K&C Convenience Shop

  • Home
  • K&C Convenience Shop

K&C Convenience Shop စိတ်ချ ယုံကြည် K&C

18/10/2023

American Diversity Visa ( DV ) လျှောင်ချင်သူတွေ မင်မင်ကိုယ်တိုင်ဆောင်ရွက်ပေးပါတယ် စိတ်ဝင်စားရင် cbလာပေးပါ
1 person- 15000ks

ကြာစွယ်မှုန့် #အပူကျဝမ်းမှန်ဖို့နက်တိုင်းတစ်နေ့တစ်ခွက်သောက် #အဆီကျဝိတ်ချအစာခံဖို့ညမအိပ်ခင်တစ်ခွက်သောက်တစ်နေ့တစ်ခွက်ပုံမှ...
24/01/2023

ကြာစွယ်မှုန့်
#အပူကျဝမ်းမှန်ဖို့နက်တိုင်းတစ်နေ့တစ်ခွက်သောက်
#အဆီကျဝိတ်ချအစာခံဖို့ညမအိပ်ခင်တစ်ခွက်သောက်
တစ်နေ့တစ်ခွက်ပုံမှန်သောက် ကျန်းမာတက်ကြွအင်အားပြည့်
အိပ်ပျော်စားဝင်ဝမ်းမှန်လို့ ဦးနှောက်ကြည်လင်တက်ကြွလို့
အမှန်ဆုံးနဲ့အတန်ဆုံး တစ်ဘူးကိုမှ-၆၀၀၀ကျပ်
၅ဘူးယူရင်-၅၈၀၀ကျပ်
၁၀ဘူးယူ-၅၅၀၀ကျပ်

09/01/2023
08/01/2023
01/01/2023

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း ရှိပါတယ်။

☆စွန်းကောင်းတယ် ဆိုတာ ..
သမန်ကာ လျှံကာ ပိုကောင်းတာလောက်မဟုတ်ပဲ၊ အစွန်းထွက်ပြီးချွင်းချက်အနေနဲ့ကောင်းခြင်းကို "စွန်းကောင်း" တယ်လို့ခေါ်ပါတယ်။ အရပ်စကားဖြင့်တော့ " ေx ာက်ရမ်းကောင်းတယ်" လို့ပြောကြပါတယ်။

✅ ၁။ ပြသနာ နဲ့ ဖြေရှင်းနိုင်မှု (Problem & Solution) ကိုစွန်းကောင်းအောင်လုပ်
စီးပွားရေးလုပ်ငန်းတိုင်းက ဈေးကွက်မှာရှိတဲ့ အခက်အခဲ ပြသနာတစ်ခုမဟုတ်တစ်ခုကို ဖြေရှင်းနိုင်ရပါတယ်။ ဘယ်လိုအခက်အခဲပြသနာမျိုးမှ မဖြေရှင်းပေးနိုင်ရင် တန်ဖိုးမရှိပဲ ဈေးကွက်ကမလိုအပ်တဲ့ အပိုသက်သက် ကုန်ပစ္စည်း တစ်ခုသာဖြစ်ပါလိမ့်မယ်။ လူ့အသိုင်းအဝိုင်းတစ်ခုရဲ့ ကြီးမားတဲ့အခက်အခဲပြသနာကို ဖြေရှင်းနိုင်လေလေ၊ လုပ်ငန်းရဲ့တန်ဖိုးကြီးမားလေလေပါပဲ။ လက်ရှိမှာ ဈေးကွက်မှာ အောင်မြင်နေတဲ့ လုပ်ငန်းတွေ၊ တန်ဖိုးကြီးမားတဲ့လုပ်ငန်းတွေကို ကြည့်ပါ။ အားလုံးက လူမှုအသိုင်းအဝိုင်းရဲ့အခက်အခဲ ပြသနာတစ်ခုခုကို ဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။
မိမိလုပ်ငန်း က ဘယ်လိုပြသနာ အခက်အခဲမျိုးကို ဖြေရှင်းပေးနေလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေကို ရှင်းလင်းပြတ်သားစွာသိနေဖို့လိုပါတယ်။

