333 Store South Dagon

  • Home
  • 333 Store South Dagon

333 Store South Dagon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 333 Store South Dagon, Convenience Store, .

07/11/2023
04/10/2023

Two favorites, one unbeatable price! Grab now for just RM14.50 ! 🍔🍗

07/08/2023
04/08/2023
ဘဝအဆက်ဆက်  စိတ်ချမ်းသာရပါလို၏ ဘုရား                                                                                     ...
21/07/2023

ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ ဘုရား

ရဝေနွယ် (အင်းမ)
"ငါလည်း ရမ္မက်ကြီးသော၊ မရောင့်ရဲတတ်သော၊ အမျက်ကြီးသော၊ သူတစ်ထူးကို ညှဉ်းဆဲတတ်သော၊ ပညာမရှိသော၊ မိုက်သော၊ ဝန်တိုသော၊ အပေးအကမ်း မရှိသော၊ သစ္စာမရှိသော၊ ပျက်တတ်သော၊ မေ့လျော့သော၊ အောက်မေ့တသကင်းသော မဖြစ်မူ၍
ရမ္မက်နည်းသော၊ ရောင့်ရဲလွယ်သော၊ အမျက်နည်းသော၊ သနားတတ်သော၊ ပညာရှိသော၊ အကြောင်းကို သိတတ်သော၊ ဝန်မတိုသော၊ အပေးအကမ်းရှိသော၊ သစ္စာရှိသော၊ မပျက်တတ်သော၊ မမေ့လျော့သော၊ အောက်မေ့တသရှိသော ဤသို့သော ကျေးဇူးတို့ နှင့် ပြည့်စုံလျက် သံသရာနှိုက်ကျင်လည်၍ မေတ္တေယျဘုရား မျက်မှောက်ကင်္ကာလျှင် မြတ်သောအကျွတ် တရားရလိုသတည်း"။
သိင်္ဃသူ့သမီးကျောက်စာ
(မြန်မာနှစ် ၆၂၈ ၊ ခရစ်နှစ် ၁၂၆၆)
လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၅၀) ကျော်က ပုဂံမှာသိင်္ဃသူ့သမီးဆုတောင်းခဲ့တဲ့ ဆုတောင်းကျောက်စာလေးတစ်ခုပါ။ သိင်္ဃသူ့သမီးက ကျောင်းဆောက်ပြီး ကျောင်းမှာနေတဲ့ ရဟန်းသံဃာတွေအတွက် လယ် ဥယျာဉ် ကျွန်တွေလှူပြီး ဆုတောင်းခဲ့တာပါ။
ဆုတောင်းကိုဖတ်မိတိုင်းဖတ်မိတိုင်း သူဘာဖြစ်လို့များဒီဆုတောင်းကို တောင်းခဲ့တာလဲလို့ တွေးတွေးနေမိပါတယ်။ ဆုတောင်းနောက်ခံသမိုင်းဇာတ်ခုံကိုလည်း သိချင်နေမိပြန်ပါတယ်။ ဆုတောင်းချင်လောက်အောင် အကြောင်းတွေရှိမယ်လို့လည်း ထင်မိပါတယ်။ တခြားပုဂံခေတ်ကျောက်စာဆုတောင်းတွေနဲ့ ကွဲပြားနေတာကလည်း သိချင်စိတ်ကိုပိုပြီး ဖြစ်စေခဲ့ပါတယ်။
