Datax - ဒဿ

Datax - ဒဿ ဘဝကို ပြဿနာမရှာပါ

ဘဝကို အဖြေရှာပါ

လက်သီးချင်းယှဉ်ထိုးခဲ့တဲ့ ကောင်ကိုပုခုံးဖက် ပေါင်းဖို့ သိပ်မခက်ပေမဲ့ရင်ဘက်နဲ့ပေါင်းခဲ့တဲ့ကောင်ရဲ့နောက်ကျောက ဓားချက်ဆိုရင...
25/06/2023

လက်သီးချင်းယှဉ်ထိုးခဲ့တဲ့ ကောင်ကို
ပုခုံးဖက် ပေါင်းဖို့ သိပ်မခက်ပေမဲ့
ရင်ဘက်နဲ့ပေါင်းခဲ့တဲ့ကောင်ရဲ့
နောက်ကျောက ဓားချက်ဆိုရင်တော့
တွေးမိတိုင်း အောင့်သက်သက်နဲ့ ။

ယောက်ဖ ရေ......
မင့်ကို ငါခင်ပါတယ် ။
ဒါပေမဲ့
မင့်စိတ်ဓာတ်ကြီးတော့ ရွံတယ်ကွာ
#ဏေဠေး

အိမ်ပြန်လာလို့မှလက်ဗလာနဲ့ ဝင်လာရင် အဲ့တာ ကျနော်တို့အဖေမဟုတ်ဘူးကျနော်တို့အဖေက ညနေစောင်းလို့အိမ်ပြန်လာရင်ကျနော်တို့အတွက်ပါ...
24/06/2023

အိမ်ပြန်လာလို့မှ
လက်ဗလာနဲ့ ဝင်လာရင်
အဲ့တာ ကျနော်တို့အဖေမဟုတ်ဘူး

ကျနော်တို့အဖေက ညနေစောင်းလို့အိမ်ပြန်လာရင်
ကျနော်တို့အတွက်ပါဆိုတဲ့ အရာလေး
တစ်ခု သို့မဟုတ် နှစ်ခု
မှတ်မှတ်ရရနဲ့
အမြဲတမ်း ဝယ်လာပေးတယ်။ ။

#ခွန်းသွေးသစ်

ကိုယ့်ဘာသာပြုတ်ကျပြီးကိုယ့်ဘာသာ ငိုခဲ့ရတဲ့ကလေးလိုပဲချစ်ခြင်းမေတ္တာဟာ ဘာအပြစ်မှမရှိပါဘူးကိုယ့်မရင့်ကျပ်ခြင်းနဲ့ ကိုယ်ပါပဲ...
23/06/2023

ကိုယ့်ဘာသာပြုတ်ကျပြီး
ကိုယ့်ဘာသာ ငိုခဲ့ရတဲ့ကလေးလိုပဲ
ချစ်ခြင်းမေတ္တာဟာ ဘာအပြစ်မှမရှိပါဘူး
ကိုယ့်မရင့်ကျပ်ခြင်းနဲ့ ကိုယ်ပါပဲ ။
#

အသက်ရှုသံလေးပဲကြားရ ကြားရ ဖုန်းခေါ်ချင်ပါတယ် #နွေသစ်ငြိမ်း
23/06/2023

အသက်ရှုသံလေးပဲ

ကြားရ ကြားရ ဖုန်းခေါ်ချင်ပါတယ်

#နွေသစ်ငြိမ်း

ငယ်ငယ်ကတည်းက ခံစားချက်တွေဆိုလုံအောင်ဖွက်ထားတဲ့ကလေးတစ်ယောက်ပါလိုချင်တဲ့အရုပ်လေးဈေးမြင့်နေတဲ့အခါမမြင်ချင်ယောင်ဆောင်မေမေ့ကိ...
23/06/2023