✅၂။ တန်ဖိုးဖန်တီးခြင်း (Value Creation) ကို စွန်းကောင်းအောင်လုပ်
လုပ်ငန်းတစ်ခု အစပြု တာမဟုတ်ပါဘူး၊ တန်ဖိုးတစ်ခုအစပြု ဖန်တီးတာပါ။
ကော်ဖီဆိုင်ဖွင့်မယ် လို့မတွေးပါနဲ့၊ ဘယ်လိုတန်ဖိုးမျိုးချပြမလဲ ဆိုတာ တွေးပါ။
တန်ဖိုးဆိုတာ ဈေးကွက်ပြသနာအခက်အခဲတစ်ရပ်ကို ဖြေရှင်းရာကနေဖြစ်ပေါ်လာတာပါ။
ကော်ဖီဆိုင်ဆိုပေမယ့် ကိုယ်ချပြတဲ့တန်ဖိုးက .. စာဖတ်ဖို့ အေးအေးဆေးဆေးနေရာလေးတစ်ခုရဖို့အခက်အခဲဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာ သီချင်းသံတိုးတိုးလေးနဲ့အေးချမ်းနဲ့နေရာထိုင်ခင်း တန်ဖိုးကို ပေးတဲ့ ဆိုင်တစ်ဆိုင်ဖြစ်နိုင်တယ်။ ဆိုင်လုပ်ငန်းရှင်အနေနဲ့ကော်ဖီကောင်းတစ်ခွက်ကို အဓိကတန်ဖိုးလို့ထင်မြင်နေချိန်မှာ စားသုံးသူဈေးကွက်က နေရာထိုင်ခင်းကို အဓိကထားတန်ဖိုးလို့မြင်နေတတ်တယ်။ စားသုံးသူ အမြဲမှန်တယ်ဆိုတာ ဈေးကွက်နိယာမပါပဲ။ နိယာမကို လက်မခံနိုင်ရင် လုပ်ငန်း ပြုတ်တတ်တယ်။

✅၃။ မားကက်တင်း ကို စွန်းကောင်းအောင်လုပ်
တန်ဖိုးတွေဘယ်လောက်ပဲ ဖန်တီးထားစေဦးတော့ လူသိမများရင် လုပ်ငန်းမတွင်ပါဘူး။ ဝယ်ယူမှုဆိုတာ သိရှိခြင်းနဲ့စတာပါ။ ကိုယ့်ကုန်ပစ္စည်းတစ်ခုရဲ့တည်ရှိမှု၊ ကိုယ့်လုပ်ငန်းရဲ့တည်ရှိမှုကိုတောင် ဈေးကွက်က မသိရင် ဝယ်ယူမှု ဆိုတာ မဖြစ်နိုင်ပါဘူး။ မားကက်တင်း ဆိုတာ ကိုယ်ဖန်တီးထားတဲ့တန်ဖိုး ကို ဈေးကွက်က သိအောင်၊ မှတ်မိအောင်၊ အသိအမှတ်ပြုအောင်၊ ယုံကြည်အောင်လုပ်ခြင်းပါပဲ။

✅၄။ အရောင်း (Sale) ကို စွန်းကောင်းအောင်လုပ်
ဝင်ငွေမရှိတဲ့လုပ်ငန်းဆိုတာ စီးပွားရေးမဟုတ်ပါဘူး၊ ဝါသနာ လို့ခေါ်ပါတယ်။
ဝင်ငွေဆိုတာ ရှိဖို့အရောင်းဆိုတာ စီးပွားရေးလုပ်ငန်းတိုင်း ရှိကြတဲ့ အပိုင်းကဏ္ဍ ဖြစ်ပါတယ်။
အရောင်းဆိုတာ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ဝင်ငွေရလမ်းကြောင်းဖြစ်ပြီး အသက်သွေးကြောလဲဖြစ်ပါတယ်။ အရောင်းပါးရင် အသက်တိုပါတယ်။ လုပ်ငန်းတစ်ခု အသက်ရှည်ရှည်ရပ်တည်နိုင်ဖို့ဆိုတာ အရောင်းပိုင်းကနေ ဝင်ငွေတစ်သွင်သွင်စီးဆင်းနေဖို့လိုပါတယ်။

