၁၃၁၂ - ထောက်ပို့စျေးဆိုင်

၁၃၁၂ - ထောက်ပို့စျေးဆိုင် ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ၁၃၁၂ - ထောက်ပို့စျေးဆိုင်, ร้านสะดวกซื้อ, Mae Sot.

ကြိုမှာထားသူတွေ ရပါပြီ
20/12/2024

ကြိုမှာထားသူတွေ ရပါပြီ

တအုပ် 400THB
28/11/2024

တအုပ် 400THB

ချစ်စရာကောင်းတဲ့ Pin Badge လေးတွေ ​နိုင်ငံအလိုက်စိတ်ကြိုက်ဝယ်ယူအားပေးလို့ရပါပြီခဗျား😍တစ်ခု ၅၀ဘတ်6600ကျပ်1.6usdတစ်စုံ ၅၀၀...
23/11/2024

ချစ်စရာကောင်းတဲ့ Pin Badge လေးတွေ ​နိုင်ငံအလိုက်စိတ်ကြိုက်ဝယ်ယူအားပေးလို့ရပါပြီခဗျား😍
တစ်ခု ၅၀ဘတ်
6600ကျပ်
1.6usd
တစ်စုံ ၅၀၀ဘတ်
65800ကျပ်
16.6usd
ပါ
ပို့ဆောင်ခ ရှိပါမယ်

တစ်ခုလောက်ပြောချင်ပါတယ်။တချို့တချို့တွေ ပစ္စည်းပို့တဲ့အခါ နေရာဒေသ အလိုက်ပို့ခတွေ များနိုင်ပါတယ် အထူးသဖြင့် မပြောချင်ပေမယ...
23/11/2024

တစ်ခုလောက်ပြောချင်ပါတယ်။

တချို့တချို့တွေ ပစ္စည်းပို့တဲ့အခါ နေရာဒေသ အလိုက်ပို့ခတွေ များနိုင်ပါတယ် အထူးသဖြင့် မပြောချင်ပေမယ့် ခက်ခဲတဲ့ဆီဆို ပို့ပေးဖို့တာ၀န်ယူရတာ အဖက်ဖက်က ဘေးကင်းအောင် ထုတ်ပိုးတာရော၊ ပို့ရတဲ့ မူလနေရာက ထိုင်းနိုင်ငံကနေတဆင့် ပို့ရတာဖြစ်လို့ ဘယ်cargoနဲ့ပို့တာရယ်လို့ ကိုယ့်အန္တရယ်ကိုယ်ရှာတဲ့ အလုပ်မျိုး လက်လွတ်စပယ်မလုပ်နိုင်တာလည်းပါပါတယ်။ တော်လှန်ရေးထုတ်ကုန်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ဝယ်လို့ရဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် တပြားတချပ်ရယ်လို့ အမြတ်တင်ရောင်းနေတဲ့နေရာလည်း မဟုတ်လို့ အဆင်ပြေရင် သက်ဆိုင်ရာpageတွေမှာ မှာပေးပါဗျာ။ အထူးသဖြင့် မြန်မာပြည်ပို့ရင် ကြိုတင်လည်း အကြောင်းမကြားနိုင်ပါဘူး တတ်နိုင်ရင် အရမ်းလိုချင်မှသာ မှာပါပေးပါခင်ဗျာ။

ဒီpageကို ကိုင်နေတာလည်း လူအများကြီးမရှိပါဘူး အကူအညီတစ်ခုဖြစ်စေချင်လို့ပါ တချို့ပစ္စည်းအမှာ အပိုငွေတချို့ လိုတဲ့နေရာစုလှူလိုက်ပါတယ် ထုပ်ပိုးတာ ကိုယ့်စရိတ်ကိုယ်စိုက်ရပါတယ်။ အားပေးမှုကိုအထူးကျေးဇူးတင်ပါတယ်။ တော်လှန်ထုတ်ကုန်တွေ ကြိုးစားအားထုတ်နေသူတွေအတွက် အကူအညီတစ်ခုခု အကျိုးတစ်ခုခု ဖြစ်စေချင်တာရယ် ကူညီအားပေးသူတွေရဲ့ လုံခြုံရေး အဓိက ဂရုစိုက်ရတာ တခါတလေ ခေါင်းအရမ်ခေါင်းကိုက်ရပါတယ် အချိန်တွေစောင့်ပေးကြသူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ပစ္စည်း ချောမောမောရောက်တယ်ဆို ပီတိဖြစ်နေရတာပါ။

