Spade One Liquor Store

Spade One Liquor Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spade One Liquor Store, Wine, Beer & Spirits Store, Yangon.

1L 🥃 - 35000
17/11/2023

1L 🥃 - 35000

Black Label 1L - 60000 🖤
16/11/2023

Black Label 1L - 60000 🖤

Sir Edward’s  Finest 1L - 18000Sir Edward’s Smoky 1L - 20000Sir Edward’s Beer Reserve 1L - 22000Sir Edward’s Limited 1L ...
12/11/2023

Sir Edward’s Finest 1L - 18000
Sir Edward’s Smoky 1L - 20000
Sir Edward’s Beer Reserve 1L - 22000
Sir Edward’s Limited 1L - 25000

CHIVAS 12yr 1L - 65000CHIVAS 12yr 70cl - 45000
06/11/2023

CHIVAS 12yr 1L - 65000
CHIVAS 12yr 70cl - 45000

ဒီညတော့ သာယာနေပြီ 🖤
29/10/2023

ဒီညတော့ သာယာနေပြီ 🖤

အရည်အသွေး နဲ့ ဈေးနှုန်းပိုင်းစိတ်ချရတဲ့ Spade One Liquor Storeအခုခေတ်ကာလမှာ ယုံကြည်စိတ်ချရတဲ့ Liquor Store ဆိုတာ ရွှေထက်...
20/10/2023

အရည်အသွေး နဲ့ ဈေးနှုန်းပိုင်းစိတ်ချရတဲ့ Spade One Liquor Store

အခုခေတ်ကာလမှာ ယုံကြည်စိတ်ချရတဲ့ Liquor Store ဆိုတာ ရွှေထက်ရှားနေပြီနော်❗

စစ်မှန်တဲ့ Quality မှန်ကန်တဲ့ စျေးနှုန်းများအတိုင်း နာမည်ပျက်တစ်ချက်မရှိတဲ့ Liqour Store ကို ပြပါဆိုရင် Spade One ပါ​ပဲ📣

Spade One ရဲ့ နိုင်ငံခြားဖြစ် Alcohol များက👇🏻

✔ကိုယ်တိုင်သောက်ဖို့အတွက်လည်း နှုန်းထားကောင်းတယ်
✔ဘော်ဒါတွေစု​ပြီး သောက်ကြစားကြမယ်ဆိုလည်း Ok တယ်
✔သီတင်းကျွတ်မှာ လူကြီးတွေကို လက်ဆောင်ပေးမယ်ဆိုလည်း မျက်နှာပန်းပွင့်စေတယ်
✔နောက်ပြီး တစ်ဆင့်ပြန်ယူရောင်းချမယ်ဆိုလည်း စျေးနှုန်းသင့်တင့်လို့ အဆင်ပြေစေတယ်

Quailty စျေးနှုန်း ဝန်ဆောင်မှုများကို ရှေ့တန်းထားဆောင်ရွက်တဲ့အတွက် Spade One Liquor Store နဲ့ဆို စိတ်ကျေနပ်စေမှာ အမှန်ပါ​ပဲဗျာ💯

🏡လိပ်စာ-မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းပေါ်
ဝဇီရာမှတ်တိုင်အနီး
☎ဖုန်း-09263458615

ရန်ကုန်မြို့အတွင်း အိမ်အရောက်ငွေချေ
နယ်မြို့များ ငွေကြိုလွှဲပြီးတာနဲ့ ဂိတ်ချပေးပါတယ်
၆ လုံးကစယူတာနဲ့ လက္ကားစျေးရပါတယ်ဗျ

