Aung

Aung lipstick 💄💄💄💋💋 world 🌍🌍🌍

သဘာဝအတိုင်းထုတ်လုပ်ထားသောမျက်နျာသစ်🍯🍯🍯ပျားရည်ဆပ်ပြာ🌵🌵🌵ရှာစောင်းဆပ်ပြာ များ ပြန်ရပါပြီနော်Price 1pcs 1500Kd           5pc...
23/10/2022

သဘာဝအတိုင်းထုတ်လုပ်ထားသောမျက်နျာသစ်

🍯🍯🍯ပျားရည်ဆပ်ပြာ
🌵🌵🌵ရှာစောင်းဆပ်ပြာ များ ပြန်ရပါပြီနော်

Price 1pcs 1500Kd
5pcs. (for 1pcs 1000Ks)

လက်သည်းညှပ်ဘူးPrice 1pcs 2500Ks
01/10/2022

လက်သည်းညှပ်ဘူး
Price 1pcs 2500Ks

ရေစိုအပွင့်ပေါ်ထီးPrice 1pcs 5500Ks
15/09/2022

ရေစိုအပွင့်ပေါ်ထီး
Price 1pcs 5500Ks

14/09/2022

Skincare တဲ့နေရာမှာ သတိမထားမိဘဲ
ပြုလုပ်နေတတ်တဲ့ အမှားများ❌
(Skincare Mistakes Part-2)

1) Skincare လိမ်းတဲ့အခါ လည်ပင်းကိုမလိမ်းဘဲနေတာ📌

အိုမင်းရင့်ရော်မှုအစပြုတဲ့ထဲမှာ လည်ပင်းက ထိပ်ဆုံးကပါတယ်နော်။ မျက်နှာကိုပဲ care ပြီး လည်ပင်းကိုပစ်ထားလို့ မရပါဘူး။ အရွယ်မတိုင်ခင် အရေးအကြောင်းတွေမဖြစ်ဖို့ အရေမတွန့်ဖို့ sunscreen လိမ်းတဲ့အခါ neck area ကိုပါ လိမ်းပေးပါ။ မျက်နှာသစ်တဲ့အခါလဲ လည်ပင်းထိရောက်အောင် သစ်ပေးပါ။ အစိုဓာတ်ဖြည့်ဖို့အတွက် neck cream သီးသန့်သုံးပေးဖို့ မလိုပါဘူး။ ကိုယ်မျက်နှာလိမ်းတဲ့ moisturizer ကိုပဲ လည်ပင်းမှာ လိမ်းပေးလို့ရပါတယ်။

2) Sensitive skin ဖြစ်ပြီး alcohol, fragrance နဲ့ essential oil ပါတာတွေ သုံးနေတာ📌

ထိခိုက်မခံတဲ့ အသားအရေပိုင်ရှင်တွေဆိုရင် skincare ရွေးတဲ့နေရာမှာ ဂရုစိုက်ရမယ်နော်။ အသားအရေကို ရေရှည်မှာ တင်းခြောက်စေနိုင်တဲ့ drying alcohol များတဲ့ skincare တွေ, skin allergy ရဖို့ risk များစေတဲ့ အမွှေးနံ့အရမ်းများတာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါတယ်။ Sensitive skin ဆိုပြီး အဲ့ဒါတွေသုံးနေရင်တော့ သိပ်မဟုတ်ဘူးပေါ့နော်။ ဒါတွေသုံးတိုင်း မတည့်တာဖြစ်မှာမဟုတ်ပေမဲ့ sensitive skin ဆိုရင်တော့ ရှောင်ကြဉ်ပေးတာ အကောင်းဆုံးပါပဲ။

3) အရည်ပျစ်တဲ့ essence ကို အရည်ကျဲတဲ့ serum ထက် အရင်လိမ်းတာ📌

ပုံမှန်ဆိုရင်တော့ essence လိမ်းပြီးမှ serum လိမ်းရမှာပေါ့။ ဒါပေမဲ့ တချို့ essence တွေက serum လို texture မျိုးနဲ့လာတတ်လို့ ကိုယ်က အရည်ကျဲတဲ့ serum တခုခုနဲ့ တွဲလိမ်းမယ်ဆိုရင် serum ကို အရင်လိမ်းပေးဖို့လိုတယ်။ မဟုတ်ဘဲ အရည်ပျစ်တာကို အရင်လိမ်းမယ်ဆိုရင် နောက်ကလိုက်မဲ့ serum ရဲ့အာနိသင်အပြည့်မရတာမျိုး ဖြစ်တတ်တယ်။ Toner, essence, serum, ampoule ‌တွေကို ဘယ်ဟာအရင်လိမ်းရမယ်ဆိုပြီး တရားသေမမှတ်ဘဲ အရည်အပျစ်အကျဲပေါ် မူတည်ပြီးပဲ လိမ်းပေးပါနော်။

4) Exfoliating effect ပါတဲ့ skincare တွေကို damp skin မှာလိမ်းတာ📌

Exfoliating effect ပါတာတွေဆိုတာ AHA, BHA, Retinol, Benzoyl peroxide, Vitamin C ပါတဲ့ skincare တွေကို ပြောတာပါ။ အဲ့ဒါတွေကို မစိုမခြောက်ဖြစ်နေတဲ့ damp skin မှာလိမ်းမယ်ဆိုရင် အသားအတွင်းထဲ အလျင်အမြန်ထိုးဖောက်ဝင်ရောက်ပြီး exfoliate လုပ်တဲ့အတွက် skin irritation ရတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်က အဲ့ဒါတွေသုံးမယ်ဆိုရင် မျက်နှာရေလုံးဝခြောက်အောင် စောင့်ပြီးမှပဲ လိမ်းပေးနော်။ 15min 30min စောင့်ဖို့ထိတော့ မလိုပါဘူး။

5) Sunscreen ကို တခြားဟာတွေနဲ့ ရောလိမ်းတာ📌

ရောလိမ်းတာကို ပြောတာနော်, တွဲလိမ်းတာကိုပြောတာ မဟုတ်ဘူး, တချို့အမှတ်မှားကြလွန်းလို့။ Sunscreen ကို white cast ကျန်တာသက်သာအောင် လိမ်းလို့ကောင်းအောင် moisturizer တွေ foundation တွေနဲ့ ရောလိမ်းကြတယ်။ အဲ့လိုရောလိုက်တဲ့အခါ sunscreen ရဲ့ formula ပျက်စီးသွားပြီး နေမကာပေးနိုင်‌တော့တာမျိုး patchy application ဖြစ်သွားတာမျိုး ကြုံနိုင်တယ်နော်။ ဒါကြောင့် sunscreen ကို moisturizer ခြောက်မှ လိမ်း, sunscreen ခြောက်မှ နောက်က makeup လိုက်လိမ်းပါ။

Par-2 ကတော့ ဒီလောက်ပါပဲ။ ခုနောက်ပိုင်း ငွေကြေးအခြေအနေအရ လူတိုင်းနီးပါး ကြပ်တည်းနေကြလို့ Nyi လဲ တတ်နိုင်သလောက် skincare review တင်တာတွေ လျှော့ပြီး knowledge sharing post တွေပဲ ပိုတင်သွားမယ်နော်။ Part-3 လဲ သိပ်မကြာခင် ရေးပေးပါမယ်။ ခုတော့ Bye👋



စပရိန်ခေါင်းစီးကွင်း ကိုးကွင်းပါ တစ်ဘူး 2000Ks
14/09/2022

စပရိန်ခေါင်းစီးကွင်း
ကိုးကွင်းပါ တစ်ဘူး 2000Ks

မှန်ပါ ဆီလီကွန်ဘီး1pcs 2000Ks
14/09/2022

မှန်ပါ ဆီလီကွန်ဘီး
1pcs 2000Ks

ဖုန်းဒေါက်Price 1pcs 3000Ks
14/09/2022

ဖုန်းဒေါက်
Price 1pcs 3000Ks

BOBENI lipPrice 1pcs 2000Ks
14/09/2022

BOBENI lip
Price 1pcs 2000Ks

16/08/2022

Skincare တခု မျက်နှာပေါ်မတင်ခင်
ဒီအချက်တွေ အရင်လုပ်ပါ❗️

1) ပါဝင်ပစ္စည်းအရင်ကြည့်ပါ✅

ကိုယ်တိုင်ဝယ်သုံးတဲ့ skincare ပဲဖြစ်စေ သူများလက်ဆောင်ပေးလို့ရတဲ့ skincare ပဲဖြစ်စေ မသုံးခင် Ingredients list အရင်စစ်ပါ။ ကိုယ်နဲ့ဓာတ်မတည့်တဲ့ ingredient တစုံတရာ ပါနေမလား? ကိုယ့် skin condition နဲ့ရော လိုက်ဖက်ရဲ့လား? အရမ်းနားမလည်ရင်တောင် bloggers တွေရဲ့ review တွေ knowledge sharing စာတွေ ဖတ်နေကျဆိုရင် အဓိကပါဝင်ပစ္စည်းတွေတော့ မျက်မှန်းတန်းပြီးသားဖြစ်မယ်ထင်ပါတယ်။

