Zay Zay Aung

Zay Zay Aung good work gooded

29/12/2021
Hygiene ကိုသုံးဖူးသူတိုင်းကြိုက်ကုန်ပြီ။မင်မင်လဲ hygienE မှ့ ဟိုက်ဂျင်းပါဘဲနော်။နီးစပ်ရာ စတိုးတွေမှာဝယ်သုံးကြနော်။
12/08/2021

Hygiene ကိုသုံးဖူးသူတိုင်းကြိုက်ကုန်ပြီ။
မင်မင်လဲ hygienE မှ့ ဟိုက်ဂျင်းပါဘဲနော်။နီးစပ်ရာ စတိုးတွေမှာဝယ်သုံးကြနော်။

Congra!bro.သူ့ရဲ့ မိန်းမကို မလှမပ တရုတ်မလို့ ဝေဖန်ကြတဲ့အပေါ် တုန့်ပြန်လာတဲ့ မက်ဇူကာဘတ်၊ ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ နံပါ...
29/07/2021

Congra!bro.
သူ့ရဲ့ မိန်းမကို မလှမပ တရုတ်မလို့ ဝေဖန်ကြတဲ့အပေါ်
တုန့်ပြန်လာတဲ့ မက်ဇူကာဘတ်၊ ကမ္ဘာ့အချမ်းသာဆုံး
စာရင်းရဲ့ နံပါတ် ငါး နေရာ ရထားသူ
( ဖေ့စ်ဘုတ်တည်ထောင်သူ )
ဇူကာဘတ်ရဲ့ ဘဝလက်တွဲဖော် အိမ်ထောင်ဖက် ရွေးချယ်ခဲ့ပုံ

တော်တော်များများမေးကြတယ်ဗျ။
(သူတို့အပြောအရပေါ့လေ) ဒိတ်ဒိတ်ကြဲသူဋ္ဌေးကြီးက
မလှမပတရုတ်မတစ်ယောက်ကို ဘာအတွက် ယူရတာလဲတဲ့။

ကျနော်ဟာ (သူတို့အမြင်အရပေါ့) ကျနော့်ရဲ့လက်ရှိမိန်းမ
ပရက်စီလာချန်ထက် ပိုသာတဲ့အမျိုးသမီးတစ်ယောက်
ရနိုင်သလို ရလည်းရသင့်တယ်ပေါ့။

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဦးဆုံးအနေနဲ့ လှတဲ့အမျိုးသမီးဆိုတာဘယ်လို မလှတဲ့အမျိုးသမီးဆိုတာဘယ်ပုံ ဆွေးနွေးချင်ပါတယ်။ ပြောရရင် ကျနော့်အနေနဲ့ လှပါတယ်ဆိုတဲ့အမျိုးသမီးတော်တော်များများနဲ့ ဆုံဖူးပါတယ်။

အတော်များများကလည်း ကျနော့်ဇနီးမယား
ဖြစ်ချင်ကြတာပါပဲ။ ဒါပေမယ့် မိန်းမလှတွေလို့
ပြောလို့ရတဲ့သူတို့တွေရဲ့ စိတ်နှလုံးသားဟာ
ဖန်သားပြင်လိုပဲ ကွဲကြေလွယ်တယ်။

မာနကြီးသလောက်ခေါင်းမရှိတဲ့ ဘုရင့်သမီးတော်တစ်ပါးလိုပေါ့ "ရှင်ဒီလောက်ချမ်းသာတာ ကားလေးဘာလေးပြောင်းမစီးတော့ဘူးလား" မေးနေတော့တာပဲ။

သူတို့ဟာ သူဋ္ဌေးတစ်ယောက်ရဲ့ကတော်ဆိုတာထက်ပိုတဲ့ တောင်းဆိုမှုတွေအဆက်မပြတ်လာမှာဖြစ်ပြီး
အထက်တန်းလွှာလူ့မလိုင်ပတ်ဝန်းကျင်မှာ
ဝင်ဆံ့ချင်ယုံ ရည်ရွယ်တယ်။

ဒီလိုအမျိုးသမီးတွေကို အလကားပေးလည်း
ကျနော်မယူချင်ဘူး ရုပ်ဆိုးတယ်လို့ကျနော်ထင်လို့။

“အသွင်အပြင်အလှက အသက်အပိုင်းအခြားခဏလေးဖြစ်ပြီး အတွင်းသားအလှကတော့ အသက်အရွယ်ရလာလေလေ တန်ဖိုးတက်လာလေလေ” ဆိုတဲ့ တရုတ်ဆိုရိုးတစ်ခုရှိတယ်။

ဒါကြောင့် ခဏလေးနဲ့တန်ဖိုးကျသွားမယ့်အရာတွေနဲ့
မနွယ်မိဖို့ရှောင်တာပါ။ ဒီနေရာမှာ မေးခွန်းတစ်ခု
ထွက်လာပါတယ်။ ကျနော့်မိန်းမ ပရက်စီလာချန်ကို
ဘာလို့သဘောကျနှစ်ခြိုက်ရလဲ ဆိုတာပါ။

“အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာအမူအရာမှာ
စိတ်နှလုံးသားရဲ့ ရောင်ပြန်ဟပ်မှုရှိတယ်” သူ့အပြုံးက
ကျနော့်ကို အမြဲမှင်သက်စေတယ်။ ကိုယ်ဝန်ရတော့
ပရက်စီလာဟာ မျက်နှာပေါ်မှာရှုတ်ရှုတ်
ယှက်ယှက်တွေတောင် မခြယ်တော့ဘူး။