Gold Label 1L - 125000
Gold Label 70cl - 80000
Double Inlay 1L - 75000
Double Black 1L - 70000
Black Icon 1L - 75000
Black Label 1L - 60000
Red Label 1L - 35000
Red Icon 1L - 38000
JW A SONG OF ICE - 73000
JW A SONG OF FIRE - 73000
Dewar’s White Label 1L - 38000
Dewar’s 12 Years 1L - 65000
Chivas 12yr 1L - 65000
Chivas 12yr 70cl - 45000
Grant’s 1L - 40000
Jagermeister 1L - 38000
Jagermeister 70cl - 33000
JIM BEAM 1L - 35000
Jack Daniel’s No.7 1L - 58000
Sir Edward’s Finest 1L- 18000
Sir Edward’s Smoky 1L - 20000
Sir Edward’s Beer Reserve 1L - 22000
Sir Edward’s Limited 1L - 25000
Ballantine’s Finest 1L - 35000
Dunfife 1.5L - 35000
Dunfife 1L - 23000
Dunfife 70cl - 16000
Dunfife Gold 700ml - 32000
Canadian Club 1L - 50000
VODKA 1L - 35000

Jagermeister ဆိုတာနဲ့ လူတိုင်းသိမယ်ထင်ပါတယ် 😁1L - 38000
19/10/2023

Jagermeister ဆိုတာနဲ့ လူတိုင်းသိမယ်ထင်ပါတယ် 😁

1L - 38000

18/10/2023

Page က စာပြန်မရဖြစ်နေလို့ပါ bill မဲပေါက်တာတွေ

အကုန်ပို့ပြီးပါပြီ ပုလင်းမဲပေါက်တာကို del အပ်ပေးထား

ပြီးပါပြီ ပစ္စည်းပို့ရင် ph ကြိုဆက်မှာပါ

bill 5 ကဒ် ၊ ပုလင်း မဲပေါက်သူတွေ cb လာလို့ရပါပြီ💛
16/10/2023

bill 5 ကဒ် ၊ ပုလင်း မဲပေါက်သူတွေ cb လာလို့ရပါပြီ💛

Chita Single Grain Japanese Whisky 70cl (Alc 43%) - 150000▪️Chita whisky ကိုဂျပန်နိုင်ငံမှာ Aichi ပြည်နယ်မှာရှိတဲ့ ဝီစကီ...
10/10/2023

Chita Single Grain Japanese Whisky 70cl (Alc 43%) - 150000

▪️Chita whisky ကိုဂျပန်နိုင်ငံမှာ Aichi ပြည်နယ်မှာရှိတဲ့ ဝီစကီစက်ရုံကနေထုတ်လုပ်ခဲ့ပြီး ကောက်နှံစေ့များနဲ့ပြုလုပ်ထားတဲ့ ထူးခြားတဲ့ grain japanese whisky တစ်မျိုးဖြစ်ပါတယ်

▪️ပေါ့ပါးပြီးချောမွေ့တဲ့အရသာကြောင့် ဂျပန်လူမျိုးတို့ကြိုက်နှစ်သက်ကြတဲ့ ဝီစကီတစ်မျိုးဖြစ်ပါတယ်
ပျားရည်, vanilla, cinnamon နဲ့ oak တို့အဓိကပါဝင်ပြီး ပျော့ပျောင်းတဲ့ရနံ့နဲ့ Vanilla ရဲ့ချိုမြိန်တဲ့အရသာကိုခံစားရရှိပါတယ်

▪️သူရဲ့ ထူးခြားတဲ့အရည်သွေးနှင့် ချောမွေ့သောအရသာရှိတာကြောင့် လူသိများတဲ့ Whisky တခုလဲဖြစ်ပါတယ်

သီတင်းကျွတ်အကြို နှင့် Page အသစ်ဖွင့် အမှတ်တရလက်ဆောင် မဲဖောက် post ပါ 😍😍😍Sir Edward’s Finest 1L - 1 လုံး Ph Bill 3000 တန...
09/10/2023