ငယ်ငယ်ကတည်းက ခံစားချက်တွေဆို
လုံအောင်ဖွက်ထားတဲ့ကလေးတစ်ယောက်ပါ
လိုချင်တဲ့အရုပ်လေးဈေးမြင့်နေတဲ့အခါ
မမြင်ချင်ယောင်ဆောင်မေမေ့ကိုလက်ဆွဲ
ဝေ့သီတက်လာတဲ့မျက်ရည်တွေခါထုတ်ပစ်လိုက်ရင်း၊
ငါဘယ်တုန်းကများငါ့စိတ်ကိုဦးစားပေးဖူးလို့လဲ...။
ငါက အဲ့လို ကလေးတစ်ယောက်ရယ်ပါ

ဒီလိုပဲ ငါကငါချစ်တဲ့လူတွေအတွက် ဝန်ထုတ်ဝန်ပိုးဘယ်တုန်းကမှမဖြစ်ချင်ခဲ့ဘူး ...။
ငါက အဲ့လို ကလေးတစ်ယောက်ရယ်ပါ

အဖေ(သို့)ကျနော့်ကဗျာ________________________တွဲရိုက်ဖူးတဲ့ ဓာတ်ပုံတောင် မရှိတဲ့ကောင်ဟာကွဲခဲ့ မိုက်ခဲ့မိတဲ့ အချိန်တွေမှာအ...
22/06/2023

အဖေ(သို့)ကျနော့်ကဗျာ
________________________

တွဲရိုက်ဖူးတဲ့ ဓာတ်ပုံတောင် မရှိတဲ့ကောင်ဟာ
ကွဲခဲ့ မိုက်ခဲ့မိတဲ့ အချိန်တွေမှာ
အဖေလို့ တခါမှ မတ,ခဲ့မိရိုးအမှန်ပါအဖေ

ဘယ်က ပြန်လာပြန်လာ
" ဘယ်မှာလဲ အမေ " ဆိုတာ အဖေ့ကိုမြင်တိုင်း
မေးနေကျစကားပါ

တခြားကမ္ဘာကလာတဲ့ ဂြိုလ်သားလို့ ထင်ရအောင်
အပိုစကား မဆိုတဲ့ အဖေ့အနား
ပလီပလာ တီတီတာတာ
ရစ်တွယ်မနေရဲတာ ခွင့်လွှတ်ပါအဖေ

အဖေ့စက်ဘီး ဘာတန်းလေးပေါ်
ထိုင်စီးရတဲ့ ညနေခင်းတွေ
အဖေ့ လဘက်ရည်ခွက်ထဲကနေ
ပန်းကန်ပြားထဲ ငှဲ့တိုက်ခဲ့ဖူးတဲ့ လဘက်ရည်ချိုဆိမ့်ဆိမ့်တွေ
နေ့ရက်တိုင်းဟာ လှပနေဆဲပါပဲအဖေ

ဘဝမှာ အဖေနဲ့ ပက်သက်သမျှအရာရာ
အဖေ့အတွက်သိမ်းထားဆဲပါ

အဖေ့ဖုန်းကို ဘယ်သားသမီးမှ မခေါ်ဘူးလို့ အဖေပြောတဲ့နေ့ဟာ
ဘဝမှာ ရင်နာရဆုံးအခိုက်တန့်ပါပဲအဖေ

ဘာအကြောက်ဆုံးလည်းမေးရင်
ဖုန်းမှတ်စုထဲက ဖေဖေ ဆိုတဲ့ ဖုန်းနံပါတ်လေး
ဘယ်တော့မှ မကိုင်တော့မှာ အကြောက်ဆုံးပါ

ဘဝမှာ အကြားချင်ဆုံးသော ဘာသာစကားဟာ
အဖေ့ဆီက ချစ်တယ်ဆိုတဲ့စကားပါပဲ

အဖေလည်း ဒီစကားကိုပဲ မျှော်လင့်နေမှာသား သိပါတယ်အဖေ

ဘဝမှာ အဖေ့ကို ချစ်တယ်လို့
အဖေ့မျက်နှာ စေ့စေ့ကြည့်ပီး
ရဲရဲကြီးပြောရဲတဲ့ သတ္တိမျိူး
သား ပိုင်ဆိုင်ဖူးချင်ပါတယ်အဖေ

