Burmese Smoking Piper Club

  • Home
  • Burmese Smoking Piper Club

Burmese Smoking Piper Club Smoking pipe & To***co Review

ဆေးတံသောက်ဆေးတွေ ရောက်ပါတော့မယ်နော်၊ ရောင်းပေးမယ့် ဆေးတွေပါ၊ ပစ္စည်းရောက်တော့မှ နောက်တစ်ခါ ထပ်တင်ပေးပါ့မယ်၊ ဝယ်ချင်တဲ့သူ...
23/12/2022

ဆေးတံသောက်ဆေးတွေ ရောက်ပါတော့မယ်နော်၊ ရောင်းပေးမယ့် ဆေးတွေပါ၊ ပစ္စည်းရောက်တော့မှ နောက်တစ်ခါ ထပ်တင်ပေးပါ့မယ်၊ ဝယ်ချင်တဲ့သူတွေ ခုတည်းက အော်ဒါတင်ထားနိုင်ပါပြီခင်ဗျ။

ခုရောက်လာမယ့်ဆေးတွေက နိုင်ငံတကာက ဆေးတံသမားတွေ ကြိုက်လေ့ရှိတဲ့ ဆေးတံသောက်ဆေးတွေပါ။

Borkum Riff တို်လို့ အပေါစားဆေးတွေမဟုတ်ဘူးနော်၊ ဆေးတံသောက်တဲ့ တကယ့် feeling ကိုသိချင်ရင်တော့ နိုင်ငံခြားဆေးတွေ သောက်ကြည့်ကြပါ။

ဈေးနှုန်းကိုလည်း အတတ်နိုင်ဆုံး သက်သက်သာသာနဲ့ ရောင်းပေးသွားမှာပါ။ မြန်မာပြည်က ဆေးတံသမားတွေကိုလည်း နိုင်ငံတကာတန်းဝင်အောင် ဆေးတံရဲ့တကယ့်အရသာ အစစ်အမှန်ကို ခံစားစေချင်တယ်ဗျာ။



#ဆေးတံသောက်ဆေး
#ဆေးတံ

ဆေးတံနှင့်ပတ်သက်သည့် ဗဟုသုတ****************ဆေးတံသည် အစောဆုံးပေါ်ထွန်းခဲ့သော ဆေးရွက်ကြီးကိုမီးရှို့သောက်သုံးရသည့် ကိရိယာတ...
27/10/2022

ဆေးတံနှင့်ပတ်သက်သည့် ဗဟုသုတ
****************

ဆေးတံသည် အစောဆုံးပေါ်ထွန်းခဲ့သော ဆေးရွက်ကြီးကိုမီးရှို့သောက်သုံးရသည့် ကိရိယာတစ်မျိုးဖြစ်သည်။

ဆေးတံပေါ်ထွန်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ယနေ့ဆေးတံပညာရှင်များက Briar ဟုခေါ်သော မျိုးရင်း အီတလီနိုင်ငံမှ ထွက်ရှိသည့် သစ်တစ်မျိုးမှ ပြုလုပ်သော ဆေးတံသည် အကောင်းဆုံးဖြစ်သည်ဟု တစ်ညီတညွတ်တည်း လက်ခံထားဆဲဖြစ်ပါသည်။

Briar ဆေးတံ၏ ထူးခြားချက်မှာ အပူဒဏ်ကို ထူးထူးခြားခြား ခံနိုင်ခြင်းဖြစ်သည်။ Briar ဆေးတံ၏တန်ဖိုးမှာလည်း ၅သောင်းကျပ်ခန့်မှ သိန်းချီ ရာချီအထိ တန်ဖိုးရှိသည်။ ဆေးတံကို နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးသူများအဖို့ Briar ဖြင့်ပြုလုပ်သော ဆေးတံတစ်ချောင်းရှိထားသင့်ပေသည်။

(ဆေးတံစသောက်မည့်သူများ သတိချပ်ရန်)

ဆေးတံစသောက်မည့်သူများ အထူးသတိပြုရမည့်အချက်မှာ ဆေးတံသည် ဆေးလိပ် သို့မဟုတ် ဆေးပြင်းလိပ်များ သောက်သည်နှင့် လုံးဝမတူခြင်းဖြစ်သည်။ ဆေးတံသောက်ရာတွင် အငွေ့ကို အဆုတ်အတွင်းသို့ရောက်အောင် မရှိုက်သွင်းရပေ။

ဆေးတံသောက်သူများ ဆေးတံသောက်ရသည့် အဓိကအကြောင်းရင်းမှာ ဆေးရွက်ကြီး၏ အရသာကို ရှုရှိုက်ခံစားခြင်းပင်။ ပုံမှန် အသက်ရှူသည့်အတိုင်း ဆေးတံကို သွားဖြင့် ဖွဖွကိုက်ကာ ပုံမှန်အသက်ရှုသကဲ့သို့ အငွေ့များကို ဖြည်းဖြည်းမှန်မှန် ဖွာရမည်။ ဆေးတံစသောက်သူများသည် ဆေးတံကို အငွေ့များများရအောင် အားသုံးပြီး မဖွာရပေ။ ဆေးတံအိုးကို ပျက်ဆီးစေသည်။ နောက်တစ်ခု သတိချပ်ရန်မှာ ဆေးတံအိုးအတွင်းရှိ ဆေးသားများကို ၃ပုံ ၁ ပုံချန်ကာ သောက်သုံးရမည်။ အကြောင်းမှာ ဆေးတံအောက်ခြေတွင် ကျန်ရှိသော ဆေးသားများသည် အရသာမရှိခြင်းကြောင့်လည်းကောင်း၊ ကာဗွန် မြောက်များစွာ ပါဝင်နေခြင်းကြောင့်လည်းကောင်း ဖြစ်သည်။

(ဆေးတံရွေးချယ်ခြင်း)