သီတင်းကျွတ်အကြို နှင့် Page အသစ်ဖွင့်

အမှတ်တရလက်ဆောင် မဲဖောက် post ပါ 😍😍😍

Sir Edward’s Finest 1L - 1 လုံး

Ph Bill 3000 တန် - 3 ကဒ်

( 15 . 10 . 2023 ) မဲဖောက်ပေးပါမယ် 😍

1 . ပထမဆုံး Page ကို Like & follow လုပ်ထားပေးရပါမယ်🧡

2 . ယခု Post ကို Like လုပ်ပြီး Share ထားပေးရမယ်

3 . Share ထားတာကို Ss ရိုက်ပြီး မူရင်း Post အောက်မှာ
Comment ပေးထားယုံဘဲနော် 😊😊😊

Hello💛Spade One Liquor Store ♠️ မှ ကြိုဆိုပါတယ် 🙏🏻လူကြီးမင်းတို့တွက် နိုင်ငံခြားဖြစ်အရက်များကို ပစ္စည်းမှန်စျေးနှုန်းမှန...
08/10/2023

Hello💛

Spade One Liquor Store ♠️ မှ ကြိုဆိုပါတယ် 🙏🏻

လူကြီးမင်းတို့တွက် နိုင်ငံခြားဖြစ်အရက်များကို

ပစ္စည်းမှန်စျေးနှုန်းမှန်ဖြစ် ရောင်းချပေးနေပါပြီခင်ဗျာ

ကိုယ်တိုင်သောက်မလား 🍷 ?

ဆိုင်မှာပြန်ရောင်းမလား ?

လက်ဆောင်ပေးဖို့မှာမလား 🎁 ?

လူကြီးမင်းတို့ကိုယ်တိုင်စိတ်ချစွာ

ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ

ပစ္စည်းစစ်မှန်ကြောင်းလဲအာမခံဖြစ်

ရောင်းချပေးနေပါပြီခင်ဗျာ 🙏🏻

Gold Label 1L - 125000
Gold Label 75cl - 80000
Double Inlay 1L - 75000
Double Black 1L - 70000
Black Label 1L - 60000
Red Label 1L - 35000
Red Icon 1L - 35000
JW A SONG OF ICE - 73000
Chivas 12yr 1L - 65000
Chivas 12yr 70cl - 45000
Jagermeister 1L - 37000
Jagermeister 70cl - 32000
Sir Edward’s Finest 1L- 18000
Sir Edward’s Smoky 1L - 20000
Sir Edward’s Beer Reserve 1L - 22000
Sir Edward’s Limited 1L - 25000
Ballantine’s Finest 1L - 35000
Dunfife 1.5L - 35000
Dunfife 1L - 23000
Dunfife 70cl - 16000
Dunfife Gold 700ml - 32000
High Commissioner 1L - 17000
Canadian Club 1L - 50000

ဆိုင်မှာလာရောက်ဝယ်ယူလို့လဲရပါတယ်

မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမပေါ်

ဝဇီရာမှတ်တိုင်အနီး ♠️

Ph ☎️ - 09263458615

ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ 🙏🏻

YGN မြို့တွင်းအိမ်ရောက်ငွေချေ

နယ်မြို့များငွေကြိုလွှဲပြီးတာနဲ့ ဂိတ်ချပေးပါတယ်

၆ လုံးယူတာနဲ့ လက်ကားစျေးနဲ့ပေးနေပြီနော်

လက်ကားလိုချင်သူများ cb ကိုအမြန်လာနော် 😍

Ballantine’s Finest ________________About - ထုံးစံအတိုင်း blended scotch whisky အမျိုးအစားဖြစ်ပါတယ်ခင်ဗျာ။ 40% ABV ရှိပါ...
07/10/2023

