


https://www.facebook.com/SkillUpMyanmar?mibextid=LQQJ4d

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥ ထမင်းပူ နဲ့ ထမင်းအေး╚༺❀༻❦༺❀༻╝ *  သူတောင်းစားတွေ တောင်းစားတာ တစ်နေ့ ၅သောင်းလောက်ရတယ် ...သွာ...
12/08/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥ ထမင်းပူ နဲ့ ထမင်းအေး
╚༺❀༻❦༺❀༻╝

* သူတောင်းစားတွေ တောင်းစားတာ
တစ်နေ့ ၅သောင်းလောက်ရတယ် ...
သွားအားမကျနဲ့ သူတောင်းစားက
သူတောင်းစားပဲ ..

* လူလိမ်တွေ လိမ်စားတယ် တစ်နေ့ ၁၀သိန်းလောက်ရတယ်.. သွားအားမကျနဲ့ လူလိမ်က လူလိမ်ပဲ ..
အပူစာက အပူစာပဲ ..

* သမာအာဇီ၀မဟုတ်တဲ့အလုပ်တွေနဲ့ အသက်မွေးဝမ်းကြောင်းတယ်.. တစ်နေ့ထဲ သိန်းရာနဲ့ချီရတယ် ..
သွားအားမကျနဲ့ ..အကုသိုလ်အလုပ်က အကုသိုလ်အကျိုးပေးပဲ...

သမာအာဇီ၀ကကိုယ့်ခွန် ကိုယ့်အားနဲ့ရှာတဲ့
ငွေတစ်ရာက ပိုတန်ဖိုးရှိတယ်
ပိုသန့်ရှင်းတယ် ပိုဂုဏ်ယူစရာကောင်းတယ်
ပြီးတော့ ပညာရှင်ဆိုတာ ပညာရှင်ပဲ ...

* ငွေမရှိရင်တောင် ပညာရှင်သည် ပညာရှင်ပဲ
... လူတွေသည်လဲ ပညာရှင်လိုပဲဆက်ဆံမှာ

လူ့အသိုင်းအဝိုင်းဆိုတာ
တစ်ရက် ၅သောင်းရတဲ့သူတောင်းစားကို
၅သောင်းရလို့ဆိုပြီး ဘယ်သူမှ
ပညာရှင်လို့ မဆက်ဆံဘူး

# အဲ့တာကိုက ငွေနဲ့ဆုံးဖြတ်လို့မရတဲ့
လူ့အဆင့်အတန်းဆိုတာပါပဲ #

* ရိုးသားဖြောင့်မတ်စွာနေထိုင်ခြင်းသည် ငွေမရှိသော်လည်း လိပ်ပြာလုံစေသည် ထမင်းအေးကိုစားရပေသည်
__________________________________

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥ အရူးအမူး╚༺❀༻❦༺❀༻╝ 🚩စစ်မှန်တဲ့ ဂီတအနုပညာရှင်ဆိုတာ..        သူ့ဂီတကို ရူးသွပ်တယ်။ 🚩စစ်မှန်တဲ...
10/08/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥ အရူးအမူး
╚༺❀༻❦༺❀༻╝

🚩စစ်မှန်တဲ့ ဂီတအနုပညာရှင်ဆိုတာ..
သူ့ဂီတကို ရူးသွပ်တယ်။
🚩စစ်မှန်တဲ့ ပန်းချီအနုပညာရှင်ဆိုတာ..
သူ့ ဖန်တီးမှုကို ရူးသွပ်တယ်။
🚩စစ်မှန်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ ..
သူ့ လုပ်ငန်းကို ရူးသွပ်နေရမယ်။

ကိုယ်ကိုယ်တိုင် ကိုယ့်လုပ်ငန်းကို အရူးအမူးမဖြစ်ပဲနဲ့ .. အရူးအမူးကြိုက်တဲ့ စျေးကွက် ဆိုတာ မဖြစ်နိုင်ဘူး။

ကိုယ်ကအရင် ကိုယ့်လုပ်ငန်းကို အရူးအမူးဖြစ်နေရမယ်။

အရူးအမူး ကြိုက်ရင် .. အရူးအမူးကြိုးစားလာမယ်။

အရူးအမူးကြိုးစားလာရင်.. အရူးအမူးကောင်းလာမယ်။

အရူးအမူးကောင်းလာရင် .. လူတွေ သတိမပြုပဲ မနေနိုင်ပါဘူး။

ဒါကြောင့် .. စကားလေးတစ်ခွန်းရှိတယ်။

"Crazy Good they can't ignore you"

#မာသင်

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥ စိတ်ထားပုပ်သူလူညစ်ပတ်များ╚༺❀༻❦༺❀༻╝  နှင့်ဆက်ဆံနည်း"ကျွန်တော်တို့အများစုသည်ပင် စိတ်ဖိစီးမှု...
06/08/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥ စိတ်ထားပုပ်သူလူညစ်ပတ်များ
╚༺❀༻❦༺❀༻╝ နှင့်ဆက်ဆံနည်း