သိင်္ဃသူ့သမီးဟာ တရုတ်ပြေးမင်းလို့ခေါ်တဲ့ နရသီဟပတေ့မင်းရဲ့မိဖုရားဖြစ်တယ်လို့ ဆယ်တန်းမြန်မာစာအုပ်ပြုစုသူ ပညာရှင်တွေကကျောက်စာထိုးတဲ့ ခုနှစ်ကိုကြည့်ပြီး အဖြေရှာပေးထားပါတယ် ။
နရသီဟပတေ့မင်းဟာ ကိုယ်လုပ်တော်မောင်းမသုံးထောင်ထားတာ၊ ဟင်းခွက်သုံးရာနဲ့ ပွဲတော်တည်တာ၊ အိပ်ရာထတာနဲ့ မောင်းမတွေကို တစ်ခုခုနဲ့ ပစ်ပေါက်တတ်တာ၊ သူချစ်လှပါတယ်ဆိုတဲ့မိဖုရားစောလုံကို သတ်ပစ်တာ၊ ကိုယ်ရဲ့အမှုထမ်းသူရဲကောင်း အုတ်လှကို သတ်ခိုင်းတာ၊ သံတမန်ကို မသတ်ရဆိုတဲ့ ဓလေ့ကို ဖျက်ပြီး တရုတ်သံတမန်တွေကို သတ်ပစ်တာ၊ တရုတ်သံတွေကိုသတ်ပစ်လို့ တရုတ်စစ်တပ်စစ်ချီလာတဲ့အခါ မြို့ခိုင်လုံအောင်ဆိုပြီး ဂူနဲ့ စေတီတွေဖျက်ပြီး အုတ်တွေယူတာ၊ တရုတ်စစ်ချီလာလို့ ပြေးရတဲ့အခါမှာလည်း လှေတွေပေါ်မှာ လူမဆန့်တော့လို့ အတွင်းစေကိုယ်လုပ်မောင်းမတွေကို ခြေနဲ့လက်ကို ကြိုးတုပ်ပြီး အသိဉာဏ်မဲ့မဲ့ ရေထဲပစ်ချခိုင်းတာ၊ ဆရာတော်တွေက "ရေထဲတော့ ပစ်မချပါနဲ့ ၊ မောင်းမမိန်းမတွေကို ကြိုက်တဲ့လူ, ရဟန်းတွေယူပါစေ" လို့ မိန့်လို့ မောင်းမတွေ အသက်ချမ်းသာရာရသွားတာ၊ ဖခင်ဥဇနာမင်းကြီးသေတဲ့အခါ အမတ်ကြီးရာဇသင်္ကြံက သူ့အင်္ကျီဖျင်လက်ပေါ် ကွမ်းသွေးထွေးချထားတဲ့ ရန်ငြိုးကြောင့် နန်းလျာဖြစ်တဲ့အစ်ကိုသီဟသူကို မင်းအဖြစ်မပေးဘဲဖမ်းပြီး သူ့ကို နန်းတင်ပေးခဲ့တဲ့ ကျေးဇူးကို မသိတတ်ဘဲ ရာဇသင်္ကြံကို ဒလပို့ပစ်တာ၊ မိဖုရားတွေ တစ်ယောက်နဲ့တစ်ယောက်မနာလိုဖြစ်နေကြတာ၊ မင်းသားညီအစ်ကိုချင်း ရန်စောင်နေကြတာ စသည်စသည် ဝန်းကျင်ဇာတ်ရုပ်တွေကများ သိင်္ဃသူ့သမီးကို ဒီဆုတောင်းတွေတောင်းဖို့ ဖြစ်လာခဲ့လေသလားလို့ တွေးမိပါတယ်။
လူအများစုဟာ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ခံစားချက်ကို အခြေခံပြီးဆုတောင်းကြတာ များပါတယ်။ သူကျင်လည်ရာဝန်းကျင်က သူ့ကို တရားတွေအများကြီး ဟောလိုက်ပုံ ရပါတယ်။