Ballantine’s Finest
________________

About - ထုံးစံအတိုင်း blended scotch whisky အမျိုးအစားဖြစ်ပါတယ်ခင်ဗျာ။ 40% ABV ရှိပါတယ်။ Ballantine’s ဆိုတာ တစ်ချိန်က Europe ရဲ့ ရောင်းအားအကောင်းဆုံး brand တစ်ခုပါ။ အခုထိလည်း Europe နှင့် Asia ဘက်မှာ လူကြိုက်များ အောင်မြင်နေတဲ့ brand ပါခင်ဗျာ။

Aroma - ရနံ့လေးက sweet ဖြစ်ပါတယ်။ Sweet & soft aroma လေးကိုမှ အစေ့အဆန်တွေရဲ့ ရနံ့ကလည်း သိသာစွာပါဝင်နေပါတယ်။ တစ်ချက်တစ်ချက် တောပန်းရိုင်းများရဲ့ ရနံ့ကိုလည်း ခံစားမိနိုင်ပါတယ်။ အဲ့အပြင် သစ်သီးတွေရဲ့ fruity aroma လေးကိုလည်း ပါးပါးလေး လိုက်ပါခံစားရပါသေးတယ်။ Sweet & nutty ဖြစ်နေတာလေး အီတဲ့အထိရောက်မသွားဖို့အတွက် spice & smoke ကလည်း ပါတယ်ဆိုရုံလေးနဲ့ တစ်ချက်တစ်ချက် ဝင်ထိန်းပေးထားပါသေးတယ်။ Aroma လေးက ရိုးရိုးလေးနဲ့ကို ကောင်းနေတာပါခင်ဗျာ။

Taste - အစမှာ အရသာက weak ဖြစ်နေသလို ထင်မိပေမယ့် တကယ်တမ်းကြတော့ မ weak ပါဘူးခင်ဗျာ။ အစမှာ သူ့ရဲ့ ညက်ညောမှုက creamy ဖြစ်တာနဲ့တွဲပြီး ယမကာတစ်ခုရဲ့အရသာကို အပျော့ဆုံးဖက်ဆွဲချထားပါတယ်။ ပြီးရင်တော့ spicy ဖြစ်တာလေး ပေါ်လာတာနဲ့အတူ ပါးစပ်ထဲမှာ စူးသလိုလို/ခါးသလိုလို/ကလိနေသလိုမျိုးလေး နဲ့ ယမကာအရသာကို sexy ဆန်ဆန် ပြန်ဆွဲတင်လိုက်ပါတယ်။ အတက်အကျနှစ်ခုလုံးရဲ့နောက်မှာ အချိုပေါ့ပေါ့လေးနဲ့ vanilla အရသာလေးက အစွန်းနှစ်ဖက်ရောက်မသွားအောင် ကူထိန်းပေးထားပါတယ်။

Aftertaste - Peated smoke လေး နူးနူးညံ့ညံ့ ညှင်ညှင်သာသာနှင့် aftertaste မှာ သိသာစွာ ပေါ်လာပါတယ်။ Smoke က အရမ်းမပျော့သလို အရမ်းလည်းမပြင်းပါဘူး။ Gentle smoke လေးကိုမှ warm & sweet ဖြစ်တဲ့ finish လေးနဲ့ တွဲထားပါတယ်။ ပြီးရင်တော့ ခါးသက်သက်အရသာလေးက ခံတွင်းရှင်းသွားအောင် အဆုံးသတ်ပေးမှာပါ။

ဒီကောင့်မှာ ကျွန်တော်အကြိုက်ဆုံးက နူးနူးညံ့ညံ့ peated smoke လေး aftertaste မှာ ညှင်ညှင်သာသာ ပေါ်လာတာပါ။ သူ့ရဲ့ smoky က နူးညံ့တဲ့အတွက် smoky ကြိုက်တဲ့သူတွေကော မကြိုက်တဲ့သူတွေပါ အဆင်ပြေမှာပါ။
ပြီးတော့ ဒီကောင်က smooth တယ်ဆိုပေမယ့် sexy ဆန်ဆန် smooth တာပါ။ Ballantine’s Finest ဆိုတဲ့အတိုင်း smooth တာထက်စာရင် fine & creamy ဆို ပိုမှန်မှာပါ။

