Once Upon a Bottle

  • Home
  • Once Upon a Bottle

Once Upon a Bottle Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Once Upon a Bottle, Wine, Beer & Spirits Store, .

သောက်ပြီး စားပြီးရင် စီးကရက် လက်က မချတဲ့ဘော်ဒါတွေ ရှိနေတာရင် ဒီကိုလာခဲ့ပါနော်။😍😍😍ပုလင်း ဝယ်တိုင်း စီးကရက် အကောင်းစားတစ်ဗ...
22/07/2023

သောက်ပြီး စားပြီးရင် စီးကရက် လက်က မချတဲ့
ဘော်ဒါတွေ ရှိနေတာရင် ဒီကိုလာခဲ့ပါနော်။😍😍😍
ပုလင်း ဝယ်တိုင်း စီးကရက် အကောင်းစားတစ်ဗူး ရမှာ
ဆိုတော့ အပြေး🏃‍♂️🏃‍♂️🏃‍♂️သာ လာခဲ့တော့နော်❤️

🍶🍶🥃 NIKKA  WHISKY  FROM THE BARRELDouble Matured Blended Whisky 51,4% vol. 500mlဂျပန် နိစ် နီပွန် မာစတာ တို့၏ လက်ရာသောက်...
29/11/2022

🍶🍶🥃 NIKKA WHISKY FROM THE BARREL
Double Matured Blended Whisky
51,4% vol. 500ml
ဂျပန် နိစ် နီပွန် မာစတာ တို့၏ လက်ရာ
သောက်လိုက်တိုင်း စွဲမက်စရာ ခံစားမှု့ ကိုရစေမှာပါ။
အများကြီး သောက်ရတာ မကြိုက်တဲ့ သူတွေနဲ့
အနည်းလေး သောက်ရတာ မကျေနပ်သူတွေဖို့
alchol ၅၁,၄%ပဲ ပါသော
ရေခဲလေ လှုပ်ရုံနဲ့ ခံစားမှု့ကို အမြင့်ဆုံးရောက်ရှိစေမယ့်whisky
မြန်မာနိုင်ငံ တစ်နိုင်ငံကို အသုံးတော်ခံစေနိုင်ရန် ရောက်ရှိလို့ပါပြီ။
အားကျမခံ ဂျပန် ကြီး ကို မြန်မြန် သုံးဆောင်လိုက်ပါ 😝😝😝

ကဲကဲ ဝါလည်းထွက်ပြီဆိုတော့တစ်ယောက်တစ်မျိုးစီ အဓိပ္ပါယ် ဖွင့်ဆိုပုံလေးတွေပြောပေးကျပါနော် အကောင်းဆုံး Comment ကို SIR EWARD...
10/10/2022

ကဲကဲ ဝါလည်းထွက်ပြီဆိုတော့
တစ်ယောက်တစ်မျိုးစီ
အဓိပ္ပါယ် ဖွင့်ဆိုပုံလေးတွေ
ပြောပေးကျပါနော်
အကောင်းဆုံး Comment ကို
SIR EWARDS Finest တစ်လုံး ကို လက်ဆောင် ပေးသွားပါမယ်နော်
Photo Crd

🥃🍸🥂🍾ငွေဈေးလေးက တက်😇😇🍺🍻   ရှက်ကီလေး ကိုပဲဖက် 😍😍😍တွယ် သော ဇိုးလေးများအတွက်ခေါင်းလည်းမကိုက် ဘတ်ဂျတ်လည်းမခက်တဲ့ စာရင်းလေးတွေ...
15/09/2022

🥃🍸🥂🍾
ငွေဈေးလေးက တက်😇😇🍺🍻
ရှက်ကီလေး ကိုပဲဖက် 😍😍😍
တွယ် သော ဇိုးလေးများအတွက်
ခေါင်းလည်းမကိုက် ဘတ်ဂျတ်လည်းမခက်တဲ့
စာရင်းလေးတွေ ကို ပြပေးပါမယ်
လိုတာအသေးစိတ်ကို ချက်ဘောက်မှာ ရှင်းပြပေးမယ်နော်

Sir Eward's Smoky ဒီနေ့ ခေတ် ဒီခါမှာ ငွေဈေး တက် လို့ သောက်ဖို့ ပုလင်းတွေ ဈေးတက် ဖို့ ပူပန်နေရပြီလား??????ဝီစကီ တစ်ခွက် အ...
26/07/2022

Sir Eward's
Smoky
ဒီနေ့ ခေတ် ဒီခါမှာ ငွေဈေး တက် လို့ သောက်ဖို့ ပုလင်းတွေ ဈေးတက် ဖို့ ပူပန်နေရပြီလား??????
ဝီစကီ တစ်ခွက် အတွက် ခေါင်းမကိုက်စေဖို့ Sir Eward မှ လှမ်းခေါ်နေပါတယ်ဗျို့ 🥃🥃🥃😜😜😜😜😜
စျေး နှုန်း သင့် တဲ့ ဝီဝီ( တစ်မျိုးမထင်နဲ့နော်)
ညိုကီ တို့ ဘဲကြီး ဘီးကျဲ တို့အတွက် ဈေးနှုန်းရော
အရသာရော ဖိုင်းတဲ့ ဝီစကီ လာပြီနော် ။
ဈေးကွက်ထဲမှာ copy တွေရော ရှိတက်တဲ့အတွက်
အရည်အသွေး အဓိက ထားဖို့ CB လာခဲ့တော့😅😅😅
CB ဘဏ်ကို ငွေလွဲ လို့လည်း ရတယ် လို့ပြောတာပါ😜😜😜😜

ဘီးကျဲ ကြီးတွေလို အထာကျချင်နေပြီလား???ဒီဖက် ခေတ်ထဲမှာ သောက် တာထက် အထာကျချင်တဲ့ညိုကီ လေးအတွက်ရော မပြင်းတပြင်း လေး မှ ရင်ဘ...
17/07/2022

ဘီးကျဲ ကြီးတွေလို အထာကျချင်နေပြီလား???
ဒီဖက် ခေတ်ထဲမှာ သောက် တာထက် အထာကျချင်တဲ့
ညိုကီ လေးအတွက်ရော
မပြင်းတပြင်း လေး မှ ရင်ဘတ် ထဲ ထိ တဲ့ ဘော်ဒါတို့အတွက်
Haig Club လာပါပြီနော် 🥃
ယမကာ မှီဝဲ ခြင်းသည် အတိုင်းအတာ နှင့် ဆိုလျှင်
ကျန်းမာ စေရုံ မက သက်တော် ရှည်စေသည်ကို ညိုကီ ဘီးကျဲ တို့ သိကျပြီလား 😜

အခုတလော 🥃🥃🥃🥃
ပွဲတွေ ဖြစ်နေတာကို အသာမေ့စေဖို့
ယမကာမှီဝဲကျပါဆို့ 😂😂😂

ကြိုး နဲ့ cover လိုချင်တဲ့သူတွေလဲ ဆိုင်မှာရနေပြီနော်😍
26/06/2022

ကြိုး နဲ့ cover လိုချင်တဲ့သူတွေလဲ ဆိုင်မှာရနေပြီနော်😍

INSTOCK 37000ks
26/06/2022

INSTOCK
37000ks

အရင်ကအရမ်းခေတ်စားခဲ့တဲ့ One time use လေးပြန်ရောက်လာပြီနော်။ 😍💛သူလေးက YOOZ Go Brand ပါ။ သုံးဖူးသူတိုင်း ကြိုက်ကြလို့ အော်...
26/06/2022

အရင်ကအရမ်းခေတ်စားခဲ့တဲ့ One time use လေးပြန်ရောက်လာပြီနော်။ 😍💛

သူလေးက YOOZ Go Brand ပါ။ သုံးဖူးသူတိုင်း ကြိုက်ကြလို့ အော်ဒါအတက်များတဲ့အထဲလည်း
ပါဝင်ပါတယ်။ အခုအသစ်ရောက်တာကလည်း Flavors (8) မျိုးတောင်ဆိုတော့ ကြိုက်ရာရွေးရုံပဲပေါ့။

Flavor တစ်ခုကို 7500ks ပါ။ Device နဲ့ Pod တွဲသုံးရတာထက် အလုပ်မရှုပ်ရတဲ့ အားသာချက်ကလည်း သဘောကျချင်စရာပါပဲ။

ကဲ... အရင်အချိန်တွေ ပြန်အမှတ်ရအောင်လို့ One time use လေး ပြန်သုံးကြည့်လိုက်ရအောင်နော်။ 🍁

