16/01/2024
ကံကောင်းသူလေးတစ်ယောက်တွက် Surprise Gift လေးပါရှင် 😍 အမှာစကားပါးထားတာလေးကတော့ 👇
“ဒီရက်ပိုင်းမှာ အလုပ်က ရတဲ့ စိတ်ဖိစီးမှုတွေကော သူပေးခဲ့တဲ့ စိတ်ညစ်စရာတွေရောကြောင့် စိတ်ဆိုးနေတဲ့သူလေးအတွက်ပါတဲ့
သူမှားခဲ့တာတွေ ဆိုးခဲ့တာတွေအတွက် အစစအရာရာ အားလုံးအတွက် သူအနူးအညွှတိတောင်းပန်ပါတယ်တဲ့နော်
သူ့ကို ခွင့်လွှတ်ပေးနိုင်ဦးမယ် နားလည်ပေးနိုင်ဦးမယ်ဆိုရင် နောက်ဆုံး အနေနဲ့ ခွင့်လွှတ်နားလည်ပေးပြီး အရင်လိုလေးပဲ ပြန်နေချင်ပါသေးတယ်တဲ့
ခွင့်လွှတ်ပေးမယ်လို့လဲ မျှော်လင့်ပါတယ်တဲ့ အရာရာတိုင်းဟာ ဘယ်သွားသွား ဘာစားစား ဘာလုပ်လုပ် သူနဲ့အတူဖြတ်သန်းခဲ့ရတဲ့အမှတ်တရတွေ များတာမို့ ဘယ်လိုမှ မခံစားနိုင်လို့ မနေတတ်လို့ အခုလိုလေး ပြန်ချော့တာပါတဲ့
ဒါလေးကိုမြင်ရင် သူ့ကို ခွင့်မလွှတ်ပေးနိုင်ရင်တောင် အလုပ်ကရတဲ့ စိတ်ဖိစီးမှုလေးတွေ ပြေပျောက်ရင်ပဲ ကျေနပ်လှပါပြီတဲ့ ခွင့်မလွှတ်ပေးနိုင်လဲ အဝေးကပဲ ဂရုစိုက်ပီး ဆက်ရှိနေပါ့မယ်တဲ့ သူ့ကို ခွင့်လွှတ်ပေးမယ်ဆိုရင်တော့ သူ့ကို ခွင့်လွှတ်ပေးမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ သူဝမ်းသာမိမှာပါတဲ့
အနားမှာရှိနေခဲ့တဲ့ အကောင်းဆုံးအချိန်တွေအတွက် ကျေးဇူးလဲတင်သလို မှားခဲ့တာတွေအတွက်လဲ တောင်းပန်ပါတယ်နော် “ ဆိုပြီး အမှာစကားလေးလဲ ပါးထားပါတယ်ရှင် ❤️
ချစ်သူတွေ စိတ်ဆိုးစိတ်ကောက်မခေါ်မပြောနဲ့ ဝေးနေရင်က အရမ်းလွမ်းရတယ်လေ ဟုတ် တယ်မလား 🥹 အက်မင်တို့လုပ်ပေးမဲ့ ကျောက်ပန်းချီလှလှလေးလဲ ကြိုက်နှစ်သက်ပါစေလို့မျှော်လင့်ရင်း ချစ်ကြသူတို့ နှစ်ဦးသား ပြန်လည်အဆင်ပြေသင့်မြတ်ပြီး ချစ်စရာကြည်နူးစရာကောင်းတဲ့ နေ့ရက်လေးတွေ ပြန်လည်ပိုင်ဆိုင်နိုင်ကြပါစေနော်🥰