Updating Myanmar

  • Home
  • Updating Myanmar

Updating Myanmar To help somehow with the right and update news in Myanmar.

နောင်ချိုမြို့ကနောက်ဆုံးအခြေအနေ
10/07/2024

နောင်ချိုမြို့ကနောက်ဆုံးအခြေအနေ

နောင်ချိုမြို့ကို TNLA သိမ်းပိုက်ထိန်းချုပ်
~~~
■ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ဇူလိုင်လ ၁၀ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် တစ်မြို့လုံးကို ထိန်းချုပ်ထားတယ်လို့ တအောင်းအမျိုးသားတပ်မတော် (TNLA) က RFA ကို ဇူလိုင်လ ၁၀ ရက်နေ့ ညနေက ပြောပါတယ်။

အဲဒီဒုံးတပ်ရင်းကို ဒီနေ့ မွန်းလွဲပိုင်း သိမ်းပိုက်နိုင်ခဲ့တာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောပါတယ်။

“နောင်ချိုမှာ ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ (၆၀၆) ဒုံးတပ်ရင်းကို ကျွန်မတို့ ဒီနေ့လယ် သုံးနာရီဝန်းကျင်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်”

စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့ အခြေအနေ အသေးစိတ်ကို လတ်တလော မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒုံးတပ်ရင်းကို တိုက်ခိုက်နေချိန်အတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သလို အဆိပ်ဗုံးတွေနဲ့လည်း တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိပ်ဗုံးတွေနဲ့ တိုက်ခိုက်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နောင်ချိုမြို့က တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့ TNLA တို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ သူတို့အနေနဲ့ မြို့ရွာတွေ၊ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံစေရေးအတွက် အထူးအလေးထားပြီး ဆောင်ရွက်သွားမယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။

နောင်ချိုမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းတွေကို TNLA နဲ့ ပူပေါင်းအဖွဲ့က ဇွန်လ ၂၅ ရက်နေ့ကတည်းက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၁၂ ခုနဲ့ မြို့ကိုပါ သိမ်းယူလာနိုင်တာပါ။
----------------

တအောင်းအမျိုးသားတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ (Photo: Telegram/ PSLF/TNLA News)

စစ်ကိုင်းတိုင်း အတွင်းက ရေကြီးရေလျှံမှုပြဿနာ
10/07/2024

စစ်ကိုင်းတိုင်း အတွင်းက ရေကြီးရေလျှံမှုပြဿနာ

စစ်ကိုင်းတိုင်း... ဝက်လက်မြို့နယ်
10/07/2024

စစ်ကိုင်းတိုင်း... ဝက်လက်မြို့နယ်

စစ်ရေးပြကိုဘာကြောင့်ညဖက်ပြောင်းလုပ်ရသလဲ?????
27/03/2024

စစ်ရေးပြကိုဘာကြောင့်ညဖက်ပြောင်းလုပ်ရသလဲ?????

PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့မပြောတော့ဘဲ လက်အောက်စစ်သားတွေ အသက်ပေးကာကွယ်ကြဖို့သာ စစ်ခေါင်းဆောင်တိုက်တွန်း

မြေလတ်အသံ၊ မတ် ၂၇၊ ၂၀၂၄ ။

ယမန်နှစ်တွေမှာ ပြောဆိုနေကျ PDF တွေနဲ့ထောက်ပံ့ပေးနေတဲ့ EAO တချို့ကို အမြစ်ပြတ်ချေမှုန်းမှာဖြစ်ကြောင်းကို ယနေ့ပြုလုပ်တဲ့ ၇၉ မြောက် တပ်မတော်နေ့မှာ ထည့်သွင်းပြောဆိုသွားတာမျိုး မရှိတာကို တွေ့ရပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့မှာ အရင်နှစ်တွေမှာ ပြောခဲ့သလို PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့မပြောတော့ဘဲ လက်အောက်စစ်သားတွေ အသက်ပေးကာကွယ်ကြဖို့သာ စစ်ခေါင်းဆောင်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြုလုပ်တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာကျင်းပတဲ့ ၇၇ နဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ၂ နှစ်ဆက်တိုက် ထည့်သွင်းပြောဆိုခဲ့ပေမယ့် အခုနှစ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုတာမျိုး မတွေ့ရတာပါ။