Aluminum body device နဲ့ စွဲမက်ဖွယ် YOOZ Mini 1 + 2 ...💞😱ရောင်းဈေး  💰17,000ks ကျပ်နဲ့ အရမ်းအရမ်းတန်တဲ့အကြောင်းရင်းကတော့ ...
26/06/2022

Aluminum body device နဲ့ စွဲမက်ဖွယ် YOOZ Mini 1 + 2 ...💞😱

ရောင်းဈေး 💰17,000ks ကျပ်နဲ့ အရမ်းအရမ်းတန်တဲ့အကြောင်းရင်းကတော့ အားပြန်သွင်းနိုင်သော rechargeable device အပါအဝင် Pod ခေါင်းနှစ်ခု Free ပါဝင်တာကြောင့်ပါနော်။😍

Mini device battery - 280mAh battery
Charging - Type C အားသွင်းပေါက်(အားသွင်းကြိုးမပါဝင်ပါ)
Color - စက်အရောင်က Flavor အလိုက်အရောင်မတူပါ
Pod - Cotton coil နဲ့ဆေးရည်က 2mL (3% Ni****ne)
Price - 17,000ks (စက်ဖိုးနဲ့တင် လုံးဝတန်နေပြီ)
အားသာချက်အနေနဲ့ - အခုရောင်းနေတဲ့ Series 2 က Ceramic coil pod နဲ့လည်းတွဲသောက်လို့ရပါတယ်နော်။

လတ်တလော အပြတ်ရှိုက်နိုင်တဲ့ Flavors လေးတွေကတော့ - 🔥
🫐Berry Party - ဘယ်ရီသီးစုံအရသာ
🐻‍❄️Gummy Bear - ဂျယ်လီသီးစုံအရသာ
🍭Mint lollipop - ပူရှိန်းသကြားလုံးအရသာ
🍋Pink lemon - သံပုရာအရသာ
🍓🥭Strawberry Mango - စတော်ဘယ်ရီသရက်သီးအရသာများ
ဖြစ်ပြီးတော့ ပစ္စည်းကျန်သလောက်ပဲ ရမှာမလို့ ခုတည်းက မြန်မြန်လေး လက်ဦးထားလိုက်ပေတော့နော်။

အခုတလော Korea သွားဖို့ စဥ်စားနေလား???Korea ကားတွေထဲက လို့   ဘဝရဲ့ ခါးသီးချက်တွေကို မေ့ပစ်ဖို့   လိုနေပြီလား???ဝက်ဆလပ်လေး...
20/05/2022

အခုတလော Korea သွားဖို့ စဥ်စားနေလား???
Korea ကားတွေထဲက လို့ ဘဝရဲ့ ခါးသီးချက်တွေကို
မေ့ပစ်ဖို့ လိုနေပြီလား???
ဝက်ဆလပ်လေး နဲ့ ပဲ မြည်းမလား
တော့ပူကီလေးနဲ့ပဲ ဆွဲမလား
မိုးရာသီ အေးအေး လေးမှာ
သောက်ဖို့ အကောင်းဆုံး

ပေါ့ တယ်ဆိုပြီး သိပ်မသောက်မိစေဖို့ရယ်နဲ့
ကိုရီယားကားထဲ ကလို ဘူတာရုံတို့ ကားဂိတ် တို့မှာ
ကောင်လေး ကောင်မလေး ချောချော လေးတွေ နဲ့
ချစ်ကြိုးလေးတွေ သွယ် ဖို့ သောက်ဖို့ တိုက်တွန်းပါရစေနော်
😜😜😜😜😍😍😍😍
သတိ
၁၈နှစ်အထက်မှ သောက်သုံးရန်နှင့်် ကလေးသူငယ်များ
မရှယ်ရ မဖတ်ရ😜😍😍😍😊😊😊👀👀

JOHN BARRဂျွန်ဘား အကြောင်း ပြောရမယ် ဆိုရင်???🥃🥃🥃🥃သူကို Whyte & Mackay Master Blender ကုမ္ပဏီမှ နာမည်ကြီး ဝီစကီ ပြုလုပ်သေ...
13/05/2022

JOHN
BARR
ဂျွန်ဘား အကြောင်း ပြောရမယ် ဆိုရင်???
🥃🥃🥃🥃
သူကို Whyte & Mackay Master Blender ကုမ္ပဏီမှ
နာမည်ကြီး ဝီစကီ ပြုလုပ်သော Richard Paterson မှ
တဖန် ပြန်လည်စမ်းသစ်ကာ တည်ငြိမ်မှု့ အပြည်အဝဖြင့်
Joniee Walker မှ Red Label / Black Label တို့နှင့် စင်ပြိုင်ရန် မွေးဖွားထားခြင်းဖြစ်သည်။
2017 ခုနှစ် တွင် တံဆိပ် အသစ်နှငိ့ စကော့တလန် ဝီစကီ အမျိုးအစားဖြင့် John Barr Finest & Reverse ဆိုပြီး ဈေးကွက် ထဲသို့ ရောက်ရှိလာသည်။
၎င်းတို့သည် Johnnie Walker Red Label နှင့် Black Label အသီးသီးတို့နှင့် တိုက်ရိုက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားဆဲဖြစ်သည်။
လက်ရှိသောက်သုံးမှု့အများဆုံးဖြစ်သော ထိုင်းနိုင်ငံရှိ Blend 285 နှင့် စင်ပြိုင် တည်ရှိနေသော အမျိုးအစား
ဖြစ်သည်။
လိုအပ် လို့ရှိပါက ဘာညာ သရာကာ ဇီရိုးနိုင်း ကို
ခေါ်ဆိုပါဗျာ👌👌✌️👍

တစ်လုံးတည်း နဲ့ ဂျွမ်းပြန် သွားမဲ့ ဆိုဂျူးဆိုဂျူးတောင် Product of Korea နော်Jinro တံဆိပ် ပဲ အကောင်းဆုံးနဲ့ အတန်ဆုံးတစ်လု...
08/05/2022

တစ်လုံးတည်း နဲ့ ဂျွမ်းပြန် သွားမဲ့ ဆိုဂျူး

ဆိုဂျူးတောင် Product of Korea နော်
Jinro တံဆိပ် ပဲ အကောင်းဆုံးနဲ့ အတန်ဆုံး

တစ်လုံးမှာ alcohol 13 % ပဲ ပါလို့ မိန်းကလေးတွေ က အစ သောက်လို့ရတယ်

နှစ်လုံးထပ်ပိုမသောက်နဲ့ ကိုရီးယား မှာဆိုရင် ဘူတာရုံမှာ အိပ်ရလိမ့်မယ်

အရသာ ၆ မျိုးရှိတယ်

စပျစ်စိမ်း
စတော်ဘယ်ရီ
plum
grape fruit
fresh
Original ဆိုပီး ရတယ်

Fresh က 17% မို့ သောက်လို့တော့ကောင်းသေးတယ်

original ကတော့ ရိုးရိုး alcho လိုပါပဲ

👑 Dalmore 12 Years 👑🦁လွန်ခဲ့သော နှစ်ပေါင်း 700 ခန့်က (1263 ခုနှစ်) King Alexander III ဟာ စကော့တလန် Highland တောကြီးထဲကို...
02/05/2022

👑 Dalmore 12 Years 👑

🦁လွန်ခဲ့သော နှစ်ပေါင်း 700 ခန့်က (1263 ခုနှစ်) King Alexander III ဟာ စကော့တလန် Highland တောကြီးထဲကို သူရဲ့ကိုယ်ရံတော်တွေနဲ့ တောကစားထွက်ခဲ့ပါတယ်။


🦌အဲ့အချိန်မှာ ဘုရင်ကြီးဆီကို သမင်လိုလို ဆင်လိုလို ဦးခေါင်းပြောင်ပြောင် ချိုထောင်ထောင်နဲ့ တောကောင်တကောင်က ဦးချိုနဲ့ ပြေး၀င်လာပါဝယ်။

🥷ထိုစဉ် Mackenzie Clan မျိုးနွယ်စုရဲ့ ခေါင်းဆောင်တယောက် ဘုရင်ကြီးရဲ့အသက်ကို ရဲ၀င့်စွာကယ်တင်နိုင်ခဲ့ပါတယ်။

💥ဒီလိုရဲစွမ်းသတ္တိနဲ့ ဘုရင့်အသက်ကိုကယ်ခဲ့တဲ့ Mackenzie Clan ကို သမင်ဦးချိုနဲ့တူတဲ့ နယ်မြေ ၁၂ ခု အပိုင်စားပေးခဲ့ပါတယ် 12 Point Royal Stag လို့ခေါ်ပြီး Royal Hunt , Royal Stag လို့ လူသိများ ထင်ရှားပါတယ်။