2) PAO ကြည့်ပါ✅

Period After Opening(PAO)ဆိုတာ ပစ္စည်းတခုကိုဖွင့်ဖောက်ပြီး ဘယ်လောက်အချိန်အတွင်း ကုန်အောင်သုံးရမလဲပြတဲ့ သကေတပါ။ များသောအားဖြင့် skincare တွေမှာဆိုရင် PAO 1year လောက် ပါလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ skincare တွေမှာတော့ 3months, 6months လောက်ပဲပါတတ်လို့ ကိုယ်သုံးနေတဲ့ skincare တွေရဲ့ PAO ကို check လုပ်ဖို့ မမေ့ပါနဲ့နော်။

3) စသုံးတဲ့ရက်ကို ချရေးထားပါ✅

PAO လွန်သွားတဲ့ skincare တခုက texture, အနံ့နဲ့ အရောင်တွေ ပြောင်းသွားတတ်ပါတယ် တနည်းအားဖြင့် ဒီ skincare က fresh မဖြစ်တော့ဘူး, အာနိသင်ကောင်းကောင်းမပေးနိုင်တော့ဘူး။ အခန့်မသင့်ရင် အဲ့ဒီသက်တမ်းပြည့်သွားတဲ့ skincare ကြောင့် ကိုယ့်အသားအရေပေါ်မှာ skin reaction တွေ ရတတ်ပါတယ်။ PAO သိနေပေမဲ့ စသုံးတဲ့ရက်ကို ချရေးမထားရင် ဘယ်အချိန်ရောက်ရင်တော့ မသုံးသင့်တော့ဘူးဆိုတာကို မသိနိုင်ပါဘူး။ Nyi အပါအဝင် bloggers အများစုကတော့ စျေးနှုန်းကပ်တဲ့ tape လေးတွေသုံးပြီး ဘူးပေါ်ပဲကပ်ထားလေ့ရှိပါတယ်။

4) Patch test အရင်လုပ်ပါ✅

ဘယ်လောက်ပဲ ပါဝင်ပစ္စည်းတွေ check လုပ်ပြီးပြီး ကိုယ်နဲ့မတည့်တာမျိုး ဖြစ်နိုင်သေးတဲ့အတွက် skincare အသစ်အဆန်းတခု မျက်နှာပေါ်မတင်ခင် patch test အရင်လုပ်ပေးပါ။ ဘာမှမခက်ပါဘူး, လည်ပင်း လက်ဖျံ မေးရိုး နားရွက်နောက် ကြိုက်တဲ့နေရာမှာ အနည်းငယ်လိမ်းကြည့်ပြီး 24hr စောင့်ကြည့်ရုံပါပဲ။ အဲ့ဒီ area တဝိုက်မှာ အသားနီရဲလာတယ် ယားစပ်ပြီး အင်ပြင်တွေ ဗြုတ်စိသေးသေးလေးတွေ ထလာတယ်ဆိုရင် ကိုယ်နဲ့မတည့်ဘူးဆိုတာ သိနိုင်ပါတယ်။ လူတိုင်း patch test လုပ်သင့်ပေမဲ့ ထိခိုက်လွယ်တဲ့ sensitive skin တွေ breakout skin တွေကတော့ `must do´နော်။

5) ကိုယ့်ရဲ့ routine ထဲကို ဖြည်းဖြည်းချင်း ထည့်သုံးပါ✅

အပေါ်ကအချက်တွေ အကုန်လုပ်ပြီးပြီ, မျက်နှာပေါ်တင်သုံးတော့မယ်, routine ထဲ incorporate လုပ်တော့မယ်ဆိုရင် မှာချင်တာက one product at a time ပဲလုပ်ပါ။ ဝယ်လာသမျှ skincare တွေ အကုန်စုပြုံပြီး တပြိုင်ထဲ စမ်းသုံးတာမျိုး မလုပ်ပါနဲ့။ တရက်ကိုတကြိမ် 2ရက်ကိုတကြိမ် 3ရက်ကိုတကြိမ်ကနေ ဖြည်းဖြည်းချင်းတိုးသုံးသွားပါ။ အဲ့လိုလုပ်ခြင်းအားဖြင့် အဖုတွေထွက်လာခဲ့ရင်တောင် ဘာကြောင့်ဖြစ်တယ်ဆိုတာ အဖြေရှာနိုင်မယ်လေ။ တပြုံလိုက်ကြီး တခါတည်းစမ်းတော့ မတည့်တာပါလာရင်တောင် တရားခံရှာရခက်ပါတယ်လို့။

အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်❣️


HASAYA GIRLCream puffPrice 1pcs 3500Ksphone 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်👌👌👌
13/08/2022

HASAYA GIRL
Cream puff
Price 1pcs 3500Ks

phone 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်👌👌👌

BOBENI Eye liner(black) Price 1pcs 1500Ksphone 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်👌👌👌
13/08/2022

BOBENI
Eye liner(black)
Price 1pcs 1500Ks

phone 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်👌👌👌

LANEIGE Water Sleeping Mask EXPrice 1pcs 3500Ks (15ml)100% Authentic From Korea***ညအိပ်ယာဝင်ချိန်သုံးရပြီးမျက်နှာအသားအရည...
13/08/2022

LANEIGE
Water Sleeping Mask EX
Price 1pcs 3500Ks (15ml)
100% Authentic From Korea
***ညအိပ်ယာဝင်ချိန်သုံးရပြီးမျက်နှာအသားအရည်ကိုအားဖြည့်ပေးမယ့် Night mask လေးဖြစ်ပါတယ်***
***ဝက်ခြံ၊ အမာရွတ်,အမဲစက်တွေကိုလျော့ပါးစေပြီးSkin type အမျိုးမျိုးအတွက်ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်***
phone 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်👌👌👌

သုံးဖူးသူတိုင်းကြိုက်ကြတဲ့I am SODA BB creamSPF35/PA++(made in Korea)Price  1pcs 2500(10ml)10ml  6ထုပ်ပါတစ်ဘူး13500  ***...
13/08/2022

သုံးဖူးသူတိုင်းကြိုက်ကြတဲ့
I am SODA BB cream
SPF35/PA++(made in Korea)
Price 1pcs 2500(10ml)
10ml 6ထုပ်ပါတစ်ဘူး13500
***ဒီBB cream လေးကတစ်မျိုးတည်းနဲ့Natural Look လေးကိုရရှိမှာဖြစ်တဲ့အပြင် SPF35/PA++ပါတာကြောင့်နေလောင်ဒဏ်ကိုလည်းကာကွယ်ပေးဉီးမှာနော်***
phone 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်👌👌👌

100% Authentic From Korea💙Etude House Baking Soda Pore Scrub💙Price -1000ks(1pcs mini)           900Ks (5 pcs)နှာခေါင်နဲ့...
13/08/2022

100% Authentic From Korea

💙Etude House Baking Soda Pore Scrub💙

Price -1000ks(1pcs mini)
900Ks (5 pcs)

နှာခေါင်နဲ့မေးစေ့အောက်နားလေးတွေမှာဆားဝက်ခြံရှိသူလေးတွေကို Etude Houseရဲ့ Baking Soda Pore Scrubလေးသုံးကြည့်ဖို့ ညွှန်းချင်တယ် ….သုံးဖူးသူတိုင်းကြိုက်ကြတဲ့ productလေး.ပါ
---------------------------------------------------------------------------------------------------------------------------------------------
🧊Scrub နုနုပုံစံလေးဖြစ်လို့ dead cell တွေဖယ်ရှားပေးပြီး smooth ဖြစ်စေတယ်
နောက်ထပ်သုံးမယ့် skincare ဖြစ်ဖြစ် mask ဖြစ်ဖြစ်ပိုပီး effect ရစေတယ် ..
တစ်ပတ်ကို ၁-၂ကြိမ်ထိ အသုံးပြုနိုင်ပါတယ် 🤩
အထုပ်လေးသေးတယ်ဆိုပြီးအထင်မသေးပါနဲ့ ၃-၄ကြိမ်အသုံးပြုလို့ရတယ် 😌

