Thiha Naing Store

  • Home
  • Thiha Naing Store

Thiha Naing Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thiha Naing Store, Convenience Store, သောင်ကြားလမ်းမ, .

29/03/2021

CRPH နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက မန္တလေးတိုင်းဒေသကြီး၊ မီးဘေးသင့်ပြည်သူများအား
ကူညီထောက်ပံ့
၂၉ မတ်လ ၂၀၂၁
------------------------------------------------------------------

၂၀၂၁ခုနှစ်၊ မတ်လ(၂၇)ရက်နေ့၊ ညပိုင်း၌ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (၅၇x ၅၆)၊ (၁၁၇x၁၁၆)လမ်းကြားတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၇၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ(၂၅၇)ဉီး အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်ရှိခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နိုင်ငံ အတွင်း ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားကြရသည့် ဘေးသင့်ပြည်သူများကို မည်သည့် နည်းလမ်းနှင့်မဆို ခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာမှုအကူအညီများကို ထောက်ပံ့ပေးခဲ့ သော ဝန်ကြီးဌာနတစ်ခုဖြစ်ပါသည်။

လက်ရှိစစ်အာဏာသိမ်းကာလအတွင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အောက်တွင် ဝန်ကြီးဌာန၏ပင်မလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရာ၌ အခက် အခဲ အတားအဆီးမျိုးစုံနှင့် ခြိမ်းခြောက်ရန်ပြုမှုပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါသည်။

စစ်အာဏာသိမ်းမှုကြောင့် လူဖန်တီးသည့် ဘေးဒုက္ခပေါင်းစုံကို ကြံ့ကြံ့ခံရင်ဆိုင်နေကြသည့် အခြေအနေတွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ပြည်သူလူထုအနေဖြင့် တစ်ပူပေါ် နှစ်ပူ ဆင့်ဆိုသလို ထိခိုက်ခံစားကြရပါသည်။ မီးဘေးဖြစ်ပွားခဲ့ခြင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကြရ သည့် ပြည်သူများအတွက် အထောက်အပံ့ဖြစ်စေရန်အလို့ငှာ ဝန်ကြီးဌာနအနေဖြင့် အခက် အခဲများကြားမှ ဘေးသင့်အိမ်ထောင်စုများအား ငွေကျပ်သိန်း(၇၀)ကို ပြည်သူများမှ တစ်ဆင့် ထောက်ပံ့ပေးခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် စစ်အာဏာသိမ်းမှုအတွင်း သေဆုံးခဲ့ရသူများ၊ ထိခိုက် ဒဏ်ရာရရှိခဲ့သူများ၊ ညှဉ်းပမ်းနှိပ်စက်ခံရသူများ၊ မတရားဖမ်းဆီးခံရသူများ၊ ဒုက္ခခံစား ကြရသည့် ကလေးသူငယ်များ၊ မသန်စွမ်းများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးနှင့်အတူ တစ်သွေးတစ်သားတည်း ရပ်တည်လျက် ရှိပါကြောင်းနှင့် ဘေးသင့်ပြည်သူများအတွက်လည်း ထောက်ပံ့ ကူညီမှုများကို လိုအပ်သလို့ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

02/03/2021

CRPH ယာယီအစိုးရ စတင်ဖွဲ့စည်း
=================

CRPH က ပြည်ထောင်စုဝန်ကြီး ၄ ဦးကို ခန့်အပ်ကြောင်း ဒီနေ့ မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်ဇင်မာအောင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး၊
ဦးလွင်ကိုလတ် သမ္မတရုံး ဝန်ကြီးဌာန၊ဦးတင်ထွန်းနိုင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊

ဒေါက်တာဇော်ဝေစိုး အလုပ်သမား လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဦးတင်ထွန်းနိုင်နှင့် ဒေါက်တာဇော်ဝေစိုးတို့က ဝန်ကြီးဌာန သုံးခုစီ အသီးသီးတာဝန်ယူထားရပါတယ်။

02/03/2021
ဖိနပ်လဲမသုတ်ခိုင်းဘူး  ထမိန်လဲမလျှော်ခိုင်းဘူး စားပွဲလဲမထိုးခိုင်းဘူး ထီးလဲမမိုးခိုင်းဘူးလူကြီးလာလို့လမ်းလဲသီးသန့်မဖယ်ပေ...
14/02/2021