🏭Dalmore စက်ရုံကို ၁၈၃၉ ခုနှစ်တွင်လုပ်ငန်းရှင် Alexander Matheson ကတည်ထောင်ခဲ့ပြီး ၂၈ နှစ်ကြာပြီးနောက် တခြား လူများသို့ လွှဲပြောင်းရန်ဆုံးဖြတ်ခဲ့သည်။ Dalmore ကို မတူကွဲပြားသည့် ပိုင်ရှင်များက အဆင့်ဆင့် လက်ဆင့်ကမ်း ထုတ်ဝခေဲ့ကြသော်လည်း Mackenzie မျိုးနွယ်စု၏ အမှတ်အသားဖြစ်သည့် သမင်ချိုကို ၄တို့အဆက်ဆက်ပင် မပျက်မကွက် ထိမ်းသိမ်းလာခဲ့ကြသည်။

🌟Dalmore 12 year ကို ပြုလုပ်ပုံမှာ ပထမဉီးစွာ အမေရိကန် သပိတ်ပင်သားစည်ဟောင်း (ယခင် Bourbon စည်အဖြစ် အသုံးပြုပြီးသည့်စည် )တွင် ၉ နှစ်ခန့်အထိ အသက်သွင်းထားပြီးလျှင် Oloroso Sherry စည်ဟောင်း သို့ပြောင်းရွှေ့ကာ ထပ်မံ၍သုံးနှစ် အသက်ဆက်သွင်းသည်။

🍫ထို့ကြောင့် ရလဒ်မှာ ချိုမြိန်ပြီး rich ဖြစ်သည့်အပြင် ချယ်ရီအရသာနှင့် နုညံ့သော ဝီစကီတစ်ခုကို ရရှိသည်။
ပါဝင်သော Alcohol volume မှာ 40% ဖြစ်ပြီး အနံ့အရသာမှာ လိမ္မော် ၊ dark Plum၊ ချောကလက် toffee အရသာတို့နှင့် rich and smooth ဖြစ်သည်။

🥃အကောင်းဆုံးသောက်သုံးရမည့် ပုံစံကို ညွှန်းပြရပါလျှင် Dalmore သည် ရေအနည်းငယ်နှင့် ရော၍သော်လည်းကောင် တွဲဖက်၍သော်လည်းကောင်း သောက်၍ကောင်းသော ဝီစကီဖြစ်သည်။
သတိပြုစေချင်သော အချက်မှာ ရေရောများလျှင် Dalmor ၏ အရသာ ပျက်တက်ပါသည်။

💥Dalmore 12 Years 1L - 145000mmk
OUB
Once Upon a Bottle

အလန်းဆုံးအရသာနဲ့ ဆန်းသစ် The Glenlivet 12 ရဲ့ ညက်ညောမှုအစစ် ✨The Glenlivet ရဲ့ signature style ကို ကိုယ်စားပြုထားတဲ့ ပထမ...
13/03/2022

အလန်းဆုံးအရသာနဲ့ ဆန်းသစ်
The Glenlivet 12 ရဲ့ ညက်ညောမှုအစစ် ✨

The Glenlivet ရဲ့ signature style ကို ကိုယ်စားပြုထားတဲ့ ပထမတန်းစား Single Malt Whisky The Glenlivet 12 Yrs Old ကို နူးညံ့ညက်ညောပြီး ကြွယ်ဝတဲ့ အနံ့အရသာရရှိစေဖို့ ကဇော်ဖောက်ရာမှာ သတ္တုဓာတ်ကြွယ်ဝတဲ့ Josie ရေတွင်းက သဘာဝတွင်းထွက်ရေကိုအသုံးပြုထားပါတယ်။

စည်နဲ့နှစ်ချို့ခံရာမှာလည်း Traditional Oak Cask နဲ့အရင်သိုလှောင်ပြီးတော့မှ အနံ့အရသာထူးခြားညက်ညောမှုကိုရရှိစေဖို့ American Oak Cask ထဲမှာ ထပ်မံသိုလှောင်ပါတယ်။

မြည်းစမ်းကြည့်ရင် smooth, fruity, complex, well-balanced ဖြစ်လို့ Neat ပဲသောက်သောက်၊ On the rock ပဲဆွဲဆွဲ အဝင်ကောင်းတဲ့ အကောင်းစားဝီစကီတစ်ခွက်ရဲ့ အရသာကိုခံစားရမှာပါ။

Alcohol ပါဝင်မှု - 40% ဖြစ်ပြီး စျေးနှုန်းလေးက 70cl ကို 62,000ks ဖြစ်ပါတယ်။

----------------------------------------------

မန်ယူ ကြိုက်တဲ့ ဘဲကြီး တို့အတွက် ဒီမှာလည်း ရပါတယ် နော်
10/03/2022

မန်ယူ ကြိုက်တဲ့ ဘဲကြီး တို့အတွက် ဒီမှာလည်း ရပါတယ် နော်

Chivas   Rye Cask I Sherry Cask နှင့် Chivas XV Gold✨ပထမတစ်မျိုးက Oloroso ရှယ်ရီစည်ထဲမှာ နှစ်ရှည်နှပ်ဖျော်စပ်ထားတဲ့ Chiv...
27/02/2022

Chivas Rye Cask I Sherry Cask နှင့် Chivas XV Gold✨

ပထမတစ်မျိုးက Oloroso ရှယ်ရီစည်ထဲမှာ နှစ်ရှည်နှပ်ဖျော်စပ်ထားတဲ့ Chivas Regal Extra 13 Yrs Sherry Cask ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဆန်ဖရန်စ္စကို ကမ္ဘာ့အဖျော်ယမကာပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိထားပါသေးတယ်။

နောက်တစ်မျိုးကတော့
စကော့တလန်နဲ့ အမေရိကန်ရဲ့ အကောင်းဆုံးကုန်ကြမ်းတွေကို အချိုးကျကျပေါင်းစပ်ထားပြီး အမေရိကန် Rye ဂျုံစည်များကိုရွေးချယ်ပြီး အပြီးသတ်ထားတဲ့ Special Edition စကော့ချ်ဝီစကီ Chivas Regal Extra Rye Cask 13 Yrs ဖြစ်ပါတယ်။

ပြင်းရှထူးကဲပြီးခမ်းနားတဲ့အရသာစစ်စစ်ခံစားချင်ရင် Chivas Regal Extra Sherry Cask 13 Yrs ကိုရွေးချယ်နိုင်ပြီး၊ Classic စတိုင်လ် နူးညံ့ညက်ညောမှုကိုမှ ကြိုက်တဲ့သူတွေအနေနဲ့ကတော့
Chivas Regal Extra Rye Cask 13 Yrs ကိုမြည်းစမ်းကြည့်ဖို့ အကြံပြုပါတယ်။

Sherry Cask နဲ့နှပ်တဲ့ Chivas Regal Extra 13 Years က သစ်တော်သီးမှည့်၊ သစ်ကြံပိုးခေါက်အချိုနဲ့ Almond အရသာရဲ့ ညက်‌ညောမှုကို ရရှိစေပါတယ်။

Rye ဂျုံစည်များနဲ့အပြီးသတ်ထားတဲ့ Chivas Regal Extra Rye Cask ကတော့ Classic ဝီစကီရဲ့ထုံးစံအတိုင်း အနံ့ကထင်ရှားစူးရှပေမယ့် နူးညံ့တဲ့အရသာကို တစိမ့်စိမ့်နဲ့ကြာရှည်စွဲကျန်စေမှာဖြစ်ပါတယ်။

(၂) မျိုးလုံးရဲ့ အယ်လ်ကိုဟောပါဝင်မှု‌က 40% ပါ။

အောင်မြင်မှု၊ ခမ်းနားမှုတို့ရဲ့ သင်္ကေတ...
ရွှေရောင်အဆင်းနဲ့ ချိုမြ‌ညက်ညောမှုကိုပေးစွမ်းမှာက...Chivas XV Gold✨