✅၅။ တန်ဖိုးလက်ရောက်အပ်နှံ မှု (Value Delivery) ကိုစွန်းကောင်းအောင်လုပ်
လုပ်ငန်းက စားသုံးသူတွေအတွက် တန်ဖိုးကိုဖန်တီးထားတယ်ဆိုပေမယ့် ၊ ဖန်တီးထားတဲ့တန်ဖိုးကို စားသုံးသူလက်ထဲ မထည့်ပေးတတ်ရင် တန်ဖိုးလျော့သွားတတ်ပါတယ်။ ဥပမာအားဖြင့် ဟင်းလျာအရသာကောင်းပေမယ့် စောင့်ရတာကြာတဲ့ ဆိုင်တစ်ဆိုင်လိုပါပဲ၊ စောင့်ချိန်ကြာလေလေ စိတ်ခုလေလေပါပဲ။ လုပ်ငန်းရဲ့Operation အပိုင်း ဆိုတာ Value Delivery ပါပဲ။

✅၆။ လူသားအရင်းအမြစ် (Human ) ကို စွန်းကောင်းအောင်လုပ်
ဈေးကွက်ဆိုတာ လူသားတွေပဲ ဖြစ်ပြီး လုပ်ငန်းဆိုတာလဲ လူသားတွေပဲဖြစ်ပါတယ်။ စားသုံးသူမပါတဲ့ဈေးကွက်ဆိုတာ မရှိသလို၊ ဖန်တီးလုပ်ဆောင်သူမပါတဲ့ လုပ်ငန်းဆိုတာလဲ မရှိပါဘူး။ လုပ်ငန်းတိုင်းအတွက် လူသားအရင်းအမြစ်ဆိုတာ အရေးကြီးပြီး အဓိက ကျတဲ့အရာပါ။ ကောင်းစွာစီမံခန့်ခွဲတတ်ဖို့လိုပါတယ်။

✅ရ။ လည်ပတ်မှုစနစ် (System) ကို စွန်းကောင်းအောင်လုပ်
ကားတစ်စီးကို ခရီးရောက်စေတာဟာ မောင်းနှင်တဲ့ လူသားပါဝင်သလို၊ လီဗာတစ်ချက်နှင်းလိုက်တာနဲ့သူဟာသူလည်ပတ်မယ့် စနစ်ကောင်း တစ်ခုလဲရှိရပါတယ်။ နှစ်ခုစလုံးမပါရင် ခရီးဝေးမရောက်နိုင်ပါဘူး။ ဒါကြောင့် လုပ်ငန်းတစ်ခု ဈေးကွက်ခရီးလမ်းမှာ ကြာကြာရပ်တည်သွားနိုင်ဖို့နဲ့ခရီးဝေးဝေးရောက်နိုင်ဖို့ဆိုတာ လုပ်ငန်းလည်ပတ်မှု စနစ် (System) တစ်ခု ဆိုတာ မရှိမဖြစ်ပါပဲ။

✅၈။ ငွေကြေး (Finance) ကိုစွန်းကောင်းအောင်လုပ်
လုပ်ငန်းတိုင်းမှာ ငွေကြေးကုန်ကျစားရိတ်ဆိုတာ ရှိပါတယ်။ ကုန်ကျစားရိတ်ရှိတဲ့အတွက် လိုအပ်တဲ့ငွေကြေးဆိုတာ ရှိပါတယ်။ လိုအပ်တဲ့ငွေကြေးဆိုတာ ရှိတဲ့အတွက် ဝင်နေမယ့် ငွေကြေး ဆိုတာ လိုအပ်ပါတယ်။ ကုန်ကျစားရိတ်ကို Expenses လို့ခေါ်ပြီး၊ လိုအပ်တဲ့ငွေကြေးကတော့ ရင်းနှီးငွေ (Capital) ဖြစ်ပြီး၊ ဝင်နေမယ့် ငွေကြေးကို Revenue (ဝင်ငွေ) လို့ခေါ်ပါတယ်။ ဝင်ငွေမရှိတဲ့လုပ်ငန်းကို "အလှူ " လို့ခေါ်ပါတယ်။ ဒါကြောင့် ဝင်ငွေတွေ၊ ထွက်ငွေတွေ၊ ရင်းနှီးငွေ တွေကို စနစ်တစ်ကျဖြစ်အောင်လုပ်ဖို့လိုပါတယ်။

