Pakokku Stoner Seller

Pakokku Stoner Seller Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pakokku Stoner Seller, pakokku, Pakokku.

ကျောက် 30g. 50000mmk
03/05/2022

ကျောက်

30g. 50000mmk

100 g (950000)mmk
22/01/2022

100 g (950000)mmk

  Kush ဆိုတာဘာလဲ ?Kush ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက အီကွေတာအထက်ပိုင်းဒေသမှာတည်ရှိလာတဲ့သက်တော်ရှည်Indica မျိုးရင်...
26/10/2021



Kush ဆိုတာဘာလဲ ?

Kush ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက အီကွေတာ
အထက်ပိုင်းဒေသမှာတည်ရှိလာတဲ့သက်တော်ရှည်
Indica မျိုးရင်းကြီးဖြစ်ပြီး မူလဇစ်မြစ်ကိုအစောဆုံးမှတ်တမ်း
တင်ထားခဲ့တာကတော့ ပါကစ္စတန်နှင့်အိန္ဒိယနိုင်ငံနယ်စပ်
ဟင်ဒီတောင်တန်းကြီးတွေပေါ်ကလို့သိရှိရပါတယ်။အလွန်
ရှေးကျတဲ့ဒေသမျိုးရင်း (Landrace) လည်းဖြစ်ပါတယ်။
တောင်တန်းဒေသပေါ်မှာအလေ့ကျပေါက်ရာက
မျိုးစိတ်တစ်ခုခြင်းဆီအလိုလျောက်မျိုးကူးခြင်းကြောင့်လည်း
Hybrid တစ်ချို့ကိုလည်းတွေ့ရှိရပါသည်။

Kush ဆိုတာဘယ်လိုမျိုးလဲ ?

အသွင်အပြင် - အပင်၊အရွက်နှင့်အရိုးတွေဟာအစိမ်းရောင်ရင့်ရင့်
အရောင်ရှိပြီး အပွင့်အဖူးများမှာအများဆုံးတွေ့ရလေ့ရှိတဲ့အရောင်
တွေကတော့ ခရမ်း၊ကြေးနီရောင်၊လိမ္မော်ရောင်နှင့်ပန်းနုရောင်
ဖျော့ဖျော့များကိုယင်းအဖူး၏ Pistile တွေမှာတွေ့နိုင်ပါတယ်။

အနံ့အသက် - မြေသားနံ့၊ပန်းနံ့၊ထင်ရှုးနံ့သာဆီနံ့ ၊သဘာ၀ဓါတ်
ငွေ့နံ့၊သစ်သီးနံ့၊ငရုတ်ကောင်းနံ့တို့ရလေ့ရှိပါသည်။

အရသာ - စူးရှရှရှိပြီး အများအားဖြင့် ပန်းများ၏အရသာရှိပြီး
ဒီဇယ်အရသာကဲ့သို့ချဉ်စူးစူးမျိုးလည်းရှိပါသည် မျိုးကွဲတွေမှာ
သစ်သီး၀လံအရသာ ပန်းနံ့သာအရသာတို့ရရှိနိုင်ပါသည်။

အကျိုးသက်ရောက်မှု - High THC Level များသာဖြစ်တာကြောင့်
ပြင်းထန်ပါသည် အထူးသဖြင့်ဆေးဖက်တိုင်ရာတွေမှာဆိုရင်
OG Kush ဆိုတဲ့မျိုးစိတ်ကိုအသုံးများပြီး နာကျင်ဝေဒနာပြင်းထန်
သူတွေအတွက်လွန်စွာအသုံးတည့်ပါသည်။သာမာန်အပန်းဖြေ
အသုံးပြုသူတွေအတွက်တော့ so high လို့ပြောရပါမည်။

စိုက်ပျိုးရေးအပိုင်း - ဆေးခြောက်မျိုးစပ်သူများအကြိုက်ဖြစ်ပါတယ်
Kush မျိုးတွေဟာ အရည်အသွေးခိုင်မာမှုရှိခြင်း ရာသီဥတုဒဏ်ခံ
နိုင်ရည်ရှိခြင်းနှင့်အထွက်နှုန်းသေချာခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။
များသောအားဖြင့် Kush မျိုးရင်းတွေကို ဒေသဆိုင်ရာ (Landrace
Sativa၊Indica တို့ကိုအခြေခံထားပြီးမျိုးစပ်စိုက်ပျိုးလေ့ရှိကြပါသည်။

တရား၀င်ဆေးခြောက်စျေးကွက်တွေမှာဆိုရင် Kush strain ၁ ဂ၇မ်
ကို ပျမ်းမျှ ဒေါ်လာ ၁၀ မှ ၂၅ ကြားပေါက်စျေးရှိပြီး အသုံးပြုသူတွေက
တန်ဖိုးထားအသုံးပြုကြတဲ့မျိုးဖြစ်ပါတယ် သတိပြုစရာတစ်ခုကတော့
Kush မျိုးတွေဟာ အဖူးသီးသန့်(Bud only) နှင့် အဆီခဲ (Dab) တို့
သာထုတ်လုပ်ပြီး အတုံး(Brick) လုပ်ခြင်းလုံး၀မရှိဘူးဆိုတာပါပဲ။

ထိုင်းနိုင်ငံရဲ့နာမည်ကျော် Landrace Sativa ဖြစ်တဲ့ Lemon Thai
ကိုနယ်သာလန်လူမျိုးဆေးခြောက်မျိုးစပ်သူ Richard carry က
Lemon Thai Kush ဆိုပြီး OG Kush နဲ့မျိုးစပ်ထုတ်လုပ်ထားတာ
ရှိသလို မြန်မာပြည်ကနာမည်ကျော် Landrace Sativa ဒေသအခေါ်
ကျောက်ကြီးမျိုးကိုလည်း နယ်သာလန်တွေပဲ Kush မျိုးရင်းနဲ့ မျိုးစပ်
ထုတ်လုပ်ခဲ့ပြီး နာမည်ကျော် Burmese Kush ဆိုပြီးပေါ်လာတာ
ကိုတွေ့ရှိရပါမယ်။

နာမည်ကျော် Kush မျိုးစိတ်တွေကို ပုံနှင့်တကွဖော်ပြပေးထားပါတယ်။

မေတ္တာဖြင့်
မှ ကူးယူ ဖော်ပြပါသည်။

Photo - Google
Ref ; https://www.leafly.com/news/strains-products/what-is-kush-ma*****na

ဆုံးတဲ့ အထိဖတ် နော် အောက်မှာ အကုန်လုံးသဘောကျမယ့် Giveaway လေးပေးဖို့ရှိတယ်How do you germinate 100%?အပေါ်က ခေါင်းစဉ်အတို...
18/10/2021

ဆုံးတဲ့ အထိဖတ် နော် အောက်မှာ အကုန်လုံးသဘောကျမယ့် Giveaway လေးပေးဖို့ရှိတယ်
How do you germinate 100%?
အပေါ်က ခေါင်းစဉ်အတိုင်းပါပဲ 100% အညောင့်ပေါက်တာလိုချင်ရင်တော့ ဖတ်ကျိလိုက်ပါ
အခုထိ miracle shell breaker ကို စိတ်ကြိုက်ဖြစ်
‌ေအာင်စမ်းနေတုန်းပါ
Adminတို့ဆီမှာ ပြသနာတက်တာအများဆုံးကတော့
Autoseed တွေ၀ယ်ပြီး Germination Failed ကြတာပါ
ပိုက်ဆံရှိတဲ့သူပဲဖြစ်ဖြစ်မရှိတဲ့သူပဲဖြစ်ဖြစ် Autoseed ကို အမျိုးအစားပေါ်မူတည်ပြီး 35000 - 50000လောက်ပေး၀ယ် ‌seed ပုပ် အလကားလွှင့်ပစ်လိုက်ရတာမျိုးက ရင်နာဖို့ကောင်းပါတယ်

Autoseed , regular seed , Feminized seed ,old seed (သိမ်းထားတာကြာနေတဲ့ seed ကိုပြောတာ) အဲ့ကောင်တွေကို Germination လုပ်ရင် Autoseed ကတော့ Failedတာရှားပါတယ် သိမ်းထားတာကြာသွားရင်တော့
အပေါ်မှာပြောထားတဲ့ seeds အကုန်လုံးက Germination Failed တဲ့ပြသနာတက်ပါတယ်
ADMIN လည်း တက်တယ်ဗျ

GELATO FEMINIZED seed ကို admin သိမ်းထားတာ ကြာသွားတယ် 3 or 4 လ လောက်ပေါ့ စိုက်မယ်ဆိုပြီး ပြန်ထုတ်လာတော့ 4seeds တခါ germination လုပ်ပါတယ် အဲ့ကောင်တွေက သစ္စာဆိုထားသလားမှတ်ရတယ်ဗျာ 4seeds ဖေါက်မှ 1seedပဲအောင်တယ် ကျန်တာ Fail
Germination rate 25% ပေါ့ဗျာ 😑
နောက်ထပ် 4seeds ကို soil ထဲမှာ တခါတည်းထည့်စိုက်တယ်ဗျာ ညှိထားသလားမှတ်ရတယ် မသာတွေက 1seed ပဲ အပင်ပေါက်တယ် ကျန်တာ Fail