သိင်္ဃသူ့သမီးဆုတောင်းက တရားသဘောတွေအပြည့်ပါနေပါတယ်။ အထူးသဖြင့် မလိုချင်တာရယ် လိုချင်တာရယ်ကိုတွဲပြီး ဆုတောင်းသွားတာပါ။ သူ့ဆုတောင်းထဲကအတိုင်း ရမ္မက်နည်းမယ်၊ ဒေါသနည်းမယ်၊ ပညာရှိမယ်၊ ဝန်မတိုဘူး၊ ပေးကမ်းတတ်မယ်၊ သစ္စာရှိမယ်၊ မမေ့တတ်ဘူး၊ ကျေးဇူးသိတတ်မယ်ဆိုရင် ဘဝတစ်ခုက အတော်လေးအေးချမ်းနေပါပြီ။ နေရတာလည်း ပျော်ဖို့ ကောင်းပါတယ်။ ရမ္မက်ဒေါသနည်းရင်ပဲ အတော်နေလို့ ကောင်းနေပါပြီ။
ပုဂံခေတ်ကျောက်စာဆုတောင်းတွေကိုကြည့်လိုက်ရင် ငါ့လင်၊ ငါ့သား စသည်ဖြင့် ငါစွဲ အတ္တစွဲတွေနဲ့ 'ငါ'တွေကို ထပ်ခါထပ်ခါသုံးပြီး ဆုတောင်းထားသလို ကျိန်စာတွေပါ တွဲတွဲတိုက်လေ့ ရှိပါတယ်။
သိင်္ဃသူ့သမီးနဲ့ လင်တူ နရသီဟပတေ့မင်းရဲ့မိဖုရား ဖွားစောကတောင် စောလှဝန်းကျောက်စာမှာ " ငါ့ချစ်သား ၊ အတို့သခင်မင်းကြီး၊ ငါ့မိ၊ ငါ့ဖ၊ ငါ့အစ်မမိဖုရား " စသည်ဖြင့် ငါတွေကို ထပ်ခါထပ်ခါ သုံးပြီး ဆုတောင်းသွားပါတယ်။
နာမည်ကျော် မိဖုရားဖွားစောကျောက်စာမှာလည်း "ငါ့လင်သခင်မင်းကြီး၊ ငါ့သားမင်းကြီး၊ ငါ့မြေးမင်းကြီး" စသည်ဖြင့် ငါစွဲတွေနဲ့ ဆုတောင်းထားပါတယ်။
ပုဂံခေတ်မှာ မိဖုရားဖွားစော သုံးယောက်ရှိပါတယ်။
ပထမဖွားစော(မင်းဝိုင်းဖွားစော)က နရသိင်္ခဥဇနာမင်းရဲ့ မိဖုရား၊ ဥဇ္ဇာနာမင်းရဲ့ မယ်တော်၊ နရသီဟပတေ့မင်းရဲ့ ဘွားတော်ပါ။ နာမည်ကျော်မိဖုရားဖွားစောကျောက်စာရေးထိုးသူပါ။
ဒုတိယဖွားစော(စောလှဝန်းဖွားစော)က ဆိတ်ထိန်းကမ်းဖြူရွာဇာတိ ဥဇ္ဇာနာမင်းနဲ့ နရသီဟပတေ့မင်းတို့ရဲ့ မိဖုရား၊ စောလှဝန်းကျောက်စာရေးထိုးသူပါ။ နရသီဟပတေ့မင်း ပညာမဲ့မဲ့ လုပ်သမျှကို စောင့်ရှောက်ပေးခဲ့တဲ့ မိဖုရားပါ။ အဲဒီဒုတိယဖွားစောအကြောင်းကို ဘိလပ်ပြန်သန်းက 'မိဖုရားဖွားစော' ဆိုပြီး သီချင်းဆိုခဲ့သလို မောရစ်ကောလစ်ကလည်း She was a Queen. ဆိုပြီး ဝတ္ထုရေးခဲ့ပါတယ်။ ဒီဝတ္ထုကိုပဲ ဆရာမြသန်းတင့်က 'ဧကရီဖွားစော'ဆိုပြီး ဘာသာပြန်ခဲ့ပါတယ်။
တတိယဖွားစော(သစ်မထီးဖွားစော)ကတော့ ကျော်စွာမင်းရဲ့မိဖုရားပါ။ သားစောနစ်က ဆက်မိဖုရားမြှောက်ခဲ့သူပါ။
ပုဂံခေတ်ကျောက်စာတွေမှာ ဆုတောင်းတွေအပြင် ကျိန်စာတွေပါ တွဲတွဲတိုက်လေ့ရှိတာက ပုဂံခေတ်ဓလေ့တစ်ခုလား မသိပါဘူး။
