MAY & JUNE MART

MAY & JUNE MART Smart and affordable products with local standards.
(1)

ဒီနေ့ကြော်ပြီး ည အိပ် ဆီစစ်ဖို့ ထည့်ထားတာလေးတွေ။ကြော်ပြီးပြီးချင်း ဇကာ ထဲ ဆီ စစ်။ပြီးရင် ဗန်းထဲ တစ်သျှူးခံ ပြီး ဆီစစ်။နေ...
12/10/2023

ဒီနေ့ကြော်ပြီး ည အိပ် ဆီစစ်ဖို့ ထည့်ထားတာလေးတွေ။ကြော်ပြီးပြီးချင်း ဇကာ ထဲ ဆီ စစ်။ပြီးရင် ဗန်းထဲ တစ်သျှူးခံ ပြီး ဆီစစ်။နောက်ဆုံး အဆင့် တစ်သျူး ကို လေး​ထောင့် အသေးလေးတွေညှပ် ပဲကြော် တစ်ချပ်ချင်းစီ အောက်မှာ ခံထည့်ထားတာ😁မနက်ဖြန် ကျရင် အဲ့ တစ်သျူးလေးဆွေက ဆီ ဝနေရော။ဆီဝနေတဲ့ တစ်သျူးလေးတွေကို ဖယ် ရောင်းဖို့ ထည့် တဲ့ ဗူးလေးတွေထဲ ထည့်။ရောင်းဖို့ ထည့်တဲ့ ဗူး ထဲ မှာလဲ ဆီစုပ်ပေပါ ခံတယ်။အဲ့လောက် စစ်တာတောင် တစ်ခါတစ်လေ ဆီ မခြောက်ဘူး😅ရေထားတာ ၄၂၆ ချပ် ရှိတယ်။အဲ့ဗူးတွေထဲကနေ ရောင်းတဲ့ ဗူးထဲ ပြောင်းထည့်ရင် ကြားမှာ ပဲ့တာ ကြေတာနဲ့ဆို အချပ် ၄၀၀ လောက် ပဲ မှန်းလို့ရတယ်။

ဒီအပတ် လောလောဆယ် City hall က Three Diamonds Construction & Trading မှာ ပဲကြော်လေးတွေ ပို့ထားပါတယ်။
ပစ်တိုင်းထောင် မီနီမတ် Pyit Taing Htaung Minimart နဲ့ Kaung Chin Wai ကိုလဲ မနက်ဖြန်လောက် ပို့မယ်။ကာစတန်မာ တစ်ချို့က ဗူးကြီး လိုချင်တယ် ဆိုလို့ ဒီအပတ် ပစ်တိုင်းတောင် မီနီမတ်မှာ ဗူးကြီး စမ်းတင်ကြည့်မယ်။အားပေးကြပါနော်😍ကာကာတွေက Peninsula ဆိုင်ကျ ဗူးကြီး တင်တယ် ဒီမှာကျ မတင်ဘူး ဆိုလို့လေ😊အားပေးကြတဲ့ သူတွေ အားလုံး ကျေးဇူးပါရှင့်။

08/10/2023

ဒီအပတ် CCK Myanmar Minimart ၊ပစ်တိုင်းထောင် မီနီမတ် Pyit Taing Htaung Minimart နဲ့ Three Diamonds Construction & Trading မှာ ပဲကြော်လေးတွေ ပို့ထားပါတယ်ရှင့်။ Pin Post က ဆိုင်တွေမှာလဲ ဝယ်ယူအားပေးလို့ ရပါတယ်ရှင့်။Page ကို ဝင်တဲ့ account က ဘာဖြစ်တယ် မသိ ဝင်တိုင်း auto log out ဖြစ်ဖြစ်သွားလို့ update လေးတွေ မလုပ်ဖြစ်ရင်လဲ တင်နေကြ ဆိုင်တွေမှာ အမြဲဝယ်ယူအားပေးလို့ရပါတယ်ရှင့်။အားပေးသူ တွေအားလုံး ကျေးဇူးပါရှင့်😍

02/10/2023

မနက်ဖြန် PSLE Science ဖြေကြဆိုတော့လေ အတိတ်တွေ သတိရကုန်ပြီ။အိမ်က ကလေးတွေကို Language တွေပဲ ကျူရှင်ထားပြီး Math နဲ့ Science ကို ကိုယ် ဝိုင်းကူ သင်ပေးတာမှာ ကိုယ်က SC အဓိက သင်ပေးတာပေါ့။သားကတည်းက Science ကိုသေချာလေ့လာ ဖတ်မှတ် ပြီး သားကို ပြန် သင်ပေးတယ်။သမီးလေးကျတော့ ကိုယ်က သိပ်လုပ်ပေးစရာ မလို တော့ ပေမဲ့ သူ မသိတဲ့ ဟာတွေ လာမေးတိုင်း အဆင်သင့်ဖြေပေးနိုင် အောင် ပြင်ဆင်ထားတယ်။အဲ့တော့ Science ဆိုတာ သူတို့ သင်ယူရတဲ့ ၄ ဘာသာ ထဲ ကိုယ် အကျွမ်းကျင်ဆုံး ပဲ😁ကလေးတွေ PSLE ပြီးရင် ငါ Science နဲ့ ကျူရှင်ဆရာမလုပ်မယ်တောင် လုပ်ထားတာ😁😁😁တကယ့် တကယ် ကျတော့ သိလာတာ စာသင်တာ မလွယ်ဘူးပဲ အတော် စိတ်ရှည်ရတာနော်။အဲ့ဒါနဲ့ ဆရာမ စိတ်ကူးယဥ် ဘဝကို စွန့်လွှတ်ပြီး အကြော်သည့် ဘဝ ရောက်လာတာ😊ဟောဒီက အကြော်သည်ကြီးပါ😁

ပစ္စည်းလေ အပ်ထားချင်ရင်။
02/10/2023

ပစ္စည်းလေ အပ်ထားချင်ရင်။

29/09/2023

ဒီရက်ကလေ PSLE ဖြေတဲ့ရက်ဆိုတော့ အပေါင်းအသင်း ရောင်းရင်း မိတ်ဆွေ တွေရဲ့ ကလေးတွေ ဖြေတာ လိုက်မေးပြီး ကိုယ့်ကလေးဖြေရသလို စိတ်လှုပ်ရှားနေတာ😊မင်မင့် သမီးလေးက မနှစ်က ဖြေပြီးသွားပြီ။ဒီနှစ် PSLE ဖြေတဲ့ ကလေးတွေ အားလုံး ဖြေနိုင်ကြပါစေနော်🤩

သူများ ကလေးတွေ PSLE ဖြေတာ လိုက်စပ်စု ဟိုယောင် ဒီယောင်လုပ်ရင်း ပဲကြော်ပို့တဲ့ စာရင်းလေး update လုပ်ဖို့ မေ့နေလို့ လာပြေးတင်တာပါ😀

ဒီအပတ် ပဲကြော် လေးတွေကို

1.Three diamonds Construction & Trading(Pennisula plaza, #05-42)

2.Eunos MRT က ကောင်းခြင်းဝေ မီနီမတ်

3.သမီးကြီး စားဖွယ်စုံ (Blk 703 ,Bedok Reservoir Road,Singapore 470703)