အဲ့တော့ ညက်ညောမှုနဲ့မှ အဆင်ပြေမည့် beginner ကနေစပြီး သုံးဆောင်နေကြလူတွေအပြင် smoky သမားတွေအတွက်ပါ ဒီကောင်က အဆင်ပြေနိုင်မှာပါ။ ပိုက်ဆံလည်း နည်းနည်းပိုသုံးချင်ပြီး branded ထဲကရွေးချင်တဲ့သူတွေအတွက် Ballantine’s Finest ကို ထည့်စဉ်းစားဖို့ recommend ပေးလိုက်ပါရစေ ခင်ဗျာ။

Source from Liquor အကြောင်း

Biggest Redesign in Chivas History ဝီစကီပုလင်းဒီဇိုင်းတွေပြောင်းတဲ့အထဲမှာ ဒီတစ်ခေါက် Chivas 12 ရဲ့ design ပြောင်းတာက တစ်...
05/10/2023

Biggest Redesign in Chivas History

ဝီစကီပုလင်းဒီဇိုင်းတွေပြောင်းတဲ့အထဲမှာ ဒီတစ်ခေါက် Chivas 12 ရဲ့ design ပြောင်းတာက တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်ခင်ဗျာ။ ဒါ့အပြင် Blackpink အဖွဲ့ဝင် Lisa ကို Asia Brand Ambassador ခန့်လိုက်တာကလည်း အားလုံးရဲ့စိတ်ဝင်စားမှုကို တော်တော်လေးရနေပါတယ်။

ပထမဆုံးအနေနဲ့ Chivas Regal x Lisa အကြောင်းလေး အရင်ပြောချင်ပါတယ်ခင်ဗျာ။ Lisa ရဲ့ ကြီးမားတဲ့အောင်မြင်မှုတွေ၊ မရပ်မနားကျော်ကြားမှုတွေ၊ record-breaking solo career တွေအကြောင်းတော့ အားလုံးသိပြီးဖြစ်မှာပါခင်ဗျာ။ ကိုယ့်ဘဝတက်လမ်းကို ကိုယ့်ဘာသာလမ်းဖောက်ရင်း တရှိန်ထိုးအောင်မြင်လာတဲ့ Lisa ကို လူငယ်တော်တော်များများက အထင်ကြီး inspire ဖြစ်ကြပါတယ်။ အဲ့ဒီ Lisa ရဲ့ အောင်မြင်မှု story ဟာ တချိန်က Chivas ရဲ့ စတင်အောင်မြင်လာချိန်က story ကို ပြန်ပြောင်းထင်ဟပ်နေစေပါတယ်ခင်ဗျာ။ အဲ့ story နှစ်ခုကို ရောစပ် blend ပြီး ကမ္ဘာကျော် Blended Scotch Company ကြီးက I Rise We Rise ကြော်ငြာနဲ့အတူ Chivas 12 ရဲ့ ဒီဇိုင်းတစ်ခုလုံးကို redesign လုပ်ပစ်လိုက်တာက တကမ္ဘာလုံးရဲ့ attention ကိုရယူလိုက်နိုင်ပါတယ်ခင်ဗျာ။

