Htoo Myat pharmacy & Store ထူးမြတ်ဆေးနှင့်ဆေးပစွည်း စတိုး

  • Home
  • Htoo Myat pharmacy & Store ထူးမြတ်ဆေးနှင့်ဆေးပစွည်း စတိုး

Htoo Myat pharmacy & Store ထူးမြတ်ဆေးနှင့်ဆေးပစွည်း စတိုး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Myat pharmacy & Store ထူးမြတ်ဆေးနှင့်ဆေးပစွည်း စတိုး, 91 Street. 29*30 street ချမ်းသာရဘုရားအနီး, .

 #သွေးကျဆေးကို_အမြဲသောက်ရမှာလား [Unicode] #ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)  ⚕️ ⚕️ ⚕️Q. သွေးတိ...
11/01/2020

#သွေးကျဆေးကို_အမြဲသောက်ရမှာလား [Unicode]
#ပါမောက္ခဦးကိုကို
(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

⚕️ ⚕️ ⚕️

Q. သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့ သွေးကျဆေးကို ပုံမှန်မဖြစ်မနေသောက်ရတာလားဆရာ။ အစားအသောက်၊ လေ့ကျင့်ခန်းတွေ နဲ့ထိန်းနိုင်ရင် သွေးကျဆေးကို ဖြတ်ထားလို့ရလားဆရာ။

A. ပြောရခက်တဲ့အထဲမှာ သွေးတိုးပါတယ်။ သွေးတိုးသမားတွေမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက Chronic Hypertension ဆိုတဲ့ သွေးပေါင်အမြဲတက်နေတာ။ သူက ဆေးမသောက်တာနဲ့ သွေးပေါင်တက်နေတော့တာပဲ။ နောက်တစ်မျိုးက Episodic Hypertension ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်ရင် သွေးပေါင်တက်သွားတာ။ ပြီးရင်တော့ ပြန်ကျသွားတယ်။ သွေးတိုးရော၊ ဆီးချိုရော နှစ်ခုစလုံးက စိတ်ဖိစီးမှု (Stress) နဲ့ဆိုင်တယ်။ စိတ်ဖိစီးမှုများရင် သွေးတိုးတာပဲ။ သွေးတိုးမှာ တစ်မျိုးက Stress နဲ့ဆိုင်တယ်။ Stress များရင် သွေးပေါင်တက်တယ်။ ပြီးရင် ပြန်ကျသွားတယ်။ ကောင်းသွားတယ်။ ပုံမှန်ပဲ။ နောက်တစ်မျိုးကတော့ Stress ရှိရှိမရှိရှိ တက်နေတာမျိုး။

အကြမ်းဖျင်းအားဖြင့် သွေးတိုးကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်တိုင်းတယ်။ တစ်ခါတိုင်းပြီးရင် တစ်မိနစ်နား၊ နောက်တစ်ခါပြန်တိုင်းရတယ်။ အဲဒီတော့ တိတိကျကျပြောရင် မနက်နှစ်ကြိမ်၊ ညနှစ်ကြိမ် တိုင်းရတယ်။ အဲဒါကို တစ်ပတ်တိတိတိုင်းခိုင်းတယ်။

တစ်ပတ်မှာ ပထမတစ်ရက်ကိုတော့ စိုးရိမ်ပူပန်မှုတွေရှိနေလို့ ဖယ်ထုတ်လိုက်တယ်။ ကျန်တဲ့ ၆ ရက်ကိုပဲ ပျမ်းမျှယူပြီးတွက်တယ်။ 140/90 mmHg ကျော်နေရင် သူ့ကို အမြဲသွေးတိုးနေတယ်လို့ သတ်မှတ်တယ်။ အဲဒါဆိုရင် သူက ဆေးအမြဲသောက်ရတော့မယ်။ တချို့ကျတော့ တစ်ပတ်မှာ ၇ ရက်၊ ၁၄ ခါတိုင်းတာမှာ ၂ ခါ၊ ၃ ခါလောက်ပဲတက်တာ၊ ကျန်တဲ့ ၁၀ ခါ၊ ၁၁ ခါ လောက်က သွေးပေါင်မတက်ဘူးဆိုရင် သူကတော့ ဆေးအမြဲသောက်စရာ လိုချင်မှလိုမယ်။ ကျွန်တော်တို့က သွေးပေါင်ကျဆေး အမြဲပေးရမှာလား၊ မပေးရဘူးလား အဲဒီလိုမျိုးခွဲခြားရတယ်။ အမြဲ သောက်စရာမလိုတဲ့အုပ်စုကိုတော့ သတိထားပါ။ Stress များရင်၊ အစားအသောက်၊ အနေအထိုင်မှားရင် သွေးပေါင်တက်နိုင်တယ်။ ဒါကြောင့် အစားအသောက်၊ အနေအထိုင်ကို သတိထားပါ၊ ဆင်ခြင်ပါလို့မှာတယ်။ ဆေးကိုတော့ ညွှန်ဖို့လိုအပ်မှညွှန်တယ်။ သွေးပေါင် အမြဲတက်နေတဲ့လူကတော့ ဆေးအမြဲသောက်ရမယ်။ ဆေးကို ရပ်လို့မရဘူး။ တစ်သက်လုံးလားဆိုတော့လည်း အမြဲပုံသေကားကျတော့ မဟုတ်ဘူး။