အဲ့တော့ အောက်မှာပြထားတဲ့ ပုံထဲမှာ Admin Germination လုပ်တာကို တခုစီရှင်းပြထားတယ်
4seeds ကို 3 seeds က အညောင့်ထွက်နေပြီ 1seed ပဲကျန်တယ် နောက် တရက်လောက်ထပ်စောင့်မယ် 100% ဖြစ်ချင်လို့
အဲ့တော့ miracle shell breaker လိုချင်ပါတယ်ဆိုပြီးလည်း မမေးကြပါနဲ့ဦး ကျနော် စိတ်ကြိုက်စမ်းပြီး 100% or 80% germination rate‌ ‌ေလာက်ရမှ သက်သက်သာသာနဲ့ ညီကိုတွေ အကုန်လုံးကိုပြန်မျှပေးပါမယ်
အပေါ်ကပြောတဲ့ Giveaway ဆိုတာ အခုဖောက်ထားတဲ့ Seeds တွေထဲက 3seeds ကို သေချာအပင်စိုက်ပြီး
လကုန်တော့မှ ပေးပါမယ် (တခါတည်းစိုက်ပြီးသားကိုရမှာနော်) ကျနေယ်အခုပေးမယ်ဆိုတဲ့ ဟာက local ကဟာတွေ ဘာ Strains ဘာမျိုးမှန်းမသိတာတွေကို လျှောက်ဖေါက်ဂျင်းထည့်ပြီး မပေးပါဘူးနော် Admin ကိုယ်တိုင်လည်းစိုက်ထားတဲ့ တလနဲ့ Preflower စ၀င်နေတဲ့ Indica-dominant Gelato strain ပါ
လုပ်ရမှာကတော့ Admin page ကို Like and followလုပ်ပြီး ကြိုက်တဲ့ knowledge sharing post ကို မိမိ wall ပေါ်မှာ public နဲ့ share ထားတဲ့ Screen shoot ကို ဒီ post အောက်မှာ မန့်ပေးပါ
လကုန်ရင် comments piker နဲ့ရွေးပေးပါမယ်ခင်ဗျာ
အပင်စိုက်ပြီးသားကိုပေးမှာဆိုတော့ဗျာ Yangon only ပဲ အဆင်ပြေပါတယ်နော် တခြားနေရာကဆိုရင်တော့ အဆင်မပြေလို့ပါ ၀မ်းမနည်းကြပါနဲ့ ၁၂လပိုင်းကုန်ရင် ကျနော် auto or Feminized seed နည်းနည်းပါးပါးကို
miracle shell breaker နဲ့တခါတည်းတွဲပြီး Giveaway ထပ်ပေးဦးမှာပါ
အများကြီးမပေးနိုင်တာစိတ်မဆိုးကြပါနဲ့ Page လည်ပတ်တာက Admin တယောက်ပဲလုပ်နေတာပါ
ကိုယ်တိုင်လည်းဝါသနာပါလို့
Give away ကလည်းဘယ်သူမှ Sponsorလာ‌မပေးထားပါဘူး Admin မစားရက်မသောက်ရက်‌‌ေချွတာသုံးပြီးဖောက်ပေးတာပါ ( ချွေတာတယ်ဆိုတာဗျာ အရင်က Lemon , Kush ,Cure Joints သောက်တယ် အခု သရက် တသောင်းဖိုး အဖူးမပါနဲ့ အရိုးနဲ့ဗုံးများများကို သောက်နေတယ်🥲🥲🥲🥲 )
Page ကိုလာလေ့လာတဲ့သူအကုန်လုံး Auto စိုက်စေချင်တဲ့ စေတနာ နဲ့လုပ်ပေးတာပါဗျာ
ဒီ post တခုကိုတော့ မshare ပါနဲ့
Screenshot တွေကိုတော့ ဒီ post အောက်ပဲ ment ပေးပါ
Page က ကျန်တဲ့ knowledge sharing post တွေကိုကြိုက်တာကို Like and share လုပ်ပြီး
Gelato 14ရက်သားတပင်ကိုရယူလိုက်ပါ 🤣🤣🤣🤣

 #အဖိုပင်၏ အသုံးဝင်ပုံအဖိုပင်ကြီးစိုက်မိလို့ စိတ်ညစ်သွားတဲ့သူတွေရှိလား ?မညစ်ပါနဲ့နော် အဖိုပင်ရဲ့ အသုံးဝင်ပုံတွေပြောပြပေး...
09/10/2021

#အဖိုပင်၏ အသုံးဝင်ပုံ

အဖိုပင်ကြီးစိုက်မိလို့ စိတ်ညစ်သွားတဲ့သူတွေရှိလား ?
မညစ်ပါနဲ့နော် အဖိုပင်ရဲ့ အသုံးဝင်ပုံတွေပြောပြပေးမယ်။

အဖိုပင်ဆိုတာ ထိပ်နဲ့ကြားတွေမှာ ပန်းခိုင်လေးတွေပါနေတဲ့အပင်ကိုဆိုလိုတာဖြစ်ပါတယ်။

ဒီအပင်တွေ့ရင် တချို့ကဆွဲနှုတ်တယ် အသုံးမဝင်ဘူးဆိုပြီး။
တက်ာတော့သူက အသုံးဝင်ပါတယ်။ အဖိုပင်ရဲ့ဝတ်မှုံတွေဟာ မျိုးဆက်(hybrid) တဲ့အခါမှာ သိပ်ကိုအဓိကကျပါတယ်။

အဖိုပင်ကဝတ်မှုံကို အပင်ပေါ် စုတ်တံသေးသေးလေးနဲ့သွားတို့ရင် အမပင်မှာ အစေ့တွေဝင်ပြီး မျိုးအသစ်တစ်ခုထပ်ရပါတယ်။ လူအကူညီဖြင့်ဝတ်မှုံကူးပြီးမျိုးဆက်ခြင်း လုပ်ငန်းစဉ်ကိုလုပ်လို့ရပါတယ်။

အဖူးသီးသန့်လိုချင်သူတို့ကတော့ အမပင်ထဲအစေ့ဝင်မှာ စိုး၍
အဖိုပင်တွေ့ရင်သတ်ကြလေသည်။

အဖို+အမ ကို အစေ့ထုတ်စိုက်ခင်းတွေမှာ အဓိကထားသုံးကြတယ်။ H**p oil ထုတ်ချင်တဲ့တောင်သူတွေ အဓိကထားစိုက်ပျိုးတဲ့စနစ်ဖြစ်ပါတယ်။ ထိုသို့စိုက်မယ်ဆို Green house လို့ခေါ်တဲ့ အိမ်လေးထဲ စိုက်သင့်ပါတယ်။ ဝတ်မှုံတွေဟာ ကိုက်၁၀၀ပတ်လည်ပျံ့နိုင်တာဖြစ်သည့်အတွက် တခြားအပင်မျိုးတွေ မျိုးမပျက်ဖို့ ၊ ထိန်းသိမ်းဖို့ Green house or အလင်းဖောက် တာလပတ်ကာ ထားသည့် အဆောက်အုံ ဖြင့် စိုက်သင့်ပါတယ်။

အဖိုပင်ရဲ့ ပန်းခိုင်ကို ချေ ပြီး ဝတ်မှုံများကို ထုတ်ပိုးသိမ်းဆည်းပြီး ဝတ်မှုံစုဆောင်းခြင်းကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

အဖိုပင်ရဲ့ အရွက်များကို ကြော်စား ၊ တို့စား ၊ လက်ဖက်ခြောက်အနေနဲ့ခပ်သောက်ခြင်း စသည်ဖြင့်အသုံးပြုနိုင်ပါတယ်။

ပင်စည် ကို အခြောက်ခံ လျှော်ထုတ်ခြင်း ၊ ကြိတ်ဖက်လုပ်ခြင်းများ လုပ်နိုင်ပါတယ်။

အမြစ်ကို ဆေးဖက်ဆိုင်ရာ သုံး အနေနဲ့နည်းလမ်းများစွာဖြင့်အသုံးပြုနိုင်ပါတယ်။

ကဲဒါဆို အဖိုပင်ရဲ့ အသုံးဝင်ပုံတွေသိပြီလို့ယူဆပါတယ်။
ဉာဏ်ရှိသလိုအသုံးချတော်မူပါ။


လိုအပ်ရင် hi
09/10/2021

လိုအပ်ရင် hi

Amsterdam & Cannabis‌          နယ်သာလန်နိုင်ငံက ဆေးခြောက်ကိုပထမဆုံးတရား၀င်ခွင့်ပြုတဲ့နိုင်ငံပါ။အမ်စတာဒမ်မြို့က နယ်သာလန်န...
21/09/2021