ဆေးတံတွင် ပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးရှိ၏။ ဆေးတံစသောက်မည့်သူများ ဆေးတံကို ရွေးချယ်ရာတွင် အလွယ်ကူဆုံးမှာ မိမိမျက်စိပသာဒကျသော ဆေးတံဒီဇိုင်းကို ရွေးချယ်သင့်သည်။ ကျွန်တော့်အနေဖြင့် အကြံပေးရလျှင် ဆေးတံအဖြောင့်သည် ထသွားထလာ သောက်သုံးရန် သင့်တော့ပြီး ဆေးတံအကောက်သည် စာဖတ်ချိန်၊ အနားယူချိန်သောက်သုံးရန် သင့်တော်သည်။

ဆေးတံသောက်သူများတွင် လူတစ်ယောက်၌ အနည်းဆုံး ဆေးတံ ၂ ချောင်း သို့မဟုတ် ၃ ချောင်း ဆောင်ထားသင့်သည်။ (ငွေကြေးတတ်နိုင်သူများအဖို့ အချောင်းရေများစွာ ဆောင်ထားနိုင်သည်၊ ဤကားစကားချပ်) အကြောင်းမှာ ဆေးတံသောက်ဆေးအမျိုးမျိုး ကဲွဲပြားသောကြောင့်ပင်။ အမျိုးအစားမတူသော ဆေးအလိုက် မတူညီသော ဆေးတံကို အသုံးပြုသင့်ပေးသည်။ သို့မဟုတ်က ဆေးတံသောက်ရာတွင် ဆေး၏ အရသာအစစ်အမှန်ကို မခံစားနိုင်ပေ။

မြန်မာနိုင်ငံတွင် ဆေးတံသောက်ဆေး အစစ်အမှန် ဝယ်ယူ၍မရရှိနိုင်ခြင်းကြောင့် အထက်ပါအချက်ကို သတိမမူမိကြ။

ဒုတိယအချက်အနေဖြင့် ဆေးတံ စသောက်သူများအဖို့ ဆေးတံ filter ရွေးချယ်နည်းအား ပြောပြပါအံ့။ ဆေးတံ filter အရွယ်အစားတွင် 9mm၊ 6mm၊ 4mm၊ 3mm ဟူ၍ရှိ၏။ စတင်သောက်သူများအဖို့ 9mm သို့မဟုတ်
6mm ကို ရွေးချယ်သင့်သည်။ ဆေးတံသောက်သည့် သဘောတရားကို ကောင်းစွာ နားလည်သွားမှသာ 3mm သို့မဟုတ် 4mm ကို ရွေးချယ်သင့်သည်။ ဥရောပနိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေအရ ဆေးတံသောက်ရာတွင် filter ဟုခေါ်သော အငွေ့စစ်တံ ခံရမည်ဟု ဥပဒေထုတ်ထားသည့်အတွက် ဆရာကြီးအဆင့်သမားများအတွက် 3mm မှာ ဝယ်ယူရခက်လှသည်။ အငွေ့စစ်တံ မခံဘဲနှင့် သောက်လျှင် ဆေး၏အရသာကို ပို၍ခံစားနိုင်သည်။

အလျင်းသင့်လျှင် သင့်သလို မျှဝေပေးသွားပါမည်။ ဆေးတံအကြောင်း သိလိုသည်များရှိပါက Chat box တွင် လာရောက်မေးမြန်းနိုင်ပါသည်။

#မော်ရောင်လင်း

ဆင်ခြင်တုံတရားကို အခြေခံသော ဆေးတံသမား #မော်ရောင်လင်း********************ဆေးတံသမားတို့သည် အလုပ်အကိုင်နှင့် ဂုဏ်ဒြပ်တို့ မ...
26/10/2022

ဆင်ခြင်တုံတရားကို အခြေခံသော ဆေးတံသမား
#မော်ရောင်လင်း
********************
ဆေးတံသမားတို့သည် အလုပ်အကိုင်နှင့် ဂုဏ်ဒြပ်တို့ မတူညီကြသော်လည်း ၎င်းတို့တွင် တူညီသောကားအချက်ရှိသည်။ ၎င်းမှာ ဆေးတံသောက်သုံးသူတို့၏ စိတ်ဓာတ်သည် တည်ငြိမ်ခြင်း၊ စိတ်ရှည်ခြင်း၊ အာရုံစူးစိုက်မှုအားကောင်းခြင်းတို့ ဖြစ်ကြသည်။ ယေဘုယျအားဖြင့် ဂုရုအဆင့်ဆေးတံသမားတို့သည် ဆေးတံတစ်ဆုံကို ပျှမ်းမျှအချိန် တစ်နာရီကြာသည်အထိ မီးမငြိမ်းဘဲ ဖွာနိုင်ကြခြင်းဖြစ်သည်။ ဆေးတံသောက်ရာတွင် ဆရာကျမကျ သိနိုင်ရန် အောက်ပါအချက်များကို စံထား၍ သိရှိနိုင်၏။ (၁) ဆေးတစ်ဆုံကို မီးငြိသည့်အကြိမ်အရေအတွက် (၂) ဆေးတံအိုးမပူခြင်း တို့ဖြစ်၏။

ဆေးတံသောက်သုံး​ခြင်းသည် မခက်ခဲသော်လည်း ဆေးတံသောက်သည့် "အထာ"ကို ပိုင်နိုင်ရန်မှာ အလွန်အရေးကြီးပေသည်။ ဆေးတံအိုးထဲသို့ ဆေးဖြည့်ရာ၌ ပြည့်ကျပ်နေအောင် မဖြည့်ရသည့်အပြင် ချောင်ချိနေ၍လည်း မရပေ။ ထို့အပြင် ဆေးတံဖွာရာ၌လည်း မမြန်လွန်း မနှေးလွန်းဟူသော အစွန်းနှစ်ဖက်ကင်းအောင် ဖြည်းဖြည်းမှန်မှန်ဖြင့် ဖွာသောက်ရပေမည်။ မီးငြိရာတွင်လည်း ပထမဦးစွာ ဆေး၏အပေါ်ယံမျက်နှာပြင်ကို နာရီလက်တံအတိုင်း လေးငါးခါမျှဝိုက်ကာ မီးငြိပေးရမည်။ မီးငြိရာတွင် အထူးသတိထားရမည့်အချက်မှာ ဆေးတံနှုတ်ခမ်းသားနှင့် ဆေးတံအိုးတို့ကို မထိခိုက်စေရ။ ထို့နောက် ကြွတက်လာသော ဆေးသားများကို 'ဆေးဖိတံ'ဖြင့် ခပ်ဖွဖွ ဖိသိပ်ပေးရမည်။ ပြီးမှ ဒုတိယအကြိမ် ဆေးသားမျက်နှာပြင်တစ်ခုလုံး လောင်ကျွမ်းသွားအောင် ထပ်မံမီးငြိပေးရမည်။ ဆေးတံတစ်ခုလုံး၏ အတွင်းပိုင်းမှန်သမျှကို တစ်ပတ်လျှင် ၂ကြိမ်ခန့်မျှ သန့်ရှင်းပေးခြင်းသည်လည်း ဆရာကျသည့် ဆေးတံသမားတစ်ယောက်၏ အင်္ဂါတစ်ရပ်ပင်ဖြစ်၏။