"ကျွန်တော်တို့အများစုသည်ပင် စိတ်ဖိစီးမှုနဲ့ကြုံတဲ့အခါစိတ်ပုပ် စိတ်ဆိုးများ ရှိတတ်ပါတယ်။ တကယ့်စိတ်ထားပုပ်သူ လူညစ်ပတ်တွေကတော့ တစ်မူထူးခြားတာပေါ့။ စိတ်ထားပုပ်လာချိန်မှာ အဲဒီသူတွေဟာ တခြားသူတွေကိုနာကျင်ခံစားသွားရအောင် လုပ်ချင်တဲ့သူတွေပါ"လို့ စိတ်ပညာရှင် အလန် လွိုင်း မက်ဂနီစ် ကဆိုပါတယ်။

"စိတ်ထားဆိုးသူတစ်ဦးက သင့်ကိုခြိမ်းခြောက်ဖို့ကြိုးစားလာပါက တစ်စုံတစ်ရာပြုမူတုံ့ပြန်လိုက်ပါ။ ငြိမ်ခံနေပါကဆိုးသူကိုအားပေးရာရောက်ပါလိမ့်မယ်"လို့ စီးပွားရေးအကြံပေးပညာရှင် ရစ် ကာ့ရ်ှနာက အကြံပြုပါတယ်။ လူညစ်ပတ်တွေဟာ သဘောလွယ်သူတွေကို ပစ်မှတ်ထားကြတယ်။ ပြောရဲဆိုရဲရှိပါ။ ပြတ်ပြတ်သားသားပြောဆိုတတ်ပါ။

"ကိုယ့်ကို ရိုင်းပြတင်စီးစွာ ခြိမ်းခြောက်ဆက်ဆံလာတာကိုကျွန်မတို့ ယဉ်ကျေးးစွာ ငြင်းပယ်ကန့်ကွက်နိုင်ပါတယ်။ဒါဟာလုပ်သင့်တဲ့အရာပါ"လို့ ဂျုဒစ်မာတင် ခေါ်ဆောင်းပါးရှင်က အကြံပြုပါတယ်။

၁။ ထိပ်တိုက်ရင်ဆိုင်ပါ။
မိမိအပေါ်နိုင်ထက်စီးနင်း ခြိမ်းခြောက်လာပါက ကျွန်တော်တို့ စိတ်ညစ် စိတ်ဓါတ်ကျရမှာ အမှန်ပါပဲ။ သည်းခံမှုအတိုင်းအတာတစ်ခုသတ်မှတ်ပြီး ကျော်လွန်လာပါကမိမိအပေါ်ထိုသို့ပြုမူခြင်းကို လက်မခံနိုင်ပါကြောင်း ပြတ်ပြတ်သားသားပြောပါ။ ထိုသို့လုပ်ဆောင်၍မှ အလုပ်မဖြစ်လျှင် မိမိအပေါ်ဆက်၍ စော်ကားနေသေးလျှင် သူ့အထက်လူကြီးနဲ့တွေ့ခွင့်တောင်းလိုက်ပါ။

၂။ ပါးနပ်လိမ္မာသောလူမှုပရိယာယ်သုံးပါ။
ထိပ်တိုက်ရင်ဆိုင်ခြင်းဟာ အင်အားကြီးမားတဲ့လက်နက်ဖြစ်ပါတယ်။ သို့သော် သူ့ထက်ပိုသိမ်မွေ့တဲ့နည်းလည်းရှိပါတယ်။ ဥပမာ-ကိုယ်ရှေ့က အတင်းဖြတ်တန်းစီတဲ့လူကို အော်ဟစ်ပစ်လိုက်လို့ရတယ်။ ဒါပေမယ့် သူကပြန်အော်ကောင်း အော်မယ်။ ဒါ့ကြောင့် "ကျေးဇူးပြုပြီး နောက်ကစီပါရှင်၊ လိုင်းအဆုံးက နောက်မှာပါဟု ယဉ်ကျေးစွာ ပြောရုံပါပဲဟာ ဂျုဒစ် မာတင်က ဆိုပါတယ်။
စိတ်ပညာရှင် ကာတာကတော့ "လုပ်ဖော်ကိုင်ဖက်တစ်ဦးကကိုယ်ကို ဒေါက်ဖြုတ် ချောက်ချနေမယ်ဆိုရင် သူ့ဆီကိုတက်သွားပြီး "ကျွန်တော် ခင်ဗျားစိတ်ပျက်အောင် တစ်ခုခုလုပ်မိလို့လား။ ဒါမှမဟုတ် အဆင်မပြေတာ တစ်ခုခုများရှိလို့လား"လို့မေးရုံပါပဲ။ ဒါဟာ ချောက်ချတဲ့ပုဂ္ဂိုလ်ကို အဲဒီအကျိုးဆက်အတွက် စဉ်းစားသွားစေဖို့ပါ"လို့ဆိုပါတယ်။