လူကြီးတွေကြားထဲမှာ heritage brand အနေနဲ့ နာမည်ကျော်တဲ့ Chivas ဟာ Lisa နဲ့အတူ လူငယ်တွေရဲ့စိတ်ဝင်စားမှုကိုသိမ်းပိုက်ရင်း Chivas 12 ရဲ့ဒီဇိုင်းကိုလည်း လူငယ်အကြိုက် modernize ပုံစံဘက်ကို ကူးပြောင်းလာပါတယ်။ Chivas ရဲ့ သင်္ကေတ luckenbooth (friendship လို့အဓိပ္ပာယ်ရ) လို့ခေါ်တဲ့ heart ပုံစံလေးက ပုလင်းရဲ့အလယ်တည့်တည့်မှာ သိသာစွာပါဝင်လာပါတယ်ခင်ဗျာ။ ပုလင်းကပိုရှည်လာပေမယ့် အရမ်းကြီး elegant ဖြစ်တဲ့ပုံစံမျိုးကိုမသွားပဲ boldness & luxurious ဖြစ်တဲ့ဘက်ကိုသွားပါတယ်။ Chivas ရဲ့ 12 ဆိုတဲ့နေရာမှာ XII ပုံစံမျိုး ရောမအက္ခရာပါထပ်ထည့်ထားတာကိုကြည့်ရင် Chivas ကိုယ်တိုင်ကလည်း သူ့ရဲ့ပုလင်းကို elegant & sexy ဖြစ်ဖို့ထက် classic & premium ဆန်ဆန်နဲ့ modernize ဖြစ်ပြီး လူကြီးရောလူငယ်ပါကြိုက်တဲ့ပုံစံမျိုးဖြစ်စေချင်တာ ပေါ်လွင်ပါတယ်ခင်ဗျာ။ (ကျွန်တော်ကိုယ်တိုင်လည်း Chivas ရဲ့ classic ဖြစ်တဲ့ heritage ကို မပျောက်ပျက်စေချင်ပါဘူးခင်ဗျာ)

နောက်အရေးကြီးတဲ့တစ်ခုက ပုလင်းဒီဇိုင်းပြောင်းတာဟာ marketing reason ကြောင့်ပဲမဟုတ်ပါဘူးခင်ဗျာ။ ပူနွေးပျက်စီးလာတဲ့ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ရန်အတွက် eco-friendly ဖြစ်ဖို့၊ စွမ်းအင်ချွေတာဖို့၊ recycle ပြန်သုံးဖို့စတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာတွေကိုလျော့ချဖို့ ကမ္ဘာကျော်ကုမ္ပဏီတွေ အပြိုင်အဆိုင်ကြိုးစားနေတဲ့အထဲမှာ Chivas ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Chivas က 2025 မှာ 100% recyclable & environmental friendly ဖြစ်ဖို့ကြွေးကြော်ထားတဲ့ ကုမ္ပဏီပါ။ ကျွန်တော့်အထင် အဲ့တာရဲ့ခြေလှမ်းတစ်ခုအနေနဲ့ပါ ပုလင်းဒီဇိုင်းပြောင်းတယ်လို့ ယူဆမိပါတယ်ခင်ဗျာ။

Chivas 12 ရဲ့ ပုလင်းအသစ်က ပုလင်းဟောင်းထက် အလေးချိန်ပိုပေါ့ပါတယ်။ Chivas ရဲ့အဆိုအရပိုပေါ့အောင်လုပ်ထားတဲ့အတွက် တစ်နှစ်ကိုဖန်တန်ချိန်ပေါင်း 1000 ချွေတာရာရောက်ပါတယ်ခင်ဗျာ။ အပြင်ကစက္ကူဘူးရဲ့ ဒီဇိုင်းအသစ်က fully recyclable ဖြစ်ပြီး environmental friendly လည်းဖြစ်ပါတယ်။ ပလပ်စတစ်မပါတဲ့ packaging ကြောင့် 2.3 million ပလတ်စတစ်ဘူးခွံပမာဏ လျော့ချနိုင်တဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုလည်း သိသာစွာလျော့ချလိုက်နိုင်ပါတယ်ခင်ဗျာ။