Chivas Regal ရဲ့ Brand Signature ဖြစ်တဲ့ရွှေရောင်ကိုအသုံးပြုပြီး ဆန်းသစ်ထုတ်လုပ်ထားတဲ့ Chivas XV Gold ကတော့ အနည်းဆုံး ၁၅ နှစ်သက်တမ်းရှိတဲ့ စကော့ချ်ဝီစကီများကို Blending လုပ်ပြီးဖန်တီးထားတာဖြစ်ပါတယ်။ အနံ့အရသာတမူထူးခြားပြီး ကြွယ်ဝကောင်းမွန်စေဖို့ Grande ရှန်ပိန်ကော့ညက်စည်ထဲမှာလက်စသတ်ထားတာကြောင့် Neat ပဲသောက်သောက်၊ On the Rock ပဲဆွဲဆွဲ အဝင်ညက်ပြီးအကြိုက်တွေ့စေမှာပါ...။
Crd

  စကော့တလန်နိုင်ငံရဲ့ အရက်ချက်ဒေသကြီး Highland ဒေသထွက် Single Malt Whiskey တွေထဲက ဂန္ထဝင်အမှတ်တံဆိပ် Aberfeldy။Aberfeldy...
20/02/2022




စကော့တလန်နိုင်ငံရဲ့ အရက်ချက်ဒေသကြီး Highland ဒေသထွက် Single Malt Whiskey တွေထဲက ဂန္ထဝင်အမှတ်တံဆိပ် Aberfeldy။

Aberfeldy 12 Years Old Whiskey ဟာ Highland ဒေသထွက်တွေထဲမှာ အလွန်ကောင်းမွန်သော နိဒါန်းနဲ့ အစပျိုးခဲ့ပါတယ်။ Aberfeldy ၏ ကြော်ကြားမှုကို မီးမောင်းထိုးပြခဲ့တာက 's အရက်ချက်စက်ရုံရဲ့ မိသားစုဝင်ဖြစ်တဲ့အပြင် တွေ​မှာ ဗဟိုချက်အဖြစ်ပါဝင်ကာ ကောင်းမွန်သင်းပျံ့သော ရနံ့များ ပေါင်းစပ်ပါဝင်မှုများကြောင့်လည်း ဖြစ်ပါတယ်။ လက်ရှိ Aberfeldy အရက်ချက်စက်ရုံကြီးကို ပိုင်ဆိုင်တာကတော့ ပဲဖြစ်ပါတယ်။

အမှတ်တံဆိပ်မှာ အောက်ခံအနက်ရောင်ပေါ်တွင် ရွှေရောင်စာလုံးများနှင့်ဖြစ်ပြီး ဝမ်းနည်းခြင်းအသွင်ဆောင်သော်လည်း ထိုအမှတ်တံဆိပ်နှင့် လိုက်ဖက်ညီစွာ ပျားရည်ရနံ့နှင့် Malty ဖြစ်သည်ကို အနုပညာရသမြောက်စွာ ဖန်တီးထားပြန်ပါတယ်။

Master Of Malt မှ အနံ့၊အရသာ မြည်းစမ်းသူ The Chaps ၏ မှတ်တမ်းအရဆိုလျှင်

အရောင်အရ ရွှေဝါရောင်ဖြစ်ကာ
ရနံ့အရ ချိုအီသော ရှယ်ရီသီးရနံ့များ စရပြီး အဆုံးသတ်ပိုင်းတွင် မီးခိုးမှိုင်းရနံ့များရကာ၊ ဇီးသီးခြောက်ရနံ့များ၊ ပုတင်းရနံ့များနှင့် Espresso ရနံ့နှင့်တူသည့် တူးအောင်လှော်ထားသည့် ကော်ဖီစေ့ ရနံ့များ ပါဝင်နေပါတယ်။

အာခံတွင်း၌ ချိုအီသော၊ ညင်သာသော Peat မြေဆွေးအရသာရှိသော်လည်း ခံတွင်းကိုရှင်းစေပါတယ်။ ဒါ့အပြင် Vanilla အရသာ၊ ခရမ်မ်အတွင်းမက်မွန်သီးထည့်သွင်းထားသည့် အရသာနှင့် သိမ်မွေ့သော သပိတ်ပင်ဖြင့်ပြုလုပ်ထားသည့် စည်အရသာတို့ ပေါင်းစပ်ပါဝင်နေပါတယ်။

အဆုံးသတ်မှာတော့ ဂျင်းနှင့် ဆိမ့်သော Nougatမုန့်အရသာများအပြင် ဂရိတ်ဖရုသီးရဲ့ အရသာအနည်းငယ်ကိုလည်း ရရှိပါသေးတယ်။

ဤကဲ့သို့သော အနံ့၊အရသာများကြောင့် လတ်ဆတ်တဲ့သစ်သီးရနံ့ကိုကြိုက်နှစ်သက်ကြတဲ့ သောက်သုံးသူများအတွက် ဟာမှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပြီး နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Crd
ယမကာသုတေသီ တင်အောင်လွင်

17/02/2022

😜

16/02/2022
Valentine's day ချောကလက် လာစားဖို့ ဆိုင်ခေါ်တာ ချောကလက်မစားပဲ ပစ္စည်းတွေပို့ပေးချင်တဲ့ကာကာ တို့အတွက် လက်မလည်အောင် ထုပ်ပိ...
14/02/2022

Valentine's day
ချောကလက် လာစားဖို့ ဆိုင်ခေါ်တာ
ချောကလက်မစားပဲ ပစ္စည်းတွေပို့ပေးချင်တဲ့ကာကာ တို့အတွက် လက်မလည်အောင် ထုပ်ပိုးခြင်း
အနုပညာ 😘🍫💝🎁😍

မနက်ဖြန် Valentine's Day မှာ ဘာပစ္စည်းပဲဝယ်ဝယ် ဘာမှ မဝယ်ပဲ လာလာ ချစ်ရတဲ့ ကာစတန်မာ တွေအတွက် ဆိုင်လာတဲ့ လူတိုင်းကို ချောကလ...
13/02/2022

မနက်ဖြန် Valentine's Day မှာ ဘာပစ္စည်းပဲဝယ်ဝယ်
ဘာမှ မဝယ်ပဲ လာလာ ချစ်ရတဲ့ ကာစတန်မာ တွေအတွက်
ဆိုင်လာတဲ့ လူတိုင်းကို ချောကလက် 🍫🍫🍫🍫
လက်ဆောင်ကျွေး ပါမယ်နော်🥰🥰😍😍😍😍
🎁🎁🎁🎁💝💝💝💝💝💝
လာဝယ်တဲ့ လူတိုင်း ကိုလည်း လက်ဆောင် များပေးပါမယ်နော်
ချစ်ရတဲ့ ကာကာ လေးတွေ
ဇိုးကြီး ဇိုးလေး တွေအတွက်ရောပါ 😘😘😘😘
မနက်ဖြန်မှာ ချောကလက် လက်ဆောင်မရသေးတဲ့
FA တွေလည်း အားမငယ်ပါနဲ့နော်
🫀🫀 ချစ်ရတဲ့ သူတွေ ရှိပါသေးတယ်နော် 👨‍❤️‍👨👨‍❤️‍👨👩‍❤️‍👩

ဒီတစ်ခါရေးမှာက မျောက်အကြောင်း… မျောက်ကိုမှ ဂျာမနီရဲ့ တောနက်ကြီးတစ်ခုထဲမှာ မွေးလာတဲ့မျောက်။ အကောင်ကတော့ ခပ်သေးသေး ၅၀ သား ...
12/02/2022

ဒီတစ်ခါရေးမှာက မျောက်အကြောင်း… မျောက်ကိုမှ ဂျာမနီရဲ့ တောနက်ကြီးတစ်ခုထဲမှာ မွေးလာတဲ့မျောက်။ အကောင်ကတော့ ခပ်သေးသေး ၅၀ သား လောက်ဆိုပေမယ့် သူ့ပါ၀ါက ၄၇% အထိတောင်မြင့်ပါ့။ ယဉ်ယဉ်ကလေးပဲဆိုပြီး မထီတထီသွားစမိလို့ကတော့ လူတစ်ယောက်ကို ကောင်းကောင်းဒေါင်းသွားစေနိုင်ရဲ့။ ဒီမျောက်ကတော့ Monkey 47 ဆိုတဲ့ ဂျာမန်နိုင်ငံ Black Forest အရပ်၊ Black Forest Distillery စက်ရုံကြီးကထုတ်လုပ်တဲ့ ပြင်းအား 47% ရှိပြီး အညိုရောင် ၅၀၀ မီလီ ဖန်ပုလင်းနဲ့သာလာတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးတန်းဝင် စူပါပရီမီယံ gin တစ်မျိုးပါပဲ။ အညိုကိုသုံးရတာက နေရောင်ထဲမှာပါတဲ့ UV က ပုလင်းကိုဖောက်ပြီး အထဲက နူးည့ံလှတဲ့ အရည်ကို ထိခိုက်မသွားနိုင်အောင်လို့ပါ…။

