The Torch Sport & News Column

  • Home
  • The Torch Sport & News Column

The Torch Sport & News Column အမှန်တရားဝါဒထွန်းကားရေး

04/09/2022

ဒေါ်လာစျေး ၊ရွှေစျေး ၊ဆီစျေး၊ ဆန်၊​ဆီ၊​ဆား၊ငရုပ်၊ကြက်သွန်အကုန်စျေးတက်လာသည်ကို ပြည်သူများအသိဆုံးဖြစ်ပြီး အထွေထွေအကျပ်အတည်းကိုမကြာမှီရင်ဆိုင်ရတော့မည်ဖြစ်ရာ ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်ရန် အတွက် “ ပြည်သူ့စစ်စတင်ဖို့ ပြည်သူအားလုံးပါဝင်စို့ “ စာသားကို စက်တင်ဘာ၄ရက်နေ့က ရန်ကုန်မြို့တစ်နေရာတွင် soloမုန်တိုင်းမှ တစ်ကိုယ်တော်ချိတ်စွဲခြင်းကို ပြုလုပ်ခဲ့သည်။

Photo - Falcon Revolutionaries Team

04/09/2022
04/09/2022

လေ့ကျင့်ခန်းများများလုပ်လေ ပြည်သူတွေကျန်းမာပြီး စခတွေ ချူချာလေပဲခင်ဗျာ

😁😁😁
💪💪💪

04/09/2022

ဦးကျော်မိုးထွန်း အတွက် အားလုံးအတူတူ ရပ်တည်ကြ ...

" စစ်အာဏာရှင်ကို ဒီမိုကရေစီဆန်ဆန် မတုံ့ပြန်ပဲ တိုက်ထုတ်မှဖြစ်လိမ့်မယ်လို့ အသိပေးလိုက်တဲ့ ကမ္ဘာကျော် သတင်းဆောင်းပါး "ဒီနေ...
15/01/2022

" စစ်အာဏာရှင်ကို ဒီမိုကရေစီဆန်ဆန် မတုံ့ပြန်ပဲ တိုက်ထုတ်မှဖြစ်လိမ့်မယ်လို့ အသိပေးလိုက်တဲ့ ကမ္ဘာကျော် သတင်းဆောင်းပါး "

ဒီနေ့ နိုင်ငံတကာသတင်းဋ္ဌာနတွေမှာ ခေါင်းကြီးပိုင်းအဖြစ်နဲ့ ကူးယူဖော်ပြနေတဲ့ သတင်းကတော့ ခတ္တမန္ဒူပိုစ့် သတင်းဋ္ဌာနက အယ်ဒီတာ့အာဘော် ဆောင်းပါးပါ ။

" No respite for Aung San Suu Kyi "
လို့ ခေါင်းစဉ်ပေးထားပါတယ် ။ ဆောင်းပါးကောက်နုတ်ချက်ကတော့ ....၊

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းစီးထိမ်းသိမ်းပြီး မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တယ် ။ ပထမဆုံးအမှု့မှာ ထောင်ဒဏ် ၄ နှစ်ချခံရတယ် ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် မသက်သာလှပါဘူး ။ သူမဟာ ရယ်စရာကောင်းတဲ့ စွဲချက်တွေနဲ့ စွပ်စွဲခံထားရပါတယ် ။ ဒါတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ အဖြစ်အပျက်တွေပါ ။ ပြည်သူတင်တဲ့ အရပ်သားခေါင်းဆောင်တစ်ယောက်ကို ခြိမ်းချောက်နေတဲ့ အာဏာရှင်စနစ်ရဲ့ လွန်ကဲမှု့ကို အကာအကွယ်ပေးဖို့ ကမ္ဘာကြီးက မေ့လျော့နေခဲ့တာပါ ။

နိုင်ငံရေးသမားတစ်ယောက်ရဲ့ အာဏာရှင်ထိန်းချုပ်ထားတဲ့ အခြေအနေအပေါ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကာအကွယ်ပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝန်းက ကြီးမားတဲ့ ဖိအားတွေ မပေးခဲ့ပါဘူး ။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ အထီးကျန်ခဲ့ရပါတယ် ။ နိုင်ငံတကာအသိုင်းအဝန်းက သူမကိုလွှတ်ပေးဖို့ ပြင်းထန်တဲ့ ကြိုးစားမှု့ မရှိခဲ့ဘူးဆိုရင် သူမကိုစွဲချက်တင်ထားတဲ့ ပုဒ်မတွေနဲ့ပဲ အချုပ်ခန်းထဲကနေ ရုန်းထွက်ဖို့ မလွယ်ပါဘူး ။