အဖေဟာ အရာရာဖြစ်ခဲ့သလို
အဖေဟာ ကဗျာဖြစ်နေဆဲပါ
"အဖေ့ကို အရမ်းချစ်တယ် အဖေ "
ဒီစကားဟာ ကျနော်မသေခင်
အဖေနာကြားရမယ့် တရားပဲဖြစ်တယ် ။။။

#လင်းညီဇင်

အသံမထွက်တဲ့အလွမ်းတွေနဲ့ပါဘယ်ကလာမှန်းမသိတဲ့သီချင်းသံတွေကြားရင်ကျွန်တော်ခင်ဗျားကိုသိပ်သတိရတယ်2023
22/06/2023

အသံမထွက်တဲ့အလွမ်းတွေနဲ့ပါ
ဘယ်ကလာမှန်းမသိတဲ့သီချင်းသံတွေကြားရင်
ကျွန်တော်ခင်ဗျားကိုသိပ်သတိရတယ်

2023

22/06/2023

ပုရွက်ဆိတ်အုံ ရေထဲကျရင် ငါတွေဝိုင်းစားတယ်

ငါးတွေကုန်းပေါ်ရောက်လာရင်လဲ ပုရွက်ဆိတ်တွေဝိုင်းကိုက်တယ်

နေရာဆိုတာအဲ့ဒါ

အသပြာရဲ့ ခိုင်းစေမှုကြောင့်စွန့်လွှတ်လိုက်ရတဲ့ အထဲမှာဝါသနာက ထိပ်ဆုံးမှာ ရှိနေဖြစ်တယ်တောက်မဲ့မီးခဲတွေပြာနဲ့ အဖုံးခံလိုက်ရ...
22/06/2023

အသပြာရဲ့ ခိုင်းစေမှုကြောင့်
စွန့်လွှတ်လိုက်ရတဲ့ အထဲမှာ
ဝါသနာက ထိပ်ဆုံးမှာ ရှိနေဖြစ်တယ်

တောက်မဲ့မီးခဲတွေ
ပြာနဲ့ အဖုံးခံလိုက်ရတဲ့ ဖြစ်ခြင်းတွေက
ကျောထောက်နောက်ခံ မရှိတဲ့
လူတန်းစားတစ်ချို့ပဲ ကောင်းကောင်းသိတယ်။

21/06/2023

တော်လောက်ပြီပေါ့ ကံကြမ္မာရယ်
လက်လှမ်းမမှီတဲ့လူတစ်ယောက်ကိုလည်း
ချစ်စေခဲ့ပြီးပြီပဲ
ကိုယ့်အတွက် သာတဲ့လကိုလည်း
ကျောခိုင်းခဲ့ပြီးပါပြီ
ဒီလောက်ရက်စက်ရရင်တော်ပြီပေါ့ဗျာ

💔

အဖေတွေရဲ့ အချစ်ဆုံးဟာ သမီးဖြစ်ပြီးသမီးတွေရဲ့ အချစ်ဦးဟာ အဖေပေါ့အဖေတွေရဲ့ ချွေးသိပ်စရာ အရိပ်လေးဟာသမီးတွေရဲ့ မျက်နှာဖြစ်ပြ...
20/06/2023

အဖေတွေရဲ့ အချစ်ဆုံးဟာ သမီးဖြစ်ပြီး
သမီးတွေရဲ့ အချစ်ဦးဟာ အဖေပေါ့

အဖေတွေရဲ့ ချွေးသိပ်စရာ အရိပ်လေးဟာ
သမီးတွေရဲ့ မျက်နှာဖြစ်ပြီး
သမီးတို့ရဲ့ အရိပ်ပမာနားခိုစရာဟာ
အဖေတွေရဲ့ ရင်ခွင်ဖြစ်တယ်