၃။ ဟာသဉာဏ္သ်သုံးပါ။
"ကိုယ့်ကို ရိုင်းပြစွာ လာရောက်ဆဲဆိုနေပါလျှင်" ရှင်အဲလိုဆဲတတ်တာ ရှင့်အမေမသိဘူးလား။ ရှင့်အမေသိရင်တော့ ဖင်တုတ်နဲ့အဆော်ခံရတော့မှာပဲ ဆိုတာမျိုး ဟာသနှော ခတ်သောသောပြောလိုက်ပါ"လို့ လူမှုဆက်ဆံဆက်ရေးပညာရှင် ကာလီဂါ ကပြောပါတယ်။

၄။ ညစ်ပတ်သူအောက်က ထွက်ပစ်ပါ။
"ကိုယ့်အပေါ် ညစ်ပတ်အနိုင်ကျင့် ခံရတာကို ဘာမှ
မတတ်နိုင်တဲ့အခါ အခြေအနေထဲကရုန်းထွက်လိုက်ပါ"ဟုစိတ်ပညာရှင် ဘရမ်ဆမ်က ဆိုပါတယ်။ အလုပ်ကနေထွက်လိုက်ခြင်း၊ စတိုးဆိုင်ထဲကနေ မဝယ်တော့ပဲ လမ်းလျောက်ထွက်ခဲ့ခြင်းတွေဟာ သတ္တိရှိရှိနဲ့ နောက်ဆုံးကျင့်သုံရမယ့်၊ စိတ်ထဲမှာ အမြဲထားရမယ့်အရာတွေဖြစ်ပါတယ်။

၅။ ခွင့်လွှတ်တတ်ပါ။
"ခွင့်လွှတ်တတ်ခြင်းဟာလည်း ကောင်းတဲ့ဗျူဟာဖြစ်ပါတယ်။ သဘောဆိုးတဲ့ဆွေမျိုးတွေ မင်္ဂလာဆောင်ဖိတ်သင့်မဖိတ်သင့် ကျွန်တော်ကိုမေးကြတယ်"လို့ စာရေးဆရာရက်ဘီ ဟာရိုး ကွတ်ရ်ှနာက ဆိုပါတယ်။ သူ့အကြံပြုချက်က”ကိုယ်ကကောင်းပြီး တံခါးသာဖွင့်ထားလိုက်ပါ။ ဒါဟာ သူတို့ကို တံခါးဆွဲပိတ်လိုက ပိတ်၊ ဖွင့်ထားတဲ့တံခါးပေါက်ကဝင်လိုက ဝင်လာဖို့ ရွေးချယ်ခွင့်ပေးလိုက်ပါ။" လို့ဖြစ်ပါတယ်။

ခွင့်လွှတ်သည်းခံခြင်း၊ နည်းပရိယာယ် ကြွယ်ဝခြင်းတို့ကိုအသုံးပြုပါက စိတ်ထားပုပ်သူလူညစ်ပတ်များကို သင်ရင်ဆိုင်ကြံ့ကြံ့ခံကျော်လွှားနိုင်ပါလိမ့်မယ်။

စိတ်ထားပုပ်သူလူညစ်ပတ်များဟာ နောက်ဆုံးမှာ သူ့
စေတနာသူ အကျိုးပေးတာပါပဲ။ သူတို့နဲ့ထိုက်တန်တဲ့
အပြစ်ဒဏ် ပြန်ခံကြရပြီး မြောင်းထဲရောက်သွားရတဲ့သူတွေများပါတယ်။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

╔༺❀༻❦༺❀༻╗♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥ ပစ္စုပ္ပန်ကံ...╚༺❀༻❦༺❀༻╝   အတိတ်ကဘာတွေပဲလုပ်ခဲ့လုပ်ခဲ့မေ့ပစ်ပြီး      ကောင်းကံမျိုးစေ့ကိုခ...
04/08/2023

╔༺❀༻❦༺❀༻╗
♥𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗼𝗳 𝗹𝗶𝗳𝗲♥ ပစ္စုပ္ပန်ကံ...
╚༺❀༻❦༺❀༻╝ အတိတ်ကဘာတွေပဲလုပ်ခဲ့လုပ်ခဲ့မေ့ပစ်ပြီး
ကောင်းကံမျိုးစေ့ကိုခုချ​က်ခြင်း စိုက်ကြည့်တဲ့အခါ

အနာဂတ်မှာကံကောင်းသောအသီးပွင့်များပွင့်လာမှာသေချာ....သလောက်ရှိခဲ့ပြီ...

အတိတ်ကစိုက်ပျိုးခဲ့သောအရောကံများအကျ်ုးပေးခွင့်မရအောင် လက်ရှိကောင်းကံခြံစည်းရိုးဖြင့်အမြန်ကာကွယ်ထားမှ ပိုစိတ်ချရ

Address


Opening Hours

Monday 08:00 - 18:30
Tuesday 08:00 - 18:30
Wednesday 08:00 - 18:30
Thursday 08:00 - 18:30
Friday 08:00 - 18:30
Saturday 08:00 - 18:30
Sunday 08:00 - 18:30

Alerts

Be the first to know and let us send you an email when Shwe Nan Taw Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share