ဆက်Fightမယ်ဗျာ
၁၃၁၂ ထောက်ပို့ စျေးဆိုင်

“TarPehHser” ရဲ့ “Cobra -32 serie” Shoe ဝယ်မယ်ဆိုရင်  ကျွန်တော်တို့ ၁၃၁၂ စျေးဆိုင်မှာလည်း Pre-Order မှာလို့ ရပါတယ်။ “Tar...
14/11/2024

“TarPehHser” ရဲ့ “Cobra -32 serie” Shoe ဝယ်မယ်ဆိုရင် ကျွန်တော်တို့ ၁၃၁၂ စျေးဆိုင်မှာလည်း Pre-Order မှာလို့ ရပါတယ်။

“TarPehHser” ရဲ့ “Cobra - 32 serie” အတွက် ဝယ်ယူနိုင်မယ့် အခွင့်အရေး တစ်ကြိမ်သာရရှိမှာ ဖြစ်ပြီး အသစ်ထပ်မံ ထွက်ရှိလာမှာ မဟုတ်တော့တဲ့ limited edition အနေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Color - White and Black

Size - 36 to 45

Price list

-THB 3200 (ထိုင်းဘတ်)
-USD 115 (အမေရိကန်ဒေါ်လာ)
-SGD 155 (စင်္ကာပူဒေါ်လာ)
-AUD 175 (ဩစတျေးလျဒေါ်လာ)
-JPY 18,000 (ဂျပန်ယန်း)
-KRW 160,000 (တောင်ကိုရီးယားဝမ်)
-MYR 500 (မလေးရှားရင်းဂစ်)

KST Studio က အိတ်လေးတွေ၊ အင်္ကျီလေးတွေ ကျွန်တော်တို့ ဆီကနေ ဝယ်လို့ရပါတယ်။ လိုချင်တဲ့ ပစ္စည်းလေးကို page ရဲ့ messenger မှ...
10/11/2024

KST Studio က အိတ်လေးတွေ၊ အင်္ကျီလေးတွေ ကျွန်တော်တို့ ဆီကနေ ဝယ်လို့ရပါတယ်။ လိုချင်တဲ့ ပစ္စည်းလေးကို page ရဲ့ messenger မှာ လာပြီး မေးလို့ရပါတယ်ဗျ။

ကျေးဇူးတင်ပါတယ်။

Page နာမည်လေးနဲ့ ပမာဏအားဖြင့် အများကြီးမဟုတ်တောင် ငွေကြေးအားဖြင့်သော်လည်းကောင်း စိတ်အားဖြင့်သော်လည်းကောင်း တော်လှန်ရေးမှ...
25/10/2024

Page နာမည်လေးနဲ့ ပမာဏအားဖြင့် အများကြီးမဟုတ်တောင် ငွေကြေးအားဖြင့်သော်လည်းကောင်း စိတ်အားဖြင့်သော်လည်းကောင်း တော်လှန်ရေးမှာ ပါဝင်ကူညီပေးနိုင်တာကိုလည်း ကျေနပ်ရပါတယ်။ ဆက်လက်ပြီးလည်း တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးကို အထောက်အပံ့ဖြစ်မယ့် ထုတ်ကုန်ပစ္စည်းရောင်းချတဲ့နေရာမှာ ဒီထက်အများကြီးပါဝင်ကူညီ အားဖြည့်ပေးချင်ပါသေးတယ်။

ကျေးဇူးတင်ပါတယ်။

ဒီမှာ ဒီမှာ Rebels : Coffee & Tea ကထုတ်တဲ့ တော်လှန်ရေးထုတ်ကုန်တွေထဲက တစ်ခုဖြစ်တဲ့ ရှမ်းတောင်ဒေသထွက် လက်ဖက်ခြောက် (green ...
24/10/2024