လုပ်ငန်းများ စွန်းကောင်းပြီး စွန်းဖြစ်ထွန်းကြပါစေခင်ဗျာ။ ။

#မာသင်
In search of Impactful Existence

28/12/2022

Preorder (prepaid) ကြိုကောက်ပါတယ် ရှင့်
ကြာချိန်ကတော့ ၃ပတ်ပါ စောင့်နိုင်မှ မှာပေးပါရှင့်
ထိုင်းမှာ တအား‌ေရာင်း‌ေကာင်းပြီးနာမည် ကြီးနေတဲ့ အစွန်းအထင်းချွတ်‌‌ေဆးရည်ပါရှင့်
တဘူး ကို ၅၅၀၀ ကျပ်ပါရှင့် (bkk direct )

Depex Bleach ထိုင်းနိုင်ငံရဲ့ No.1 ရောင်းအားအကောင်းဆုံး ဖြစ်တဲ့ချွတ်ဆေးရည်လတ်တလော ထိုင်းမှာအရမ်း နာမည်ကြီးနေပြီး review ...
27/12/2022

Depex Bleach

ထိုင်းနိုင်ငံရဲ့ No.1 ရောင်းအားအကောင်းဆုံး ဖြစ်တဲ့ချွတ်ဆေးရည်

လတ်တလော ထိုင်းမှာအရမ်း နာမည်ကြီးနေပြီး review တွေလည်းရှယ်ကောင်းတာနော်

အသုံးအဆောင်ပေါ်မှာ ဖားဥစွဲတာတွေ၊ မဲညစ်နေတာတွေ၊ မှိုစွဲနေတာတွေ၊ ညစ်ပေပြီး ဝတ်မရ၊သုံးမရဖြစ်နေတဲ့ အစွန်းအထင်းအညစ်အကြေးမှန်သမျှတွေကို အံ့ဩစရာကောင်းလောက်အောင်ကို သန့်စင်သွားစေတဲ့ချွတ်ဆေးလေး

ဒါလေးနဲ့ချွတ်ပြီးရင် အိမ်မှာညစ်ပေလွန်းလို့၊ ချွတ်မရလို့ ပစ်ထားရတဲ့ ဦးထုပ်၊ ခေါင်းအုံး၊ ကလေးအသုံးအဆောင် ခုံလေးတွေ၊ အခင်းလေးတွေ မှန်သမျှ ပြန်သုံးလို့ရပြီနော်

အသုံးပြုနည်းလေးကတော့
၁။ ချွတ်မယ့်ပစ္စည်းလေးကို ဆပ်ပြာမှုန့်/ ဆပ်ပြာဆီကြိုက်ရာနဲ့ အရင်လျှော်မယ်

၂။ရေဆေးပြီးရင် ကိုယ်ချွတ်ချင်တဲ့နေရာလေးတွေကို အစွန်းချွတ်ဆေးအရည်လေးဖြန်းပြီး စိမ်ပြီးရင် brush လေးနဲ့ ပွတ်တိုက်လျှော်ရုံနဲ့ ပြန်လည်သန့်စင်သွားစေမှာနော်။ အဲ့အချိန်မှာ လက်အိတ်လေးသုံးဖို့‌တော့ recommended လေးပေးချင်ပါတယ်။


တစ်ဘူး5500ကျပ်နဲ့ရောင်းပေးနေပါတယ်
နှစ်ဘူးယူရင်10000ကျပ်ပဲပေးပါနော်
ထိုင်းနိုင်ငံတိုက်ရိုက်လေးမို့2/3ပတ်စောင့်ပေးကြပါရှင့်
Commentမှာ 1ယူ 2ယူ မန့်ပေးကြပါ

ကြာစွယ်မှုန့်ပရိုးမိုးရှင်းပြီးသွားလည်းအားလုံးကိုဒီဈေးနဲ့ပဲရောင်းပေးပါ့မယ်တစ်ဘူး6000ကျပ်(လက်ကျန်သိပ်မရှိတော့လို့သွက်သွက်...
27/12/2022

ကြာစွယ်မှုန့်ပရိုးမိုးရှင်းပြီးသွားလည်းအားလုံးကိုဒီဈေးနဲ့ပဲရောင်းပေးပါ့မယ်
တစ်ဘူး6000ကျပ်(လက်ကျန်သိပ်မရှိတော့လို့သွက်သွက်လေးနော်)