🥰🥰🥰🥰🥰သတိပြုရန် baking powder နှင့်မတည့်သူများအသုံးပြုရန်မသင့်တော်ပါ scrub ဖြစ်သည့်အတွက်တစ်ပါတ်လျှင် နှစ်ကြိမ်ထက်ပိုမသုံးပါနှင့်🥰🥰🥰🥰
🥰🥰🥰အသုံးပြုပုံ🥰🥰🥰 ဆားဝက်ခြံရှိသောနေရာကိုရေနှင့်အရင်ဆေးပြီးမှ baking powder ကိုအနည်းငယ်သုတ်လိမ်းပြီးတစ်မိနစ်ခန့်ကြာထားပြီးလျှင်မျက်နှာသစ်ပါ🥰🥰🥰
phone 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်👌👌👌

Ready 2 White  Boosting creamPrice - 1pcs - 3000 ks(Bkk)🌸💐 မျက်နှာအသားရေလေး သိသိသာသာဖြူဝင်းလှပစေမယ့် cathy doll ရဲ့ Read...
13/08/2022

Ready 2 White Boosting cream
Price - 1pcs - 3000 ks(Bkk)

🌸💐 မျက်နှာအသားရေလေး သိသိသာသာဖြူဝင်းလှပစေမယ့် cathy doll ရဲ့ Ready 2 White Boosting Cream လေးပါရှင်။

🍶Day cream အဖြစ်အသုံးပြုနိုင်ပြီးမိတ်ကပ်သားပါဝင်မှုနည်းလို့ ယောက်ကျားလေးရော မိန်းကလေးရောအသုံးပြုနိုင်ပါတယ်ရှင်။ လိမ်းရတာ အရမ်းလွယ်ကူပြီး.. ကွက်တာတွေ ပြာတာတွေ မရှိဘူးနော်။

💗မျက်နှာပေါ်က 💥အမဲစက်လေးတွေမှေးမှိန်သွားပြီး မျက်နှာအသားရေလေးက 🗯🗨သိသာစွာဖြူစင်ဝင်းမွတ်လာမှာနော်။

⭐⭐⭐
Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐

အစုံပါ လက်သည်းညှပ်အိတ်Price 1pcs 3000Ks⭐⭐⭐Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐
13/08/2022

အစုံပါ လက်သည်းညှပ်အိတ်
Price 1pcs 3000Ks

⭐⭐⭐
Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐

လက်သည်းညှပ်ဘူးအကြည်Price 1pcs 1200Ks⭐⭐⭐Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐
13/08/2022

လက်သည်းညှပ်ဘူးအကြည်
Price 1pcs 1200Ks

⭐⭐⭐
Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐

22/06/2022
07/06/2022

အသားဖြူချင်သူတွေအတွက် Skin Care ပြုလုပ်နည်းလမ်းညွှန်


07/06/2022
02/06/2022

အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ UV Rays တွေအကြောင်း သိကောင်းစရာ...

27/05/2022

Skincare တွေကို အဆင့်ဆင့် ဘယ်လိုလိမ်းရမလဲ❓

ကိုယ်သုံးနေတဲ့ skincare တွေရဲ့အာနိသင်ကို အပြည့်အဝရဖို့ဆိုရင် တဆင့်ပြီးတဆင့် နည်းစနစ်တကျ လိမ်းတတ်ဖို့လဲ လိုသေးတယ်နော်☝️ အရင်လိမ်းရမယ့်ဟာကြီး နောက်မှလိမ်း, နောက်မှလိမ်းရမယ့်ဟာကို အရင်လိမ်းလို့ကတော့ ကိုယ်စျေးကြီးပေးသုံးနေတဲ့ skincare တွေရဲ့ maximum benefit ကို မရတာမျိုး ဖြစ်တတ်ပါတယ်။ Nyi ဒီနေ့ရေးတဲ့ topic က အရမ်း basic ဆန်လို့ သိနှင့်ပြီးသားသူတွေ များလောက်ပေမဲ့ တချို့လာမေးတဲ့အခါ ရေးပြီးသားပြစရာမရှိလို့ ရေးလိုက်တာပါ။ ကိုယ်မသိတဲ့အချက်လေး တစိုးတစင်းပါလိုပါငြား သိပြီးသားသူတွေလဲ တခေါက်လောက်တော့ ဖတ်ကြည့်ပေးပါနော်😘

ဆိုတော့ Nyi တို့ skincare routine ကို morning & night ခွဲပြောရရင် ယေဘုယျအားဖြင့် ဒီအစဥ်အတိုင်း ပြုလုပ်ရလေ့ရှိပါတယ်📌

🌝Morning > Cleanser,
> Toner,
> Essence,
> Serum,
> Ampoule
> Eye cream
> Moisturizer
> Sunscreen

🌙Night > Double cleansing,
> Toner,
> Sheet mask / Wash off mask / Clay mask,
> Essence,
> Serum,
> Ampoule,
> Eye cream
> Moisturizer / Facial oil / Sleeping mask

🦋Cleanser

Skincare မလိမ်းခင် မျက်နှာအရင်သစ်ရမယ်ဆိုတာတော့ လူတိုင်းသိမှာပေါ့နော်။ မနက်ပိုင်းမှာတော့ cleanser ကို skip လုပ်လို့ရပေမဲ့ ညဘက်ကိုတော့ cleansing မဖြစ်မနေ လုပ်ပေးရပါမယ်❗️ Double cleansing လုပ်မယ်ဆိုရင် 1st cleanse ကို oil based cleanser, 2nd cleanse ကို water based cleanser သုံးပေးပါ။

🦋Sheet mask / Wash off mask / Clay mask

ရှုပ်ရှက်ခတ်ကုန်မှာစိုးလို့ ထည့်မထားပေမဲ့ peel off mask တွေ modelling mask တွေလဲ ဒီထဲမှာ အကြုံးဝင်ပါတယ်။ မျက်နှာသစ်ပြီး ပြုလုပ်ရမယ့် အဆင့်ပါ။ Mask မကပ်ခင် toner လိမ်းလို့လဲ ရပါတယ်။ မေးမယ်ဆိုတာ သိလို့ တခါတည်း​ ဖြေလိုက်မယ်နော်🤗, sheet mask, peel off mask နဲ့ modelling mask တွေကလွဲရင် ကျန်တာအကုန် ရေပြန်ဆေးချရပါမယ်။

🦋Toner / Essence / Serum / Ampoule

တရားသေ ဘာကိုတော့ အရင်လိမ်းရမယ်ဆိုပြီး သတ်မှတ်လို့မရတဲ့ အဆင့် 4ခုပါ။ အရည်အပျစ်အကျဲ texture ပေါ်လိုက်ပြီး အရည်အကျဲဆုံးကနေ စလိမ်းရပါမယ်💧 ဥပမာ ampoule က အရည်အကျဲဆုံး, toner ထက်ကို အရည်ကျဲတယ်ဆိုရင် ampoule အရင်လိမ်း, ပြီးမှ toner လိမ်းရပါမယ်။ 4ခုထဲမှာ toner က အရည်အပျစ်ဆုံးဆိုလဲ toner ကို နောက်ဆုံးမှ လိမ်းရပါမယ်။ ကိုယ့်ရဲ့ skincare routine ထဲမှာ ဒီ 4မျိုးလုံး ပါဖို့မလိုပေမဲ့ စုံအောင်လို့ ထည့်ပေးထားတာပါ။