"စားသောထမင်းဟင်း၊ သောက်သောရေ၊ နေသောအိမ် အဆိပ်ဖြစ်ပါစေ၊ ဒေဝဒတ်ကားအထက်၊ ဖျက်ရစ်သောသူကား အအောက်ဖြစ်စေသတေး"
(အထောလတ်ကျောက်စာ )
"ဤငါ့အလှူကို ဖျက်ဆီးသောသူအား အဝီစိငရဲလျှင် ကျက်စေသတည်း။ ကမ္ဘာလေဖျက်သောအခါ မြေကြီးတောင်ပေါ်ခပင်း မုန့်မုန့် ညက်ညက်ပျက်စီးသို့ ပျက်စီးစေသတည်း။ ဆောက်တည်ရာမရ ဖြစ်စေသတည်း"
(မဟာထီးဘုရားကျောက်စာ)
သူတို့အလှူတွေကြာရှည်ခိုင်မြဲဖို့ ဆုတောင်းနဲ့အတူ ကျိန်စာတွေပါတွဲတွဲတိုက်ထားတာပါ။ ကျိန်စာတွေထဲက "ဆောက်တည်ရာမရ ဖြစ်စေသတည်း" ဆိုတဲ့ ကျိန်စာကိုတော့ သုံးလေးခေါက်လောက် ပြန်ဖတ်ပြီး ပြုံးတောင်ပြုံးမိပါတယ်။ ကျိန်စာမိတဲ့သူကတော့ မသက်သာလှပါဘူး။ ဘယ်လောက်ပဲချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ရာထူးရှိရှိ တချိန်လုံးဆောက်တည်ရာမရ ဖြစ်နေတော့မှာပါ။ လူက ဂဏှာမငြိမ် ဣန္ဒြေမရနဲ့ အမြဲစိတ်ယောက်ယက်ခတ်နေရတော့ မှာပါ။ ပျော်မှာလည်းမဟုတ်တော့ပါဘူး။
သိင်္ဃသူ့သမီးဆုတောင်းမှာတော့ အများသူငါဆုတောင်းတွေလို "ငါ ငါ ငါ" ဆိုတဲ့ အတ္တစွဲတွေမပါသလို ကျိန်စာတိုက်ထားတာလည်း မတွေ့ရပါဘူး။ သိင်္ဃသူ့သမီးက လက်ရှိဘဝမှာ တရားအသိတွေအတော်အတန်ရှိနေပုံရသလို နောက်ဘဝတွေမှာလည်း တရားအသိတွေ ပိုပိုရှိသွားဖို့ပဲ ဆုတောင်းသွားခဲ့တာပါ။ နရသီဟပတေ့မင်းရဲ့ မိဖုရားဆိုပေမယ့် မိဖုရားလို့ မသုံးဘဲ ကိုယ့်နာမည်ကိုမဖော်ဘဲ သာမန်"မင်းမယား"လို့ပဲ ကျောက်စာမှာရေးထိုးသွားပုံကလည်း သိပ်ပြီး ပေါ်လွင်ချင်ပုံမရပါဘူး။
လိုရင်းကတော့ ကိုယ်မလိုချင်တဲ့အရာနဲ့ လိုချင်တဲ့အရာကို ကုသိုလ်ပြုပြီး ဆုတောင်းသွားခဲ့တာပါ။
ဒါကြောင့် သိင်္ဃသူ့သမီးဆုတောင်းကိုသာဓကယူပြီး ကိုယ်မလိုချင်တဲ့အရာနဲ့ လိုချင်တဲ့အရာကို ကုသိုလ်ပြုပြီး ဆုတောင်းသွားရုံပါပဲ။မြတ်စွာဘုရားမှာ ရေချမ်း၊ ပန်းကပ်ပြီးပဲ ဆုတောင်းဆုတောင်း၊ ဂါထာ ပဋ္ဌာန်းပရိတ်တွေရွတ်ပြီးပဲ ဆုတောင်းဆုတောင်း၊ မရှိခက်ခဲနေတဲ့သူတွေကို ပေးကမ်းလှူဒါန်းပြီးပဲ ဆုတောင်းဆုတောင်း၊ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်း ဆေးရုံ ဆေးခန်း၊ စာကြည့်တိုက်စသည် အဆောက်အဦတွေဆောက်ပြီးပဲ ဆုတောင်းဆုတောင်း၊ ကိုယ်အဆင်ပြေသလို ကုသိုလ်ပြုပြီးဆုတောင်းလို့ ရပါတယ်။