Amsterdam & Cannabis
‌ နယ်သာလန်နိုင်ငံက ဆေးခြောက်ကိုပထမဆုံးတရား၀င်ခွင့်ပြုတဲ့နိုင်ငံပါ။အမ်စတာဒမ်မြို့က နယ်သာလန်နိုင်ငံရဲ့မြို့တော်ပေါ့။နယ်သာလန်မှာတော့ ဆေးခြောက်က 1965 ခုနှစ်နှောင်းပိုင်းလောက်ကစပြီး ခောတ်စားတယ်။ဆေးခြောက်က အခြားမူးယစ်ဆေးတွေလို လူကို ဒုက္ခမပေးဘူးဆိုတာသိတဲ့ ပညာတတ်တွေ၊ အနုပညာရှင်တွေကလဲသောက်ကြတယ်။ဟစ်ပီတွေကလဲ တဖြည်းဖြည်းနဲ့ ပေါ်တင်တွေသောက် လာပြီး နောက်ပိုင်း ကော်ဖီဆိုင်တွေမှာ တရားမ၀င်ရောင်းလာကြပါတယ်။နောက်ပိုင်း များလာတော့ ရဲကလဲဖမ်းလို့မနိုင်တော့ဘူး။ဆေးပညာရှင်တွေကလဲ ဆေးခြောက်က မူးယစ်ဆေးဝါးလို မဟုတ်ဘူးဆိုတာကို ထောက်ပြကြလို့ 1972 လောက်မှာ ဆေးခြောက်၀ယ်သောက်လို့ရတဲ့ ကော်ဖီဆိုင်တွေပေါလာတာပဲ။ဒါပေမဲ့ ဒီလိုတရား၀င်နီးပါခွင့်ပြုလာတာက ဆေးပညာရှင်တွေ၊ ဥပဒေပညာရှင်တွေရဲ့ကြိုးပမ်းမှုကြောင့်တော့မဟုတ်ဘူး ပုံမှန်ဆေးခြောက်သောက်နေသူတွေရဲ့ကြိုးပမ်းမှုကြောင့်လို့ ပြောလို့ရတယ်။ဆေးခြောက်ကို ကော်ဖီဆိုင်တွေမှာပဲသောက်လို့ရတယ် တခြားနေရာတွေမှာသောက်ခွင့်မရှိဘူး(သောက်ရင်ရဲကလာတားလို့ရတယ်)။ဆေးခြောက်ရောင်းတဲ့ ကော်ဖီဆိုင်တွေအတွက် တင်းကြပ်တဲ့ စည်းမျဉ်းတွေရှိတယ်။ ကြော်ငြာလို့မရဘူး ည(1)နာရီဆိုပိတ်ရတယ်။18 နှစ်အောက်မရောင်းရဘူး၊ လူတစ်ယောက်ကို (5g)ထက် ပိုရောင်းခွင့်မရှိဘူး။တခြားမူးယစ်ဆေးတွေ လုံး၀မရောင်းရ ဆိုင်ထဲမှာလဲ ဆေးခြောက်ကို (500g)ထက် ပိုသိမ်းထားလို့မရဘူး။အချိန်မရွေး ၀င်စစ်ဆေးခွင့်ရှိတယ်။အနီးနားကနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ဘယ်လ်ဂျီယန်၊ ဂျာမနီ တို့က ဆေးခြောက်သမားတွေကတော့ တဖွဲဖွဲပဲ။ကားခ ၊ရထားခ၊ လေယာဉ်ခ ကလဲဈေးသက်သာတော့ ပိတ်ရက်တွေဆို အမ်စတာဒမ်ရဲ့ လမ်းတွေပေါ်မှာ ပြဲပြီး ပတ်ဒိုးနေကြတာ။ဥရောပတိုက်မှာ အမ်စတာဒမ်လိုမြို့ရှိတာ ဥရောပသားတွေအတွက်တော့ blessing ပါပဲ။2014 ခုနှစ် စစ်တမ်းအရ အမ်စတာဒမ်မှာ ကော်ဖီဆိုင် (183)ဆိုင်ရှိတယ်။ ထူးခြားတာကတော့ ကော်ဖီဆိုင်တွေမှာဆေးလိပ်သောက်လို့မရပါဘူး ဆေးခြောက်ပဲသောက်လို့ရတယ်။အမ်စတာဒမ်မှာ ပထမဆုံးဖွင့်တဲ့ကော်ဖီဆိုင်က မဲလိုးရဲလိုး(Mellow Yellow)ဆိုတဲ့ဆိုင်။အမ်စတာဒမ် ကော်ဖီဆိုင်ယဉ်ကျေးမှုရဲ့ဘူမိနက်သန်ပေါ့။ပရီဒီအာမီ(Prix Di Ami)ဆိုတဲ့ ကော်ဖီဆိုင်က အမ်စတာဒမ်မှာအကြီးဆုံးလို့ပြောလို့ရတယ် အထပ်(3)ထပ်ရှိတယ် ရုပ်ရှင်ကြည့်တဲ့အခန်းလဲရှိတော့ ဆေးခြောက်သောက်ရင်းအေးဆေးကြည့်လို့ရတယ်။ ဘောလုံးပွဲပြတဲ့အခန်းလဲရှိတယ်။ကော်ဖီဆိုင်တွေမှာ သူတို့ဆိုင်ကဆေးခြောက်သောက်တဲ့၀န်ထမ်းတွေအတွက် %သတ်မှတ်ပြီး ဒစ်စကောင့်နဲ့ရောင်းပေးတယ်။Rapper ကြီး Snoop Dogg ရဲ့ အမ်စတာဒမ်မှာ အကြိုက်ဆုံးကော်ဖီဆိုင်က ဘူးဒေါ့(Bulldog)လို့ ပြောလို့ရတယ်။အမ်စတာဒမ်မှာပဲ ဆိုင်ခွဲ(4)ဆိုင်ရှိတယ်။2014ခုနှစ် အမ်စတာဒမ်ကို သူလာလည်တုန်းက စက်ဘီးတစ်စီးနဲ့ ဘူးဒေါ့ တစ်ဆိုင်ပြီးတစ်ဆိုင်ကူးပြီး ဆေးခြောက်သောက်နေတဲ့ Videoကို Youtube မှာတင်ထားတယ်။ ကော်ဖီဆိုင်တွေမှာ ရနိုင်တဲ့ဆေးခြောက်အမျိုးအစားတွေ THC % ဘယ်လောက်ပါ၀င်တယ်ဆိုတာတွေကို LCD Screen တွေနဲ့ ကောင်တာမှာပြထားတယ်။ ဘာရွေးရမှန်းမသိရင် ၀န်ထမ်း တွေကသေချာရှင်းပြပေးတယ်။ ဆေးခြောက်အမျိုးအစားတွေလဲ တော်တော်များတယ် Big Buddha Cheese, Nepalese hash, Jack Harrer(အမေရိကားမှာ ဆေးခြောက်တရား၀င်ဖြစ်အောင် လှုံ့ဆော်ခဲ့တဲ့ မစ္စတာ ဂျက်ဟာရာကို ဂုဏ်ပြုပီးနာမည်ပေးထားတာ)၊ Haze (Haze ကိုမှ S5 Haze, Strawberry Haze, Amnesia Haze ဆိုပြီးရှိသေးတယ်) အစရှိသဖြင့်ပေါ့။
‌ သူတို့ဆီမှာက စည်းမျဉ်းစည်းကမ်းတွေရှိတယ်ဆိုပေမဲ့ လမ်းပေါ်မှာသောက်တာတွေရင်လဲ မေးမြန်းပြီး ပစ္စည်းသိမ်းတာ နောက်မသောက်ဖို့သတိပေးတာလောက်ပဲရှိတယ်။ 2ခါ 3ခါလောက်မိမှ တရားရုံးမှာ ယူရို 50,100 လောက်ပဲ ဒဏ်ငွေဆောင်ရတာ။
ပြောချင်တာက ဆေးခြောက်လေးနည်းနည်းလောက်နဲ့ လူတစ်ယောက်ဘ၀ပျက်အောင် ထောင်ထဲဆွဲမသွင်းဘူး။ ရုံးချိန်းတွေခေါ်ပြီး 1ပြား 2ပြားကစပြီးခွာမစားဘူး။အမှုလုပ်ပြီး ငွေမရှာဘူး။စောက်ကျင့်မယုတ်ဘူး။အောက်တန်းမကျဘူး။
ဆန္ဒရှိပါက သွားနိုင်ကြပါစေဘော်ဒါတို့👌

Credit : Post & Photo

Z k i t t l e z  By  F a s t b u d sHybrid နွယ်ဝင်ဖြစ်တဲ့ Zkittlez ဟာ Indica 65% Sativa 35% နဲ့ရောစပ်ထားပြီး CBD 1% ပါဝင...
20/09/2021

