The Myanmar Narrative

  • Home
  • The Myanmar Narrative

The Myanmar Narrative Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Myanmar Narrative, Newsstand, .
(1)

The Myanmar Narrative (မြန်မာ့အရေးတော်) is a representative group of people whose voices are being under the carpet, encourages people who have no platform to trust to express their voices.

25/06/2022

စစ်ကိုင်းမှ မြင်းမူသို့ စစ်ကောင်စီကား ဒေသခံကာကွယ်ရေးတပ်ဖွဲ့လေးဖွဲ့ပေါင်းကာ တိုက်ခိုက်ခံရ
------------------------------------------------------------------------------
ဇွန် ၂၅

ယနေ့ မနက် ၈ နာရီဝန်းကျင်ခန့်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လေးဖွဲ့ပေါင်းကာ စစ်ကိုင်းမှ မြင်းမူသို့သွားသည့်လမ်းပေါ်တွင် စစ်ကောင်စီတပ်သားအပြည့်တင်လာသည့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားများ ဒဏ်ရာအများအပြားရရှိနိုင်ပြီး အသေအပျောက်စုံစမ်းနေဆဲဖြစ်ကြောင်း Moe Nyo Revolution Force ကထုတ်ပြန်သည်။

မြင်းမူမြို့နယ် နပဲကြူးဇရပ်အနီးတွင် မိုင်း ၅ လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Moe Nyo Revolution Force MNRF၊ ငါးထောင့်ကြယ် PENTAGRAM၊ PEOPLE REVOLUTION FORCE၊ နှင့် People’s Guerillas Commando-Myinmu စသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ကာကွယရေးတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်တွင် ကြေညာထားသည်။

ယနေ့မနက်မှစ၍ စစ်ကိုင်း-မြင်းမူ-မုံရွာ လမ်းပိုင်းကို နောက်အသိပေးချက်ထုတ်ပြန်သည်အထိ ဖြတ်သန်းသွာလာခြင်းမပြုရန်နှင့် သွားလာခြင်းကြောင့် တစ်စုံတစ်ရာထိခိုက်ပါက တာဝန်ယူနိုင်မည်မဟုတ်ကြောင်းကို မိုးညိုတော်လှန်ရေးတပ်ဖွဲ့က ၎င်းတို့ လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာမှတဆင့် ယနေ့မနက်တွင်ပင် သတိပေးထုတ်ပြန်ထားသည်။

လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်း၏ ပင်မဓါတ်အားလိုင်းမီးတိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်များကဖောက်ခွဲပြီး ဝမ်ပေါင်နှင့...
25/06/2022

လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်း၏ ပင်မဓါတ်အားလိုင်းမီးတိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်များကဖောက်ခွဲပြီး ဝမ်ပေါင်နှင့် တရုတ်အစိုးရကိုသတိပေး
------------------------------------------------------------------------------
ဇွန် ၂၅

လက်ပံတောင်းတောင်ဒေသရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းသို့ အဓိကဓါတ်အားထုတ်လွှင့်ပေးနေသည့် ဓါတ်အားလိုင်းမီးတိုင်ကို ယခုလ ၂၄ ရက် ညဆယ်နာရီခွဲခန့်တွင် အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့် Young People Force တို့ပူးပေါင်း ဖောက်ခွဲခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ယနေ့တွင်ထုတ်ပြန်သည်။

ညောင်ပင်ကြီးလျှပ်စစ်ခွဲရုံမှ ဝမ်ပေါင်ကုမ္ပဏီစီမံကိန်းသို့ ပို့လွှတ်သော ဓါတ်အားလိုင်းပင်မမီးတိုင်ကို ဖောက်ခွဲဖြိုချခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ဖောက်ခွဲဖျက်စီးဖြိုချခဲ့ခြင်းသည် ဝမ်ပေါင်ကုမ္ပဏီသည် ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်၍ ပစ္စည်းဥစ္စာများခိုးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ရိက္ခာထောက်ပံ့ခြင်း၊ လက်ခံထားရှိခြင်း နှင့် အားပေးအားမြှောက်ပြုလုပ်နေသောကြောင့် သတိပေးခြင်းဖြစ်ကြောင်းလည်း ထိုထုတ်ပြန်ချက်တွင်ဆိုထားသည်။

ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် စစ်ကောင်စီတပ်နှင့် ဆက်သွယ်မှုထပ်မံပြုလုပ်လျှင် အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်းသတိပေးထားသည်။ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်အပေါ်ထားသည့် မူဝါဒကို ပြန်လည်သုံးသပ်၍ NUG အမျိုးသားညီညွတ်ရေးအစိုရ နှင့်သာ ဆက်ဆံရေးထားစေလိုကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယင်းဒေသအနီးရှိ ရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့၊လုယက် ခြင်းများ၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။

23/06/2022

သုံးပတ်အတွင်း သုံးဆကျော် ထိုးတက်ခဲ့သည့် ကြက်သွန်နီဈေး
-----------------------------------------------------------
ဇွန် ၂၃

ဇွန်လ အစောပိုင်းကတည်းက တစ်ရိပ်ရိပ်ဆက်တိုက်တက်ခဲ့သော ကြက်သွန်နီဈေးသည် သုံးပတ်စွန်းစွန်းအတွင်း သုံးဆကျော်ခန့် ခုန်တက်သွားပြီးဖြစ်ပြီး ဆက်လက်ဆက်သွားဖို့ရှိကြောင်း ကြက်သွန်နီ ရောင်းဝယ်နေသူများက The Myanmar Narrative ကို ပြောသည်။
မေလမကုန်ခင်တွင်ပင် ကြက်သွန်နီ တစ်ပိသာ ၄၀၀ မှ ၈၀၀ ဝန်းကျင်အတွင်းရှိခဲ့ရာမှ ယခု ဇွန်လ လေးပတ်မြောက်အစပိုင်းတွင်ပင် ၁၈၀၀ မှ ၂၂၀၀ ကျပ်ဝန်းကျင်ခန့်သို့ ရောက်ရှိပြီဖြစ်သည်။
နောက်ထပ်လည်း ဆက်လက်တက်သွားမည့်အလားအလာရှိသောကြောင့် လက်ရှိဈေးနှင့် ဝယ်စုနေသူများပင်ရှိကြောင်း ကြက်သွန်နီ ဝယ်ရောင်းပြုလုပ်နေသည့် လေးဆယ်ဝန်းကျင် အမျိုးသမီး တစ်ဦးကပြောသည်။
လက်တလောတွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံများရှိ ရာသီဥတုဘေးများကြောင့် စိုက်ခင်းများပျက်စီးကာ ကြက်သွန်နီ အဝယ်လိုက်လာမှုကြောင့် ကုန်သည်များက ၎င်းတို့ဘက်သို့ တင်ပို့ရောင်းချနေရခြင်းကြောင်း ယခုကဲ့သို့ ဈေးတက်လာခြင်းဖြစ်ကြောင်း ကြက်သွန်နီ ဝယ်ရောင်းနေသူများကဆိုကြသည်။
“ Export ( ပြည်ပသို့ကုန်ပို့ခြင်း) လည်းရှိတော့လေ။ ပွဲရုံတွေမှာဝယ်ပြီးရောင်းတာဆို ဒီထက်ပိုများတယ် “ ဟု ကြက်သွန်စိုက်တောင်သူများထံမှ တိုက်ရိုက်ဝယ်ကာ ဈေးထဲတွင် လက်လီပြန်ရောင်းသူအမျိုးသမီးက သူ့ကြက်သွန်များကို ကြည့်ပြီးပြောသည်။ ၎င်း၏ကြက်သွန်နီ ဈေးသည် ထိုဈေးတစ်ဈေးလုံးမှ ကြက်သွန်နီရောင်းသူများကြားတွင် အနည်းဆုံးဖြစ်သည်။
ကြက်သွန်နီဈေးသည် ဆက်တက်ဖို့သာရှိပြီး ယခုလကုန်လျှင် တစ်ပိသာ ၃၀၀၀ ကျပ်သို့ ရောက်နိုင်သည်ဟု ခန့်မှန်းကြကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။
ကြက်သွန်နီ အသေး တစ်ပိသာ ၁၈၀၀ ကျပ်နှင့် အကြီး ၂၀၀၀ ကျပ်ဖြင့် ရောင်းချနေသည့် အမျိုးသားကတော့ “ အခုက အရင်ဝယ်ထားတာမို့လို့။ အခုနေပွဲရုံကသွားဝယ်ပြီးရောင်းမယ်ဆို ဒီဈေးနဲ့မရတော့ဘူး။ ၂၂၀၀ ကျော်ပြီဟု ပြောသည်။
လက်ရှိတွင် အညာဒေသ၊ ဧရာဝတီတိုင်းစသည့် စိုက်ပျိုးရေးအဓိကလုပ်ကိုင်သည့်အရပ်များတွင် နေရပ်စွန့်ခွာ စစ်ဘေးရှောင်သူအများအပြားရှိပြီး လယ်မလုပ်နိုင်ကြပေ။ မိမိဒေသတွင် ကျန်ခဲ့ကာ လယ်လုပ်နိုင်သူများသည်လည်း စစ်ကောင်စီရန်မှ စွန့်စားကာ လုပ်ကိုင်နေကြရခြင်း နှင့် ကုန်ကြမ်းများဈေးတက်သောကြောင့် ကောင်းစွာမစိုက်ပျိုးနိုင်ကြပေ။