သွေးတိုးသမားတွေသိထားရမှာက သွေးတိုးရောဂါရှိပြီဆိုရင် ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူး။ သွေးက တိုးနေမှာပဲ။ ဆေးသောက်လိုက်လို့သာ လတ်တလောကျသွားတာဖြစ်တယ်။

ကျွန်တော်က တချို့ကို သွေးတက်နေလို့ သွေးကျဆေးပေးလိုက်တယ်။ ဆေးသောက်တော့ သွေးပေါင်ပြန်ကျသွားတယ်။ 120/80 mmHg လောက်ပြန်ဖြစ်သွားတယ်။ အဲဒီအခါ သူက သွေးပေါင်ကျသွားပြီဆိုပြီး ဆေးထပ်မသောက်တော့ဘူး။ ဘာလို့မသောက်လဲဆိုတော့ သွေးကျဆေးသောက်ရင် သွေးတွေထပ်ကျသွားမှာစိုးလို့တဲ့။ အဲဒီအခါမျိုးကျ ကျွန်တော်တို့က စကားပြင်ပြောရတယ်။ သွေးပေါင်တက်နေရင် သွေးကျဆေးသောက်ပါ။ ကျသွားပြီလား၊ အဲဒါဆို သွေးထိန်းဆေးသောက်လိုက်ပါလို့ ပြောရတယ်။ တကယ်တော့ သွေးကျဆေးနဲ့ သွေးထိန်းဆေးက အတူတူပဲ။ ဒီဆေးက ဒီဆေးပဲ။

ဆရာပေးတဲ့ဆေးက အတူတူပဲဆိုပြီးပြောလို့ ဟုတ်တယ်၊ ဒီဆေးက သွေးလည်းထိန်းတယ်၊ သွေးလည်းကျတယ်လို့ ပြောယူရတယ်။ သူတို့ရဲ့ပြဿနာက ဆရာဝန်ဆီလာတယ်။ သွေးတက်နေလို့ ဆေးပေးလိုက်ရင် ၄၊ ၅ ရက်လောက်သောက်ပြီး ဆေးကို သူ့ဘာသာရပ်လိုက်တယ်။ ခက်တာက သူက လက္ခဏာမပြတဲ့သွေးတိုးသမားဖြစ်နေတော့ သွေးတွေထောင်တက်နေတာကို သူမသိဘူး။ သွေးပေါင်လည်း ပြန်မချိန်ဘူး။ ကျွန်တော်က အဲဒါမျိုးကို ကြောက်တယ်။ ဆရာဝန်က ဘယ်လိုလူဟာ ဆေးအမြဲသောက်ရမယ်၊ ဘယ်လိုလူကတော့ ဆေးအမြဲမသောက်ရဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ပြီးရင် ဆေးအမြဲသောက်ရမယ့်လူကို အမြဲသောက်ခိုင်းတယ်။ တစ်ခါတလေမှာတော့ ခြွင်းချက်ရှိတယ်။ ဆေးအမြဲသောက်ရမယ့်သွေးတိုးသမားဆိုပေမယ့် ဝမ်းတွေတအားလျှောနေတော့ သွေးပေါင်ပါကျနေတယ်။ အဲဒီလိုနေ့မျိုးကတော့ သွေးကျဆေးမသောက်လို့ရတယ်။