အဖေတွေဟာ သမီးမိန်းကလေးမွေးတဲ့အခါ
လမင်းတစ်စင်းကောင်းကင်မှာ ထပ်လင်းသလို
အေးမြကြသတဲ့

ဒါဟာ အဖေပြောဖူးတဲ့စကားလေးပေါ့
"သမီးတွေဟာ ပန်းခင်းနဲ့ တူတယ်
အဖေတွေက တောင်တက်သမားကြီး
အမြင့်ကြီးအထိ ရောက်အောင်တက်ပြီးမှ
ပန်းခင်းကြီးတွေ့သလိုမျိုး
တစ်နေ့လုံးပင်ပန်းထားသမျှ
ပါးရည်ကျဲသမီးငယ်ရဲ့ နဖူးလေးနမ်းလိုက်တာနဲ့
တောင်တက်သမားကြီး ပန်းခင်းထဲရောက်သွားသလို
အမောပြေသွားတာခြင်းဟာ အတူတူပဲ"တဲ့။ ။

#ခွန်းသွေးသစ်

သံတရာတစ်ကွေ့မှာ ပြန်တွေ့ချင်သော လူတစ်ဦးကို"အဖေ"လို့ နာမ်စားပြုခဲ့တယ်ဘဝနဲ့ ချီပြီး ဝေးကွာခဲ့ကြတယ်ပြန်တွေ့ချင်လှပါတယ်ဘယ်န...
19/06/2023

သံတရာတစ်ကွေ့မှာ ပြန်တွေ့ချင်သော လူတစ်ဦးကို
"အဖေ"လို့ နာမ်စားပြုခဲ့တယ်

ဘဝနဲ့ ချီပြီး ဝေးကွာခဲ့ကြတယ်
ပြန်တွေ့ချင်လှပါတယ်

ဘယ်နှစ်ဘဝစောင့်ရမလဲ
ပြန်တွေ့ချင်သေးတယ်
ဘယ်ဘဝရောက်မှ တွေ့ရမလဲ
ပြန်ဆုံချင်သေးတယ်

အရင်းနှီးဆုံးလူတစ်ယောက်မို့
အစိပ်စိပ်အမြွှာမြွှာ ကြွေမွခဲ့ရတယ်

ကြွေခဲ့တဲ့ အစိတ်ပိုင်းတွေကို ပြန်မကောက်နိုင်ဘူး အဖေ
ဖာထေးတာ ပြုပြင်တာထက်ဆိုင်ရင်
ဆုံးရူံးသွားတာလေးက အမှတ်တရ ပိုဖြစ်ပါတယ်

နေ့ရက်တိုင်းမှာ နင့်ခနဲ ခံစားချက်နဲ့
လွမ်းရပါတယ်။ ။

#ခွန်းသွေးသစ်

"အဖေ"ကမ္ဘာပေါ်က အနွေးထွေးဆုံးနဲ့စိတ်အလုံခြုံဆုံးပေးနိုင်တဲ့ စကားလုံးတိုင်းကို "အဖေ"လို့ နာမ်စားမပြုပေမယ့်"အဖေ"ဆိုတဲ့ စကာ...
19/06/2023

"အဖေ"

ကမ္ဘာပေါ်က အနွေးထွေးဆုံးနဲ့စိတ်အလုံခြုံဆုံးပေးနိုင်တဲ့ စကားလုံးတိုင်းကို "အဖေ"လို့ နာမ်စားမပြုပေမယ့်
"အဖေ"ဆိုတဲ့ စကားလုံးတိုင်းက အနွေးထွေးဆုံးနဲ့ စိတ်အလုံခြုံဆုံးကို ပေးနိုင်တယ်