ဆေးတံသောက်ရာတွင် အထူးသတိချပ်ရန်မှာ "ဖြည်းဖြည်းမှန်မှန်" ဖွာခြင်းဖြစ်၏။ မိမိ၏စိတ်အခြေအနေကို တည်ငြိမ်အောင်ထားရမည့်အပြင် စည်းဝါးမှန်မှန်ဖြင့် ဖွာကာ ဆေး၏အရသာကို ခံစားရမည်။ အားလပ်ချိန်တွင် ဆေးတစ်ဆုံဖွာကြည့်လိုက်ပါ။ ပြီး ငြိမ်သက်အေးဆေးစွာဖြင့် နေ့စဉ်ဘဝ၏ ပြဿနာကြီးငယ်ဟူသမျှကို လေးလေးနက်နက် တွေးတောစဉ်းစားကြည့်ပါ။ သို့မဟုတ် စာအုပ်တစ်အုပ် ကောက်ကိုင်ကာ ဆေးတံသောက်ရင်း ဖတ်ရှုပါ။ အချို့သော ဝီစကီကြိုက်သူများအနေဖြင့်လည်း ဝီစကီတစ်ပတ်နှစ်ပတ်မျှ သောက်သုံးနိုင်သည်။ (များလျှင်မကောင်းပါ၊ ဤကားစကားချပ်) အရက်မကြိုက်သူများအဖို့ ရေနွေးကြမ်းတစ်အိုးဘေးချကာလက်ဖက်၏မွှေးရနံ့နှင့် ဗာဂျီးနီးယား၏ အရသာကို ပေါင်းစပ် ခံစားကြည့်ပါ။ သင့်အား အံ့အားသင့်စေမည့် ထူးခြားသည့်အရသာတစ်မျိုးကို ပေးစွမ်းပါလိမ့်မည်။ သင့်စိတ်ရှုပ်နေသည့်အခိုက် ဆေးတံသောက်သုံးခြင်းသည်လည်း အလွန်ကောင်းမွန်သည့် နည်းလမ်းတစ်ခုပင်ဖြစ်သည်။ စိတ်ရှုပ်နေသည့်အချိန်တွင် ဆေးတံသောက်ရင်း အသက်ကို မှန်မှန်ရှူသွင်းရှူထုတ် ပြုလုပ်ကြည့်ပါ။ ထိုအချိန်တွင် သင်နှင့်ဆေးတံသည် တစ်သားတည်းကြသွားသည့်နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။

ဆေးတံသောက်ရာတွင် အငွေ့များကို အဆုတ်အတွင်းသို့ရောက်အောင် မရှူရှိုက်ရပေ။ မိမိရှူသွင်းလိုက်သည့် အငွေ့များကို ခံတွင်းအတွင်းရှိ အာရုံခံဆဲလ်လေးများအထိ ဆေး၏အရသာကို ခံစားသိရှိအောင် ဖွာသောက်ပါလေ။ ပြီးမှ အငွေ့များကို ပြန်ရှူထုတ်လိုက်ပါ။ အဆုတ်အတွင်းသို့ရောက်အောင် မရှိုက်ရပေ။ ဤနည်းလမ်းသည် ဆေးရွက်ကြီးကို အန္တရာယ်အကင်းဆုံး အသုံးချသည့်နည်းလမ်းပင်ဖြစ်၏။
ဤသည်မှာ ဆေးလိပ်သောက်ခြင်းနှင့် ကွာခြားသည့်အချက်ပင်ဖြစ်၏။

ကမ္ဘာပေါ်တွင် ဆေးရွက်ကြီးအမျိုးအစားပေါင်း ၅၀ကျော်ရှိသည့်အနက် ၃မျိုးလောက်သာ ဆေးတံသောက်ဆေးပြုလုပ်ရာတွင် အကောင်းဆုံးဖြစ်သည်။ အလွန်ရှုပ်ထွေးသည့် သဘာဝ(အော်ဂဲနစ်) ဆေးစပ်နည်းဖြင့် ဖော်စပ်မှသာ ဆေးတံသောက်ဆေးကို ရရှိသည်။ စီးကရက်ကဲ့သို့ ဓာတုဗေဒပစ္စည်းများ မပါရှိပေ။ အချို့သူများသည် ဆေးလိပ်(စီးကရက်)ကို တစ်သက်လုံးသောက်ခဲ့ပါသော်လည်း ဆေးရွက်ကြီး၏ စစ်မှန်သည့် အရသာအမှန်တရားကို နကန်းတစ်လုံးမျှ မသိရှိသွားကြသည်မှာ လွန်စွာနှမြောဖွယ်ကောင်းသည့်အပြင် သနားစရာလည်းကောင်းလှပါ၏။ ဆေးတံသောက်ခြင်းဆိုသည်ကား သဘာဝအကျဆုံးနှင့် ရှေးအကျဆုံးသော ဆေးရွက်ကြီးကို အကျိုးရှိရှိ အသုံးချသည့် နည်းလမ်းပင်ဖြစ်လေ၏။