ဥပမာ- ဘုရား ရေချမ်းပန်းကပ်ပြီး "ဘဝအဆက်ဆက် စိတ်မညစ်ရသော စိတ်ချမ်းသာရသောသူ ဖြစ်ရပါလို၏" လို့ နေ့စဉ်ဆုတောင်းလို့လည်း ရပါတယ်။ ဒါမှမဟုတ် မနက်အိပ်ရာက နိုးတာနဲ့ မထသေးဘဲ နမောတဿသုံးကြိမ်ဆိုပြီး " ဘုရားတပည့်တော် စိတ်ချမ်းသာရပါလို၏ " လို့ ဆုတောင်းနဲ့ အိပ်ရာထလိုက်လည်း ရပါတယ်။
ထေရီထေရာဝတ္ထုတွေမှာလည်း ကြိုက်တဲ့ကုသိုလ်ကို ပြုပြီး ကြိုက်တဲ့ဆုကိုတောင်းပြီး သံသရာက ကူးသွားကြတာများပါတယ်။ လိုရင်းကတော့ ကိုယ်လိုချင်တဲ့ဆုကို ကုသိုလ်ပြုပြီးဆုတောင်းကြတာပါ။
ရှေ့ပိုင်းကာလတွေမှာတော့ ကုသိုလ်ပြုပြီးရင် လိုအပ်ချက်တွေကို မြတ်စွာဘုရားနားငြီးလောက်အောင် ဆုတွေတောင်းတတ်ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ဘယ်ကုသိုလ်ပဲပြုပြု နိဗ္ဗာန်ပြီးရင် "ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ ဘုရား" လို့ပဲ ဆုတောင်းဖြစ်ပါတော့တယ်။ စိတ်ချမ်းသာမှုနဲ့ယှဉ်ရင် ကျန်တဲ့အရာတွေကို ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ပဲ မနီးမဝေးမှာ ထားချင်ပါတယ်။ ပိုက်ဆံမရှိလို့ကလည်း မဖြစ်ပြန်ဘူး။ အဲဒါတွေကို ခွာထားနိုင်လောက်အောင်လည်း တရားကမရှိသေးပါဘူး။
ကုသိုလ်ပြုပြီး "ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ ဘုရား" လို့ ဆုတောင်းလိုက်ရရင်ပဲ ကျေနပ်သလိုခံစားနေရပါပြီ။ စိတ်ချမ်းသာနေရင်ပဲ ဘဝတစ်ခုကပြည့်စုံနေတယ်လို့လည်း ခံစားရပါတယ်။ အောင်မြင်တာ ထင်ရှားတာ ပိုက်ဆံရှိတာ စသည်တွေဟာ စိတ်ချမ်းသာမှုနဲ့ ယှဉ်လိုက်ရင် အလိုလိုအဝေးကို ရောက်သွားတာပါ။
ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် ဘယ်အရာပဲဖြစ်ဖြစ် အလေ့အကျင့်များရင် စွဲသွားတတ်ပါတယ်။ စွဲတာမှ ဒီဘဝအတွက်တင်မကပါဘူး ။ နောက်ဘဝအထိပါစွဲသွားတတ်ပါတယ်။ အရင်ဘဝတွေက အစွဲအလမ်းတွေ နောက်ဘဝအဆက်ဆက်အထိပါလာတဲ့ ဇာတ်ဝတ္ထုသာဓကတွေလည်း အများကြီးပါပဲ။
What you think you become. So be mindful of what you think.