Promotion ကြီးက မပြီးသေးဘူးနော် သဲတို့ရေ မင်မင် တို့ ကံစမ်းမဲလေးတွေ လုပ်ပေးဖို့လဲရှိပါတယ် ရှင့်(ဆိုင်တွင်လာရောက်ဝယ်ယူလို...
23/12/2022

Promotion ကြီးက မပြီးသေးဘူးနော် သဲတို့ရေ မင်မင် တို့ ကံစမ်းမဲလေးတွေ လုပ်ပေးဖို့လဲရှိပါတယ် ရှင့်
(ဆိုင်တွင်လာရောက်ဝယ်ယူလိုသူများ အမှတ်37/16လမ်းအောက်လမ်း/လမ်းမတော်မြို့နယ်/ရန်ကုန်မြို့တွင်လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။
ဖုန်းဆက်၍ဖြစ်စေ၊ messenger တွင်ကြိုတင်အော်ဒါတင်၍ဖြစ်စေ
ပစ္စည်းချန်ခိုင်းထားနိုင်ပါသည်။
အော်ဒါတင်ပြီးဘယ်ရက်လာယူမည်ကြိုချိန်းနိုင်ပါသည်။
ချိန်းထားရက်တစ်ရက်ကျော်ပါကပစ္စည်းမချန်ထားတော့ပါ။
အားပေးသူတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်။)

ကိုယ့် အသဲတွေကတော့အဲ့သလို မဟုတ်ပါဘူးနော် ဟုတ်တယ် မလား 😬
09/12/2022

ကိုယ့် အသဲတွေကတော့အဲ့သလို မဟုတ်ပါဘူးနော် ဟုတ်တယ် မလား 😬

အမရေ ခရီးသွားစရာလေးရှိလို့ မှာထားတာလေးးး
Cancel လို့ရလား ဒါမှမဟုတ် နောက်အပတ်လောက်မှ
ပို့လို့ ရ ***ရ
အော် ညီမလေးးး ရတယ်
အမတို့ ညကတည်းက
ညီမလေး အိမ်ရှေ့ ခရီးအမှီ လာစောင့်အိပ်နေတာ
အိမ်ရှေ့ထွက်တာနဲ့ တက်နင်းလိုက် သိလား
အားမနာနဲ့
အဲတာ အစ်မတို့ပဲ
ညီမလေးတို့ ပို့ခါနီး ခရီးသွားတတ်လို့
လာအိပ်စောင့်ပြီးပို့တာ 🥴

09/12/2022

အမေရိကန် မှာရှာတဲ့ငွေ မြန်မာပြည်မှာလာဖြူန်းတီး
ရင် မြန်မာငွေနဲ့တွက်ရင် များတယ်လို့ထင်‌ရပေမယ့်
သူဌေးလိုနေလို့ရပေမယ့်

ဒီငွေက်ို အမေရိကမှာပဲ နိုင်ငံခြားမှာပဲ ဖြူန်းတီးရင်
ချွှေတာ မသုံးတတ်ရင် လမ်းဘေးရောက်သွားမယ်
ဆိုတာလေး သိထားပါ

အမေရိက နဲ့ တိုးတက်ပြီး နိုင်ငံ‌တွေမှာ လူတွေကို
လစာများများပေးထားတာ မဟုတ်ပါဘူး
သူ့အိုးနဲ့သူ့ဆန် တန်သလောက်ပဲ ပေးထားတာပါ

မြန်မာပြည်က ဆင်းရဲလို့ အလုပ်ရှင်တွေကလုပ်ခလစာကို တန်အောင် မပေးကြလို့ ၊ ငွေကြေးဖောင်းပွလို့ ၊
ငွေတန်ဖိုးနိမ့်ကျနေလို့သာ နိုင်ငံခြားငွေနဲ့လဲရင်
ပိုက်ဆံအများကြီးရ‌တယ်လို့ ထင်‌နေရတာပါ

ဒါကြောင့် နိုင်ငံကောင်းကောင်းတစ်ခုကို ရောက်လာရင်
ချွှေတာသုံး ချွှေတာစားတတ်တဲ့ အကျင့်လေးကို မွေးပါ

