Khaing Thu Kha

  • Home
  • Khaing Thu Kha

Khaing Thu Kha Information Department Information department -ULA
(1)

အသိပီးထုတ်ပြန်ခြင်း၁၃၈၇ ခုနှစ်၊ နံယုန်လဆန်း (၁၀) ရက်(၂၀၂၅ ခုနှစ်၊ ဂျုန်လ (၅) ရက်)မင်းပြားမြို့မစခန်း၏ (ပ) ၆၀/၂၀၂၅ ၊ ရာဇသ...
05/06/2025

အသိပီးထုတ်ပြန်ခြင်း

၁၃၈၇ ခုနှစ်၊ နံယုန်လဆန်း (၁၀) ရက်
(၂၀၂၅ ခုနှစ်၊ ဂျုန်လ (၅) ရက်)

မင်းပြားမြို့မစခန်း၏ (ပ) ၆၀/၂၀၂၅ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ ၊ ဖားပြိုရွာမှ မအိအိဆန်းအား မုဒိမ်းကျင့်၍ သတ်ဖြတ်ခသည့် ရာဇဝတ်မှုဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်သူ သံသယတရားခံ (၈) ဦးအား တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးတပ်ဖွဲ့ (DLEPS) မှ ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲတင် ပြစ်ဒဏ်ပီးနိုင်ရီး ဥပဒေလုပ်ထုံးလုပ်နည်းများနန့်အညီ ဆက်လက်ဆောင်ရွက်လျက်ဟိပါသည်။

ဤကဲ့သို့ကျူးလွန်သူများကို DLEPS တပ်ဖွဲ့မှ ဖမ်းဆီးရမိနိုင်ရီးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပီးခကတ်သည့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနန့် ဒေသခံပြည်သူလူထုများအား အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း အသိပီးထုတ်ပြန်အပ်ပါသည်။

ခိုင်သုခ
ပြောရီးဆိုခွင့်ဟိသူ
ULA/AA

27/05/2025

၂၀၂၅ ခုနှစ်၊ မေလ (၂၇) ရက် အေနိတွင် ကျရောက်သော ရက္ခိုင်နိုင်ငံ‌ရီး၊ တော်လှန်ရီးသမား၊ တက္ကသိုလ်ကျောင်းသား၊ စာပီအနုပညာသမား အာရက္ခပြည်သားတဦးဖြစ်သည့် ဦးဦးလှစော၏ (၇၂) ပြည့် မွီးနိအထိမ်းအမှတ်နန့် အောက်မိဖွယ်အဖြစ် ဦးဦးလှစော၏ ငယ်စဉ်ဘဝမှသည် ကွယ်လွန်ချိန်အထိ ဘဝဖြတ်သန်းမှု ပုံရိပ်အချို့ကို ထုတ်ပြန်လိုက်ပါသည်။

အေဂု video ရုပ်သံဖိုင်အတွက် မှတ်တမ်းဓာတ်ပုံနန့် ရုပ်သံဖိုင်များ ပို့ပီးကတ်သူအားလုံးကို ကျေးဇူးအထူးတင်ဟိပါသည်။ တချို့မှတ်တမ်းများကို online ထက်က ရယူအသုံးပြုထားသည့်အတွက် မူလမှတ်တမ်းပိုင်သျှင်များအား ဂါရဝပြု credit ပီးအပ်ပါသည်။


May 27, 2025

26/05/2025
Public Notice and Restriction Order for Local Residents Attempting to Leave Arakan Amid Ongoing Intense ConflictsMay 22,...
23/05/2025

Public Notice and Restriction Order for Local Residents Attempting to Leave Arakan Amid Ongoing Intense Conflicts

May 22, 2025

တိုက်ပွဲများဆက်လက်ပြင်းထန်နီဆဲဖြစ်သော အာရက္ခဒေသအတွင်းမှ နီရပ်စွန့်ခွာရန် အားထုတ်ကြိုးပမ်းနီကတ်သော ဒေသနီပြည်သူများ သိဟိလိ...
22/05/2025

တိုက်ပွဲများဆက်လက်ပြင်းထန်နီဆဲဖြစ်သော အာရက္ခဒေသအတွင်းမှ နီရပ်စွန့်ခွာရန် အားထုတ်ကြိုးပမ်းနီကတ်သော ဒေသနီပြည်သူများ သိဟိလိုက်နာရန် အသိပီးတားမြစ်ထုတ်ပြန်ချက်

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၁) ရက်
၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်

13/02/2025

မိုင်းပေါက်ကွဲမှုဆက်တိုက်ဖြစ်ပွားပြီးသေဆုံးဒဏ်ရာရရှိမှုများရှိနေသည့်မောင်တောမြို့‌ အနီးရှိ ရွှေဇားဂုံ....

