Dandari Store(Singapore)

Dandari Store(Singapore) Retail shop selling Phone Cards, Drinks, Liqours, Beers, Singapore Sweep tickets, Burmese Foods and
(2)

ဒေတာလည်း အများကြီးသုံးမယ်၊ ဗမာပြည်ကိုလည်း တိုက်ရိုက်ခေါ်မယ်ဆိုတဲ့ Heya ပရိသတ်တွေအတွက် $13 plan ထွက်လာပါပြီ။ Data 200GB ရ...
15/08/2024

ဒေတာလည်း အများကြီးသုံးမယ်၊ ဗမာပြည်ကိုလည်း တိုက်ရိုက်ခေါ်မယ်ဆိုတဲ့ Heya ပရိသတ်တွေအတွက် $13 plan ထွက်လာပါပြီ။ Data 200GB ရမယ့်အပြင် ဗမာပြည်ကိုလည်း မိနစ်၃၀ခေါ်လို့ရပါမယ်။ တကယ်လို့များ မလေးကို ဂဒီးဂဒီးဈေးသွားဝယ်နေတယ်ဆိုရင် 5GB roaming ပါ ပေးဦးမှာပါတဲ့နော်။

M1 ဟာ 3G services ကို Aug အစကစပြီး လုံးလုံးပိတ်လိုက်ပြီဖြစ်တဲ့အတွက် VoLTE ရတဲ့ 4G ဖုန်းသုံးနေတဲ့သူတွေပဲ ပုံမှန်အတိုင်းဆက...
10/08/2024

M1 ဟာ 3G services ကို Aug အစကစပြီး လုံးလုံးပိတ်လိုက်ပြီဖြစ်တဲ့အတွက် VoLTE ရတဲ့ 4G ဖုန်းသုံးနေတဲ့သူတွေပဲ ပုံမှန်အတိုင်းဆက်သုံးလို့ရပါမယ်။ ကျန်တဲ့သူတွေအားလုံး ဖုန်းခေါ်မရတာတွေ လိုင်းပျောက်သွားတာတွေ ဖြစ်ကုန်ပါတယ်။

အခုနောက်ပိုင်းထုတ် Model မြင့်ဖုန်းတော်တော်များများဟာ VoLTE ပါပြီးသားတွေမို့ ဘာမှလုပ်စရာ မလိုပါဘူး။ VoLTE ပါရင် ပုံမှာပြထားသလိုလေး မြင်နေရမှာပါ။

ကိုယ့်ဖုန်းထဲမှာ VoLTE လုံးဝရှာမတွေ့ဘူးဆိုရင် ဖုန်းလဲမှရပါမယ်တဲ့နော်။

လမုန့်ပွဲတော်အထူး ပထမဆု ဒေါ်လာ၅သန်းပေးမယ့် Sweep Draw လာပါပြီ။ 4 Sep ထီဖွင့်ပါမယ်နော်။
07/08/2024

လမုန့်ပွဲတော်အထူး ပထမဆု ဒေါ်လာ၅သန်းပေးမယ့် Sweep Draw လာပါပြီ။ 4 Sep ထီဖွင့်ပါမယ်နော်။

16/07/2024

အရင်လက ထိုးသွားတဲ့အထဲကနေ $5000 ပေါက်ကြောင်း တနေ့က လာပြောသွားတဲ့ ညီမအတွက် ဝမ်းသာပါကြောင်း လူကိုယ်တိုင် မပြောလိုက်ရလို့ ဒီကနေပဲ ‌ပြောလိုက်ပါတယ်။

ထီပေါက်တယ်ဆိုတဲ့ အသံတွေမကြားတာကြာလို့ စိတ်မကောင်းဖြစ်နေတာ အခုမှပဲ နည်းနည်း စိတ်သက်သာသွားလို့ ကျေးဇူးပါလို့နော်။

Singtel Update လေးပါ။အရင်လို $15 top up လုပ်ရင် IDD မိနစ်၅၀ မပေးတော့ပါဘူး။ ဒါပေမယ့် အများစုကတော့ 60GB တို့ 100GB တို့ ရက...
08/07/2024

