Armed Revolutionary Force - KU

  • Home
  • Armed Revolutionary Force - KU

Armed Revolutionary Force - KU Media and News
(41)

26/09/2024

`Done Mission´(8.9.2024ရက်နေ့မှ20.9.2024ရက်နေ့ထိ)၁၃ရက်ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း
မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း(BOB)နှင့်ပူးတွဲ၍ကျွန်ုပ်တို့ Armed Revolutionary Force - KU (ခင်ဦးမြို့နယ် ပလဖ)သည် ဘုတလင်မြို့နယ် (ကူတော်ရွာ)ခွေးစခန်းအား Done များဖြင့် ဗုံးသီးအလုံး ၁၀၀ ကျော်တို့ဖြင့်တိုက်ခိုက်ခဲ့

လက်နက်ခဲယမ်းဖြည့်တင်းရန်အတွက်ပါဝင်အားဖြည့်ပေးပါသော(CSC.JAPAN) G-3 တပ်စိပ်အားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်...
26/09/2024

လက်နက်ခဲယမ်းဖြည့်တင်းရန်အတွက်ပါဝင်အားဖြည့်ပေးပါသော(CSC.JAPAN) G-3 တပ်စိပ်အားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


22/09/2024

22 ,7,2024
ရေဦးမြို့ထဲဝင်သော စျေးသည်များအား မှတ်ပုံတင်နံပါတ်နှင့်အိမ်ထောင်စုစာရင်းများတောင်း၍
မနက် ၆.၀၀ မှ ညနေ ၃.၀၀ နာရီထိ သင်တန်းတက်ရန်စာရင်းကောက်ယူနေ
ယနေ့ နံနက်ပိုင်းတွင် ရွှေပြည်သာမှ ၃ဦး ပါသွား

10/08/2024

စကစဗိုလ်ချုပ်တွေ အချိန်မှီအမြင်မှန်ရကြဖို့လိုပြီ
………………………………..
နွေဦးတော်လှန်ရေးအရှိန်အဟုန်ကြောင့် မြန်မာနိုင်ငံရဲ့ စစ်ရေးအပြောင်းအလဲတွေ အလွန်လျင်မြန်စွာ တိုးတက်ဖြစ်ပေါ်နေပါတယ်။ မအလက သမ္မတရူး ရူးလို့အားရသွားချိန် (သူ့ကိုယ်သူပြန်တာဝန်ပေးပြီး) စက်ရုံတခုကိုသွားကြည့်ချိန်မှာပဲ လားရှိုးမြို့အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးကျသွားတာပါပဲ။ တပြိုင်ထဲလိုမှာပဲ ကျောက်မဲ နဲ့ မိုးမိတ် ၊ တွင်းငယ်စတဲ့ မြို့တွေပါ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ကျရောက်လာတာပါ။ ရမခ ကျလုဆဲဆဲမှာ ရမခဟာ အစဥ်အလာကြီးကြောင်း ပြောချင်လို့ ဒီနေရာဟာ တရုတ်ဖြူနှိမ်နင်းရေး လုပ်ခဲ့တဲ့နေရာဖြစ်ကြောင်း ဇော်မဲလုံးက အာချောင်ခဲ့ပါသေးတယ်။

တကယ်တော့ အဲဒါက အချက်အလက်မှားကြီးပါ။ ရမခဖွဲ့ချိန် ၁၉၇၂ခုနှစ်မှာ တရုတ်ဖြူကိစ္စပြီးဆုံးသွားတာတောင်အတော်ကြာနေပါပြီ။ တကယ်က ၇၀ ခုနှစ်နောက်ပိုင်း လော်စစ်ဟန်ရဲ့ကာကွယ်ရေးတပ်တွေ ခြေချင်းလိမ်နေခဲ့တဲ့နေရာလို့ပြောရမှာပါ။ နောက်ပိုင်းတလျောက်လုံးလဲ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊လားရှိုး နေရာအားလုံးဟာ စကစမွေးထားတဲ့ ပြည်သူ့စစ်ပေါင်းစုံ က တရားမဝင်တဲ့ စီးပွားရေးပေါင်းစုံလုပ်ကြပြီး ရှုပ်ထွေးပွေလီနေတဲ့ နေရာတွေပါ။ ဒီနေရာတွေအားလုံး စကစ မရှိတော့မှာ ပြန်လည်ရှင်းလင်း တည်ဆောက်ကြရမှာပါ။

ဒါပေမယ့် မအလ က လားရှိုးကျပြီး နောက်နေ့မှာ မိန့်ခွန်းပြောရာမှာတော့ ထုံးစံအတိုင်း သူ့ကိုယ်သူမှအပ အားလုံးကိုအပြစ်ဖို့သွားတာ တွေ့ကြရတာပါ။ ဒါကလဲ အံ့သြစရာတော့မဟုတ်ပါဘူး၊ စစ်တပ်ကလူတွေ သူ့အရင်ကလူတွေအားလုံး ဒီလိုပဲပြောခဲ့ကြတာပါပဲ။ သူတို့အတွေးအခေါ်မှာ ဒေါ်စိန်အေးကျောင်းက ရိုက်သွင်းပေးလိုက်တာကလွဲလို့ အခြားဘာမှမရှိဘူးဆိုတာဖော်ပြနေတာပါ။ စစ်တပ်က တက်လာတဲ့ အကြီးဆုံးခေါင်းဆောင်ဟာ ဒီနိုင်ငံရဲ့ ခေါင်းဆောင်ပဲဖြစ်ရမယ်။ သူကတိုင်းပြည်အကြောင်းအသိဆုံးဖြစ်တယ်။ သူပြောတာအကုန်မှန်တယ်။ ထောက်ခံရမယ်။ ကန့်ကွက်သူဆန့်ကျင်သူဟာ ပုန်ကန်သူပဲ။ သောင်းကျန်းသူပဲ။ အကြမ်းဖက် သမားပဲ။ ဒါကြောင့် အဲလိုလူတွေကို သတ်တာ ရှင်းပစ်တာ။ ရွာတွေမီးရှို့တာ။ ဗုံးကြဲတာ အားလုံးမှန်တယ် ဆိုတာပါပဲ။ ဒါတွေကို အားဖြည့်ပေးတဲ့အနေနဲ့ ဂူကြီးကတောင် ဒိဋ္ဌိတွေ၊ တက္ကဒွန်းတွေဟာ လူအဖြစ်တောင် ကောင်းကောင်းမရောက်ကြသေးတဲ့အတွက် ဘယ်လောက်သတ်သတ် ပြဿနာမရှိဘူးလို့တောင် ဟောပေးခဲ့သေးတာပဲ။