Monkey 47 ဆိုတာ သူ့မှာပါတဲ့ Alc ပြင်းအား 47% ကိုချည့်ပဲသက်သက်ညွှန်းတာမဟုတ်… သူ့ကိုချက်လုပ်တဲ့အချိန်မှာအသုံးပြုတဲ့ ပါဝင်တဲ့ သစ်စေ့၊ သစ်ဥ၊ ပန်းမန်မျိုးနွယ်ဝင် အမယ်ပေါင်း 47 မျိုးကို ရည်ညွှန်းထားတာလဲ ဟုတ်ရဲ့။ သာမန် ဂျင်တစ်မျိုးမှာ အမယ် ၁၂ မျိုးလောက်ပါအောင် မနည်းပဲ အရသာထိန်းညှိချက်လုပ်ရပေမယ့် Monkey ကတော့ 47 မျိုးလုံးကို သမမျှတနေအောင် လက်စွမ်းပြထားပါတယ်။ ဒီ 47 မျိုးလုံးကို ပြင်သစ်နဲ့နယ်ချင်းထိစပ်နေတဲ့ ဂျာမနီရဲ့အနောက်တောင်ဘက်အရပ်က တောနက်ကြီး Black Forest ထဲကပဲ ရှာဖွေ၊ ခူးဆွတ်ထားတာ။ ပြီးတော့မှ အခြေခံ base ယူမယ့် အေးမြ၊ ကြည်လင်သန့်စင်တဲ့ စိမ့်စမ်းရေနဲ့ ချက်လုပ်ထားတဲ့ အရက်ဖြူထဲမှာ စိမ်ပြီး Monkey 47 ရဲ့ စုံလင်လွန်းတဲ့ ရနံ့တွေကို ရထားတာ။ ဂျင်မှန်ရင် juniper သီးရဲ့ ရနံ့ပါမှာဖြစ်လို့ ဂျင်တိုင်းမွှေးကြပေမယ့် Monkey 47 ကိုမွှေးကြည့်မိသူတွေကတော့ သစ်သီးပန်းမန်ပေါင်းစုံတို့ရဲ့ ရုက္ခမျိုးနွယ် ရနံ့တွေစုံလင်တဲ့ တောနက်ကြီးတစ်ခုလုံး ပုလင်းထဲရောက်နေသလိုကို ခံစားမိမှာ။ Monkey 47 ဖြစ်လာတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းလေးကိုလဲ အတိုချုံးပြောပြချင်သေးရဲ့။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ မောင်ဂိုမာရီကောလင်းစ် (အတိုကောက် မွန်တီ) လို့ ခေါ်တဲ့ အိန္ဒိယဖွား အင်္ဂလိပ်လူမျိုး ဗိုလ်မှူးတစ်ယောက်ရှိသတဲ့။ ဖခင်ဖြစ်သူက သံတမန်အသိုင်းအဝိုင်းကဆိုတော့ အိန္ဒိယအရှေ့ခြမ်းက မဒရပ်မြို့မှာတာဝန်ကျပြီး မွန်တီကိုလဲ အဲ့မှာပဲမွေးတာပေါ့။ အရွယ်ရောက်လို့ အမှုထမ်းရင်း အဆင့်ဆင့်တာဝန်ရွက်လာခဲ့ရာက စစ်ကြီးပြီးတော့ မွန်တီကို စစ်နိုင်တဲ့ အင်္ဂလိပ်အစိုးရက စစ်ကြောင့်ပျက်စီးနေတာတွေကို ပြန်လည်တည်ဆောက်ရေးတွေလုပ်ဖို့ ဂျာမနီကိုလွှတ်ပါရော။ အဲ့ထဲမှာ ဘာလင်မြို့ရဲ့ တိရိစ္ဆာန်ရုံလဲပါတယ်။ အဲ့မှာ Max လို့ခေါ်တဲ့ မျောက်ကြီးတစ်ကောင်ကို မွန်တီတွေ့ပြီး စောင့်ရှောက်ဖြစ်လိုက်တယ်။ ဂျာမနီမှာနေရတာကို သဘောကျသွားတဲ့ မွန်တီတစ်ယောက် ရာထူးကနားပြီးနောက်ပိုင်းမှာ အိန္ဒိယမပြန်တော့ပဲ ပြင်သစ်နယ်စပ်နဲ့ စထျာဘော့ဂ်မြို့နားက Black Forest အရပ်မှာ တည်းခိုခန်းတစ်ခုဖွင့်ပြီး လုပ်ကိုင်နေထိုင်လိုက်သေးတယ်။ မွန်တီရဲ့ဝါသနာတစ်ခုက နာရီလုပ်တာပဲ။ တစ်ချို့ကပြောတာက မွန်တီတစ်ယောက်ဂျာမန်အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျပြီး သူဝါသနာပါတဲ့ နာရီတွေထုတ်လုပ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲ့တော့ သူ့တည်းခိုခန်းပဲဆက်လုပ်နေရတော့တာပေါ့။ တည်းခိုခန်းနာမည်က ဇွမ် ၀ိုင်လ်ဒမ် အဖန် အဓိပ္ပာယ်က တောတွင်းမျောက်ကြီး တဲ့။ တောနက်ကြီးနားကပ်ဖွင့်တာရယ် မျောက်ကြီး Max ရယ်ကို အစွဲပြုလိုက်ပုံရတယ်။

အင်္ဂလိပ်ပီပီ ဂျင်ကြိုက်တဲ့ မွန်တီဟာ ဂျင်ကို သူ့ဘာသာထွင်သောက်ဖို့စိတ်ကူးရသွားတယ်။ အဲ့ထွင်ထားတဲ့ထဲက ပုလင်းတစ်လုံးကို ဖော်စပ်နည်းအညွှန်းနဲ့တူတူ မြေအောက်ခန်းထဲက သေတ္တာတစ်လုံးထဲထည့်သိမ်းထားလိုက်တယ်။ တစ်ခုပြောဖို့ကျန်တာက Black Forest ထဲက အသွယ်သွယ်သော စိမ့်စမ်းတွေရဲ့ရေက အင်မတန်သန့်စင်ကြည်လင်ပြီး ဘရန်ဒီတွေ၊ ရှနပ်စ်စ် (ဂျာမန်တွေရဲ့ ဂရပ်ပါ တစ်မျိုးလို့မှတ်ပေါ့) တွေ လုပ်ဖို့ အကောင်းဆုံးပဲ။ မွန်တီလဲ အဲ့ကရေကို သစ်သီး၊ သစ်ဥ၊ ပန်းမန် တွေနဲ့အတူသုံးခဲ့ပြီး သူ့ဂျင်ကိုချက်ခဲ့တာပေါ့။ အရသာကောင်းပေမယ့် Marketing မလုပ်တတ်လို့ပဲလားမသိ၊ နာရီလုပ်တုန်းကလိုပဲ ဂျင်မှာလဲ မွန်တီတစ်ယောက် ကြာကြာမခံပြန်။

နောင်နှစ်ပေါင်း ၄၀ ကျော်လောက်အကြာမှာတော့ တည်းခိုခန်းပိုင်ရှင်အသစ်က ပြုပြင်ဖို့လုပ်ရင်းက မွန်တီသိမ်းထားခဲ့တဲ့ ပုလင်းနဲ့ဖော်မြူလာကို ပြန်တွေ့ခဲ့ကြရာကနေ Monkey – Schwarzwald Gin တစ်ခေတ်ဆန်းဖို့ဖြစ်လာခဲ့တော့တာပဲ။ ဒီကနေ့ Monkey 47 ရဲ့ ပဲ့ကိုင်တွေဖြစ်တဲ့ စတိုင်းနဲ့ ကယ်လာတို့ ၂ ယောက်လက်ထဲမှာ နည်းနည်းပြုပြင်ထားတယ်ဆိုပေမယ့် မွန်တီရဲ့ 47 မျိုးနဲ့ မူရင်းဖော်မြူလာကို တော်တော်များများဆက်ထိန်းသိမ်းထားပါတယ်တဲ့။ အဲ့ထဲမှာ မဒရပ်ဒေသထွက် အမယ်တစ်ချို့ပါဝင်နေတာကိုကြည့်ပြီး မွန်တီတစ်ယောက် သူ့ငယ်ဘဝက ကြိုက်နှစ်သက်ခဲ့တဲ့ရနံ့တစ်ချို့ကိုပြန်သုံးထားတယ်လို့ပြောနိုင်လေရဲ့။ စိတ်ဝင်စားတယ်ဆိုရင် Monkey 47 ရဲ့ website မှာ ပါဝင်တဲ့ အမယ် 47 မျိုးရဲ့ အသေးစိတ်ကို ကြည့်လို့ရမယ်။