မှတ်မှတ်ရရဆိုရင် ရိုဟင်ဂာပြဿနာနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။ ရိုဟင်ဂျာပြဿနာမှာ ကြားဝင်စွက်ဖက်ခဲ့ရင် စစ်တပ်ရဲ့ နောက်ကြောင်းပြန်မယ့် အခြေအနေကို သူမ သိနေခဲ့ပုံပေါ်ပါတယ် ။ ဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စကားသိပ်မပြောဖို့ သတိထားနေလိမ့်မယ်ဆိုတာ မမှားနိုင်ပါဘူး ။

အာဏာရှင်စနစ်ကို လိုက်လျောညီထွေ အလိုက်တသင့်နဲ့ ကြည့်နေကြမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိစ္စဟာ ကမ္ဘာကြီးအတွက် အချက်ပေး ခေါင်းလောင်းသံပါပဲ ။

အထူးသဖြင့် နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ကျင့်ကြံမှု့ပုံစံအတိုင်း ဒီမိုကရေစီဆန်ဆန် ရှုတ်ချနေလို့ ထူးခြားလာမှာမဟုတ်ပါဘူး ။ ဒီမိုကရေစီရဲ့ ဒီမိုကရေစီဆန်မှု့တွေဟာ ကမ္ဘာကြီးပေါ်က ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးခေါင်းဆောင်တွေကို ဖယ်ရှားပစ်နိုင်တယ်ဆိုတဲ့ အသိပညာဆီကို ဦးတည်နေပါတယ် ။ဒီမိုကရေစီလုပ်ငန်းစဉ်ရဲ့ အဓိကအချက်က စစ်အာဏာရှင်စနစ် သို့မဟုတ် အာဏာရှင်စနစ်ကို တိုက်ထုတ်ပြီး ပိုမိုကောင်းမွန်တဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်သာဖြစ်ပါတယ် ။

အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ရှေ့ဆက်ရမယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေ အားကောင်းလာစေဖို့ အာဏာရှင်ကို တိုက်ထုတ်ကြဖို့ကလွဲပြီး အခြားမရှိပါဘူး ။
--------------
ဒါကတော့ ခတ္တမန္ဒု သတင်းဋ္ဌာနက အယ်ဒီတာ့အာဘော် ကမ္ဘာကျော် သတင်းဆောင်းပါးပါ ။ ဒီသတင်းဆောင်းပါးဟာ ဒီမိုကရေစီဆန်ဆန် တုံ့ပြန်နေတဲ့ ကမ္ဘာကြီးပေါ်က ဒီမိုကရေစီခေါင်းဆောင်တွေကို ဒီမိုကရေစီဆန်ဆန် တုံ့ပြန်နေခဲ့မယ်ဆိုရင် အားလုံးကို အာဏာရှင်က သိမ်းပိုက်သွားလိမ့်မယ်လို့ အရေးတကြီး အသိပေးထားတာပါ ။ အယ်ဒီတာရဲ့ ဆိုလိုပုံက စစ်အာရှင်ဟာ ဒီမိုကရေစီကို ဂရုမစိုက်ပဲ အာဏာသိမ်းခဲ့တာကို ၊ ဒီမိုကရေစီခေါင်းဆောင်တွေက ဒီမိုကရေစီဆန်ဆန် တု ံ့ပြန်နေပုံကို စိတ်တိုနေပုံရပါတယ် ။

အမှန်ပါပဲ ။ အယ်ဒီတာပြောသလို အာဏာရှင်ကို အာဏာရှင်ကျင့်သုံးသလို နည်းလမ်းအတိုင်း ကမ္ဘာကြီးက စုပေါင်းဝိုင်းဝန်း တိုက်ထုတ်မှသာ အာဏာသိမ်းမှု့တွေ ပပျောက်နိုင်မှာပါ ။

12 January, 2022

Address


Website

Alerts

Be the first to know and let us send you an email when The Torch Sport & News Column posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share