Announcement Regarding the Indefinite Suspension of River Transportation in the Naf River (Arakan Side)8th December 2024...
09/12/2024

Announcement Regarding the Indefinite Suspension of River Transportation in the Naf River (Arakan Side)

8th December 2024

On December 8, 2024, at 9:30 AM, the Arakan Army successfully captured and neutralized the last remaining outpost of the terrorist fascist military junta’s Border Guard Police Division (Nakhakha-5) located in the Maungdaw region of Rakhine State. However, the armed members of the terrorist fascist military junta, along with their allied militant groups, including the Islamic extremist armed groups RSO, ARSA, and ARA, some of whom were trained by the fascist military junta, are still fleeing the area, engaging in ambushes and criminal activities with weapons. As a result, clashes are still occurring, not only near the Nakhkha-5 area but also in other parts of the Maungdaw region.

On a different note, the members of the terrorist fascist military junta who fled from the Nakhakha-5 area, along with their allies, the Islamic extremist armed groups RSO, ARSA, ARA, and other armed members trained by the fascist military junta, are attempting to escape through the Naf River, across the Bangladesh-Arakan border, using motorboats, and canoes. Therefore, due to military necessities and public security concerns, all river transportation in the Naf River (Rakhine side) will be indefinitely suspended starting from 3:30 PM on December 8, 2024.

United League of Arakan

DISCLAIMER: The English version of this statement serves as a translation of the original Burmese text for informational purposes only. In case of any discrepancies, the Burmese original shall prevail.

နတ်မြစ်(အာရက္ခပြည်ဘက်အခြမ်း ရေပိုင်နက်) အတွင်း ရေကြောင်းခရီးသွားလာမှုများအား အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လို...
08/12/2024

နတ်မြစ်(အာရက္ခပြည်ဘက်အခြမ်း ရေပိုင်နက်) အတွင်း ရေကြောင်းခရီးသွားလာမှုများအား အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ကြောင်း ထုတ်ပြန်ကြေညာချက်

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း (၈) ရက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်

06/12/2024

အမ်း နှင့် ဂွသို့ စစ်ကူလာသော ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ခုစလုံးအား အာရက္ခ တပ်တော်မှ အချိန်တိုအတွင်း အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သော တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်

အာရက္ခဒေသအတွင်း၌ တိုက်ပွဲများမှာ အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့ရှိ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများရှိရာနေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး နေ့တိုင်း ပြင်းထန်လျက်ရှိသည်။ ရန်သူ့ဘက်မှလည်း မိမိတို့၏ထိုးစစ်ကို လေကြောင်းပစ်ကူ၊ ရေတပ်စစ်သင်္ဘောများပေါ်မှ ပစ်ကူအမြောက်အမြားပေး၍ တောက်လျှောက်ခုခံကာကွယ်လျက်ရှိသကဲ့သို့ မိမိတို့မှ ရန်သူ့လက်ကျန် စခန်းများကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ထိုးစစ်များကို တစ်ပြိုင်နက်တည်း ဆင်နွှဲလျက်ရှိသည်။

မောင်တော၊ နခခ (၅) စခန်းအတွင်းမှ ခုခံနေသော ရန်သူများအဖို့ ဝေဟင်မှ ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းပေး ရုံမှလွဲ၍ ကုန်းလမ်း၊ ရေလမ်းမှ မည်သည့်စစ်ကူမျှ လာရောက်ဖြည့်တင်းပေးနိုင်သော အခြေအနေမျိုး မဟုတ်သောကြောင့် နခခ (၅) စခန်းသည်လည်း မိမိတို့၏ ထိုးစစ်အောက်တွင် မကြာမီသိမ်းပိုက် ရရှိနိုင် တော့မည့် မောင်တောမြို့၏ နောက်ဆုံး လက်ကျန်စခန်းတစ်ခုသာဖြစ်တော့သည်။ ထို့ကြောင့် နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ကို အရှိန်အဟုန်မြှင့် ဆက်လက်ပြုလုပ်လျက် ရှိသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့၌ တပ်စွဲစခန်းချ၊ ခုခံစစ်ဆင်နွှဲနေကြသော စခန်းနေရာ (၃၀) ကျော်ရှိသည့်အနက်မှ ယနေ့ဆိုလျှင် အမ်း နပခဌာနချုပ် ဂွင်တစ်ခုသာ ကျန်ရှိတော့ပြီဖြစ်သောကြောင့် အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်။