အကယ်၍ ကိုယ်က toner 2မျိုး / essence 2မျိုး လိမ်းမယ်, 2ခုလုံးရဲ့ texture ကလဲ အရည်ကျဲတာချင်း တူတယ်ဆိုရင်🤔 acidic pH ဘက်ပိုရောက်တာ ဒါမှမဟုတ် fermented ingredients တွေ AHA BHA vitamin C လို active ingredients တွေပါတာမျိုးကို အရင်လိမ်းပေးပါ။
Texture ဆင်တူယိုးမှားရှိတဲ့ serum 2ခု layer လုပ်ပြီး သုံးမယ်ဆိုလဲ, ဥပမာ 📌niacinamide serum နဲ့ hyaluronic acid serum ကို တွဲသုံးမယ်ဆိုရင် ကိုယ့်ရဲ့ skin type ကို အရင်ကြည့်။ ကိုယ့်ရဲ့ skin type က oily skin ဆိုရင် niacinamide serum ကို အရင်လိမ်း, dry skin ဆိုရင် hyaluronic acid serum ကို အရင်လိမ်းပါ။ Niacinamide နဲ့ hyaluronic acid မဟုတ်ဘဲ 📌retinol နဲ့ hydrating serum တခုခုဆိုရင်လဲ ကိုယ့်ရဲ့ skin က retinol ရဲ့ပြင်းအားကို ခံနိုင်ရည်ရှိအောင် hydrating serum ကို အရင်လိမ်းပေးတာက ပိုပြီးသင့်တော်ပါလိမ့်မယ်။

🦋Eye cream, lip balm

Eye cream ကတော့ moisturizer step မတိုင်ခင် လိမ်းရမှာဖြစ်ပြီး lip balm ကတော့ ဘယ်အချိန်ပဲ ကောက်ဆိုးဆိုး အဆင်ပြေပါတယ်👌 ဒါပေမဲ့ တခုရှိတာက ကိုယ်က အရမ်းပြင်းတဲ့ exfoliating products တွေ, ဥပမာ ordinary peeling solution or AHA BHA % များတာတွေ or retinol လို harsh ဖြစ်တာတွေ သုံးတဲ့နေ့မျိုးဆိုရင်တော့ အဲ့ steps တွေမသုံးခင် eye cream နဲ့ lip balm ကို အရင်လိမ်းဖြစ်အောင် လိမ်းပေးပါ။

🦋Moisturizer / Facial oil / Sleeping mask

3ခုလုံး လိမ်းတဲ့သူတော့ ရှိမယ်မထင်ဘူး။ Facial oil ကို ကိုယ်လိမ်းမယ့် moisturizer ထဲ 1 2စက်ထည့်ပြီး ရောလိမ်းလို့ရသလို facial oil အပျစ်အကျဲပေါ် မူတည်ပြီး moisturizer မလိမ်းခင် / လိမ်းပြီး နောက်က လိုက်လိမ်းလို့ရပါတယ်။ Sleeping mask သမားတွေကတော့ moisturizer မလိမ်းဘဲ sleeping mask တန်းလိမ်းလဲရသလို moisturizer လိမ်းပြီးမှ sleeping mask ထပ်လိမ်းမယ်ဆိုလဲ အဆင်ပြေပါတယ်💗

🦋Sunscreen

Night routine ကတော့ moisturizer နဲ့တင် အဆုံးသတ်သွားပေမဲ့ morning မှာတော့ moisturizer နောက်ကနေ Spf မဖြစ်မနေ လိုက်ပေးရပါမယ်🌤️ Sunscreen လိမ်းတဲ့အခါ သတိထားရမှာကတော့ sunscreen ကို skincare routine တခုလုံးရဲ့ last step မှာ လိမ်းပေးဖို့နဲ့ တခြားဘာနဲ့မှ ရောမလိမ်းဖို့ပါ။ နောက်ပိုင်း အတတ်ဆန်းပြီး white cast ကျန်တဲ့ sunscreen တွေကို foundation နဲ့ရောလိမ်းကြတာတွေ တွေ့မိလို့ပါ❌ အသေးစိတ်ကိုတော့ နောက်မှ post တခုသက်သက်နဲ့ ရှင်းပါမယ်။ Last step ဆိုတာကလဲ moisturizer အကယ်၍ facial oil လိမ်းတယ်ဆိုလဲ အဲ့ဒါတွေအကုန်ပြီးမှ sunscreen ကို လိမ်းစေချင်တဲ့ သဘောပါ။ Sunscreen လိမ်းပြီး ဘာမှမလိမ်းရဘူး ပြောတာတော့ မဟုတ်ပါဘူး။ မျက်နှာပေါ် sunscreen လိမ်းပြီး အချိန်ခဏစောင့်ပြီးရင် နောက်က makeup ဘာညာ ထပ်လိမ်းလို့ရပါတယ်။

ပြောချင်တဲ့အချက်တွေစုံအောင်တော့ သေချာလေး စဥ်းစားပြီး ရေးပေးထားပါတယ်🤯 လွတ်သွားတဲ့အချက်တွေရှိရင် remind လုပ်ပေးကြပါဦး။ မေးချင်တာလေးတွေရှိရင်လဲ comment မှာ မေးခဲ့နိုင်ပါတယ်။

နောက် post မှပဲ အားလုံးနဲ့ ပြန်တွေ့မယ်နော်😗

With Much Love,
Nyi😘


21/05/2022

အမျိူးသမီးနှင့် ရာသီလာစဥ် အသားအရေ ဘယ်လိုဂရုစိုက်ကြမလဲ?

menstrual period ကာလ စတင်တဲ့ ရက်ကနေ ၇ရက်အတွင်း အသားအရေက အစိုဓာတ်ထုတ်နိုင်မှူ့လျော့နည်းသလို အဆီပြန်တတ်သူတောင်ပုံမှန်ထက်ကို အဆီပြန်မှူ့ လျော့နည်းပါတယ်။

ဘယ်လိုဂရုစိုက်သင့်လဲ?
အသားအရေက ခြောက်သွေ့ စေသောအချိန်ကာလ ဖြစ်လို့ ရေများများသောက်ပါ။ moisturizer ကိုသေချာလိမ်းပေးပါ။ HA Ceramide စသဖြင့်အစိုဓာတ်ကိုထောက်ပံနိုင်သော skincare တွေသုံးပေးသင့်ပြီး မျက်နှာသစ်ဆရာဆိုရင်လည်း အသားအရေအရမ်းခြောက်သွေ့နိုင်သော cleanser ထက်စာရင်အစိုဓာတ်ပြန်ကျန်နိုင်သော gel cleanser သုံးပါ။ ပင်ကိုယ်အသားအရေခြောက်သွေ့တတ်သူကတော့ ဒီလိုကာလမှာ Facial oil သုံးပေးပါ။

menstrual time ကနေ ၇ရက်ကျော်ရင် အမျိူးသမီးတို့အတွက် အသားအရေက အကောင်းဆုံးအချိန်ဖြစ်သလို collagen ထုတ်နှူန်းလည်းမြင့်မားတယ်။ အသားအရေက အစိုဓာတ်ပြည့်ဝသလို skincare သုံးသမျှပိုပြီး ထိရောက်စွာ အကျိူးပြုတယ်။ အဆီပြန်တတ်သူဆိုရင်အဆီပြန်နှူန်း လျော့ပင်မယ့် အစိုဓာတ်လည်းပြည့်နေတယ်။ အသားအရေရဲ့ ကောင်းမွန်ဆုံးအချိန်တွေဖြစ်လို့ ရာသီလာစဥ်ဝက်ခြံဖြစ်တတ်သူတွေအနေနဲ့ ဒီလိုချိန်မှာ ပြန်လည်ကုသရင် မြန်မြန်သက်သာပါတယ်။

ဒီနောက် ရာသီလာစဥ်ကနေ ၁၅ရက် နောက်ပိုင်း ကတော့

collagen ထုတ်နှူန်းနှင့်အစိုဓာတ် ရေဓာတ်ပြည့်ဝနေသလို အဆီပြန်အသားအရေပိုင်ရှင်တွေအနေနဲ့ ဒီကာလမှာ အသားအရေသာမန်ထက်ကို ပိုအဆီပြန်လို့ clay mask လေးတွေသုံးပေးတာ အဆီပြန်သက်သာတဲ့ Gel type skincare လေးတွေသုံးပါ။ အဆီဖု ဝက်ခြံလေးတွေဖြစ်တတ်လို့ ဂရုစိုက်ရမယ့်ကာလဖြစ်ပါတယ်။ အသားအရေခြောက်သွေ့သူတွေလည်း တခါတလေ ဝက်ခြံဘာညာဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။