Singtel Update လေးပါ။
အရင်လို $15 top up လုပ်ရင် IDD မိနစ်၅၀ မပေးတော့ပါဘူး။ ဒါပေမယ့် အများစုကတော့ 60GB တို့ 100GB တို့ ရကြပါတယ်။ Sim အသစ် လောလောလတ်လတ်ဝယ်ထားတဲ့သူတွေကတော့ သေချာပေါက် 100GB ရမှာပါတဲ့။

တကယ်လို့များ 5G ဖုန်းကိုင်ထားပြီးတော့ 5G မှ 5G သုံးချင်တယ်ဆိုရင် Singtel $15 sim အသစ်ဝယ်လိုက်ပါလို့။ 100GB ကို 5G အမြန်နှုန်းနဲ့ အမှန်အကန် သုံးလို့ရပါသတဲ့

Maxx သမားတွေအတွက် သတင်းကောင်းပါ။ $12 တည်းနဲ့ 200GB ယူပြီး data ချည်းပဲ အရူးအမူး သုံးမလား၊ လိုင်းမရလို့ လွမ်းနေရတဲ့သူတွေက...
26/06/2024

Maxx သမားတွေအတွက် သတင်းကောင်းပါ။

$12 တည်းနဲ့ 200GB ယူပြီး data ချည်းပဲ အရူးအမူး သုံးမလား၊ လိုင်းမရလို့ လွမ်းနေရတဲ့သူတွေကို ၂၅မိနစ် တိုက်ရိုက်ဖုန်းဆက်ရင်း 150GB သုံးမလား။ ဘာရွေးရွေးကို လွှတ်တန်နေပါပြီနော။

ကျန်ခဲ့ကြပြန်ပါပြီ။  မိန်းကလေးတွေပဲဖြစ်မယ်ထင်ပါတယ်။ တွေ့ရင်မြင်ရင်လာယူနိုင်ပါတယ်
23/06/2024

ကျန်ခဲ့ကြပြန်ပါပြီ။ မိန်းကလေးတွေပဲဖြစ်မယ်ထင်ပါတယ်။ တွေ့ရင်မြင်ရင်လာယူနိုင်ပါတယ်

Update: လပြန်လာယူသွားပါပြီ။ကိုမြတ်ကိုကို ကိုသိရင် အသိပေးလိုက်ကြပါဦး။ မနေ့က ကျန်ခဲ့ပြီး ညအထိ ပြန်လာမရှာလို့။
23/06/2024

Update: လပြန်လာယူသွားပါပြီ။

ကိုမြတ်ကိုကို ကိုသိရင် အသိပေးလိုက်ကြပါဦး။ မနေ့က ကျန်ခဲ့ပြီး ညအထိ ပြန်လာမရှာလို့။

National day အစမ်းလေ့ကျင့်ဖို့အတွက် ဒီနေ့ June 15 နဲ့ နောက်တပတ် စနေ June 22 တို့မှာ လမ်းတွေပိတ်ပါတယ်နော်။ Peninsula Plaz...
15/06/2024

National day အစမ်းလေ့ကျင့်ဖို့အတွက် ဒီနေ့ June 15 နဲ့ နောက်တပတ် စနေ June 22 တို့မှာ လမ်းတွေပိတ်ပါတယ်နော်။ Peninsula Plaza ရှေ့က လမ်းမကြီးကို နေ့လည် ၁နာရီကနေ ၃နာရီအတွင်းနဲ့ ညနေ ၆နာရီခွဲကနေ ၈နာရီအတွင်း လုံးဝပိတ်ထားမှာဖြစ်ပါတယ်တဲ့။ ကားတွေတင်သွားလို့ရမှာမဟုတ်ဘဲ လူတွေကိုပါ လမ်းကူးခွင့်မပေးပါဘူးနော်။

ဒါကြောင့် Plaza ကိုလာမယ့်လူများအနေနဲ့ Capitol Piazza မြေအောက်လမ်းကိုသုံးရမှာဖြစ်ပါတယ်။ ယောင်မှားပြီး Church ဘက်ကိုတက် မီးပွိုင့်အထိလမ်းလျှောက်လာမိရင်တော့ Adelphi ထဲကိုဝင်၊ B2 ကိုဆင်းပြီး မြေအောက်ကနေ Funan ကိုသွားမှရပါမယ်။