Z k i t t l e z By F a s t b u d s

Hybrid နွယ်ဝင်ဖြစ်တဲ့ Zkittlez ဟာ Indica 65% Sativa 35% နဲ့ရောစပ်ထားပြီး CBD 1% ပါဝင်ပြီး THC 23%^ ရှိပါတယ်။ မူရင်း family အနေနဲ့ Zkittlez3 ကို Grape Fruit Ruderalis နဲ့ မျိုးစပ်ခဲ့ကြပါတယ်။ flowering time 8 to 9 weeks ရှိတတ်ပြီး one of US Hype Strain လဲ ဖြစ်ပါတယ်။ Grow Room ထဲ ဖူးနေချိန် ချိုမြိန်တဲ့ ချောကလက်နံ့ရှိတတ်ပြီး ရိတ်သိမ်း အခြောက်ခံပြီးချိန်မှာတော့ Berry သီးရဲ့ Candy နံ့ ထွက်လာမှာ ဖြစ်ပါတယ်။ flavor အနေနဲ့ ချိုမြိန်မွှေးပျံ့တဲ့ အရသာရရှိစေမှာဖြစ်ပြီး မည်သည့်အချိန်အတွက်မဆို အဆင်ပြေတဲ့ Strains လဲ ဖြစ်ပါတယ်။ လိမ္မော်ရောင်ဆံနွယ်များက အဖူးတစ်ခုလုံး ဖုံးအုပ်ပေးထားပြီး အတွင်းသားကတော့ ဘယ်ရီသီးတစ်လုံးကဲ့သို့ အရည်ရွှမ်းတဲ့ ပန်းအဖူးဖြစ်ပါတယ်။

လက်ရှိ Zkittlez ဟာ Indoor မှာ Soil နဲ့ စိုက်ပျိုးခဲ့တာ ဖြစ်ပြီး Grower ရဲ့ ရလဒ်ကလဲ စိတ်ချမ်းမြေ့ဖွယ် ဖြစ်ပါတယ်။ ရာသီတိုးလာတိုင်း တိုးတက်လာတဲ့ အတွေ့အကြုံကိုလဲ သိသာစွာမြင်ရပါတယ်။

Congratulation Guy!

05/09/2021

''ဝိ'' တစ်ပင်ကို အသက်သာဆုံး ဘယ်လိုစိုက်မလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~
ခေါင်းစဉ်မှာပြောထားတဲ့အတိုင်း ဖြစ်နိုင်သမျှပေသီးခေါက်ပြီး သက်သာရာ သက်သာကြောင်းတွေပဲ အဓိကဆွေနွေးသွားမှာပါ ။ လူသားအားလုံးကိုအေးချမ်းပျော်ရွှင်စေတဲ့ ဒီအပင်လေးကို လူသားတိုင်း စိုက်ဖို့အခွင့်အရေး ရသင့်တယ်လို့ ကျွန်တော်တို့နှစ်နှစ်ကာကာယုံကြည်ပါတယ်။

ငွေကြေး အခက်အခဲကြောင့် လက်တွန့်နေရသေးတဲ့ ဘော်ဒါတွေကို နားလည်ကိုယ်ချင်းစာပါတယ်။ ဒါကြောင့်လည်းဒီစာကိုရေးဖို့တွန်းအားဖြစ်စေခဲ့တာပါ။ ဒီတော့စီးပွားဖြစ်စိုက်ပျိုးတာတွေ ၊ ဆုရအောင်စိုက်တာတွေ ၊ ကြွားဖို့စိုက်တာတွေ ၊ ဆရာကြီးလုပ်ဖို့စိုက်တာတွေ ခဏထား ကိုယ့်လက်နဲ့ပျိုးထောင်ပြီး ဖူးပွင့်ဝေဆာနေတဲ့ ဒီအပင်လေးကိုထိုင်ကြည့်နေရတဲ့ အရသာလေးဟာ သိပ်အေးချမ်းပြီးဖြူစင်ပါတယ် ။
ဒီခံစားချက်လေးကို လူတိုင်းလွယ်လွယ်လေးရနိုင်နဲ့ နည်းလမ်းတွေကို မျှဝေပေးမယ်ဗျာ...အသေးစိတ်အပြည့်စုံရေးထားပေးတဲ့အတွက် စာအနည်ငယ်ရှည်ပါတယ် ။ အချိန်ပေးပြီးလေ့လာပေးပါဗျ။

Cannabis အပင်ကို သဘာဝကပေးထားတဲ့ အကောင်းဆုံးအလင်းရောင်ကို သုံးပြီးစိုက်ကြရအောင်... Cannabis ကို ဟိုးနှစ်ပေါင်းထောင်ချီကတည်းက Outdoor မှာစိုက်ပျိုးဖြစ်ထွန်းခဲ့ကြတာပါ ။ ခုမှပေါက်လာတဲ့အပင်မဟုတ်တဲ့အတွက် သူ့သမိုင်းကြောင်း အစဉ်အလာတွေ အများကြီးရှိခဲ့ပြီးသားပါ ။
ကျွန်တော်တို့က သဘာဝတရားကို စိတ်ကြိုက်ပြောင်းလဲပေးဖို့မဖြစ်နိုင်ပေမယ့် Cannabis အပင်ကြိုက်တဲ့ အခြေအနေမျိုးရအောင် အနီးစပ်ဆုံးဖန်တီးကြိုးစားပေးဖို့တော့ ဖြစ်နိုင်ပါတယ် ။
အခုမှစစိုက်ကြမယ်ဆိုတဲ့ Beginner တွေအနေနဲ့လည်း ကုန်ကျစားရိတ်အနည်းဆုံး နဲ့ အကောင်းဆုံး စိုက်ပျိုးအတွေ့အကြုံရသွားနိုင်ပါတယ်။

Outdoor စိုက်ရင်ဖြစ်ပါ့မလားဆိုတဲ့ ညီကိုတွေကို တစ်ခုပြောပြချင်ပါတယ်။ နေရောင်ခြည်ဟာ ကမ္ဘာမှာအကောင်းဆုံး၊စွမ်းအားအရှိဆုံး Full Spectrums အလင်းပါပဲ... လူဖန်တီးထားတဲ့ Lighting တွေက နေအလင်းရောင်ကို ဘယ်လိုမှမသာလွန်နိုင်ပါဘူး ။ ဒီတော့ သဘာဝကအလကား ပေးထားတဲ့ဒီအခွင့်အရေးကို အသုံးချပေးဖို့နဲ့ မပျင်းဖို့ပဲလိုတာပါ ။ 😁 နေရောင်ရတဲ့နေရာလေးကို မှတ်ထားပြီး အိုးရွှေ့ပေးဖို့တော့ မပျင်းနဲ့ပေါ့ဗျာ...အရိပ်အောက်မှာအမြဲထားပြီး အဖူးမြန်မြန်ဖူးချင်နေတာတော့ ဘဒိုတို့ လွန်တာပေါ့ဗျာ...

ကဲ.. အခြေခံလိုအပ်တဲ့ ပစ္စည်းတွေနဲ့ စလိုက်ကြရအောင်...

(1) ကောင်းမွန်လတ်ဆတ်ပြီး မျိုးရိုးမှန်ကန်တဲ့မျိုးစေ့
(2) အခြေခံပန်းခြံသုံးကိရိယာ ( ဂေါ်ပြားအသေး ၊ ခရင်း ၊ လက်အိပ် ၊ ရေဖြန်းဘူး )
(3) Cannabis အပင်အကြိုက်ဆုံးမြေဆွေးအမျိုးအစား
(4) Grow Bag (or) ပန်းအိုး
(5) နေရောင်ကောင်းကောင်းရနိုင်တဲ့ နေရာလေးတခု

ဒါပဲ အဓိက လိုပါတယ်ဗျာ....

Cannabis အပင်တွေဟာ နဂိုမာကြောပြီးအကြမ်းခံတဲ့ အပင်တမျိုးပါ ။ ရေခဲပြီး အရမ်းအေးတဲ့ ဒေသ ကနေ ရေရှားပြီးမိုးခေါင်တဲ့ အာဖဂန်နစ်စတန် ဒေသ နဲ့ ပူပြင်းစိုစွတ်တဲ့ ကိုလံဘီယာ လိုဒေသမျိုးအထိ ပေါက်ရောက်ဖြစ်ထွန်းပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ရေခဲရိုက်ခြင်း ၊ လေပြင်းတိုက်ခြင်း ၊ မိုးသည်းထန်စွာဆက်တိုက်ရွာခြင်း ၊ အကောင်ကြီးတွေဖျက်ဆီးခြင်း တွေကလွဲပြီး ကျန်တဲ့ ပတ်ဝန်းကျင်ရာသီဥတု အခြေအနေတွေကို ကြံ့ကြံ့ခံနိုင်ပါတယ် ။