ခွက်ထဲမှာကြည်လင်နေတဲ့ ဂျင်ကိုနမ်းကြည့်ကြစို့…လိမ္မော်ခွံနံ့၊ သံပယိုခွံနံ့၊ရှောက်ချိုသီးခွံနံ့၊ လပ်ဆပ်တဲ့ မြန်မာနံနံပင်နံ့၊ ဂျင်းနုအနံ့၊ လေးညှင်းပွင့်ခြောက်၊ ငရုတ်စေ့လှော်နံ့တို့ကို Black Forest ရဲ့ နာမည်ကျော် lingonberries လို့ခေါ်တဲ့ မွှေးကြိုင်တဲ့ cranberry နဲ့ ခပ်ဆင်ဆင်အသီးတစ်မျိုးနံ့က အဆုံးသတ်မှာ အားကောင်းကောင်းနဲ့ လွှမ်းပေးထားတယ်။ အရသာပိုင်းမှာဆိုရင် ဂျင်ကို တောနခ်နဲ့ရောသောက်တာ အလေ့အထတစ်ခုဖြစ်နေပေမယ့် သံပုရာသီးစိပ်လေးနည်းနည်းညှစ်၊ ဝီစကီလိုမျိုး ရေခဲ၂ တုံးလောက်နဲ့ on the rocks သောက်လို့ရအောင်ကို ညက်လွန်းနေတာတွေ့ရမယ်။ တစ်ခြားဂျင်တွေဆိုရင် ဒါမျိုးသွားသောက်လို့မရဘူး။ 47% ပါတဲ့ အရက်က မထင်ရလောက်အောင်ကို ငြိမ်သက်နေမယ်။ လည်ချောင်းထဲမှာပူနွေးနွေးနဲ့ တစ်ငွေ့ငွေ့လေး…ပါးစောင်တစ်လျှောက်မှာ အသီးနံ့၊ ပန်းမန်နံ့ နဲ့ ဟင်းခတ်အမွှေးအကြိုင်နံ့တွေက အသက်ရှူလိုက်တိုင်းပြန်ခံစားနေရမယ်။ တောနခ်နဲ့သောက်မယ်ဆိိုရင်လဲ အဆင်ပြေပါတယ်။ တစ်ချို့ကလဲ ရိုးရိုးရှင်းရှင်း Dry Martini ဖျော်သောက်ကြတယ်။ ရေခဲ ၂ တုံး၊ ရေခဲခန်းထဲကြိုထည့်ထားတဲ့ Monkey 47 တစ်ဆ၊ Fever Tree တစ်ဆ၊ သံပုရာသီး ၂ စက်ချသောက်ရတာကိုတော့ အကြိုက်ဆုံးပဲ။

Credit
References
Monkey 47 Website
Spirits Beacon
Master of Malt
Waitrose

လက်ဆောင်ပဲပေးမလား🎁🎁🎁🎁လူကြီး များ ကန်တော့ ဖို့လိုအပ်နေပြီလား???မျက်နှာပန်း လှဖို့ရယ် ပစ္စည်းအရည်အသွေးအမှန် ရဖို့ရယ် ဂျပန်...
11/02/2022

လက်ဆောင်ပဲပေးမလား🎁🎁🎁🎁
လူကြီး များ ကန်တော့ ဖို့လိုအပ်နေပြီလား???
မျက်နှာပန်း လှဖို့ရယ်
ပစ္စည်းအရည်အသွေးအမှန် ရဖို့ရယ်
ဂျပန် ကိုရီးယား မလေးရှား ထိုင်း မြန်မာ ဒူဘိုင်း dutyfree များ ကို ဝန်ဆောင်မှု့ပေးပါရစေပါနော် 😍😍😍😍😍

🚬🚬🚬🌿🌿🌿💨💨💨လွင့်ချင်သူများအတွက် နေရာလေး အရသာ အစုံ သောက်ချင်သူများ ​၏ ဆုံမှတ် ဘာပဲ လိုလို ဘယ်လိုပဲသောက်သောက် ဘော်ဒါတွေနဲ့ပဲ...
09/02/2022

🚬🚬🚬🌿🌿🌿💨💨💨
လွင့်ချင်သူများအတွက် နေရာလေး
အရသာ အစုံ သောက်ချင်သူများ ​၏ ဆုံမှတ်
ဘာပဲ လိုလို ဘယ်လိုပဲသောက်သောက်
ဘော်ဒါတွေနဲ့ပဲ သောက်စား ပြီး သောက်ဖို့အတွက်လား??
တစ်ယောက်တည်းကျိတ်ပြီး သောက်ဖို့အတွက် လား??
အရည်အသွေး အကောင်းဆုံး ဆိုတာကြိုက်သူတွေအတွက်
ကျန်တော် တို့မှ ဝန်ဆောင်မှု့ ပေးပါရစေနော်😍😍😍

အရသာ အမျိုးစုံ အကုန်ပြန်ရပါပြီဗျာ😍😍😍💨💨💨🔥🔥🔥🔥
09/02/2022

အရသာ အမျိုးစုံ
အကုန်ပြန်ရပါပြီဗျာ😍😍😍💨💨💨🔥🔥🔥🔥

အဲ့😍အမ လေး😍  သောက်တဲ့ ဝိုင် ဆိုပြီးလာလာမေးကျ တဲ့ ကာကာ တို့အတွက် Bin Series အလိုက် ကို Valentine's day အမှီ ရောက်လာပါပြီန...
08/02/2022

အဲ့😍အမ လေး😍 သောက်တဲ့ ဝိုင် ဆိုပြီး
လာလာမေးကျ တဲ့ ကာကာ တို့အတွက်
Bin Series
အလိုက် ကို
Valentine's day အမှီ ရောက်လာပါပြီနော်
​အရည်အသွေးကောင်း ပစ္စည်းအမှန်
အကောင်းတကာ အကောင်းဆုံး ကိုမှ ပေးချင်သော
ကိုကို များအတွက် မိမိ​၏ ကြင်သူ သက်ထား ချစ်သူ မိတ်ဆွေ တို့အတွက် ရောက်ရှိပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ဗျ 😘😘😘😘
အဲ့အမလေး က ဘယ်သူလဲတော့မမေးနဲ့နော် 😜
မင်မင် မသိဖူး ကိုကိုတစ်ယောက်က အဲ့ပုံလေးပြပြီး
ပြောလို့ပါ😜

👩‍❤️‍👨👩‍❤️‍👩👨‍❤️‍👨Happy Valentine's Day 👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨ဗယ်လင် ဒိုင်ဒေး နား ရောက်လာတော့ ကိုယ် ဘယ်လောက် ချစ်လဲ ဆိုတာ ပြ...
06/02/2022

👩‍❤️‍👨👩‍❤️‍👩👨‍❤️‍👨Happy Valentine's Day 👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨
ဗယ်လင် ဒိုင်ဒေး နား ရောက်လာတော့
ကိုယ် ဘယ်လောက် ချစ်လဲ ဆိုတာ ပြသဖို့ရယ်😍
ကိုယ် သူအပေါ် မြတ်နိုး မှု့က ဘယ်လိုကြီးမားလဲ
ဆိုတာရယ် 😘😘😘
တစ်ယောက်ကို တစ်ယောက် တန်ဖိုး ထားခြင်းက
အရာဝတ္ထု တွေက မတိုင်းတာနိုင်ပေ့မယ် ချစ်ခြင်းမေတ္တာ ကို မြင်တွေ့နိုင်တဲ့ အရာတွေနဲ့ ဖော်ပြ ဖို့ လိုအပ်ရင်
ဒီနေရာ လေးကို သတိရလိုက်ပါနော် 🍾🍾🍾🍾
မပြ နိုင်သေးတဲ့ ဝိုင် မျိုးစုံ ကို သိချင်သေးရင် msg ကို hi ပါနော် 🙏🙏🙏👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨
ကိုယ့်ရဲ့ ချစ်ခင်မှု့ တွေ တန်ဖိုးထားမြတ်နိုးမှု့ တွေ ပြသ ဖို့
surprise box လေး တွေ လုပ်ချင် ရင် ဟဲလို လုပ်ပေးပါနော်

TGIS အမှန်ဆို မနေ့က TGIF မှာ တင့်ရမှာ မင်မင် က မနေ့က နည်းနည်း မူးသွားလို့😵‍💫😵‍💫🍾vodka ကို ကျား မ မရွေး လူကြီး လူငယ် 🥰😘😘p...
05/02/2022