မအလရဲ့မိန့်ခွန်းတွေမှာ အစောပိုင်းတနှစ်ကျော်အထိ လူထုဆန္ဒပြတာတွေ လူထုတိုက်ပွဲတွေ တူမီးကိုင်လာကြတာတွေ တလုံးမှထည့်မပြောခဲ့ပါဘူး။ တိုင်းပြည်ကြီးအေးချမ်းနေသယောင်၊ ဖြစ်ရပ်တွေက ဘာမှဂရုစိုက်စရာမလိုသယောင် လုပ်နေခဲ့တာဖြစ်တယ်။ နောက်မှ လူတွေဒီလောက်ဆန့်ကျင်မယ်လို့ သူတို့မထင်ခဲ့ကြောင်း ထုတ်ပြောလာတာပါ။ ဟောအခုတော့ သူတို့ရှုံးနေကြောင်း ဒလဟောဝန်ခံသွားတော့တာပဲ။ ဒါပေမယ့် တဘက်မှာ တရုတ်နဲ့ ဝ ကို စောင်းပြီး အပြစ်ဖို့သွားသေးတာပါ။ ဘောင်းတော်ငြိမ့်စိတ်တော်သိတွေက နောက်တနေ့ နပတနဲ့ ရန်ကုန်မှာ ၅ ထောင်စားတွေစုပြီး တရုတ်ဆန့်ကျင်ရေးတွေ ပြောင်လုပ်လာခဲ့ကြတာဖြစ်ပါတယ်။ လှေနံ ၄ ဘက်လောက်နင်းထားတဲ့ တရုတ်ကြီးအဖို့ တော်လှန်ရေးဘက်က တက်ကြွလှုပ်ရှားသူတွေရဲ့ ကန့်ကွက်တာခံရသလို စစ်တပ်ထိပ်သီးကိုယ်တိုင်ရဲ့ ဆန့်ကျင်တာပါ ခံနေရတာပါ။ နောက်တဘက်က တိုက်ပွဲဖော်တာတွေကို မကြာခဏ ဝင်ရောက်တားဆီးနေတဲ့အတွက် စကစကို အပြုတ်ဖြုတ်လိုတဲ့ တိုင်းရင်းသားတပ်ဖွဲ့များရဲ့ မကျေနပ်မှုနဲ့ပါ ရင်ဆိုင်ရတာဖြစ်တယ်။ အတွေ့အကြုံတွေအရကတော့ တရုတ်ပြည်က စစ်တပ်ကိုထောက်ခံလိုက်တိုင်း မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်တာခံရပြီး မဲအများစုနဲ့အာဏာရလာတဲ့ ပြီးခဲ့တဲ့ အစိုးရ နဲ့ ပြေလည်အောင်ဆက်ဆံတဲ့အတွက် လူထုရဲ့ ဆန့်ကျင်မှု လျော့ပါးသက်သာစေခဲ့တာပါပဲ။ လူထုအစိုးရလက်ထက်မှာ တရုတ်စီမံကိန်းတွေ ပိုပြီး တရားဝင်လာတာလဲဖြစ်တယ်။ မအလရဲ့ မိန့်ခွန်းကို နားထောင်လိုက်ရင် စစ်တပ်ထိပ်ဆုံးကလူရဲ့ အတွေးအခေါ် စဥ်းစားနိုင်စွမ်း ဒါလောက်အဆင့်ပဲရှိတာ သဘောပေါက်ကြမှာပါ။ ကျန်တဲ့သူတွေက အဲလောက်တောင် အဆင့်မရှိဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဒီအတွေးအခေါ် ဒီအဆင့်အတန်းနဲ့ တိုင်းပြည်အုပ်ချုပ် မင်း လုပ်ချင်တာလဲ အံ့ဘွယ်သုတလို့ပဲဆိုရမှာပါ။