Chivas 12 ရဲ့ ပုလင်းပုံစံအသစ်ဟာ Chivas ရဲ့ရာစုနှစ်တစ်ခုကျော်ကြာသမိုင်းတစ်လျောက်မှာ အကြီးမားဆုံးသော ပုလင်းပုံစံ redesign လုပ်တာပါ။ ကားလောကစကားနဲ့ပြောရမယ်ဆိုရင် all new generation ပြောင်းပြီး ပုံပြောင်းသွားသလိုပါပဲ။ ဒါပေမယ့် ပုလင်းထဲမှာပါဝင်တဲ့ whisky ကတော့ အရင်အဟောင်းရဲ့ မူလအရသာအနှစ်သာရအတိုင်းပါပဲခင်ဗျာ။ (တချို့တွေကတော့ အသစ်ကမဆိုသလောက်လေးပိုညက်ညောတယ်လို့ ပြောကြပေမယ့် ကျွန်တော့်အတွက်တော့ အသစ်နဲ့အဟောင်းက အတူတူပါပဲခင်ဗျာ)

နိဂုံးချုပ်ရရင် Chivas ဆိုတာ heritage ကိုအရမ်းတန်ဖိုးထားတဲ့ တကယ့် classic brand ကြီးပါ။ အဲ့လို brand ကြီးက redesign လုပ်တယ်ဆိုပေမယ့် classic & premium ပုံစံကိုဆက်ပြီးထိန်းသိမ်းရင်း ကမ္ဘာကြီးကိုကယ်တင်ဖို့လျှောက်လှမ်းရာမှာ ပါဝင်လာတာဆိုတော့ ကျေနပ်မိပါတယ်ခင်ဗျာ။ ပြီးတော့ လူငယ်အကြိုက် modern ပုံစံဖြစ်အောင်လည်းလုပ်ရင်း Lisa နဲ့ကြော်ငြာတာကိုကြည့်ရင် Chivas က လူကြီးကော၊ လူငယ်ကော၊ မိန်းကလေးတွေကောပါ ပိုမိုနှစ်သက်လာအောင် ကြိုးစားလျှောက်လှမ်းဖို့ ခြေလှမ်းပြင်နေပြီလို့ ယူဆမိပါတယ်ခင်ဗျာ။

Thank You 😊
(Photos from Internet)

ဒရယ်ချိုနှစ်ခု၏နောက်ကွယ်မှ Jagermeister(ယက်ဂါမိုက်စတာ)====================== Jägermeister(ယက်ဂါမိုက်စတာ) ကုမ္ပဏီ ကို ၁၈၇...
05/10/2023

ဒရယ်ချိုနှစ်ခု၏နောက်ကွယ်မှ Jagermeister(ယက်ဂါမိုက်စတာ)
======================

Jägermeister(ယက်ဂါမိုက်စတာ) ကုမ္ပဏီ ကို ၁၈၇၈ တွင် Wilhelm Mast ကတည်ထောင်ခဲ့ပါသည်။Wilhelm Mast က ၁၉၃၄ ခုနှစ်မှာ လျို့ဝှက် formula တစ်ခုကိုဖော်ထုတ်ပြီး၁၉၃၅ ခုနှစ်မှာ ဂျာမနီလူမျိုးတွေရဲ့ဈေးကွက်ထဲကိုတင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။
၁၉၇၀ မှာတော့ ပြည်ပတိုင်းပြည်းများကို တင်ပိုရောင်းချနိုင်ခဲ့ပါသည်။ယနေ့ခေတ်အထိ ဂျာမန်တွေကဆေးဖက်ဝင်အဖြစ် အသုံးပြုနေဆဲဖြစ်ပါသည်။Jägermeister ကို Jager ဟုခေါ်တွင်ခဲ့ပြီး Jägermeister ကိုဆေးဖက်ဝင်အပင် ၅၆ မျိုး + Alcohol 35% ဖြင့်ပြုလုပ်ထားပါသည်။