အိမ်မှာ အဖေရှိတဲ့အခါ
စိတ်ချလက်ချနဲ့ အိပ်ပျော်နိုင်ခဲ့တယ် မဟုတ်လား။ ။

#ခွန်းသွေးသစ်

အသက် နှစ်ဆယ်ကျော် လူငယ်ဆိုပေမဲ့...။မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းမဲ့ လူငယ်တစ်ယောက်...။ငါတို့မိသားစုက ဆင်းရဲတယ်ဆိုတဲ့ မ...
28/04/2023

အသက် နှစ်ဆယ်ကျော် လူငယ်ဆိုပေမဲ့...။

မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းမဲ့ လူငယ်တစ်ယောက်...။

ငါတို့မိသားစုက ဆင်းရဲတယ်ဆိုတဲ့ မျိုးဆက်ကို ဖြတ်တောက်ပစ်မဲ့သူပါ...။

ငါဟာ လူငယ် အားအပြည့် မာန်အပြည့်နဲ့ မိသားစုအတွက် ကြိုးစားပြမယ်...။

ဆင်းရဲတယ်ဆိုတဲ့စကားကို တာ့တာ ပြမယ်
အမေနဲ့အဖေ့ကို ပြည့်စုံအောင်ထားမယ် ...။

လူငယ်ဆိုပေမဲ့ အပျော်အပါး အရမ်းမမက်တဲ့ လူငယ်တစ်ယောက်ပါ...။

လူငယ်ဆိုပေမဲ့... လူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာ နေတတ်တဲ့လူငယ်ပါ...။

လူငယ်ဆိုပေမဲ့... ပျော်သင့်တဲ့အခါပျော်တယ် ကြိုးစားနေတဲ့အချိန်က ပိုများတယ်။

လူငယ်ဘဝမှာ ကြိုးစားထားမှ အနာဂတ်မှာ အေးဆေးနေနိုင်မှာ မဟုတ်လား...။

အသက်နှစ်ဆယ်ကျော် လူငယ်‌ဆိုပေမဲ့...
ဘဝအတွက် အလုပ်လုပ်နေရတဲ့အချိန်က ပိုများပါတယ်။

အသက်နှစ်ဆယ်ကျော် လူငယ်‌ဆိုပေမဲ့...
ဘဝလမ်းဖြောင့်ဖြူးဖို့ ကြိုးစားနေရတယ်။

အသက်နှစ်ဆယ်ကျော် လူငယ်‌ဆိုပေမဲ့...
အခြားသူတွေလို အိမ်က ပိုက်ဆံ လက်ဖြန့်မတောင်းတဲ့သူပါ။

အသက်နှစ်ဆယ်ကျော် လူငယ်‌ဆိုပေမဲ့...။

#အေးချမ်းစွာရှင်သန်ခြင်း စာအုပ်
#သဟာဆွေလှိုင်း

အရင်ကတော့ လူတွေကို အားကျတယ်အခုတော့ မြူတွေကို အားကျတယ်ဖြစ်နိုင်ရင် ဟိုးအဝေးကြီးဆီ လွင့်သွားချင်လို့ #ဏေဠေး
27/04/2023

အရင်ကတော့ လူတွေကို အားကျတယ်
အခုတော့ မြူတွေကို အားကျတယ်
ဖြစ်နိုင်ရင် ဟိုးအဝေးကြီးဆီ လွင့်သွားချင်လို့

#ဏေဠေး

25/04/2023

မိဘကို ပြန်ပြောရဲတဲ့ ကောင်တွေကို အားကျတယ်
ကိုယ်ပိုင် လုပ်ငန်းတွေနဲ့ အတည်တကျဖြစ်နေတဲ့
ကျောင်းတုန်းက ဆရာမ ချဉ်ဖက်တွေကို အားကျတယ်

တကယ်ပါ
လောကကြီးမှာ လူလိမ္မာတွေ ဘယ်တုန်းကမှ
နေရာမရခဲ့ဘူး
ဒါနဲ့များ ငါတို့ကို ကောင်းစေချင်ပါတယ် ဆိုတဲ့
လူကြီးတွေ ဘာလို့ ဂျင်းထည့်ခဲ့လဲ ဆိုတာ
ငါအခုချိန်ထိ မသိသေးတဲ့ ပုစ္ဆာပဲ ယောက်ဖ
#ဏေဠေး
do not wtite copy on others page.