1-3pm နဲ့ 6:30-8 pm တွေကြားပါနော်။ 15 June နဲ့ 22 June ပါ။

Heya သမားတွေ အတွက် Promo ပါ။ ပထမတခေါက် Top Up မှာ Credit $1 ပေးပါမယ်။ ($1 တည်းနဲ့တော့ ဘာမှ လုပ်မရသေးပါ)ဒုတိယတခါ Top Up မ...
17/05/2024

Heya သမားတွေ အတွက် Promo ပါ။

ပထမတခေါက် Top Up မှာ Credit $1 ပေးပါမယ်။ ($1 တည်းနဲ့တော့ ဘာမှ လုပ်မရသေးပါ)

ဒုတိယတခါ Top Up မှာ Roaming 1GB ပေးမယ်။ ( အင်ဒိုတို့ မလေးတို့ သွားရင်တော့ အသုံးဝင်မပေါ့၊ စလုံးထဲတော့ သုံးမရပြန်)

တတိယတခါ အပြီး IDD $3 ဖိုး ရတဲ့အခါတော့ သုံးလို့ရပါပြီ။ ဗမာပြည်ကို ၁၈မိနစ် ခေါ်လို့ ရမယ်လေ။

လေးလမြောက် မှာ Roaming ပြန်လာမယ်။

ငါးလမှာ IDD ထပ်ခေါ်ခွင့်ရမယ်။

ခြောက်လမြောက်မတော့ နောက်တလအတွက် $10 တန် Data plan ရပါပြီ။ (၆လ မြောက် plan ကုန်ပြီး ၇ လမြောက်အတွက် free ပေးမှာပါ)

အဲတော့ ၆လ တခါတော့ Free သုံးရမပေါ့နော့။

Update: ညက ပြန်ကောင်းသွားပါပြီဒီညနေ ၆နာရီကျော်ကျော်လောက်ကစပြီး DBS/POSB internet banking ဒေါင်းသွားပြန်ပါပြီ။ တချို့တွေပ...
02/05/2024

Update: ညက ပြန်ကောင်းသွားပါပြီ

ဒီညနေ ၆နာရီကျော်ကျော်လောက်ကစပြီး DBS/POSB internet banking ဒေါင်းသွားပြန်ပါပြီ။ တချို့တွေပဲ မဟုတ်ဘဲ အားလုံးကို ဒေါင်းတာပါ။ PayNow/Scan Pay ဘာမှ မရပါနော်။ ATM မှာတော့ ငွေထုတ်လို့ရနေပါတယ်။

Si Si Saw ကို သိတဲ့သူများရှိရင် အကူအညီတောင်းချင်ပါတယ်။။ FB ကို D ထားရင် messenger မှာ Reply ပြန်လို့မရပါဘူး။ ❤️ ပဲ နှိပ်...
26/04/2024

Si Si Saw ကို သိတဲ့သူများရှိရင် အကူအညီတောင်းချင်ပါတယ်။။ FB ကို D ထားရင် messenger မှာ Reply ပြန်လို့မရပါဘူး။ ❤️ ပဲ နှိပ်လိ့ ရပါတယ်။

သူ့နံပါတ်ကလည်း အလုပ်မလုပ်တော့လို့ ဘယ်လိုမှဆက်သွယ်လို့မရလို့ပါ။ သူကိုယ်တိုင် ဒီပို့စ်ကို မြင်မမြင်လည်းမသိလို့လေ။ ကြိုတင် ကျေးဇူးတင်ပါတယ်လို့။

Singtel and heya updateSingtel ရော heya ရော *100 # နဲ့ *119 # တွေ သုံးပြီး balance စစ်လို့ မရတော့ပါဘူး။ Hi app နဲ့ Heya ...
23/04/2024

Singtel and heya update

Singtel ရော heya ရော *100 # နဲ့ *119 # တွေ သုံးပြီး balance စစ်လို့ မရတော့ပါဘူး။ Hi app နဲ့ Heya App တွေ သုံးပြီး စစ်မှပဲ ရပါတော့မယ်နော်။