4. Su Pyae Myanmar mini mart(Bedok North Street 4,Singapore 640088)

တို့မှာ ပို့ထားကြောင်း update လေး လာလုပ်တာပါရှင့်။

Clementi က Lady A မြန်မာ mini mart နဲ့ CCK Myanmar Minimart နဲ့ ပစ်တိုင်းထောင် မီနီမတ် Pyit Taing Htaung Minimart မှာလဲ ဝယ်လို့ ရပါတယ်ရှင့်။အားပေးသူ အားလုံး ကျေး ဇူးပါ😍

အလုပ် အပြန်ပဲဖြစ်ဖြစ် လမ်းကြုံလို့ Peninsulaရောက်ခဲ့ ရင် 05-42 မှာ ပဲကြော် ဗူးအကြီး၊ဗူးအသေး ထပ်ဖြည့်ထားပါတယ်။ အားပေးလို့...
27/09/2023

အလုပ် အပြန်ပဲဖြစ်ဖြစ် လမ်းကြုံလို့ Peninsulaရောက်ခဲ့ ရင် 05-42 မှာ ပဲကြော် ဗူးအကြီး၊ဗူးအသေး ထပ်ဖြည့်ထားပါတယ်။ အားပေးလို့ ရပါတယ်ရှင့်။

Three Diamonds Construction & Trading

ဒီအပတ် ပဲကြော် လေးတွေကို1.Three diamonds Construction & Trading(Pennisula plaza, #05-42) ( ဗူးကြီးတွေပါ  ပို့ထားတာ ဗူးကြ...
22/09/2023

ဒီအပတ် ပဲကြော် လေးတွေကို

1.Three diamonds Construction & Trading(Pennisula plaza, #05-42) ( ဗူးကြီးတွေပါ ပို့ထားတာ ဗူးကြီး ကုန်သွားပြီးပြောတယ်😁 ထပ် ပို့ဖို့ ကြိုးစားလိုက်အုံးမယ်)

2.အမြဲ အပတ်တိုင်းပို့နေကြ ပစ်တိုင်းထောင် မီနီမတ် Pyit Taing Htaung Minimart ကို မနက်ဖြန် ပို့ပါမယ်)

3.ကောင်းခြင်းဝေ Kaung Chin Wai (Eunos MRT)

4.Lady A မြန်မာ minimart (Clementi)

တို့မှာ ပို့ထားကြောင်း update လေး လာလုပ်တာပါရှင့်။

Page ရဲ့ Pin post မှာ ဝယ်လို့ ရတဲ့ ဆိုင်လေးတွေ ဖော်ပြထားပါတယ်ရှင့်။အားပေးကြပါအုံးရှင့်🥰

မင်မင် တစ်နာရီ ခွဲ လောက်ကြော်ရင်အောက်ကပုံလို အခု ၂၀၀+ လောက် ရတယ်။ဒီပုံက ဆီစစ်ဖို့ ဗူးထဲ ကို ပဲကြော် တစ်ထပ် တစ်သျူး လေးထောင့် အသေးလေးတွေ ညှပ်ထားတာ တစ်ထပ် မထည့်ခင်လေး။အခု အပတ်တွေဆို Private orders တွေ လဲ အများကြီး တက်လို့ တစ်နေ့ အခု ၃၀၀+ ကြော်တာတောင် စနေ ရောက်ရင် လက်ကျန် မရှိတော့ဘူး😁တစ်ခါတစ်လေ ဝယ်နေကြ ကာကာတွေက ညီမရေ ပဲကြော်လေး လုပ်ပေးပါအုံး ရှိသေးလားဆိုရင် မမရေ ၃ ချပ်ကြီး များတောင် ကျန်တယ် လို့😅မှာတဲ့ အော်ဒါ အရေတွက် ကိုမှန်းပြီး ပို ကြော်ပါတယ်။ဒါပေမဲ့ ညှပ်နဲ့ အကိုင်မှာ ပဲကြော်တွေက ပဲ့ပါတယ်။ဗူးထဲရောက် မှ ပဲ့တာ လမ်းမှာသယ်ရင်း ပဲ့တာတွေတော့ မတက်နိုင်ပေမဲ့ မထည့်ခင် ပါရင် ဖယ်ထားပါတယ်။အဲ့လို အခြမ်းပဲ့လေးတွေ ကို တတ်နိုင်သမျှ စုထားပြီး လို အပ်တဲ့နေရာတွေ မှာ အသုံးထဲ ထည့်ဖို့ လှူပါတယ်။အဲ့တော့ ပိုကြော်ပေမဲ့ လက်ကျန် မရှိပါဘူးလို့😀

19/09/2023

05-42 Peninsula က Three Diamonds Construction & Trading မှာ ပဲကြော်လေးတွေ ရနေပါပြီ။လမ်းကြုံရင် အားပေးကြပါအုံးနော်😍

ဆိုင်အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။Blk 88, Bedok North Street 4 က Su Pyae Myanmar mini mart မှာ ပဲကြော်လေးတွေ ပို့ထားပါတယ်ရ...
15/09/2023

ဆိုင်အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။Blk 88, Bedok North Street 4 က Su Pyae Myanmar mini mart မှာ ပဲကြော်လေးတွေ ပို့ထားပါတယ်ရှင့်။ဆုပြည့်က လက်ဖက်ရည် က ရှယ်နော်။မင်မင် Bedok ဖက်သွားရင် အိမ်နားက အမတွေ အမြဲ ဝယ်ခဲ့ဖို့မှာတာ။
ဒီအပတ် ပဲကြော် လေးတွေကို

1.Three diamonds Construction & Trading(Pennisula plaza, #05-42) ( Tuesday ပို့ထားတာ ကုန်သွားပြီးပြောတယ်😁 ထပ် ပို့ဖို့ ကြိုးစားလိုက်အုံးမယ်)

2.အမြဲ အပတ်တိုင်းပို့နေကြ ပစ်တိုင်းထောင် မီနီမတ် Pyit Taing Htaung Minimart

3.သမီးကြီး စားဖွယ်စုံ (Blk 703 ,Bedok Reservoir Road,Singapore 470703)

4. Su Pyae Myanmar mini mart(Bedok North Street 4,Singapore 640088)

5. CCK Myanmar Minimart ( မနက်ဖြန် ပို့ထားပါ့မယ်)

တို့မှာ ပို့ထားကြောင်း update လေး လာလုပ်တာပါရှင့်။

Clementi က Lady A မြန်မာ mini mart နဲ့ Eunos MRT က ကောင်းချင်းဝေ ( Kaung Chin Wai ) မှာလဲ ဝယ်လို့ ရပါတယ်ရှင့်။အားပေးသူ အားလုံး ကျေး ဇူးပါ😍

Su Pyae ရဲ့ FB page လေးပါ။

https://www.facebook.com/profile.php?id=100070528343875&mibextid=ZbWKwL

Peninsula Plaza,05-42 က Three Diamonds Construction & Trading  ဆိုင်ကို ပဲကြော်လေးတွေ ပို့ထားတယ်။လမ်းကြုံရင် အားပေးကြပါအ...
12/09/2023

Peninsula Plaza,05-42 က Three Diamonds Construction & Trading ဆိုင်ကို ပဲကြော်လေးတွေ ပို့ထားတယ်။လမ်းကြုံရင် အားပေးကြပါအုံး🥰