ကိုယ်တွေးနေတာတွေက ကိုယ့်ဘဝဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်အတွေးတွေကို သတိကပ်ပါ။
'ကိုယ်တွေးနေတဲ့ အရာတွေက ကိုယ့်ဘဝဖြစ်လာတယ်' တဲ့၊ စိတ်ညစ်စရာတွေ တွေးတွေးနေရင် တွေးပါများလာတဲ့အခါ မသိစိတ်မှာစွဲသွားပါတယ်။ မသိစိတ်မှာစွဲသွားရင် စိတ်ညစ်စရာတစ်ခုခုကို ရှာတွေးပြီး စိတ်ညစ်နေတော့တာပါ။ စိတ်မညစ်ရရင် မနေတတ်တော့ပါဘူး။ စိတ်ညစ်နေရတာကိုပဲ ကိုယ့်ဘဝလို့ ထင်သွားတော့တာပါ။ ကိုယ့်ကိုယ်ကိုယ်သတိထားမိရင် သိသာပါတယ်။
မကျေနပ်စိတ်အမြဲဖြစ်နေတဲ့သူကလည်း ကြာလာတော့ မကျေနပ်စိတ်က မသိစိတ်မှာစွဲသွားတော့တာပါ။ ဒီတော့ ဘယ်အာရုံပဲလာလာ မကျေနပ်စိတ်ပဲ ဖြစ်နေတော့တာပါ။ မကျေနပ်စိတ်မဖြစ်ရရင် မနေတတ်တော့ပါဘူး။ မကျေနပ်စိတ်ဖြစ်လိုက်ရမှပဲ လူက နေသာထိုင်သာရှိသွားတော့တာပါ။ မကျေနပ်စိတ်က မသိစိတ်မှာစွဲနေတာပါ။ ဒါကို သိစိတ်နဲ့ ပြန်ဖျောက်ရပါတယ်။
လူတစ်ယောက်ကို မကောင်းမြင်စိတ်အမြဲဖြစ်နေရင်လည်း ကြာလာတဲ့အခါ မကောင်းမြင်စိတ်က ကိုယ့်ရဲ့ မသိစိတ်မှာ စွဲသွားတတ်ပါတယ်။ မသိစိတ်မှာစွဲသွားရင် သူဘာလုပ်လုပ် ဘာပြောပြော မကောင်းဘဲ မြင်နေတော့တာပါ။ တကယ်လို့ ကိုယ်မကောင်းမြင်တဲ့ ပုဂ္ဂိုလ်က မိသားစု, မိတ်ဆွေဖြစ်တယ်ဆိုရင် နှစ်ယောက်လုံးအတွက် လွန်စွာဝမ်းနည်းဖို့ကောင်းပါတယ်။ တချိန်ကပြုခဲ့တဲ့ ကျေးဇူးတို့၊ သံယောဇဉ်တို့ဆိုတာ ပျောက်ကွယ်သွားတော့တာပါ။ ဒါမျိုးကြုံလာခဲ့ရင် ကိုယ့်ကိုယ်ကို သတိပြန်ကပ်ပြီး တချိန်ကကျေးဇူးတို့ ၊ သံယောဇဉ်တို့ကို ထပ်ကာထပ်ကာ ပြန်ပြန်စဉ်းစားပြီး သိစိတ်နဲ့ ပြန်ပယ်ပေးရပါတယ်။
ဒီလိုပါပဲ၊ စိတ်ချမ်းသာစရာပဲ တွေးနေတဲ့သူကလည်း ကြာလာတော့ စိတ်ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်လာတော့တာပါ။ ကိုယ်တွေးနေတဲ့အရာတွေက ကြာလာတော့ ကိုယ့်ဘဝဖြစ်လာတဲ့သဘောပါ။ ဒါကြောင့် မနက်အိပ်ရာနိုးတာနဲ့ ချက်ချင်းမထသေးဘဲ နမောတ ဿရွတ်ပြီး စိတ်ချမ်းသာဖို့ ဆုတောင်းမယ်။ တကယ်အိပ်ရာထတာနဲ့ "ငါစိတ်ချမ်းသာတယ် ၊ ငါစိတ်ချမ်းသာတယ်" လို့ ငါးခေါက် ခြောက်ခေါက်လောက် ရွတ်ပြီး ကိုယ်လက်သန့်စင်ခန်းသွားမယ်။ ကိုယ်ကိုယ်တိုင်က စိတ်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုတာကို ကိုယ်တိုင်ပြောပြောပေးတာပါ။