အဝတ်အစားနဲ့အလှအပဆိုတာ ပဓါနမဟုတ်တော့ဘူး။
ဒါပေမယ့် သူ့ရဲ့အေးချမ်းပျော်ရွှင်မှုကို ကျနော်အပါအဝင်
မြင်ရသူတိုင်းရရှိခံစားရတယ်ဗျာ။

ကျနော် သူ့ရိုးရှင်းမှုနဲ့ အသွင်အပြင်ကို သဘောကျတယ်။
သူ့မှာ စိတ်အားထက်သန်မှု ဉာဏ်ပညာ ရဲရင့်မှု
ချစ်ခြင်းမေတ္တာ ခေါင်းဆောင်နိုင်မှုတွေ ရှိတဲ့အပြင်
တခြားသူတွေကိုလည်း မြှင့်တင်ပေးနိုင်စွမ်းရှိတယ်။

သူရှိနေရင် တခြားအရာတွေပါ ကျနော်တန်ဖိုးထားတတ်လာသလို ပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုလည်းရစေတယ်လေ။

ပရက်စီလာဟာ ကျနော့်ကိုခုတုံးလုပ် ကြွားလုံးထုတ်
မော်ကြွားမယ်လို့ တစ်ခါမှမခံစားမိဘူး။
ဉာဏ်ရည်ဉာဏ်သွေးမြှင့်မားသလို
စိတ်အရည်အသွေးလည်းမြှင့်သူပါ။

သူက ဟားဗတ်တက္ကသိုလ်က ဆေးပညာနဲ့
ဘွဲ့ရလာသူဆိုတာလည်း လူကြီးမင်းတို့မေ့မထားသင့်ပါဘူး။ လူအတော်အများများ အဓိကယူကြတဲ့ ဆေး ဥပဒေ
စီးပွားရေးဘာသာရပ်တွေနဲ့ လူကြီးမင်းဟာ
တက္ကသိုလ်ဝင်ခွင့် ရနိုင်ပါတယ်။
ဝင်ခွင့်အောင်တယ်ဆိုရင်တောင်
ထူးထူးချွန်ချွန်ဘွဲ့ရဖို့တော့ မလွယ်ဘူးလေ။
အဲ့ဒီတော့ ကိုယ်ရည်သွေးပြပါဆိုရင် ကျနော့်ထက်
ပရက်စီယာကပိုတောင် သာနေတယ် မလား။

အိမ်ထောင်ရေးဆိုတာ_ဖိနပ်တစ်ရံလိုပါ။ စီးတဲ့သူကလွဲ
ဘယ်သူကများ စီးလို့ကောင်းမကောင်း သိဦးမှာလဲ။
သူသာ ကျနော့်အတွက်အသင့်တော်ဆုံးဖြစ်ပြီး
သူသာကမ္ဘာပေါ်မှာ ကျနော့်ရဲ့အကောင်းဆုံးစံထားရမယ့် ဘက်ညီတဲ့တစ်ခြမ်းပါ။

ပရက်စီလာနဲ့စသိတာ ရေအိမ်အသွား လူအုပ်ကြားမှာပေါ့။
သူ့မျက်လုံးထဲမှာ ကျနော်ဟာ ကိုယ့်အလုပ်ကိုပဲအာရုံစိုက်တဲ့ ကြောင်စီစီလူတစ်ယောက်ထက် မပိုဘူး။

အဲ့ဒီအခိုက်အတန့် ကျနော့်နှလုံးသားက ပြောလိုက်တယ်
“ဒါ ငါ့ဘဝလက်တွဲဖေါ်” လို့ပေါ့။

လူကြီးမင်းရဲ့မျက်လုံးထဲမှာ ပရက်စီလာက မလှဘူးပေါ့။
ကျနော့်မျက်ဝန်းထဲတော့ ကျနော်နဲ့ရှေ့သွားနောက်လိုက်အညီဆုံး မိန်းမလှတစ်ယောက်ပါပဲ။

ကျနော်ကိုယ်တိုင် ပရက်စီလာနဲ့တွဲရိုက်ထားတဲ့
ဓါတ်ပုံလေးတွေမှာ သဘာဝကျပြီးအေးချမ်းတဲ့
ပျော်ရွှင်မှုမျိူးပေါ်နေတာ ထိန်ချန်ထားလို့ကိုမရပါဘူး။

“ #ရိုးရှင်းမှုဟာအလှတရားပါ ”
မက်ဇူကာဘက်
(“ဖေ့စ်ဘုတ်”ထူထောင်သူ)
Photo Internet

အိမ်ထောင်ပြုပြီးသူများနှင့်
အိမ်ထောင်မပြုရသေးတဲ့လူငယ်များအတွက်ပါ
ကိုယ့်အိမ်ထောင်ဖက်ကိုဘယ်လိုတန်ဖိုးထားသင့်လဲ?
ဘယ်လိုသတ်မှတ်ပြီးရွေးချယ်သင့်လဲ? ဆိုတာတွေကို
သိရှိစေဖို့ရန်အတွက် WCBF TEAM MMR မှ
#အယူမမှားရအောင်မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်

09/07/2021

Covid ကြီးကတော့ မပြန်သေးဘူး။😌

Address


Alerts

Be the first to know and let us send you an email when Zay Zay Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share