ဒီမှာ ဒီမှာ Rebels : Coffee & Tea ကထုတ်တဲ့ တော်လှန်ရေးထုတ်ကုန်တွေထဲက တစ်ခုဖြစ်တဲ့ ရှမ်းတောင်ဒေသထွက် လက်ဖက်ခြောက် (green Te) ကို ၁၃၁၂ စျေးဆိုင်မှာ ရပြီဗျို့။

ကိုလင်းလင်းနဲ့ သူပုန်ကော်ဖီရဲ့ ပူးပေါင်းဖန်တီးမှု"Espresso" ကော်ဖီကို ၁၃၁၂ မှာ ရရှိပါပြီ။Espresso Fine - အနုမှုန့် နဲ့ E...
18/10/2024

ကိုလင်းလင်းနဲ့ သူပုန်ကော်ဖီရဲ့ ပူးပေါင်းဖန်တီးမှု
"Espresso" ကော်ဖီကို ၁၃၁၂ မှာ ရရှိပါပြီ။
Espresso Fine - အနုမှုန့် နဲ့
Espresso Whole Bean - အစေ့ ဆိုပြီး နှစ်မျိုး ရပါတယ်။
တစ်ထုပ်လျှင် 200 Gram ပါဝင်ပြီး 180 Baht ပါ။

ကိုလင်းလင်းရဲ့ “သံစဉ်မကြားရသော အမတေများ” စာအုပ်ကို ကျွန်တော်တို့ဆီမှာ order တင်လို့ရပါပြီ။ ကိုလင်းလင်းရဲ့ တော်လှန်သံတွေက...
04/10/2024

ကိုလင်းလင်းရဲ့ “သံစဉ်မကြားရသော အမတေများ” စာအုပ်ကို ကျွန်တော်တို့ဆီမှာ order တင်လို့ရပါပြီ။

ကိုလင်းလင်းရဲ့ တော်လှန်သံတွေကို ကျွန်တော်တို့ ဒီစာအုပ်ထဲမှာ ရှာနိုင်/ကြားနိုင်ပါတယ်။

တော်လှန်ရေးအတွက် အထောက်အကူဖြစ်မယ့် ထုတ်ကုန်ပဲဖြစ်ဖြစ် Artworks တွေပဲဖြစ်ဖြစ်၊ နောက်ပြီး ရဲဘော်တွေဆီက ထွက်လာသမျှကို ကျွန်တော်ဘက်က တတ်နိုင်တဲ့ဖက်ကနေ ကူညီနိုင်သမျှကို ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်ဆီကနေ international shipping အထိပါ ဆောင်ရွက်ပေးပါတယ်။ ပြည်တွင်းထဲကိုတော့ တချို့ products တွေ ပို့ပေးရင် ဝယ်ယူသူတွေအတွက် risk အရမ်းများလို့ ပေးပို့နိုင်ခြင်း မရှိတာကို သည်းခံပေးစေလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

Support the revolution, Support the artist. ✊🏼

Support the revolution, Support the artist. ✊🏼

ကိုလင်းလင်းရဲ့ “သံစဉ်မကြားရသော အမတေများ” စာအုပ်ကို ကျွန်တော်တို့ဆီမှာ order တင်လို့ရပါပြီ။ ကိုလင်းလင်းရဲ့ တော်လှန်သံတွေက...
04/10/2024

ကိုလင်းလင်းရဲ့ “သံစဉ်မကြားရသော အမတေများ” စာအုပ်ကို ကျွန်တော်တို့ဆီမှာ order တင်လို့ရပါပြီ။

ကိုလင်းလင်းရဲ့ တော်လှန်သံတွေကို ကျွန်တော်တို့ ဒီစာအုပ်ထဲမှာ ရှာနိုင်/ကြားနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Support the revolution, Support the artist. ✊🏼