နောက်တစ်ခုက သွေးတိုးနုခါစဆိုရင်တော့ အစားအသောက်၊ အနေအထိုင်လေးနဲ့ ထိန်းလိုက်ရင် သွေးပေါင်ပုံမှန်ပြန်ဖြစ်ပြီး ပြန်ကောင်းသွားတာလည်းရှိတယ်။ အဲဒီတော့ နုခါစသွေးတိုးသမားတွေကတော့ အစားအသောက်၊ အနေအထိုင်လေးနဲ့ထိန်းပြီး ဆေးမသောက်လည်းရပါတယ်။ အစားအသောက်၊ အနေအထိုင်နဲ့ ထိန်းလို့ကိုမရတဲ့လူတွေကတော့ ဆေးအမြဲသောက်နေရမှာပဲ။ ဒါကြောင့် နေလို့ထိုင်လို့ကောင်းနေတာနဲ့ တစ်ရက်လောက် ဆေးမသောက်ဘဲ ရပ်ထားလို့ရမလားဆိုရင် ရတယ်၊ စမ်းကြည့်ပေါ့။ ဆေးရပ်ထားလိုက်လို့ သွေးပေါင်ထိုးတက်သွားရင်တော့ သေချာတယ်။ အဲဒါ ဆေးလုံးဝရပ်ထားလို့မရဘူး။

ဆေးရပ်ထားလိုက်လို့ ကောင်းတယ်၊ သွေးပေါင်မတက်ဘူး။ 140/90 mmHg မကျော်ဘူးဆိုရင် ဒါက အစားအသောက်၊ အနေအထိုင်နဲ့ ထိန်းထားလို့ရတယ်။ ဒါပေမဲ့ အဲဒါက သွေးပေါင်တော့ အမြဲချိန်ကြည့်နေရမယ်။ ငါ ဆေးရပ်ထားလို့ရတာပဲဆိုပြီး သွေးပေါင်ပါမချိန်ဘဲတော့ နေလို့မရဘူး။

“နာတာရှည်ရောဂါရှိသူများအတွက် ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဦးကိုကို၏ လမ်းညွှန်အကြံပြုချက်” အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။
Eternal Light Magazine
October 2019
#နာတာရှည်ရောဂါရှိလျှင်
💠 💠 💠

Kidneys ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်းCredit >> Dr. တင့်ဆွေ=================(၁) ဆရာ ကျေးဇူးပြုပြီး ကျောက်ကပ်ကျ...
11/01/2020

Kidneys ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်း
Credit >> Dr. တင့်ဆွေ

=================

(၁) ဆရာ ကျေးဇူးပြုပြီး ကျောက်ကပ်ကျောက်အကြောင်းလေး တင်ပေးပါခင်ဗျာ။
(၂) ကျောက်ကပ်အကြောင်းလေးသိချင်လို့ပါဆရာ။ သူ့ကျောက်ကပ်က efficiency ကျနေပြီး၊ ဆရာဝန်က ကျောက်ကပ် သက်တမ်းက နောက် ၁ဝ နှစ်လောက်ထိပဲ ရတော့မယ်လို့ ပြောပါတယ်။ သူကတော့ စိတ်ဓါတ်ကျပြီင်္း အိမ်လည်းမပြောဘူး၊ ဆေးလည်းမကုဘူး ဒီတိုင်းပဲပေနေပါတယ်။ အသက်က ၃ဝ ကျော် ယောက်ကျားလေးပါ။ အစားထိုးကုဖို့မလွယ်ဘူး၊ ကုလည်းမကုချင်ဘူးပြောပါတယ်။ တစ်ခြား ဘယ်လိုနည်းလမ်းများရှိမလဲ သိချင်ပါတယ်။ ဆေးသောက်ယုံနဲ့ ကျောက်ကပ် အချိန်တိုတိုအတွင်းမှာ ပျက်စီးမသွားအောင်ရော ထိန်းလို့ရပါသလား။ ဘာတွေစားပြီး ဘယ်လိုနေထိုင်စားသောက်ရမလဲ သိချင်ပါတယ်ဆရာ။

လူတွေမှာရှိတဲ့ ကောင်းနေတဲ့ ကျောက်ကပ်နှစ်လုံးက စစ်ထုတ်ပေးနေတာဟာ အသက် ၃ဝ-၄ဝ ကျော်လာတာနဲ့ လျော့နည်း ကျဆင်းလာတယ်။ နောက်ထပ် ၁ဝ နှစ်ရှိတိုင်း ၁ဝ% ကျလျော့လာတယ်။ အဲဒီဇရာဖြစ်စဉ်ကို ကိုယ်တိုင် ဆင်ခြင်ပြီး ကျောက်ကပ်ကို ရောဂါတွေမရစေအောင် ထိန်းသိမ်းနိုင်ကြပါတယ်။