အဖော်မဲ့လို့
မင်းမငိုနဲ့
အထီးကျန်ခြင်းကို
ငါလည်း မကြိုက်ဘူး
အဖော်အပေါင်းနဲ့
နေရတဲ့ ဘဝဟာ
ပျော်စရာပေါ့ကွာ။

ဒါပေမဲ့လည်း
လောကဓံဆိုတာ
တွေ့ဆုံကြုံကွဲဓမ္မတာမို့
အဟောင်းကုန်ရင်
အသစ်ရောက်လာမယ်
အဟောင်းကိုလည်း လွမ်းရသလို
အသစ်ကိုလည်း ကမ်းရမယ်။

အသစ်တွေရောက်လာပါပြီ
အထီးမကျန်တော့ဘူး
အဖော်မမဲ့တော့ဘူး
Three Diamonds ရဲ့ရင်ခွင်ထဲ
ခေါ်မဲ့သူမရှိခင် ခဏတာ
ပျော်မွေ့လိုက်ပါဦး။

Three Diamonds Construction & Trading

08/09/2023

Eunos က ကောင်းခြင်းဝေ မှာ ပဲကြော် ပြန်ရနေပြီနော်။ကောင်ချင်းဝေ က ဆိုင်ရှင်အမ ပဲကြော်မှာတဲ့ မက်ဆေ့ကိုကျော်ဖတ်မိတာ😅မနက်ကမှ မှာထားတယ်ဆိုလို့ မက်ဆေ့တွေ ပြန်စစ်ရတယ်။ဒီအပတ် အိမ်က မိသားစုဝင် တစ်ယောက် နေမကောင်း ဆေးရုံ တက်ရတော့ သတင်းမေးတဲ့ မက်ဆေ့တွေနဲ့ ကျော်ကုန်တာ🙏ဒီနေ့ ရသမျှလေး စုပြီးပို့ထားတယ်။အားပေးကြပါအုံး🥰

ဒီအပတ် အပတ်တိုင်း ပို့နေကြ ပစ်တိုင်းထောင် မီနီမတ်  Pyit Taing Htaung Minimart   မှာလဲ ပဲကြော်လေးတွေ ပို့ထားတယ်။ Peninsul...
07/09/2023

ဒီအပတ် အပတ်တိုင်း ပို့နေကြ ပစ်တိုင်းထောင် မီနီမတ် Pyit Taing Htaung Minimart မှာလဲ ပဲကြော်လေးတွေ ပို့ထားတယ်။ Peninsula plaza ရောက်ရင်လဲ 05-42 က Three Diamonds Construction & Trading မှာ ဝယ်လို့ ရပါတယ်ရှင့်။

ပထမအမှာလေး ကုန်သွားလို့
ဒုတိယအမှာလေး ရောက်ပါပြီ
အပိုပြောရင် အကိုမောပါတယ်
အပိုလည်း မပြောရအောင်
အကိုလည်းမမောရအောင်
စားကြည့်မှ သိနိုင်မှာမို့
မေ နဲ့ ဂျွန် ရဲ့ ပဲကြော်လေးကို
အားပေးနိုင်ပါပြီ ခင်ဗျာ။

တချို့ကပြောတယ်ဗျ
တို့အိမ်က လူများတယ်ဟဲ့
တဗူးတည်းနဲ့ မရဘူးဆိုတဲ့သူများအတွက်လည်း
စပါရှယ်ဗူးကြီး အချပ် ၂၀ ပါတဲ့ ဗူးလည်း
ရောက်ရှိနေပါပြီ။

ဗူးကြီးကတော့
လစ်မစ်တက် အဲဒီရှင်မို့ ၅ ဗူးပဲ ပါပါတယ်
၅ လွှာက Three Diamonds မှာ
လာရောက် အားပေးနိုင်ပါတယ်ဗျို့။

ဪ ပြောဖို့မေ့လို့
မုန့်ဟင်းခါးနဲ့ စားမှာလား
ရခိုင်မုန့်တီနဲ့ စားမှာလား
မုန့်ဖတ်သုပ်နဲ့စားမလား
မုန့်တီသုပ်နဲ့စားမလား
ဒီအတိုင်းလေး ရေနွေးကြမ်းလေးနဲ့ ကစ်မလား
ကြိုက်တာနဲ့စား အိုကေပါတယ်လို့

Three Diamonds Construction & Trading

4:3:3 ဆိုလို့။ဗူးကြီးတွေဆို 5:5:5 ပါလို့😁
03/09/2023

4:3:3 ဆိုလို့။ဗူးကြီးတွေဆို 5:5:5 ပါလို့😁

Helloနောက် ထပ်ခြေလှမ်းတစ်ခု ၆ ဆိုင်မြှောက် အနေနဲ့ ဒီနေ့ နေ့လည် Peninsula Plaza က 05-42 က Three Diamonds မှာ ပဲကြော်လေးတွ...
03/09/2023

Hello

နောက် ထပ်ခြေလှမ်းတစ်ခု ၆ ဆိုင်မြှောက် အနေနဲ့ ဒီနေ့ နေ့လည် Peninsula Plaza က 05-42 က Three Diamonds မှာ ပဲကြော်လေးတွေ ပို့ထားပါမယ်။ နေ့လည် 2 နာရီ နောက် ပိုင်း ဆို ဝယ် ယူ အားပေးလို့ ရပါတယ်ရှင့်။လမ်းကြုံရင် အားပေးကြပါအုံးနော်။

https://www.facebook.com/profile.php?id=100095366685561&mibextid=ZbWKwL

ဒီအပတ် May&June ပဲကြော်ကိုPyit Taing Htaung (ပစ်တိုင်းထောင်), သမီးကြီး စားဖွယ်စုံ  နဲ့ Lady A  မြန်မာ mini mart  တိူ့ကို...
31/08/2023

ဒီအပတ် May&June ပဲကြော်ကို

Pyit Taing Htaung (ပစ်တိုင်းထောင်), သမီးကြီး စားဖွယ်စုံ နဲ့ Lady A မြန်မာ mini mart တိူ့ကို ပို့ထားပါတယ်။အားပေးကြပါအုံးနော်။

ကောင်းခြင်းဝေ(Eunos MRT) နဲ့ CCK Myanmar Minimart (CCK) တို့မှာလဲ ဝယ်ယူ အားပေးလို့ရပါတယ်ရှင့်။

ဟိုရက်က ဒီတံဆိပ် ပဲ စမ်းသုံးမယ်ဆိုပြီး မှာတာ ပို့လာတာ ပဲနီလေးတွေ။မင်မင်က ကပဲ ကံမကောင်းတာလား မသိ အခုရက် ဈေးမှာတာ NTUC က ၂ ခါ ပစ္စည်း ကျန်။တစ်ခါက ဆီပုံး 5L လေးဘူး ကျန်ခဲ့။ပြီးခဲ့ တဲ့အပတ်က ရေဘူး 24 ဗူး ပါတဲ့ ကဒ် ၅ ကဒ် ပါမလာဘူး။အဲ့နောက် ဒီ supplier ဆီက ပဲ မှာတာ ပဲမှားပေး။တစ်ရက် တစ်ရက် အဲ့ လူတွေ နဲ့ ပတ် ရန် ဖြစ်ရတာ😁အခု ဒီပဲလေး စမ်းကြည့်လို့ အဆင် ပြေတယ် ထပ်ယူမယ် ဆိုတော့ stock မရှိပြန်ဘူးတဲ့။25 Kg တစ်အိတ်ကို 3-4 weeks လောက်တော့ ကြော်ရတယ်။