နောက်တခုက သူ့မိန့်ခွန်းမှာ လူမျိုးရေးအရ ခွဲခြားပြောဆိုသွားတာပါ။ MNDAA က ကိုးကန့်လူမျိုး ၂၀ ရာခိုင်နှုန်း လောက်ပဲရှိတဲ့ လားရှိုးကိုတိုက်တယ်။ TNLAကတော့ တအာင်းလူမျိုး ၂ ရာခိုင်နှုန်း တောင်မရှိတဲ့ နောင်ချိုကို တိုက်တယ်ဆိုပြီးပြောသွားတာ။ နောက်တနေ့ သတင်းစာတွေမှာ ခေတ်အဆက်ဆက် အသက်သွေးချွေးပေးဆပ်ခဲ့တဲ့ မြန်မာ့ တပ်မတော်နဲ့ မျိုးချစ်ပြည်သူ များက ဦးဆောင်ဆင်နွှဲနေတဲ့ တရားသောစစ်အောင်နိုင်ဖို့ ပြည်သူတွေက ဝိုင်းဝန်းထောက်ခံပေးကြပါ လို့တောင် လူများစု ဗမာတွေကို မဖြစ်ညစ်ကျယ်လှုံ့ဆော်သွားသေးတာပါ။ အဲဒီစကားတွေကိုကြည့်ရင် အခု တိုင်းရင်း သားနဲ့ PDFတွေ ဘာကြောင့် လက်နက်ကိုင်တိုက်နေရသလဲဆိုတဲ့ အခြေခံအချက်ကိုတောင် ခုထိသိပုံ မရသေးတာတွေ့ရတာပါပဲ။ အရင်ကဆိုရင်တော့ ဒီလို သွေးခွဲမှုတွေက အောင်မြင်တာတွေရှိခဲ့ပါတယ်။ အတွေ့အကြုံတွေပြောရရင် ကချင်ပြည်နယ်မှာ ကချင်နဲ့ ရှမ်းနီကြား၊ ကချင်နဲ့ လီဆူကြား၊ ရဝမ်ကြား ပိုပြီးသွေးကွဲအောင်လုပ်တာ လက်နက်ကိုင်အဆင့်ထိရောက်အောင်လုပ်ပေးတာတွေက နဝတခေတ်ကတည်းက လုပ်လာတာတွေပါ။ ရှမ်းပြည် နယ်မှာ RCSS ကို ယဥ်တန်းတွေနဲ့ပါကူညီပြီး SSPP ဂွင်ထဲအထိရောက်အောင်ပို့ပေးကာ မငြိမ်းနိုင်တဲ့ပဋိပက္ခတွေဖြစ်စေတာ။ လတ်တလော မောင်တောမှာ သူတို့ကိုယ်တိုင်နှိပ်ကွပ် သတ်ဖြတ်ထားတဲ့ ရိုဟင်ဂျာတွေကို ရခိုင်ဆန့်ကျင်ရေးအတွက် လက်နက်တပ်ဆင်ပေးနေတာတွေ အထင်အရှားရှိနေတဲ့ ဥပမာတွေပါ။ ဒါတွေက တိုင်းရင်း သားချင်းသွေးကွဲလေ စစ်အာဏာရူးတွေခိုင်မြဲလေဆိုတဲ့ မဟာဗျူဟာ စဥ်းစားချက်တွေအောက်က လာတာတွေပါ။

အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးမှာ မအလဟာ တာဝန်အရှိဆုံး ဦးဆောင်သူဖြစ်ပေမယ့် သူ့နောက်မှာ အုပ်စုလိုက်ရှိနေပါတယ်။ သူတို့အားလုံးဟာ သူတို့အုပ်စုလိုက်အကျိုးစီးပွားအတွက် အတက်ကြွဆုံး လုပ်နေခဲ့ကြတာဖြစ်တယ်။ အာဏာသိမ်းမှုသာ ခိုင်သွားမယ်ဆိုရင် နဝတခေတ်က စစ်တပ်ထိပ်ပိုင်းတွေလို ဆွေ ၇ ဆက် မျိုး ၇ ဆက်စားမကုန်အောင်ရကြတော့မှာကို တွေးပြီး လုပ်ခဲ့ကြတာပါပဲ။ သူတို့မှာ ဒါထက်ပိုတဲ့ နိုင်ငံရေးအသိအမြင် ဘာမှမရှိပါဘူး။ ဖက်ဒရယ်အရေး ဒီမိုကရေစီအရေးတွေက ဝေလာဝေးပါပဲ။ နိုင်ငံရေးအပေးအယူ စေ့စပ်ဆွေးနွေးတာတွေ ဘာတွေ သူတို့နားလည်နိုင်စွမ်းမရှိပါဘူး။ သူ့မိန့်ခွန်းနဲ့ ပြုမူလှုပ်ရှားနေပုံတွေကိုကြည့်ရင် သူတို့မနိုင်ရင် တတ်နိုင်သမျှတိုင်းပြည်ကို ဖျက်ပြီးမှ တနေရာကို ထွက်ပြေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်နေတာပါပဲ၊ သူများနိုင်ငံက အလယ်တန်းကျောင်း သား ဗဟုသုတလောက်ရှိတာတွေကို မအလကသူ့မိန့်ခွန်းတွေမှာ အဟုတ်ကြီးလုပ်ပြီး ထည့်ပြောနေကတည်းက စစ်တပ်အခြေအနေကိုခန့်မှန်းလို့ ရနေတာဖြစ်ပါတယ်။ ခုတော့ မအလ နေဝင်ချိန်ရောက်ပါပြီ။ မေမြို့နဲ့ မန္တလေးလဲ ခပ်လှုပ်လှုပ်ဖြစ်နေပြီ၊ မေမြို့က ပြေးလာတဲ့ တပ်မျိုးနွယ်အများစုပါတဲ့ ယဥ်တန်းတွေ မဆုံးနိုင်အောင်ဖြစ်နေတာတွေ့နေရပြီ၊ မန်းလေးကနေ နပတကိုပြေး ၊ ပြီးရင်တော့ ပြေးစရာမရှိတော့ဘူးဆိုတာလေးလဲ ခေါင်းထဲထည့်ထားကြရတော့မှာပါ။