၁။ Manage diabetes, high blood pressure and heart disease ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေရှိနေရင် စနစ်တကျ ဆေးဝါး + အစားအသောက် + လူနေမှုပုံစံ ပြုပြင်နေပါ။ ကျောက်ကပ်ရောဂါ အများစုဟာ မူရင်းရောဂါတခုခု ဥပမာ ဆီးချို၊ နှလုံးရောဂါ နဲ့ သွေးတိုးကနေဆက်ဖြစ်တယ်။ ထိန်းရမှာတွေကတေ့ သကြားဓါတ်၊ (ကိုလက်စထော) နဲ့ ဆားဖြစ်တယ်။ ရောဂါရှိနေရင်တော့ သက်ဆိုင်ရာဆေးတွေကိုလဲ ပုံမှန်သောက်နေရမယ်။

၂။ Reduce the intake of salt ဆား (ဆိုဒီယမ်) လျော့ပါ။ သွေးတိုးတက်စေတယ်။ ကျောက်ဖြစ်ဘို့ အလားအလာ ရှိတယ်။

၃။ Drink lots of water every day ရေကိုနေ့တိုင် သောက်နိုင်သမျှသောက်ပေးပါ။ ကိုယ်ထဲကအဆိပ်အတောက်တွေကို ဆီးထဲစွန့်ထုတ်ပေးတဲ့အလုပ်ကို အထောက်အကူရစေမယ်။ သွေးထုထည်ကိုလဲ မနည်းစေဘဲ၊ သွေးစေးပျစ်တာကိုလဲ ကာကွယ်ရာကျတယ်။ အစာချေတာကိုလဲ ကူညီမယ်။ ကိုယ်အပူချိန်လဲ ထိန်းထားပေးမယ်။ တနေ့ ရေ (၁ဝ) ခွက် သောက်ပါ။

၄။ Don’t resist the urge to urinate ဆီးသွားချင်လာရင် အောင့်မထားပါနဲ့။ သွေးကိုစစ်ထုတ်မှု လုပ်ရာကနေ ဆီး ဖြစ်လာတယ်။ ဖြစ်လာတဲ့ဆီးကို ဆီးအိမ်ထဲမှာသိုလှောင်ထားတယ်။ ဆီးအိမ်တင်းလာရင် ဆီးသွားချင်လာမယ်။ ဆီးအိမ်က ဆီတွေအများကြီးဆန့်ပေမဲ့ ၁၂ဝ-၁၅ဝ စီစီရှိလာတာနဲ့ ဆီးသွားချင်စိတ်ဖြစ်လာမယ်။ အဲဒီအခါ ဆီးသွားလိုက်ပါ။

၅။ Eat right အစားအသောက်မှန်ကန်ပါစေ။ ပြုပြင်စီမံထားတဲ့၊ ဆိုင်မှာအလွယ်ရအစားအသောက်တွေ၊ Junk food ခေါ် ခေတ်ပေါ်အစားအသောက်တွေ၊ ပိုးသတ်ဆေး၊ ဟော်မုန်းဆေးသုံးပြီး စိုက်ထား၊ မွေးထားတဲ့ အသားနဲ့ အသီးအရွက်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါ။ ငါး၊ ကညွတ်၊ အစေ့အဆံတွေ၊ ကြက်သွန်ဖြူ၊ စတာတွေသင့်တယ်။

၆။ Drink healthy beverages သောက်စရာရွေးပါ။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေသောက်ပါ။ ကော်ဖီ၊ အရက်၊ ကေဖင်းပါဖျော်ရည်တွေ ရှောင်ပါ။ (အောက်ဇဲလစ်အက်စစ်) ပါတာမျာတဲ့ ဟင်းနုနွယ်ရွက်၊ မရမ်းရောင်မုံလာဥ၊ မသင့်ပါ။ ကျောက်ဖြစ်စေနိုင်တယ်။ အုန်းရည်ကောင်းတယ်။

၇။ Avoid alcohol and smoking အရက်နဲ့ ဆေးလိပ်ဖြတ်ပါ။ အရက်ကနေ ဓါတ်ဆားအချိုးအဆကို ပြောင်းစေတယ်။ ကျောက်ကပ်ကို သက်ရောက်စေမဲ့ ဟော်မုန်းကိုလဲ ပြောင်းလဲစေတယ်။ ဆေးလိပ်ကနေ ကျောက်ကပ်ကို တိုက်ရိုက် မသက်ရောက်ပေမဲ့ ကျောက်ကပ်အလုပ်ကို နှေးစေတယ်။ တခြားရောဂါရလာရင် ပိုဆိုးစေမယ်။