ဖိနပ်လဲမသုတ်ခိုင်းဘူး ထမိန်လဲမလျှော်ခိုင်းဘူး
စားပွဲလဲမထိုးခိုင်းဘူး ထီးလဲမမိုးခိုင်းဘူး
လူကြီးလာလို့လမ်းလဲသီးသန့်မဖယ်ပေးရဘူး
ဟောက်စားလဲမလုပ်ဘူး
ကိုယ်ကဖျာပေါ်ထိုင်လို့ သူပါဖျာပေါ်ထိုင်တဲ့သူမျိုး
လူကိုလူလိုဆက်ဆံသူမျိုး မလိုချင်ကြဘူးလားဗျာ

Edit

အကြောက်တရားနဲ့ အုပ်ချုပ်ခံ
စစ်အာဏာထက် မေတ္တာနဲ့ အုပ်ချုပ်တဲ့အစိုးရ
လက်အောက်မှာသာ လူသားစိတ်ရှိစွာ အမှုထမ်း
လိုပါတယ်ဆိုရင် ရဲဝန်ထမ်းအားလုံးတညီတညွှတ်
တည်း နုတ်ထွက်လိုက်ကြပါ၊
ခဏလေးသီးခံပြီး ပြည်သူနဲ့ ပူးပေါင်းလိုက်ပါ
အရေးတော်ပုံပြီးတဲ့အခါ ပြည်သူတင်တဲ့အစိုးရ
ပြည်သူကို ရင်ဝယ်သားပမာအုပ်ချုပ်စေတနာထား
တဲ့ အစိုးရက ခင်ဗျားတို့ကို ပစ်ထားမှာမဟုတ်ပါဘူး

ဝန်ထမ်းအားလုံးကိုလည်း ရာထူး နှစ်ဆတိုးပေး
မယ့်အပြင့် ဂုဏ်ထူးဆောင်ဘွဲ့တွေပါချီးမြင့်အုံးမှာပါ၊ မြန်မာပြည်ရဲ့အမှန်တရားဘက်တော်သား
ရဲ တပ်ဖွဲ့ သမိုင်း နောင်ခေတ်အဆက်ဆက်အတွက်
မရိုင်းရအောင်
ပြည်သူ့အစိုးရနဲ့ ပြည်သူ့အတွက်သာ
အမှုတော်ထမ်းမယ့် ပြည်သူချစ်ခင်လေးစားရတဲ့
ရဲ တပ်ဖွဲ့အဖြစ်ရှိပေးပါ၊ ပြည်သူတွေနဲ့ ပူးပေါင်း
ပြီး စစ်အာဏာရှင် စနစ်ဆိုးကြီးကို တော်လှန်ပေး
ပါကြပါလို့ ရဲ ဝန်ထမ်းအားလုံးကို မေတ္တာရပ်ခံပါတယ်။

#မရှယ်ကြပါနဲ့ဗျာ
#ပြည်သူ့ရဲပါလို့ခံယူထားခဲ့တဲ့
#ရဲသားကြီးတွေမြင်အောင်
#ပုံကောပို့စ်ပါကော်ပီယူပြန်တင်ပေးကြပါ
#မြန်မာပြည်ကြီးကိုစစ်အာဏာရှင်စနစ်ဆိုးအောက်ကပြည်သူနဲ့အတူပေါင်းလို့ကယ်တင်နိုင်ပါစေ
#ရဲတပ်သားတို့ရေ

14/02/2021
"လူတွေကအများအားဖြင့်စိတ်ချမ်းသာချင်ကြသူတွေချည်းပါပဲဒါပေမဲ့ကိုလိုချင်တာဘာလဲကိုဘာသာမသဲကွဲတော့ဘာကိုရှာရမလဲတိတိကျကျမသိကြဘူးအ...
06/12/2020

"လူတွေကအများအားဖြင့်စိတ်ချမ်းသာချင်ကြသူတွေချည်းပါပဲဒါပေမဲ့ကိုလိုချင်တာဘာလဲကိုဘာသာမသဲကွဲတော့ဘာကိုရှာရမလဲတိတိကျကျမသိကြဘူးအဲတော့သေသာသွားတယ်ဘာမှမတွေ့သွားကြဘူး..."
ဆရာဖေမြင့်စာအုပ်မှကောက်နုတ်သည်