ဂုရုအဆင့် ဝါရင့်ဆေးတံသမားတစ်ယောက်အနေဖြင့် ဆေးတံသောက်ခြင်း၏ အဆင့်အမြင့်ဆုံးနယ်ပယ်သည် မီးအေးအေးဖြင့် ဖြည်းဖြည်းမှန်မှန် ဖွာခြင်း၊ မပူလွန်းမပြင်းလွန်းခြင်းဖြစ်သည်။ အသောက်မြန်လွန်းလျှင် ခံတွင်းကို ပူလောင်စေ၏။ နှေးလွန်းပါက မီးငြိမ်းသွားနိုင်၏။ ဆေးတံသောက်သည့် အထာနှင့် အတွေ့အကြုံကို သေချာပေါက် ပိုင်နိုင်နေရမည်။ ဆေးတံသောက်ခြင်းသည် ဘဝနေထိုင်မှုနည်းလမ်းဖြစ်သည့်အပြင် လူ့ဘဝကိုနားလည်သဘောပေါက်သည့် ဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။ လူ့ဘဝအကြောင်းကို
နားလည်သဘောပေါက်သွားသော ယောက်ျားတစ်ယောက်သည် မိမိလက်ထဲရှိ ဆေးတံကိုကောင်းစွာ ထိန်းချုပ်နိုင်ပေလိမ့်မည်။ ဆေးလိပ်သောက်ရာတွင် သင်က ဆေးလိပ်ကြိုးဆွဲရာ ကနေရသည့် ငယ်ကျွန်သဖွယ်ဖြစ်ပြီး ဆေးတံသောက်ခြင်းသည်ကား ထိုသို့မဟုတ်။ သင်က အရှင်သခင်ဖြစ်၏။

ရှေးဂရိအတွေးအခေါ်ပညာရှင်ကြီး ပလေတိုက အဇ္ဈတ္တစိတ်ကို ၃ပိုင်း ခွဲခြားထားသည်။ ရမ္မက်၊ တက်ကြွမှုနှင့် ဆင်ခြင်တုံတရားဟူ၍ဖြစ်၏။ ဆေးတံသောက်သည့် ကမ္ဘာကျော်ပညာရှင်များက ပလေတို၏ ဒဿနကိုယူကာ ဆေးလိပ်(စီးကရက်)ကို ရမ္မက်၊ ဆေးပြင်းလိပ်(cigar)ကို တက်ကြွမှု တနည်းအားမာန်၊ ဆေးတံကိုကား ဆင်ခြင်တုံတရားဟူ၍ တစ်ညီတညွတ်တည်း ထပ်တူပြုကာ တင်စားထားကြ၏။ ဆေးလိပ်တစ်လိပ်၏ အရှည်သည် ပျှမ်းမျှအားဖြင့် ၈ စင်တီမီတာရှိပြီး သောက်သုံးရန်ကြာချိန်မှာ ၈မိနစ်ခန့်သာကြာ၏။ သို့သော် ဆေးတံတစ်ဆုံမှာကား မိနစ် ၆၀မှ ၁၂၀အထိ ကြာမြင့်စွာ သောက်သုံးနိုင်သည်။ အကယ်၍သင်သည် ဆေးတစ်ဆုံလျှင် မိနစ် ၃၀အနည်းဆုံး ကျော်အောင် မသောက်နိုင်ပါမူ သင့်အား ဝါရင့်ဆေးတံသမားတစ်ယောက်ဟု မခေါ်ထိုက်ပေ။

ဆေးလိပ်သောက်ခြင်းသည်ကား တဏှာရာဂစိတ်ကို အလျင်အမြန်ဖြေရှင်းသည်နှင့်တူပြီး တဏှာဟူသည့်ဝဲဂယက်ထဲသို့ ပြေးဆင်းနေသည်နှင့်တူလှသည်။ ပြီး သေမင်းဆီသို့ သင့်ကိုယ်သင် အရောက်ပို့နေခြင်းပင်။ ဆေးပြင်းလိပ်သောက်သုံးခြင်းကား သင်၏မရှိသည့် ဂုဏ်ကို ဖော်ထုတ်ကြွားဝါနေခြင်းနှင့်တူ၏။ ဂုဏ်ပကာသနနောက် အပြေးလိုက်နေသည့်နှယ်။ ဆေးတံဟူသည်ကား အတွေးအခေါ်ပညာရှင်ကြီးများ၏ အမှတ်သင်္ကေတတစ်ခုပင်ဖြစ်၏။ ဆေးတံအိုးကို အဖို၊ ဆေးတံရိုးကိုကား အမဟုတင်စားကြပြီး ယောက်ျားတစ်ယောက်၏ ခွန်အားရှိခြင်းနှင့် မိန်းမတစ်ယောက်၏ ဣန္ဒြေရှိခြင်းဟူ၍ ဖော်ပြကြသည်။

ဆေးတံယဉ်ကျေးမှုအရ ယောက်ျားတစ်ယောက်တွင် လည်စည်း(နက်ကတိုင်)၅ခု ရှိသည့်နည်းတူ ဆေးတံသမားများသည်လည်း ဆေးတံကို အနည်းဆုံး ၃ချောင်း ရှိနေသင့်သည်။ ဥပမာ - လေးပင်သော ဆေးအရသာကို ခံစားလိုပါက ၃မီလီမီတာ အဝရှိသော ဆေးတံကို အသုံးပြုသင့်ပြီး အရသာ ပေါ့ပေါ့ ခံစားလိုပါက ၆ သို့မဟုတ် ၉ မီလီမီတာ အဝရှိသော ဆေးတံကို အသုံးပြုသင့်သည်။ ပြဿနာများကို စဥ်းစားတွေးခေါ်သည့်အခါ ဆေးတံအဖြောင့်ကိုသုံးပြီး စာဖတ်ချိန်တွင် ဆေးတံအကောက်ကို လဲလှယ် အသုံးပြုကြည့်သင့်သည်။

အချုပ်ဆိုရသော် ဆေးတံသောက်သုံးခြင်းသည် မြင့်မားသော အနုပညာတစ်မျိုးဖြစ်ပြီး စုဆောင်းသိမ်းဆည်းထားနိုင်သည့် တန်ဖိုးရှိ၏။ ဆေးလိပ်ကားထိုသို့မရပါချေ။