23/06/2022

ခင်ဦးမြို့နယ် ဗအိုးကျေးရွာသို့ စစ်ကောင်စီ ကားနှစ်စီးအင်အား လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ်၊ ဒေသခံအချို့ ပိတ်မိနေ
------------------------------------------------------------------------------
ဇွန် ၂၃
ယနေ့မနက် သုံးနာရီဝန်းကျင်ခန့်တွင် ခင်ဦးမြို့နယ် ဗအိုးကျေးရွာကို စစ်ကောင်စီစစ်ကားအကြီးနှစ်စီးဖြင့် စစ်ကောင်စီတပ်သည် ရွာတွင်းသို့ တရစပ်ဝင်ပစ်သောကြောင့် ဒေသခံများအချိန်မှီမထွက်နိုင်ခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တွင်ထုတ်ပြန်ထားပါသည်။
လက်နက်ကြီးငယ် တို့ဖြင့် တရစပ်ဝင်ပစ်ခဲ့ခြင်းဖြစ်သည်။ အချိန်မှီထွက်မပြေးနိုင်ခြင်းကြောင့် ပိတ်မိနေသည့် ဒေသခံ ၃၀ ခန့်ရှိသည်ဟုလည်းဆိုထားသည်။ ယင်းဒေသခံများ၏လက်ရှိအခြေအနေကို The Myanmar Narrative အနေဖြင့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။
စစ်ကောင်စီတပ်သည် ရွာတွင်းရှိ ပစ္စည်းများကိုလည်း ရိုက်ချိုးသယ်ယူနေကြောင်းလည်း ထုတ်ပြန်ထားသည်။
ယမန်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်မှုကြောင့် ခင်ဦး-ရေဦး လမ်းပိုင်း မြင်းဒေါင်းကျေးရွာတွင် စစ်ဆင်ရေးဆင်းကာ ဆက်ကြေးကောက်ပြီး ပြန်လာကြသည့် ရေဦးရဲစခန်း ဒုရဲမှုုးအပါအဝင် ရဲ ၁၁ ဦးခန့် သေဆုံးခဲ့သည်။

ယင်းမာပင်မြို့နယ်ရှိ ထန်းဇင် ကျေးရွာကို စစ်ကောင်စီတပ်၊ရဲ နှင့် ပျူ များမီးရှို့-----------------------------------------...
06/06/2022

ယင်းမာပင်မြို့နယ်ရှိ ထန်းဇင် ကျေးရွာကို စစ်ကောင်စီတပ်၊ရဲ နှင့် ပျူ များမီးရှို့
--------------------------------------------------------------------------

The Myanmar Narrative
ဇွန်. ၆ . ၂၀၂၂

ယနေ့ မနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ထန်းဇင် ကျေးရွာသို့ စစ်ကောင်စီတပ်သား၊ ရဲ နှင့် ပျူစောထီး အင်အား ၂၀ ကျော်သည် မီးရှို့ဖျက်ဆီးသွားသောကြောင့် အိမ် ၉ လုံးခန့်ပျက်စီးကြောင်း ဒေသခံ ကာကွယ်ရေးတပ်တစ်ခုဖြစ်သည့် ဗိုလ်ဂဠုန် ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ် မှထုတ်ပြန်ထားသည်။
ယင်းစစ်ကောင်စီတပ်သားများနှင့် ရဲများသည် ဘန့်ဘွေးရွာမကြီးတွင် တပ်စွဲထားသည်ဟုဆိုသည်။
စစ်ကောင်စီသည် လက်ရှိတွင် စစ်ကိုင်းတွင်းအတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ကို နေ့စဥ◌်ကျူးလွန်လျက်ရှိသည်။
Photo Crd to ဗိုဂဠုန် ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်