နေ့အပူချိန် 23-27 °C ကို အကြိုက်ဆုံးဆိုပေမယ့်14°C နဲ့ 33°C ရှိတဲ့ ဒေသမျိုးတွေမှာလည်း ရှင်သန်နိုင်ပါတယ် ။ လက်တွေ့ပါဗျ... 10 ပေပတ်လည်အခန်းထဲကနေ မထွက်ပဲပြောနေတာမဟုတ်ပါဘူး 😎
ဒီတော့ လက်တွေ့ဆန်လိုက်ပါ ။ အရှိတရားကို လက်ခံပြီး အကောင်းဆုံးသာလုပ်လိုက်... အပူချိန်များတဲ့အတွက် အပင်ကြီးထွားမှု နှေးသွားတာလောက်ပဲရှိပါတယ် ။ အပင်ကတော့အောင်မြင်အောင်စိုက်လို့ရပါတယ်။
စိုက်မယ့် ဒေသရဲ့ရာသီဥတုနဲ့ နေအလင်းရောင်ရနိင်တဲ့ ပမာဏကို တွက်ချက်ပြီး စိုက်ပျိုးသင့်ပါတယ်။ Vegetative stage မှာ အလင်းရောင်ကောင်းကောင်းနဲ့ ကြာကြာရနိုင်တဲ့ အနေအထားရှိရင် စိုက်လို့ရပါတယ် ။ ဒါမှ အမြစ်နဲ့ပင်စည် ကြီးထွားဖွံ့ဖြိုးပြီး အကြမ်းခံနိုင်မှာဖြစ်ပါတယ် ။

ဒါပေမယ့် Flowering Stage ရောက်တဲ့အချိန်တော့ ညအချိန်ရှည်ဖို့ လိုပါမယ် ။ ဘာလို့လဲဆို Cannabis အပင်က Short-Day Plant ဖြစ်လို့်ပါ ။ ဆိုလိုတာက အလင်းရောင်ကျသွားပြီး ညမှောင်လာမှသာ ပန်းပွင့်ပါတယ် ။ ဒါကြောင့် အပင်ရဲ့ Flower Phase ကိုတွက်ပြီး ညတာရှည်တဲ့ရာသီဥတုမျိုးနဲ့ ချိန်ပြီးစိုက်ရပါတယ် ။ ဒါက Photoperiod Seeds တွေကို ပြောနေတာပါ ။

တကယ်လို့ ဘဒိုတို့က Auto Seed ကို စိုက်တယ်ဆိုရင်တော့ ဒါတွေခေါင်းထဲသိပ်ထည့်ဖို့မလိုပါဘူး...အပင်ကောင်းပြီး ရောဂါကင်းအောင်ပဲ ဂရုစိုက်ပေးရုံပါပဲ။

အကောင်းဆုံးနေရာကိုရှာပါ
~~~~~~~~~~~~~~~
ကိုယ်စိုက်ပျိုးမယ့် Location မှာ အကောင်းဆုံး Spot ကိုရအောင်ရှာပါ ။ အလင်းရောင်ကောင်းကောင်းရရမယ် ။ လေပြင်းတိုက်ရင် မလှဲနိုင်တဲ့နေရာ ၊ မိုးရေဒလေဟော မကျမယ့်နေရာ ၊ အကောင်တွေ ၊ အင်းဆက်တွေ အနည်းဆုံးနေရာ အဲ့လိုအချက်တွေကိုကြည့်ပြီး အကောင်းဆုံးနေရာတွေကို ရှာထားရပါမယ် ။

တကယ်လို့ ဘဒိုတို့အရပ်က နေအရမ်းပြင်းတဲ့ ဒေသဆိုရင် အပင်ကို နေကာအဝတ်စအပါး ၊ အပူချိန်သက်သာစေမယ့် အကာတို့ကိုပြင်ဆင်ထားသင့်ပါတယ် ။ အရိပ်ထဲ ရွေ့ခိုင်းတာမဟုတ်ဘူးနော်☺ အပင်ကို အပူချိန်သက်သာအောင်ပဲလုပ်ပေးတာပါ ။ အပင်က နေရောင်ကြိုက်ပါတယ်။

တကယ်လို့ မိုးအရမ်းများတဲ့ ဒေသဆိုရင် မိုးရွာပြီးတာနဲ့ အရွက်ပေါ်တင်နေတဲ့ မိုးရေတွေကိုခါချပေးပါ ။ တချိန်လုံးစိုရွှဲနေရင် မှိုရောဂါတွေ ဝင်တတ်ပါတယ်။ မိုးတွင်းကိုရှောင်ရမှာက Harvest လုပ်မယ့် တချိန်ပဲရှိပါတယ် ။ ဘဒိုတို့ အဖူးခူးပါတော့မယ်ဆိုမှ မိုးတွေတအုန်းအုန်းရွာနေမယ်ဆို ဘယ်လိုဖြစ်မလဲ မြင်ယောင်ကြည့်လေ 😁 မိုးအုံ့တာမြင်တိုင်း မျက်ဝန်းမှာ မျက်ရည်တွေစို့လာလိမ့်မယ်... ဒီတော့ မိုးတွင်းမှာ စိုက်လို့ရပါတယ် ။ Harvest Time သာ မိုးတွင်းဖြစ်လို့မရတာပါ ။

မြေခံအမျိုးအစားနဲ့ အိုးအရွယ်အစား
~~~~~~~~~~~~~~~~~~~
လက်ရှိကာလမှာတော့ သဘာဝအတိုင်းအဟာရတွေပြည့်နေပြီး အရမ်းကောင်းတဲ့မြေဆိုတာ အရမ်းရှားသွားပါပြီ ။ Cannabis အပင်တွေအတွက် အကောင်းဆုံးသော မြေအမျိုးအစားကတော့ ညိုနက်ပြီး သဘာဝအဟာရတွေပြည့်နေတဲ့ ၊ ပေါ့ပါးပြီး ပွတဲ့ မြေ ၊ ရေထိမ်းသိမ်းမှုကောင်းပြီး ရေဆင်းကောင်းတဲ့မြေ အမျိုးအစားဖြစ်ရပါမယ် ။ ဒါမှ အမြစ်တွေက Oxygen စုပ်ယူမှုကောင်းပြီး အပင်ကြီးထွားမှုကို ကောင်းကောင်းထောင့်ပံ့ပေးနိုင်မှာပါ ။

အိုးအရွယ်အစားကိုတော့ Outdoor စိုက်မယ်ဆို အနည်းဆုံး (5 Gallons) Size ကိုသုံးပေးသင့်ပါတယ်။ အရမ်းကြီးသွားရင်လည်း ရွေ့ပြောင်းလို့ အဆင်မပြေတတ်ပါဘူး ။ ပြီးတော့ လေဝင်လေထွက်ကောင်းပြိး ရေဆင်းကောင်းတဲ့ Fabric Bag တွေသုံးဖို့အကြံပေးလိုပါတယ် ။ ဒီလိုအိတ်တွေက အိုးထဲရေအိုင်နေမှာကို စိတ်ပူနေစရာမလိုပါဘူး ။

ဒီနေရာမှာ မြေကြီးထဲချစိုက်ရင် မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမယ့်အကြံမပေးလိုပါဘူး ။ ဘာလို့ဆို မြေကြီးထဲချစိုက်ထားရင် ရွေ့ပြောင်းလို့မရပါဘူး ။ Cannabis ကြိုက်တဲ့မြေအမျိုးအစားဖြစ်ဖို့မလွယ်ပါဘူး ။ ရာသီဥတုဒဏ်၊အကောင်တွေရန် ၊ ပိုးတွေရန်ကနေ ရှောင်ရှားဖို့ မလွယ်ပါဘူး... ဒါကြောင့်စစိုက်မယ့် Grower တွေအနေနဲ့ကတော့ အိုး ( သို့) Fabric Bag နဲ့သာစိုက်ဖို့အကြံပေးလိုပါတယ်။