One Myanmar သုံးနေတဲ့သူတွေ 21 Apr မတိုင်ခင် Reg/Top Up လုပ်ရင် $5 အပို ရပါမတဲ့နော်။ နှစ်သစ်မှာ ပြောစရာရှိတာတွေ ပိုပြောလိ...
16/04/2024

One Myanmar သုံးနေတဲ့သူတွေ 21 Apr မတိုင်ခင် Reg/Top Up လုပ်ရင် $5 အပို ရပါမတဲ့နော်။ နှစ်သစ်မှာ ပြောစရာရှိတာတွေ ပိုပြောလို့ရတာပေါ့။

တနင်္ဂနွေနေ့က ကျန်ခဲ့တဲ့ အိတ်အသစ်စက်စက်ကလေးပါ။ ပိုင်ရှင်များတွေ့ရင် ပြန်လာယူနိုင်ပါတယ်လို့။
08/04/2024

တနင်္ဂနွေနေ့က ကျန်ခဲ့တဲ့ အိတ်အသစ်စက်စက်ကလေးပါ။ ပိုင်ရှင်များတွေ့ရင် ပြန်လာယူနိုင်ပါတယ်လို့။

Peninsula နောက်လမ်းကြားမှာ ကားလေးခဏရပ်ပြီး စျေးလေးအပြေးဝယ်မယ် လုပ်လို့မရတော့ပါဘူးနော်။။ ကင်မရာကြီးတတ်ပြီး ဖမ်းနေပါပြီ။ F...
08/04/2024

Peninsula နောက်လမ်းကြားမှာ ကားလေးခဏရပ်ပြီး စျေးလေးအပြေးဝယ်မယ် လုပ်လို့မရတော့ပါဘူးနော်။။ ကင်မရာကြီးတတ်ပြီး ဖမ်းနေပါပြီ။ Fine $300 ပါတဲ့လေ။

တရုတ်နှစ်ကူး ပထမ နှစ်ရက် (10 & 11 Feb) Peninsula Plaza ပိတ်ပါမယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက် ပိတ်မှာ ဖြစ်လို့ ကြိုတင် ဝယ်ခြမ...
11/01/2024

တရုတ်နှစ်ကူး ပထမ နှစ်ရက် (10 & 11 Feb) Peninsula Plaza ပိတ်ပါမယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက် ပိတ်မှာ ဖြစ်လို့ ကြိုတင် ဝယ်ခြမ်းနိုင်အောင် စောစော အသိပေးလိုက်ပါတယ်နော်။

Update : ပြင်ပြီးသွားပါပြီ။ ပုံမှန်အတိုင်းခေါ်လို့ ရပါပြီမနေ့က စလို့ One Myanmar လိုင်းကျသွားတယ်လို့ သိရပါတယ်။ လိုင်းပြန...
16/12/2023

Update : ပြင်ပြီးသွားပါပြီ။ ပုံမှန်အတိုင်းခေါ်လို့ ရပါပြီ

မနေ့က စလို့ One Myanmar လိုင်းကျသွားတယ်လို့ သိရပါတယ်။ လိုင်းပြန်မကောင်းခင် သုံးလို့ရအောင် ယာယီနံပါတ် 6805 8957နဲ့ Pin ထည့်ပြီး ခေါ်လို့ရပါတယ်တဲ့။ လောလောဆယ်တော့ Register နဲ့ Top Up လုပ်လို့မရဘူးပေါ့။

အားလုံးပြန်ကောင်းပြီဆို Update လုပ်ပေးပါမယ်။

Update: ကိုမင်းသူထွန်းနဲ့ အဆက်အသွယ်ရပြီး။ ကိုကျော်စိုးမိုးတော့ အသံမကြားသေးပါ။ကိုမင်းသူထွန်းနဲ့ ကိုကျော်စိုးမိုးတို့ကို သ...
03/12/2023

Update: ကိုမင်းသူထွန်းနဲ့ အဆက်အသွယ်ရပြီး။ ကိုကျော်စိုးမိုးတော့ အသံမကြားသေးပါ။

ကိုမင်းသူထွန်းနဲ့ ကိုကျော်စိုးမိုးတို့ကို သိတဲ့သူများရှိရင် ဘဏ်ကတ်လေးတွေ လာယူနိုင်ပါကြောင်း လက်တို့လိုက်ပါဦး။