ကူးယူဖော်ပြခွင့် လုံးဝမပြုပါ။ လွတ်လပ်စွာ share နိုင်သည်။

#မော်ရောင်လင်း
၂၀၂၂ ဇူလိုင် ၃ရက်

မှတ်ချက်။ ။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ သတိပြုကြပါလေ။


ဆေးတံမသောက်မီ ကြိုတင်ပြင်ဆင်ရန်အချက်များ #မော်ရောင်လင်း *******************ဆေးတံသည် နေ့စဉ်ဆေးရွက်ကြီးသောက်သည့် ကိရိယာတစ်...
26/10/2022

ဆေးတံမသောက်မီ ကြိုတင်ပြင်ဆင်ရန်အချက်များ
#မော်ရောင်လင်း
*******************
ဆေးတံသည် နေ့စဉ်ဆေးရွက်ကြီးသောက်သည့် ကိရိယာတစ်ခုမျှသာမဟုတ်ပေ။ လူအများ၏အမြင်တွင် ၎င်းသည် အနုပညာ၏ သင်္ကေတလည်းဖြစ်သည်။ အလွန်ကြော့ရှင်းသော ကိုယ်ဟန်အနေအထားဖြင့် ၎င်းသည် ကျွန်ုပ်တို့၏ဘဝတွင် ကွဲပြားခြားနားသော ထိုးထွင်းသိမြင်မှုကို ယူဆောင်လာပေး၏။ အနားယူချိန်သော်လည်းကောင်း၊ မနက်အိပ်ယာထချိန်သော်လည်းကောင်း၊ ညနေချမ်း အနားယူချိန်သော်လည်းကောင်း၊ ညဉ့်နက်ချိန်ခါ တရေးနိုးသော်လည်းကောင်း ဆေးတံကို အဖော်ပြုပြီး သင်၏ ပျော်ရွှင်မှုကို ဆေးတံမှ ရယူခံစားနိုင်ပေ၏။ သို့သော် ထိုသို့ ဆေးတံမှ ပျော်ရွှင်မှုကို ရယူရန် သင်အမြတ်တနိုး တန်ဖိုးထားရသော ဆေးတံကို မည်ကဲ့သို့သော ကြိုတင်ပြင်ဆင်မှုမျိုး ပြုလုပ်ရမည်ကို စဉ်းစားဖူးပါသလော။

ဆေးတံမသောက်မီ ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်၍ အကြမ်းဖျင်းအားဖြင့် "ဆေးတံ၊ ဆေးတံသောက်ဆေး၊ အဖျော်ယမကာနှင့် ပတ်ဝန်းကျင်" ဟူ၍ အဆင့်လေးဆင့် ခွဲခြားနိုင်သည်။

(ဆေးတံအတွက် ကြိုတင်ပြင်ဆင်ခြင်း)

ဆေးတံကိုအနားပေးခြင်း။ ။ ဆေးတစ်ဆုံဖွာပြီးသည့်အခါတွင် ဆေးတံကို အနားပေးသင့်၏။ ဆေးတံကို အနားပေးရာတွင် လုံလောက်သော အချိန်ပမာဏအထိ အနားပေးရပေမည်။ အကြောင်းမှာ ဆေးတစ်ဆုံဖွာပြီးသည့်အခါတွင် ဆေးတံအတွင်းပိုင်း၌ ကျွန်ုပ်တို့၏ သွားရည်များကျန်ရှိနေတတ်ပြီး ဆေးအိုးအတွင်းရှိ ရေဓာတ်များ ခန်းခြောက်သွားစေရန်အတွက်ဖြစ်၏။ ထိုကဲ့သို့ အနားပေးခြင်းအားဖြင့် နောက်တစ်ကြိမ် ဆေးတံကို အသုံးပြုသည့်အခါတွင် ရေဓာတ်စုပ်ယူနိုင်မှု ပိုမိုအားကောင်းစေရန်အတွက်လည်းဖြစ်သည်။ (ယခင်ဆောင်းပါးများ၌ ဆေးတံသမားများတွင် အနည်းဆုံး ဆေးတံ ၃ ချောင်း ဆောင်ထားသင့်သည်မှာ ဤအတွက်ဖြစ်၏။ ဤကား စကားချပ်)