ရာသီလာဖို့ နီးကပ်တဲ့ တပတ်အလိုကာလကတော့ အဆီပြန်တာတွေလျော့သလိုအသားအရေက အရမ်း sensitive ဖြစ်လို့ skinbarrier ကောင်းစေမယ့် moisturizer serum တို့ပိုရွေးသင့်ပါတယ်။ Retinol Vitamin C Niacinamide စတာတွေ active ingredient ထက် soothing skincare လေးတွေ သုံးတာအသင့်တော်ဆုံးပါနော်

အသားအရေက အမျိူးသမီးတွေမှာ ဒီလို menstrual cycle ပေါ်မူတည်ပြီးလည်း ပြောင်းလဲလို့ ကာလအလိုက်ရွေးချယ်လိမ်းပေးရင် ပိုပြီးအကျိူးရှိနိုင်တာမို့ ဒီအကြောင်းအရာလေးကို grace အနေနဲ့ sharing ပေးလိုက်ပါတယ်

08/05/2022

[Skincare Knowledge]
Sheet masks တွေကို နည်းမှန်လမ်းမှန်
ဘယ်လိုကပ်ရမလဲ❓

Nyi ကိုယ်တိုင်ကတော့ sheet mask person မျိုး မဟုတ်ပေမဲ့ sheet mask ကပ်တဲ့အခါ မှားတတ်ကြလွန်းလို့ ဒီနေ့ sheet mask တွေကို ဘယ်လိုနည်းလမ်းတကျသုံးရမယ်ဆိုတာလေး ပြောပြချင်ပါတယ်🤔

Sheet mask ကပ်မယ်ဆိုရင် အရင်ဆုံး မျက်နှာအရင်သစ်ပါ, double cleansing လုပ်ဖို့လိုရင် double cleansing လုပ်ပါ။ ဖြစ်နိုင်ရင် sheet mask မကပ်ခင် toner လိမ်းပေးနိုင်ရင် ပိုကောင်းပါတယ်။ ကပ်ပြီး 15min ကြာရင် sheet mask ကိုခွာပြီး essence အရည်တွေ အသားထဲစိမ့်ဝင်တဲ့ထိ အချိန်ခဏစောင့်ပါ⏱️ စိမ့်ဝင်တာမြန်အောင် massage လုပ်တာ ပွတ်လိမ်းတာမျိုး လုပ်နိုင်ပါတယ်။ အရေးကြီးတာက sheet mask ကပ်ပြီး ရေဆေးမချဖို့နဲ့ essence အရည်တွေကို အဝတ်နဲ့ သုတ်မပြစ်ဖို့ပါ🔑 ပြီးရင် ကိုယ်သုံးချင်တဲ့ serum/ampoule တခုခု လိမ်းပါ။ Sheet mask ရဲ့ အာနိသင်အပြည့်အဝရဖို့အတွက် sheet mask ကပ်ပြီး နောက်ကနေ moisturizer မဖြစ်မနေလိုက်လိမ်းပေးသင့်ပါတယ်။

Hope you find this helpful❤️


08/05/2022

[Skincare Knowledge]
Sunscreen ဝယ်ရင် အဓိကဘယ်အချက်တွေ
ကြည့်ဝယ်ရမလဲ❓

🌞Type (Physical/Chemical/Hybrid) -
မျက်နှာနီလွယ်ရဲလွယ်တယ်, sunscreen လိမ်းရင် ယားပြီး အဖုလေးတွေ ထတတ်တယ်, မျက်နှာဆေးခန်းပြနေတယ်, treatment ယူထားလို့ မျက်နှာက စန်းစန်းတင့်နေတယ်ဆိုရင် sunscreen ကို physical/mineral အမျိုးအစားထဲက သုံးသင့်ပါတယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ်က sunscreen ကို ပျစ်ပျစ်ကြီးလိမ်းရတာမကြိုက်ဘူး, white cast လဲမကျန်ချင်ဘူး, အရည်ကျဲကျဲလေးနဲ့ လိမ်းလို့လဲ ကောင်းရမယ်ဆိုရင်တော့ chemical sunscreen ထဲက သုံးစေချင်ပါတယ်။ ဒါမှမဟုတ် physical sunscreen တွေလောက်လဲ white cast မကျန်ဘဲ chemical sunscreen တွေထက်လဲ sensitive skin friendly ဖြစ်တဲ့ hybrid sunscreen ထဲကသုံးမယ်ဆိုလဲ အဆင်ပြေပါတယ်။

🌞Texture - အရည်ကျဲကျဲလေးနဲ့ လိမ်းလို့ကောင်းပြီး reapply လုပ်ရလွယ်ကူတဲ့နေရာမှာတော့ physical sunscreen တွေထက် chemical sunscreen တွေက ပိုပြီးအားသာပါတယ်။

🌞White Cast - လိမ်းလိုက်ရင် ဖြူဖြူကွက်ကွက်ကြီးနဲ့ ဖြူသလိုလို ပြာသလိုလိုဖြစ်ပြီး ကျန်ခဲ့တာကို ခေါ်ပါတယ်။ Physical sunscreen အများစုက white cast ကျန်တာများလို့ white cast ကျန်တာမကြိုက်ရင်တော့ chemical sunscreen ပဲသုံးပါ။

🌞Eye Sting - Physical sunscreen တွေထက် chemical sunscreen တွေမှာ ပိုတွေ့ရများပါတယ်။ မျက်လုံးတဝိုက်လိမ်းတဲ့အခါ မျက်လုံးထဲဝင်ပြီး မျက်ရည်တွေကျ မျက်လုံးတွေနီရဲပြီး မဖွင့်နိုင်တဲ့ထိကို ဖြစ်တတ်ပါတယ်။ များသောအားဖြင့် alcohol ပါဝင်မှုများတဲ့ chemical sunscreen တွေ​ကြောင့် ဖြစ်တာများပါတယ်။ Eye sting လုံးဝမဖြစ်တဲ့ chemical sunscreen တွေလဲ အများကြီးရှိတာမလို့ chemical sunscreen ဆိုတာနဲ့ eye sting ဖြစ်မှာပဲဆိုပြီး တသမတ်ထဲသတ်မှတ်လို့တော့ မရပါဘူး။

🌞Waterproof, sweatproof - ရေစိုခံ ချွေးစိုခံရဲ့လား?နွေရာသီလို ပူတဲ့ရာသီမျိုးမှာ မျက်နှာက ချွေးအရမ်းပြန်တတ်တယ်ဆိုရင် sweatproof ဖြစ်တာမျိုးကို ရွေးသုံးသင့်ပါတယ်။ ဒါ့အပြင် ရေနဲ့အမြဲထိတွေ့နေရတဲ့ ရေကူးသမားတွေ, ကမ်းခြေမှာ ရေကစားမယ့်သူတွေဆိုရင်လဲ waterproof/water resistant ဖြစ်တဲ့ sunscreen မျိုး
ရှာသုံးသင့်ပါတယ်။

🌞Fungal acne safe/unsafe - ကိုယ်က fungal acne ဖြစ်ဖူးတယ်/လက်ရှိလဲ ဖြစ်နေတယ်ဆိုရင် FA safe ဖြစ်တဲ့ sunscreen မျိုး သုံးရပါမယ်။ တချို့ fungal acne သမားတွေ fungal acne trigger 1ခု 2ခုပဲပါတဲ့ sunscreen တွေနဲ့ အဆင်ပြေတတ်တယ်ဆိုပေမဲ့ trigger လုံးဝမပါတဲ့ sunscreen မျိုး ရှာသုံးနိုင်ရင်တော့ အကောင်းဆုံးပါ။