Nutrients ( အပင်အားဆေး)
~~~~~~~~~~~~~~~~
Cannabis အပင်ဟာ အခြားသော အပင်တွေလိုပဲအဟာရအစုံလိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်စိုက်မယ့်အပင်က Autoflower လား? Local Regular လား? Feminized လားဆိုတာတော့ သိရပါမယ်။ တကယ်လို့ Auto စိုက်မယ်ဆိုရင်တော့ အများကြီးထည့်ပေးစရာမလိုပါဘူး ။ Auto တွေက စိုက်ပျိုးချိန်တိုတောင်းပြီး ကျန်မာကြံခိုင်တဲ့ Ruderalis မျိုးရိုးနဲ့ပေါင်းစပ်ထားတဲ့အတွက် မြေကြီးရဲ Organic Matters တွေနဲ့ ရေ တမျိုးထဲနဲ့ကို စိုက်လို့ရပါတယ် ။
ကျေးချင်သပ ဆိုရင်တော့ Vegetative Stage မှာ N Ratio များပြီး P and K Ratio နည်းတဲ့ မြေသြဇာတွေ ကျွေးနိုင်ပါတယ် ။ ဥပမာ - 20-10-10 , 2-1-1 ဒီလိုအချိုးတွေကို ကျွေးနိုင်ပါတယ် ။ သတိထားဖို့က မြေသြဇာထုတ်တဲ့ Company တွေရေးထားတဲ့ အညွှန်းရဲ့ တစ်ဝက် ( Half ) ပမာဏနဲ့သာ စကျွေးရပါမယ် ။
Flowering Stage မှာတော့ N ratio နည်းပြီး P and K Ratio များတဲ့ မြေသြဇာတွေကို ကျွေးနိုင်ပါတယ်။ ဥပမာ - 10-15-25 , 5-20-10

Seedling Stage မှာတော့ မြေဆွေးမှာပါတဲ့ Organic Matters တွေနဲ့ပဲ ကြီးစေတာ အကောင်းဆုံးပါ ။ Chemical တွေနဲ့လက်လွန်သွားရင် အဖတ်ဆယ်ဖို့ခက်ပါတယ် ။ ဒါကြောင့်စစိုက်မယ့်မြေကြီးသာကောင်းမယ်ဆိုရင် ဘာမြေသြဇာမှ မလိုပဲစိုက်နိုင်ပါတယ်။

Chemical တွေမသုံးချင်ဘူးဆိုရင်လည်း Organic Nutrients တွေရှာပြီး သုံးနိုင်ပါတယ် ။ အဓိကလိုအပ်တဲ့ NPK Ratios ပြည့်ဖို့ပဲလိုတာပါ...

Harvest ရောက်ဖို့ 10 ရက်အလိုကနေ ဘာမြေသြဇာမှ မကျွေးသင့်တော့ပါဘူး ။ ရေကို တောင်လျော့ပြီး လောင်းပေးရပါမယ် ။

Auto ပဲစိုက်စိုက် ၊ Feminized ပဲစိုက်စိုက် Nutrient တွေကဒီအတိုင်းကျွေးနိုင်ပါတယ်။ ကွာခြားသွားတာက ကျွေးတဲ့ ပမာဏပါပဲ... Auto ဆို နည်းနည်းလေးကျွေးပြီး Feminized နဲ့ Regular တွေကို ပိုကျွေးရပါတယ် ။

ရေလောင်းနည်း
~~~~~~~~
စိုက်အိုးအရွယ်အစား ၊ ရာသီဥတုအခြေအနေ၊ စိုထိုင်းဆ ၊ အပူချိန်တွေအတူညီကြတဲ့အတွက် ရေဘယ်လောက်လောင်းရမယ်လို့ တိတိကျကျ သတ်မှတ်လို့မရပါဘူး ။
ဒီတော့ အိုးရဲ့ မြေမျက်နှာပြင် အနက် 1 လက်မ အထိ အစိုဓာတ်ရှိနေသေးရင် လောင်းစရာမလိုသေးပါဘူး ။ မျက်နှာပြင် 1 လက်မအထိခြောက်နေပြီဆိုရင်တော့ ရေလောင်းပေးဖို့လိုပါပြီ ။
အပင်သေးတဲ့အချိန် ရေသိပ်မသောက်ပေမယ့် အပင်ကြီးလာတာနဲ့အမျှ ရေပိုသောက်လာပါမယ် ။ ဒါကြောင့်တနေ့တခါတော့ စစ်ပေးတာအကောင်းဆုံးပါ ။ သတိထားရမှာပ အိုးထဲ ရေမအိုက်နေအောင် ဂရုစိုက်ပေးပါ ။

အကောင်တွေရန်ကနေကာကွယ်ပါ
~~~~~~~~~~~~~~~~~~
Outdoor စိုက်တဲ့သူတွေအားလုံးကြုံရတာတော့ Pests တွေပါပဲ... အိမ်မွေးတိတွေ ကနေ Spider Mites လိုအကောင်သေးလေးတွေထိ ဒုက္ခပေးတတ်ပါတယ် ။ ဒါကြောင့် အကောင်ကြီးတွေ အပင်နားမကပ်နိုင်အောင် Fence ကာပေးတာတို့ ၊ သူတို့မမှီနိုင်တဲ့ အမြင့်မှာ နေရာချပေးတာတို့ လုပ်ပေးရပါမယ်။
အင်းဆက်ပိုးကောင်တွေ အတွက် Organic ပိုးသတ်ဆေးတွေသုံးပေးဖိုလိုပါမယ် ။ အပင်၊ အရွက်တွေကို ထိခိုက်မှာစိုးရင် အပင်ပတ်လည် နဲ့ မြေမျက်နှာပြင်ကို ဖြန်းပေးနိုင်ပါတယ် ။

မှိုတွေစွဲကပ်လာရင် အသုံးပြုနိုင်တဲ့ Organic ပိုးသတ်ဆေးလုပ်နည်းအကြောင်းကိုလည်း တင်ထားပေးတာဖြစ်လို့ လေ့လာပေးစေချင်ပါတယ် ။

လုံခြုံရေး
~~~~~
Outdoor တွေရဲ့အားနည်းချက်ကတော့ လုံခြုံရေးပါပဲ ။ Outdoor ပင်တွေဟာ indoor ပင်တွေထက်ပိုကြီး ပိုမြင့်ပါတယ် ။ ဒါကြောင့် ပတ်ဝန်းကျင် ၊ သူစိမ်းတွေအလွယ်တကူမမြင်တွေနိုင်အောင် စီစဉ်ထားရပါမယ် ။ တချို့တွေက အပင်ပဲမစိုက်ချင်တာ အသီးအပွင့်ကိုတော့ ဘယ်လိုနည်းနဲ့ရရ စားမယ်ဆိုတဲ့ စိတ်ဓတ်တွေရှိလို့ သတိကြိးကြီးထားတာကောင်းပါတယ် ။
Outdoor စိုက်မယ်ဆို သေချာပေါက်လိုက်နာရမယ့် Rules 3 ခုရှိပါတယ် ။
(1) Don't Tell. (2) Don't Smell (3) Don't Sell ပါ။

ရိတ်သိမ်းတဲ့အချိန်ထိ အန္တရယ်ကင်းကင်း ဘေးမသီရန်မခ ရှင်သန်ချင်တယ်ဆို ဒီ သုံးချက်ကို သေချာပေါက်လိုက်နာရပါမယ် ။