မြို့ပြကြွက်ထုတ်ထားတဲ့ T-Shirt တွေ ကျွန်တော်တို့စီမှာ ဝယ်ယူလို့ ရပါပြီ။အသေးစိတ် information တွေကို အောက်ပါပုံမှာ ကြည့်ရှ...
23/09/2024

မြို့ပြကြွက်ထုတ်ထားတဲ့ T-Shirt တွေ ကျွန်တော်တို့စီမှာ ဝယ်ယူလို့ ရပါပြီ။

အသေးစိတ် information တွေကို အောက်ပါပုံမှာ ကြည့်ရှူ့နိုင်ပြီး စျေးနှုန်းတွေကိုတော့ Comment မှာ ကြည့်ရှု့နိုင်ပါတယ်။

မြို့ပြကြွက်ရဲ့ page မှာလည်း ဝယ်ယူလို့ရပါတယ်။

https://www.facebook.com/UrbanGRat

ကျွန်တော်တို့ဆီကနေ တော်လှန်ရေးထုတ်ကုန်တွေကို နိုင်ငံတကာကို ပို့ဆောင်ပေးပါတယ်။

Ph - 06 270 41 324, 06 191 73 191

“တော်လှန်ရေးထုတ်ကုန် သူပုန်” ရှမ်းတောင်ဒေသထွက် Arabica Coffee တွေရပါပြီ။  Coarse Ground - အကြမ်းမှုန့်Fine Ground - အနုမ...
21/09/2024

“တော်လှန်ရေးထုတ်ကုန် သူပုန်” ရှမ်းတောင်ဒေသထွက် Arabica Coffee တွေရပါပြီ။

Coarse Ground - အကြမ်းမှုန့်
Fine Ground - အနုမှုန့်
Whole Bean - ကော်ဖီအစေ့ ဆိုပြီး သုံးမျိုးရှိပါတယ်။

တော်လှန်ရေးထုတ်ကုန်တွေကို အားပေးရင်း တော်လှန်ရေးမှာ ကူညီပါဝင်အားဖြည့်ဖို့ ready ဖြစ်ပြီဆိုရင် ကျွန်တော်တို့ကို ဆက်သွယ်လို့ရပါတယ်။

“သူပုန်” ရဲ့ page မှာလည်း ဆက်သွယ်မှာ ယူနိုင်ပါတယ်။

https://www.facebook.com/profile.php?id=61560891101833&mibextid=LQQJ4d

ကျွန်တော်တို့ဆီကနေ တော်လှန်ရေးထုတ်ကုန်တွေကို နိုင်ငံတကာကို ပို့ဆောင်ပေးပါတယ်။

Ph - 06 270 41 324, 06 191 73 191

သူပုန်နဲ့ Chill ပြီးပြီလား? သူပုန်ကထုတ်တဲ့ ရှမ်းတောင် ဒေသထွက် လက်ဖက်ခြောက်အထုပ်တွေ ကျွန်တော်တို့ စင်ပေါ်ကို ရောက်ရှိလို့...
20/09/2024

သူပုန်နဲ့ Chill ပြီးပြီလား?

သူပုန်ကထုတ်တဲ့ ရှမ်းတောင် ဒေသထွက် လက်ဖက်ခြောက်အထုပ်တွေ ကျွန်တော်တို့ စင်ပေါ်ကို ရောက်ရှိလို့ ဝယ်ယူလို့ပါပြီ။

တော်လှန်ရေးထုတ်ကုန်တွေကို အားပေးရင်း တော်လှန်ရေးကို အိမ်မှာ ရေနွေကြမ်းလေးသောက်ရင်း ကူညီပါဝင်အားဖြည့်ဖို့ ready ဖြစ်ပြီဆိုရင် ကျွန်တော်တို့ကို ဆက်သွယ်လို့ရပါတယ်။