Update : ပြန်လာယူသွားပါပြီ။Myo Ko Ko နဲ့ သိခဲ့ရင် ပိုက်ဆံအိတ် ကျန်ခဲ့ကြောင်း ပြောလိုက်ပါဦးနော်။
07/11/2023

Update : ပြန်လာယူသွားပါပြီ။

Myo Ko Ko နဲ့ သိခဲ့ရင် ပိုက်ဆံအိတ် ကျန်ခဲ့ကြောင်း ပြောလိုက်ပါဦးနော်။

07/11/2023

သတင်းကောင်းလေး ကြားရပြန်ပြီ။ ဆိုင်ကထိုးသွားတဲ့ထီလက်မှတ် $5000 ဆုပေါက်တဲ့အကြောင်း မနေ့က လာပြောသွားပါတယ်။

သတင်းကောင်းလေးတွေ ကြားရတာ ဝမ်းသာစရာပေါ့နော်။ အားလုံးပဲ သတင်းကောင်းတွေ ကြားကြပါစေလို့။

05/11/2023

M1 Maxx ‌ဒီနေ့မနက်စောစောကတည်းက ပျက်နေပါတယ်။ တချက်တချက်ပဲ လိုင်းရပါတယ်။ လိုင်းမရဘူးဆိုပြီး ဘေလ်ထပ်ဖြည့်ရင် အလကားပိုက်ဆံကုန်ပါတယ်။ လိုင်းပြန်ကောင်းတဲ့အထိ သည်းခံစောင့်ကြပါလို့။

14/10/2023

DBS/POSB network တနိုင်ငဲလုံး ပျက်နေပါတယ်နော်။ PayNow တွေ၊ online transfer တွေ အဝင်ရော အထွက်ရော မရသလို ATM တွေမှာလည်း ငွေထုတ်မရပါဘူး။ အပင်ပန်းခံပြီး စက်တခုပြီးတခု လိုက်ထုတ်ကြည့်နေစရာ မလိုပါဘူးလို့။

Update : ဒီပိုစ့်ကို တွေ့တဲ့ သူငယ်ချင်းက ပြောလို့ဆိုပြီး ပြန်လာယူသွားပါပြီ။ ကူညီသူတွေ အားလုံးကို ကျေးဇူးပါ။ အခုပဲ ဆိုင်ထ...
08/10/2023

Update : ဒီပိုစ့်ကို တွေ့တဲ့ သူငယ်ချင်းက ပြောလို့ဆိုပြီး ပြန်လာယူသွားပါပြီ။ ကူညီသူတွေ အားလုံးကို ကျေးဇူးပါ။

အခုပဲ ဆိုင်ထဲမှာ ပြုတ်ကျကျန်ခဲ့ပါတယ်။ ကိုစိုးသူကို သိသူများရှိရင် ပြောပေးကြပါဦး

ကောက်ရလို့တဲ့။ လာပေးထားပြန်ပါတယ်။ ကိုသန်းစိုးဦးကို သိရင် ပြောလိုက်ကြပါဦး။
25/09/2023

ကောက်ရလို့တဲ့။ လာပေးထားပြန်ပါတယ်။ ကိုသန်းစိုးဦးကို သိရင် ပြောလိုက်ကြပါဦး။

Update: ကိုဝေယံ ဆိုင်ကို ဆက်သွယ်လာပါပြီ။ ကူညီပေးကြသူတွေ အားလုံးကို ကျေးဇူးပါနော်။ကို ဝေယံလင်းထက်ကို သိသူများရှိရင် အကြော...
10/09/2023

Update: ကိုဝေယံ ဆိုင်ကို ဆက်သွယ်လာပါပြီ။ ကူညီပေးကြသူတွေ အားလုံးကို ကျေးဇူးပါနော်။

ကို ဝေယံလင်းထက်ကို သိသူများရှိရင် အကြောင်းကြားပေးပါဦး။

Singtel Prepaid မှာ $15 တန် Data Plan ထည့်ရင် မြန်မာပြည် ဖုန်းခေါ်ခွင့် မိနစ် ၅၀ ပေးတဲ့ promotion ပြန်လုပ်နေပါပြီ။ ဘယ်အခ...
08/09/2023