၈။ Exercise daily ကိုယ်လက်လှုတ်ရှားမှု ပုံမှန် (နေ့စဉ် ဒါမှမဟုတ် တပါတ်မှာ ၅ ရက်) လုပ်ပါ။ ကိုယ်အလေးချိန်များတာ ကျောက်ကပ်အတွက်လဲ မကောင်းစေပါ။

၉။ Avoid self medication ဆေးကို ကိုယ်ကြိုက်သလိုသောက်တာ မလုပ်ပါနဲ့။ ဆေးတွေကို များသောအားဖြင့် ကျောက်ကပ်ကနေ စစ်ထုတ်ပေးနေတယ်။ ဆေးအဆ (အလေးချိန်)၊ ဘယ်လောက်ကြာကြာသောက်မယ်ဆိုတာကို စနစ်တကျသိထားပြီး လိုက်နာပါ။

၁ဝ။ Think before you take supplements and herbal medicine အားဆေးတို့ ဟာဗယ်ဆေးတို့သုံးချင်ရင် နှစ်ခါပြန် စဉ်းစားပါ။ ဗီတာမင် များတာကအစ မသင့်ပါ။

ကိုယ်ဝန်ဆောင်သူ အမျိုးသမီးတိုင်း၊မွေးလာမယ့်ကလေးကို အကောင်းပကတိ ဖြစ်လိုသူတိုင်း သိထားရမည့် folci acid ဆိုသော key player ဆ...
11/01/2020

ကိုယ်ဝန်ဆောင်သူ အမျိုးသမီးတိုင်း၊မွေးလာမယ့်ကလေးကို အကောင်းပကတိ ဖြစ်လိုသူတိုင်း သိထားရမည့် folci acid ဆိုသော key player ဆေး
ကိုယ်ဝန်ဆောင်ချိန်မှာ ဖေါလစ်အက်စစ်နည်းနေရင် အထဲကကလေး ဦးနှောက်ဖြစ်ပေါ်တာကို အားနည်းစေမယ်။ Spina bifida ခေါ်တဲ့ ခါးရိုးဆစ်ကနေ မွေးကတည်းက အနာလိုဖြစ်နေတာမျိုးကို တားဆီးနိုင်တယ်။ ကိုယ်ဝန် ပဌမ ၃ လ အတွင်း 400 mcg လိုအပ်တယ်။ ကလေးပျက်ကျမှာကိုလည်း တာဆီးပေးမယ်။ ကလေးနို့တိုက်ချိန် ၆ လအထိ သောက်သင့်တယ်။ အထဲကကလေးမှာ Neural tube defect (NTD) သန္ဓေသားအာရုံကြောပြွန်ချို့ယွင်းချက်ရှိနေတာကိုသိရင် ဆေးကို များများပေးမယ်။ ကိုယ်ဝန်ဆောင်တွေ 1000 UL လိုပြီး၊ ကလေးတွေ 150-800 IU နဲ့ လူကြီးတွေ 400 လိုနိုင်တယ်။ ဖေါလစ်အက်စစ်ကို ကိုယ်ဝန်မယူခင် ၃ လကတည်းက စသောက်သင့်တယ်။ တနေ့မှာ 400 mcg သောက်ပါ။ မိသားစုထဲမှာ မွေးရာပါချို့ယွင်းချက်နဲ့ မွေးဘူးတဲ့ရာဇဝင်ရှိနေရင် 4000 mcg အထိပေးနိုင်တယ်။

ပဲနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာ ဖေါလစ်အက်စစ်ပါနေတယ်။ လိမ္မော်သီးတလုံး 54mcg ပါတယ်။ ကြက်ဥပြုတ်တလုံး 22mcg ပါတယ်။ သင်္ဘောသီး အလတ်စားတလုံး 115mcg ပါတယ်။ ပဲပြုတ် တခွက် 280 mcg ပါတယ်။ ဟင်းနုနွယ်ရွက်တခွက် 260 mcg ပါတယ်။ ထမင်းဖြူ 3/4 cup 60mcg ပါတယ်။ ခရမ်းချဉ်သီးရည် 1 cup 50mcg နဲ့ ခေါက်ဆွဲပြုတ် 1 cup 160mcg ပါတယ်။ အစာထဲက ဖေါလစ်အက်စစ်ကို မပျက်စီးအောင် နူးနပ်သွားအောင် မချက်ပြုပ်သင့်ဘူး။