TGIS
အမှန်ဆို မနေ့က TGIF မှာ တင့်ရမှာ
မင်မင် က မနေ့က နည်းနည်း မူးသွားလို့😵‍💫😵‍💫🍾
vodka ကို ကျား မ မရွေး လူကြီး လူငယ် 🥰😘😘
party ပွဲ တွေမှာ vodka နဲ့. ပွဲစီစဉ်ကျ😍😍
မင်မင် တို့ဆီမှာ လည်း ဗော့ဒ်ကာ တွေအစုံရတော့
ဘာလိုသေးလဲဗျာ🤩🤩🤩
✴️ Vodka ( ဗော့ဒ်ကာ) ကို ၁၄၃၀ ခုနှစ်မှာ Isidore (အစ်ဆီဒိုရီ) လို့ခေါ်တဲ့ ဘုန်းတော်ကြီးမှ မော်စကိုမြို့ ရှိ ကရင်မလင် နန်းတော်ထဲ၌ ရုရုားနိုင်ငံရဲ့ ပထမဆုံး ဗော့ဒ်ကာ ချက်လုပ်တဲ့ Recipe ကို ဖန်တီး ထုတ်လုပ်ခဲ့ပါသည်။ Bread Wine လို့ လူသိများခဲ့ပြီး ၊ ပထမဆုံး မှတ်တမ်းတင် အနေနဲ့ Vodka ဆိုတဲ့ နာမည် စကားလုံး အရေးအသားကို ၁၇၅၁ ခုနစ်မှ စတင် အသိအမှတ်ပြုခဲ့ပါသည်။ ဗော့ကာ ၏ ထုတ်လုပ်မှု သမိုင်း အရ ပိုလန်နှင့် ဆွီဒင် နိုင်ငံများ၌ လည်း၊ ၎င်းတို့ကလဲ နှစ်ခုနစ် အတူ ယှဥ်ပြိုင်ထုတ်လုပ် နေသောကြောင့် Vodka ကို ဘယ်နိုင်ငံ မှ စတင် ထုတ်ခဲ့သည်နှင့် ပက်သက်ပြီး ငြင်းခုံနေကြပါသည်။ သို့သော် ရုရှား နိုင်ငံထုတ် ဗော့ဒ်ကာ များသည် ၁၄၃၀ ခုနစ်ကတည်းက စတင်ထုတ်လုပ်သည်ဟု ဗော့ဒ်ကာ ထုတ်လုပ်မှု သမိုင်း၌ နှစ်အတိအကျဖြင့် မှတ်သားဖော်ပြထားပါသည်။

✴️ ဗော့ဒ်ကာကို ချက်လုပ်ရန် ကုန်ကြမ်းအဖြစ် ယခင်က ကြံသကာများ ကို အခြေခံပြီး ဗော့ကာ အရက်ကို ချက်လုပ်ရာတွင်လဲ အသုံးပြုခဲ့ကြသည်။ ၎င်း ကြံသကာ နှင့် ချက်လုပ်ထားသော ဗော့ကာ အမျိုးအစားသည် အခြားသော ဂျုံ နှင့်ပြုလုပ်ထားသော ဗော့ဒ်ကာ များထက် ပို၍ ချိုလေ့ရှိသည်ကိုလဲ ဗော့ကာထုတ်လုပ်မှု သမိုင်း၌ သိရှိရပါသည်။ ဗော့ကာထုတ်လုပ်သော နိုင်ငံတော်တော်များသည် အရင်က အာလူးကိုသာ အခြေခံပြီး ချက်လုပ်ကြပါသည်။ ယခုအခါတွင် ဗော့ဒ်ကာအရက် ထုတ်လုပ်မှုများ၌ ကုန်ကြမ်းအဖြစ် ဂျုံ ၊ စပျစ်သီး ၊ဟင်းသီး ဟင်းရွက်များ ၊ မြက်ပင် နှင့် မွှေးကြိုင်သော အသီး များဖြင့် အစားထိုး၍ ကောင်းသည်ထက်ကောင်းအောင် အရသာရှိအောင် ထုတ်လုပ်နေကြပါသည်။
Credit

Single Malt Whisky တွေ မြန်မာနိုင်ငံမှာ စတင်ခေတ်စားလာတာ သိပ်တော့မကြာသေးပါဘူး။ ဒါပေမယ့်ခုနောက်ပိုင်းတွေမှာ သောက်သုံးမှုပိ...
03/02/2022

Single Malt Whisky တွေ မြန်မာနိုင်ငံမှာ စတင်ခေတ်စားလာတာ သိပ်တော့မကြာသေးပါဘူး။ ဒါပေမယ့်ခုနောက်ပိုင်းတွေမှာ သောက်သုံးမှုပိုများလာပြီး Blended Scotch တွေနဲ့အပြိုင် ဈေးကွက်အခိုင်အမာရရှိလာခဲ့ပါပြီ။ ဒါကြောင့် Single Malt ဆိုတာဘာလဲ တစ်ချက်လောက်ကြည့်ကြရအောင်။ တကယ်တော့ Single Malt ဟာ အရက်ချက်စက်ရုံတစ်ရုံထဲကလာတဲ့ (စပါးစေ့၊ပြောင်းစေ့ အစရှိတဲ့ အညှောင့်ထွက်တဲ့ သတ္တိမျိးရှိတဲ့) အစေ့အဆန် (malt) သီးသန့်နဲ့ချက်လုပ်ထားတဲ့ whisky တိုင်းကို ခေါ်နိုင်ပေမယ့် စကော့ထ်လန်က လာတဲ့ Single malt တွေကိုမှ ခေါ်လို့ရတယ်လို့ တစ်ချို့ကထင်တတ်ကြပါတယ်။ အမှန်တော့ အခြားသောနိုင်ငံတွေမှာလဲ Single Malt တွေ ရှိကြပါတယ်။ UK ရဲ့ Scotch Whisky တွေအပေါ် သတ်မှတ်ချက်တွေအရ "Single Malt Scotch Whisky" လို့ခေါ်ဆိုနိုင်ဖို့ မုယောစပါးတစ်မျိုးထဲကနေသီးသန့် ချက်လုပ်ထားရမယ့်အပြင် အရက်ချက်စက်ရုံတစ်ရုံတည်းကနေ Pot Stills ကို အသုံးပြုပြီးလဲ ချက်လုပ်ထားရပါမယ် (အခြားစက်ရုံတွေက ချက်ထားတဲ့ Malt Whisky တွေနဲ့ ရောလို့မရပါဘူး)။ ပုလင်းထဲမထည့်ခင်မှာလဲ အနည်းဆုံး ၃ နှစ် ဝက်သစ်ချစည်ထဲမှာ သိုလှောင်ထားရမယ့်အပြင် အဲ့စည်တွေကလဲ အများဆုံး လီတာ ၇၀၀ သာဆန့်တဲ့ စည်မျိုးဖြစ်ဖို့လိုပါတယ်။ အသုံးပြုတဲ့ စည်အမျိုးအစားတွေကလဲ တစ်စည်နဲ့တစ်စည် တူတာရှိသလို မတူတာလဲရှိပါတယ်။
UK ရဲ့အခြားအခြားသော စံနှုန်းတွေကို နိုင်ငံတကာမှာ မှီးကြလေ့ရှိပေမယ့် Single Malt အနေနဲ့ ရောင်းချတဲ့ အခါမှာတော့ နိုင်ငံတော်တော်များများက ဒီစံနှုန်းတွေကို မကျင့်သုံးကြတော့ပါဘူး။ ဥပမာအနေနဲ့ အမေရိကန်မှာ Single Malt အတွက် ထုတ်လုပ်သူတွေလိုက်နာရမယ့် သတ်မှတ်ချက်တွေကို အတိအကျပြဌာန်းမထားတဲ့အတွက်ကြောင့် အမေရိကန် Single Malt တွေမှာ မုယောစပါးအစား ရိုင်းစပါးနဲ့ ချက်တဲ့ whisky များကို အသုံးပြုထားတာရှိပါတယ်။
Single Malt တွေဟာ အခြားသောစက်ရုံတွေကချက်လိုက်တဲ့ Malt Whisky တွေနဲ့ ရောနှောခွင့် မရှိပေမယ့် စက်ရုံတစ်ရုံထဲက ချက်ပြီး ဝက်သစ်ချစည်တွေထဲမှာနှပ်ထားတဲ့ Malt Whisky အချင်းချင်း ဟိုဘက်စည် ဒီဘက်စည် ရောစပ်ခွင့်ရှိပါတယ်။ ဒါ့အပြင် အပတ်စဉ် အရင်တစ်ခေါက်က Whisky နဲ့ အခုတစ်ခေါက် ချက်ထားတဲ့ Whisky ချင်းလဲရောနှောခွင့်ရှိပါတယ်။ ဒီလိုရောစပ်မှုမျိုး မလုပ်ပဲ တစ်ပတ်စဉ်ထဲချက်ပြီး တစ်စည်ထဲမှာပဲ သိုလှောင်ထားတဲ့ သီးသန့် Whisky ကိုမှ ပုလင်းထဲထည့်မယ်ဆိုရင်တော့ ဒါကို Single Barrel Single Malt လို့ တံဆိပ်တပ်ခွင့်ရှိပါတယ်။ ဒါကြောင့် Single Barrel Single Malt တွေဟာ အပတ်စဉ်တစ်ပတ်ထဲထွက်ပြီး စည်တစ်စည်ထဲမှာပဲ ၃ နှစ် နဲ့ အထက် သိုလှောင်ထားခဲ့တဲ့ Single Malt Whisky တွေဖြစ်ပါတယ်။ Single Barrel Single Malt ရဲ့ကောင်းတာကတော့ သူတို့ကို သိုလှောင်ထားရှိခဲ့တဲ့ စည်ရဲ့ အန့ံနဲ့ အရသာကို သီးသန့်ပြည့်ပြည့်ဝ၀ အရောအနှောမရှိ ခံစားသုံးဆောင်လို့ရတာပါပဲ။ ပုံမှန်အားဖြင့်တော့ Single Barrel Single Malt တွေထုတ်လုပ်မှုဟာ သာမန် Single Malt ထုတ်လုပ်မှုတွေလောက်တော့ ပမာဏမများတဲ့ အတွက် ဈေးပိုမိုကြီးမြင့်လေ့ရှိပါတယ်။
Unicode