25/04/2023

Rich Kid မဟုတ်တဲ့ လူငယ်အများစုမှာ
အမြဲစိုးရိမ်နေရတဲ့ အရာတစ်ခုရှိတယ် .. ။
အဲ့တာဟာ မိဘကို ပြည့်ပြည့်စုံစုံ မထားလိုက်နိုင်မှာ
တဖန် ပြန်ပြီး လုပ်မကျွေးလိုက်ရမှာကိုပဲ ။

မိဘတွေက တစ်နေ့ထက် တစ်နေ့ အသက်တွေကြီးလာ
ကျန်းမာရေးတွေက ချို့ယွင်းလာ …
ကိုယ်က လုံလုံလောက်လောက် မပြည့်စုံသေး ၊
အလုပ်ကိုင်အတည်တကျနဲ့ ကိုယ်ပိုင် income နဲ့
မိဘကို ကျေးဇူးကမဆပ်ရသေး ။
အဲ့ဒီအခြေနေဟာ တကယ်စိတ်ပင်ပန်းစရာကောင်းတယ် ။

ကိုယ့်အတွက်ဆို မရှိတဲ့ကြားက မဖြစ်ဖြစ်အောင်
ကြိုးစားပေးခဲ့သူတွေ ..
သူတို့လေးတွေကို မပူပန် မကြောင့်ကြပဲ ကောင်းကောင်းမွန်မွန်ထားချင်တယ် ။
သူတို့မရောက်ဖူးတဲ့နေရာတွေ ပို့ပေးချင်တယ် ။
သူတို့စားချင်တာတွေ ဝယ်ကျွေးချင်တယ် ။
အလှူတန်းတွေ လုပ်စေချင်တယ် ။

ဒီအချိန်မှာ ကိုယ့်အတွက် အရေးမကြီးဘူး ။
ကိုယ့်အတွက်ထက် မိဘတွေကို ပိုပြီး လုပ်ပေးလိုက်ချင်တယ် ။ကိုယ်သာဘာမှ လုပ်ပေးနိုင်ခင် တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ စိတ်က တစ်ဘဝလုံး ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ။


ဒီခံစားချက်ကို ပြည့်စုံတဲ့ မိသားစုကလူတွေက မသိပါဘူး ။

ကိုယ့်အလှည့်ရောက်တဲ့အချိန်မှာ မိဘတွေကို
ပြည့်ပြည့်စုံစုံထားချင်သေးတယ် ။
သူတို့ကို ဘာတစ်ခုမှ မပူပန်ပဲ နားစေချင်သေးတယ် ။
မိဘတွေ ရှိတုန်းလေး ကိုယ့်ချွေးနဲစာနဲ့ လိုလေးသေးမရှိအောင် ထားချင်သေးတယ် …. ။
ကိုယ်လုံလုံလောက်လောက် ငွေရှာနိုင်တဲ့အချိန်ထိ မိဘတွေ ကျန်းကျန်းမာမာရှိနေဖို့ အမြဲဆုတောင်းနေရတယ်။

ဒီစိတ်လေးဟာ Rich Kid မဟုတ်တဲ့ လူငယ်လေးတွေမှာ
အပြည့်ရှိတယ် … ။

25/04/2023

အစကတော့ ရေစက်လို့ထင်ခဲ့တာ

ဘာလို့လဲဆိုတော့ဗျာ....See more

25/04/2023

မင့်ဝါသနာက ဘာရလဲ ဆိုရင်
ဒါ....ရတယ်ကွ လို့ ပြောလိုက်ဖို့လည်း ဝန်မလေးဘူး
လူတိုင်းမှာ...... သွားထိလို့မရတဲ့
ဝါသနာတွေ မြတ်နိုးစရာတွေရှိတယ်ကွ
#ဏေဠေး