ဒီလိုအခြေအနေတွေကြောင့် ၇ ရက်နေ့ကပဲ NUG ကာကွယ်ရေး ဝန်ကြီးက စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ ဒကစတွေ၊ စကခတွေ၊ တပ်မလိုက်ဖြစ်စေ အမြင်မှန်ရကာ NUG နဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံးဆက်သွယ်ပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ ထပ်မံ လှုံ့ဆော်လိုက်တာတွေ့ရတာပါ။ သူပြောတဲ့ ထဲမှာ " အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ ရောက်ရှိလာခဲ့ပြီး ပြည်ထောင်စုပြိုကွဲမှာ စိုးတယ်ဆိုတဲ့ ခြောက်လုံးနဲ့ တိုင်းရင်းသားပြည်သူအပေါ် ဂုတ်ခွစီးပြီး အခွင့်ထူးခံနေတဲ့၊ လုပ်စားအတွေးအခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်။ ပြည်ထောင်စုမပြိုကွဲအောင် တကယ်တန်းတာဝန်ယူစောင့်ရှောက်နေတဲ့သူဟာ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေပဲဖြစ်တယ် "လို့ပြောသွားတာပါ။ နောက်ဆက်ပြီးတော့" ကျွန်တော်တို့အခုတိုက်နေတာ စနစ်ကိုပဲဖြစ်တယ်၊ လူကိုတိုက်နေတာမဟုတ်ဖူး၊ ခင်ဗျားတို့ဘဝတွေ အသက်တွေ မဆုံးရှုံးစေသလို ကျွန်တော်တို့တော်လှန်ရေး ရဲဘော်တွေ ပြည်သူတွေရဲ့ အသက်တွေဘဝတွေလဲ အကျိုးမဲ့ မဆုံရှုံးစေလိုဘူး၊ စစ်မြေပြင်ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျွန်တော်တို့မဖမ်းလိုဘူး၊ ခင်ဗျားတို့ရဲ့အသက်သာမက ဘဝ ဂုဏ်သိက္ခာကိုလဲ ဒီထက်ပိုပြီးလေးစားအသိအမှတ်ပြုလိုတယ် " လို့ပြောတာပါ၊ ဦးရည်မွန်ရဲ့ပြောစကား တွေက ထပ်ပြီးအဓိပ္ပါယ်ဖွင့်စရာမလိုအောင်ရှင်းနေပါတယ်။ စစ်အုပ်စုထိပ်ကလူတွေရဲ့ အကျိုးကိုကာကွယ်မနေဘဲ ကိုယ့်အသက်ကိုယ် ကိုယ့်ဂုဏ်သိက္ခာကိုယ် ကာကွယ်စောင့်ရှောက်ကြဖို့ လှုံ့ဆော်လိုက်တာပါပဲ။ မဟုတ်ရင်တော့ တော်လှန်ရေးလှိုင်းလုံးရဲ့ ရိုက်ခတ်ခြင်းခံရပြီး ကိုယ့်မိသားစု၊ ကိုယ့်ပိုင်ဆိုင်မှုလေးတွေသာမက အသက်နဲ့ကိုယ်ပါ အိုးစားကွဲသွားမယ့်အရေးကို သတိပေးနေတာပဲဖြစ်တယ်။ အချိန်မှီအသိတရားရဖို့ကတော့ မအလလက်အောက်က စစ်သည်တွေ၊ ဗိုလ်ချုပ်တွေရဲ့ အရေးကြီး တာဝန်ဖြစ်လို့လာနေပြီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

10/08/2024

တော်လှန်ရေးအင်အားစုများ ပြန့်ကျဲသတဲ့လာ
ရန်နိုင် (သလ္လာဝတီ) 8 August

စစ်တပ်၏ ဝါဒမှိုင်းများ၊ တတိယအင်အားစုများ၊ နိုင်ငံတကာအသိုင်းဝိုင်းနှင့် ပညာရှင်ဆိုသူများ၊ လက်ရှိ လူထုတော်လှန်ရေးကို အားမလိုအားမရ ဖြစ်သူများနှင့် အတိုက်အခံများက “တော်လှန်ရေးအင်အားစုများသည် ပြန့်ကျဲလျက်ရှိပြီး မစုစည်းနိုင်” ဆိုသည့် ယူဆချက်ကို ထပ်ခါထပ်ခါ ပြောဆိုလျက် ရှိသည်။ အဆိုပါ ယူဆချက်မှသည် အောက်ပါခန့်မှန်းချက်၊ တိုက်တွန်းချက်များအထိ သွားလေရာ လူထုတော်လှန်ရေးကို ထိခိုက်လျက်ရှိသည်။

၁။ မစုစည်းနိုင်ခြင်းကြောင့် တော်လှန်ရေးတပ်များ ရှုံးနိမ့်ပြီး စစ်တပ်အောင်ပွဲခံမည် (စစ်တပ်၏ ဝါဒမှိုင်း)

၂။ မစုစည်းနိုင်ခြင်းကြောင့် စစ်ပွဲရှည်ကြာပြီး ပြည်သူများ ဒုက္ခရောက်မည်၊ ထို့ကြောင့် အမြန်ဆုံး တွေ့ဆုံညှိနှိုင်းကြပါ (နိုင်ငံတကာ၊ တတိယအင်အားစုနှင့် ငြိမ်းချမ်းရေးပွဲစား ပညာရှင်များ၏ အဓိက တိုက်တွန်းချက်)

၃။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မစုစည်းနိုင်ခြင်းကြောင့် ပြိုကွဲနိုင်ငံဖြစ်မည် (စစ်တပ်ကို မထောက်ခံသော်လည်း NUG နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့၏ အတိုက်အခံအင်အားစုများ) ဟု ပြောဆိုကြသည်။

သို့သော် စစ်အာဏာရှင်ကို တိုက်ခိုက်သည့် မည်သည့်အဖွဲ့မဆို ပြန့်ကျဲသည်ဖြစ်စေ၊ မပြန့်ကျဲသည်ဖြစ်စေ လူထုကြီးက အားပေးလျက်ရှိသည်ကို လျစ်လျူရှုနေကြသည်။ လူထုသည် နိုင်မည်ဟု ခန့်မှန်း၍၊ သိရှိ၍ တော်လှန်နေခြင်းထက် မတော်လှန်လို့မရသည့် အခြေအနေကြောင့်ကို တော်လှန်နေကြရခြင်းသာ ဖြစ်သည်။ ဤတင်ပြချက်တွင် အဆိုပါ အချက်များကို တတ်နိုင်သမျှ အတိုချုပ် ချေပရေးသားအပ်ပါသည်။