Jägermeister သည်ဂျာမနီ နိုင်ငံ Wolfenbüttel ရုံးချုပ်တွင် တည်ရှိသောအဓိကထုတ်ကုန်ဖြစ်သည်။လွန်ခဲ့သော ၈၆ နှစ်လောက်ကတည်းက ယနေ့အထိပြောင်းလဲခြင်းမရှိဘဲ အစိမ်းရောင်ဖန်ပုလင်း နှင့်သာထုတ်လုပ်ဆဲဖြစ်သည်။Wilhelm Mast ရဲ့သား Curt Mast က ၁၉၃၄ တွင်သူ့အဖေရဲ့လုပ်ငန်းကို လွဲပြောင်းယူခဲ့ပါတယ်။ Jagermeister
သည် ဂျာမန်စကားဖြစ်ပြီး အဓိပ္ပာယ်က မုဆိုးတွေရဲ့သခင်လို့အဓိပ္ပာယ်ရပါတယ်။

Jagermeister ကို အမေရိကန်ယမကာ company တည်ထောင်သူ Sideny Frank ၏လုပ်ဆောင်မူကြောင့် အပြည်ပြည်ဆိုင်ရာ စိတ်ဝင်စားမူကိုရရှိခဲ့သည်။
Label Jagermeister ပုလင်းတံဆိပ်တွင် ဒရယ်ချိုနှစ်ခုကြားတွင် လက်ဝါးကပ်တိုင်ကိုတွေ့ရမည်ဖြစ်သည်။ထိုပုံမှာ ခရစ်ယာန်ဂိုဏ်း ခွဲသူနှစ်ဦး Saint Hubertus and Saint Eustace တို့ကို ရည်ညွန်းသည်။Jagermeister သည် ဥရောပပြိုင်ကားအသင်း BMW and Porsches ကို လည်း စပွန်ဆာ ပေးခဲ့သည်။

ပါဝင်ပစ္စည်း
သစ်ကြံပိုးခေါက် သည် ဝမ်းပျက်ဝမ်းလျှောခြင်းကိုကာကွယ်ရန်နှင့်
အစာစားချင်စိတ်ကိုလှုံ့ဆော်ရန် အထောက် အကူပြုပါသသည်။
လေးညှင်းပွင့် သည် အဖျားအနာများကိုလျှော့ချရန်၊ရောင်ရမ်းခြင်းကို
ကာကွယ်ရန်နှင့်အူလမ်းကြောင်းကင်ဆာကိုကာကွယ်ရန်
ဂျင်းမြစ် သည်ပျို့ချင်ခြင်း၊ ရောင်ခြင်းကိုလျော့နည်းစေသည်။
နံနံပင် နံရံဆေးကြောခြင်း၊ အစာအိမ်ကြွက်သားသန်မာခြင်း
(အစာအိမ်ကြွက်သားကျန်းမာရေးကိုပိုမိုကောင်းမွန်စေသည့်ဆေးပင်)
သည်။
ဘိန်းစေ့ သည်အစာချေခြင်း ကိုပိုမိုကောင်းမွန်စေခြင်း
ချောင်းဆိုးခြင်းကိုသက်သာစေပါသည်။
ဂျင်ဆင်း သည်ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီး
အအေးမိခြင်းကိုလျော့နည်းစေသည့် အပြင် ကင်ဆာရောဂါကိုကာ
ကွယ်ပေးသည်။
Red Sandalwood သည်စိုးရိမ်စိတ်ကိုလျှော့ချရန်နှင့်နိုးနိုးကြားကြား
ရှိစေပြီး
ဘလူးဘယ်ရီသည်ဓါတ်တိုးခြင်း နှင့် fiber တွင်အလွန်မြင့်မားပြီး၎င်း
သည်ကျန်းမာသောအစာကြေခြင်းကိုအထောက်အကူပြုပါသည်။

Credit : FB Tasteful Liquors Blog

Address

Yangon

Telephone

+959263458615

Website

Alerts

Be the first to know and let us send you an email when Spade One Liquor Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Wine, Beer & Spirits Stores in Yangon

Show All