တချို့စိတ်ပညာစာအုပ်တွေမှာဆိုရင် ကိုယ်လုံးပေါ်မှန်ရှေ့ မှာ "ငါစိတ်ချမ်းသာတယ်၊ ငါစိတ်ချမ်းသာတယ်" လို့ တစ်နေ့သုံးကြိမ်လောက် အသံထွက်ပြီးဆိုခိုင်းတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်နေတဲ့သူဆိုရင်လည်း "ငါ့ကိုယ်ကို ငါယုံကြည်တယ် ၊ငါ့ကိုယ်ကို ငါယုံကြည်တယ်" လို့ နေ့စဉ်ဆိုခိုင်းတာပါ။ ဒီတော့ စိတ်ချမ်းသာဖို့ ဘာသာရေးဘက်ကနေ ရွှေတိဂုံဘုရားမှာ ကုသိုလ်ပြုဆုတောင်းမယ်၊ မဟာမုနိဘုရားကြီးမှာ ကုသိုလ်ပြုဆုတောင်းမယ်၊ အိမ်ကဘုရားမှာ ပန်း ရေချမ်းကပ်ဆုတောင်းမယ်၊ တခြားကုသိုလ်တွေပြုဆုတောင်းမယ်။ စိတ်ပညာဘက်ကလည်း "ငါစိတ်ချမ်းသာတယ်၊ ငါစိတ်ချမ်းသာတယ်" လို့ နေ့စဉ်တစ်နေ့သုံးကြိမ်လောက်ရွတ်ပြီး မသိစိတ်မှာစွဲသွားအောင် လေ့ကျင့်ယူမယ်ဆိုရင် စိတ်ချမ်းသာရာနယ်ပယ်နဲ့ နီးနီးလာမှာပါ။
တချို့စိတ်ဆင်းရဲစရာတွေက တွေးလို့စိတ်ဆင်းရဲတာပါ၊ မတွေးရင် စိတ်မဆင်းရဲပါဘူး။ သတိထားကြည့်ရင် သိသာပါတယ်။ ဒီတော့ စိတ်ဆင်းရဲစရာတွေ တွေးပြီဆိုရင် သတိလေးနဲ့ ကိုယ့်စိတ်ကို ပြန်ကြည့် ကြည့်ပေးဖို့ပါ။ သတိနဲ့ ပြန်ကြည့်လိုက်ရင် တွေးလို့စိတ်ဆင်းရဲရတယ်ဆိုတာ ကိုယ်တိုင်သိရပါတယ်။
တစ်နေ့ကျရင် ခုရှိနေတဲ့လူတွေ ကိုယ်အပါအဝင် တစ်ယောက်မှရှိတော့ မှာ မဟုတ်ပါဘူး။ ဒါတွေကို သိပါလျက်နဲ့ ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရနဲ့ နေနေရတဲ့ဘဝကလည်း စိတ်ဆင်းရဲစရာအကြောင်းတွေထဲက အကြောင်းတစ်ခုပါ။ ဘယ်သူ့ မှမထိခိုက်ဘူးဆိုရင် လူ့ဘဝသက်တမ်းတိုတိုလေးမှာ ကိုယ်နေချင်တဲ့ ပုံစံလေးနဲ့ နေသွားတာကလည်း စိတ်ချမ်းသာရာတစ်ခုပါပဲ။
တကယ်တော့ ဆင်းရဲတယ်ဆိုတာ ဘယ်ဆင်းရဲမှ မကောင်းပါဘူး။ စိတ်ဆင်းရဲတာလည်း မကောင်းပါဘူး။ ပိုက်ဆံဆင်းရဲတာလည်း မကောင်းပါဘူး။ ဒါပေမယ့် ပိုက်ဆံကိုပဲ 'ပထမ' 'ပထမ' ထားနေပြန်ရင်လည်း စိတ်ဆင်းရဲမှုက သက်ရောက်မှုအရ မခေါ်ဘဲရောက်လာရဦးမှာပါ၊ လူတွေဟာ သေသာသွားတယ် ကိုယ်ရှာထားတဲ့ ပိုက်ဆံတွေကို ဘယ်သူမှတော့ ကုန်အောင် သုံးမသွားနိုင်ပါဘူး၊ ဒီလိုနဲ့ပဲ သေသွားရတာပါ။ မနက်ဖြန်ရှင်မယ်ဆိုတာတောင် သေချာတာမဟုတ်ပါဘူး။