“မစုစည်းနိုင်” ဆိုသည်ကို ထောက်ပံ့သည့် ယူဆချက်များ

၁။ NUG ကြောင့် အင်အားစုများကို မစုစည်းနိုင်။
၂။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (ERO) များသည် ပြန့်ကျဲနေပြီး ဘုံရည်မှန်းချက်မရှိ၊ ၎င်းတို့နယ်မြေလွတ်မြောက်ရေး အတွက်သာ တိုက်မည်။
၃။ PDF များသည် အင်အားကြီးထွားမလာနိုင်၊ ERO များ၏ အသုံးချခံသာဖြစ်သည်။

ချေပချက် ၁။ ။ NUG ကြောင့် အင်အားစုများကို မစုစည်းနိုင်

၁။ NUG သည်ပင်လျှင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (FDC) အရ ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်။

NUCC သည် (၁) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ခေါ် ရွေးကောက်ခံ ကိုယ်စားလှယ်များအစုအဖွဲ့၊ (၂) နိုင်ငံရေးပါတီအစုအဖွဲ့၊ (၃) သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အရပ်ဖက်အဖွဲ့ အစည်းများ၊ CDM နှင့် သပိတ်ကော်မတီများ အစုအဖွဲ့၊ (၄) ERO များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်ကိုယ်စားပြုနှင့် လူမျိုးအခြေပြုအဖွဲ့အစည်း/ကောင်စီများ (ကရင်နီ၊ ချင်း၊ မွန်၊ ပအိုဝ်းနှင့် တအာင်း) တို့ ပါဝင်သည့် တော်လှန်ရေး အင်အားစုကြီးဖြစ်သည်။

၂။ NUG သည် အင်အားစုများကို မစုစည်းနိုင်ဆိုသည့် ဝေဖန်ချက်သည် အမြီးအမောက် မတည့်ပေ။ NUG ကသာ အဓိက စုစည်းရမည့်သူ မဟုတ်ဘဲ NUG ကိုယ်တိုင်ပင်လျှင် အင်အားစု အစုအဖွဲ့များမှ ဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သည်ကို သတိပြုရန်လိုသည်။

၃။ ထို့ပြင် K3C အဖြစ် KIO (ကချင်)၊ KNU (ကရင်)၊ KNPP (ကရင်နီ)၊ CNF (ချင်း) ဆိုသည့် ERO များနှင့် NUG အကြား စစ်ရေး၊ နိုင်ငံရေး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အခြား ပလက်ဖောင်းတခုအနေဖြင့် AA (ရခိုင်)၊ TNLA (တအာင်း)၊ MNDAA (ကိုးကန့်)၊ PNLO (ပအိုဝ်း)၊ NMSP (မွန်)၊ ABSDF (ကျောင်းသားတပ်ဦး) တို့နှင့်လည်း စစ်ရေး ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

သုံးသပ်ချက်

NUG သည် အင်အားစုများကို စုစည်းခြင်းမဟုတ်၊ NUG သည်ပင်လျှင် စုစည်းအင်အားစုများ၏ ရလဒ်ဖြစ်သည်၊ ပိုမိုအားကောင်းသည့် စုဖွဲ့မှုဖြင့် အင်အားစုများက အလိုရှိပါက NUG ကို FDC အရ အချိန်မရွေး ပြန်လည် စုဖွဲ့နိုင်သည့် အခင်းအကျင်း ရှိပြီးဖြစ်သည်။ NUG အားကောင်းမှ အင်အားများ စုစည်းလာနိုင်ခြင်းထက် အင်အားများ စုစည်းလာမှသာ NUG အားကောင်းလာမည် ဖြစ်သည်။ လက်ရှိ စုစည်းအင်အားစု NUG သည်လည်း အခြား အင်အားစုများနှင့် စစ်ရေး၊ နိုင်ငံရေးများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ချေပချက် ၂ ။ ။ ERO များသည် ပြန့်ကျဲနေပြီး ဘုံရည်မှန်းချက်မရှိ၊ ၎င်းတို့နယ်မြေလွတ်မြောက်ရေး အတွက်သာ တိုက်မည်

၁။ ERO များ အားလုံးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်က စောင့်ကြည့် အနေအထားဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ နွေဦးတော်လှန်ရေးဖြစ်မည်ဟု မတွက်ဆထားကြပေ (NLD နှင့် စစ်တပ်အကြား ညှိနှိုင်းပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့သာ တိုက်တွန်းခဲ့ကြသည်)။

၂။ ဗမာပြည်သူတို့က ERO များ ပါဝင်တိုက်ခိုက်လာမည်ဟု မျှော်လင့်ခဲ့ကြသည်။ အချို့အင်အားစုများက ဗမာများ၏ အဆိုပါ မျှော်လင့်ချက်ကို တိုင်းရင်းသားများအား စတေးခိုင်းပါသည်ဟုဆိုကာ ပြင်းပြင်းထန်ထန်ပင် ဝေဖန်စွပ်စွဲခဲ့ကြသည်။
၃။ ထိုစွပ်စွဲမှုများကို မမှုဘဲ ဗမာပြည်သူများ မိမိတို့ကိုယ်တိုင် လက်နက်ကိုင်တိုက်ပွဲ စတင်ပြီး ERO များကိုလည်း သက်ဆိုင်ရာ ဒေသအလိုက် အကြမ်းဖက် စစ်ကောင်စီကို အတူတကွ တိုက်ခိုက်ရန်သာ မျှော်လင့် တောင်းဆိုခဲ့ကြသည်။ ဗမာဒေသများအထိ လာရောက်ကာ စတေးရန် မတောင်းဆိုကြ။
သုံးသပ်ချက်
ဗမာလူငယ်များကို တောင်ပိုင်းတွင် ကရင်နီ၊ ကရင် တော်လှန်ရေးအဖွဲ့များ၊ မြောက်ပိုင်းတွင် ကချင်၊ ချင်းနှင့် တအာင်းတော်လှန်ရေးအဖွဲ့များ၊ အနောက်ဘက်တွင် ရခိုင် တော်လှန်ရေးအဖွဲ့တို့က စစ်ရေးလေ့ကျင့် ပေးကြပြီး ယနေ့တွင် စစ်ကောင်စီကို ပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသည်မှာ လက်တွေ့ဖြစ်သည်။ အညာနှင့် ဗမာဒေသကို စစ်ရေး အဓိက အထောက်အပံ့မှာ မည်သည့်ပြည်ပမှ မပါဝင်ဘဲ တိုင်းရင်းသားတပ်မတော်များ၏ အထောက်အပံ့ဖြင့် ယနေ့အထိ အင်အား ဆက်လက် တိုးပွားဆဲဖြစ်သည်။ ERO များ၏ ဘုံရည်မှန်းချက်သည် စစ်ကောင်စီပြုတ်ကျရေး ဖြစ်သည်။