🌞Alcohol, fragrance & essential oil free - Fragrance တွေ essential oils တွေကတော့ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။ Alcohol ပါခြင်း မပါခြင်းကတော့ လူတယောက်နဲ့တယောက် မြင်တဲ့အမြင်ချင်း ကွာပါလိမ့်မယ်။ ဥပမာ Nyi လိုမျိုး sunscreen ဝယ်ရင် ingredient ထက် texture ကို အဓိကကြည့်တယ်, အရည်ကျဲကျဲလေးနဲ့ လိမ်းလို့ကောင်းတာမျိုးကို ကြိုက်တဲ့သူဆိုရင် sunscreen မှာ alcohol ပါတာ ရှာဝယ်မိလိမ့်မယ်။ ဘာလို့လဲဆိုရင် sunscreen တခုမှာ alcohol ရဲ့ function ကိုက solvent အနေနဲ့ လုပ်ဆောင်ပြီး texture ကျဲအောင် လုပ်ပေးတယ်, အသားပေါ်တင်လိုက်တာနဲ့ volatile ဖြစ်ပြီး အေးအေးလေးခံစားရစေတဲ့အတွက် alcohol ပါတဲ့ sunscreen တွေက လိမ်းရတာ စိတ်ကျေနပ်ဖို့ကောင်းတာတော့ အမှန်ပဲ။ သို့သော်လဲ တဖက်မှာ alcohol က အသားအရေကို dry out ဖြစ်စေတယ်, sensitive skin အတွက်ဆိုလဲ irritation ရဖို့ chance ပိုများစေတယ်။ ဆိုတော့ ​ကိုယ်က alcohol နဲ့မတည့်ဘူး, အရမ်းကို sensitive ဖြစ်တယ်ဆိုရင် alcohol ပါတဲ့ sunscreen တွေကို ရှောင်ပါ။ ရွေးချယ်စရာ option တော့ နည်းသွားပါလိမ့်မယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ့်မျက်နှာက ပြောသလောက်ကြီး sensitive မဖြစ်ဘူး, alcohol ပါတာတွေသုံးလဲ ကိစ္စမရှိဘူးဆိုရင်တော့ sunscreen ဝယ်တဲ့အခါ alcohol ပါတာ မပါတာထက် sun protection ကောင်းတာ, လိမ်းလို့ကောင်းပြီး white cast မကျန်တာ, ချွေးပေါက်မပိတ်တာမျိုးကို အဓိကကြည့်ဝယ်ပါလို့ အကြံပြုပါတယ်။

Hope you find this helpful😘


08/05/2022

ဝက်ခြံသမားတွေ ဆောင်ရရှောင်ရမယ့် အချက်တွေက
ဘာတွေဖြစ်မလဲ❓

အားလုံးပဲ မင်္ဂလာပါ🖐
Nyi တို့ ဝက်ခြံပေါက်ရင် ဝက်ခြံပျောက်ချင်ဇောနဲ့
panic ဖြစ်ပြီး လုပ်မိလုပ်ရာ လျှောက်လုပ်မိတတ်ကြတယ်။ အဲ့ဒီအခါ မဖြစ်သင့်တာတွေဖြစ်ပြီး ဝက်ခြံမပျောက်ဘဲ ဝက်ခြံထက်ပိုဆိုးတဲ့ ပြဿနာတွေဖြစ်လာရော။ နည်းမှန်လမ်းမှန်နဲ့ကုရင် ဝက်ခြံက ရက်သတ္တပတ်အတွင်း ပျောက်ကင်းနိုင်ပေမဲ့ ကိုယ်လျှောက်လုပ်လိုက်လို့ အမဲစက် အမာရွက် ချိုင့်ခွက်တွေဖြစ်လာရင် ပိုက်ဆံအများကြီးပိုကုန်သလို ပျောက်ဖို့လဲ လချီနှစ်ချီ အချိန်ပေးရတတ်ပါတယ်🤧 အဲ့လိုတွေမဖြစ်ရအောင် Nyi က ဒီနေ့ ဝက်ခြံတွေထွက်လာရင် ဘယ်လို handle လုပ်ရမလဲ, အရှင်းပျောက်ဖို့ဆိုတာထက် ဝက်ခြံတွေသက်သာအောင် ပိုမဆိုးလာအောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အချက်တွေ ပြောပြချင်ပါတယ်။

1) စိတ်အေးအေးထားပါ✅

ဝက်ခြံပေါက်တာ ရေတိုပြဿနာပါ, အချိန်တစ်ခုကြာရင် ပျောက်သွားမှာပါ တသက်လုံးပေါက်ပါဆိုတောင် မပေါက်ပါဘူး။ ဒီလိုပြောလို့ ကိုယ်ချင်းမစာမနာပြောတယ်မထင်ပါနဲ့, Nyi ကိုယ်တိုင်လဲ ဝက်ခြံဆိုးဆိုးရွားရွားပေါက်ဖူးလို့ ကိုယ်ချင်းစာပါတယ် ခုလဲ ပေါက်နေဆဲပါပဲ။ အမြန်ပျောက်ချင်ဇောနဲ့ လျှောက်လုပ်လို့လဲ ချက်ချင်းပျောက်မဲ့အရာမဟုတ်ပါဘူး ပိုတောင်ဆိုးသွားနိုင်ပါတယ်။ အချိန်တစ်ခုပေးပြီးကုရင် လုံးဝပျောက်ပါတယ်💘 အဲ့ဒါကြောင့် စိတ်အရမ်းမညစ်ပါနဲ့✖ Stress များရင် ခန္ဓာကိုယ်က အဆီပိုထုတ်​​အောင် လှုံ့ဆော်တဲ့ hormone တစ်မျိုးထုတ်ပါတယ်။ အဲ့အခါ အဆီပိုပြန်ပြီး ဝက်ခြံပိုဆိုးစေပါတယ်။ အဲ့ဒါကြောင့် စိတ်အေးအေးထားပါလို့ အရင်ပြောချင်ပါတယ်။

2) ကိုယ်နဲ့မတည့်တဲ့ skincare တွေ သုံးတာရပ်လိုက်ပါ❌

ဝက်ခြံပေါက်ရင် ပထမဆုံးစဥ်းစားရမှာက ဘယ်လိုပျောက်အောင် လုပ်ရမလဲဆိုတာထက် ဘာလို့ပေါက်တာဖြစ်နိုင်လဲဆိုတာ ကိုယ့်ကိုကိုယ်အရင်ဆန်းစစ်ပါ🤔 အကြောင်းရင်းသိတော့ ကုရလဲလွယ်တယ် နောက်မဖြစ်အောင် ဆင်ခြင်လို့လဲ ရပါတယ်။ ဆက်​ပြောရရင် ကိုယ်က ပစ္စည်းတခု စမ်းသုံးနေတယ် ဝက်ခြံတွေထွက်လာတယ်ဆိုရင် ဖြစ်နိုင်တာ၂ခုရှိတယ်, Purging လား❓ Breakout လား❓ Purging ဆိုတာ ကန်ထွက်တာပါ,
ကိုယ့်သုံးတဲ့ပစ္စည်းထဲမှာ skin cell turnover မြန်စေတဲ့ active ingredients တွေပါရင် ကန်ထွက်တာဖြစ်နိုင်ပါတယ်။
Purging အကြောင်း ဒီမှာဖတ်ပါ👇
https://m.facebook.com/story.php?story_fbid=155240806807485&id=103857635279136

Breakout ကတော့ ရှင်းပါတယ်, သုံးလိုက်တဲ့ပစ္စည်းနဲ့
မတည့်လို့ဖြစ်တာပါ။ ဆိုတော့ ကိုယ်သုံးတဲ့ပစ္စည်းထဲမှာ active ingredients တွေပါမပါကြည့်ပြီး purging / breakout ခွဲပါ။ Purging ဆို ဆက်သုံးပါ, Breakout ဆိုရင်တော့ သုံးတာရပ်လိုက်ပါ🙅‍♂️ နှမျောပြီးဆက်မသုံးပါနဲ့ နှမျောပြီးဆက်သုံးရင် ​မျက်နှာပြန်ကောင်းဖို့ ကုရတဲ့အခါ ပိုကုန်ပါမယ်။

3) တစ်ရက်ကို မျက်နှာ 2ကြိမ်သစ်ပါ✅

အဆီတွေ အညစ်အကြေးတွေပြောင်ဖို့ တစ်ရက်ကို မျက်နှာ 2ကြိမ်သစ်ပါ✔ ၂ကြိမ်ထက် ပိုမသစ်မိဖို့လဲ သတိပြုပါ။ မျက်နှာခဏခဏသစ်ရင် ဘာဖြစ်လဲ? အရေပြားမှာရှိတဲ့ natural oils တွေ strip ဖြစ်ပြီး အဆီတွေပိုထုတ်လို့ ဝက်ခြံပိုဆိုးစေပါတယ်။ Makeup လိမ်းရင် ညဘက်ကို double cleansing သေချာလုပ်​ပေးပါ✔
Double Cleansing အကြောင်း ဒီမှာဖတ်ပါ👇
https://m.facebook.com/story.php?story_fbid=122262380105328&id=103857635279136

ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်သုံးဖို့လဲ အရေးကြီးပါတယ်။ မျက်နှာသစ်​ဘယ်လိုရွေးချယ်ရမလဲဆိုတာ ဒီမှာဖတ်ပါ👇
https://www.facebook.com/103857635279136/posts/105532425111657/