06/06/2022

စစ်ကောင်စီတပ်သားများနှင့် ပျူစောထီများ ရွှေဘိုမြို့ရှိ ၎င်းတို့တပ်စွဲထားသည့် သီလုံးရွာတွင် ဆက်ကြေးကောက်ခံနေသောကြောင့် ရွာသားများခံပြင်း
------------------------------------------------------------------------
ဇွန် ၆ ၂၀၂၂
The Myanmar Narrative

ရွှေဘိုမြို့နယ် သီလုံးကျေးရွာတွင် ပျူစောထီးများမှ ယခုလမှစ၍ ဒေသခံရွာသားများဆီမှ ဆက်ကြေးကောက်ခံနေကြောင်း သတ်လက်ပိုင်း ဒေသခံတစ်ဦးက ပြောသည်။
တစ်လ တစ်ကြိမ်ဖြင့် လယ်ပိုင်သူများမှ ၅၀၀၀ ကျပ်နှင် လယ်မပိုင်သည့်သူများ ၃၀၀၀ ကျပ်ပေးဆောင်ရန် ၎င်း သီလုံးရွာတွင် တပ်စွဲထားသည့် စစ်တပ်နှင့် ပျူစောထီးများမှ ဇွန် ၄ ရက်က မေလကုန်ခါနီးကတည်းက ကြေညာခဲ့ ကြောင်း ထိုဒေသခံက ပြောပြသည်။ “ လယ်မရှိတဲ့ လက်လုပ်လက်စား ကူလီတွေက ၃၀၀၀၊ လယ်ပိုင်ယာပိုင် တောင်သူက ၅၀၀၀ “ ဟု ၎င်းဒေသခံ ပြောပြသည်။
ဇွန် ၄ ရက်တွင် ၎င်းတို့ကြေညာသည့်အတိုင်း စစ်ကောင်စီတပ်သား နှစ်ယောက်ခန့်ပါသည့် ပျူစောထီး အများစုပါဝင်သည့် လူအုပ်စုက လာရောက်တောင်းခဲ့သည်။
“ ၁၅ ယောက် အယောက် ၂၀ အုပ်စု၊ လက်နက်တွေနဲ့ မပေးရင် ပစ်မယ့်အနေအထားမှာဆိုတော့ ပေးရတာပေါ့၊ ခံပြင်းလို့ “ ဟု ၎င်းဒေသခံက ဆက်ပြောသည်။
အရာရာခက်ခဲနေသည့် ယခုကဲ့သို့ အချိန်တွင် ပိုက်ဆံကောက်ခြင်းကြောင့် ဒေသခံများအလွန်အခက်တွေ့ကြောင်းနှင့် တောင်ယာမပိုင်သည့် သူများမှာ ပိုမိုခက်ခဲကြောင်း ၎င်းကဆက်ပြောသည်။
လက်ရှိတွင် ယင်းရွာ၌ စစ်ကောင်စီ တပ်စွဲထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ပြီး ဆက်ကြေးကောက်ခံသည်မှာ ယခုပထမဆုံးအကြိမ်ဖြစ်သည်။ ယင်းဒေသခံ၏အဆိုအရ လွန်ခဲ့သည့်တစ်နှစ်ခန့် စစ်ကောင်စီ တပ်စွဲကာစတွင် အချို့အိမ်များသို့ စစ်ကောင်စီတပ်သားများ ဝင်စီခြင်း ပစ္စည်းများယူခြင်းများကျူးလွန်ခဲ့သေးသည်။


