Avo Pie

Avo Pie Organic Avocados from Southern Shan State !!

Hass နှင့်မရင်းနှီးသူများသို့ ...Hass လေးတွေဟာ တချို့မျိုးရင်းတွေလို ပျော့အောင် ‌စောင့်စရာ မလိုပါဘူး ။တလုံးလုံး အပြည့် ည...
20/12/2022

Hass နှင့်မရင်းနှီးသူများသို့ ...

Hass လေးတွေဟာ တချို့မျိုးရင်းတွေလို ပျော့အောင် ‌စောင့်စရာ မလိုပါဘူး ။
တလုံးလုံး အပြည့် ညိုသွားရင် စားလို့ရပါပြီ ။
အောက်မှာ internet က ပုံလေးတွေ တွဲထား ပေးပါတယ် ။

Hass လေးတွေမှာ တခြား avocado မျိုးရင်းတွေ လိုပဲ ၊
Vitamins A ,C ,E ,K
Vitamins B2,B3, B6 စတဲ့ ဗိုက်တာမင်တွေ ၊
Omega 3တွေ အပြင် သူ့မှာပါတဲ့ အဆီဓာတ်က လူတွေအတွက် ကောင်းတဲ့ unsaturated fat ခေါ် မပြည့် ဝဆီပါ။
Cholesterol ကတော့ Avocado တွေရဲ့ ထုံးစံ အတိုင်း 0 % ပါတဲ့ ။
‌နောက်ပြီး သတ္တုဓာတ် တွေဖြစ်တဲ့ Potassium,
Magnesium, Calcium, Iron တွေလည်းပါပါသေးတယ်။

ဝိတ်ချတဲ့ သူတွေ စိတ်ကြိုက် dietary fiber ခေါ် အမျှင် ဓာတ်တွေကလည်း 50% လောက်ပါပါသေးတယ် ။
Avocado လေးတွေ ရဲ့ ကျန်းမာရေး အကျိုးပြု ပုံတွေကတော့
- နှလုံးရောဂါ ဖြစ်ပွားမှုလျော့ ချနိုင်ခြင်း
-အမြင် အာရုံ ကောင်းခြင်း
-သွေးတွင်း အဆီဓာတ် လျော့ချနိုင်ခြင်း
-ကိုယ် အလေးချိန် လျော့ချရာတွင် ကူညီပေးခြင်း
-antioxidants တွေ ပါဝင်ခြင်း ကြောင့်
အသား‌အရေ ၊ ဆံပင် ကောင်းခြင်း တို့အပါအဝင်
နှလုံးရောဂါ ၊ ကင်ဆာရောဂါအပြင် တချို့ရောဂါများ ဖြစ်ပွားမှုနှုန်း လျော့ချပေးခြင်း တို့ ကိုလည်း တွေ့နိုင်ပါတယ် ။

ဒီလောက် အကျိုးပြုတဲ့ ထောပတ်သီး‌ လေးတွေ ကို စားသုံး ရင်း ၊ ကျန်းမာသက်ရှည် လှပစွာနေထိုင် ကြပါလို့ ။☺️
-DrVincent
လျှောက်မရှာပါနဲ့ ကျနော်ပါ။😂

ဒီလောက်ဆို ဈေး‌ဆက်ရောင်းလို့ ရပါပြီ။ 😁😁
Hass Avocado လေး တွေ နောက်တသုတ် ထပ်ကုန်သွားပါပြီ ။
Order ထပ်တင်လို့ရပါပြီ ။
In-stock ပိုယူထား လည်း ကုန်ကုန် သွားတာပါ။
မှာပြီး ၄-၅ ရက်လောက် တော့ကြာပါတယ်‌နော် ။😁
ဈေးလေးတွေက
Grade A 6500
4kg- 25000
Grade B 5500
4kg - 21000 တို့အပြင်

Baby မှ Baby လေးတွေဆိုတဲ့ ကော်ကြီးတွေ
မောင်လေး တွေကို ချစ်စနိုးနဲ့ baby ခေါ်တတ် တဲ့ မတ်မတ်တွေ အတွက်
Baby Hass လေးတွေရပါမယ်နော် ။
1kg - 4500 ပါ
3kg ယူရင် 13000ပါ ။

၁၀ လုံး ဝန်းကျင် 1 kg size လေးတွေပါ။
အစိလေးတွေပါ ပေါက်စနလေး တွေပါ။ 😁

PS - Avocado ကို Choco Pie တို့လို pets လေး တွေကို အရမ်း ကျွေးလို့ မရပါဘူး နော် ။
သူ့မှာပါတဲ့ persin ဆိုတဲ့ ဓါတ် က vomiting and diarrhea ၊ myocardial infarction ရတတ်လို့ပါ။
Avocado မှာပါတဲ့ အဆီဓါတ် ကြောင့် pancreatitis လည်းရနိုင်လို့ပါ။
အဲဒါကြောင့် အိမ်မွေး pets လေးတွေ ကို limit နဲ့ ကော ၊ ကိုယ့် အမျိုးအစား အလိုက် ကော ရှာကြည့်ပြီး မှကျွေးကြ ပါ လို့ အကြံပြုရင်း။

Address

Bahan
Yangon
11201

Telephone

+959752968126

Website

Alerts

Be the first to know and let us send you an email when Avo Pie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Avo Pie:

Videos

Share