4) Moisturizer လိမ်းပါ✅

အရေးကြီးပါတယ်, ဝက်ခြံသမားတွေ ထင်မိတတ်တာက ဝက်ခြံပျောက်ဖို့အတွက် မျက်နှာကို dry out လုပ်ရမယ်လို့ ထင်ကြတာပါ, လွဲမှားတဲ့အယူအဆပါ✖ Moisturizer မလိမ်းရင် မျက်နှာက အသားခြောက်ပြီး အဆီတွေပိုထုတ်မယ် ဝက်ခြံပိုဆိုးစေပါတယ်။ အဲ့တော့ moisturizer လိမ်းရင် ဝက်ခြံပျောက်လား? ဝက်ခြံ​တော့ မပျောက်စေပါဘူး ဒါပေမဲ့ အသားအ​ရေက ရေဓာတ်ပြည့်နေတော့ အဆီပြန်တာသက်သာမယ်, ဝက်ခြံပိုမဆိုးအောင် ကာကွယ်ပေးတယ်, အရေပြားရဲ့ natural healing process ကို ပိုမြန်စေတယ်, ဝက်ခြံညှစ်မိရင် အနာကျက်တာ မြန်စေပါတယ်😍 ဒါပေမဲ့ ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ moisturizer မျိုးသုံးဖို့တော့ လိုပါတယ်။
Moisturizerဘယ်လိုရွေးချယ်ရမလဲဆိုတာ ဒီမှာဖတ်ပါ👇
https://www.facebook.com/103857635279136/posts/111320981199468/

5) Sunscreen နေ့တိုင်းလိမ်းပါ✅

Moisturizer လိုပဲ sunscreen လိမ်းလို့ ဝက်ခြံမပျောက်ပါဘူး✖ ဒါပေမဲ့ ဝက်ခြံပေါက်ပြီး အမဲစက်တွေ ဆိုးဆိုးဝါးဝါးမကျန်ခဲ့အောင် ကာကွယ်ပေးတယ်, ဝက်ခြံဆေးအပြင်းတွေသုံးရလို့ sensitive ဖြစ်နေတဲ့ အရေပြားကိုလဲ UV rays တွေကနေ ကာကွယ်ပေးပါတယ်😍 ဒါပေမဲ့ ကိုယ်လိမ်းတဲ့ sunscreenက oil free, non-comedogenicဖြစ်ဖို့တော့လိုပါတယ်။
Sunscreenဘယ်လိုရွေးချယ်ရမလဲဆိုတာ ဒီမှာဖတ်ပါ👇
https://m.facebook.com/story.php?story_fbid=113393440992222&id=103857635279136

6) Simplify your skincare routine✅

☀️Morning ➡ Cleanser+Moisturizer+Sunscreen
🌙Night ➡ Double Cleansing+Treatment+
Moisturizer
ဝက်ခြံကုတဲ့အခါ ကိုယ်ရဲ့skincare routineက minimalist ဖြစ်နေဖို့လိုပါတယ်❗ Sometimes, Less is more ပါ။ Products တွေများများသုံးလေ ကိုယ်နဲ့မတည့်ဖို့ chance များလေပါပဲ။ Product တစ်ခုနဲ့တစ်ခုကြား interaction တွေလဲ ဖြစ်တတ်ပါတယ်။ Minimal approach နဲ့သွားတာက ဝက်ခြံကုတဲ့ treatment ကို ပိုပြီးထိရောက်စေမှာပါ👌

7) မှန်ခဏခဏမကြည့်ပါနဲ့❌

Breakout ဖြစ်နေတဲ့အချိန်မှာ မှန်မကြည့်ဘဲနေနိုင်ရင် အကောင်းဆုံးပါပဲ။ ကြည့်ဖို့လိုအပ်ရင်လဲ ခပ်လှမ်းလှမ်းကကြည့်ဖို့ပဲ အကြံပေးချင်ပါတယ်။ မှန်ခဏခဏကြည့်တော့ ဘာဖြစ်လဲ? ကိုယ့်မျက်နှာက ဝက်ခြံတွေမြင်ပြီး စိတ်ဆင်းရဲမယ်, ကုတ်ချင်ဖဲ့ချင်စိတ်တွေပေါက်လာမယ်, ကုတ်တော့ဖဲ့တော့ ဝက်ခြံတွေပွားရော။ အဲ့လိုနဲ့ စိတ်ဆင်းရဲပြီး အမြန်ပျောက်ချင်ဇောနဲ့ လုပ်မိလုပ်ရာတွေ
လုပ်မိရာကနေ မဖြစ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်🤧

8) အစားအသောက်ဆင်ခြင်ပါ❌

`You are what you eat´ ဆိုတဲ့အတိုင်း ကိုယ်စားလိုက်သမျှက ကိုယ့်အသားအရေပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်📌 အချို အငန် အစပ်တွေ လျှော့စားပါ။ အဆီများတဲ့အစားအသောက်တွေ Fast foods တွေ Junk foods တွေ တတ်နိုင်သမျှ ရှောင်ပါ။ ဟင်းသီးဟင်းရွက် အသီးအနှံတွေ ပိုစားပေးပါ။

9) လက်မဆော့ပါနဲ့❌

မျက်နှာကို လက်နဲ့ထိတာ ပွတ်တာမျိုး ရှောင်ပါ ။
လက်ကပိုးတွေ မျက်နှာရောက်ပြီး ဝက်ခြံတွေပိုးဝင်ပြီး ပိုဆိုးနိုင်ပါတယ်။ Pimple Patch လေးတွေ ဆောင်ထားပါ။

10) ဝက်ခြံကိုမညှစ်မိဖို့ ဂရုစိုက်ပါ❌

ဝက်ခြံကို မရမကအားသုံးပြီး ညှစ်တာမျိုးမလုပ်ပါနဲ့။ အမာရွတ်ချိုင့်ခွက်တွေဖြစ်နိုင်ပါတယ်, ပိုးဝင်ပြီး ဝက်ခြံ
ပိုဆိုးနိုင်ပါတယ်, တစ်ခြားနေရာတွေပါပျံ့ပြီး ဝက်ခြံတွေများလာတာမျိုးဖြစ်နိုင်ပါတယ်😭 ညှစ်မယ်ဆိုရင် ပြည်မြင်ရတဲ့အချိန်ထိ စောင့်ပါ, လက်အိတ်စွပ်ပါ, ဝက်ခြံတဝိုက်ကို အရက်ပြန်နဲ့ သန့်စင်ပြီးမှ ညှစ်ပါ, နားကြပ်တံနဲ့ညှစ်လို့လဲ ရပါတယ်။ မညှစ်ရင်တော့ အကောင်းဆုံးပါပဲ။ ညှစ်မယ့်အစား pimple patch လေးတွေဆောင်ထားပါ, pimple patch က ပြည်တွေစုပ်ပေးတဲ့အပြင် after care အနေနဲ့လဲ ကပ်လို့ရပါတယ်။ အမဲစက်ဆိုးဆိုးဝါးဝါးတွေမကျန်ခဲ့အောင် ကာကွယ်ပေးနိုင်ပါတယ်😍

11) Spot treatment လေးတွေသုံးပါ✅

မျက်နှာတစ်ပြင်လုံးမဟုတ်ဘဲ ဝက်ခြံနဲနဲပဲ ​ထွက်တာမျိုးဆိုရင် မျက်နှာတစ်ပြင်လုံးလိမ်းရတဲ့ဆေးတွေထက် spot treatment လေးတွေက ပိုပြီးအဆင်ပြေပါတယ်။
Purging ဖြစ်မှာမျိုးလဲ မပူရတော့ပါဘူး😇
Spot treatment ဝယ်မယ်ဆိုရင် ဒီ ingredients တွေပါတာ ရှာဝယ်ပါ🎯
-Salicylic acid/Betaine Salicylate
-Benzoyl peroxide
-Sulfur
-tea tree oil