31/05/2022

ဖုန်းလိုင်းဖြတ်တောက်ထားစဥ◌် ၃ နာရီကြာဖြစ်ပွားခဲ့သည့် မြောင်မြို့နယ် တမဆေးကန်ရွာတိုက်ပွဲ စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း ခန့်မှန်း
--------------------------------------------------------------------------
The Myanmar Narrative
မေ ၃၁
မေ ၂၉ တွင်စစ်ကောင်စီမှ ဖုန်းလိုင်းများဖြတ်တောက်ကာ စစ်ကြောင်းထိုးဝင်ရောက်၍ အိမ်များမီးရှို့သောင်းကျန်းခဲ့သည့် မြောင်မြို့နယ် တမဆေးကန်ရွာတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၇ ဦးမစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှကျဆုံးမှုရှိကြောင်း Seven People Defence Force ကထုတ်ပြန်ခဲ့သည်။
ယင်းတိုက်ပွဲကို မြောင်နယ်ဒေသခံမဟာမိတ်တပ်ပေါင်းစုများနှင့် MS PDF ၊ မြေလတ်-PDF၊ TTA ပြောက်ကျားတပ်၊ Seven People Defence Force၊ 27 Revolution Force စသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် သုံးနာရီကျော်ကြာတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား အများအပြားထိခိုက်ဒဏ်ရာရခဲ့ပြီး ၂၀ ခန့်ကျဆုံသည်ဟုခန့်မှန်းကြောင်း ဖော်ပြထားပါသည်။
စစ်ကောင်စီဘက်မှ ကျဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို The Myanmar Narrative အနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
ယနေ့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ပွဲမှတ်တမ်း ဗွီဒီယိုကို ထုတ်ပြန်လာခဲ့သည်။
စစ်ကောင်စီသည် မေ ၂၉ သို့ကူးပြောင်းသည့် ညသန်းခေါင်မှစ၍ မေ ၃၀ ညနေပိုင်းအထိ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ရှိမြို့နယ်အချို့တွင် ဖုန်းလိုင်းများဖြတ်တောက်ခဲ့သည်။

29/05/2022

စစ်ကောင်စီသည် စစ်ကိုင်းတိုင်း အောက်ပိုင်းရှိမြို့နယ်အများစုကို ဖုန်းလိုင်းများဖြတ်တောက်၍ အင်အားသုံးဖိနှိပ်နေ
----------------------------------------------------------------------------------------------
မေ ၃၀
ဖုန်းလိုင်းများဖြတ်တောက်ပြီးနောက် စစ်ကောင်စီသည် မေ ၂၉ မနက်အစောပိုင်းကတည်းက စစ်ကိုင်းတိုင်းရှိမြို့နယ်အချို့တွင် အင်တာနတ်ဖြတ်တောက်ပြီး ကျေးရွာများကို မီးရှို့ခြင်း၊ စစ်ကြောင်းထိုးခြင်း စသည်တို့ကို အင်အာအများအပြားဖြင့် လုပ်ဆောင်ခဲ့သည်။
မြောင်၊ ဆာလင်းကြီး၊ ကနီ၊ ယင်းမာပင်၊ တန့်ဆည်၊ ခင်ဦး၊ ကန့်ဘလူ၊ အရာတော် နှင့် ကလေးမြို့တို့တွင် စစ်ကောင်စီသည် လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်ခြင်းအပါအဝင်၊ နေအိမ်များ မီးရှို့ခြင်း၊ ဒေသခံများပိုင်ပစ္စည်းများ လုယက်ခြင်း၊ ခိုးယူခြင်း လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ခင်ဦးတွင် သရက်ကုန်းကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၇၀ ခန့်မီးလောင်ခဲ့သည်။ ကလေးမြို့နယ် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်သောကြောင့် ဒေသခံများ၏နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများက ပြောသည်။
တန့်ဆည်တွင် လက်နက်ကြီးဖြင့် ထုကာ ကျွန်းတောကုန်းရွာတွင်းသို့ဝင်လာပြီး ရွာကိုမီးရှို့ဖျက်ဆီးခဲ့သည်။ အရောတော်မြို့နယ် လိမ်လှရွာနှင့် ဟင်္သာရွာသို့ စစ်တပ်နှင့် ပျူစောထီး အင်အား ၂၀၀ ခန့်ဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သည် ဟု ဒေသခံများထံမှသိရသည်။
ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့များကို တင့်ကားအပါအဝင် အင်အား နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးဖိနှိပ်ခဲ့သည်။ မြောင်မြို့ရှိ ကျေးရွာနှစ်ရွာကိုလည်း စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။
ယနေ့ညနေပိုင်းတွင် မေ ၂၉ ညနေ ၄ နာရီမတိုင်ခင်အထိဖုန်းလိုင်းဖြတ်တောက်ထားသောမြို့နယ်များသာမက ထိုမြို့နယ်များကိုလည်းတို့၍ ဖုန်းလိုင်းများဖြတ်တောက်ထားသည်။