အာရက္ခတပ်တော်၊ သတင်းနှင့်ပြန်ကြားရေးဌာနမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ထုတ်ပြန်သော သတင်းတွင် အောက်ဖော်ပြပါစခန်းများကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်းထုတ်ပြန်ပြီး (၁၈) ရက်အတွင်း၌ နပခတိုင်းစစ်ဌာနချုပ်တစ်ခုမှလွဲ၍ ရန်သူ့စခန်းများ အားလုံးကို အာရက္ခတပ်တော်မှ ထိန်းချုပ်ထားလိုက်ပြီးဖြစ်သည်။

နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုမှလွဲ၍ မိမိတို့ထပ်မံသိမ်းပိုက်ရရှိထားသောအဆိုပါစခန်းများမှာ -
(၁) ဆလအခွဲ (၉၄၆) - အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ
(၂) ခမရ (၃၇၁) - အမှတ် (၃၇၁) ခြေမြန်တပ်ရင်း
(၃) ခမရ (၃၇၂) - အမှတ် (၃၇၂) ခြေမြန်တပ်ရင်း
(၄) လလစ (၇၅၇/၂) - အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ
(၅) ထပခ (၉၂၆) - အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ
(၆) ဆသလ (၉) - အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း
(၇) အဆရ (၈) - အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း
(၈) တထခ (၁၀) - အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ
(၉) စအရ (၉၁၉) - အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း
(၁၀) လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ ခုခံတိုက်ခိုက်နေသော ရန်သူ့စခန်းငယ်များအပြင်
(၁၁) အဆိုပါစခန်းများမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော ရန်သူများ စသည်တို့ ဖြစ်ကြသည်။

ဤကဲ့သို့ အမ်းဒေသအတွင်းမှ ရန်သူ့စခန်းများကို မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်နေသော တစ်ပြိုင်နက်တည်းတွင် ရန်သူသည် ရခိုင်ရိုးမဘက်မှ စစ်ကူများကို ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်ပို့ဆောင်ပြီး ဖြည့်တင်းရန်ကြိုးစားနေခဲ့သော်လည်း အာရက္ခတပ်တော်မှ အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့သောကြောင့် ရန်သူ့စစ်ကူ စစ်ကြောင်းများမှာ သုံးရက်အတွင်း စစ်ကြောင်းတစ်ခုလုံး အချေမှုန်းခံရသောအဆင့်သို့ရောက်ရှိခဲ့ရသည်။

အမ်းမြို့သို့ စစ်ကူပေးရန်တက်လာသည့် တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ နံနက် (၈) နာရီ (၃၅) မိနစ်တွင် အမ်းမြို့၏ မြောက်ဘက်၊ ရိုးတောင်၏လမ်းမထက် တစ်နေရာ၌ အာရက္ခတပ်တော်မှ စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့သည်။ အဆိုပါစစ်ကြောင်းတွင် ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား (၁၃၀) ခန့် ပါဝင်သည်။ သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုအပြီး၊ နိုဝင်ဘာလ (၃၀) ရက်၊ နေ့လယ် (၂) နာရီ (၃၀) မိနစ်တွင် ရန်သူ့အလောင်း စုစုပေါင်း (၁၀၀) ကျော်၊ လက်နက်ခဲယမ်းအများအပြားကို မိမိတို့မှ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်။ ထို့အတူ ထွက်ပြေးလွတ်မြောက် နေသည့် အနည်းငယ်သော ရန်သူအချို့ကိုလည်း မိမိတို့မှ လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသည်။