ဆီ ကိုတော့ အခု ဒီ နေကြာဆီ နဲ့ကြော်ပါတယ်။Product of Singapore ပါ။သူက ပရိုမိုးရှင်းပေးနေတာ 1st October အထိတဲ့။ကာကာတွေ ဝယ် ချင် ဝယ်ရအောင်😀

ဒီအပတ် ပစ်တိုင်းထောင် မီနီမတ်  Pyit Taing Htaung Minimart  နဲ့ CCK Myanmar Minimart  မှာ ပဲကြော်လေးတွေ ပို့ထားတယ် လို့ ပ...
27/08/2023

ဒီအပတ် ပစ်တိုင်းထောင် မီနီမတ် Pyit Taing Htaung Minimart နဲ့ CCK Myanmar Minimart မှာ ပဲကြော်လေးတွေ ပို့ထားတယ် လို့ ပိုစ့်ကို update မလုပ်ရသေးဘူး ပစ်တိုင်းထောင်က ဆိုင်ရှင် ညီမလေးက အမရေ ပဲကြော် ကုန်သွားပြီတဲ့😊😊Lakeside ဖက်က ကာစတန်မာတွေ အားပေးကြမ်းတာ ပို့လိုက်တာနဲ့ အမြဲ ခဏလေး ကုန်တာပဲ။

အမှန် တော့ အရင်က ပဲကြော်ကြော်ရောင်းဖို့ စိတ်ကူးမရှိဘူး။ဆိုင်လေးဖွင့်မလား လုပ်ရင်း online ကနေ မြန်မာ စားသောက်ကုန်လေးတွေ စမ်းရောင်းကြည့်တာ။အထူးသဖြင့် ပုဇွန်ခြောက် ရောင်းတာ။နောက်ပိုင်း ပုဇွန်ခြောက်က ကောက်ပေးတဲ့ သူက အကြမ်း အရော ကောက်ပေးတာ။ဒီရောက်တော့ ပြန် ပြီး တစ်ကောင်ချင်းရွေး ပြာထုတ်ရတာနဲ့ အဆင်မပြေ။ကောက်ပေးတဲ့ သူက အသန့် ကောက်မပေး နိုင်တာနဲ့ ရပ်လိုက်တာ။အဲ့တုန်းက ပုဇွန်ခြောက် ဝယ်တဲ့ မမ တစ်ယောက်က ညီမ ပဲကြော် ပါ တင်ရောင်း ပါ လား တဲ့။အမှန်တော့ ကိုယ်က ပဲကြော် မကြိုက်ဘူး။ကိုယ့် အမျိုးတစ်ယောက်က ပဲကြော် ကြိုက်တယ်။စလုံးက ဆိုင်တွေက ပဲကြော်တွေ အပြင် အံမယ် ရန်ကုန် ဟုမ်းလမ်းက ပဲကြော်တောင် မှာ စားကြသေးတာ။သူနဲ့ပေါင်းပြီး ကိုယ်လဲ နည်းနည်းပါးပါး မှာ တယ်။အိမ်မှာ စားတဲ့သူနည်းတော့ Fridge ထဲ ထည့်ထားတယ်။အဲ့မှာ ပဲကြော်က ဆီခဲပြီး ဖြူဖြူ ကြီးတွေ ဖြစ်သွားရော😅

ပုဇွန်ခြောက်ဝယ်တဲ့ မမကလဲ ပဲကြော်တင်ပါ ဆိုတာနဲ့ ကဲ စမ်းကြည့်မယ် ဆိုပြီး အမျိုးမျိုး စမ်းကြော်လိုက် ရင်းနှီးတဲ့ သူတွေ မြည်း ခိုင်းလိုက်နဲ့။နောက်ဆုံးမှာ အဆင်ပြေတယ် ဆိုလို့ နည်းနည်းစီ စမ်းရောင်းကြည့်တာ။ကိုယ်က ဆော်ဒါ မသုံးတော့ ပဲကို ပဲစိမ်းနံ့ ပျောက်အောင် ပြုတ်လိုက်တယ်။ပြီးရင် Freezer ထဲ မှာ ညသိပ် ပြီးမှ ကြော်တာမလို့ ပဲကြော်ဟာ အခြား ပဲကြော်တွေလို့ ပဲ အလုံးလိုက် ဖြူဖြူလေးတွေ နဲ့ လှမနေပါဘူး😅တစ်ခါတစ်လေ ပဲ supplier က ကိုယ်ဝယ်နေကြ ပဲ ကုန်လို့ အခြား brand ပြောင်းပေးရင် ကိုယ့်မှာ ရင်တစ်ထိတ်ထိတ်နဲ့။တစ်ခါသား Australia က ထုတ်တဲ့ ကုလားပဲ ပေးလိုက်တာ ကိုယ့်မှာ Australia ဆိုတော့ ကောင်းမှာ ဆိုပြီး ယူလိုက်တာ။အမလေး လေး မာချက် ဘယ်လိုမှ လုပ်လို့ မရတာ။

အခုတစ်လောလဲ သုံးနေကြ ပဲ မရလို့ supplier အသစ်ပြောင်းတာ ပဲ မှားပို့လိုက်လို့ ပဲအသစ်မရသေးခင် စပ်ကြား အိမ်နားက ဝယ်လို့ရတဲ့ product of Myanmar နဲ့ ကြော်ရလို့ တစ်ချို့ ပဲကြော်တွေ ပဲဆံ နည်းနည်းလေး သေးသွားတယ်🙏ပဲကြော် ကြော်တာ ကိုယ့်အတွက်တော့ နတ်ကြီးတယ်🙄တစ်ခါတစ်လေ ဒီရစပီ ဒီ အချိုး အတူတူ ပဲကို အဆင်ပြေချင်မှ ပြေတာမျိုး။များသောအားဖြင့် ပဲကြော် ကြော်တဲ့ အချိန် သီချင်းဖွင့်ထား ကိုယ်ကလဲ တက်တက်ကြွကြွနဲ့ကြော်ရင် ပိုလှတယ် ပုံထွက်ကောင်းတယ်ဗျ😁😁😁
သေချာတာတော့ ကိုယ် က ပဲကြော် ပရော်ဖက်ရှင်နယ် တော့ မဟုတ်သေးဘူး။ကြိုးစားဆဲပါ။ကိုယ်အဆင်ပြေသလို ကိုယ့်စတိုင်လေးနဲ့ ကြော်တဲ ပဲကြော်ကို စရောင်းကတည်းကနေ အခုထိ စွဲစွဲမြဲမြဲ အားပေးလာတဲ့ ကာစတန်မာတွေကို အမြဲကျေးဇူးတင်ပါတယ်။
(ပုံက ပဲကြော် စရောင်းခါစက ပုံပါ)