ရိုးရှင်းစွာ ရှင်းပြရသော် ဘရိုင်ယာသား ဆေးတံအတွက် 12-24 နာရီခန့်ကြာသည်အထိ အနားပေးသင့်သည်။ (ဤနေရာတွင် ဒေသဆိုင်ရာအချက်များ ထည့်သွင်းစဉ်းစားရန်နှင့် သစ်သားသက်တမ်း မလုံလောက်သော ဆေးတံအချို့ကို ဖယ်ထုတ်ရန်)၊ meerschaum ဆေးတံ(ပျော့ပြောင်းဖြူဆွတ်၍ မြေစေးနှင့်တူသော အရာဝတ္ထု) အတွက် ၂-၄ နာရီခန့်၊ ပြောင်းဖူးရိုးဆေးတံအတွက် ၁၀-၃၀ မိနစ်ခန့်၊ ရွှံ့စေးဆေးတံအတွက် ၁-၂ နာရီခန့်၊ ဘူးသီးခြောက်ဆေးတံအတွက် ၃-၆ နာရီခန့် အသီးသီးလိုအပ်ကြသည်။(ဆေးတံအိုးနှင့် အရိုးတံကိုဖြုတ်ရန်လိုအပ်သည်။ ဤကားစကားချပ်) ဤအချက်အလက်များအရ ဆေးတံအသုံးမပြုမီတွင် ဆေးတံအား အနားပေးသင့်သည်ကို ကျွန်ုပ်တို့အနေဖြင့် ကောင်းစွာနားလည်သဘောပေါက်ထားရန် လိုသည်။ အနားပေးသင့်သည့်အကြောင်းမှာ ဆေးတံအတွင်းရှိ ရေဓာတ်ခန်းခြောက်သွားစေရန်ဖြစ်သည်။ ဆေးတံအတွင်းမှ ရေခိုးရေငွေ့များ ခန်းခြောက်သွားပါမှ နောက်တစ်ကြိမ်အသုံးပြုရာတွင် ဆေးတံ၏ ရေငွေ့စုပ်ယူနိုင်စွမ်း အားကောင်းစေသည့်အပြင် ဆေးချေးများကိုလည်း ခြောက်သွေ့စေသည်။ အားလုံးသိကြသည့်အတိုင်း ဆေးတံအတွင်းရှိ အနံ့ဆိုးများ၏ ၈၀%မှာ တံတွေးအတွင်းရှိ အင်ဇိုင်းများနှင့် ဆေးရွက်ကြီးကို မီးရှို့ခြင်းမှ ရရှိလာသော အခိုးအငွေ့များနှင့် ပေါင်းစပ်ပြီး ရရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် အချို့သော ဆေးတံသမားများ၏ ဆေးတံသည် အနံ့ဆိုးမထွက်ဘဲ အချို့သော ဆေးတံသမားများ၏ ဆေးတံမှာ အလွန်နံစော်နေရခြင်းဖြစ်သည်။ ၎င်း၏ အဓိကတရားခံမှာ တံတွေးဖြစ်သည်။ ထို့ကြောင့် ဆေးတံကို လုံလောက်သော အချိန်ပမာဏထိ အနားပေးသင့်သည့်အပြင် ဆေးတံအတွင်းရှိ ဆေးချေးများကိုလည်း သန့်ရှင်းရေးပြုလုပ်ပေးသင့်သည်။ (မြန်မာပြည်ရှိ ဆေးတံသောက်သူအများစုသည် ထိုဆေးချေးကို အလွန်တရာ နှစ်သက်ဟန်တူသည်။ ဤသည်မှာ သင်၏ ကျန်းမာရေးကို အလွန်ထိခိုက်စေနိုင်သည့်အပြင် ဆေးတံသောက်ရခြင်း၏ ရည်ရွယ်ချက်ပါ လွဲချော်သွားနိုင်သည်။ ဤကားစကားချပ်)

ပြာချွေခြင်း။ ။ ပထမတစ်ကြိမ် ဆေးတံသောက်ပြီးနောက် ကျန်ရှိသော ပြာများကို သန့်စင်အောင် မရှင်းလင်းသော် နောက်တစ်ကြိမ်သောက်သုံးရန် မီးငြှိသည့်အခါတွင် ဆေးတံမှတစ်ဆင့် ပြာများ အာခံတွင်းအတွင်းသို့ အလွယ်တကူဝင်ရောက်သွားနိုင်သည်။ ဤသည်မှာ သင်၏ ကျန်းမာရေးအတွက် မကောင်းသောအကျိုးဆက်ကိုသာ ယူဆောင်လာပေးသည်။ကောင်းကျိုးမရှိပါချေ။ ထို့ကြောင့် ဆေးတစ်ဆုံဖွာပြီးသည်နှင့် အတွင်းရှိပြာများ ဆေးချေးများကို သန့်စင်သွားအောင် သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည်။ ထိုသို့ သန့်ရှင်းရေးပြုလုပ်ပေးပါက ကျန်းမာရေးမထိခိုက်သည့်အပြင် ဆေးနောက်တစ်ဆုံ ဖွာရှိုက်သည့်အခါတွင်လည်း ဆေးတံဆေး၏ အကောင်းဆုံးသော အရသာကိုပါ ခံစားနိုင်ပါလိမ့်မည်။

ဆေးတံရိုးအတွင်းရှိ ဆေးချေး။ ။ ဆေးတံအရိုးနံရံရှိ ကပ်ငြိနေသော ဆေးချေးများကို ဆိုလိုပါသည်။ ၎င်းဆေးချေးများကို ပြောင်စင်အောင် သန့်ရှင်းရေးမလုပ်ပါမူ ဆေးတံဖွာရာလမ်းကြောင်းကို အတားအဆီးဖြစ်စေသည်။ ထို့ကြောင့် ဆေးတံမသောက်မီ အရင်ဦးစွာ မှုတ်ထုတ်ကြည့်ရမည်။ သို့မှသာ ဆေးတံသောက်ရာတွင် အရသာကောင်းကို ပေးစွမ်းပေလိမ့်မည်။

လက်ဆေးခြင်း။ ။ မည်သည့်ဆေးတံကို အသုံးပြုသည်ဖြစ်စေ ဆေးတံများသည် အနံ့စွဲတတ်သည်။ သင်၏ ဆေးတံကို ပျက်စီးစေချင်ပါက လက်မဆေးပါနှင့်။ ဆေးတံသောက်ရာတွင် သင်၏ လက်သည် ခြောက်သွေ့သန့်ရှင်းနေရမည်။

ပါးစပ်ကိုက်တံ(Bit)။ ။ ဆေးတံကို မည်သို့သိမ်းဆည်းသည်ဖြစ်စေ ဆေးတံအပေါ်ယံလွှာတွင် ဖုန်မှုန့်များ ကပ်ငြိနေတတ်သည်။ ထို့ကြောင့် ပါးစပ်အတွင်းသို့ထည်သော ပါးစပ်ကိုက်တံ(Bit)ကို အသုံးမပြုမီတွင် သန့်ရှင်းသော အဝတ်စ သို့မဟုတ် တစ်ရှူးဖြင့် သန့်စင်ပေးသင့်ကြောင်း အကြံပြုလိုပါသည်။
ဆေးတံသောက်ဆေးကို ကြိုတင်ပြင်ဆင်ပုံ