ဗေဒါနှင့်ကြာတစ်ခါကဗေဒါနဲ့ကြာတို့ဆုံကြတယ်ဆုံတော့အချင်းချင်းမိတ်ဆက်ပြီးဗေဒါကကျွန်တော်ကပင်လယ်ပြင်လဲသွားဖူးတယ်ရေစီးသန်တဲ့မြစ...
06/12/2020

ဗေဒါနှင့်ကြာ
တစ်ခါကဗေဒါနဲ့ကြာတို့ဆုံကြတယ်
ဆုံတော့အချင်းချင်းမိတ်ဆက်ပြီး
ဗေဒါကကျွန်တော်ကပင်လယ်ပြင်လဲသွားဖူးတယ်
ရေစီးသန်တဲ့မြစ်ထဲလဲဖြတ်ဖူးတယ်ချောင်းထဲမြောင်းထဲလဲရောက်ဖူးတယ်လိုဆိုတယ်
ဒီအခါမှာကြာကစကားတစ်ပြောလိုက်တယ်
မင်းအမြစ်မခိုင်သမျှကာလပတ်လုံးဘယ်တော့မှ
ဘုရားပန်းဖြစ်လာမှာမဟုတ်ဘူးလိုပြောလိုက်တယ်
ဆုံးဖြတ်ချက်တွေ ရည်မှန်းချက်တွေ မခိုင်သမျှ
မျောချင်ရာမျောနေဦးမှာပဲ..........
လောကကိုအလှဆင်နိုင်ကြပါစေ😊😊😊
စိတ်ကူးဖြင့် ကျွန်တော် 💙💙💙

နာမည်ကြီး bioaqua တံဆိပ် ရှားစောင်း gelBIOAQUA တံဆိပ်ကိုမှ ကြိုက်တဲ့ ချစ်တွေအတွက်  Aloe Vera 92% Gel Price - 2500ks သဘာဝ...
12/02/2020

နာမည်ကြီး bioaqua တံဆိပ် ရှားစောင်း gel
BIOAQUA တံဆိပ်ကိုမှ ကြိုက်တဲ့ ချစ်တွေအတွက် Aloe Vera 92% Gel
Price - 2500ks

သဘာဝ organic ရှားစောင်းပင်စစ်စစ် လေးများဖြင့်
အကောင်းမွန်ဆုံးပေါင်းစပ်ထုတ်လုပ်ထားသော Soothing & Moisture Aloe Vera Gel 92% လေးကို အသားအရေကလေးများ အမြဲအေးမြ ကြည်လင် နူးညံ့ လန်းဆန်း စေရန်အတွက် မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။

One Product = Eight Uses

1 😊 မိတ်ကပ် ၂ဆ gel ၁ဆ(၂း၁)လိမ်းခြယ်ပေးပါက မိတ်ကပ်သား ညီညာပြီး အသားအရေကို အေးမြစေပါသည်။

2 😴 ညအိပ်ယာမ၀င်ခင် မျက်နှာသစ်ပြီးနောက် gel ကလေးကို လိမ်းပေးပြီး ပေါင်းတင်နိုင်ပါတယ်။

3 😄 နေလောင်ဒဏ်၊ အပူလောင်ခြင်းဒဏ်၊ အသားအရေ ခြောက်သွေ့ခြင်းများကို ကာကွယ်ပေးပြီး အသားအရေအား အေးမြစိုပြေ လန်းဆန်းစေပါသည်။

4 😉 အမျိုးသားများ မုတ်ဆိတ်ရိတ်ပြီးနောက် လိမ်းပေးခြင်းဖြင့် အသားအရေအား ကြည်လင်အေးမြ စိုပြေစေပါသည်။

5 😚 အိပ်စက်အနားယူမည့် အချိန်တွင် gel အား cotton pad ပေါ်သုတ်လိမ်းပြီး မျက်ခွံများပေါ်တွင် မိနစ်အနည်းငယ် အုပ်ပေးခြင်းဖြင့် မျက်လုံးအာရုံကြောများ အညောင်းအညာပြေလျော့စေပါသည်။ အိပ်ယာမှ နိုးထချိန်တွင် အုပ်ပေးခြင်းဖြင့် မျက်လုံးအောက် ဖောင်းခြင်းများကိုလည်း ပြေလျော့သက်သာစေပါသည်။