ဒီအပတ် အတွက် Private order ဗူးကြီးတစ်ချို့ မှီသလောက် ဓာတ်ပုံရိုက်မိတာ။မင်မင်ကလေ ဓာတ်ပုံရိုက်လဲစောင်းတယ် sticker ကပ်လဲ စေ...
25/08/2023

ဒီအပတ် အတွက် Private order ဗူးကြီးတစ်ချို့ မှီသလောက် ဓာတ်ပုံရိုက်မိတာ။မင်မင်ကလေ ဓာတ်ပုံရိုက်လဲစောင်းတယ် sticker ကပ်လဲ စောင်းတယ်😅အဲ့ဒါကြောင့် ပုံတွေ ဆွဲ အိမ်တွေဆောက်ရတဲ့ civil မယူခဲ့တာ။နမို့ဆို ဆောက်သမျှအိမ်တွေ စောင်းနေမှာ😁ကားမောင်းသင်တုန်းက ဆို instructor က ကားကို ground နဲ့ parallel ဖြစ် အောင် လုပ်ဆိုခိုင်းရင် ကိုယ်က တည့်နေတယ် ထင်ရင် ဆရာက စောင်းနေတယ်တဲ့။ကိုယ်စောင်းနေတာ ကျ ဆရာက တည့်တယ်တဲ့။နောင်ကျတော့ ကိုယ်စောင်းတယ်ထင်တဲ့ အနေထားမှာ ရပ်လိုက်တာ ကွက်တိပဲ။ဆရာ့ အမြင်မှာ ဖြောင့်နေရော။Private order တွေကလေ ချိန်းပေး ချိန်းယူ မလို့ အချိန် ယူရတယ်။အခုဆိုရင် လမ်းကြုံ ဝင်ပေးတာမျိုး ကိုယ်နဲ့ သိပ်မဝေးတဲ့ MRT လောက်ပဲ ပို့နိုင်တော့တယ်။ဆိုင်တွေကျတော့ ဗူးကြီးဆို နေရာအရမ်းယူလို့ ဗူးသေးပဲ တင်တာပါ။အားပေးကြတဲ့ သူတွေ အားလုံးကျေးဇူးနော်။

T-shirts နဲ့ အိတ်လေးတွေ ကံစမ်းမဲပေးတာလေ။ပဲကြော်ဗူးပုံ မန့်တဲ့သူ နည်းနည်းလေးကို နံပတ်တပ်တာ ထပ်သွားလို့ နာမည်နဲ့ပဲ ရွေးလို...
20/08/2023

T-shirts နဲ့ အိတ်လေးတွေ ကံစမ်းမဲပေးတာလေ။ပဲကြော်ဗူးပုံ မန့်တဲ့သူ နည်းနည်းလေးကို နံပတ်တပ်တာ ထပ်သွားလို့ နာမည်နဲ့ပဲ ရွေးလိုက်တယ်နော်😁။
ပေါက်တဲ့ သူတွေ ပုံလေးတွေမှာကြည့်နော်။
T shirts ပေါက်သူတွေက

1.Ester Naw
2.Moe War
3.陈祥康
4.သဉ္ဇာ သဉ္ဇာ
5.မြမြဆင့်
6.Spring Cobra Saffron

အိတ် ပေါက်သူ တွေက T shirts ပေါက်သူတွေ ဖယ်ပြီးမှ ထပ်ရွေးတာပါ။

1.Aquarius Soe
2.Soe Moe

ဗူးပုံ မန့်ပြီး မပေါက်တဲ့ သူ ၃ ယောက်ကို ပဲကြော် ဗူးကြီး တစ်ဗူးစီ လက်ဆောင်ပေးမယ်နော်🥰

ဝေးတဲ့သူတွေ စာတိုက်ကနေပို့ပေးမယ်နော်။လမ်းကြုံလို့ ယူချင်ရင် Yew Tee MRT မှာ ချိန်းယူလို့ ရပါတယ်ရှင့်။

May&June ပဲကြော်ကို1.ကောင်းခြင်းဝေ(Eunos MRT)2.သမီးကြီး မီနီမတ် (Blk 703,Bedok Reservoir Road)3.CCK Myanmar minimart (Ne...
19/08/2023

May&June ပဲကြော်ကို

1.ကောင်းခြင်းဝေ(Eunos MRT)
2.သမီးကြီး မီနီမတ် (Blk 703,Bedok Reservoir Road)
3.CCK Myanmar minimart (Near CCK MRT,Blk 302)
4.Pyit Taing Htaung minimart (Lakeside MRT အနီး,Blk 519,Jurong West Street 52)
5.Lady A မြန်မာ မီနီမတ်(Near Clementi mall ရေပန်းအရှေ့)
6.Three Diamonds Construction & Tradings (05-42 Peninsula Plaza)
7.Su Pyae Myanmar minimart (Blk 88,Bedok north street 4)

တို့မှာ ဝယ်ယူ အားပေးလို့ရပါတယ်ရှင့်။

ပဲကြော် ကို Public အထိ ဖြန့်ချင်လို့ SFA guide line အတိုင်း SGS Lab မှာ test စစ်ထားပါတယ်။Packing နဲ့ Nutrition lists ကို SFA guide line အတိုင်း ထုတ်ထားပါတယ်။မင်မင့်ဆီမှာ ဝယ်မယ်ဆိုရင်တော့ အောက် က websites link ,page messenger နဲ့ WhatsApp ကနေ မှာလို့ရပါတယ်ရှင့်။

ဒီအောက်မှာ Websites Link ကလေးပါ။

https://www.mayjuneonline.com

ဝယ်ယူ အားပေးတဲ့ သူတွေ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ🥰

Edit:ဒီပိုစ့်ကလေ ထူးခြားတယ်။အခြားပိုစ့်တွေ မန်ပိတ်တဲ့ option ပါပေမဲ့ ဒီပိုစ့်က မပါဘူး😁။မန့်ပိတ်လိုက်ပါပြီနော်(စာနဲ့ပဲ ပိ...
11/08/2023

Edit:ဒီပိုစ့်ကလေ ထူးခြားတယ်။အခြားပိုစ့်တွေ မန်ပိတ်တဲ့ option ပါပေမဲ့ ဒီပိုစ့်က မပါဘူး😁။မန့်ပိတ်လိုက်ပါပြီနော်(စာနဲ့ပဲ ပိတ်လိုက်တယ်😍)

T shirt နဲ့ အိတ်လေးတွေ ရပြီ။T shirt. ကလေ အသားလေး ညက်နေရော။ဒါက သပ်သပ် pre order တင်ပြီး ဝယ်ထားတာမလို့ limited ပါနော်။size က M size ပါ။M size(Size chat ထည့်ပေးထားတယ်)လဲ တော်မယ်ဆို comment. မှာ ပဲကြော်ဗူး ပုံလေးတွေ မန့်ပေးပါနော်။မမန့်ကြမှာ စိုးလို့လေ မန့်ကို နောက်အပတ် စနေ ညနေ(19/08)မှ ပိတ်ပါမယ်။အိတ်ကလေးကလဲ အပြင်မှာ အရောင် စိုနေကော။မန့်ကြပါနော်🥰မဲပေါက်တဲ့ သူတွေကို စာတိုက်ကနေ ပို့ပေးမှာပါရှင့်။