ဆေးနှိုးခြင်း။ ။ ဆေးတံမသောက်မီ ဆေးတံသောက်ဆေးကို မနှိုးဘဲ ဆေးတံအတွင်းသို့ ချက်ချင်းမထည့်သွင်းရပေ။ ဆေးတစ်ဆုံနှင့် ညီမျှသော ပမာဏကို ဆေးဘူးအတွင်းမှ ထုတ်ယူကာ မိနစ်အနည်းငယ်မျှကြာအောင် အခြောက်ခံထားပေးရမည်။ ဤလုပ်ငန်းစဉ်ကို ဆေးနှိုးခြင်းဟုခေါ်သည်။ (ဆေးနှိုးခြင်းဟူသော ဝေါဟာရသည် စာရေးသူ ကျွန်ုပ်မော်ရောင်လင်းမှ သင့်လျော်သလို အမည်တပ်ထားခြင်းဖြစ်ပါသည်၊ မှားယွင်းပါက ပြင်ဆင်ပေးကြပါ။) ဆေး၏အရသာကို ပိုမိုကောင်းမွန်စွာ အရသာခံ ဖွာသောက်နိုင်ရန်အတွက် ဆေးနှိုးပေးရခြင်းဖြစ်သည်။ ဆေးနှိုးခြင်းဟူသော လုပ်ငန်းစဉ်သည် ဝါရင့်ဆေးတံသမားများ လုပ်လေ့လုပ်ထရှိသည့် ကြိုတင်ပြင်ဆင်မှုပင်ဖြစ်သည်။ ဆေးနှိုးခြင်းရှုထောင့်အရ ဆိုရပါမူ ဆိုင်မှဝယ်ယူလာသော ဆေးဘူးအသစ်အား ဖွင့်ဖောက်လိုက်သည်နှင့် ဆေးနှိုးခြင်းသည် အထမြောက်သည်။ သို့သော် ဆေးနှိုးခြင်းလုပ်ငန်းစဉ်အား အလေ့အကျင့်အနေဖြင့် ပြုလုပ်ကြစေလိုပါသည်။ အစိုဓာတ်သိပ်မရှိသော ဆေးတံသောက်ဆေးများကို ဆေးနှိုးရန် အချိန်သိပ်မပေးရသော်လည်း အစိုဓာတ်မြင့်မားသော ဆေးတံသောက်ဆေးအတွက် အနည်းဆုံး ၅ မိနစ်ခန့်ကြာအောင် အခြောက်ခံပေးခြင်းဖြင့် ဆေးနှိုးပေးသင့်သည်။ သင်၏ ဆေးတံသည် ရေဓာတ်စုပ်ယူမှု အားကောင်းသော ဆေးတံဖြစ်ပါက ဆေးနှိုးသင့်မနှိုးသင့် သင့်အတွေ့အကြုံအရ ကိုယ်တိုင်ဆုံးဖြတ်သင့်သည်။ ဆေးမနှိုးပါက ဆေးတံအခြေတွင် ရေများဝပ်နေနိုင်ပြီး ဆေးတံသောက်ရာတွင် အနှောက်အယှက်ဖြစ်နေနိုင်သည်။ ရေဝပ်ပါက တစ်ခါတလေ ပါးစပ်ကိုက်မှတဆင့် ပါးစပ်အတွင်းသို့ပင် ဝင်ရောက်နိုင်ပြီး ပါးစပ်အား ခါးစေကာ ဆေး၏အရသာကို ပျက်ပြားစေနိုင်သည်။

ဆေးတံသောက်ဆေးအား စစ်ဆေးခြင်း။ ။ ဆေးတံသောက်ဆေးကို ဆေးတံအတွင်းသို့ မထည့်မီ မျက်စိဖြင့်ကြည့်ခြင်း၊ နှာခေါင်းဖြင့် အနံ့ခံခြင်း ပြုလုပ်ရမည်။ ဤသည်လည်း ဝါရင့်ဆေးတံသမားများ လုပ်လေ့လုပ်ထရှိသော အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါသည်။ အလင်းရောင်အားကောင်းသော နေရာ၌ ဆေးတံသောက်ဆေးအား ကြည့်ရှုပါ။ မှိုတက်ခြင်း သို့မဟုတ် အနံ့ဆိုးထွက်ခြင်းရှိပါက ထိုဆေးအား အသုံးပြုရန် မသင့်ပေ။

အဖျော်ယမကာအား ကြိုတင်ပြင်ဆင်ခြင်း။ ။ ဆေးတံမသောက်မီတွင် အရက်၊ ရေနွေးကြမ်း၊ ဖျော်ရည် သို့မဟုတ် အနည်းဆုံး ရေတစ်ခွက်တော့ အနား၌ ထားရန် အကြံပြုချင်ပါသည်။ အကြောင်းမှာ ဆေးသား၏ အရသာကိုခံစားနိုင်ရန် အထောက်အကူပြုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မိမိကြိုက်နှစ်သက်သော အဖျော်ယမကာ တမျိုးမျိုးအား အနား၌ထားကာ ဆေးတံသောက်ခြင်းသည် ဝါရင့်ဆေးတံသမားလုပ်လေ့ရှိသော အလေ့အကျင့်တစ်မျိုးလည်းဖြစ်သည်။

ပတ်ဝန်းကျင်။ ။ ဤနေရာတွင် အဘယ့်ကြောင့် ပတ်ဝန်းကျင်ကို ထည့်သွင်းထားရပါသနည်း ဆိုသည်ကို ရှင်းပြပါအံ့။ ဆေးတံသောက်ခြင်းသည် ဆေးလိပ်သောက်ခြင်း၊ ဆေးပြင်းလိပ်သောက်ခြင်းနှင့် လုံးဝမတူညီပေ။ ဆေးတံသောက်ခြင်းသည် မီးအေးအေးနှင့် ဖြည်းဖြည်းသောက်သုံးရခြင်းဖြစ်သည်။ စိတ်ငြိမ်စွာဖြင့် ဆေးရွက်ကြီး၏ အရသာကို ခံစားခြင်းဖြစ်သည်။ ဤအကြောင်းကိုလည်း ယခင်ဆောင်းပါးများ၌ ထည့်သွင်းရေးသားခဲ့ဖူးပြီ။ ဆက်အံ့။ အရှေ့တွင် တင်ပြခဲ့သည့် ဆေးတံ၊ ဆေးတံသောက်ဆေး၊ အဖျော်ယမကာတို့ကို ပြင်ဆင်ပြီးပါက ဆေးတံသောက်သုံးမည့် ပတ်ဝန်းကျင်ကို လျစ်လျူရှု၍ လုံးဝမရပေ။ ပတ်ဝန်းကျင်ကို ရွေးချယ်ရာတွင် အရင်ဦးစွာ လေဝင်လေထွက်ကောင်းပြီး စိုထိုင်းဆ သင့်တော်သော ပတ်ဝန်ကျင်ကို ရှာပါ။ ထိုနေရာသည် အလွန်မှောင်မိုက်နေ၍ မရ။ ထို့နောက် သက်တောင့်သက်သာရှိမည့် ကုလားထိုင်တစ်လုံးနှင့် စားပွဲတစ်လုံးကို အနားတွင်ချပါ။ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်သည် ဆေးတံသမားများအတွက် အလွန်သင့်လျော်သည့်
နေရာဖြစ်ပေသည်။ (အကြံပြုချက်။ ။ ဆေးတံသောက်ရာတွင် လှဲလျောင်း၍ မသောက်ရ။ ကုတင်ပေါ်၌ ဖြစ်စေ ဦးခေါင်းကို ထောင်ထားရပေမည်။)