သိင်္ဃသူ့သမီးကတော့ သူ့ဝန်းကျင်ကဇာတ်ဆောင်တွေရဲ့ ကံသုံးပါးအမူအရာတွေကိုကြည့်ပြီးပဲ ဆုတောင်းခဲ့လေသလား၊ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ ရမ္မက်ဒေါသစသည်နည်းပါးသူဖြစ်ချင်လို့ပဲ ဆုတောင်းခဲ့လေသလား ဆိုတဲ့ အတွေးကိုတော့ တွေးတွေးနေမိပါတယ်။ တကယ်တော့ သိင်္ဃသူ့သမီးက နှောင်းလူတွေအတွက်တော့ဆုတောင်းနည်းပြတစ်ဦးပါ။ ကျေးဇူးလည်းတင်ဖို့ကောင်းပါတယ်။ ဆုတောင်းလေးက တရားတစ်ခုအနေနဲ့ ဒီနေ့အထိ ကျေးဇူးပြုနေတာကတော့အမှန်တကယ်ပါ။
ဘာပဲပြောပြော ပန်းတစ်ပွင့်ပဲလှူလှူ ဘယ်ကုသိုလ်လေးပဲပြုပြု ကုသိုလ်ပြုတိုင်းပြုတိုင်း "ဘဝအဆက်ဆက်စိတ်ချမ်းသာရပါလို၏ ဘုရား" လို့ ဆုတောင်းလိုက်ရတာကကိုပဲ ကျေနပ်ရခြင်းတစ်ခုဖြစ်နေပါပြီလေ။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး။ ။
၁။ ဒဿမတန်းမြန်မာစကားပြေလက်ရွေးစဉ်၊
၂။ ဦးကုလား မဟာရာဇဝင်ကြီး၊
ပထမအုပ် စာမျက်နှာ ၂၃၄။
၃။ မှန်နန်းမဟာရာဇဝင်တော်ကြီး၊
မင်းခွေးချေးအကြောင်း။
၄။ တွင်းသင်းမြန်မာရာဇဝင်သစ်၊
ပထမတွဲ- စာမျက်နှာ ၁၃၉။
၅။ သုသောဓိတ မဟာရာဇဝင်ကြီး ပတွဲ နှင့် ဒုတွဲ၊
မင်းခွေးချေးအကြောင်း။
၆။ ပုဂံခေတ်မြန်မာစာပေပါရဂူ (Ph.D) ဘွဲ့အတွက် တင်သွင်းသောကျမ်း၊
(မောင်ရဲဌေး)
၇။ မြန်မာစာပါမောက္ခ ဆရာမ မမိုးမြေ၏ ရာဇဝင်သမိုင်းကျောက်စာများကို
စာရေးသူအား နှုတ်အားဖြင့် သင်ကြားပြောပြပေးမှုများ။
(သမိုင်းရာဇဝင်နာမည်များကိုတော့ "ဦးကုလားမဟာရာဇဝင်ကြီး"တစ်အုပ်ကိုသာယူ၍ ရေးပါသည်)

မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ပေးပါသည်

📖 မေတ္တာဖြင့်...
👨‍🎓အရှင်စန္ဒာသိရီ - ရေဦး။

Address


Website

Alerts

Be the first to know and let us send you an email when 333 Store South Dagon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share