အားနည်းချက်တွေလဲသိဘို့လိုတယ်။ Folic acid ဆေးပေးလို့ ဗီတာမင် ဘီ ၁၂ နည်းတာကို ဖုံးနေစေတတ်တယ်။ ဆေးပေးတာများရင် ငှက်ဖျားဆေးပေးတာကို သက်ရောက်စေတယ်။ ငှက်ဖျားဖြစ်ရာနေရာက ၅ နှစ်အောက် ကလေးတွေပေးလို့ Iron-folic acid အားဆေးပေးတာ အသေအပျောက် ပိုများတာတွေ့ရတယ်။

ဘေးထွက်သက်ရောက်မှုများ = သတ်မှတ်ထားတဲ့ဆေးပမာဏသောက်တာ ထိုးတာ စိတ်ချရပါတယ်။ လူကြီးတယောက် တနေ့မှာ 1000 mcg ထက် မကျော်ရင် ဘာမှဖြစ်စရာမရှိပါ။ ဆေးများမယ်၊ ဆေးသောက်တာတာရှည်မယ်ဆိုရင် ဗိုက်နာမယ်။ ဝမ်းပျက်မယ်။ လေတက်မယ်။ အရေပြားအနီတွေထွက်မယ်။ အိပ်မရဖြစ်မယ်။ စိတ်ရှုတ်ထွေးမယ်။ စိတ်တိုမယ်။

အချုပ်
ဖေါလစ်အက်စစ်ဟာ ကိုယ်ဝန်ရစေတဲ့ဆေး မဟုတ်ပါ။ တယောက်နဲ့တယောက် လိုအပ်ချက်မတူပါ။ အမျိုးသမီးတွေ မျိုးပွါးနိုင်တဲ့အရွယ်မှာ နေ့စဉ် ဖေါလစ်အက်စစ် 400 mcg သို့မဟုတ် 0.4 mg ထက်မနည်းသင့်ပါ။

ကိုယ်ဝန်မဆောင်မီ တလကြိုတင်ပြီး သောက်ရင် spina bifida ခေါ် ခါးရိုးမလုံတဲ့ မွေးရာပါရောဂါ ၇ဝ% ကိုနည်းစေတယ်။
ကိုယ်ဝန်ဆောင်နေချိန်မှာ 600 to 800 mcg သို့မဟုတ် 0.6 to 0.8 mg လိုအပ်တယ်။

အများစုအတွက် ကိုယ်ဝန် ပဌမသုံးလမှာ 400 mcg လိုတယ်။ ၄ လကနေ ၉ လအထိ 600 mcg လိုနတယ်။ ကလေးနို့တိုက်နေချိန်မှာ 500 mcg လိုတယ်။

မိသားစုထဲမှာ အဲလိုချို့ယွင်းချက်ပါကလေးမွေးဖူးတာရှိသူဆိုရင် 4,000 mcg (4 mg) နေ့စဉ်လိုမယ်။ အဲလို ချို့ယွင်းချက်ဟာ ကိုယ်ဝန် ၃-၄ ပတ်မှာစတယ်။

credit: Dr. တင့်ဆွေ

နေ့စဉ် စားသုံးရသော အစားအစာများတွင်အဓိကအားဖြင့်....☘ကာဗိုဟိုက်ဒရိတ်ခေါ် ကစီဓာတ်☘ပရိုတင်ခေါ် အသားဓာတ် ☘အဆီဓာတ်ဟူ၍ သုံးမျို...
11/01/2020

နေ့စဉ် စားသုံးရသော အစားအစာများတွင်
အဓိကအားဖြင့်....
☘ကာဗိုဟိုက်ဒရိတ်ခေါ် ကစီဓာတ်
☘ပရိုတင်ခေါ် အသားဓာတ်
☘အဆီဓာတ်ဟူ၍ သုံးမျိုးပါဝင်ကြသည် ။

☘ဆီးချိုသွေးချိုဝေဒနာရှင်များသည်
အင်ဆူလင်ထိုးဆေးကိုဖြစ်စေ ၊
သွေးချိုထိန်းသော သောက်ဆေး များကို
ဖြစ်စေ ၊ အဓိကအားဖြင့် ကစီဓာတ်
ပမာဏဖြင့်ဖြစ်စေ ၊စားသုံးချိန်နှင့်ဖြစ်စေ
အချိန်ကိုက်စားသုံးရန် အထူး
အရေးကြီးလှသည် ။☘

☘ယေဘုယျအားဖြင့် အင်ဆူလင် ထိုးဆေးကိုဖြစ်စေ၊သောက်ဆေးများကို
ဖြစ်စေ ၊ အဓိက အစားအစာ
များနှင့် နာရီ ဝက် ကိုကြိုတင်ထိုးရန်
(သို့)ဆေး သောက်ကြရန် အရေးကြီးလှသည် ။☘