25/04/2023

ဘယ်သူ့ရင်ခွင်ထဲကို

ပြိုလဲလိုက်ရမလဲ

25/04/2023

လဲကျပါစေဆိုတဲ့စိတ်နဲ့
အနားမှာစောင့်ကြည့်နေတဲ့ လူတွေအကြောင်း

တစ်နေ့တော့ ရယ်မောပြီး ‌
ပြန်ပြောပါအုံးမယ် ။

ငြင်းဆန်လို့ မရတဲ့အချိန်တွေမှာလည်းကျွန်တော်ဟာ ငြိမ်ငြိမ်သက်သက် ကျန်ရစ်တတ်သူပါတစ်ယောက်အနားမှာတစ်ယောက်က မနေနိုင်တော့တာလည်း...
25/04/2023

ငြင်းဆန်လို့ မရတဲ့အချိန်တွေမှာလည်း
ကျွန်တော်ဟာ ငြိမ်ငြိမ်သက်သက် ကျန်ရစ်တတ်သူပါ
တစ်ယောက်အနားမှာ
တစ်ယောက်က မနေနိုင်တော့တာလည်း စိတ်ပါပဲ
လက်ညိုးထိုးရမယ်ဆိုလည်း
ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါတယ်
ကိုယ့်ဘဝနဲ့ကိုယ်ပဲ ချို့ယွင်းရပါတယ်
ခွဲခွာခြင်းနဲ့ ကြုံလာတဲ့အခါတိုင်း
ဒီလိုပဲ နားလည်မယ်

#နွေသစ်ငြိမ်း

#စံပယ်ပွင့်လေးခေါင်းပေါ်တင်

25/04/2023

တချို့ယောက်ျားတွေရဲ့ အချစ်က
အံ့ဩစရာကောင်းတယ် ။
ချစ်တယ်လို့ တစ်ခါမှဖွင့်မပြောဘူး ။
ဒါပေမဲ့ တစ်ဘဝလုံး အနားမှာ
လိုအပ်တိုင်း ရှိနေပေးတာမျိုး ။

🌻🤍
#နေဗလ်

ချစ်တာကို ကိုယ်သိပါတယ်။ဒီအတိုင်းလေး အလိုမကျရုံပါ။ကိုယ့်ကို အချိန်ပေးစေချင်တယ်။ ဂရုစိုက်စေချင်တယ်။မင်းရဲ့တစ်ဘဝလုံးကို ကို...
25/04/2023

ချစ်တာကို ကိုယ်သိပါတယ်။
ဒီအတိုင်းလေး အလိုမကျရုံပါ။
ကိုယ့်ကို အချိန်ပေးစေချင်တယ်။ ဂရုစိုက်စေချင်တယ်။
မင်းရဲ့တစ်ဘဝလုံးကို ကိုယ်နဲ့ပဲ သက်ဆိုင်စေချင်တယ်။
ကိုယ့်အကြောင်းတွေကို တွေးစေချင်တယ်။
ကိုယ့်နံဘေးမှာပဲ ရှိနေစေချင်တယ်။
စားရတဲ့ကလေး ပိုငတ်သတဲ့။
မင်းဆီက ရပြီးရင်းရနေတဲ့ မေတ္တာတွေကိုတောင်မှ
ကိုယ့်မှာ မတင်းတိမ်နိုင်တယ်။
လောဘကြီးစွာ ခပ်တင်းတင်းပါပဲ
ကိုယ်မင်းကို ချစ်ပါတယ်။

🌻🤍

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Datax - ဒဿ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category