ထို့အတူ ဂွ ဘက်တွင်လည်း စစ်ကူတက်လာသော ရန်သူ့စစ်ကြောင်းတစ်ခုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်မှ စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ဤရန်သူ့စစ်ကြောင်းကိုလည်း ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ သုံးရက် အတွင်း အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ မိမိတို့သိမ်းဆည်းရမိသော ရန်သူ့အလောင်း (၁၂၀) ကျော်၊ စစ်သုံ့ပန်းအချို့ နှင့် လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများအရ ဤစစ်ကြောင်းတွင် အင်အား (၁၈၄) ယောက် ပါဝင်ခဲ့ပြီး ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်း နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ ဖြစ်ကြသည်။ တပ်ရင်း (၅) ရင်းစုပေါင်းထားသော စစ်ကြောင်းတစ်ခုလည်းဖြစ်သည်။

အဆိုပါ စစ်ကူစစ်ကြောင်းမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကို လိုက်လံ ရှင်းလင်းတိုက်ခိုက်နေသကဲ့သို့ ဂွမြို့၏ အခြားသောနေရာများ၌ ရှိနေသော ရန်သူများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ရန်သူသည် လေကြောင်း၊ ရေကြောင်း၊ Su***de Drone မောင်းသူမဲ့ အသေခံဒရုန်းများကိုအသုံးပြု၍ အသည်းအသန် ခုခံကာကွယ်နေသည့်ကြားမှ အပြတ်အသတ် ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့၌လည်း အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့များရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို အာရက္ခတပ်တော်မှ ယခင်ရက်များနည်းတူ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။

ထိုးစစ်များအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များနှင့် ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

အမ်း နှင့် ဂွမြို့သို့ စစ်ကူလာသော ရန်သူ့စစ်ကြောင်းများအား အာရက္ခတပ်တော်မှ ဖြတ်တောက်ချေမှုန်း တိုက်ခိုက်စဉ်အတွင်း လက်ရဖမ်...
06/12/2024

အမ်း နှင့် ဂွမြို့သို့ စစ်ကူလာသော ရန်သူ့စစ်ကြောင်းများအား အာရက္ခတပ်တော်မှ ဖြတ်တောက်ချေမှုန်း တိုက်ခိုက်စဉ်အတွင်း လက်ရဖမ်းဆီးရမိသော ရန်သူ့အလောင်းများ၊ စစ်သုံ့ပန်းအချို့ နှင့် လက်နက်
ခဲယမ်းမီးကျောက်များ (ရုပ်သံဖိုင်) (https://t.me/khaingthukha/1487)

အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နှင့် အမ်းလေ...
06/12/2024

အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နှင့် အမ်းလေဆိပ်တို့အား အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ အမ်း၊ ရုံးဌာနများရှေ့တွင် တွေ့ရသော အာရက္ခစစ်သည်တော်များ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်  RFA Burmese သတင်းဌာနမှ “ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခြောက်ယောက်ကို AA ဖမ်းဆီးခေါ်ဆ...
14/11/2024

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် RFA Burmese သတင်းဌာနမှ “ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခြောက်ယောက်ကို AA ဖမ်းဆီးခေါ်ဆောင်သွား” ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့်သတင်းတွင် ဖော်ပြပါရှိသော အကြောင်းအရာတစ်ခုဖြစ်သည့် "၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်အတွင်း နတ်မြစ်ကိုဖြတ်ကျော်ပြီး စိန့်မာတင်ကျွန်းသို့ မောင်းနှင်သွားလာနေသည့် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသော သင်္ဘောနှစ်စင်းနှင့်အတူ သင်္ဘောပေါ်ပါရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၆) ဦး အား အာရက္ခတပ်တော်မှ ဖမ်းဆီးခဲ့သည်ဟူသော စွပ်စွဲရေးသားဖော်ပြထားသောသတင်း" မှာ သတင်းမှားဖြစ်သည့်အပြင် မိမိတို့ အာရက္ခတပ်တော်မှ ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။

ခိုင်သုခ
ULA/ AA ပြောရေးဆိုခွင့်ရှိသူ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်

On November 13, 2024, RFA Burmese News reported a story titled "AA Detains Six Bangladeshi Nationals." The report claimed that on November 13, 2024, the Arakan Army detained six Bangladeshi nationals aboard two ships carrying construction materials traveling across the Naf River toward Saint Martin Island in the Bay of Bengal. We respectfully inform that this report is incorrect, and the Arakan Army did not make any arrests or detentions.

Khaing Thukha
ULA/AA Spokesperson
November 14, 2024

Address

IA

Alerts

Be the first to know and let us send you an email when Khaing Thu Kha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khaing Thu Kha:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share