The Myanmar Narrative

29/05/2022

စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ယနေ့ ဖုန်းလိုင်းဖြတ်တောက်ခံရသည့်မြို့များအပြင် အခြားမြို့များထပ်တိုး၍ ဖုန်းလိုင်းဖွင့်ပြီး ၂ နာရီမပြည့်မီ ထပ်မံဖြတ်တောက်ခံရ
မေ ၂၉
------------------------------------------------------------------------------------------------------
ယနေ့တွင် ညနေ ၄ နာရီထိဖုန်းလိုင်းများဖြတ်တောက်ခံရသည့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များတွင် ဖုန်းလိုင်းအချို့ ပြန်ရပြီးနောက် ၂ နာရီမပြည့်ခင်တွင် ဖုန်းလိုင်းများပြန်လည်ဖြတ်တောက်ခံထားရသည်။
ညနေပိုင်းတွင် မြို့နယ်များ တိုး၍ ပြန်လည်ဖြတ်တောက်ခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ၁၄ မြို့နယ်တွင် ဖုန်းလိုင်းများဖြတ်တောက်ခံထားရသည်။
မကွေးတိုင်း ပေါက်၊ ရေစကြို၊ ဂန့်ဂေါ၊ ထီးလင်း၊ မြိုင် မြို့နယ်များနှင့် စစ်ကိုင်းတိုင်း မုံရွာ၊ မြောင်၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ ခင်ဦး၊ ဆားလင်းကြီး၊ အရာတော် နှင့် တန့်ဆည် မြို့ တို့တွင် ဖြတ်တောက်ခံထားရခြင်းဖြစ်သည်။
“ ညနေ ၄ နာရီနောက်ပိုင်း MPT, Telenor ပြန်ရတယ်၊ ၆ နာရီကျ MPT ဖြတ်ခံရ၊ ၉ ကျ တယ်လီနောဖြတ်ခံရ “ မုံရွာဒေသခံတစ်ဦးက ပြောသည်။
မေ ၂၄ တွင်လည်း စစ်ကိုင်းတိုင်း ၉ မြို့နယ်ကို နေ့ဝက်ခန့် ဖုန်လိုင်း၊ ဒေတာ အင်တာနက်နှင့် ဖိုင်ဘာအင်တာနတ်များဖြတ်တောက်ခဲ့သေးသည်။ ယနေ့ မေ ၂၉ တွင်လည်း စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ၉ မြို့နယ်တွင် ညနေ ၄ နာရီမတိုင်ခင်အထိ ဖုန်းလိုင်းများဖြတ်တောက် ခဲ့သေးသည်။
စစ်ကောင်စီသည် ယင်းမြို့များတွင် စစ်ကြောင်းထိုးခြင်း၊ ကျေးရွာမျာကို မီးရှို့ခြင်းများ လုပ်ဆောင်နေသည်။ မေ ၃၀ တွင် ဖုန်းလိုင်းအပြင် ဖိုင်ဘာအင်တာနတ်လိုင်းများလည်း မနက် ၉ နာရီ မှစ၍ ညနေအထိဖြတ်တောက်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

The Myanmar Narrative

စစ်ရေးပြင်းထန်နေသော စစ်ကိုင်းနှင့် မကွေးတိုင်းရှိမြို့နယ်အချို့ ဖုန်းနှင့် ဖုန်းဒေတာ အင်တာနတ်လိုင်းများဖြတ်တောက်ခံရ-----...
29/05/2022