6 😍 ဆံသားလေးများပေါ်သို့ လိမ်းပေးလိုက်ပါက စေးကပ်မှုမှရှိဘဲ ဆံသားလေးများကို နူးညံ့ပျော့အိ စေပြီး ဆံနှစ်ခွဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ အမျိုးသားများလည်း Hair Gel အဖြစ် သုံးစွဲနိုင်ပါသည်။

7 😃 လက်သည်းခြေသည်းများပေါ်သို့ သုတ်လိမ်းပေးပါက လက်သည်းလေးများ ၀ါခြင်း၊ ကျိုးခြင်း တို့ကိုသက်သာစေပြီး လိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်းပေးပါသည်။ လက်သည်းနီ မဆိုးမီ gel ကိုသုတ်လိမ်းပေးနိုင်ပါသည်။

8 😄 နေလောင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အနီကွက်များပေါ်သို့ gelကို လိမ်းပေးခြင်းဖြင့် ချက်ချင်း သက်သာအေးမြစေပြီး မူလအသားအရေအတိုင်း ပြန်လည်ရရှိစေပါသည်။ နွေအခါတွင် အသက်အရွယ်မရွေး မိတ်များပျောက်ကင်းစေရန် အသုံးပြုနိုင်ပါသည်။

🌺🌺🌺💥rorec  BB cream & နို့ရည် မိတ်ကပ်(2မျိုးတွဲ​ဗူး​လေး)4000💥💥baby skin နို့ မိတ်ကပ်ရည်တွင်> ပန်း/အပြာ နှစ်​ဖက်​ရှိပါတယ...
12/02/2020

🌺🌺🌺
💥rorec
BB cream & နို့ရည် မိတ်ကပ်(2မျိုးတွဲ​ဗူး​လေး)

4000

💥💥baby skin နို့ မိတ်ကပ်ရည်တွင်
> ပန်း/အပြာ နှစ်​ဖက်​ရှိပါတယ်
> တစ်​ဖက်​က မိတ်​ကပ်​ရည်​ bb cream ဖြစ်​ပီး
> ​နောက်​တစ်​ဖက်​​က​တော့ နို့ရည်​ ပါတဲ့ primerပါ
> ၂ ခုပေါင်းရောလိမ်းလိုက်ယုံ ပါ။
> တစ်​ဘူးထဲဝယ်​လိုက်​ရုံနဲ့ ပြီးပြည့်​စုံသွားမဲ့ 2in1bb cream ဘူး​လေးပါ။ ​နော်​..
နို့ရည်​သီးသန့်​ မိတ်​ကပ်​သီးသန့်​ ဘာသုံးရမှန်း မသိ..
တံဆိပ်​အမျိုးစားမတူရင်​မတည့်​ ဖြစ်​မှာစိုး​နေတဲ့သူ​တွေ.. တစ်​ဗူးထဲ ၂ မျိုးတွဲ ပါတာမို့စဉ်းစား မ​နေနဲ့​တော့​နော်​.
အရမ်းလဲတန်​.... လို့ ခုပဲ မှာလိုက်​ကြ​တော့

မိတ်​ကပ်​သား​လေးတတ်​ပြီး..မျက်​နှာအသား
အ​ရေမ​ရွေး...သုံးလို့အဆင်​​ပြေတဲ့.မိတ်ကပ်​​​လေးပါ

BB cream က
အမဲစက်​​တွေဖုံးပီး
အသားကို လင်း​စေတယ်
အသားအ​ရေကိုအစိုဓာတ်​​ပေးတယ်

Primerက
က​လေးအသားအ​ရေ​လေးလိုဖြစ်​​စေတယ်
သက်​​တောင့်​သက်​သာဖြစ်​​စေပီးဝင်းမွတ်​​စေပါတယ်

ဂျင်းလွယ်အိတ်လေးတွေပါ1လုံး=4000ကျပ်
12/02/2020

ဂျင်းလွယ်အိတ်လေးတွေပါ
1လုံး=4000ကျပ်

09/02/2020

လှိုင်သာယာမြို့နှင့်ထန်းတစ်ပင်မြို့များကိုအိမ်အရောက်ပို့ခ(free)ဖြင့်ပို့ဆောင်ပေးပါသည်

Address

သောင်ကြားလမ်းမ

Website

Alerts

Be the first to know and let us send you an email when Thiha Naing Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share