အညာနှင့် ဗမာဒေသကို စစ်ရေး အဓိက အထောက်အပံ့မှာ မည်သည့်ပြည်ပမှ မပါဝင်ဘဲ တိုင်းရင်းသားတပ်မတော်များ၏ အထောက်အပံ့ဖြင့် ယနေ့အထိ အင်အား ဆက်လက် တိုးပွားဆဲဖြစ်သည်။

ချေပချက် ၃ ။ ။ PDF များသည် အင်အားကြီးထွားမလာနိုင်၊ ERO များ၏ အသုံးချခံသာဖြစ်သည်

၁။ PDF များသည် စစ်အာဏာရှင်စနစ်ကို အနုနည်းများဖြင့် ဆန္ဒပြတောင်းဆိုမှု၊ CDM ဆောင်ရွက်မှုများကို အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်ခံရပြီးနောက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးသည့်အချိန်ကတည်းက တိုင်းရင်းသား ညီအကိုမောင်နှမ တော်လှန်ရေးတပ်များကိုသာ အားကိုးခဲ့သည်။

၂။ အားကိုးသည့်အတိုင်း၊ မျှော်လင့်သည့်အတိုင်း အထက်ပါ တင်ပြခဲ့သလို ခရီးရောက်ခဲ့သည်ကိုလည်း လက်တွေ့ သိရှိရပြီးဖြစ်သည်။

၃။ PDF သည် အသုံးချခံသာဖြစ်သည် ဆိုသည်မှာ စစ်ကောင်စီ၏ ဝါဒဖြန့် သွေးခွဲမှုသာဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အချင်းချင်းကြား၊ တိုင်းရင်းသားအချင်းချင်းကြား စစ်မြေပြင်က ပေးလိုက်သည့် သွေးနီးမှုပါ ခိုင်မာလျက်ရှိသည်။

သုံးသပ်ချက်

နိုင်ငံရေးခေါင်းဆောင်များအကြား သဘောထားကွဲလွဲသည့်တိုင် စစ်မြေပြင် ရဲဘော်ရဲဘက်များအကြား သွေးစည်းမှုက နိုင်ငံရေးခေါင်းဆောင်များကိုပင် ပြန်လည် ထိန်းကျောင်းသွားမည် ဖြစ်သည်။ ထို့ကြောင့် အင်အားစုများသည် သမိုင်းတလျှောက် အင်အားအကောင်းဆုံး စုဖွဲ့မှုဖြင့် ဖွဲ့စည်းလျက်ရှိသည်။ စာရွက်ပေါ်မှ သဘောတူညီမှုများတင် မဟုတ်ဘဲ မြေပြင်မှာပါ လက်တွေ့ အောင်ပွဲများ ရရှိနေသည့် စုဖွဲ့မှုဖြစ်သည်။

ထို့ကြောင့် အင်အားစုများသည် သမိုင်းတလျှောက် အင်အားအကောင်းဆုံး စုဖွဲ့မှုဖြင့် ဖွဲ့စည်းလျက်ရှိသည်။ စာရွက်ပေါ်မှ သဘောတူညီမှုများတင် မဟုတ်ဘဲ မြေပြင်မှာပါ လက်တွေ့ အောင်ပွဲများ ရရှိနေသည့် စုဖွဲ့မှုဖြစ်သည်။

စစ်တိုက်ရသည်မှာ ပြည်သူလူထု ထိခိုက်ခြင်း၊ ငွေကုန်ကြေးကျများခြင်းတို့အပြင် လူ့အသက်ပေါင်းများစွာ ရင်းနှီးရသည့် အလုပ်ဖြစ်သည်။ ထိုလုပ်ငန်းကြီးအတွက် အတူတကွ လုပ်ဆောင်နေသည့် အင်အားစုများအား စုစည်းမှု မရှိသကဲ့သို့ သုံးသပ်ခြင်းမှာ အမြင်မှားခြင်း၊ အထင်မြင်သေးခြင်း သို့မဟုတ် ပြိုကွဲစေရန်သွေးခွဲခြင်းသာ ဖြစ်သည်။

မည်သည့် ERO မှ မိမိနယ်မြေ လွတ်မြောက်ရုံဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ရန်မှ ကင်းဝေးနိုင်မည်ဟု မယူဆပေ။ နေပြည်တော်တွင် အကြမ်းဖက်သမားတို့ ခေါင်းဆောင်နေခြင်း မရှိမှသာ မိမိတို့ လွတ်မြောက်နိုင်မည်ကို ကောင်းစွာသိရှိ နားလည်ပြီးဖြစ်သည်။ ထိုသို့ လွတ်မြောက်နိုင်ဖို့ အခွင့်အရေးမှာ လက်ရှိ ဗမာများရော အခြားလူမျိုးများပါ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်မှသာ အောင်မြင်မည့် အချိန်အခါသာ ဖြစ်သည်ကို စစ်တိုက်နေသည့် တော်လှန်ရေးစစ်သည်တိုင်း နားလည်သည့်အချက် ဖြစ်သည်။