စစ်ရေးပြင်းထန်နေသော စစ်ကိုင်းနှင့် မကွေးတိုင်းရှိမြို့နယ်အချို့ ဖုန်းနှင့် ဖုန်းဒေတာ အင်တာနတ်လိုင်းများဖြတ်တောက်ခံရ
------------------------------------------------------------------------------------------------------
မေ ၂၉
မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိမြို့နယ်အချို့တွင် ည ၁၂ နာရီ ဝန်းကျင်မှစ၍ မေ ၂၉ မနက်ပိုင်း၌ဖုန်းလိုင်း နှင့် ဒေတာအင်တာနတ်လိုင်းများပြတ်တောက်လျက်ရှိကြောင်း ဒေသခံများကဆိုသည်။
စစ်ကိုင်းတိုင်း မုံရွာ၊ကနီ၊ ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင် မြို့နယ်များ နှင့် မကွေးတိုင်း ပေါက်၊‌ ရေစကြို မြိုင်၊ ဂန့်ဂေါမြို့ များတွင် ဖုန်းလိုင်းနှင့် အင်တာနတ်လိုင်းများဖြတ်တောက်ခံထားရသည်။ ယင်းမြို့များတွင် မုံရွာမြို့မှလွဲ၍ စစ်ကိုင်းတိုင်း ကျန်မြို့များတွင်ဒေတာအင်တာနတ်များဖြတ်တောက်ခံရပြီးဖြစ်သည်။ ယခုတစ်ခေါက်တွင် ဖိုင်ဘာ အင်တာနတ်လိုင်းများမပြတ်တောက်ဘဲ ဒေတာအင်တာနတ်လိုင်းများသာ ပြတ်တောက်လျက်ရှိသည်။
“ မနေ့ည ၁၂ နာရီကျော်ကတည်းကပြတ်တာ၊ ဒီနေ့ ၄ နာရီမှပြန်ရမယ်လို့ကြားတယ် “ မုံရွာမြို့နေဒေသခံတစ်ဦးကပြောသည်။
လက်တလောတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီ၏စစ်ကြောင်းထိုးဝင်ရောက်ခြင်းနှင့် ရွာမီးရှို့ခြင်းများမကြာခဏဖြစ်ပွားလျက်ရှိသည်။
မေ ၂၄ မနက်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်း ၉ မြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနတ်လိုင်းများ နေ့တစ်ဝက်ခန့်ကြာ ဖြတ်တောက်မှုဖြစ်ပွားခဲ့သည်။ ထိုအကြိမ်တွင် ဖုန်းလိုင်း၊ ဖုန်းဒေတာလိုင်းများအပြင် ဖိုင်ဘာအင်တာနတ်လိုင်းများလည်း ဖြတ်တောက်ခံခဲ့ရသည်။

The Myanmar Narrative
Photo မုံရွာမှပြည်သူတစ်ဦး၏ ဖုန်းလိုင်းဆွဲအားကိုပြနေသည့် Screen Shot

စစ်ကောင်စီနှင့် AA ကြားစစ်ရေးအရ အဆင်မပြေဖြစ်နေချိန်တွင် ရက္ခိုင်ပြည်သူ့အစိုးရမှ NUG အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံဆွေ...
16/05/2022

စစ်ကောင်စီနှင့် AA ကြားစစ်ရေးအရ အဆင်မပြေဖြစ်နေချိန်တွင် ရက္ခိုင်ပြည်သူ့အစိုးရမှ NUG အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေး
မေ ၁၆
အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ရက္ခိုင်ပြည်သူ့အစိုးရ ခေါင်းဆောင်များ အွန်လိုင်းမှတဆင့် ၂ နာရီကြာတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။
ယနေ့ မနက်ပိုင်းတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် အတွင်းရေးမှုုး ဒေါက်တာညိုထွန်းအောင် တို့နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ မဟာမိတ်ဆက်ဆံရေးကော်မတီမှ မင်းကိုနိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG မှယနေ့ညနေတွင်ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိနိုင်ငံရေးအခြေအနေများနှင့် မြန်မာပြည်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက်အပြန်အလှန်ဆွေးနွေးပြီးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်းနှင့် NUG အစိုရမှ လက်ရှိလုပ်ဆောင်နေသော အခြေအနေများနှင့် အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြကြောင်း ကြေညာထားသည်။
လက်ရှိတွင် ရက္ခိုင့် တပ်မတော် AA နှင့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတို့အကြား စစ်ရေးတင်းမာလျက်ရှိသည်။ ရက္ခိုင်တွင် စစ်ကောင်စီမှ ပြည်သူများကို အစစ်အဆေးနှင့် အကြမ်းဖက်မှုများကိုလုပ်ဆောင်နေလျက်ရှိသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်တွင် AA စစ်ဦးစီးချူပ်ထွန်းမြတ်နိုင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာ တွစ်တာမှတဆင့် စစ်ကောင်စီ၏ရက္ခိုင်ပြည်နယ်စစ်ဦးစီးချုပ်ကို စစ်ရေးအရသတိပေးခြိမ်းခြောက်သည့်စာသားများတင်ခဲ့သည်။

Address


Website

Alerts

Be the first to know and let us send you an email when The Myanmar Narrative posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Myanmar Narrative:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share