မျိုးစေ့မှန်ရမယ်
~~~~~~~~~
''ဝိ'' တစ်ပင်ကိုဒီလိုဂရုတစိုက်နဲ့ပြုစုစောင့်ရှောက်လာပြီး မှ အဖို ဖြစ်သွားတယ်ဆိုပါစို့... ဘယ်လိုခံစားသွားရမလဲ? အဲ့ဒါ ရိုးရိုး Regular Seed ပါပဲ။ Local Regular Seed တွေစိုက်မယ်ဆိုရင်တော့ အများကြီးမျှော်လင့်မထားပါနဲ့ ။

မျိုးရိုးမှန်ကန်ရမယ် ၊ Genetic History အတိအကျရှိရမယ် ၊ မျိုးစေ့လတ်ဆတ်ရမယ် ၊ မျိုးစေ့ကို Pro Storage နဲ့ထိန်းသိမ်းထားရမယ် ။ Autoflower လား?Feminized လာ? အတိအကျရမယ်။ အပင်တိုင်း အဖူးခူးဆွတ်ဖို့သေချာတယ် ။ အဲ့ဒါ Premium Seeds တွေပါ ။
အဲ့တော့ ဘယ်လို Seeds တွေစိုက်ကြမလဲဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပါပဲ...✌

ကဲ...အလွယ်ဆုံးနဲ့ အသက်သာဆုံး Outdoor စိုက်နည်းကိုတော့ အိတ်သွန်ဖာမောက် လုပ်လိုက်ပြီဗျ ။
အများကြီးဖြစ်ဖြစ် ၊ နည်းနည်းလေးဖြစ်ဖြစ် တခုခုရသွားမယ်လို့မျှော်လင့်ပါတယ် ။

တကယ်လို့ ဘဒိုတို့အတွက် ဒီ Guide လေးကတန်ဖိုးရှိတယ်ဆိုရင် ဒီငြိမ်းချမ်းရေးအပင်လေးကို လူတိုငိးလွယ်ကူစွာ စိုက်နိုင်စေဖို့ အားရပါးရ Share သွားပေးပါဦးဗျ.. ☺

Growerhousemm က ဝါသနာတူအမျိုးတို့အတွက် နည်းပညာဗဟုသုတ အစုံတင်ဆက်ပေးနေပြီး ၊ စစ်မှန်တဲ့ Growing Products ကောင်းများစွာကိုဖြန့်ချီပေးသွားမှာဖြစ်လို့ Page ကို Like&Share လုပ်ပြီး See First List ထဲထည့်ထားလို့လိုမယ်နော် ။


#ဝိ
*****na




#ဂန်ဂျာ
***a

#ဆေးခြောက်

" နွယ်ဂျာပန်း Vs တန်ဆေးလွန်ဘေး "နွယ်ဂျာပန်းဟာ မူးယစ်ဆေးဝါးမဟုတ်သလိုမုန့်ပဲသရေစာတမျိုးလို တတွတ်တွတ် စားရမယ့် အရာတခုလည်း မ...
03/09/2021

" နွယ်ဂျာပန်း Vs တန်ဆေးလွန်ဘေး "

နွယ်ဂျာပန်းဟာ မူးယစ်ဆေးဝါးမဟုတ်သလို
မုန့်ပဲသရေစာတမျိုးလို တတွတ်တွတ် စားရမယ့် အရာတခုလည်း မဟုတ်ဘူးဆိုတာ
ရှင်းရှင်းလင်းလင်း နားလည်ထားကြဖို့ လိုပါတယ်

တရားဝင်ရရှိတဲ့ နိုင်ငံတချို့အပြင်
တရားမဝင်တဲ့ နိုင်ငံတွေမှာလည်း
နွယ်ဂျာပန်းသီးသန့်သောက်သူတချို့က
(အလုပ်မရှိ) အားနေတဲ့လူတွေကလွဲပြီး
ဘယ်သူမှ တနေကုန်သောက်မနေပါဘူး

စနုဒေါ့တို့ ဘာတို့လို လူတွေအနေနဲ့က
စီးပွားရေးတခုအရကြောင့်သာ လူငယ်တွေကို
စွဲဆောင်မှုပြုတဲ့အနေနဲ့ နည်းမျိုးစုံလုပ်ပြနေခြင်းလည်း ဖြစ်ပါသေးတယ်

4:20 ဆိုတဲ့ ဝေါဟာရက
အလုပ်ဆင်းပြီး ညနေအိမ်ပြန်ချိန်ကို ရည်ညွှန်းထားတာ တွေ့ရပါတယ်

အနုပညာအလုပ်တခုခုနဲ့ အသက်မွေးတာ
ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး လုပ်ရတဲ့
ကိုယ်ပိုင်လုပ်ငန်းတခုခု လုပ်နေတာမှ မဟုတ်ဘူးဆိုရင်
နွယ်ဂျာပန်းကို အလျင်းသင့်သလို မသောက်သင့်ပါဘူး

ပြောမယ့်သာ ပြောနေတာ
နွယ်ဂျာပန်းသောက်တာ ဝါရင့်တဲ့ ဘယ်သူမဆို
အဲဒီစနစ်အတိုင်း အော်တိုလုပ်ကြပြီးသားလည်းဖြစ်ပါတယ်

ကိုယ့်အခြေအနေ
ကိုယ်လုပ်ရမယ့် အလုပ်နဲ့
နွယ်ဂျာပန်းရဲ့ ဆောင့်ကြီးအောင့်ကြီး ပြဲလာမယ့်
အခြေအနေတွေကို ကိုယ်ကိုယ်တိုင်ပဲ ညှိနှိုင်းပြီး
ချင့်ချိန်သောက်ကြဖို့နဲ့
အလုပ် မိသားစု၊ ပတ်ဝန်းကျင်ကို
တစုံတခု ထိခိုက်သက်ရောက်မှု ဖြစ်စေမှာမျိုးဆိုရင်
ကိုယ်ကပဲ အလိုက်သတိ ရှောင်ရှားသွားကြဖို့လည်း
အထူးမှာချင်ပါတယ်

နွယ်ဂျာပန်းကို အလုံးစုံပြည့်စုံနေတဲ့
နတ်ဆေးပင်လို့ တချို့က ရည်ညွှန်းကြပေမယ့်လည်း နေ့စဥ် လပေါင်းများစွာ
မနားစတမ်းသောက်မယ်ဆိုရင်
အစာစားချင်စိတ်လျော့နည်းလာတာနဲ့
အာရုံခံစားမှုပိုင်းဆိုင်ရာမှာ အနည်းငယ်ပြသနာရှိတာကိုလည်း တွေ့ရပါတယ်

ဒါပေမဲ့
စိတ်တိုဒေါသဖြစ်လွယ်တာက နွယ်ဂျာပန်းနဲ့
တိုက်ရိုက်ဆက်စပ်တယ်လို့တော့ မဆိုလိုပါဘူး

ဘာလို့ဆိုတော့
မူလ လူသားကိုယ်၌က
တခုခုဆို အလွယ်တကူ
စိတ်တိုတာ
ပျော်ရွှင်တာ
ဝမ်းနည်းတာ
စတဲ့ အာရုံခံစားမှုပိုင်းဆိုင်ရာကိစ္စတွေကို
ပြုလုပ်လေ့ရှိတတ်တာကြောင့်ပါ

တချို့က နွယ်ဂျာပန်း မသောက်ရတဲ့ နေ့တွေဆိုရင်
စိတ်တိုတယ်တို့ အိပ်မပျော်ဘူးတို့ ပြောကြတာ တွေ့ရပါတယ်

တကယ်တော့ နွယ်ဂျာပန်းကို တလလောက်ပဲဖြစ်ဖြစ် ဆက်တိုက်သောက်ပြီး ဒုံးတိကြီးဖြတ်ချလိုက်ရင်တောင် အိပ်မပျော်ခြင်းကို မဖြစ်စေပါဘူး

တကယ်လို့ လူတယောက်ယောက်က
နွယ်ဂျာပန်းဖြတ်လိုက်တာ " ငါတော့ အိပ်မပျော်တော့ဘူးကွာ " လို့ပြောလာခဲ့ရင်
အဲဒီလူကို သေချာပြန်ဆန်းစစ်ရမှာက
သူဟာ နဂိုကတည်းက အိပ်စက်ခြင်းဆိုင်ရာမှာ
ပြသနာတခုခုရှိလားဆိုတာပါပဲ

တကယ်တော့ နွယ်ဂျာပန်းဟာ
စိတ်တိုနေတဲ့ လူနဲ့ ဝမ်းနည်းနေတဲ့လူအပြင်
အိပ်ရခက်တဲ့ လူတွေအတွက်
အလွန်ပဲ အဖိုးတန်တဲ့
သဘာဝသစ်ရွက်တမျိုးသာဖြစ်တယ်ဆိုတာပါပဲ

နွယ်ဂျာပန်းကို
နတ်သုဒ္ဓါဆိုပြီးတော့လည်း
နင်းကန်စွတ်စားရင်
စားပို့နင့်သေနိုင်တယ်ဆိုတာလေးတော့
သတိချပ်စေချင်ပါတယ်

ဒါပေမဲ့ အံ့သြဖို့ကောင်းတဲ့ အချက်တခုက
ဒီနေ့အချိန်ထိ ကမ္ဘာကြီးမှာ
နွယ်ဂျာပန်းအသောက်လွန်ပြီး သေသွားတဲ့
မသာ တယောက်မှ မရှိသေးဘူးဆိုတာပါ

#စိန်လှမောင်
#မြန်မာစတုန်နာကလပ်
#ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးNJ

နွယ်ဂျာပန်း Vs ယနေ့ဈေးကွက်စီးပွားရေးကိုခြေရာခံခြင်းလက်တလောပြည်တွင်းမှာ နွယ်ဂျာပန်းအမျိုးအစား ပျမ်းမျှအားဖြင့် (၂) မျိုးရ...
02/09/2021

နွယ်ဂျာပန်း Vs ယနေ့ဈေးကွက်စီးပွားရေးကိုခြေရာခံခြင်း

လက်တလောပြည်တွင်းမှာ နွယ်ဂျာပန်းအမျိုးအစား ပျမ်းမျှအားဖြင့် (၂) မျိုးရှိပါတယ်၊
နိုင်ငံရပ်ခြားကနေ ဝင်ရောက်လာတဲ့ နွယ်ဂျာပန်းနဲ့