ရှမ်းမြောက်ဒေသ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ကရင်နီဒေသ ၁၁၀၇ စစ်ဆင်ရေးနဲ့ AA တပ်ရဲ့ ရခိုင်ဒေသထိုးစစ်၊ KIA တပ်ရဲ့ ၀၃၀၇ စစ်ဆင်ရေးတွေမှာ နယ်မြေအများအပြားအပြင် အောက်လက်ငယ်သားတွေ သေတာ၊ အဖမ်းခံရတာ၊ လက်နက်ချတာနဲ့ စစ်တပ်စခန်းအများအပြားဆုံးရှုံးခဲ့ပြီးတဲ့နောက်မှာ အခုလို လေသံပြောင်းသွားခဲ့တာဖြစ်ပါတယ်။

အခုနှစ်မိန့်ခွန်းမှာတော့ NUG၊ PDF နဲ့ စစ်ကောင်စီကိုတော်လှန်နေတဲ့ EROs တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအမည်ခံ ပြည်တွင်းအဖျက်သမားတွေနဲ့ ပြည်ပလက်ဝေခံ အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ဖျက်ချေမှုန်းကြဖို့အပြင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးဆောင်ရွက်ဖို့ကို သူ့ရဲ့ နိဂုံးချုပ်မှာ ထည့်သွင်းပြောဆိုသွားတာပါ။

အခုနှစ်ပြုလုပ်တဲ့ တပ်မတော်နေ့အခမ်းအနားကို ညပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီး သာမန်အတိုင်း မနက်ပိုင်းမပြုလုပ်ဘဲ ညပိုင်းပြုလုပ်တာဟာ စစ်ရေးပြအခမ်းအနားလေ့ကျင့်မှုအတွက် လုံလောက်တဲ့ လေ့ကျင့်ချိန်မရတာကြောင့်လို့ CDM တပ်မတော်သားတချို့က သုံးသပ်ပါတယ်။

“ ညဘက်လုပ်တော့ စစ်ရေးပြစကွက်(Squad)တွေ မညီတာကို မမြင်သာတော့ဘူးပေါ့။ တပ်မတော်နေ့စစ်ရေးပြကို ၁ လ လောက်ပဲကျင့်ပြီး ဖုတ်ပူမီးတိုက် လုပ်ရလို့ ညဘက်ပြောင်းလိုက်တာ” လို့ CDM တပ်မတော်သားတဦးက ပြောပါတယ်။

#မြေလတ်အသံ
#တပ်မတော်နေ့ #စစ်ရေးပြ #မင်းအောင်လှိုင် #အခမ်းအနား #မိန့်ခွန်း

မြေလတ်အသံ page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
*****************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/

27/03/2024

ပေါက်နဲ့ ကံမမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ဖြစ်စဥ်များ....

27/03/2024

၂၀၂၄ မတ်၂၇
ည (၇)ခန့်
ရန်ကုန်မြို့လယ်ခေါင်
ဆူးလေအနီး
ပေါက်ကွဲမှု...👉👉👉

I am not lost....
04/02/2024

I am not lost....

Nyi Nyi Zaw, 23, wrote the poem "Am I lost?", after speaking to two siblings at a camp for people displaced by conflict in northern Myanmar as part of his ro...

လေးစားလျက်ပါ ဦးမင်းကိုနိုင်
02/02/2024

လေးစားလျက်ပါ ဦးမင်းကိုနိုင်

ပြည်သူ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲတွင် ဦးမင်းကိုနိုင်၏ ပြောကြားမှု Cha...

လေးစါးပါတယ်ဒေါ်ဇင်မာအောင်
02/02/2024

လေးစါးပါတယ်ဒေါ်ဇင်မာအောင်

ပြည်သူ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရ....

၃ နှစ်တိုင်ခဲ့သည့်တိုင်....
01/02/2024

၃ နှစ်တိုင်ခဲ့သည့်တိုင်....

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် အသံတိတ် သပိတ်ဆင်နွှဲ - ဘီဘီစီ မြန်မာတီဗီ - ၁ ဖေဖော်ဝါရီ ၂၀၂၄စစ်တပ် အာဏာသိမ်းမှု သု...

11/11/2023

ကန့်ဘလူသတင်းတွေကြားထဲ
ဝါသဝဘာပြောမလဲ
သိချင်မိ

11/11/2023

ထီးချိုင့်
သတင်းစုစည်းမှု

11/11/2023

၁၁.၁၁.၂၀၂၃
ကောလင်းမှာ
ဘာတွေဖြစ်နေလဲ
👂👂👂

11/11/2023

မြန်မာ့သမိုင်းအပြောင်းအလဲကာလကြီးမှာ...သင်ဘာတွေ
လုပ်နေသလဲ???

သပြေညို သူ့ခေါင်းမှာတဲ့ သပြေညိုငါ့ခေါင်းမှာတဲ့ သပြေညို။တို့‌ပြေမှာ တို့မေကမ်းပါတဲ့သပြေညို ရွှေဘိုပန်းဟာကလန်းလျက်ပါကို။ဘာ...
11/11/2023

သပြေညို

သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။

တို့‌ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုက အသွေး။

လင်းကြက် အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

(ဆရာကြီး မင်းသုဝဏ်)

Address


Website

Alerts

Be the first to know and let us send you an email when Updating Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share