Lakeside MRT နားက ပစ်တိုင်းထောင် မီနီမတ်  Pyit Taing Htaung Minimart နဲ့ CCK က CCK Myanmar minimart မှာ ပဲကြော်လေးတွေ  ထ...
11/08/2023

Lakeside MRT နားက ပစ်တိုင်းထောင် မီနီမတ် Pyit Taing Htaung Minimart နဲ့ CCK က CCK Myanmar minimart မှာ ပဲကြော်လေးတွေ ထပ်ပို့ထားတယ်။အားပေးကြသူ အားလုံးကျေးဇူးပါ🥰
တစ်ချို့ဆိုင်တွေ ကုန်နေရင် ချက်ချင်းမပေးနိုင်လို့ update လေးလုပ်တာပါ။

Clementi က ကာစတန်မာလေးတွေရေ။ Lady A မြန်မာ minimart မှာ ဒီနေ့ပဲကြော် လေးတွေ ပို့ခဲ့တယ်နော်။အဲ့ ဖက်က  ကာစတန်မာလေးတွေ အားပ...
08/08/2023

Clementi က ကာစတန်မာလေးတွေရေ။ Lady A မြန်မာ minimart မှာ ဒီနေ့ပဲကြော် လေးတွေ ပို့ခဲ့တယ်နော်။အဲ့ ဖက်က ကာစတန်မာလေးတွေ အားပေးကြပါအုံးနော်😍

https://www.facebook.com/profile.php?id=100094226997357&mibextid=ZbWKwL

ကောင်းခြင်းဝေက အစုံသုပ် အရမ်းစားကောင်းတာ။Admin ဆို ပဲကြော် ပို့ရင် အသုပ်စုံ ရမယ့် အချိန် ရွေးပိုတာ😋😋😋
08/08/2023

ကောင်းခြင်းဝေက အစုံသုပ် အရမ်းစားကောင်းတာ။Admin ဆို ပဲကြော် ပို့ရင် အသုပ်စုံ ရမယ့် အချိန် ရွေးပိုတာ😋😋😋

မနေ့က နဲ့ ဒီနေ့ Bedok က သမီးကြီး မီနီမတ် နဲ့ Eunos က  ကောင်းခြင်းဝေ မှာ ပဲကြော် လေးတွေ ထပ် ပို့ထားပါတယ်။May&June ပဲကြော်...
03/08/2023

မနေ့က နဲ့ ဒီနေ့ Bedok က သမီးကြီး မီနီမတ် နဲ့ Eunos က ကောင်းခြင်းဝေ မှာ ပဲကြော် လေးတွေ ထပ် ပို့ထားပါတယ်။May&June ပဲကြော်ကို
1. Kaung Chin Wai minimart(Eunos)
2. သမီးကြီး minimart(Bedok)
3. CCK Myanmar minimart(Choa Chu Kang)
4. Pyit Taing Htaung minimart (Lake side)

နဲ့ Admin ဆီမှာ private ဝယ်ယူ အားပေးသူတွေကိုလေ လက်ဆောင်လေး မဲဖောက်ပေးချင်လို့ ပါ။ပဲကြော်ဗူးရဲ့ အရှေ့က May&June ပဲကြော် ဆိုတဲ့ လိုဂို လေးကိူ ဓာတ်ပုံလေးရိုက်ပြီး သိမ်းထားပေးနော်။လက်ဆောင် ပေးမဲ့ ပစ္စည်းလေးတွေရလာရင် ပို့စ့် အသစ် တင်မယ်နော်။အဲ့ ပိုစ့်မှာ ဝယ်ယူအားပေးဖူးကြောင်း ကွန်မန့်မှာ ပုံလေးတွေ ပြပြီး မန့်ရအောင်လို့ပါ။ကွန်မန့်တွေကို အစဥ်လိုက် နံပတ်တပ် ပြီး မဲဖောက် ပေးသွားမယ်နော်။

ပစ္စည်းလေးတွေကလေ

1.ညီမလေး တစ်ယောက် ရေးဆွဲပြီး T shirt ထုတ်ထားတဲ့ Spring Revolution_Diary #5 တီရှပ်လေး M size
၆ ထည်။

2.√မပြီးသေးဘူး ငါတို့ အလှည့်ကျန်သေးတယ်√
ရဲ့ အိတ် ၂ အိတ် ပါ။

အရင်ကြည့်ထားရအောင် ပုံလေးတွေ ပြထားတယ်။

ကဲ ချစ်သော ကာစတန်မာလေးတွေ စိတ်ဝင်စားရင် ပဲကြော်ဗူးလေးတွေ ဓာတ်ပုံ ရိုက်ထားနှင်နော်🥰

ဒီနေ့ CCK Myanmar Minimart မှာ ပဲကြော်လေးတွေ ထပ်ပို့ခဲ့ပါပြီ။CCK နားက ကာစတန်မာလေးတွေ အားပေးပါအုံးနော်။အရင်လို  CCK မှာ ခ...
29/07/2023

ဒီနေ့ CCK Myanmar Minimart မှာ ပဲကြော်လေးတွေ ထပ်ပို့ခဲ့ပါပြီ။CCK နားက ကာစတန်မာလေးတွေ အားပေးပါအုံးနော်။အရင်လို CCK မှာ ချိန်းပေးစရာ မလိုတော့ဘူးနော်။CCK minimart မှာ ဈေးဝယ်ရင်း နဲ့ ဝယ်ယူ အားပေးလို့ရပြီနော်။

https://www.facebook.com/profile.php?id=100089256980260&mibextid=ZbWKwL

ဒီနေ့ pyit Taing Btaung ပစ်တိုင်းထောင် မီနီမတ်  Pyit Taing Htaung Minimart မှာ ပဲကြော် ဗူးလေးတွေ ထပ်ပို့ ခဲ့တယ်နော်။အားပ...
25/07/2023

ဒီနေ့ pyit Taing Btaung ပစ်တိုင်းထောင် မီနီမတ် Pyit Taing Htaung Minimart မှာ ပဲကြော် ဗူးလေးတွေ ထပ်ပို့ ခဲ့တယ်နော်။အားပေးကြတဲ့ ကာစတန်မာလေးတွေ ကျေးဇူးအထူးပါ😍

Eunos MRT က ကောင်းခြင်းဝေ မီနီမတ်မှာ မနေ့ ကပဲကြော် ဗူးအသစ်လေးတွေ ထပ် ပို့ထားတယ်။Update လုပ်တဲ့ ပိုစ့်လေးတွေ တင်ရတာကလေ တစ...
19/07/2023

Eunos MRT က ကောင်းခြင်းဝေ မီနီမတ်မှာ မနေ့ ကပဲကြော် ဗူးအသစ်လေးတွေ ထပ် ပို့ထားတယ်။Update လုပ်တဲ့ ပိုစ့်လေးတွေ တင်ရတာကလေ တစ်ခါတစ်လေ ပဲကြော်လေးတွေ ကုန်သွားပေမဲ့ချက်ချင်း မပို့နိုင်လို့ ထပ် ရောက်နေတယ်လို့ အသိပေးတာပါ🥰။အားပေးကြတဲ့ သူတွေ အားလုံး ကျေးဇူးပါ။