ပြည်တွင်းထုတ်နွယ်ဂျာပန်းပါ၊

ပျမ်းမျှအားဖြင့် နိုင်ငံခြားမျိုးတွေဟာယနေ့ဈေးကွက်မှာ (၁၀) ဂရမ်ကို မြန်မာငွေ (၅၀၀၀၀) ကနေ (၁၀၀,၀၀၀) နဲ့ တသိန်းကျော်ထိရှိတတ်ပြီး

ပြည်တွင်းထွက်နွယ်ဂျာပန်းကတော့
၁၀ ဂရမ်ကို (၁၀၀၀၀) တသောင်းကျပ်ကနေ (၃၀၀၀၀) သုံးသောင်းကျပ်ထိ ရှိပါတယ်၊

ဒါဟာ နွယ်ဂျာပန်းဖူးတခုရဲ့ မသန့်စင်ရသေးခင်အပင်မှစွတ်ပြီးပြီးချင်းဈေးနှုန်းဖြစ်ပြီး သန့်စင်ပြီး
နွယ်ဂျာပန်း အဆီ၊အခဲ၊အရည်စတာတွေဟာ နယ်ရာ၊ဒေသနဲ့ ကုန်ပစ္စည်းရဲ့အရည်အသွေးအလိုက်
(၁)ဂရမ်ကို မြန်မာငွေ သိန်းဂဏန်းကနေ သန်းဂဏန်းထိ ယနေ့ကမ္ဘာ့ဈေးကွက်ပေါက်ဈေးမှာရှိနေတာပါ

နွယ်ဂျာပန်းတပင်လုံးဟာ ပစ်ရက်စရာမရှိပဲ အမြစ်ကနေ အစေ့အထိအားလုံးဟာ တနည်းနည်းနဲ့ အသုံးဝင်တာ သေချာစေခဲ့ပါပြီ

ယဥ်ကျေးမှုဟာ ဒီနေ့နဲ့ မနက်ဖြန်တောင်တူညီမှုမရှိတော့သလို မနက်နဲ့ ညနေမှာတောင် ယဥ်ကျေးမှုတွေက ခြားနားပြောင်းလဲနေတာကို အံသြတကြီးလည်း မြင်တွေ့မိပါတယ်

နွယ်ဂျာပန်းယဥ်ကျေးမှု ပေါက်ကွဲသွားတဲ့ ၁၁.၁၁.၂၀၁၉ (၁၁၁၁ - တစ်လေးလုံးတန်ဆောင်တိုင်ပွဲတော်) မတိုင်ခင်က မြန်မာနိုင်ငံမှာ နွယ်ဂျာပန်းစားသုံးသူရဲ့ ၉၉% လောက်ဟာ ဆေးပေါ့လိပ် ဒါမှမဟုတ် နိုင်ငံခြားကနေ တင်သွင်းလာတဲ့ အသင့်သုံး rolling paper နဲ့ နွယ်ဂျာပန်းရှူရှိုက်ရာမှာ အသုံးပြုတဲ့ ဝါးပြောင်း ဖန်ပြောင်းတွေနဲ့သာ အသုံးများလာရာကနေ ယနေ့အချိန်မှာတော့
ထင်သာမြင်သာ ပြောင်းလဲမှုအဖြစ်
နွယ်ဂျာကွပ်ကီး၊ နွယ်ဂျာကိတ်မုန့်တွေဟာ
စားသုံးသူများကြားမှာ အရောင်းတွင်ကျယ်လာတာကို တွေ့ပြီးကြလောက်ပါပြီ

ပြောခဲ့ပြီးသလို မသန့်စင်ရသေးခင် ပြည်တွင်းထုတ်နွယ်ဂျာပန်းဖူး ၁၀ ဂရမ်ကို မြန်မာငွေ
တသောင်းကနေ သုံးသောင်းကျပ်ထိပေါက်ဈေးရှိသလို အဆိုပါနွယ်ဂျာပန်းဖူး ၁၀ ဂရမ်ကို
စားစရာအဖြစ် ပုံပြောင်းပြီး
ဈေးကွက်ထဲစမ်းသပ်ရောင်းချကြတဲ့အခါမှာ အဆိုပါ
၁၀ ဂရမ်ကနေ ပျမ်းမျှ
ကွပ်ကီး၊ကိတ်မုန့် အခု ၂၀ ရတယ်ဆိုပါစို့

ယနေ့မြန်မာနိင်ငံ ၂၆.၈.၂၀၂၁ အချိန်ထိ တရားမဝင် ဈေးကွက်ဈေးနှူန်းက
ကွပ်ကီးတခုကို မြန်မာငွေ ၁၅၀၀ ကျပ်ကနေ ၂၅၀၀ ထိရောင်းချကြသလို ကိတ်မုန့်တလုံးကိုလည်း
၂၀၀၀ ကျပ်ကနေ ငါးထောင်ကျပ်အထိ ရရှိနေတာကိုလည်း တွေ့ရမှာပါ

ဒါဆိုရင် မသန့်စင်ရသေးခင်
သူ့ချည်းချည်းနွယ်ဂျာ ၁၀ ဂရမ်ဟာ တသောင်းကျပ်ကနေ ၃ သောင်းကျပ်အထိရပေမယ့်
လူငယ် တကိုက် နှစ်ကိုက်စာအရွယ် ကွတ်ကီး၊ ကိတ်မုန့်နဲ့ အခြားစားစရာတခုအဖြစ် ပြုလုပ်ဖန်တီးပြောင်းလဲလိုက်တဲ့အခါမှာ သူ့ရဲ့ မူလတန်ဖိုးဟာလည်း နှစ်ဆခန့်ထိ တက်သွားတာကို အခုမြင်နေကြရတာလည်းဖြစ်ပါတယ်

အထူးသတိပြုရမယ့်အချက်က ဖော်ပြပါ ဈေးနှူန်းတွေဟာ တရားမဝင်ဈေးကွက်တခုရဲ့ ပျမ်းမျှပေါက်ဈေးဖြစ်သလို ယာယီယူထားတဲ့
တန်ဖိုးငွေဟာလည်း အနည်းအရေအတွက် တခုဆီပေါ်မှာသာ တွက်ချက်အခြေခံထားတာဖြစ်တာမို့

အခု

တကယ်လို့သာ
ယနေ့ပျမ်းမျှ နွယ်ဂျာပန်း ၁ ပိသာဈေးကနေ တွက်ချက်ကြည့်မယ်ဆိုရင်

နွယ်ဂျာပန်းဖူး - (၁) ပိသာ ကို
၁၀ သိန်းဆိုပါစို့
အဆိုပါ နွယ်ဂျာပန်းဖူး
(၁၆၀၀) ဂရမ်ကို အခု ကိတ်မုန့်အနေနဲ့ ပြောင်းလဲကြည့်ပါမယ်

(၁) ဂရမ်ကို ကိတ်မုန့် (၂) ခုထွက်တယ်ဆိုပါစို့
၁၆၀၀ ဂရမ်ကို ကိတ်မုန့် ၃၂၀၀ ရရှိမှာဖြစ်ပါတယ်

ကိတ်မုန့်တခုကို မြန်မာငွေ (၃၀၀၀) ကျပ်သတ်မှတ်ပြီး အခုပဲ ပြည်တွင်းဈေးကွက်ထဲ ဖြန့်လိုက်ပါပြီ

ဒါဆိုရင် ကိတ်တခုကို သုံးထောင်နဲ့
ကိတ် ၃၂၀၀ အတွက်
မြန်မာငွေ
၉,၆၀၀,၀၀၀ (ကိုးဆယ့်ခြောက်သိန်း)ကျပ်ရရှိမှာလည်းဖြစ်ပါတယ်

ဒါဟာ နွယ်ဂျာပန်းဖူး ၁၆၀၀ ဂရမ်ဆီကနေ
ကိတ်မုန့်တမျိုးထဲအနေနဲ့ ယာယီတွက်ချက်မှုသာ
ဖြစ်တယ်ဆိုတာ သတိပြုပါ။

#စိန်လှမောင်
#နွယ်ဂျာပန်း
#မြန်မာစတုန်နာကလပ်
#ပျော်ပျော်ပါးပါးစတုန်နာများNJ
#ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးNJ

01/09/2021

Og green ရဲ့အလှကရူးချင်စရာပါကွာ😄

ခုရောက်နေတဲ့ Gelato ဆိုတာ လူသိများပေမဲ့ သူရဲ့ အကြာင်းလေးသိရတော့ ပိုသောက်ကောင်းတာပေါ့   သူကတော့ hybridအမျိုးအစားထဲကပါပဲ t...
01/09/2021

ခုရောက်နေတဲ့ Gelato ဆိုတာ လူသိများပေမဲ့ သူရဲ့ အကြာင်းလေးသိရတော့ ပိုသောက်ကောင်းတာပေါ့
သူကတော့ hybridအမျိုးအစားထဲကပါပဲ thc lvl 22နဲ့ 25 ကြားပါဝင်မှာဖြစ်ပါတယ်. မျက်လုံးလေးနဲနဲရဲမယ် ဝါးတီးလိုက်မယ် စိတ်ပင်ပန်းနွမ်းနယ်နေသမျှ ယူပစ်သလိုပျောက်မယ် အတွေအခေါ်တွေဆန်းသစ်မယ်.ပေါ့လေ
ပြောရရင်စျေးလေးကလည်းတန်တယ်ပေါ့လေ ပေးရတာနဲ့ ပြန်ရမဲ့အရသာက ပိုလို့ ပိုလို့တောင်မှ ......

ပစ္စည်းသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ သူ့ရဲ့စွမ်းအားကတော်တော်မိုက်တယ် ogတောင် Thc 30% မပြည့်ဘူးသူကတော့Thc 89%တွေးကြည့်လိုက်တိမ...
01/09/2021

ပစ္စည်းသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ သူ့ရဲ့စွမ်းအားကတော်တော်မိုက်တယ် ogတောင် Thc 30% မပြည့်ဘူးသူကတော့Thc 89%တွေးကြည့်လိုက်တိမ်တွေပေါ်မှာလွင့်နေတယ်ဆိုတာသူ့နဲ့ပဲဖစ်မှာပါ😃

မှာချင်ရင် ၃ ပတ်ကြာပါမယ်

သူ့ရဲ့အလှကဖွက်ထားတာတောင်အရောင်မမှိန်ဘူးနော်😅
31/08/2021

သူ့ရဲ့အလှကဖွက်ထားတာတောင်အရောင်မမှိန်ဘူးနော်😅

Address

Pakokku

Telephone

+959767565990

Website

Alerts

Be the first to know and let us send you an email when Pakokku Stoner Seller posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share