အမှန်ရေးလို့ ရွှာပြင်ရောက်လည်း ရွှာပြင်ကနေရေး
နေမှာပါပဲ

Like and Share နဲ့အားပေးနိုင်ပါတယ်

ကိုလင်း USA ရေးသားသည်

ဟင်
08/12/2022

ဟင်

မင်မင့်အသဲလေးတွေဘယ်လိုဈေးဝယ်ကြသလဲမင်မင်ကတော့မိန်းကလေးပီသပါတယ်ရှင့်
06/12/2022

မင်မင့်အသဲလေးတွေဘယ်လိုဈေးဝယ်ကြသလဲ
မင်မင်ကတော့မိန်းကလေးပီသပါတယ်ရှင့်

☃️Christmas☃️ ကာလလေးအမှီလာပါပြီနော် မူရင်းဈေး 7000ရောင်းတဲ့ကြာစွယ်မှုန့်လေးကို ယခု promotion ကာလအတွင်းမှာ ယူမည့် custome...
03/12/2022

☃️Christmas☃️ ကာလလေးအမှီလာပါပြီနော်
မူရင်းဈေး 7000ရောင်းတဲ့ကြာစွယ်မှုန့်လေးကို ယခု promotion ကာလအတွင်းမှာ ယူမည့် customer တိုင်: 6000ကျပ်ဖြင့်ရောင်းချပေးပါမယ် ရှင့် 🥰
မှာယူလိုပါက page cb သို့ အမည် နေရပ်လိပ်စာ ဖုန်းနံပါတ်အပြည့်အစုံ (သို့)
📱09781091482 ; 09760511394 သို့ ဆက်သွယ် မှာ ယူနိုင်ပါတယ်ရှင့်

😁😁
26/11/2022

😁😁

🌽အနံ့သင်းသင်းလေးနဲ့ အစေ့အဆံမကြိုက်သူများ  ဆီးချိုရှိလို့အချိုမတည့်သူများအထူးသင့်တော်(အချိုပါမှကြိုက်သူများ ပျားရည်/သကြား...
14/11/2022

🌽အနံ့သင်းသင်းလေးနဲ့ အစေ့အဆံမကြိုက်သူများ ဆီးချိုရှိလို့အချိုမတည့်သူများအထူးသင့်တော်(အချိုပါမှကြိုက်သူများ ပျားရည်/သကြားနှစ်သက်ရာထည့်သုံးဆောင်နိုင်သည်)
တစ်ဘူး၇၀၀၀ကျပ်

နာမည်တွေကြီးပြီးရောင်းအားအလွန်ကောင်းနေတဲ့ကြာစွယ်မှုန့်လေးတွေရမယ်ဗျို့တစ်ဘူး-7000ကျပ်သူရဲ့ကောင်းကျိုးလေးတွေက 📌ဝမ်းမှန်စေခ...
11/11/2022

နာမည်တွေကြီးပြီးရောင်းအားအလွန်ကောင်းနေတဲ့ကြာစွယ်မှုန့်လေးတွေရမယ်ဗျို့
တစ်ဘူး-7000ကျပ်
သူရဲ့ကောင်းကျိုးလေးတွေက
📌ဝမ်းမှန်စေခြင်း
📌အပူအပုတ်ကျစေခြင်း
📌ဝိတ်ထိန်း‌ေနသူတွေ အတွက် အစာခံခြင်း
📌စိတ်ကိုကြည်လင်လန်းဆန်းစေခြင်း
📌သွေးတိုးကော ဆီးချိုသမားပါ စားလို့ရပါတယ်ရှင့်
📌တနေ့ကို ၁ကြိမ် မှ ၂ကြိမ်ထိ သောက်သုံးနိုင်ပါတယ်ရှင့်
အများဈေးလေးလဲ ရှိပါတယ် ရှင့် cb
ရန်ကုန်မြို့တွင်း ပို့ခ 1500/2000/2500 ဖြင့်ပို့ဆောင်ပေးနေပါတယ်ရှင့်
မှာယူလိုပါက 📱09781091482 / 09760511394 (or) page chat box တွင်မှာယူနိုင်ပါတယ် ရှင့်

11/11/2022

Nonstop Online လေးက အရောင်းပိတ်ခံထားရလို့ ဒီpage လေးကနေ တင်ရောင်းပါမယ်ရှင့် ကာကာတို့ရေ

Address

Lanmadaw

11131

Website

Alerts

Be the first to know and let us send you an email when K&C Convenience Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share