Eunos MRT က ကောင်းခြင်းဝေ မီနီမတ်မှာ ပဲကြော် ဗူးလေးတွေ ထပ် ဖြည့်ထားတယ်။ဆိုင်ရှင် အစ်မ က နောက်ရက် ကြုံမှ လာပို့ သပ်သပ် လာ...
14/07/2023

Eunos MRT က ကောင်းခြင်းဝေ မီနီမတ်မှာ ပဲကြော် ဗူးလေးတွေ ထပ် ဖြည့်ထားတယ်။ဆိုင်ရှင် အစ်မ က နောက်ရက် ကြုံမှ လာပို့ သပ်သပ် လာမပို့နဲ့ ဆီကုန်တယ် ဆိုတာကို ကိုယ့်ပဲကြော်လေးတွေ ကုန်နေပြီဆိုတာနဲ့ ရသလောက်လေး စုပြီး ချက်ချင်းသွားပို့ထားတာ။ဆီဖိုး ကုန်ချင် ကုန်ပလေ့စေ အိမ်ကလူ စာရင်းထဲ ထည့်လိုက်မယ်😁။နေတာက West မှာ သမီးလေးက central (Braddell) မှာ ကျောင်းတက်တယ်။ပဲကြော် တင်တာ East မှာ😅။တစ်နေ့ တစ်နေ့ ပဲကြော် ကြော်တဲ့ အချိန်က လွဲ ရင် ကျောင်းပို့/ကြို ၊ ပဲကြော်ပို့ (လမ်းကြုံရင် private order တွေလဲ ဝင်ပေး)လမ်းပေါ် မှာ ချည်းပဲ။အဲ့ဒါကြောင့် ဖုန်းခေါ်လို့ မကိုင် ဖြစ်ရင် ကားမောင်းနေတာ များလို့ပါ။တတ်နိုင်သမျှ sms ပြန်ပို့ ပါတယ်ရှင့်။WhatsApp နဲ့ page messenger ကနေ စာပို့ ထားရင် ပို အဆင်ပြေပါတယ်ရှင့်။ဝယ်ယူ အားပေးသူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်။

ဒီနေ့ ပဲကြော် ဗူးလေးတွေ ထပ်ပို့ခဲ့ပြန်တယ်။ဗူးတွေကို ဓာတ်ပုံ ရိုက်ဖို့ မအားတော့လို့ post ကို ပြန်ရှဲပြီးအသစ်တွေ ထပ်ပို့ခဲ...
12/07/2023

ဒီနေ့ ပဲကြော် ဗူးလေးတွေ ထပ်ပို့ခဲ့ပြန်တယ်။ဗူးတွေကို ဓာတ်ပုံ ရိုက်ဖို့ မအားတော့လို့ post ကို ပြန်ရှဲပြီးအသစ်တွေ ထပ်ပို့ခဲ့တယ်လို့။အားပေးကြတဲ့ ကာစတန်မာတွေ အားလုံး ကျေးဇူးပါ😍

CCK Myanmar mini mart မှာ ပဲကြော် ဗူးလေးတွေ ဒီနေ့ ထပ်ပို့ထားပါတယ်။ဝယ်ယူ အားပေးသူ အားလုံး ကျေးဇူး အထူးတင်ပါတယ်ရှင့်😊😊😊
07/07/2023

CCK Myanmar mini mart မှာ ပဲကြော် ဗူးလေးတွေ ဒီနေ့ ထပ်ပို့ထားပါတယ်။ဝယ်ယူ အားပေးသူ အားလုံး ကျေးဇူး အထူးတင်ပါတယ်ရှင့်😊😊😊

Eunos MRT က ကောင်းခြင်းဝေ မီနီမတ်မှာ ဒီနေ့ ပဲကြော် ဗူးအသစ်လေးတွေ ထပ် ပို့ထားတယ်။အားပေးကြတဲ့ သူတွေ အားလုံး ကျေးဇူးပါ။
04/07/2023

Eunos MRT က ကောင်းခြင်းဝေ မီနီမတ်မှာ ဒီနေ့ ပဲကြော် ဗူးအသစ်လေးတွေ ထပ် ပို့ထားတယ်။အားပေးကြတဲ့ သူတွေ အားလုံး ကျေးဇူးပါ။

Hello😀သမီးလေး စာမေးပွဲပြီးသွားလို့ ပဲကြော်လေး နည်းနည်း ပြန်ရောင်းပါရစေ။လုပ်စရာ အလုပ်တစ်ချို့ မပြီးပြတ်သေးလို့ရယ်မလို့ တစ...
01/11/2022

Hello😀

သမီးလေး စာမေးပွဲပြီးသွားလို့ ပဲကြော်လေး နည်းနည်း ပြန်ရောင်းပါရစေ။လုပ်စရာ အလုပ်တစ်ချို့ မပြီးပြတ်သေးလို့ရယ်မလို့ တစ်ပတ် ၂ ရက်လောက်တော့ ကြော်ဖြစ်မယ်လို့။

ပဲကြော် ကို နောင်လဲ Public အထိ ဖြန့်ချင်လို့ SFA guide line အတိုင်း SGS Lab မှာ test စစ်ထားပါတယ်။Packing နဲ့ Nutrition lists ကို SFA guide line အတိုင်း ထုတ်ထားပါတယ်။

အရေးကြီးတာလေးကလေ ဈေးတက်ချင်လို့ပါ။အရင်ဈေးနှုန်းကနေ အောက်ပါ ဈေးလေး အတိုင်းတက်ချင်လို့ပါ။အားလဲနာတယ်နော်🙏🙏🙏

# ပဲကြော်ဗူးကြီး အချပ် ၂၀ ပါ (ခန့်မှန်း 350g to 370g) ကို - S$7.

# ပဲကြော် ဗူးသေး ၁၀ ချပ်ပါ (ခန့်မှန်း 170g to 180g) ကို -S$ 4

ပဲကြော် နဲ့ ကြက်မွကြော်ပဲ( ကြက်မွှ ကို အခုမှ လက်ရည် ပြန်သွေးနေလို့ အခု လောလောဆယ်မရသေးပါ😁) အဓိကထုတ်မှာမလို့ ကျန်တဲ့ ဒေသထွက်လေးတွေကို တင်ဖြစ်ရင် Page မှာရော Website မှာပါ update လုပ်မယ်နော်။

ကလေးစာမေးပွဲစောင့်ရင်း အားတဲ့ အချိန်လေးမှာ https://www.mayjuneonline.com website လေး ကိုယ်တိုင် ကြိုးစားပြီးလုပ်ထားတယ်။ပဲကြော်ကို အဲ့ Website လေးကနေ Pre order တင်လို့ရပါတယ်။အောက်မှာ Links ထည့်ပေးမယ်နော်။

Delivery:

#၃၀ ဖိုးနဲ့ အထက်ဆို သတ်မှတ်ထားတဲ့ MRT ထိ ပို့ပေးပါတယ်။သတ်မှတ်ထားတဲ့ MRT ဆိုတာ အနီလိုင်းဆိုJurong East to AMK အထိ။အစိမ်းလိုင်းဆို Jurong East to Tuas Link အထိ။
#၃၀ ဖိုးအောက်ဆို MRT deli ခ ၂ ကျပ် ပေးရပါမယ်။

# Yew Tee MRT မှာ လာယူရင် ဘယ်နှစ်ဗူး ယူယူ MRT ကို လာပို့ ပေးပါမယ်၊

Payments:

Web မှာ checkout လုပ်တဲ့အခါ Paypal,Offline payments နဲ့ Hitpay ဆိုတာရှိပါတယ်။Offline က Paynow ကနေ ဖြစ်စေ လူတွေ့မှ Cash ဖြစ်စေ ပေးလို့ရတယ်ရှင့်။Hitpay ကို Click လိုက်ရင် Paynow QR နဲ့ Credit card တွေ့လိမ့်မယ်။Credit Card နဲ့လဲ ပေးလို့ရပါတယ်၊Credit card နဲ့က % နဲ့ ဖြတ်တာမလို့ offline payments ကို ပို သဘောကျပါတယ်😀

အဲ့လို Web ကနေ မှာတော့လေ Pre order ကိုလဲ ဗူး အရေအတွက် limit လုပ်ထားလို့ရသလို order အရေတွက်ကိုလဲ count လုပ်ရတာ ပိုလွယ်လို့ပါ။တကယ်လို့ web ကနေ မှာလို့ အဆင်မပြေရင်လဲ အရင်လို WhatsApp ကနေ လာမှာလို့ရပါတယ်။Admin ဘာသာ key in လုပ်လိုက်ပါမယ်။

လောလောဆယ် နောက်အပတ်အတွက် Preorder ကို တစ်ပတ်ကို ဗူး ကြီး 20 နဲ့ဗူးသေး 20 ဗူး ထိ limit လုပ်ထားတာမလို့ Preorder တင်မရတော့ဘူးဆိုရင် limit ပြည့်သွားလို့ပါ။Pre order တင်ဖို့ Out of stock ဆိုတဲ့ စာတန်းလေးကို Click လိုက်ရင် Pre order page ကို ရောက်သွားပါမယ်။

Page မှာ official ပြန်မရောင်းသေးပေမယ့် မက်ဆေ့ကနေ ဘယ်နေ့ ပြန်ရာင်းမလဲ ဆိုပြီး လာမေးကြ အော်ဒါ ကြိုတင်ကြ တဲ့ customers တွေနဲ့ အမြဲ တမ်း အားပေးနေတဲ့ customers တွေကို ကျေးဇူး အထူးတင်လျှက်ပါ။လိုအပ်ချက်များ၊အမှား များရှိခဲ့ရင်လဲအားမနာတမ်း feedback ပေးပေးပါ။

ကျေးဇူး တင်ပါတယ်🙏

ဒီအောက်မှာ Websites Link ကလေးပါ။

https://www.mayjuneonline.com

07/05/2022

ပဲကြော် ကြော်တာလေ အောက်တိုဘာ လကုန် လောက် အထိ နားချင်လို့ပါ။ကြားထဲမှာ အချိန်အားရင်တော့ ရန်ပုံငွေ ရောင်းတဲ့ ဂရု တွေထဲ လှူ ဖို့ နည်းနည်းကြော်ဖြစ်ပါမယ်။မိတ်ဟောင်း မိတ်သစ်တွေ အကုန် ကျေးဇူး တင်ပါတယ်ရှင့်🙏🙏🙏

မနှစ်က July လလယ် လောက်က နေ စပြီးကိုယ်ပိုင် product ဖြစ်တဲ့ ပဲကြော်လေးကို ကြော်လိုက် နားလိုက် နဲ့ privateလေး ကြော်ရောင်းလ...
03/01/2022

မနှစ်က July လလယ် လောက်က နေ စပြီးကိုယ်ပိုင် product ဖြစ်တဲ့ ပဲကြော်လေးကို ကြော်လိုက် နားလိုက် နဲ့ privateလေး ကြော်ရောင်းလာတာ နှစ်ကုန်မှာ ဗူးအသေး၊ဗူးအကြီး စုစုပေါင်း 276 ဗူး ရောင်းရပါတယ်။ပဲကြော်မှာ တစ်စုံတစ်ခု အဆင်မပြေဖြစ်ခဲ့ရင်လဲ တောင်းပန်ပါတယ်ရှင့်။တစ်ချို့ရက်တွေ အော်ဒါ အရမ်းစိတ်ပြီး ပေးရတဲ့ အခါ စိတ်ထဲမှာ ကွာလတီ သိပ်မမှီဘူးခံစားရလို့ပါ။တစ်ချို့ စောင့် ရတာ ကြာတာ မေ့သွားတာများရှိရင်လဲ ခွင့်လွှတ်ပါ။မနေ့ကပဲ ရောင်းရတဲ့ စာရင်း အမြတ်စာရင်းတွက်ပြီး အမြတ်ထဲက တစ်ချို့တစ်ဝက်ကို နှစ်ဦး တလရ အလှူ အနေ နဲ့ အသိ အမတွေက တစ်ဆင့် လှူဖြစ်ပါတယ်။ဒီ နှစ်ထဲ မှာ သမီးလေး PSLE ဖြေ မှာမလို့ စာသင်ပေးမှာမလို့ နားလိုက်၊ကြော်လိုက် နဲ့ ခပ်ဖြေးဖြေး ဆက်​ကြော် ပါအုံးမယ်။အားပေးသူတွေ အားလုံး၊page ကို Like/follow လုပ် ထားတဲ့သူတွေ အားလုံးကို ကျေးဇူး တင်ပါတယ်ရှင့်။

နှစ်မကုန်ခင် ပို့စ် တစ်ခုလာတင်တာ😄မနက်ဖြန်  ရန်ကုန်က မှာထားတဲ့ တရုတ်တန်းဝက်သားကောက်ညှင်းထုပ် အကြီးကြီးတွေ ရေချမ်းစင် ပို့...
18/12/2021

နှစ်မကုန်ခင် ပို့စ် တစ်ခုလာတင်တာ😄မနက်ဖြန် ရန်ကုန်က မှာထားတဲ့ တရုတ်တန်းဝက်သားကောက်ညှင်းထုပ် အကြီးကြီးတွေ ရေချမ်းစင် ပို့ထားမယ်နော်။

ပုဇွန်မုန့်စားဖူးလားဟင်။ငါးမုန့်ကြော်လိုပဲ။သူက ပုဇွန်နဲ့ လုပ်တာ။မော်ကျွန်းကနေ သယ်လာပြီး စလုံးမှာကြော်တာပါ။60 g တစ်ထုပ်ကိ...
31/10/2021

ပုဇွန်မုန့်စားဖူးလားဟင်။ငါးမုန့်ကြော်လိုပဲ။သူက ပုဇွန်နဲ့ လုပ်တာ။မော်ကျွန်းကနေ သယ်လာပြီး စလုံးမှာကြော်တာပါ။60 g တစ်ထုပ်ကို SGD 3 ကျပ်ပါ။

Address

Blk 791 Choa Chu Kang North 6
Singapore
680791

Opening Hours

Monday 08:00 - 20:30
Tuesday 08:00 - 20:30
Wednesday 08:00 - 20:30
Friday 08:00 - 20:30
Saturday 08:00 - 20:30
Sunday 08:00 - 20:45

Telephone

+6593733053

Website

Alerts

Be the first to know and let us send you an email when MAY & JUNE MART posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MAY & JUNE MART:

Share


Other Convenience Stores in Singapore

Show All