“သူပုန်” ရဲ့ page မှာလည်း ဆက်သွယ်မှာ ယူနိုင်ပါတယ်။

https://www.facebook.com/profile.php?id=61560891101833&mibextid=LQQJ4d

ကျွန်တော်တို့ဆီကနေ တော်လှန်ရေးထုတ်ကုန်တွေကို နိုင်ငံတကာကို ပို့ဆောင်ပေးပါတယ်။

Ph - 06 270 41 324, 06 191 73 191

Artstrike က limited edition အနေနဲ့ ထွက်လာတဲ့ SR Tee တွေကို ကျွန်တော်ဆီကနေ ဝယ်ယူလို့ရပါပြီ။ အဖြူရောင် နဲ့ အနက်ရောင် ဆိုပြ...
16/09/2024

Artstrike က limited edition အနေနဲ့ ထွက်လာတဲ့ SR Tee တွေကို ကျွန်တော်ဆီကနေ ဝယ်ယူလို့ရပါပြီ။

အဖြူရောင် နဲ့ အနက်ရောင် ဆိုပြီး ကာလာ နှစ်မျိုးနဲ့ထွက်လာပြီး Price နဲ့ Size Charts အသေးစိတ် information တွေကို အောက်ပါပုံမှာ ကြည့်ရှူ့နိုင်ပါတယ်။

Artstrike Merchandise Corner မှာလည်း ဝယ်ယူလို့ရပါတယ်။

https://www.facebook.com/profile.php?id=61563809117179

ကျေးဇူးတင်ပါတယ်။

“၁၃၁၂ - ထောက်ပို့စျေးဆိုင်” ဆိုတာကတော့ တော်လှန်ရေးမှာပါဝင်နေတဲ့ ရဲဘော်တွေ၊ အနုပညာရှင်တွေ ရဲ့ Merchandise တွေ၊ ထုတ်ကုန်ပစ...
16/09/2024

“၁၃၁၂ - ထောက်ပို့စျေးဆိုင်” ဆိုတာကတော့ တော်လှန်ရေးမှာပါဝင်နေတဲ့ ရဲဘော်တွေ၊ အနုပညာရှင်တွေ ရဲ့ Merchandise တွေ၊ ထုတ်ကုန်ပစ္စည်းတွေကို တစ်နေရာထဲမှာ စုစည်းပြီး ကြည့်ရှူ့နိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။

အားလုံးလက်နက်ကိုင်ပြီး တိုက်ပွဲဝင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ကိုယ်နိုင်တဲ့ဘက်ကနေ ကူညီပေးဖို့ဆိုတာကတော့ တော်လှန်ရေးအသိရှိသူအားလုံးမှာ တာဝန်ရှိနေပါတယ်။

ဒါဟာ Human Power ဖြစ်ပါတယ်။ အားလုံးဟာ ကိုယ့်အလုပ်ကိုယ်လုပ်နေရင်း ကိုယ်တာဝန်ကိုယ်ကျေဖို့ လိုပါတယ်။

ဒါကြောင့် အသက်တွေ၊ ဘဝတွေပေးပြီး မတော်လှန်နိုင်ရင်တောင် ထောက်ပို့လုပ်ငန်းစဉ်တွေ ပါဝင်ပြီး တော်လှန်ရေးထုတ်ကုန်တွေကို အားပေးရင်း တော်လှန်ရေးမှာ ပါဝင်ကူညီအားဖြည့်နိုင်ပါတယ်။

ကျွန်တော်တို့လည်း ထောက်ပို့လုပ်ငန်းတွေလုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် တတ်နိုင်တဲ့ဘက်က ကူညီနိုင်အောင် ဒီ “၁၃၁၂ - ထောက်ပို့စျေးဆိုင်” ဆိုတဲ့ နေရာလေးကို ဖန်တီးလိုက်တာပါ။

ထောက်ပို့လုပ်ငန်းစဉ်တွေဆီကို စီးဆင်းနေတဲ့ ဘယ်ထုတ်ကုန်မဆို ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ စင်ပေါ်မှာ တော်လှန်ရေးထုတ်ကုန်တွေ အားလုံး တင်ပေးထားနိုင်ဖို့ အစဉ်အမြဲကြိုဆိုလျှက်ပါ။

There Is No Supreme Savior.
Neither God, nor Caesar, nor tribune.
Producers, let us save ourselves

ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ၁၃၁၂ - ထောက်ပို့စျေးဆိုင်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์