ဆေးတံတို ကဗျာ
ဆေးတံတို တညိုလောက်၊ ရော့သောက်တော့ပေး
မယူလိုက်က မိုက်လို့ထင်၊ ယူလိုက်ပြန်တော့ ကြိုက်လို့ထင်
သောက်စေချင်၊ ကုတင်တွင်ထောင်ခဲ့ကွဲ့
ညိုနွဲ့ရဲ့လေး။
ဒွေးချိုး
မယ်ခွေ
၂၆/ အောက်တိုဘာ/ ၂၀၂၂
#မော်ရောင်လင်း
#ဆေးတံ


ပြန်လည်ကူးယူဖော်ပြခွင့်မပြု၊
လွတ်လပ်စွာ Share နိုင်သည်။ မပြည့်စုံမှုများ ရှိပါက ဝေဖန်ပေးကြပါခင်ဗျာ။

ကျွန်တော် နောက်တစ်ခါ ဆေးတံဝယ်ရင် raw ဆေးတံနှင့်ရွာလွတ် ဆေးတံ ရဲ့ဈေးနှုန်းကို နှိုင်းယှဉ်ပြီးပဲ ဘယ်ဆေးတံဝယ်ရင်ကောင်းမလဲ စ...
15/10/2022

ကျွန်တော် နောက်တစ်ခါ ဆေးတံဝယ်ရင် raw ဆေးတံနှင့်
ရွာလွတ် ဆေးတံ ရဲ့ဈေးနှုန်းကို နှိုင်းယှဉ်ပြီးပဲ ဘယ်ဆေးတံ
ဝယ်ရင်ကောင်းမလဲ စဉ်းစားရတော့မယ်။ ဘာဖြစ်လို့လဲဆို
ဒီဇိုင်းလည်း ဆန်းသစ်မှုလည်းရှိ အရည်အသွေး ကောင်းတဲ့
ရွာလွတ်ဆေးတံဆိုရင်တော့ ဘယ်လောက်ပဲ ပေးရပေးရဝယ်
မိမှာပဲ ဒါတောင်ဈေးအကန့်အသတ် ရှိတယ်။ ရွာလွတ်ဆေး
တံတစ်ချောင်းကို ကျွန်တော်ဆို 3သောင်းခွဲ4သောင်းထက်
ပိုမပေးနိုင်ဘူး ဒါတောင် ဒီဇိုင်းလှမှနော် ဘာဖြစ်လို့လဲဆို
Rawဆေးတံက 4သောင်း အများဆုံး4သောင်းခွဲပဲရှိလို့ပါ။
‌ရွာလွတ်ဆေးတံ တစ်ချောင်းကို 4သောင်းကျော်လောက်
ဈေးခေါ်မယ်ဆိုရင်တော့ ဒီဇိုင်းလှရင်ဆန်းရင် ပြသနာမရှိ
ဒါမှ မဟုတ်ရင်တော့ Rawဆေးတံပဲ ဝယ်သောက်တော့မယ်။
Photo

ပြည်တွင်းဆေး သောက်ဖူးသမျှ ဗမာဆေးမဲတွေထဲမှာ ကျွန်တော် ဒီဆေးမဲကို အကြိုက်ဆုံးပဲ အနံ့ပြင်းတယ်အရသာပျော့တယ် ချောချောမွေ့မွေ့လ...
12/10/2022

ပြည်တွင်းဆေး သောက်ဖူးသမျှ ဗမာဆေးမဲတွေထဲမှာ ကျွန်တော် ဒီဆေးမဲကို အကြိုက်ဆုံးပဲ အနံ့ပြင်းတယ်
အရသာပျော့တယ် ချောချောမွေ့မွေ့လေး သောက်လိုက်
တဲ့အခါချိုတိုတိုလေး အရသာမပြင်းဘူး ပြည်တွင်းဆေး
နဲ့ဆေးတံစသောက်မယ့်သူတွေ အတွက် အသင့်တော်ဆုံး
ပဲ လျှာမစပ်လောက်ဘူး ၁ပိသာ ၈၀၀၀ပေးရပါတယ် ပို့ခ
နဲ့ဆို၁၃၀၀၀လောက်ကျပါတယ် ဒါပေမယ့် ပေးရတဲ့ဈေး
နဲ့တန်တယ်ဗျာ။

11/10/2022

ဒီည မော်လမြိုင်က ကျွန်တော်မှာထားတဲ့
ဆေးတံသောက်ဆေး Reviewလေး တင်
ပေးသွားမယ်ဗျ။

10/10/2022

ဆေးတံရောင်းတဲ့ Page မဟုတ်ပါ။
ဆေးတံဆိုင်၊ ဆေးတံ၊ဆေးတံသောက်
ဆေး တွေကို Review ပေးသွားမည့်
Page ပါ။

10/10/2022

Address


Alerts

Be the first to know and let us send you an email when Burmese Smoking Piper Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share