☘တစ်နေ့တာတွင် လူတစ်ဦးချင်းအတွက်
လိုအပ်သော စွမ်းအင်ဓာတ် ကယ်လိုရီပမာဏကို
ဝေဒနာရှင်ရဲ့ ကိုယ်အလေးချိန် နဲ့ ချင့်ချိန်၍
စားသုံးရန်လိုအပ်သည် ။☘

☘ယေဘုယျအားဖြင့် အဝလွန်ကဲသူများသည်
ကယ်လိုရီ လျော့စားရန် လိုအပ်ပြီး ရှိသင့်
ရှိထိုက်တဲ့ ကိုယ်အလေးချိန် အောက် နည်းသူ
(သို့) ပိန်သောဝေဒနာရှင်များမူ အားအင်စွမ်း
ဓာတ်ကို စားနေကျအတိုင်း (သို့) တိုး၍
စားသုံးကြရန် လိုအပ်ပါသည် ။☘

☘အဝလွန်ကဲသူများသည် တစ်နေ့တာတွင်
မည်မျှ ကယ်လိုရီရအောင် စားရမည်ကိုမူ တတ်သိနားနားလည်သော ဆရာဝန် ၊
ပညာရှင်များနှင့် တွေ့ဆုံပြီး အသေးစိတ်
ညှိနှိုင်းရန် လိုအပ်ပါသည်။ ☘

☘တစ်နေ့တာတွင် စားသုံးသည့် အင်အား
စွမ်းအင်ဓာတ် ၏ ၁၀-၁၅ %ကို
အသားဓာတ်မှ လည်းကောင်း ၊ အဆီဓာတ်ကို
၃၅%ထက် နည်း၍ လည်းကောင်း ၊ ၄၀-၆၀%
ကို ကစီဓာတ် မှလည်းကောင်း၊ အချိုးအစား
ကျစွာ ပါဝင် စားသုံး တတ်ရန် လိုပါသည် ။☘

☘မြန်မာလူမျိုးတို၏ မိရိုးဖလာစားသုံးသည့်
ထမင်း၊ ဟင်း ၊ တို့စရာ ၊ ငါးပိချက် စသည့်
တို့၏ အာဟာရဓာတ်ပါဝင်မူမှာလည်း
အထက်ဖော်ပြပါ အချိုးအစား
နီးပါးပါဝင်ကြသဖြင့် မိမိတို့၏
မိရိုးဖလာစားသုံးမူ ဓလေ့စရိုက်များကို
မစွန့်လွှတ်ဘဲ ဆက်လက် ကျင့်သုံး
နိင်ကြပါသည် ။☘
☘☘☘☘☘☘☘☘☘☘☘

-Dr.Tint Swe Latt
အထက်ဖော်ပြပါ အကြောင်းအရာသည်
ဆရာကြီးဒေါက်တာ တင့်ဆွေလတ် ၏
အာဟာရအမျိုးအစားများ ကဏ္ဍ
စာမျက်နှာ ၇ တွင်ပါသော အကြောင်းအရာများကို
ဆီးချိုသမားသိထားသင့်တဲ့ ဗဟုသုတစာပေများဂရု
မှ ကျန်းမာရေးအသိများ ကူးယူ မျှဝေပါသည်..
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

သွေးတွင်းအဆီဓာတ်ပမာဏပုံမှန်မဟုတ်ခြင်း(Dyslipidemia )👀👀👀👀👀👀👀👀👀👀👀👀👀dyslipidemia ဆိုသည်မှာ သွေးထဲတွင် ခန္ဓာကိုယ်အတွက် မကောင...
11/01/2020

သွေးတွင်းအဆီဓာတ်ပမာဏပုံမှန်မဟုတ်ခြင်း(Dyslipidemia )
👀👀👀👀👀👀👀👀👀👀👀👀👀

dyslipidemia ဆိုသည်မှာ သွေးထဲတွင် ခန္ဓာကိုယ်အတွက် မကောင်းမွန်သောအဆီများ (LDL) - {ကိုလက်စ်စရော (Cholestrol) ၊ Triglycerides (TGs) } ဟုခေါ်သောအဆီများ ပုံမှန်ပမာဏထက်များလာခြင်း၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သောအဆီ(HDL) များနည်းခြင်း တို့ဖြစ်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
•••••••••••••••••••••••••
👉 မွေးရာပါ သွေးတွင်းအဆီဓာတ်မမှန်ခြင်း။