Single Malt Whisky တွေ မြန်မာနိုင်ငံမှာ စတင်ခေတ်စားလာတာ သိပ်တော့မကြာသေးပါဘူး။ ဒါပေမယ့်ခုနောက်ပိုင်းတွေမှာ သောက်သုံးမှုပိုများလာပြီး Blended Scotch တွေနဲ့အပြိုင် ဈေးကွက်အခိုင်အမာရရှိလာခဲ့ပါပြီ။ ဒါကြောင့် Single Malt ဆိုတာဘာလဲ တစ်ချက်လောက်ကြည့်ကြရအောင်။ တကယ်တော့ Single Malt ဟာ အရက်ချက်စက်ရုံတစ်ရုံထဲကလာတဲ့ (စပါးစေ့၊ပြောင်းစေ့ အစရှိတဲ့ အညှောင့်ထွက်တဲ့ သတ္တိမျိးရှိတဲ့) အစေ့အဆန် (malt) သီးသန့်နဲ့ချက်လုပ်ထားတဲ့ whisky တိုင်းကို ခေါ်နိုင်ပေမယ့် စကော့ထ်လန်က လာတဲ့ Single malt တွေကိုမှ ခေါ်လို့ရတယ်လို့ တစ်ချို့ကထင်တတ်ကြပါတယ်။ အမှန်တော့ အခြားသောနိုင်ငံတွေမှာလဲ Single Malt တွေ ရှိကြပါတယ်။ UK ရဲ့ Scotch Whisky တွေအပေါ် သတ်မှတ်ချက်တွေအရ "Single Malt Scotch Whisky" လို့ခေါ်ဆိုနိုင်ဖို့ မုယောစပါးတစ်မျိုးထဲကနေသီးသန့် ချက်လုပ်ထားရမယ့်အပြင် အရက်ချက်စက်ရုံတစ်ရုံတည်းကနေ Pot Stills ကို အသုံးပြုပြီးလဲ ချက်လုပ်ထားရပါမယ် (အခြားစက်ရုံတွေက ချက်ထားတဲ့ Malt Whisky တွေနဲ့ ရောလို့မရပါဘူး)။ ပုလင်းထဲမထည့်ခင်မှာလဲ အနည်းဆုံး ၃ နှစ် ၀က်သစ်ချစည်ထဲမှာ သိုလှောင်ထားရမယ့်အပြင် အဲ့စည်တွေကလဲ အများဆုံး လီတာ ၇၀၀ သာဆန့်တဲ့ စည်မျိုးဖြစ်ဖို့လိုပါတယ်။ အသုံးပြုတဲ့ စည်အမျိုးအစားတွေကလဲ တစ်စည်နဲ့တစ်စည် တူတာရှိသလို မတူတာလဲရှိပါတယ်။
UK ရဲ့အခြားအခြားသော စံနှုန်းတွေကို နိုင်ငံတကာမှာ မှီးကြလေ့ရှိပေမယ့် Single Malt အနေနဲ့ ရောင်းချတဲ့ အခါမှာတော့ နိုင်ငံတော်တော်များများက ဒီစံနှုန်းတွေကို မကျင့်သုံးကြတော့ပါဘူး။ ဥပမာအနေနဲ့ အမေရိကန်မှာ Single Malt အတွက် ထုတ်လုပ်သူတွေလိုက်နာရမယ့် သတ်မှတ်ချက်တွေကို အတိအကျပြဌာန်းမထားတဲ့အတွက်ကြောင့် အမေရိကန် Single Malt တွေမှာ မုယောစပါးအစား ရိုင်းစပါးနဲ့ ချက်တဲ့ whisky များကို အသုံးပြုထားတာရှိပါတယ်။
Single Malt တွေဟာ အခြားသောစက်ရုံတွေကချက်လိုက်တဲ့ Malt Whisky တွေနဲ့ ရောနှောခွင့် မရှိပေမယ့် စက်ရုံတစ်ရုံထဲက ချက်ပြီး ၀က်သစ်ချစည်တွေထဲမှာနှပ်ထားတဲ့ Malt Whisky အချင်းချင်း ဟိုဘက်စည် ဒီဘက်စည် ရောစပ်ခွင့်ရှိပါတယ်။ ဒါ့အပြင် အပတ်စဉ် အရင်တစ်ခေါက်က Whisky နဲ့ အခုတစ်ခေါက် ချက်ထားတဲ့ Whisky ချင်းလဲရောနှောခွင့်ရှိပါတယ်။ ဒီလိုရောစပ်မှုမျိုး မလုပ်ပဲ တစ်ပတ်စဉ်ထဲချက်ပြီး တစ်စည်ထဲမှာပဲ သိုလှောင်ထားတဲ့ သီးသန့် Whisky ကိုမှ ပုလင်းထဲထည့်မယ်ဆိုရင်တော့ ဒါကို Single Barrel Single Malt လို့ တံဆိပ်တပ်ခွင့်ရှိပါတယ်။ ဒါကြောင့် Single Barrel Single Malt တွေဟာ အပတ်စဉ်တစ်ပတ်ထဲထွက်ပြီး စည်တစ်စည်ထဲမှာပဲ ၃ နှစ် နဲ့ အထက် သိုလှောင်ထားခဲ့တဲ့ Single Malt Whisky တွေဖြစ်ပါတယ်။ Single Barrel Single Malt ရဲ့ကောင်းတာကတော့ သူတို့ကို သိုလှောင်ထားရှိခဲ့တဲ့ စည်ရဲ့ အနံ့နဲ့ အရသာကို သီးသန့်ပြည့်ပြည့်၀၀ အရောအနှောမရှိ ခံစားသုံးဆောင်လို့ရတာပါပဲ။ ပုံမှန်အားဖြင့်တော့ Single Barrel Single Malt တွေထုတ်လုပ်မှုဟာ သာမန် Single Malt ထုတ်လုပ်မှုတွေလောက်တော့ ပမာဏမများတဲ့ အတွက် ဈေးပိုမိုကြီးမြင့်လေ့ရှိပါတယ်။
Zawgyi



References

Broom, Dave (2000). Handbook of Whisky. London: Hamlyn. ISBN 0-600-59846-2

Erskine, Kevin (2006). The Instant Expert's Guide to Single Malt Scotch. 2nd ed. Richmond, VA: Doceon Press. ISBN 0-9771991-1-8

Gabányi, Stefan (1997). Whisk(e)y. Trans. Russell Stockman. New York, NY: Abbeville Press. ISBN 0-7892-0383-9

Address


Website

Alerts

Be the first to know and let us send you an email when Once Upon a Bottle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share