စုစည်းအင်အားကို တော်လှန်ရေးဘက်တော်သားများအပေါ် အားမလိုအားမရဖြစ်သည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော် ထင်ရှားသည့်အချက်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိန့်ခွန်းမှာပင် တော်လှန်ရေးအင်အားစုများ ဝိုင်းဝန်းတိုက်ခိုက်နေကြောင်း စိုးရိမ်ထိတ်လန့်နေသည်မှာ တော်လှန်ရေးအင်အားစုများ မည်မျှ စုစည်းမှုရှိနေသည်ကို ပြသသော သက်သေပင်ဖြစ်သည်။

(ရန်နိုင် (သလ္လာဝတီ) သည် မြန်မာ့အရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာသုံးသပ်သည့် သုတေသီ ဖြစ်သည်။)

Photo
05/08/2024

Photo

31/05/2024

လေယာဥ်ဆီသည်ယာဥ်များ 4စီးဖမ်းမိထား ကျန်အစီးများဖြတ်သန်းမည့်လမ်း​ေကြာင်းများမှာ
မုံရွာချောင်းဦး
မိုးကုတ်မတ္တရာ
ရွေဘိုကျောက်မြောင်း
ရေဦးခင်ဦးတည်ဆည်
မိန်းလမ်းမကြီးပေါ်ဖြတ်မယ်လို့သတင်းရထား
31.5.24

11/05/2024

May 11 , 3:40PM

ဒီပဲယင်းနယ်

ဖိုက်တာ၁စီးမကျီးအုပ်ရွာ အရှေ့ဘက် ဂိတ် ကျဲတာ ရဲဘော် ၄ ယောက် ပြည်သူ၂ယောက်ကျဆုံး ၁၇ ယောက် ထိခိုက် ဒဏ်ရာ ရ ထပ်တိုး စီစစ်ဆဲ ရှင်းလင်းရေး ဝင်နေကြောင်းသိရ။
ဝမ်းနည်းရပါတယ်ဗျ သတင်းပေးရှိလို့သာ အခုလို လုပ်လို့ရနိူင်တာပါ။ပြည်သူများလဲ သတိထားပီးနေကြပါရန်နှင့် သတင်းပေးရှိတာကိုလဲ သိရင် တလရ ရဲဘော်များထံ သတင်းပေးပီး ဝိုင်းဝန်းကူညီကြပါလို့ အနူးညွတ်မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ။

28/03/2024

ခင်ဦးမြို့နယ်

ပျဉ်ထောင်ပျူရွာမှထွက်သော ဝါသဝပျူစစ်ကြောင်းသည် မုံလှကျေးရွာဝင်ရောက်စဉ် ခရိုင်ရင်း3 ပကဖ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြင့် 45မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်

ဝါသဝပျူများ အကျဆုံးများ

တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း တယောက်ထိ

ယခု မုံလှ‌ေကျးရွာအား မီးတင်ရှို့နေပါပီ

မုံလှရွာအိမ်43ခန့်မီးရိူ့ပြီးတစ်ဆင့်ပင်စိမ်းခင်းရွာဖြတ်၍ အောင်သာယာပျူခြံနား ပြီး ကာဘိုးရွာမှမြောက်ဘက်ဦးတည်ထွက်သွား

25/03/2024

25•3•24
7:02 PM
ရေဦးမှထွက်လာပြီးပြင်ထောင်ပျုခွေးခြံထဲရောက်နေသောပျူခွေးများတဲစုရွာကိုဝင်ပြီးမီးရှို့နေ
#အလင်းရောင်

25/03/2024

25.3.2024
9-35am
ရေဦးမှခွေးများယာတော်အနောက်ဘက်မှ လက်နက်ငယ်များပစ်ဖောက်ပီး ခွေးဂှေ့ကင်းတိုးများ10ကောင်ခန့်က မူးအရှေ့ဘက် ယာတော်တံတားဟောင်းထိပ်သရက်ပင်တန်းနားရောက်ရှိ

9-45am
ခွေးရှေ့ကင်းတိုးများက ကျွန်းတောကြီးအနောက်ဘက် ရှင်ကြီးပင်နား မိုင်းများဖြုတ်နေ

ရေဦးမြို့ထည်းမှထွက်လာသောခွေးများကိုပြင်ထောင်ပျူခွေးခြံမှအင်အား၃၀ခန့်အနောက်ချောင်းဘောင်ကိုရောက်ပြီးကြိုနေရေဦးခွေးများကျွန်းတောကြီးအနောက်ဘက်ရောက်နေ

10:21am
ပြင်ထောင်ရွာမှအနောက်ချောင်းဘောင်ကိုရောက်နေသောပျူခွေး30ခန့်မာမြင်းကျရွာဘက်စီသို့ဦးတည်နေ

11-00am
ရေဦးမှထွက်လာသောခွေးများ ကျွန်းတောကြီးမှနေ မြင်းကျမြောက်ဘက် ကုက္ကိုနှစ်ပင်အဝိုင်းနား အတန်းလိုက်တက်နေ

1140am
Drop bomb များဖြင့် နေ့လည်စာကျွေးမွေး တည်ခင်းနေပါတယ်ဗျ

20/02/2024
05/02/2024

5•2•24

9:48am
ရေဦးမှထွက်လာသောခွေးများညောင်ပင်ခြံရွာမှမရမ်းအင်းရွာမကျီးပင်ကျောင်းထည်းနှင့်ကျောင်းပျက်ထည်းတွင်အကုန်လုံးရောက်ဟုသတင်းရရှိ

12:08
မရမ်အင်းရွာမှထွက်သွားသောခွေးများသဲကုန်းကြီးရွာထည်းသို့ရောက်နေပြီးလှုပ်ရှားမှုမရှိသေး