👉 အဆီများစားသုံးခြင်း။

👉 သွေးချို ဆီးချိုရောဂါရှိခြင်း။

👉 အရက်အလွန်အကျွံ သောက်သုံးခြင်း။

👉 နာတာရှည်ကျောက်ကပ်ရောဂါ ရှိခြင်း။

👉 သိုင်းရွိုက်ဟော်မုန်းနည်းခြင်း။

👉 အသည်းရောဂါရှိခြင်း။

👉 အဝလွန်ခြင်း။

👉 ဆေးများ - စတီးရွိုက်ဆေးများ၊ တစ်ချို့သောဟော်မုန်းဆေးများ၊ Anti retroviral treatment (HIV ရောဂါအတွက်သောက်သုံးသောဆေးများ) သောက်သုံးသောသူများ။

ဖြစ်နိုင်ချေများသူများ
▶▶▶▶▶▶▶▶▶

▶ဆေးလိပ်သောက်သောသူများ

▶ သွေးချို /ဆီးချို ရောဂါရှိသူများ

▶သွေးတိုးရှိသူများ

▶ အဝလွန်သောသူများ (အထူးသဖြင့် ခါး ဝန်းကျင် ၊ ဗိုက် ဝန်းကျင်တို့တွင် အဆီများစုပုံနေသောသူများ)

▶ လေ့ကျင့်ခန်းများ ပုံမှန် မလုပ်သူများ

▶ ပုံမမှန်သောအစာအစားများစားသုံးခြင်း (အဆီများသောအစားအစာ စားသုံးခြင်း)

လက္ခဏာများ
➡➡➡➡➡➡
=> သွေးတွင်းအဆီဓာတ်ပမာဏ ပုံမှန်မ ဟုတ်ခြင်း အတွက် တိတိကျကျဖော်ပြပေးနိုင်သော လက္ခဏာများတော့မရှိပါ။
=> သို့သော် ပိုလျှံနေသောအဆီဓာတ်များက ခန္ဓာကိုယ်အတွင်းရှိ သွေးကြောထဲတွင် စုကာ သွေးကြောပိတ်ခြင်းများ ဖြစ်တက်သည်။
=> TGs များလျှင် မုတ်ချိုအိတ်ရောင်ခြင်း၊ LDLs များလျှင် အရွတ်များတွင် အဆီကျိတ်လေးများဖြစ်ပေါ်ခြင်း (ခြေကျင်းဝတ်နား၊ ဒူးခေါင်း၊ တံတောင်ဆစ်) တို့ဖြစ်နိုင်ပါသည်။

စစ်ဆေးမှုများ
**********
➡ သွေးစစ်ခြင်း - Lipid Profile (သွေးတွင်းအဆီဓာတ်အမျိုးမျိုးကို စစ်ဆေးကြည့်ခြင်း)

➡ ECG ဆွဲခြင်း

➡ Echocardiograph (နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း)

➡ Ultrasoundရိုက်ခြင်း

ကုသခြင်း
🔺🔺🔺
ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်၍ သွေးတွင်းအဆီဓာတ်ချပေးသောဆေးများဖြင့် ကုသနိုင်သည်။

နောက်ဆက်တွဲ ပြဿနာများ
🔻🔻🔻🔻🔻🔻🔻🔻🔻

ကိုလက်စရောဓာတ် များခြင်းကြောင့်

▪ သွေးကြောနံရံများအဆီဖုံးခြင်း။

▪ ရင်ဘက်အောင့်ခြင်း။

▪ လေဖြတ်ခြင်း။

▪ နှလုံးရောဂါဖောက်ခြင်း ။

▪ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ခြင်း။

▪ ခေါင်းကိုက်ခြင်း။

▪ ညအိပ်မပျော်ခြင်း ။

▪ အသည်းရောင်ခြင်း အစရှိသည့် နောက်ဆက်တွဲ ပြဿနာများဖြစ်နိုင်ပါသည်။

ကာကွယ်ခြင်း
👆👆👆👆👆
အဓိကအနေဖြင့် လူနေမှုပုံစံပြောင်းလဲသင့်သည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများစားသုံးခြင်း တို့ဖြင့် သွေးတွင်းမကောင်းသောအဆီပုံမမှန်တက်မှုကို ကာကွယ်နိုင်သည်။

Ref: Merck Manual , Google

Translated by Dr Myo Myint

Address

91 Street. 29*30 Street ချမ်းသာရဘုရားအနီး

Website

Alerts

Be the first to know and let us send you an email when Htoo Myat pharmacy & Store ထူးမြတ်ဆေးနှင့်ဆေးပစွည်း စတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share