12) ဝက်ခြံကုတဲ့နေရာမှာ ညင်သာပါ✅

ကိုယ့်အသားအရေရဲ့ ခံနိုင်ရည်ပေါ်လိုက်ပြီး mild ဖြစ်တဲ့ ဝက်ခြံဆေးမျိုး ရှာသုံးပါ🔍 စျေးကွက်ထဲမှာ strength အမျိုးမျိုးနဲ့ လာပါတယ်။ ဝက်ခြံအတွက် ထုတ်ထားတဲ့ skincare set လိုက်တွေမသုံးပါနဲ့✖ အရမ်းပြင်းပါတယ် ဝက်​ခြံမသက်သာတဲ့အပြင် skin barrier ထိပြီး ပိုဆိုးနိုင်ပါတယ်။ ကိုယ့်ရဲ့ routine ထဲမှာ ဝက်ခြံကုဖို့ step 1ခုလောက်ပါရင် ရပါပြီ❗ မျက်နှာသစ် toner serum moisturizer အကုန်လုံးမှာ ဝက်ခြံကုတဲ့ ingredients တွေ ပါဖို့မလိုပါဘူး။ နဂိုထဲက skin barrier မကောင်းလို့ ဝက်ခြံထွက်တာ ဖြစ်တဲ့အတွက် အဲ့အချက်လေးတော့ သတိထားပေးပါ။

13) Focus on soothing, calming & hydrating✅

ဝက်ခြံကုတဲ့အချိန်မှာ အရေပြားက sensitive ဖြစ်နေနိုင်လို့ ကိုယ့်ရဲ့ routine ထဲမှာ harsh ဖြစ်တဲ့ ingredients တွေမပါအောင် ဂရုစိုက်ပါ🍀 Alcohol, fragrance, essential oils တွေကို ဆိုလိုပါတယ်🌚
ဝက်ခြံဆေးရဲ့ side effects တွေကို ခံနိုင်ရည်ရှိဖို့အတွက် soothing, calming, hydrating ဖြစ်စေတဲ့ centella, mugwort, heartleaf, hyaluronic acid, niacinamide, snail, aloe vera, green tea စတဲ့ ingredients တွေပါတဲ့ skincare တွေ ရွေးသုံးပေးပါ။

Nyi ပြောချင်တာကတော့ ဒီလောက်ပါပဲ😊
ဝက်ခြံသမားတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်😘 ဒီနေ့ topic က ခုလို crisis ကာလမှာ ဝက်ခြံတွေဆိုးဆိုးရွားရွား ထွက်နေတယ်, ဆရာဝန်ပြဖို့လဲ အဆင်မပြေဘူး, ဘယ်လိုသက်သာအောင် ပြုမူနေထိုင်ရမလဲ မသိဘူး ဆိုတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်🤗

With Love,
Nyi♥


07/05/2022
HASAYA GIRLLong lasting eyebrowPrice 1pcs 1500Ks (brown)⭐⭐⭐Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐
07/05/2022

HASAYA GIRL
Long lasting eyebrow
Price 1pcs 1500Ks (brown)

⭐⭐⭐
Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐

IMAGES ORANGE LIP BALMPrice 1pcs 1000Ks⭐⭐⭐Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐
07/05/2022

IMAGES ORANGE LIP BALM
Price 1pcs 1000Ks

⭐⭐⭐
Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐

LEBELAGE Solution Mask(korea)Price 1sheet 1000KsPEARL, Cucumber, Aloeသုံးမျိုးသာရှိပါသည်⭐⭐⭐Ph 09428170803,,09946250947,,...
07/05/2022

LEBELAGE Solution Mask(korea)

Price 1sheet 1000Ks
PEARL, Cucumber, Aloeသုံးမျိုးသာရှိပါသည်

⭐⭐⭐
Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐

လေးခုပါမိတ်ကပ်လိမ်း spongPrice 1ဘူး 3000Ks⭐⭐⭐Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐
07/05/2022

လေးခုပါမိတ်ကပ်လိမ်း spong
Price 1ဘူး 3000Ks

⭐⭐⭐
Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐

06/05/2022

ခန္ဓာကိုယ်မှာ နှုတ်ခမ်းအသားအရေက အခြားအသားအရေထက် ပိုပြီး ထိခိုက်လွယ်ပါတယ်။ အဲဒါကြောင့် နှုတ်ခမ်းအသားအရေကိ...

LEBELAGE fruit lemon& calamansiCleansing form 💯 Authentic from koreaPrice 1pcs 5500Ks(100ml)Lemon 🍋 - အမဲစက် တင်းတိတ် အမ...
05/05/2022

LEBELAGE fruit lemon& calamansi
Cleansing form
💯 Authentic from korea
Price 1pcs 5500Ks(100ml)

Lemon 🍋 - အမဲစက် တင်းတိတ် အမာရွတ် တွေကို ဖယ်ရှားပေးပြီး ကြည်လင်တဲ့ အသားအရေကိုရရှိစေပါတယ် ရေဓာတ်ကိုထိန်းပေးပြီး အသားအရေညိုညစ်ခြင်းကလည်းကာကွယ်ပေးပါတယ်

⭐⭐⭐
Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐

Lebelage SuncreamHigh Protection Daily No Sebum Sun Cream ( SPF50+PA+++)Price 1pcs 6500Ks(30ml)💯 Authentic from korea  💜...
05/05/2022

Lebelage Suncream

High Protection Daily No Sebum Sun Cream ( SPF50+PA+++)
Price 1pcs 6500Ks(30ml)
💯 Authentic from korea


💜💜💜ဒီ Daily No Sebum Suncream လေးမှာဆိုရင် Whitening ပါဝင်တဲ့အပြင် Skin soothing effect ပါတာမို့ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့အသားအရည်နီမြန်းတာတွေကိုလည်းကာကွယ်ပေးပါတယ်။ဝက်ခြံနဲ့ဘအဆီဖုသမားတွေပါသုံးလို့ရတဲ့ all in one sun block လေးပါ။
💜No Sebum လေးမို့တစ်နေကုန်အဆီပြန်မှာလည်းစိုးရိမ်စရာမလိုဘူးနော်။ချွေးပေါက်ကျယ်သမားတွေအတွက်လည်းအဆင်ပြေတယ်။Soft Cream type ဖြစ်လို့ လိမ်းလိုက်ရင်ပေါ့ပေါ့ပါးပါးဖြစ်တယ်။
အဆီပြန်လွန်းလို့ ဘာ suncream ရွေးရမှန်းမသိရင် ဒါလေးကို try ကြည့်နော်။
စျေးနှုန်းလည်းသင့်ပြီးအမျိုးသားရောအမျိုးသမီးပါဥတုသုံးပါးလုံး အသုံးပြုလို့ရပါတယ်ရှင့်။💜💜

⭐⭐⭐
Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐

Espoir Water Splash Sunscream(green)Price 1pcs 7500Ks(20ml)✅100% Authentic ✅Korea Import ✔️Espoir Water Splash Sun Cream...
05/05/2022

Espoir Water Splash Sunscream(green)
Price 1pcs 7500Ks(20ml)

✅100% Authentic
✅Korea Import

✔️Espoir Water Splash Sun Cream မှာက Green tea အဓိကပါဝင်တာကြောင့် cooling effect ရစေပြီး ပတ်ဝန်းကျင်က ဖုန်နဲ့ အညစ်အကြေးတွေကြောင့် ဖြစ်တတ်တဲ့ အသားအရေနီမြန်းမှူ၊ယားယံမှုတွေကို လျော့ချပေးပါတယ်💫

✔️Alcohol freeဖြစ်ပြီး animal-based ingredients, mineral oil, polyacrylamide, imidazolidinyl urea, triethanolamine, synthetic colorant, PEG surfactant, talc လုံးဝ မပါဝင်လို့ sensitive skin က အစအသုံးပြုဖို့ သင့်တော်ပါတယ်။

✔️All skin typeအသုံးပြုလို့ရပြီး ဝက်ခြံ၊အဆီဖု ထွက်တတ်တဲ့ အသားအရေတွေကအစ စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။

✔️UVA နဲ့ UVB☀️ ရောင်ခြည်များမှာ ကာကွယ်ပေးပါတာ်။

✔️Water base💦 ဖြစ်လို့ health glow lookရစေပြီး မိတ်ကပ်ထပ်လိမ်းရင်တောင် မိတ်ကပ်ကွက်ခြင်း၊ပြာခြင်း လုံးဝမရှိပါဘူးရှင့်

⭐⭐⭐
Ph 09428170803,,09946250947,,cbသို့ဆက်သွယ်မှာယူနိုင်ပါသည်⭐⭐⭐

Address


Website

Alerts

Be the first to know and let us send you an email when Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share