1:15pm
သဲကုန်းကြီးရွာ မီးတင်ရှိုနေပါပီ

01/02/2024

1-2-2024
6:14 AM
မနေ့ကပျဉ်ထောင်ပျူရွာမှာ ညအိပ်သော ခွေးစစ်ကြောင်းသည် ကလုံကျေးရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ဖောက်ဝင်ရောက်ပြီး ယခု ကလုံရွာရွာထိပ် အရှေ့ဘက် တမာတန်းသို့ ရောက်ရှိနေပါသည်
Edit 9:00am
ကလုံရွာ မီးရှိုပီး သာဝတ္ထိရွာ အရှေ့ဘက်ရှိချောင်းဘောင်သို့ တဖွဲ့ရောက်ရှိ

Edit 9:30am

အဆိုပါ အင်းအား၂၀ခန့်ရှိ ရှေ့ပြေးကင်းအဖွဲ့သည် သာဝတ္ထိရွာ ဘက်သို ဦးတည်လာနေ
Edit 10:00am
သာဝတ္ထိရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ
Edit 10:20am
သာဝတ္ထိရွာ အတွင်းသို့ အချို့တဝက် ဝင်ရောက်သွားပါပီ

ကလုံရွာမှ အပြစ်မဲ့ပြည်သူသုံးဦးအား thetဖြတ်သွားကြောင်း သတင်းရရှိထား

Edit 12:20pm
သာဝတ္ထိရွာ မီးစတင်နေပါပီ

Edit 4:15
ရွာ နေရာပေါင်းစုံမှ ထပ်ပီးမီးရှို့နေ

5:25 ခုချိန်ထိ

ရွာသူရွာသားများရဲ့ ဆန် စပါး ဥစ္စာပစည်းများ ဆုံးရှုံမှုများနိုင်

အနီးအနားကျေးရွာရှိပြည်သူများ ဂရုစိုက်ကြပါ

12/01/2024

12.1.2024
8:45am
ပျဉ်ထောင်ပျူရွာ စပါးရိတ် ကာကင်းပေးနေတဲ့ခွေးစစ်ကြောင်းဟာ မြင်းကျရွာသို့ ဝင်ရောက်နေပါပီ

ကာကင်း ပေးထားသော်လည်း ပျဉ်ထောင်မှ ပျူများ drop bomb စား
မုန့်ဟင်းခါးချက် video မကြာမီ လာမည်

10:30am
မြင်းကျရွာမှထွက်သော ခွေးများကို ဒေသခံကာကွယ်ရေးတပ်များမှ စောင့်ကြိုတိုက်ခိုက် ထိတွေ့တိုက်ပွဲဖြစ်
Drop Bombများ မိုင်းများ ဖြင့်လည်း တည်းခင်းကျွေးမွေး
မုနိ့ဟင်းခါးပွဲရေ များနိုင်ပါသည်

ယခု အဆိုပါခွေးစစ်ကြောင်းသည် ကြောက်ပစ်ရမ်းပစ်ပီး မကျီးအုပ်ကျေးရွာနှင့် ကျွန်တောကြီးရွာ နားသို့ ရှေ့ပြေးကင်းထိုး ရောက်ရှိနေပီဖြစ်ပါသည်

အနီးရွာမှ ပြည်သူများ လွတ်ရာရှောင်ပေးကျပါ ဂရုစိုက်ကျပါ

12:15pm
အthayအပျောက်များတဲ့ ခွေစစ်ကြောင်း ကျွန်းတောကြီးရွာ မီးတင်နေ
12:15am
ရေဦးမှ ထွက်လာသော ‌အင်အား70ခန့်ပါ စစ်ကြောင်းဟာ ခင်ဦးမြို့နယ် ယာတော်ရွာခြေသို့ရောက်
မြင်းကျရွာထိပ်တွင် အထိနာထားသော စစ်ကြောင်းအား အင်အားဖြည့် လာကြိုဟု ယူဆရ

10/01/2024

10•1•24
6:55
ခင်ဦးညအိပ်သောခွေးများ ခင်ဦးမြို မကန်သာ 2လမ်းမှထွက်လာရာ နတ်ကြီးကုန်းလက်တံအနောက်ဘက်ရောက်နေ
အနီးနားမှ ကျေးရွာများ သတင်းနားပီး ဂရုစိုက်နေကျပါရန်
Edit 9:15am
အဆိုပါ အင်အား၁၀၀ဝန်းကျင်ခန့်ရှိခွေးစစ်ကြောင်းသည် ဗအိုးရွာသို့ရောက်ရှိ
ဗအိုးရွာ အနောက်ဘက်မှကျေးရွာနေပြည်သူများ အထူးဂရုစိုက်ကျပါ
9:40am
ဗအိုးရွာမှ ထွက်
မြစ်တော်ရွာဘက်ဦးတည်နေပါတယ်

မြစ်တော်မှ အင်တိုင်းဘက်ဦးတည်
11:15am
အင်တိုင်းရွာထဲ အကုန်ရောက်
အနောက်ဘက်မှကျေးရွာများ ဂရုစိုက်ကျပါ

1:23
အင်တိုင်းရွာ မှထွက်လာသောခွေးများတဲစုရွာဘက်သို့ ခွေးရှေ့ကင်းတိုးများထွက်နေ တော်လှန်ရေး အင်အားစုနဲ့ ထိတွေ့မှုဖြစ်နေ

2:35
တဲစုရွာဘက်သို့ခွေးရှေ့ကင်းတိုးများထွက် ပျဥ်ထောင်ရွာကြား တော်လှန်ရေး အင်အားစုနဲ့ ထိတွေ့မှုဖြစ် ခွေးသေ နှစ်ကောင် ရရှိ နောက်ထပ် အသေးစိတ်ကို စုံစမ်းဆဲ

09/01/2024

9•1•24
10•12
ရွှေဘိုမြို့လေ့ကျင့်ရေး၈မှထွက်လာသောခွေးများမကျီးတုံပျူရွာထည်းသို့ရောက်နေဟုသတင်းရရှိ့

Address


Website

Alerts

Be the first to know and let us send you an email when Armed Revolutionary Force - KU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share