Singtel Prepaid မှာ $15 တန် Data Plan ထည့်ရင် မြန်မာပြည် ဖုန်းခေါ်ခွင့် မိနစ် ၅၀ ပေးတဲ့ promotion ပြန်လုပ်နေပါပြီ။ ဘယ်အချိန်အထိ ဒီ promotion ရှိမယ် မသိသေးပါဘူး။ ဒီတလတော့ သေချာပေါက် ရှိမှာပေါ့။

ဒီလ ထီပေါက်စဉ်တော့ မထွက်သေးဘူး။ နောက်လ ထီတော့ ထိုးလို့ရပြီနော်။ လမုန့်ပွဲတော်အထူး ဒေါ်လာ ၅သန်းရမှာပါ။ တနှစ်တခါ အသေအချာ က...
06/09/2023

ဒီလ ထီပေါက်စဉ်တော့ မထွက်သေးဘူး။ နောက်လ ထီတော့ ထိုးလို့ရပြီနော်။ လမုန့်ပွဲတော်အထူး ဒေါ်လာ ၅သန်းရမှာပါ။ တနှစ်တခါ အသေအချာ ကံစမ်းသင့်တဲ့ လပါပဲလို့။

25 Jun မှာ ပြန်အမ်းငွေ မယူမိဘဲ ကျန်ခဲ့တဲ့ $36 ရယ်၊ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆိုင်ထဲမှာ ကျကျန်ခဲ့တဲ့ $50 ရယ်ကို ဒီနေ့ပဲ စ...
08/08/2023

25 Jun မှာ ပြန်အမ်းငွေ မယူမိဘဲ ကျန်ခဲ့တဲ့ $36 ရယ်၊ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆိုင်ထဲမှာ ကျကျန်ခဲ့တဲ့ $50 ရယ်ကို ဒီနေ့ပဲ စစ်ဘေးအလှူထဲ ထည့်လှူလိုက်ပါပြီ။

ဒီငွေပိုင်ရှင်များကို သာဓုခေါ်ပေးနိုင်ပါပြီနော်။

Singtel ပရိတ်သတ်တွေအတွက် စင်ကာပူ အမျိုးသားနေ့ အထိမ်းအမှတ် တနေကုန် data (58GB အထိ) အဝသုံးခွင့် Promo လေးရှိပါတယ်။ 15 Aug ...
28/07/2023

Singtel ပရိတ်သတ်တွေအတွက် စင်ကာပူ အမျိုးသားနေ့ အထိမ်းအမှတ် တနေကုန် data (58GB အထိ) အဝသုံးခွင့် Promo လေးရှိပါတယ်။ 15 Aug အထိ ကြိုက်တဲ့နေ့မှာ သုံးလို့ရပါတယ်တဲ့။

Promo ဟာ ၂၄ နာရီပဲ မို့ ကိုယ်တကယ်ကို အားပြီး တနေကုန် အားရပါးရ သုံးနိုင်တဲ့ရက်ကို ရွေးပြီးသုံးမှ တန်ပါမယ်နော်။

အရင်ဆုံးတော့ Hi App လေးရှိဖို့ လိုပါလိမ့်မယ်။ Hi App ဖွင့်၊ Profile ကိုသွား၊ Promo Code ကိုနှိပ်၊ NDP58 ဆိုတာထည့်ပြီး Apply နှိပ်ရင် ၂၄နာရီ သုံးလို့ရပါပြီ။

မရှင်းရင် Promo ရယူဖို့ ပုံတွေနဲ့ ပြထားပေးပါတယ်။

Address

111 North Bridge Road. #01-20. Peninsula Plaza
Singapore
179098

Opening Hours

Monday 11:30 - 22:00
Tuesday 11:30 - 22:00
Wednesday 11:30 - 22:00
Thursday 11:30 - 22:00
Friday 11:30 - 22:00
Saturday 10:30 - 22:00
Sunday 09:30 - 22:00

Website

Alerts

Be the first to know and let us send you an email when Dandari Store(Singapore) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dandari Store(Singapore):

Share

Nearby convenience stores


Other Singapore convenience stores

Show All

You may also like